Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တွေ ့ပုံ

မောင် ပေMay 8, 20121min183833

စားရုံနဲ ့ဘာမှမပြီးဘူး…
ဒါပေမယ့် စားတယ်
မိုးလင်းကတဲက စားဖို ့တွေးတယ်
မျက်နှာသစ်သစ် မသစ်သစ် စားတယ်
ရေချိုးချိုး မချိုးချိုး စားတယ်
ဝယ်စားတယ်
တောင်းစားတယ်
အငှားစားတယ်
ခိုးစားတယ်
တစ်ယောက်ထဲစားတယ်
အဖွဲ ့လိုက်စားတယ်
ပေါ်တင်စားတယ်
ဝှက်စားတယ်
ချိုချဉ်လဲစားတယ်
ငြိုငြင်လဲစားတယ်
ဗိုက်မဆာလဲစားတယ်
ဗိုက်ပြည့်လဲစားတယ်
ရင်ချောင်အောင်စားတယ်
ဗိုက်ပူအောင်စားတယ်
စားပို ့မနင့်သေးသရွေ ့စားနေလိမ့်ဦးမယ် ။
+++++++++++++++++++++
……. အားလုံးကို ကျေးဇူးတင်ပါသည် …….

33 comments

  • မဟာရာဇာ အံစာတုံး

    May 8, 2012 at 9:47 pm

    ♫ .. မိုးလင်းထဲက စဉ်းစားမိတာ .. ♫ .. ♪ .. စားဖို့ပါပဲ .. ♫ .. ♪ ..
    … ဆိုတဲ့ အဲလက်စ်ရဲ့ သီချင်းတောင် သတိရလိုက်မိသေး .. 😀
    ခုမှ သိဒေါ့ဒယ် ..
    ဘိုပေက အစားသမားဂျီးပဲ … ကျုပ်ကဒေါ့ အယားဒမား …

    နောက်ကျောကလည်း ယားဒယ်
    ရင်ဘတ်ကလည်း ယားဒယ်
    ခေါင်းကလည်း ယားဒယ် ..
    ပြီးတော့ ဟိုနားကလည်း ယားဒယ် ..
    ဒီနားကလည်း ယားဒယ် ..
    ယားဒယ် .. ယားဒယ် ….

    • windtalker

      May 8, 2012 at 10:38 pm

      လက်တို့ပြီးတော့ ပြောပြဦးမယ်
      အရင်တခါ ဥကြောင် ဘာပြွန် ဆိုလား
      ဝဲဆွဲတုန်းက ပေါက်ဖော် သံဘရွတ်နဲ့ သက်သာတယ် ဆို လားဖြစ်ပုံ

      • ဗိုက်ကလေး

        May 9, 2012 at 6:18 pm

        အူးလေး
        စားတဲ့အကြောင်းရေးပြီးရင် သောက်တဲ့အကြောင်း ရေးပေးပါဦးဂျ

    • ကိုအံစာတုံးရေ. ကိုပေက အဲလက်စ်လက်သစ်ဖြစ်သွားသပေါ့။
      ဆက်သာစားနော် ကိုပေ။ဒါပေမယ့်. လေ——ဒါပေမယ့်

  • ညလေး

    May 8, 2012 at 10:48 pm

    သိပ်လဲအစားမကြီးပါနဲ.ကိုပေရာ………..
    ခေါင်းစားလွန်းတော့………….“ထိပ်ဗျောင်”နေပီမမှတ်သေးဝူးလား………
    ……………

    • windtalker

      May 9, 2012 at 7:27 pm

      ဒီမှာပြထားတဲ့ ပုံက ကိုပေ တမင်ရုပ်ဖျက်ထားတဲ့ ပုံပါကွယ် ။ အပြင်မှာ ဆိုရင် တွန်ခရု တို ့၊ ဘရက်ပစ်တို ့နဲ ့လုံးလုံးမှ မတူတဲ့ ကိုပေ ပါကွယ် ။ ဟီဟိ

      • ဗိုက်ကလေး

        May 12, 2012 at 6:34 pm

        ခင်ဗျားက ဒီလောက်ပြောင်နေတာ ဘလက်ဗစ်နဲ ့ တူချင်သေးလို ့လားဗျ

  • marblecommet

    May 8, 2012 at 10:54 pm

    မောင်ပေအစား..
    မောင်အံယား…
    အူးကမ်းကြီးက
    သောက်ဖို့ပြင်

  • ဦးဦးပါလေရာ

    May 8, 2012 at 11:59 pm

    စားသာစားကိုပေရေ
    စားတဲ့ အလှည့်ဆိုတာ
    လျော်တဲ့အလှည့် မရောက်ခင်ကိုပြောတာ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 9, 2012 at 12:07 am

    အစားနဲ့ပတ်သက်ရင်ကြားဘူးတာကတော့
    စားတာကအသား အိပ်တာကအား
    ငါ့ကြက်ခိုးစားတဲ့လူ အဆီစားလို့အသားမဖြစ်ပါစေနဲ့တော် ဆိုပြီး အဖွားကြီးတစ်ယောက်
    သူ့အိမ်ကကြက်ပျောက်သွားလို့ ပွားနေတာကြားဘူးတယ်
    စားတာကတော့စားရမှာဘဲ
    ကိုယ်မမြိန်ရင် ကိုယ်ပိန်သွားနိုင်တယ်
    ဒါပေသိ ဂေါင်းဇင်နဲ့ အောက်ကစာသားတွေက ဘယ်လိုအမျိုးတော်ကြသလဲဒေါ့သိဘူး

    • Khin Latt

      May 9, 2012 at 3:26 am

      သူမစားနိုင်လို့ သူများတွေ စားတာဘဲ ငေးကြည့်နေရတော့ “တွေ့” တာပေါ့ အဘပု ရဲ့။ 😉

      သူကိုယ်တိုင် စားနိုင်လို့ ကတော့ ကိုယ့်အစားကိုငမ်း နေရတာနဲ့ ဘယ်တွေ့မလဲ။
      ဟုတ်တယ် မဟုတ်လား မောင်ပေ။

      မောင်ပေ လေးကို လဲ ကျွေးလိုက်ကြပါဦး အရပ်ကတို့ရေ။ 😀

      • windtalker

        May 9, 2012 at 7:31 pm

        အရီးလတ် ခင်ဗျား မာမီပု နဲ ့တော့ သားသားမလိုက်ရယ်နော်…. ဟီဟိ

  • Thel Nu Aye

    May 9, 2012 at 6:32 am

    အောင်မယ်လေးးကိုပေရယ်။ ဝမ်းတထွာတောင်မကဘူးထင်တယ်။ စားနေတာမရစပ်။ စားပါစားပါ စားနိုင် တုန်းစားရတာ။ မစားနိုင်တော့ရင်ကျွေးချင်ပါတယ်ဆိုတောင်ဝင်မှာမဟုတ်တော့ဘူး။

    • Thel Nu Aye

      May 9, 2012 at 6:32 am

      စားနေတာတရစပ် စာလုံးပေါင်းမှားသွားလို့ ဆောဒီး

  • mg mg

    May 9, 2012 at 7:18 am

    အခုမစားတော့ပါဘူးဦးပေရယ်
    စာဖတ်နေတယ်တဲ့။
    ကျန်တဲ့သူတွေတော့ဘာလုပ်နေလဲသိဝူး။

  • အလင်းဆက်

    May 9, 2012 at 9:33 am

    ကျွန်တော်လည်း.းစားတော့မယ.်ဗျာ..။
    ဒီပို ့်စ် ဖတ်လိုက်တာ စားချိန်စိတ်တွေ..ဖိတ်ဖိတ်ယိုသွားတယ် ။

  • ထုံးဘဲဥ

    May 9, 2012 at 1:14 pm

    စားနိုင်တဲ့ သူဒွေ စားကြပါ စားကြပါ
    မျိုနိုင်တဲ့သူတွေ မျိုကြပါ ဆို့ကြပါ
    တောင်းနိုင်တဲ့သူဒွေ တောင်းကြပါ တောင်းကြပါ (အောင်တောင်း မပါ) 😆

  • MaMa

    May 9, 2012 at 2:38 pm

    စားနိုင်တုန်း စားခွင့်ကြုံတုန်း စားရတာ…
    စားသာ စား မောင်ပေ။ 😀

  • ဗိုက်ကလေး

    May 9, 2012 at 3:32 pm

    လူကိုစားချင်စား ဦးနှောက်တော့ မစားနဲ ့ ညီလေးရာ
    ကျေးဇူးတင်ပါတယ်..

    • windtalker

      May 9, 2012 at 7:21 pm

      ဟုတ်ကဲ့ အစ်ကို
      လူကိုယူပါ အုန်းတော့ ချမ်းသာပေးပါပေါ့နော် အစ်ကို က

  • jujuma

    May 9, 2012 at 3:41 pm

    ခေါင်းစဉ်က တွေ့ပုံ ဆိုလို့ကြည့်လိုက်တာ ..

    စားပီးရင်းစားနေလိုက်တာတော်ရေ ..

    တွေ့ပုံဆိုတော့ …

    အပုံလိုက်တွေ့ရင်လဲ စားမှာပဲလားဗျ …

    ခင်လို့ စတာ စိတ်ဆိုးကြေးးးးး 😀

    • windtalker

      May 9, 2012 at 7:20 pm

      ဂျလန်းစိန်လေးတွေဆိုရင်တော့ အပုံလိုက်တွေ ့ရင်စားပါတယ် ။
      ကျန်တာ အပုံ တွေတော့ စိတ်ပါဝင်စားနေတဲ့ ဂျူဂျူးမအတွက်ဘဲ အားလုံးပေးမယ်နော ။ အဟက်

  • ရွာစားကျော်

    May 9, 2012 at 5:06 pm

    ခုံပေါ်ကလည်းစားတယ်
    ခုံအောက်ကလည်းစားတယ်
    အိမ်ရှေ့မှာလည်းစားတယ်
    နောက်ဖေးပေါက်ကလည်းစားတယ်..
    သမီးကလည်းစားတယ်
    ဇနီးကလည်းစားတယ်
    တဆွေမျိုးလုံးစားတယ်..
    သထာလည်းစားတယ်
    မသထာရေစာလည်းစားတယ်..
    စူဇကာတောင် ဖြူပြာကျသွားအောင် စားတယ်ဗျာ..
    (ထပ်ဖြည့်သွားပါတယ်.. :D)

  • နေဝန်းနီ

    May 9, 2012 at 6:26 pm

    စားတယ်… စားတယ်…။
    အပြီးရောင်းပြီးတော့လည်းစားတယ်…။
    ခဏငှားပြီးတော့လည်းစားတယ်…။
    ဗိုက်ဆူနေလည်းစားတယ်..။
    ဗိုက်ပူနေလည်းစားတယ်…။
    မကောင်းတာလည်းစားတယ်…။
    အဟောင်းကိုလည်းစားတယ်…။
    ညစ်ပတ်တာလည်းစားတယ်…။
    အသစ်လတ်ဆတ်တာလည်းစားတယ်…။
    မျက်စေ့ရောက်လာတာလည်းစားတယ်…။
    နားထဲရောက်လာတာလည်းစားတယ်…။
    စိတ်ကူးနဲ့လည်းစားတယ်…။
    အိပ်ရင်းမြူးတူးပြီးလည်းစားတယ်…။
    စားရင်းစားရင်း…..။
    အင်းးးးးး ………
    ကိုကြောင်ကြီးရေ့……….ဆက်စားစမ်းပါဦးဗျ……….

    • ကြောင်ကြီး

      May 12, 2012 at 11:49 am

      စားတယ်
      ဆယ်တား
      အရွယ်တပါး
      မငယ်ငြားသော်လည်း
      ရှယ်အသားလေးမို့
      တဂယ်ဝါးဂဲ့ဒယ်
      ပါးပါးလေးမှ
      ပါးပါးလေး…။ 😛

  • manawphyulay

    May 9, 2012 at 6:42 pm

    ရေလည်စားတယ် ကိုပေရာ… အဟဲ… (ဗိုက်ပြည့်အောင် စားတာမဟုတ်ဘူးနော်…)

  • windtalker

    May 9, 2012 at 7:35 pm

    mg mg ၊ အလင်းဆက် ၊ ထုံးဘဲဥ ၊ MaMa ၊ ရွာစားကျော် ၊ နေဝန်းနီ နဲ ့ဖတ်ရှုအားပေးသွားသူများ အားလုံး ကို လေးစားကျေးဇူးတင်ပါသည် ခင်ဗျား ။
    မနောဖြူလေး ….. own creation ဆိုတော့ ၊ နဲနဲကြောင်တာပါဘဲ ။ ကျေးဇူးပါ ။

  • ကောင်းမြတ်သူ

    May 9, 2012 at 8:15 pm

    ဇူစကာပုဏဿဏား.လှူတာအကုန်စား ……………….. နူးထွားထွား………ဘူးဝါးဝါး…………ဟူးဟားဟား.

  • aye.kk

    May 9, 2012 at 10:11 pm

    အစားတကာ့အစား..
    အဟောင်းစားလောက်ကောင်းတဲ့အစား..
    ၀ဝစား၊များများစား..
    ပြုထားတော့လည်းအားကျလိုက်တာအလွန်ဘဲဗျား…။

  • kotun winlatt

    May 9, 2012 at 10:40 pm

    စားနိုင်မှ အိပ်နိုင်မှာပါ….
    စာတော့စားပါ…
    အစာတော့ မနင်စေနဲ့ပေါ့နော်….

  • surmi

    May 10, 2012 at 12:48 am

    ကြိုက်သလောက်စား
    ကျသလောက်ရှင်း
    အဲ ..ဟိုအကောင်တွေလို
    စားပြီးနားမလည် မလုပ်ရင်ပြီးတာဘဲ …ဟဲ ဟဲ ။

  • R Ga

    May 12, 2012 at 11:57 am

    စားတယ်ဗျာ။

    စားမယ် ဝါးမယ်။
    ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါးသကဲ့သို့
    လူကြီးလည်း စားတယ်။
    ကလေးလည်း စားတယ်။
    လူကြီးစားတာ သူနဲ့သူ့မိသားစုအတွက်
    ကလေးစား တာ သူ့အတွက်။
    ဝန်ကြီးလည်း စားတယ်။
    ဗိုလ်ချုပ်မှူးကြီးတွေလည်း စားခဲ့တယ်။
    တိုင်းမှူးတွေလည်းစားတယ်။
    ဝန်ထမ်းလည်း စားတယ်။
    အရာရှိကြီးလည်းစားတယ်။
    အရာရှိငယ်လည်းစားတယ်။
    လူလိမ္မာလည်းစားတယ်။
    လူမိုက်လည်းစားတယ်။
    စားတယ်။စား.တယ်

    စားတယ်။
    စားတယ်။
    စားတယ်။
    စားတယ်။
    စားတယ်။
    စားတယ်။
    စားတယ်။
    စားတယ်။
    စားတယ်။
    စားတယ်။
    စားတယ်။

  • windtalker

    May 12, 2012 at 12:25 pm

    အန်တီအေးကေ ရေ ကြုံလာတဲ့အခြေအနေကိုလိုက်ပြီး ဖြစ်သလို ၊ သင့်သလို စားရမယ်ဗျ ။ ကိုထွန်းဝင်းလတ်ရေ စားနိုင်မှ အိပ်နိုင်မှာတင်မက စားနိုင်မှ လုပ်နိုင်မှာ ကလား ။
    ကိုဆာမိရေ ဘယ်အကောင်တွေလဲဆိုတာ ပြောပြပေးဦးဗျား ။
    ကိုအာဂခင်ဗျ ၊ မစားရ အညှော်ခံ မဖြစ်ရင် ကျေနပ်ပါပြီ ခင်ဗျား ။ ဟီဟိ

Leave a Reply