Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရိုက်စား မှော်ဆရာ ..

ေမွာ္ဆရာMay 7, 20121min76922

မှော်ဆရာ ရွာထဲမှာ မှတ်တမ်းမတင်ဖြစ်တာ ကြာလေပြီ။သမုဒ္ဒယာ ဝမ်းတစ်ထွာဆိုသလို ပါးစပ်သုံးပေါက် ၊(သို့) သမုဒ္ဒယာ သုံးစင်းအတွက် ရှာရဖွေရသဖြင့် မှော်တောင်ဝှေးပင် ဘယ်ချောင်ရောက်နေသည်မသိ..။ဝမ်းတစ်ထွာပေမို့လို့ ခံသာသည်.တစ်ထောင်လောက်သာဆိုလျှင် မှော်ဆရာ အပ်ခြည်ကြိုးကို ခါးထောင်းကြိုက်ထားရမည့်ကိန်းပင်..။
မှော်ဆရာ ပါးစပ်သုံးပေါက် လုံလောက်အောင် ဘာတွေလုပ်နေရသနည်း။ဘယ်လိုတွေများ ကြိုးစားပမ်းစား ရှာဖွေနေရလို့ ရွာထဲတောင် မရောက်ဖြစ်သနည်း။
ဟုတ်ကဲ့ မှော်ဆရာ ရိုက်စား ၊ ထိုင်စား လုပ်နေပါတယ် ..။
ရိုက်စားဆိုလို့ မှော်ဆရာ မဟုတ်တရုတ် နည်းလမ်းနဲ့ စီးပွားရှာနေပြီဆိုပြီးတော့ ရွာသူရွာသားများ နှာခေါင်းမရှုံ့ကြပါနဲ့ဦး ..။သိတော်မူကြသည့်အတိုင်း မသိနားမလည်သူများအား မိမိကျွမ်းကျင်ရာခွင်အတွင်း မဝင်ဝင်အောင် ဆွဲသွင်းပြီးတော့ အရင်းနည်းနည်းဖြင့် အမြတ်များများရအောင်ကြံဆောင်သော လုပ်ငန်းများအား ရိုက်စားခွင် ဟု ဆိုကြသည်။ ရိုက်စားဆိုသည်မှာ နာမည်သာဆိုးတာ စားရသိပ်ချောင်တယ်လို့လဲ ဆိုသမှတ်ပြုကြသေးသည်။ဟုတ်ကဲ့ မှော်ဆရာလဲ ရိုက်စားပါပဲ..။ဓါတ်ပုံရိုက်ပြီးမှ မန်မန် စားရသော မှော်ဆရာအလုပ်ကို ရိုက်စားလို့မှ မခေါ်ရင် ဘယ်လိုခေါ်ရပါမည်လဲ..။သို့သော် .. ရိုက်စားအလုပ်များထဲတွင် မှော်ဆရာ့ရိုက်စားကား အညံ့ဆုံး ၊ မစားသာဆုံး ရိုက်စားပင် ဖြစ်ပါလိမ့်မည်။
ဓါတ်ပုံတစ်ခါရိုက်ဖို့ ကင်မလာဆိုတာကြီးကို လေးငါးဆယ်သိန်းပေးဝယ်ရသေးသည်။ဘာညာ ဘာညာ အစက်စရီတွေ မပါသေး …။ အဲဒီလောက် ငွေရင်းပြီးကာမှ တစ်ပုံ တစ်ထောင်ရသည် …။တစ်ခါတလေ နယ်ဘက်ဓါတ်ပုံသွားရိုက်လျှင် ပိုခံစားရသေးသည်။ ဓါတ်ပုံတစ်ပုံရိုက်လိုက် ၊ အရိုက်ခံသူကို ပြလိုက် … အားလုံးကောင်းနေပါလျှက် နောက်တစ်ပုံက ပိုလှမလားဆိုပြီး နောက်တစ်ပုံ ထပ်ရိုက်ခိုင်းသော သူများကလဲ ရှိသေးသည်။။ လေးငါးခြောက်ပုံ ရိုက်ပြီးမှ တစ်ပုံထဲရွေးယူသည်။။ ဒါတောင် ပုံက မကောင်း .. အားနာလို့ ယူလိုက်တာဆိုပဲ …။မှော်ဆရာ ကိုယ့်ပညာတော့ ကိုယ်ယုံသည်..။ ထိုချေးများသော သူငယ်မကို ဘယ်ဓါတ်ပုံဆရာရိုက်ရိုက် ဒီထက်ပိုမလှနှိုင်တော့တာ သေချာသည်။ စိတ်ကြိုက်ရိုက်ပေးပါလျှက် ပညာကိုပါ ထိခိုက်စော်ကားလာသောအခါ ပညာမာနကြွချင်လာသည်။ သည်းခံ မှော်ဆရာ ..သည်းခံ ..။ မင်း စီးပွားရေးလုပ်နေတာ ..။ ထိုသူငယ်မနေသော အိမ်လေးကို ကြည့်မိသည်။ တစ်အိမ်လုံးပေါင်းတောင် ၁ဝ သိန်းပြည့်မည်မဟုတ် ..။ ၁၈ သိန်းကျော် ကင်မရာ လည်ပင်းလွယ်ထားသော မှော်ဆရာ ရင်နာနာနဲ့ ပြန်ခဲ့ရသည်။ အော် ရိုက်စား ရိုက်စား …။
ဒါဆို ရွာသူ ရွာသားများ ပြောမည်ပေါ့ …။ ရိုက်စားပါ မက ထိုင်စား ပါ မှော်ဆရာ လုပ်နေသေးသည်ဆို … ။ မိဘက ဘယ်လောက်အမွေပေးလိုက်လို့ ထိုင်စားနေနှိုင်သလဲ …။
ဒီအရွယ်ရောက်လို့ အမြီးပေါက်ရုံမက မှော်သားသားတောင် တစ်နှစ်ကျော်ပြီ .. မိဘကို ထပ်အပူမကပ်ချင်တော့ ..။ ချစ်ချစ် ကုတ်ကုတ် ရှာဖွေထားတာလေးနဲ့ မှော်ဆရာ အင်တာနက်ဆိုင်လေး ထောင်ထားသည်။အင်တာနက်ထိုင်တဲ့သူတွေ များများလာမှ မှော်ဆရာ စိတ်ချမ်းသာနှိုင်သည်။ လူများများ ကိုယ့်ဆိုင်မှာ ထိုင်မှ များများစားရမှာမို့ မှော်ဆရာ ဆက်ကန်ဒရီ အလုပ်ကို ထိုင်စား အလုပ်ဟု ကင်ပွန်းတပ်ခြင်းပင်ဖြစ်လေသည်။
ထိုင်စား ဆိုလို့ လွယ်လွယ်မမှတ်လေနှင့် …။စကိုင်းနက်ဆိုတာကြီးကိုလဲ ၁၄ သိန်းကျော်ပေး တပ်ရသည်။ လစဉ်ကြေး တစ်သိန်းခွဲ သွင်းရသည်။ ထိုင်ခုံတွေရိုက် . ကွန်ပျူတာတွေဝယ် နက်ဝါ့ကြိုးတွေ ပင့်ကူ အရှုံးပေးလောက်အောင် ရှုတ်ရှက်ခတ်ဆင် .. ရေပူ ရေအေး .. မှအစ အဲယားကွန်းပါမကျန် အလုံးစုံ ဖြည့်ဆည်းပေးကာမှ တစ်နာရီ ငါးရာ ဖြစ်ဖြစ်မည်အောင် ရနှိုင်သည်။
ဒီလောက်ဆို ဒူးနှံ့ထိုင်စားလို့ ရပြီလား … ။ မထင်ပါနှင့် မထင်ပါနှင့် …။ အင်တာနက်ဆိုင်သို့ ကြွလှမ်းလာသမျှ ကိုကိုမမ ဦးဦးဒေါ်ဒေါ် ညီ ညီမ အဲ ဘုန်းဘုန်းများပါ မကျန် .. ကို့ အကြွေးရှင်လို သဘောပိုက်ကာ မျက်နှာ တစ်ချက်မညိုအောင် စောင့်ကြည့်ရသေးသည်..။ကမှော်ရေ ဆိုမှဖြင့် ချက်ခြင်းရောက်နှိုင်အောင် သတိထားနေရသည်…။မတော် နောက်တစ်ခါ မလာမှဖြင့် ထိုင်စားအလုပ်လေး ပျောက်သွားမှာကို စိုးရသကိုး …။
သည်ကလို သည်ကလို ရိုက်စား ထိုင်စား အလုပ်တွေနှင့် ဝမ်းသုံးထွာအရေး ဖြည့်ဆည်းရသော မှော်ဆရာ လူစင်စစ်မို့သာ ခံနှိုင်ပေသည်။ သစ်သားရုပ်ဆိုလျှင် အဆစ်က ပြုတ်ထွက်ပြီး သုံးစားလို့တောင် ရမှာမဟုတ်တော့ ….။
ဂျင်ဂျင်လည်အောင် တစ်နေ့လုံး ရှာဖွေပြီး သကာလ ည၁၁ နာရီကျော် လူရှင်းကာမှ ရသမျှ ငွေလေး ထုတ်ရေ မိတော့ သားသမီး လေးယောက်ကို လူလားမြောက်အောင် မွေးကြွေးခဲ့သော ကျေးဇူးရှင်ဖခင်ကြီးရဲ့ စကားကို ပြန်အမှတ်ရသည်။
သားေ၇… ဝန်ဆောင်မှုလုပ်ငန်းဆိုတာ တောင်းစားရတဲ့ လုပ်ငန်းပဲ.. ဒါပေမယ့် ရွှေခွက်ကြီးပိုက်ပြီး တောင်းစားရတဲ့ လုပ်ငန်း ..အဲဒီ့လုပ်ငန်းမျိုးကို ရှောင် တဲ့ ….။
သို့သော် သို့သော် …. ရွှေခွက်ကြီး ပိုက်လျှက်သား မှော်ဆရာ ရိုက်စား ထိုင်စားအပြင် မည်သည့်လုပ်ငန်းကို လုပ်ရပါ့မလဲ တွေးရင်း တွေးရင်း ………။
( ရွှေခွက်နှင့် တောင်းစားနေရသော အားလုံးသို့ ရည်ညွှန်းပါသည်..။ထို့အပြင် ရိုက်စား ထိုင်စား အလုပ်များဖြင့် ရှုတ်နေသဖြင့် ရွာထဲသို့ မရောက်ဖြစ်ခြင်းကိုလည်းကောင်း … ရွာသူရွာသားများ စုံစုံညီညီ တက်ရောက်လှူဒါန်းကြသော ဒါနခရီးသို့ မလိုက်ပါ မလှူဒါန်းလိုက်နှိုင်ခြင်းကို လည်းကောင်း ယခုပို့စ်ဖြင့် အနူးအညွတ် တောင်းပန်လိုက်ပါသည်ခင်ဗျား )

22 comments

  • windtalker

    May 7, 2012 at 10:47 pm

    ရွှေခွက်နဲ့တောင်းတယ်လို့ ဆိုပေမယ့်လဲ ကိုယ့်ပညာ ကိုယ့်အယူအဆ ကိုယ့်ဆုံးဖြတ်ချက် နဲ့ ကိုယ်လုပ်ရတာ ဆိုတော့ လုပ်ပျော်ပါတယ်နော။

  • ဦးဦးပါလေရာ

    May 7, 2012 at 11:13 pm

    မှော်ဆရာရေ-
    ရွှေခွက်ကြီးနဲ့ တောင်းစားရတယ်ဆိုပေမယ့်
    ကျုပ်လဲ အဲဒါပဲ လုပ်တတ်ပါတယ်။
    ဖေါင်းတလှည့် ပိန်ဆယ်လှည့်ပေါ့ …..။
    ဒီနိုင်ငံကလဲ ဝန်ဆောင်မှု့ပဲ လုပ်စရာရှိတာလေ…။

    • Foreign Resident

      May 8, 2012 at 9:55 am

      ဖေါင်းတလှည့် ပိန်ဆယ်လှည့်ပေါ့ …..။ 😛

  • Mလုလင်

    May 8, 2012 at 12:59 am

    ကိုယ်ချင်းစာပါတယ် အစ်ကိုရေ ….။

  • Khin Latt

    May 8, 2012 at 4:07 am

    ဝန်ဆောင်မှုဆိုတာက စိတ်ထားတတ်ရင် ကုသိုလ်လဲရ ဝမ်းလဲဝ တဲ့ လုပ်ငန်းပါ မှော်ဆရာ ရေ။
    ပိုပြီး အောင်မြင်ပါစေ လို့ ဆုတောင်းပါတယ်။ 🙂

  • Inz@ghi

    May 8, 2012 at 6:22 am

    ဂျာ …
    ဝန်ဆောင်မှု လုပ်ငန်းကို အဲ့လိုဂျီး ပြောတယ်လား ..
    စိတ်ထိခိယက်သွားဘီ …

    အလကား စတာပါ ကမှော်ရာ…
    SaaS ခေတ် ပါဗျ something as a service ပါ
    မကြာခင် ခေတ်ကောင်းလာမှာပါ…
    စကားအတင်းစပ် …
    ကင်မလာဂျီးဆိုတာ D7000 ကြီးလား D3S ကြီးလား ..ဟင်င်င်
    လာ စမ်းနှိပ်ကြည့်ချင်လို့ပါ…

    ခင်တဲ့
    ဂီ

    • မှော်ဆရာ

      May 8, 2012 at 8:35 am

      D300s ဆိုတာကြီးပါဗျာ …..။ ခွက်ကြီးကြီး ကိုင်ထားတဲ့ သဘောပေါ့နော် …. 🙁

  • kyeemite

    May 8, 2012 at 9:26 am

    ဘာပြောပြော ကိုယ်ပိုင်အလုပ် လုပ်ပီးရပ်တည်နေတာကို
    အားကျပါတယ်ဗျာ…ကျုပ်ကတော့ဝန်ထမ်းဆိုတော့…
    တစ်နေ့မှာ ၁ဝနာရီ သူများကိုပေးထားရတာ…
    ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့ ကိုမှော်ရေ..

  • MaMa

    May 8, 2012 at 9:39 am

    ဆြာမှော်ရေ-
    နှင်တံနဲ့ တို့ပြီး စိတ်ထဲက တောင်းထားတာတွေ ရောက်လာလို့ …..
    ထည့်ဖို့ ခွက်ကြီးကြီး ယူထားရတယ်လို့ သဘောပေါက်သွားတယ်။ 🙂
    သဂျီးဆီက လက်ဆောင်ပို့ပေးလိုက်တဲ့ 4G Memory Stick လေး လည်း …
    မဆန့်ရင် မသယ်နိုင်ရင် ဒီဘက်ကို ပြန်ပစ်ပေးလိုက်လို့ ရတယ်နော်။
    အားနာနေမှာစိုးလို့ 😀

  • ဆူး

    May 8, 2012 at 9:50 am

    ဝန်ဆောင်မှု ခေတ်ကြီးထဲမှာ မှော်မှော် မှ မဟုတ်ပါဘူး။
    ဆိုင်ကို လာသမျှလူ မျက်နှာ မြင်တာနဲ့ စိတ်ချမ်းသာအောင် ရယ်ပြရပါတယ်။
    ရေရှည် အတွက် မမောနိုင် မပန်းနိုင် စိတ်ရှည် လက်ရှည် ရှင်းပြရပါတယ်။ ဂျီးထူ သူကိုလည်း ဂျီးထူ သူ အလျှောက် ရစ်သူကိုလည်း ရစ်သူ အလျှောက် လေကြောရှည်သူကိုလည်း သည်းခံ နားထောင်ပေးရတယ်။ ဆားဗစ် ဆားဗစ်…
    နောက် ထပ် နောက် ထပ်.. အများကြီး ရှိပါသေးတယ်။
    သမုဒ္ဒရာ ဝမ်းတထွာ ဆိုပါတော့ကွယ်။

    • Thel Nu Aye

      May 8, 2012 at 2:53 pm

      အင်းဝမ်းတတောင်ဆိုရင်ဘယ်လိုလုပ်မလဲဆူးရေ။ ဒီ့ထက်နှစ်ဆလား။ ဟီးးးးးးးးးးးးးးးးးးးးးးး။

      • ဆူး

        May 8, 2012 at 2:59 pm

        တစ်တောင် ဆိုရင်တော့ ပါးနဲ့ နားနဲ့ တွဲပြီး ချုပ် ထားရမယ်။
        မရီပြချင်လည်း ရီပြဖို့ အဆင့်ဖြစ်အောင်။

  • manawphyulay

    May 8, 2012 at 10:10 am

    အင်း ထိုင်စား ရိုက်စားမလုပ်ခင် ရွှေခွက်ကြီး လာငှားဦးမှပဲ… ရောင်းစားမလို့လေ… အဟိ..

  • ကြောင်ကြီး

    May 8, 2012 at 10:22 am

    မြန်မာပြည်မှာ ရွှေဆိုင်ဖွင့်ဂဲ့ဖူးဒဲ့ လူတဦးဂ နိုင်ငံဂျားယောက်တော့ ငြီးရှာဒယ်..။ မြန်မာပြည်မှာ အနုအရွ မြိုးမြိုးမြက်မြက်ကလေးစားရဒဲ့ အလုပ်လုပ်လာဂဲ့ဒေါ့ အခြားဘယ်လုပ်ကိုမှ လုပ်ကောင်းဒယ် ထင်ဒေါ့ဘူးဒဲ့..။ အရင်းအနှီး မတတ်နိုင်ဒါနဲ့ သူလည်း လဂဇါးဘဝနဲ့ အဆုံးသတ်သွားရှာဒယ်..။ ကမှော်လည်း အဲလိုဖြစ်နေမယ်။ ငြီးပေမဲ့ နေသား့ကျသွားရင် လက်လီလက်ကား အလုပ်တွေ၊ စားသောက်ဆိုင်လို ညစ်ပတ်ပေရေဒဲ့ ( လုပ်ငန်းသဘောဂို ပြောဒါပါနော) အလုပ်မျိုးတွေ လုပ်ဖို့ စိတ်ကူးလို့တောင် ရမှာဟုတ်တော့ဘူး။ သဂျီးဂိုဘဲကြည့်လေ.. အယင်ဂ အပြာကား ကိုယ်တိုင်သရုပ်ဆောင် ကိုယ်တိုင်ရိုက်စားဒယ်။ နောက်ပိုင်း အင်တာနက်ပေါ်လာဒေါ့ လူပင်ပန်းဒဲ့ အလုပ်လုပ်တော့ဝူး.. အပြာဆိုက်ထောင်ပြီး အခွေပြစားယုံပဲ…။

  • Novy

    May 8, 2012 at 10:31 am

    မှော်ဆရာရယ် ဂုဏ်ယူလိုက်ပါ ရွှေခွက်ကိုင်ပြီးတောင်းစားရတာ
    မနိုတို့မှာ ကုမ်မဏီဝင်ထမ်းဆိုတော့
    အဲကွန်းခန်းထဲမှာ အကြောတက်အောင် ထိုင်လုပ်နေရပါရှင် 🙁

  • etone

    May 8, 2012 at 4:39 pm

    ကိုမှော်ဆရာရေ … ဘာခွက်ကြီးနဲ ့ပဲ ခံခံ ကိုယ်ပိုင် အလုပ်လုပ်နေတယ်ဆိုကတည်းက .. သူများ အလုပ်သူတွေထက် ခြေတလှမ်းသာနေပါပြီ ။ ကိုယ့်ရဲ့ အချိန်တွေကို ကိုယ်တိုင်စီမံခန့်ခွဲလို့ ရသလို …. လိုတိုးပိုလျော့လုပ်လို့လည်းရပြီး … အလျှော်အစားလည်းရှိတော့ ကိုယ်လုပ်လျှင် လုပ်သလောက် ကိုယ့်အတွက်ချည်းပါပဲလေ .. ။ အတွေ့ကြုံလည်းရတယ် … ။

    ကိုယ်တွေလို သူများအလုပ်လုပ်ရတော့လည်း … ကမာ္ဘကြီးက ပြားပါတယ်လို့ အလုပ်ရှင်ကပြောလျှင ်ယောင်ဝါးပြီး ပြားရတယ် .. လုံးနေပါတယ် ထလုပ်လျှင် .. မျက်မုန်းကျိုးရော … အစကတော့ အလုပ်ထဲ .. မှန်တယ်ထင်လျှင် ထိပ်တိုက်ပြောခဲ့ ရှင်းခဲ့ပေမယ့် .. နောက်ပိုင်း မှန်နေသည့်တိုင်အောင် ဖောရှောလေးနဲ့ တဖက်ကို အနိုင်ပေးရတယ်ဆိုတာ နားလည်သွားတော့တယ် … ။ သူများအလုပ်မှာ .. ကြီးသူငယ်သူ မ တစ်ရာသားတွေနဲ့ ဆက်ဆံပြောဆိုရတော့လည်း … နောက်ပိုင်း လူပေါင်းစိတ်ခွာနည်းပဲ ကျင့်သုံးပါတယ် … ။ ကိုယ်ပိုင်အလုပ်လုပ်ဖို့ကတော့ စိတ်ကူးထဲမှာတင် .. မရေရာချင်သေးဘူး … ။ ကိုမှော်ဆရာတို့လို ကိုယ့်အလုပ်ကိုယ်ဦးစီးလုပ်နေသူတွေရဲ့ အရည်ချင်းနဲ့ သတိ္တကိုတော့ လေးစားမိပါတယ် ။

  • ဗိုက်ကလေး

    May 8, 2012 at 5:29 pm

    အူးလေးကဖြင့် ခံစရာ ခွက်ကြီးရှိတေးတယ်
    များတို ့ဆို ခွက်မပြောနဲ ့ ရေသန် ့ဘူးအဖုံးတောင်မရှိဘူး…..
    ကိုယ်ပိုင်လုပ်ငန်းသာ အကောင်းဆုံးပါ အူးလေးရာ
    အူလေးပျောက်နေတော့ .. များက….မိန်းမရတွားပြီထင်နေတာ
    လက်စသတ်တော့ အူးလေးက ခလေးသုံးယောက် အဖေဖြစ်နေသကိုးဗျ

  • Phaung Phaung

    May 8, 2012 at 5:47 pm

    အမရေး……… မောလိုက်တာ မှော်ဆရာရယ်။

  • Onyx

    May 8, 2012 at 9:07 pm

    ိကိုမှော် ကမှ ကိုဗိုက်ပြောသလို ခံစရာခွက်ရှိသေးတော့တော်သေးတယ် ။အနော်တို့က သူများခွက်နဲ့ ခံတာဆိုတော့ ခွက်ထဲ ရောက်လာလဲ ကို့ဟာမဟုတ်ဘူး ။ဘာပဲပြောပြော ကိုယ်ပိုင် လုပ်ငန်းက အကောင်းဆုံးပဲ တစ်ကျပ် ဝင်လဲ ကို့ပိုက်ဆံ နှစ်ကျပ်ဝင်လဲ ကို့ပိုက်ဆံ….။

  • htet way

    May 8, 2012 at 9:07 pm

    အေးဗျာ ဘာပဲပြောပြော ခင်ဗျားကို
    သတိရနေတာအမှန်ပါ။
    ဖုန်းနံပတ်လေးဘာလေးရရင်ကောင်းမယ်

  • marblecommet

    May 9, 2012 at 1:37 am

    သများတို့လည်း ရိုက်စားချင် နှက်စားချင်ဘာဒယ်
    ဒါပေမဲ့ ရိုက်စရာလည်းမရှိ
    နှက်စရာလည်း မရှိ
    ရိုက်လည်းမရိုက်တတ်
    နှက်လည်း မနှက်တတ်
    ထူးပါဘူး ဗိုက်ကလေးရယ်
    ရင်ပူလာရင် ဘီအီးဆိုင်နား သွားစို့လား…..
    ………..
    ကမှော်ရေ့……
    အားပေးသွားဘာဒယ်….

  • အလင်းဆက်

    May 9, 2012 at 9:38 am

    မျှော်စရာ…
    မှော်ဆရာ..ရေ…
    ဆက်လက်ရေးသားပါဦး..လို ့.။

Leave a Reply