Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

၂၀၁၂ ဆာကူရာ

ムラカミMay 9, 20122min58329

ခုမှ ပြင်ပြီး လို့ ခုပဲ တင်လိုက်ပါတယ်…

 

ခုတော့ ကြွေရှာပြီပေါ့ ..

အိုဘယ့် ဆာကူရာတွေ ….

 

1

 

 

2

3

 

4

 

5

 

6

 

သည်နှစ်ကတော့

ဘော်ဒါ အပေါင်းအသင်း ၈ယောက် နဲ့ သွားခဲ့တဲ့ ခရီးမို့

သူတို့ ပေါ့ထလိပ်တွေကြားက ကြိုက်ရတာမို့ ..စိတ်တိုင်းကျ ပုံ

သိပ်မရခဲ့ပါ ဒါပေသိ ..ရသလောက်ကလေးကိုလည်း

မပြင်ဘဲ မတင်ဘဲ မနေနိုင်လို့ ..တင်လိုက်ပါသည်…။

 

အော်… ၂၀၁၂ ဆာကူရာ … မက္ကရို ပြောင်းကို တယ်လီ လုပ်သုံးဖြစ်ခဲ့တဲ့ အမှတ်တရပါလားနော်…

 

တော်သေးဘီ

ခင်တဲ့

Inz@ghi

 

 

 

29 comments

  • etone

    May 9, 2012 at 10:11 am

    ကိုဂီရေ … ဖေ့စ်ဘွခ်မှာတွေ့တဲ့ ပန်းဖတ်လေးတွေကြွေတဲ့ပုံရယ် ၊ အစိမ်းရောင်ဝတ်စုံနဲ့ကောင်မလေးပုံရယ်လည်း မပါပါလားနော် … ။ အဟီး … 😛

    ဒီနိုင်ငံက ချယ်ရီပန်းနဲ့ ခပ်ဆင်ဆင်တူပေမယ့် … ဒီကပန်းက အပွင့်သေးပြီး ပွင့်ဖတ်နည်းနည်းပိုထူတယ် …. ။ပန်းပင်ကို ကြည့်ရင်း အေးချမ်းတဲ့ပတ်ဝန်းကျင်ရာသီဥတုကိုပါခံစားမိပါတယ် … ။

  • ဆူး

    May 9, 2012 at 10:18 am

    အပွင့်တွေ မြင်တာနဲ့ အအေးအငွေ့အသက်တွေ တွေ့နေရတယ်။ ချွေးတရွဲရွဲ နဲ့ ကြည့်သွားပါသည်။

    • nozomi

      May 9, 2012 at 10:29 am

      မိုးတွေရွာနေလို့ ရာသီဥတုအေးလာမှ ဘယ်လိုဖြစ်လို့ ချွေးတရွှဲရွှဲဖြစ်နေရတာလဲ 😀

      အော် အိမ် သန့်ရှင်းရေးလုပ်ရင်း ဝင်ကြည့်တာဖြစ်မယ်

  • weiwei

    May 9, 2012 at 10:31 am

    ဆာကူရာပန်းတွေက မတ်လပတ်ဝန်းကျင်မှာ ပွင့်ကြတာနော် … အခု မေလဆိုတော့ အခုထိပွင့်နေသေးတာလား ???
    ပန်းလေးတွေမြင်ရတာ သန့်ရှင်း လန်းဆတ်မှုကို ခံစားရပါတယ် …

    အပေါ်ဆုံးကပန်းက ဇီးပန်းနဲ့ တူနေတယ် …

  • Inz@ghi

    May 9, 2012 at 10:53 am

    အစ်မဝေဝေ ကတော့ လုပ်ပြီ
    😀
    မနှစ်က တင်တုန်းက လည်း ငြင်းပြီးပြီ..
    ခုလည်း ဆက်ငြင်းရဦးမယ် …ဟီဟိ..

    ကိုဆူး ..ဦးနိုနဲ့ ဒေါ်အိတုန်တို့အတွက်ပါ တခါတည်း ထည့်ရေးလိုက်ပါတယ်နော..

    ပထမဆုံး ပြောချင်တာက sakura က မျိုးကွဲတွေ ရာနဲ့ချီတယ်ဗျ…
    မအိတုန်ပြောသလို ပွင့်လွှာ ၅ချပ်ကိုမှ အထပ်အထပ်နဲ့ပွင့်တဲ့ အမျိုးအစားလည်းရှိတယ်…
    အပွင့် သေးတဲ့ အမျိုးအစားတွေရှိသလို အပွင့်ကြီးတဲ့ အမျိုးအစားတွေလည်း ရှိရဲ့ဗျာ…။
    မနှစ်ကဆို ရှားရှားပါးပါး အစိမ်းရောင် sakura တောင် ကျနော် ရခဲ့သေးရဲ့…

    ပွင့်တဲ့အချိန် က နိုင်ငံနဲ့လိုက်ပြီး ရာသီဥတုနဲ့လိုက်ပြီး ကွာမှာ ဖြစ်လို့
    ရှမ်းပြည်မှာ ၂လပိုင်း ကုန်ခါနီး ပွင့်ပေမယ့် ဒီမှာတော့ ၃လပိုင်း ကုန်ခါနီးကနေ
    ၄လပိုင်း အကုန်ကြားထဲ နေရာနဲ့လိုက်လို့ ပွင့်တယ်ဗျ…
    (ဆောင်းတွင်း အအေးပိုခဲ့တဲ့အတွက် သည်နှစ် နည်းနည်းနောက်ကျပါသည်…)
    ကိုဆူးရေ ဆာကူရာက ဆောင်းအကုန် နွေအကူးမှ ပွင့်တယ်ခည..ပူလာမှ
    ပွင့်တဲ့သဘောရှိရဲ့ …ပျမ်းမျှအားဖြင့် အပူချိန် ည၁၀- နေ့ ၂ဝ လောက် ရှိတယ် ဆိုပါတော့ဗျာ..
    အေးတယ်လို့ မဆိုသာတော့တဲ့ ကာလပ…

    ခုထိ ပွင့်တဲ့နေရာ ပွင့်နေဆဲပေမယ့် အလွန်နည်းသွားပါပြီ.. nagano ဘက်မှာတော့ ရှိသေးတယ်
    ပြောပါသည်။ ခုမှ တင်ဖြစ်တာကတော့ ကျနော် ပြီးခဲ့တဲ့လက လက်ပကျွတ် ပျက်နေတယ်လေဗျာ…
    ခုမှ ပြန်ပြီး ပြင်ပြီးတင်ရတာ …အကြွေးဆပ်တာပါ…။

    အစ်မ ဝေဝေ ရေ..
    sakura တချို့ မျိုးစိတ်တွေဟာ ဇီးပန်း(Ume)နဲ့ ဆင်တယ် ဆိုတာကတော့ ဟုတ်ပါလိမ့်မယ်ဗျ..
    အပင်ချင်းကလည်း မျိုးရင်းကလည်း နီးစပ်တာကိုး …ဒါပေမယ့်
    ဇီးပန်း မဟုတ်တာတော့ အတိအကျပြောနိုင်ပါရဲ့ … ဘာလို့လဲဆို သည်မှာ ဇီးပန်းပွင့်တဲ့ ရာသီက
    ၂လပိုင်း ဖြစ်လို့ပါပဲ …။ ကျနော် ရိုက်ခဲ့တဲ့ ၄လပိုင်း လလည်(သင်္ကြန်ကာလ) မှာ ဇီးပန်းပင်တွေဟာ
    ပွင့်ပြီး ကြွေပြီး သီးပြီး ဖြစ်နေပြီ မို့ပါ…။

    တော်သေးဘီ
    ခင်တဲ့
    ဂီ

    • weiwei

      May 9, 2012 at 11:12 am

      ဇီးပန်းနဲ့တူတယ်လို့ပဲ ပြောတာပါ .. ငြင်းတာ မဟုတ်ပါဘူးနော် … 😛
      ဇီးပန်းတွေက အရမ်းအေးတဲ့ ဆောင်းတွင်းမှာ ပွင့်တယ်ဆိုတာ သိထားပါတယ် …. နှင်းဖတ်တွေကြားထဲမှာ ပွင့်ကြတဲ့ ဇီးပန်းတွေကို မြင်ဖူးတယ် …

  • ဆူး

    May 9, 2012 at 10:59 am

    သူတို့ ပူတယ် ဆိုတာ ဒို့တွေကတော့ အေးဆေးပဲ..
    ဒီနေ့ တကယ်ပူနေတာ.. နေကလည်း အရမ်းတောက်တာပဲ.. ဟိုရက်တွေက မိုးအုပ်တာတွေ နဲ့ နည်းနည်း အပူသက်သာသေးတယ်။

  • ဗိုက်ကလေး

    May 9, 2012 at 11:15 am

    လှဒယ် အူးလေးရာ

  • Mလုလင်

    May 9, 2012 at 11:22 am

    Macro နဲ့ abstract ကို သိပ် မရိုက်ဖြစ်ဘူးဗျာ … လက်သင်မို့ pictorial နဲ့ composition rule တွေနဲ့ သာ နပန်း လုံးနေရပါကြောင်း …

    • Inz@ghi

      May 9, 2012 at 5:24 pm

      ဆုရ ဓါတ်ပုံဆြာကတော့ လုပ်ပြီ
      ဘီဘီ တိုက်ရမှာစိုးလို့ သူ့ကိုယ်သူ လက်သင်ဆိုပဲ ….

      နောက်တာပါအူးလေးရာ…
      သများက အများကြီး လေ့လာသင်ယူရဦးမှာပါ…

      😀

  • ရွာစားကျော်

    May 9, 2012 at 11:30 am

    အရှေ့ကျွန်းသူ အချောအလှလေးနဲ့ ဆကူရာပန်းလေးတွေ ယှဉ်ပီး ခံစားကြည့်ချင်တင်ဗျာ..

    • Inz@ghi

      May 9, 2012 at 5:26 pm

      မနောက်ပါနဲ့ အာကိုရီးရယ်…
      အိမ်ကွင်း-အဝေးကွင်း-ကြားကွင်း-ငှားကွင်း
      ဘာကွင်းမှ မရှိတဲ့ဘွပါ…

      သနားဇယာလေးပါ

      😀

  • marblecommet

    May 9, 2012 at 12:06 pm

    ခင်ဗြားက အသီးအရွက်ကြိုက်တဲ့လူ
    ကျုပ်ကလည်း အသီးအရွက်ကြိုက်တဲ့လူ
    ဒါနဲ့……ဇဂါး အဓမ စပ်…..
    အိုက်ဒီ ဆာကူရာ ပန်းလေးဒွေကို
    ရေနွေးဖျောပီး
    လက်သုပ်လုပ်စားရင် ကောင်းမလားဟင်……

    • Inz@ghi

      May 9, 2012 at 12:12 pm

      ရက်ရက်စက်စက် မကြံကောင်း မစီရာဗျာ…
      အင်း …ဒါနဲ့
      ခင်ဗျားပြောမှ သတိရတယ်…
      အဲ့သည့်နေ့က ပေါ့ ..ဘော်ဒါ၈ယောက်နဲ့ ချောင်းမြောင်းပစ်ခတ် နေတုန်း
      ရေကန်စောင်းမှာ ရှိတဲ့ ဆာကူရာ တမျိုး (ယာမဇာကူရာ မျိုးကွဲတခုဗျ)
      တောင်ပေါ်မျိုးပေါ့ဗျာ …ထူးထူးခြားခြား လက်ဖက်နံ့ မွေးတယ်ဗျ..

      ကျုပ်တို့က ထင်တာ ပန်းခြံထဲ လာအပန်းဖြေတဲ့ ထဲက တယောက်ယောက်
      လက်ဖက် သုတ်စားနေသလားပေါ့ ..ရွှေတွေများ လာသလားပေါ့ လှည့်ပတ်ရှာသေးရဲ့
      နောက်မှ အဲ့သည့် အပင်ကမှန်း သိတာဗျ…

      ဆာကူရာ တွေရဲ့ တခုတည်းသော အားနည်းချက်က ရနံ့မရှိဘူးဆိုတဲ့အချက်ပဲ..
      အဲ့သည့်အချက် က သည် မျိုးစိတ်နဲ့တွေ့မှ လွဲတော့တာပဲဗျို့…

      😀

      တော်သေးဘီ
      ခင်တဲ့
      ဂီ

    • metallic

      May 9, 2012 at 9:57 pm

      တက္ကသိုလ် ဘုန်းနိုင်ထဲက ဇာတ်လိုက်ကိုပြောသလိုလား

      ” မင်း အဲဒီစွယ်တော်ပန်းကြီးကို ရေနွေးဖျောပြီးသုပ်မစားချင်ဘူးလား”
      စာသားမှားသွားရင်ခွင့်လွတ်
      သဘောကတော့အတူတူပဲ

  • zenn

    May 9, 2012 at 12:30 pm

    ..ပုံလေးတွေတော်တော်လှပါတယ်.. ဆာကူရာပုံလေး တွေမြင်တော ့နီဟွန်း ကို လွမ်း မိပါတယ်..

  • Thel Nu Aye

    May 9, 2012 at 12:55 pm

    လှလိုက်တာ လှလိုက်တာ လှလိုက်တာ။

  • အရင့်ရောင်

    May 9, 2012 at 12:57 pm

    ဂီဂီ က ပန်း အတော်ကြိုက်တာပဲနော်
    ပေးဦးမယ် ပန်းလှလှလေး
    ဂီဂီအတွက်……….
    ပန်းလက်ဆောင်…….
    အရင့်ရောင်

  • နွယ်ပင်

    May 9, 2012 at 3:10 pm

    ံ့ပုံလေးတွေလှလိုက်တာ အရမ်းရမ်းလှပါအိ
    ဒါနဲ့ ပုံလေးတွေ ဘယ်တော့လောက်ရမလဲဟင် 😛

  • Ma Ei

    May 9, 2012 at 4:53 pm

    ဆာကူရာလေးတွေကြည့်ချင်လို့ပါဆိုတာ…
    ခုမှကြည့်ရတော့တယ်…

    • Inz@ghi

      May 9, 2012 at 4:57 pm

      ကျနော့် ပိုစ့် တခုမှာ အန်တီအိ မန့်ဖူးတာလေး အမှတ်ရလို့
      ညတုန်းက ပြင်ပြီး တင်လိုက်တာပါဗျာ..
      ပီစီ ၁လလောက်ပျက် ရန်ကုန် ၂ပါတ်လောက်ပြန်နေတာမို့
      အတော်လေး နောက်ကျသွားပါကြောင်း…

      ခင်တဲ့
      ဂီ

      • Ma Ei

        May 9, 2012 at 5:10 pm

        သတိတရ တင်ပေးတာကျေးဇူးပါ…
        တောင်းကြည့် စောင့်ကြည့်ရလောက်အောင်လှတဲ့လက်ရာတွေမို့ပါဟယ်…

  • မဟာရာဇာ အံစာတုံး

    May 9, 2012 at 5:39 pm

    ဆာကူရာ ပန်းတွေက
    အလှသားကလားဗျ …
    အားပေးသွားတယ်နော့ …

  • manawphyulay

    May 9, 2012 at 5:57 pm

    ဆာကူရာပန်းတွေ ဝေနေတာပဲနော် ပြန်လာတာတောင် လက်ဆောင်လေး ယူမလာဘူး။ ဟွန်း

    • Inz@ghi

      May 9, 2012 at 6:14 pm

      အပြစ်တင် မစောပါနဲ့ မစိတ်ဖွေးပိစိရယ်…
      ဆာကူရာ က ခူးစရာ ပန်း မဟုတ်ပါဘူး …
      ခူးခွင့်လည်း မပေးဘူးဗျ… အိမ်တွေမှာ အလှပန်းအိုးထိုးချင်ယင်တောင်
      cultivated sakura မှ ထိုးခွင့် ရတာမျိုးဗျ…
      ၁နှစ်မှာ ၁ခါတည်းပွင့် .. ပွင့်တုန်းလည်း ၁ပါတ်တောင် မခံ
      အဲ့ ..ပိတောက် နဲ့ သဘောချင်း ဆင်ပေမယ့် ..
      ပိတောက်နဲ့ ကွာတဲ့အချက်ကတော့ ခူးခွင့်မရှိခြင်းပါပဲ …။

      ညွှတ်နေတဲ့ ကိုင်းတွေကို ကလေးတွေ သွားကိုင်ရင်တောင် ကလေးအမေက
      ကိုင်ခွင့်မရှိဘူး လို့ တားပြီး ဘေးက ကျန် အပန်းဖြေအနားယူသူတွေကို
      သူ့ကလေးရဲ့ အပြုအမူအတွက် တောင်း ပန်စကား ဆိုတတ်ခြင်းပါပဲ….

      တော်သေးဘီ..
      ခင်တဲ့
      ဂီ

  • moe minthar

    May 9, 2012 at 6:36 pm

    ကိုဂီရေ…….လိုချင်တယ်လို ့ပူဆာရင်…….ပေးမယ်မဟုတ်လား……။
    အားပေးသွားပါကြောင်း………………………………………..။

  • zaw min

    May 10, 2012 at 12:57 am

    ဟိုက်ဟိုက်..အာရီဂဒ်သိုး မာစတာဂီ…ဝါတာရှီ ဝ ရောဒေါရှီ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 10, 2012 at 1:21 am

    Warriors Of The Rainbow ( 2011 )
    အဲ့သည်ဇာတ်ကားထဲမလဲ အဲ့သည်လိုဘဲ ပန်းတွေပွင့်နေတဲ့ အခန်းလေးပါတာ
    လက်ကုန်လှတယ် ကြည့်လို့ကောင်းမှကောင်း

  • shwe kyi

    May 10, 2012 at 4:25 pm

    သိပ်လှတာပဲနော်။ အပြင်မှာတော်တော်လှမှာပဲ။ ခုလိုမျှဝေခံစားပေးလို့ကျေးဇူးပါ။

Leave a Reply