Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Histograms တွေပြောတဲ့ဓါတ်ပုံ အကြောင်း

ムラカミMay 7, 20128min78424

မှတ်မိကြဦးမယ်ထင်ပါတယ် မနိုဗီရဲ့ အို အရိပ်ကလေးရယ် ပိုစ့်ကို..။

sunset မှာagainst light နဲ့ ရိုက်ထားတဲ့ပုံကို သဂျိုင်ခီး တယောက်

ဖိုတိုရှော့ပ်ထဲဝင်ပြီး ဝမ်းကလစ်နဲ့ ကလိ လိုက်တာ မျက်နှာပေါ်လာတာလေ..။

ဒါကို အလွယ် နဲ့ နားလည်ဖို့အတွက် ဆိုရင်တော့ histogram တွေအကြောင်း

သိထားမှဖြစ်ပါလိမ့်မယ်..

၁.Histogram ဆိုတာ ဘာလဲ

histogram ဆိုတာ၂၁ရာစု lightmeter ဖြစ်ပါတယ်။ သူ့ကို နားလည်ထားရင်

ပုံကိုမကြည့်ဘဲ histogram ကိုကြည့်တာ နဲ့ ပုံရဲ့ အလင်းအမှောင်အနေအထားကို

ပြောလို့ရပါတယ်။ဘာပုံဆိုတာ မပြောနိုင်ပေမယ့် ပုံဟာ လင်းလွန်းနေမလား

မှောင်လွန်းနေမလားဒါမှ မဟုတ်လည်း ပုံမှာပါဝင်တဲ့ အလင်း နဲ့ အမှောင်ဟာ

ပြေပြစ်မှုရှိသလား ရုပ်ချည်း အပြောင်းအလဲ တွေ ပါနေသလား ပြောလို့ရပါတယ်။

၂.Histogram ပုံစံတစ်ခု


ပုံကိုကြည့်ရင် အတက်အကျများနဲ့ line graph တခုလို့ မြင်ရပါလိမ့်မယ်။ ဆရာဝန်တွေ

ECG ဖတ်ပြီးလူနာ့ နှလုံးသား အခင်းအကျင်း ကို မှန်းသလို ကျနော်တို့လည်းhistogram

ကိုဖတ်ပြီးဓါတ်ပုံ၁ပုံရဲ့ အလင်းအမှောင် အခင်းအကျင်း ကို ဝေဖန် တတ်ရပါမယ်။

အလင်းအမှောင်ဆိုတာ ဓါတ်ပုံ တပုံရဲ့ နှလုံးသားပဲမဟုတ်ပါလားဗျာ.

၃.Histogram ဖွဲ့စည်းတည်ဆောက်ပုံ


Histogram ကိုသာမန်အိမ်သုံး camera တွေမှာလည်း ဖော်ကြည့်နိုင်ပါတယ် (အတော်များများ)

ရိုက်ပြီးသားဓါတ်ပုံတပုံကို Playbutton နှိပ်ပြီး ပြန်လည် display ပြရင်း disp button ကိုနှိပ်ရင်

ပေါ်လာတတ်ပါတယ်(ကင်မရာ အမျိုးအစားအလိုက် histogram ဖော်ကြည့်ပုံ ကွာခြားမှာမို့သည်အပိုင်း

အကျယ် မရေးလိုတော့ပါ .. စမ်းပြီး ကလိကြည့်ပါလို့ပဲ ပြောပါရစေ)

Histogram ကိုအကြမ်းဖျဉ်း ဒေါင်လိုက် ၃ပိုင်းခွဲပါတယ် ဘယ်ဘက်ထောင့်ဆုံး ပိုင်းဟာ pure black ဖြစ်ပြီး

ညာဘက်ထောင့်ဆုံးဟာpure white ဖြစ်ပါတယ်။ အလယ်က အပိုင်းကိုတော့ဖြင့် mid tone လို့ ခေါ်ပြီး

အဖြူနဲ့အမည်း သမမျှတစွာ ရော နေတဲ့ နေရာဖြစ်ပါတယ်။

၄.Histogram & Exposure

Exposure ကိုအရင် ရှင်းရလျင်တော့  exposure ဆိုတာ ရိုက်ယူတဲ့ scene အပေါ်မှာ

အလင်း ဘယ်လောက် များများ နဲ့ ဘယ်လောက်ကြာကြာ ရိုက်ခတ်ထားသလဲ ဆိုတာ ပါပဲ။

ဆိုလိုသည်မှာပုံတပုံ မှောင် နေမယ် ဆိုရင်တော့under exposure ဖြစ်ပြီး လင်းလွန်းနေမယ် ဆိုရင်တော့

over exposure ဖြစ်ပါတယ်။ပုံ ၁ပုံချင်းစီမှာ သင့်လျှော်တဲ့ exposure ရှိသင့်ပါတယ်။

ဒီလို ရှိနေ၏ မရှိနေ၏ ကိုhistogram နဲ့ တိုင်းတာ ဆုံးဖြတ်ပါတယ်။

5. Histogram & Scene

စကားစပ်လို့

အို အရိပ်ကလေးရယ် ကိုပြန်ကြည့်ရင် ဒါဟာ Chiaroscuro လို့ ခေါ်တဲ့ ဓါတ်ပုံအမျိုးအစားဖြစ်ပါတယ်

အလင်းနဲ့အမှောင် အချိုးအစား 16x လောက်ရှိမယ့် အခင်းအကျဉ်းပါ (မှားလျင် ပြင်ပေးကြပါ)

Scene တခုချင်းစီမှာအသီးသီး သင့်လျှော်ရာ ဖြစ်သော မတူညီသော contrast ရှိတာမို့histogram

သည်လည်းအမျိုးမျိုး ရှိနိုင်ပါတယ်။ standard histogram ဆိုတာ မရှိပါ..။

 

ဥပမာ အနေနဲ့ ပြောရလျင်တော့ အိုအရိပ်ကလေးရယ် ပုံမှာ  လူပုံဟာ အမှောင်ချထားပြီး

နောက်ကွယ်ကနေလုံးက ထွန်းလင်းတောက်ပနေတာကြောင့်histogram ပြန်ဖော်ကြည့်ရင်

ဘယ်ဘက်အစွန်း(pureblack) ညာဘက်အစွန်း(purewhite) တွေမှာ လှိုင်းတွေ မြင့်တက်နေမှာ ဖြစ်ပြီး

mid tone ဖြစ်တဲ့အလင်း ပြေပြစ်မျှတစွာ ကျရောက်နေတဲ့ နေရာတွေကတော့ နိမ့်ကျနေမှာ ဖြစ်ပါတယ်။

ခြားနားတဲ့ဥပမာ ပြောရလျင်တော့ နှင်းတောထဲက လူတယောက် ကို ဓါတ်ပုံရိုက်တဲ့အခါ ဖြူဖွေးတဲ့နှင်းတွေ

ဟာhistogram ကို ညာဘက် အလေးကဲ တဲ့ပုံ ထွက် စေမှာ ဖြစ်ပါတယ်။ဒါကို မှားယွင်းတဲ့ exposure ဖြစ်တယ်

ပြောမရပါဘူး။အထက်မှာ ဆိုခဲ့သလို scene တခုချင်းစီအတွက် လိုက်လျောညီထွေရာ histogram ဆိုတာ ရှိပါတယ်။

 

တနေ့ညကsuper-moon ရိုက်ဖြစ်ခဲ့တယ်ဆိုရင်အဆိုပါ လ ရဲ့ ပုံကိုhistogram ဖော်ကြည့်စေချင်ပါတယ်။

ဘယ်ဘက်ခြမ်းအလေးသာနေတဲ့ histogram ထွက်မှာ ဖြစ်ပါတယ်။ အဲ့ဒါကိုမကျေနပ်လို့ ပြေပြစ်တဲ့ histogram

ထွက်ချင်လို့exposure တင်ရိုက်ရင်(ဝါ) post-production ပြင်ရင် လ ဟာဖွေးထွက်သွားမှာ burn-out ဖြစ်မှာ

သတိချပ်စေချင်ပါတယ်။

 

 

6. Low Key & High Key Histogram



ညဘက် လကို ရိုက်ထားတဲ့ပုံ နဲ့နှင်းတော ထဲက ပုံ ကိုအထက်မှာ ဥပမာပေးခဲ့တာ Low key နဲ့

High Key ကိုရှင်းချင်လို့ပါပဲ။ ဟုတ်ကဲ့ အမည်းရောင်ကဲတဲ့ ပုံဟာLow key ဖြစ်ပြီး အဖြူကဲတဲ့ပုံဟာ
High Key ဖြစ်ပါတယ်။သည်၂မျိုးကို နားလည်မယ်ဆိုရင် portraitphotography ရိုက်တဲ့အခါ

အလွန် အသုံးဝင်မှာ ဖြစ်ပါတယ်။ (မှန်တာ ဝန်ခံရရင် လက်ရှိကျနော် မနိုင်မနင်းဖြစ်နေတဲ့ ဘာသာရပ်ပါ)

 

7. Over exposed & Under Exposed

နံပါတ်၆  Low Key & High KeyHistogram ရဲ့ အမျိုးတွေဖြစ်ပါတယ်

ကျနော်တို့Low Key ရိုက်ရင်းနဲ့ တခါတရံမှာ အချို့သော နေရာတွေမှာ over exposed ဖြစ်နေတတ်ပါတယ်။

 

ဥပမာ ပြောရရင် ဂူဘုရား အတွင်းကနေပြီး အပြင်ကိုလှမ်းရိုက်တဲ့အခါ အပြင်ဘက် က မြင်ရတဲ့ ရှုခင်းဟာ

burn out ဖြစ်သွားတတ်တာပါ။အဲ.. exposure ချရိုက်ရင်လည်း ဂူ အတွင်းပိုင်းက ချယ်မှုန်းမှုတွေကို

မမြင်ရတော့ဘဲမဲမှောင် သွားတတ်လို့ပါ..။ အလားတူပါပဲ .. outdoor နေရောင်အောက် မှာရိုက်တဲ့အခါ

အဖြူတွေ(ဥပမာ နှင်းတွေ ကြောင့်)ဖွေးတက်သွားမှာ စိုးပြီး 1 or 2 stops ချရိုက်တဲ့အခါ ပုံရိပ်ဟာ

အတန်ငယ်မှောင်နေသယောင် ဖြစ်တတ်ပါတယ်။ အချို့နေရာတွေ မည်းသွားပြီး မမြင်ရဘူး ဖြစ်တတ်ပါတယ်။

 

သည်လိုပုံရိပ်တွေကို histogram မှာ ဘယ်လို မြင်အောင်ကြည့်နိုင်သလဲပြောရရင်တော့ low keypicture

မှာ ညာဘက်ထောင့်စွန်းပိုင်းမှာsudden spike တွေ့ရတတ်ပြီးhigh key မှာတော့ ဘယ်ဘက် sudden spike ဆိုပါတော့

သည် ကိစ္စတွေဟာ အနုပညာနဲ့ အတတ်ပညာကြားက တိမ်မယောင်နဲ့ နက်တဲ့ ပညာရပ်တွေဖြစ်ပါတယ်။

8. Advanced Histogram

အစောပိုင်းမှာHistogram ကို ၃ပိုင်းခွဲတယ် ဆိုခဲ့ပါတယ်။ ယခု ၅ပိုင်းခွဲကြည့်ပါ့မယ်။

 

RBG အရပြောရလျင်အလင်းအမှောင် range ဟာ 0 to 255 ဖြစ်ပါတယ်။ pure black ရဲ့ တန်ဖိုးဟာ 0 (Zero)

ဖြစ်ပြီး purewhite ဟာ 255 ဖြစ်ပါတယ်။ အပေါ်မှာ mid-tone လို့ ဆိုခဲ့တဲ့ အလယ်သားကို ၃ပိုင်းပိုင်းပြီးကြည့်ပါမယ်။

[Dark]-[Medium]-[Light]ဆိုပြီးတော့ပါ ။ သည်တော့ ထိပ်ပိတ် နောက်ပိတ် ၂ခု ပြန်ပေါင်းတဲ့အခါ

[Black][Dark]-[Medium]-[Light][White] ဆိုပြီး ၅ပိုင်းပါဝင်တဲ့ histogram ကိုရလာပါတယ်။

သင့်တင့်မျှတစွာexposed လုပ်ထားတဲ့ ပုံတပုံမှာ  အလယ် ၃ပိုင်းကို အချိုးညီစွာ ကစားနိုင်မယ် ဆိုရင်ဖြင့်

ရုပ်လုံးကြွတဲ့ဓါတ်ပုံ၁ပုံကို ဖန်တီးနိုင်မယ် ဖြစ်ပါတယ်။

9. HDR

 

HDR ဟာ မော်ဒန် အတတ်ပညာ တခုတော့ မဟုတ်ပါဘူး ..

အထက်မှာ ဆိုခဲ့တဲ့အတိုင်း under-exposure, correct exposure, over exposure ဆိုတဲ့

မူကွဲ ၃မျိုးကို ၁ပုံတည်း ဖြစ်အောင် ပေါင်းစပ်ထားတဲ့ technique တခုပဲဖြစ်ပါတယ်..

ဒါဟာ ဖလင်ခေတ် ကတည်းက ရှိခဲ့ပြီး ယနေ့ digital ခေတ်မှာ ၃ပုံရိုက် ပြန်ထပ် သဘောမျိုးနဲ့

တဖန် ပြန်လည် ခေတ်စားလာတာ ဖြစ်ပါတယ်…။

 

 

အထက်က ဂူ ဘုရား အတွင်းက ရိုက်တဲ့ ဥပမာ ကိုပြောရရင်ဖြင့် ..

အတွင်းပိုင်း အနုစိတ် လက်ရာတွေလည်း ပေါ်မယ် ဂူဝ အပြင်ဘက် ကနေရောင်အောက်က ရှုခင်းလည်း

ပေါ်လွင်ချင်တယ် ဆိုရင် HDR သုံးရမှာ ဖြစ်ပါတယ်… သည် technique ဟာ

အသုံး မတတ်တဲ့အခါ အလွန် ပြောင်ချော်ချော် နိုင်ပြီး ရုပ်ထွက်ဟာ ကာတွန်းရုပ်နဲ့ တူတတ်ပါတယ်..

 

ကျနော် ရိုက်ဖူးခဲ့တဲ့ HDR (ခုတော့ စိတ်တိုင်းမကျတော့ပါ)

ကျနော်ခုတလော HDR မရိုက်ဖြစ်သေးပါ..

ပြန်ရိုက်ဖြစ်တဲ့အခါ မှတ်တမ်း အနေနဲ့ တင်ပါဦးမယ်ဗျာ..

 

mid tones တွေ ကစား တာနဲ့ HDR အကြောင်းကိုတော့ဖြင့် post-production works ထဲမှာ အကြုံးဝင်တာမို့

သပ်သပ် ရေးပါ့မယ် ဆိုတဲ့ အကြောင်းရယ်နဲ့ မူလ ရည်ရွယ်ချက်ဖြစ်တဲ့ Histogram အကြောင်းကိုတော့

သည်လောက်ဆိုရင် ခြုံငုံ နားလည် နိုင်မယ်ဖြစ်ပါကြောင်း။

 

 

တော်သေးဘီ

ခင်တဲ့

ဂီ

24 comments

  • Inz@ghi

    May 7, 2012 at 5:13 pm

    ဒီပိုစ့် ကို exposure အကြောင်း စိတ်ဝင်တစား မေးဖူးတဲ့
    ဦးနိုဇိုမိ အတွက် ရည်စူးပါတယ်ဗျ

    ခင်တဲ့
    ဂီ

  • nozomi

    May 7, 2012 at 5:17 pm

    ဖတ်တော့ပြီးသွားပြီ
    အမှန်ပြောရရင်တော့ နားမလည်သေးဘူး
    ကူးထားမယ် ၊ ထပ်ဖတ်မယ်
    အခုလို မျှဝေပေးတဲ့ ဆရာဂီ ရဲ့စေတနာကို အသိအမှတ်ပြုရင်း
    ကျေးဇူးတင်ကြောင်းပြောချင်ပါတယ် ခင်ဗျာ
    နောက်ပို့စ်တွေကိုလဲ မျှော်နေပါ့မယ်

  • ဆူး

    May 7, 2012 at 5:26 pm

    အဲဒီ သဘောတရားကိုတော့ သီအိုရီ နဲ့ မသိဘူး။ ဖိုတိုရှော့နဲ့ ဒါ့ပုံတွေကို အချောကိုင်တဲ့ အခါမှာတော့ လယ်ဗယ်ညှိပြိး လုပ်တတ်တယ်။

    • Inz@ghi

      May 7, 2012 at 7:34 pm

      ပုံ တပုံလုံးကို ခြုံကြည့်ပြီးတော့ midtone တွေ ကစားတာဖြစ်မယ်ဗျ..
      အဲ့ဒါက တခါတခါ ဦးနင်း ပဲ့ထောင် ဖြစ်တတ်တယ် ဗျာ selection tool ကို ပိုင်ပိုင်နိုင်နိုင်
      သုံးတတ်ရင်တော့ တမျိုး ..ဒါပေသိ ..အဲ့ဒါလည်း အချိန်ကုန်ပြီး ပြင်ထားမှန်းသိသာစေနိုင်တာမို့
      feather သဘောတရားကို ကျေညက်ဖို့ လိုလာပြန်ရော …အဲ့ …feather ပါလာရင် transparency
      နဲ့ layers အထိပါ မဆင်းနိုင်ရင် အသက်မဝင်ဘူးဆိုတော့ ….ရိုက်ကတည်းက histogram ကို
      ပြေပြစ်အောင် ရိုက်နိုင်ရင် အကောင်းဆုံး လို့ လက်တို့လိုက်ရပါတယ်….

      မဟုတ်ရင်တော့ ဖိုတိုတွေ ရှော့လာတာ နှစ် ၂ဝ ရှိပြီဆိုတဲ သဂျီးကို ဆရာတင်ပြီး ဆည်းပူးကြပါ…

      အာဟိ
      ဒက်ဂလောက်

      • ဆူး

        May 8, 2012 at 8:44 am

        ပုံရိုက်တဲ့ နေရာမှာတော့ လုံးဝ မသိတာ အမှန်ပါပဲ..
        ပုံ မကောင်းရင်တော့ သိပ်ပြင်လို့ မရနိုင်ဘူး။ အချိုးညှိမရလို့.. ပြင်ရ တော်တော် ခက်တယ်။

  • water-melon

    May 7, 2012 at 5:34 pm

    ကျေးဇူးတော့
    မှတ်ထားလိုက်မယ်
    အဟိ

  • ဦးဦးပါလေရာ

    May 7, 2012 at 8:38 pm

    ပညာရပါတယ် ဂီရေ
    (ဒါပေသိ သေခါနီးမှရတာဆိုတော့ … 🙁 )

    ဒီတော့ (ရိုက်ကတည်းက histogram ကိုပြေပြစ်အောင် ) ရိုက်ဘို့ဆိုရင်
    အနဲဆုံးဆီမီပရိုကင်မရာလောက် နဲ့မှ ဖြစ်မှာမလား..။

    လက်ရှိ အိမ်သုံး အော်တို ဒစ်ဂျစ်တယ်လေးတွေအတွက်တော့ မရနိုင်ဘူးပေါ့နော..။

    • Inz@ghi

      May 9, 2012 at 8:50 am

      ဖြေတာနောက်ကျလို့ ဆောရီးပါ ဦးဦးပါလေရာရေ…
      အိမ်သုံး compact camera နဲ့လည်း histogram ပြေပြစ်အောင် ရိုက်လို့ရပါရဲ့ဗျာ..
      scene တခုရဲ့ လင်းလွန်း မှောင်လွန်း တဲ့နေရာတွေကို သိဖို့ သုံးနိုင်ပါရဲ့…။
      ပုံတပုံကို histogram ဖော်ကြည့်ရင်း ဘာလိုသွားတယ် ဘာပိုနေတယ်
      ဆိုတာ သုံးသပ်နိုင်အောင် ရေးထားတာ ဖြစ်ပါကြောင်း နဲ့ ..
      နောင်ကြုံတဲ့အခါ histogram ကို photoshop နဲ့ မွမ်းမံခြင်း
      အကြောင်းလေး ရေးပါဦးမယ်ဗျ…

      ခင်တဲ့
      ဂီ

  • အလင်းဆက်

    May 7, 2012 at 8:49 pm

    အင်မတန်…မှတ်သားသင့်တဲ ့ အချက်အလက်လေးတွေပါလား။
    ကျေးဇူးပါပဲ..ဂီ.ရေ..

  • Mလုလင်

    May 8, 2012 at 1:01 am

    မှတ်သား သွားပါတယ် ဗျို ့ …။

  • Novy

    May 8, 2012 at 10:17 am

    အိုအရိပ်ကလေးရယ် ဓါတ်ပုံကို ရိုက်တုံးက
    ဒီလိုပညာတွေ ဒီလောက်ရှိမယ်လို့ မသိခဲ့ပါဘူး
    မနိုတို့ ဆရာသမားက ကင်မရာကို ချိန်ပေးတယ်
    ရိုက်ခိုင်းတယ် မနိုတို့ကရိုက်တယ် ပဲပေးပို့ဘဲအာရုံများနေတယ်
    ဘယ်လို့ အနေအထားဆိုလှမယ် ဘယ်ထောင်လေကနေရိုက်ရင် ပုံပိုလှမယ်
    ဘယ်ပုံစံလေးနေလိုက် အလင်းအမှောင်လေနဲနဲကစားလိုက် ဒီလောက်ပဲသိထားတာပါ

    ဂီဂီ ရှင်းပြမှ ဒီလိုပညာတွေသိရတာပါ ( ကျေးဇူးပါ)
    နောက်တစ်ခါ ဆရာသမားတို့နဲ့ခရီးထွက်ဖြစ်မှ လက်တွေ့သင်လိုက်ပါအုံးမယ်

    • Inz@ghi

      May 8, 2012 at 10:30 am

      ဟုတ်ပါတယ် မမနိုဗီရေ…
      သဂျီး အနှီ tones တွေ ဖမ်း ကလိလိုက်တာမှာ
      background burnout ဖြစ်သွားပြီး မှောင်နေတဲ့ လူပုံ ပေါ်လာရော ဆိုပါတော့..
      ပိုနက်နက်နဲနဲ ရေးချင်ပါသေးတယ်ဗျာ ..

      အဲ့
      retouch အပိုင်း ကတော့ တာဝန်ရော အပျင်းရော ကြီးနေပါသဖြင့်
      မရေးဖြစ်သေးပါကြောင်း…

      စကားအတင်းစပ်လို့ နောင်တော့် နောင်တော်များ ကို ဖလက်ရှ် အကြောင်း
      ရေးစေချင်တယ်ဗျာ ..ကျနော် လုံးဝမထိ မတွေ့ရသေးတဲ့ ဘာသာရပ် အသစ်ဖြစ်လိုု့ပါ…
      (လုပ်ကြပါဦး ဆြာ သော့-မှော်-လု-ရွှေ တို့ရေ )

      ခင်တဲ့
      ဂီ

  • ထုံးဘဲဥ

    May 8, 2012 at 10:23 am

    ကိုဂီရေ့
    photoshop အကြောင်း များများလေးတင်ပေးပါခင်ဗျ
    မော်ဒယ်တွေရဲ့ အသားအရေ ပြင်ပုံပြင်နည်းလေးပြောပြပေးပါ့လား

    • Inz@ghi

      May 9, 2012 at 8:52 am

      ထုံးဘဲဥရေ

      skintone ကိုင်နည်းတွေက အမျိုးမျိုး ရှိတယ်ဗျ..
      တနည်းထဲကို စွဲသုံးလို့လည်း မရစကောင်းဘူးဗျာ..
      layers တွေနဲ့ အလုပ်လုပ်ရတာတွေဖြစ်လို့ photoshop
      အခြေခံ မရှိရင် မဖြစ်နိုင်ဘူး ဗျ… ကြုံရင်ရေးပါဦးမယ်ဗျာ..

      ခင်တဲ့
      ဂီ

  • manawphyulay

    May 8, 2012 at 11:18 am

    အကုန်ယူသွားမလို့ ကွန်က မကောင်းဘူး နောက်တစ်ခေါက်မှ ယူတော့မယ် ဂီဂီရေ…

    • Inz@ghi

      May 9, 2012 at 8:57 am

      ဟုတ်ပါပြီ ဒီဇိုင်းဆြာမရယ်…
      အားပေးတာအတွက် ကျေးကျေးပါ
      😀

  • Diamond Key

    May 9, 2012 at 11:50 am

    ဒီလိုမျိုးလေးတွေ အများအတွက် စေတနာထားပြီး ရေးပေးတဲ့ အတွက်ကော၊ ဒီလို ရှင်းနိုင် ရေးနိုင်တဲ့ အတွက်ကော ဆြာကိုဆြာပါလို့ ပြောပြောနေရတာပါဗျာ။
    တစ်ကယ်ကို ပညာရှာနေသူတွေကိုယ်စားလေးလေးနက်နက် ကျေးဇူးတင်ပါတယ်။
    နောက်ကိုလည်း ဒီလိုမျိုးလေးတွေ ဆက်ပေးပါအုံး။ မျှော်နေပါတယ်။
    ဒါလိုပညာရပ်တွေ ရေးနိုင်ဖို့ဆိုတာကလည်း နည်းပညာကို အမှီလို်က်နိုင်နေတဲ့ သူတွေမှ ဖြစ်တာလေ။ လက်မထောင်ကာ အားပေးသွားပါတယ်ဗျာ 😀

  • weiwei

    May 9, 2012 at 11:53 am

    အမှန်ပြောရရင်တော့ နားမလည်နိုင်သေးဘူး … (ပါရမီကို မပါလာတာနေမှာ … 🙁 )

  • ဗိုက်ကလေး

    May 9, 2012 at 12:02 pm

    လိုက်မမီတဲ့အခါကျတော့လဲ ဟိုအူးလေးကြီးပြောသလို
    လက်မလေးထောင်ပြီး အားပေးတွားပါတယ်ပေါ့ဗျာ

    • Inz@ghi

      May 9, 2012 at 12:13 pm

      အဲ့ ဦးလေးကြီး ပျောက်နေတယ်ဗျ..
      သူ တပွင့်တိုးသွားတာတောင် မသိလောက်သေးဘူးထင့်..။
      ယောက္ခကြီး ကျန်းမာရေးမကောင်း လို့တော့ ကြားသား…။
      သားမက် အလိမ္မာလေး ဘဘဘလက်ခညာ အတော် အလုပ်များနေတယ် ထင်ပါ့…

      😀

  • intro

    May 10, 2012 at 11:01 am

    photoshop ကို သုံးနေတာ ကြာပြီ… Histograms အကြောင်းကို သေသေချာချာ ရှင်းပြထားတာ ဒီတစ်ခါပဲ တွေ့သေးတယ်… ကိုယ်တိုင်က စာဖတ်အား နည်းလို့လားတော့ မသိဘူး… ကျေးဇူးတင်ပါတယ် bro ရေ…

    • Inz@ghi

      May 10, 2012 at 4:54 pm

      သဂျီးတို့လို ဖိုတိုရှော့ ဆြာဂျီးတွေက လျှိုတော့လည်း
      စာဖတ်သူပိတ်သတ်ကြီးအတွက်
      တပည့်က ရှာဖွေဖတ်ရှု ရေး သား ရတာပေါ့ခည

      ဝဲလ်ကမ်းပါ ဘရိုရေ

  • Ma Ei

    May 10, 2012 at 11:46 am

    ဂီဂီရေ…
    အန်တီအိ ရိုက်ထားတဲ့ ပုံလေးတွေကြည့်မိရင်
    ဘယ်နေရာမှာ ဘာလိုတယ်…ဘယ်လိုဆို ပိုကောင်းမယ်လေး…
    ဝေဖန်ပေးပါလား…နဲနဲသင်ပေးပါ…

    • Inz@ghi

      May 10, 2012 at 4:52 pm

      ဟုတ်…
      ကြုံကြိုက်တဲ့အခါ
      ကြည့်ပေးပါ့မယ် အန်တီအိရယ်..

      ရေရှည်မှာတော့
      ကြည့်ပြီးဝေဖန်ပေးတာထက် ..
      ကိုယ်တိုင် ဝေဖန်နိုင်အောင် ခုလို နည်းပညာပိုင်းတွေ ရေးဦးမယ်
      ရေးလည်း ရေးနေပါရဲ့ဗျာ

      ခင်တဲ့
      ဂီ

Leave a Reply