Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အရူးမလင် လိုလူစား (၂) (သိမ်း)

 

 

 

 

ကဲ..  ကဲ..  ထားပါတော့…

ဒီရုပ်ကြီးနဲ့ ရောက်လာမှတော့  အကျိုးအကြောင်းလေး  ချော့မော့မေးမှ  ဖြစ်မယ်……..

“ အမ်း……။  မင်းဘာဖြစ်လာတာလဲ…? ”

“ ဒါမျိုးတွေ  များနေပြီ…ကွ! ”

“ အော်……… ”

“ ဘာ..အော်….  လဲ.. ”

“ မဟုတ်ပါဘူး။ မင်းကိုစကားထောက်တာပါ။ ငါ့ကိုရန်မလုပ်နဲ့။ ပြောစရာရှိတာ ဆက်ပြော…. ”

“ လူတွေကို ဒီလိုပဲ ကြုံးသွင်းပြီး ရိုက်စရာလား…ကွ ”

“ ………. ”

“ အခုတော့ သူတို့ဆင်သမျှလိုက်လုပ်ရင်း ကွဲပြဲကုန်ပြီ… ”

“ ………. ”

“ ဘာမှမစဉ်းမစားပဲ လုပ်ထည့်လိုက်ရင်  တစ်ဆုံးတစ်ဆ၊ ခံရတဲ့သူတွေကျတော့ ခံနိုင်တဲ့သူရှိတယ်၊ မခံနိုင်တဲ့သူရှိတယ်…၊ အဲဒါ နဲနဲလေးမှ ထည့်မတွက်ဘူး… ”

“ မဟုတ်ပါဘူး။ မင်း ဘာဖြစ်လာရတာလဲ ”

“ ကားပါမစ်လေ… ”

“ ကြားတယ်လေ၊ နိုင်ငံခြားငွေစာရင်းရှိသူတိုင်းပေးတော့မယ်ဆိုတာ…၊ မင်းပဲ တနေ့က ဖုံးဆက်ပြောထားတာပဲ..။ အဲဒါ ဘာဖြစ်ပြန်ပြီလဲ.. ”

“ အဲဒါ  ဟုတ်နေလို့ပေါ့ကွ…. ”

“ ဟေ….။ ဟုတ်မှာပေါ့..။ အစိုးရကပြောပါတယ်ဆိုမှ..။ အစိုးရလုပ်ပြီး လိမ်ပြောမလားကွ…. ”

“ ဟ…။ ဟုတ်လို့ဖြစ်မလားကွ…။ အခုလက်ရှိ ကားဝယ်ထားတဲ့ ပါမစ်ဝယ်ထားရောင်းထားတဲ့သူတွေကိုလဲ ကြည့်ဦးမှပေါ့…။ ”

“ နေပါဦး ရဲဘော်ဟောင်းရဲ့..။ ပါမစ်ဝယ်တယ် ကားဝယ်တယ်ဆိုတာ ကိုယ့်သဘောနဲ့ကိုယ်ဝယ်တာလေ။ ဘယ်သူက ဒုတ်မိုးပြီး အတင်းဝယ်ခိုင်းလို့လဲ။ အဓမ္မအလုပ်စေခိုင်းတာတို့ဘာတို့ပဲကြားဖူးပါတယ်ကွာ..။ အဓမ္မပါမစ်ဝယ်ခိုင်းတယ်လို့ မကြားဖူးပါဘူး…။ ”

“ ဒီမှာ… ပါလေရာရဲ့…။ မင်း  ကြွက်ထောင်ဖူးသလား…။ ”

“ အောင်မာ… ငါ့လိုသူတော်ကောင်းကိုများ ကြွက်ထောင်ဖူးသလား လို့မေးရသလား..။ ဟက်ပီဆေးလေးဘာလေး ချဖူးသလားဆို ဟုတ်တုတ်တုတ်..။ ”

“ ဟေ့ကောင် …။ အပိုမပြောနဲ့…။ ထောင်ဖူးသလား မထောင်ဖူးလားပဲဖြေ… ”

“ အဲဒါကတော့…    ဟိုဒင်း…    ငယ်ငယ်တုန်းက…. ”

“ ထောင်ဖူးတယ် မဟုတ်လား…။ ”

“ မင်း.. ကွာ..။  အတင်းကြီးမမေးပါနဲ့..။ သိရဲ့သားနဲ့…  ”

“ အဲဒီတော့ ကြွက်ကို ဘယ်လိုထောင်သလဲ..။ ”

“ ဟိတ်ကောင်ရဲ့…။ ကြွက်ကို သူစားတတ်တဲ့အစာလေးပြပြီးထောင်ရတာပေါ့ ”

“ မင်း  ကလိန်ကျပြန်ပြီ..။ ဒီမှာပါလေရာ..။ ကြွက်က အကုန်စားတတ်တယ်။ ဗိုက်ဆာရင် စက္ကူကဒ်ပြားလဲစားတယ်။ သစ်မြစ်သစ်ခေါက်လဲစားတယ်။ အဲဒီတော့ ကြွက်ထောင်ရင် စက္ကူနဲ့ထောင်သလား…။ သစ်ခေါက်လေးခွာပြီး ထောင်သလား..။ ”

“ အာ…. စက္ကူနဲ့ သစ်ခေါက်နဲ့တော့ ဘယ်ထောင်မလဲကွာ..။ ထောင်မယ့်ထောင် သူကြိုက်တာကလေးနဲ့ ထောင်ရတာပေါ့…။ ”

“ နဲနဲတော့ နီးစပ်လာပြီ..။ ဒါပေမယ့်မဟုတ်သေးဘူး…။ ကြွက်တွေက အစာအဖြစ် ပဲအမျိုးမျိုးလို သစ်စေ့တွေ၊ ထမင်း ခေါက်ဆွဲလို ပျော့တဲ့အစာတွေကိုကြိုက်တယ်။ အဝစားနိုင်တယ်။ မင်းကြွက်ထောင်ရင် ပဲကြီးလှော်နဲ့ထောင်သလား….။ ထမင်းဆုပ်နဲ့ထောင်သလား… ”

“ မင်းစကားကပ်နေပြီ ရဲဘော်ဟောင်း…။ ကြွက်ထောင်မယ့်ထောင်မှတော့ ပဲကြီးလှော်နဲ့ထောင်မလားကွ…။ သူမငြင်းနို်င်လောက်တဲ့ မသိချင်ယောင်မဆောင်နိုင်လောက်တဲ့ ၊ ဝင်မစားပဲမနေနိုင်လောက်တဲ့ အစာမျိုးနဲ့ပဲ  ထောင်တော့မပေါ့…။ ဥပမာ ပုဇွန်ကြော်လေးတွေ၊ ထောပတ်ကွတ်ကီးလေးတွေ၊ ငါးခြောက်ရိုးမီးကင်လေးတွေနဲ့ထောင်ရတာပေါ့…. ”

“ ဟုတ်ပြီလေ…ပါလေရာရဲ့…။ အဲဒီတော့  မင်းအဲဒါတွေနဲ့ထောင်လို့ ကြွက်ဝင်စားတဲ့အခါ ထောင်ခြောက်မိတယ်ဆိုပါစို့..။ အဲဒါဟာ ကြွက်က သူ့သဘောနဲ့သူလာစားတာပါလို့ မင်းပြောချင်သေးလား…. ”

“ ………. ”

“ ကြွက်ရဲ့ လောဘကြီးမှု့သက်သက်ကြောင့်လို့ရော မင်းပြောချင်သေးလား…… ”

“ ………. ”

“ ကြွက်ကို ဘယ်သူမှ ဒုတ်မိုးပြီးအဓမ္မမစားခိုင်းပါဘူး…။ သူ့ပယောဂနဲ့သူ…. သူ့ကြမ္မာသူဖန်တီးတာ။ သူဘာသာ စားချင်လို့ဝင်စားတော့ ထောင်ခြောက်မိတာ သူ့အပြစ်ပဲလို့ မင်းဒီအသက်ဒီအရွယ်ကြီးနဲ့ ပြောဦးမလား…… ”

“ ဟုတ်ပါပြီကွာ….။ သိပ်မကြပ်ပါနဲ့…။ ကြွက်ထောင်ခြောက်မှာ ကြွက်မိတာ  လူကထောင်လို့မိတာလို့  ဝန်ခံပါတယ်။ မင်းအမျိုးတွေကို အပြစ်ပုံမချတော့ပါဘူူး…။

ဒါပေမယ့်… ကားပါမစ် ဖွင့်ပေးလိုက်တယ်ဆိုတာကတော့ လူတွေ ဒုက္ခရောက်အောင် တမင်ထောင်ခြောက်ဆင်လုပ်တာလို့ မစွပ်စွဲထိုက်ပါဘူး….”

“ ငါကလဲမစွပ်စွဲပါဘူး အစိုးရရှေ့နေရဲ့…။ ဒါပေမယ့် အကြီးအကဲလုပ်တဲ့သူတွေ တခုခုဆုံးဖြတ်တော့မယ်ဆိုရင် ရှေ့ရေးနောက်ရေးလေး ထည့်တွက်ပြီးလုပ်ရမယ်လေ..။ ”

“ အခုလဲ တွက်မှာပါ။ ကားဈေးတွေကျသွားတော့ နောက်ဝယ်မယ့်လူတွေက ပိုမကောင်းဘူးလား…။ ”

“ ဟုတ်လား…။ အေး….  လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကတော့ ငါလဲ   မင်းပြောတဲ့ (နောက်ဝယ်မယ့်လူတွေ) ထဲမှာပါတယ်။ အဲဒီတုန်းက ဘာလို့ ကားပါမစ်တွေ ဖွင့်မပေးသလဲ။

လွန်ခဲ့တဲ့ တနှစ်တုန်းကလဲ ငါဟာ မင်းပြောတဲ့ (နောက်ဝယ်မယ့်လူတွေ) ထဲမှာပါတယ်။ အဲဒီတုန်းကရော….

တကယ်တော့ လွန်ခဲ့တဲ့ ခြောက်လတုန်းကလဲ ငါဟာ မင်းပြောတဲ့ (နောက်ဝယ်မယ့်လူတွေ) ထဲမှာပါတုန်းပဲ..။ အဲဒီတုန်းကရော… ”

“ မင်းကွာ…။ သေမယ့်နေ့ စစ်ထဲလိုက်မိတာကို  ဒီလောက်ကြီးတွက်ကပ်မနေပါနဲ့…။ မင်းအနေနဲ့  ဘာမှ  ဖြစ်မသွားပါဘူး… ”

“ ဟ…။ သေမယ့်နေ့စစ်ထဲလိုက်မိတာက  ငါတယောက်ထဲမဟုတ်ဘူး..ကွ..။ အဲဒါပြောနေတာ။ အခုဟာက မကောင်းသူထိပ် ကောင်းသူထိပ်မဟုတ်ဘူး..။ အကုန်လုံးထိပ်ဖြစ်နေပြီ။ ပြီးတော့ ပါမစ်လေးစောင်ကို ငါ့အနေနဲ့ ဘာမှမဖြစ်ဘူးလို့တော့မပြောနဲ့… ”

“ လေးစောင်တောင်  !!! မင်းကွာ….  ဖြစ်ရလေ…. ဒီအရွယ်ကြီးကျကာမှ လောဘမီးတွေ ဟုန်းဟုန်းတောက်ပြီး….. ”

“ မင်း…အဘ….လောဘမီးတောက်ရမလား…။ ဒီမှာ (ကားသော့ထိုးပြ) ငါဒီကားလေးကို ဖေဖေါ်ဝါရီတုန်းက စီးဖို့လို့ မဖြစ်မနေသွင်းလိုက်တယ်။ အဲဒါ ဒီရောက်လာလို့ စီးလိုက်တော့ ဝိုင်းကြည့် ဝိုင်းမေးကြတာပေါ့..။ ဒီဇယ်လေးလဲဖြစ် ကားလေးကလဲကောင်းတော့ မရီရယ်၊ ပဲခူးက မျိုးဝင်းရယ်၊ ဦးမောင်စိန်ရယ်က လိုချင်လို့ မှာတယ်။ အဲဒါကြားတော့ ယောက္ခမကြီးကလဲ တစီးဝင်မှာတယ်..။ ဟိုမှာက ဈေးထဲခင်းရောင်းတာမဟုတ်ဘူး..။ ကိုယ်လိုချင်တာလေး စောင့်ပြီး လေလံဆွဲရတာ..။ ဒါကြောင့် ဘယ်လောက်ဝန်းကျင်ကျမယ်လို့ တွက်ချက်ပြပြီး ကိုယ့်ဟာကိုယ်လေလံဆွဲတာ။ ကားကသင်္ဘောတင်နေပြီ။  ပြီးတော့မှ သင်္ကြန်အပြီး ကပ်ဖို့ပါမစ်ဝယ်တော့ ၁၄၈ နဲ့နှစ်စောင် ၁၅ဝနဲ့တစောင် ၁၅၂ နဲ့တစောင်..”

“ အဲဒါ မင်းဝယ်တာမှမဟုတ်ပဲ.. မင်းဘာလို့ ရှုံးရမလဲ… ”

“ ဘယ်ဟုတ်မလဲ…။ ကားသွင်းပြီး ကားအပ်တဲ့အထိ ဘယ်လောက်ကုန်မယ်မှ အတိအကျမပြောနိုင်တာ..။ ဖြစ်နိုင်တဲ့ ကုန်ကျစားရိတ်လေးတွက်၊ ကိုယ့်စားရိတ်လေးပေါင်းပြီး သူတို့ကိုတော့ ဈေးအသေပြောရတာပေါ့။ ဈေးပြောပြီး ဓါတ်ပုံပြ  ကြိုမှာတဲ့သဘောပဲ။ အခု ဈေးတွေဒီလိုဖြစ်တော့ သူတို့ကို ဘယ်လိုသွားရောင်းမလဲ..။ ”

“ အဲဒါကတော့ မင်းက အမြတ်ယူဘို့လုပ်တာလေ..။ ပရဟိတလုပ်တာမှမဟုတ်တာ..။ မြတ်ရင်လဲ စားမယ့်ဟာကို ရှုံးတော့လဲ ခံပေါ့… ”

“ အာ… ဒီကောင်တော့ ခက်သေးတာပဲ…။ ကားတွေက ရှိုးရွမ်းမှာ ဈေးကပ်ရောင်းတဲ့ဟာ။ သူတို့တောင်တစီးမှ အစိတ်သုံးဆယ်ဖြစ်ဖြစ်မည် တင်ထားတာ။ ငါက ကိုယ့်လူတွေကို ဝယ်ပေးတဲ့သဘောလုပ်တာ … ဘယ်လိုလုပ်သူတို့မြတ်သလိုမြတ်မှာလဲ..။ မူရင်းကုန်ကျစားရိတ်ထက် မလိုလဲလိုလဲ ငါးသိန်းဆယ်သိန်းလောက် ခွာပြီးရောင်းထားတာ၊ ရှုံးမယ့်အခါကျတော့ ကားလက်ထဲရောက်လာချိန် ဘယ်ဈေးပေါက်လို့ ဘယ်လောက်ရှုံးမယ်တောင် မပြောနိုင်တော့ဘူး…။ ”

“ မင်းအခုစီးတဲ့ကားလဲ လပိုင်းလေးရှိသေးတာ ။ ရှုံးပြီပေါ့… ”

“ ငါစီးတာကတော့ ရှုံးတယ်၊မြတ်တယ် မတွက်ပါဘူး..။ ကိုယ်ကြိုက်လို့ကိုယ်စီးတာပဲ..။ ဒါပေမယ့်လို့ မရှိရှိတာလေး ချွတ်ရင်းပြီး တက္ကစီဝယ်မောင်းတဲ့သူတွေကျတော့ ဘယ်လောက်တောင်နစ်နာလိုက်သလဲ..။ တစ်လမှ ငါးသိန်းခြောက်သိန်းတောင် ရပါ့မလားမသိဘူး… ကားက ငါးဆယ်လောက် ရှုံးတော့မယ်…။”

“ အေး…ကွာ…. မင်းပြောတော့လဲ  ဟုတ်ပါတယ်…။ ဒါပေမယ့်  အခုကားဈေးတွေကိုက  ဖြစ်သင့်တဲ့မူမှန်ဈေးတွေမှမဟုတ်တာ။ တနေ့တော့ ဒီလိုပဲ သင့်တော်တဲ့ဈေး ဖြစ်ရမှာပဲမဟုတ်လား…။ ”

“ ဟေ…. သင့်တော်တဲ့ဈေးဖြစ်ရမယ့်နေ့က အခုမဟုတ်သေးဘူးလေ။ အဲလိုသင့်တော်ချင်ရင် အစကတည်းက သင်္ဘောသားပါမစ် ဘာလို့ပေးသေးလဲ။ အခု သင်္ဘောသားပါမစ်ဝယ်မိထားတဲ့သူတွေဆိုရင်  တပြားမှတောင်မတန်တော့ဘူး၊ လုံးလုံးဆုံးပြီ။ ပိုဆိုးတာက သင်္ဘောသားပါမစ်နဲ့ကားတွေက အစကတည်းက ရောင်းကွက်ဝင်တာမဟုတ်လို့ ရောင်းစားဘို့သွင်းကြတာမဟုတ်ဘူး။ စီးဘို့သွင်းကြတာ..။

အဲလိုသင့်တော်ချင်ရင် အစကတည်းက ယာဉ်ဟောင်းပါမစ်ဈေးတက်တာ ဘာလို့ကြည့်နေလဲ..။ ကိုယ့်လူတွေဝယ်ထားတာ ရောင်းလို့ကုန်တဲ့အထိ ကြည့်နေတာလား…”

“ ဒေါသတကြီးနဲ့ အိုးစွပ်ခွက်စွပ်မပြောပါနဲ့ကွာ….။ အင်ပို့ဆိုတာက  နိုင်ငံခြားငွေ အဝင်အထွက်လေး ချိန်လုပ်ရတာမဟုတ်လား… ”

“ အဲ…. အဲဒီမှာပေါ်ပြီ။ အဲဒီတော့ နိုင်ငံခြားငွေ ဈေးကျတဲ့အချိန်မှာ တက်အောင် ထိုးကျွေးတယ်ပေါ့….။ နစ်နာမှု့တွေ၊ ဘဝတွေ၊ မျက်ရည်တွေကိုပေါ့…”

“ ဟော… ပြောရင်းဆိုရင်း  စွပ်စွဲပြန်ပြီ… ”

“ စွပ်စွဲစရာဖြစ်လာရင်တော့ ငါမစွပ်စွဲလဲ တခြားလူတွေစွပ်စွဲမှာပဲ…. ။

တခြားနယ်ပယ်ကိုထားလို့  ကား မှာကိုက ကိုယ်ဖြစ်ချင်တဲ့ ရလာဒ်တွေအတွက် ဘယ်သူ့မျက်နှာမှမကြည့်ပဲ လုပ်ချင်ရာလုပ်ခဲ့ပေါင်းများပြီ….။

ပထမ ကားပါမစ်တွေ ပိတ်ပစ်ပြီး ကားဈေးတွေ မတရားတက်လာတာကို ဒီအတိုင်းကြည့်နေတယ်..။

ပြီးတော့ ဝစ်သောက်တွေ ဝင်နေတာသိသိကြီးနဲ့ လွှတ်ထားပြီး ဗြောင်စီးလာအောင်စောင့်တယ်..။

ပြီးတော့ ဝစ်သောက်တွေလိုက်ဖမ်းပြီး အခွန်ကောက်ဒါဏ်ရိုက်ပြန်လွှတ် လုပ်ရမယ့်အစား ကောက်သိမ်းပစ်တယ်။ ကားအကောင်းကြီးတွေဟာ ပစ္စည်းတွေဖြုတ်၊ လဲလို့ရတာ အစုတ်နဲ့အလဲခံရပြီး ကားပျက်ကြီးတွေ ဖြစ်ကုန်တယ်။

အဲဒါကို လေလံပြန်တင်ပြီး ဝစ်သောက်အကောင်းနဲ့ ချက်စီနံပါတ်ဖြတ်ဆက်တာကို သိသိကြီးနဲ့ ခွင့်ပြုပြန်တယ်။

ခွင့်ပြုလို့ ဝစ်သောက်တွေ အလုံးအရင်းဝင်လာတော့ ပြန်ဖမ်းပြီး ၈၅% အခွန်ကောက်ပြီး နံပါတ်ပေးပြန်တယ်။

နံပါတ်ပေးလို့ ဝစ်သောက်တွေဝင်ပြန်တော့ တော်တော်များလာတဲ့အချိန်မှာ ၈၅%ကို ခပ်တည်တည်နဲ့ ကောက်ရပ်ပစ်တယ်။

သူူတို့ခွင့်ပြုလို့ နံပါတ်ယူဘို့ကားဝယ်မိတဲ့လူတွေ ရာဇဝတ်ကောင်တွေဖြစ်ကုန်တယ်..။

ပြီးတော့ အော်အလုံးလိုက်ကို ချက်စီလေး ပြန်ရိုက်ပြီး ဇုန်နာမည်နဲ့ရောင်းနေတာကို ခွဲတမ်းနဲ့ကို တရားဝင်ပေးပြန်တယ်။

ဒါနဲ့ဇုန်နာမည်ခံလုပ်ကြလို့ ကျယ်ပြန့်လာ လူတွေ သုံးလို့အဆင်ပြေလာတော့ ပုဇဉ်းခေါင်းခေတ်မှာ ယာဉ်စစ်က လက်မခံတော့လို့ ပစ်ကပ်လိုက်ထရပ်ကို ဒေါ်လာတသောင်းကျော် ဒါဏ်ရိုက်ခံကြရပြန်တယ်။

ပြီးတော့ ဇုန်ကန့်သတ်ချက် ၁၅ ချက်ကို ဖျက်ပြီး ပြည်ပက တစီးလုံးအော်ကို ဒီမှာဆင်ရောင်းဘို့ခွင့်ပြုပြန်တယ်။

အဲဒါနဲ့ရောပြီး စူပါကပ်စတန်အော်လုံးတွေကို ခပ်တည်တည်ဇုန်တံဆိပ်ကပ်ရောင်းတော့ ကားထုတ်တဲ့သူကို အရေးယူမယ့်အစား ဝယ်မိတဲ့သူကို အခွန်ဆောင်(ဒါဏ်ကြေးဆောင်)ခိုင်းတယ်။ ဒေါ်လာတသောင်းခွဲ၊ သိန်းတစ်ရာ၊ သိန်းငါးဆယ် – အမျိုးမျိုးဈေးပြောင်း ပြီးဆောင်ရတယ်။

အဲဒါပြီးတော့ ယာဉ်ဟောင်းဖျက်မယ်ဆိုတဲ့သတင်းကို သတင်းဦးသူတွေ အဝစားပြီးမှ တရားဝင်ထုတ်ပြန်တယ်။

အဲဒီယာဉ်ဟောင်း အစီအစဉ်တောင် မပြီးသေးဘူး အခု ထပ်လုပ်ပြန်ပြီ……

အခုတမျိုး၊ တော်ကြာတမျိုး၊ ခဏနေတော့တမျိုးနဲ့ အမျိုးမျိုးပြောင်းနေတာ…..

ဒီနိုင်ငံနေရတာ  အရူးမလင် လုပ်ရသလိုပဲ…..”

“ အင်း…အင်း…  ဟုတ်ပါပြီ…။ စကားလဲပြော  ရေနွေးလေးလဲသောက်ကွာ။  ပြီးတော့ မင်းစိတ်လေးလဲ ထိန်းပါ ရဲဘော်ဟောင်း…။ တကယ်တော့ မင်းပြောသလို အရူးမလင် လုပ်နေရတယ်ဆိုရင်လဲ တခြားရွေးစရာမှမရှိသေးတာကွာ။ စိတ်လျှော့ပါ…”

“ ရွေးစရာရှိတာပေါ့  ပါလေရာရယ်…။ ဒီတခါ  မင်းညံ့သွားပြီ..။ နောက်ရွေးကောက်ပွဲမှာ အရူးမလင် မလုပ်ချင်သူတွေက အရူးမတွေကို မြောင်းထဲပို့လိမ့်မယ်… ။ ကိုယ်စိုက်တာ  ကိုယ်ရိတ်သိမ်းပေါ့…. ဟာ…ဟ… ”

 

ဘာပဲပြောပြော.. သူ့စိတ်ထဲရှိတာတွေပြောလိုက်ရတော့ ပေါ့ပေါ့ပါးပါးဖြစ်သွားတဲ့ ရဲဘော်ဟောင်းကိုကြည့်ပြီး ကျုပ်လဲ စိတ်အေးသွားပါတယ်။

လောလောဆယ်တော့-

ဘဝတူ အရူးမလင်တွေ  ကိုယ်စိတ်နှစ်ဖြာ သက်သာရာရကြပါစေ….. လို့….

 

ဦးဦးပါလေရာ

 

 

 

24 comments

  • Thel Nu Aye

    May 8, 2012 at 9:29 pm

    အင်းဘယ်လိုတောင်မှတ်ချက်ပေးရတော့မှန်းမသိပါဘူး။ ဒီနေ့ဆိုကိုယ့်ပါတ်ဝန်းကျင်မှာ ခေါင်းငိုက်စိုက်ကျနေ သူတွေတော်တော်လေးတွေ့လိုက်ရတော့ သနားရမှာလား သူတို့လောဘကြောင့်ပဲဆိုပြီးပြောရမှာ လား တောင်မသိတော့ပါဘူး။ ဦးဦးပါလေရာပြောသလိုပဲ အရူးမလင်တွေလို့ပြောလိုက်ရင်တော့ ထရိုက်မယ်ထင်တယ်နော်။

  • windtalker

    May 8, 2012 at 9:31 pm

    ဒီတစ်ညမှာ သာတဲ့ မောင့်လပြည့်ဝန်း ကနေ ၊ လမိုက်ည ဖြစ်ကုန်ကြတာ ကားသမားတစ်ဝက်ကျော်ပေါ့နော် ၊ ဦးပါ ။ သမ္မတကြီး လက်ချက်တော့ ဟုတ်မယ်မထင်ဘူးဗျို ့။

  • may flowers

    May 8, 2012 at 9:47 pm

    ဟင်း…သက်ပြင်းချနေယုံပဲ တတ်နိုင်ပါတော့တယ်။

  • Gipsy

    May 8, 2012 at 9:58 pm

    ဟုတ်ပဗျာ…
    လောဘကြီးသူတွေ ၊ ငွေ သိပ်ပိုနေတဲ့သူတွေ အရူးမနဲ့ တိုးပြီပေါ့ …
    ကျုပ်လဲ တိုးပေါင်းများပါပြီ … ၁၅ သိန်းဖုံး ၅ သိန်းဖုံး ၂ သိန်းဖုံး
    နောက်တခါလာဦးမတဲ့ ၁ သိန်းဖုံး …။
    စကားမစပ်ဗျာ … မြေဈေးကွက်၊ တိုက်ခန်းဈေးကွက် တွေကို ဘယ်လို လုပ်မယ်
    ဘယ်လိုုဖြစ်သွားမယ် ထင်ကြပါသလဲ … ကျုပ်တော့ ဉာဏ် မမှီ တော့ဘူးဗျာ….။

  • ster

    May 8, 2012 at 10:02 pm

    ကားသွင်းတဲ.သူတွေ စားထားတာနဲ. အန်ထွက်တာက ပိုများသွားတာပေါ.။ သတင်း ကြိုသိတဲ.သူတွေတော.မပြောတတ်ဘူး။ အမှန်တကယ် သုံးမယ်.သူတွေ အတွက်တော. နေ.ချင်းညချင်း ၁၅ဝ လောက်ပျောက်သွားတာပေါ.။

  • ငပွကြီး

    May 8, 2012 at 10:21 pm

    ကျုပ်တွေးမိတာတစ်ခုတော့က အစိုးရအနေနဲ့ ကားပါမစ်တွေကို ဘယ်လိုပဲပေးပေး တစ်မျိုးပြီးတစ်မျိုး ပုံစံအမျိုးမျိုးပဲပေးပေး ဟမ်းဖုံးတွေရောင်းသလို အမှည့်ချွေပဲလုပ်လုပ် …ထားလိုက်ပါတော့
    ပြောချင်တာက အစိုးရဆိုတာ ကိုယ်ပြောလိုက်တဲ့စကား ကိုယ်ချလိုက်တဲ့ သတ်မှတ်ချက် တစ်ခုကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ရဲရဲဝံဝံ တာဝန်ယူရဲရမယ်လို့ထင်တယ်..
    ဥပမာ…စူပါကာစတန်တွေ ဒဏ်ကြေးဆောင်တဲ့ကိစ္စဆိုရင် အမျိုးမျိုးပြောင်းတာ စည်းကမ်းလိုက်နာသောပြည်သူများက စောက်ရူးတွေဖြစ်ပြီး စည်းကမ်းမလိုက်နာပဲဒီနေ့ထိဒဏ်မဆောင်တဲ့ကားတွေ အေးဆေးပဲ
    ဒဏ်ဆောင်ဆိုရင်လဲ မှားသည်ဖြစ်ဖြစ် မှန်သည်ဖြစ်ဖြစ် သေချာပီပီပြင်ပြင်ဆောင်ခိုင်းလိုက်ပေါ့
    မှားတယ်ထင်ရင် အစောကြီးကထဲက မလုပ်မိစေနဲ့ ..ခုဟာက ဈေးသည်တွေဈေးရောင်းသလို ရသလောက် ပေးသလောက် နဲနဲတိုးပေးပါ ဘယ်လောက်ပေးမလဲ ဈေးဆစ်ကြည့်ပါ နဲ့ နောက်ဆုံး ယူသွားပါ ယူသွားပါ ဆိုသလို ဖြစ်နေတယ်
    ဆိုတော့…အရူးမလင် ဆိုတဲ့အတိုင်း အရူးပြောသမျှလိုက်လုပ်သူလဲ အကုန်လုံးစောက်ရူးတွေဖြစ်ကုန်ရော
    ကျုပ်တို့နယ်ဖက်တွေဆိုရင် ဆိုင်ကယ်ကို လိုင်စင်ဘီးဝယ်စီးတဲ့သူ အရူးလို့တောင်ပြောရတော့မယ်

  • ရွာစားကျော်

    May 8, 2012 at 10:27 pm

    ကျနော်မှန်းတာ မမှားပါလား.. ဦးဦးပါလေရာ

    “…. အင်ပို့ဆိုတာက နိုင်ငံခြားငွေ အဝင်အထွက်လေး ချိန်လုပ်ရတာမဟုတ်လား… ”
    “ အဲ…. အဲဒီမှာပေါ်ပြီ။ အဲဒီတော့ နိုင်ငံခြားငွေ ဈေးကျတဲ့အချိန်မှာ တက်အောင် ထိုးကျွေးတယ်ပေါ့….။ နစ်နာမှု့တွေ၊ ဘဝတွေ၊ မျက်ရည်တွေကိုပေါ့…
    လောဘကြီးလို့ လုပ်စားဖို့ မိုးခါးရေသောက်ဖို့ ကြံသူတွေကို ဘာမှမပြောလိုပေမယ့်..ဘဝတွေ၊ မျက်ရည်တွေ ရင်းပြီး..သူတို့ခင်းတဲ့ ဇာတ်ထဲဝင်ကမိတဲ့သူတွေကို စာနာမိပါတယ်..

    “ ရွေးစရာရှိတာပေါ့ ပါလေရာရယ်…။ ဒီတခါ မင်းညံ့သွားပြီ..။ နောက်ရွေးကောက်ပွဲမှာ အရူးမလင် မလုပ်ချင်သူတွေက အရူးမတွေကို မြောင်းထဲပို့လိမ့်မယ်… ။ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းပေါ့…. ဟာ…ဟ… ”

    ဪ… အဝဲယားနက်စ် အဝဲယားနက်စ်..

  • Foreign Resident

    May 9, 2012 at 3:16 am

    “ လူတွေကို ဒီလိုပဲ ကြုံးသွင်းပြီး ရိုက်စရာလား…ကွ ”

    ဦးဦးပါလေရာ ရေ
    ကျနော်လဲ ကြုံးသွင်းပြီး ရိုက်ယုံတင်မကဘူး ၊
    တရစ်ချင်းကို ညှစ်ယူနေတယ်လို့ကိုမြင်မိပါတယ် ။
    အဲဒါကိုလည်း ကျနော့်ရဲ့
    ” စဉ်းစားကြစေလိုပါတယ် ( ၂၁ ) ( ကား ပါမစ် ) ” Post မှာ
    မသိမသာလေး တင်ပြထားပါသေးတယ် ။

    – transparency နှင့် Planning မရှိတဲ့ ရိုးသားစွာ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုလား ၊
    – တမင်သက်သက် ဥပဒေတွေကို မကြာခဏပြောင်းပေးနေပြီး
    အဲဒီ အပြောင်းအလဲမှာ ကိုယ်ကျိုးလေးလည်းရှာ နေသလား ၊
    – တမင်သက်သက်ကို ကျုံးသွင်းပြီး အခွန်ကောက်လို့ ရအောင် လုပ်နေသလား ၊
    အဲဒီအချက် တစ်ခုခုကြောင့်လား ၊ သုံးခုစလုံးလား ၊ ဝေခွဲလို့ကို မရသေးပါဘူး ။

    ဘာပဲပြောပြော ၊ သူတို့လုပ်ပုံတွေဟာ ၊
    အထက်တန်းအလွှာ ကို သိပ်မထိပေမယ့် ၊
    လူလတ်တန်းစားအလွှာ ကိုတော အလဲထိုးပြီး ၊
    ဆင်းရဲသားအလွှာ ထဲကို တွန်းပို့နေသလိုပါပဲ ။

    သူတို့မေ့နေကြသလား မသိဘူး ။
    တိုင်းပြည် တိုးတက်ဖို့ အတွက်ဆိုရင် ၊
    အဲဒီ လူလတ်တန်းစားအလွှာ အားကောင်းမှ ဖြစ်မယ် ဆိုတာ ။

    ကျနော်က Comment ထဲမှာတော့
    ” ဘယ်တတ်နိုင်မလည်း ၊ ရှင်တို့က ရဲတွေကိုး ” ဆိုပြီး သိမ်းထားခဲ့ပါတယ် ။

    ကိုပါလေရာ ရဲ့အသိမ်းကတော့
    “ ရွေးစရာရှိတာပေါ့ ပါလေရာရယ်…။ ဒီတခါ မင်းညံ့သွားပြီ..။
    နောက်ရွေးကောက်ပွဲမှာ အရူးမလင် မလုပ်ချင်သူတွေက ၊ အရူးမတွေကို မြောင်းထဲပို့လိမ့်မယ်… ။
    ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းပေါ့…. ဟာ…ဟ… ”
    လို့ဆိုထားလေတော့ ၊ ပိုပြီး ဆက်တွေးစရာတွေ ပေးပါတယ် ။

  • Khin Latt

    May 9, 2012 at 3:43 am

    အိမ်ပြန်တုန်းက အဲဒီ ပါမစ် ဆိုတာကြီးကို စိတ်မဝင်စားခဲ့မိတာ ကံကောင်းလေခြင်း လို့ သာ ကိုယ့်ကျောကို သပ် လိုက်ပါတော့မယ်။ 😉

    ဒါထက် …. ဦးပါ –
    အရူးမ ဟုတ်မဟုတ် ဘယ်လို သိနိုင်မလဲ ဟင်င်င်င်င်င်င်။ 😀

  • Inz@ghi

    May 9, 2012 at 7:40 am

    ဗျို့ ..ဦးဦးပါလေရာ..
    ၂၀၁၂ မှာ ကမာ္ဘပျက်မှာဆိုဗျ..
    သည်တော့ ..ပရိုမိုးရှင်းပေးတာ နေမှာပေါ့…
    😀

    အာဟိ
    ဒက်ဂလောက်

  • Onyx

    May 9, 2012 at 9:33 am

    ဟုတ်ပါ့ ဦးပါ ရေ အရူးတာင် ရိုးရိုး မဟုတ်ပဲ သွပ်သွပ်ခါနေအောင် ရူးတဲ့ အရူးမဗျိုု့။
    လူကြီးလုပ်ပြီး ပြောစကားက ပွဲ စားပါးစပ် နဲ့လိုလူတွေလေ ။

  • htet way

    May 9, 2012 at 9:49 am

    ကားအကြောင်းဆိုတော့
    အင်း တောသားကို နိုင်ငံခြားအကြောင်းပြောနေလိုပဲ
    သို့သော် ဖတ်ရှု့ မှတ်သား တွေးဆလိုက်ပါကြောင်း

  • ဆူး

    May 9, 2012 at 10:07 am

    ဘာမှ မလုပ်ပဲ ငွေ ကိုင်ထားတာ ဒီအချိန်မှာ အကောင်းဆုံးပဲ ထင်တာပဲ..
    တချို့ကတော့ ရွှေကစားကြတယ်။
    ဒေါ်လှ ဈေးတွေ ပြုတ်ကျတော့လည်း လက်ထဲ ရှိတာတွေ အလိုလို တန်ဖိုးကြတယ်။
    အက်အီးစီ ဖျက်သိမ်းမယ် ကြားလို့ အမြန် ထုတ်ရောင်းလိုက်တာ.. အခုတော့ မသိမသာ လဲ ပေးတယ် ဆိုတော့.. လိုရင်တော့ ဈေးကြီးပေး ပြန်ဝယ်ရတယ်။ အဖြစ်က ဆိုးပါတယ်။

  • Davit

    May 9, 2012 at 10:17 am

    ကျွန်တော့်အဖေ (ဦးကပ်စေး) ပြောပြောနေကြစကားရှိတယ်ဗျ။ ဘာတဲ့ … သူ့ကိုအသစ်တစ်ခုခုပေါ်လာရင်ဝယ်ဖို့ တိုင်ပင်လိုက်တိုင်း “ခဏစောင့်ပါကွာ….ဈေးကျလိမ့်မယ်….မယုံရင်ကြည့်” ဆိုပြီးအမြဲပြောတယ်ဗျ။ ပြောတာမှ ကျွန်တော့်တစ်သက် နှစ် 30 ကျော်ပြီဗျ။ နောက်တော့သူပြောတာလည်းမှန်မှန်နေတာပဲ…. ဥပမာ ခုနောက်ပိုင်းအနေနဲ့ 5 Movie တို့၊ ဖုန်းတို့၊ ကားတို့ ပဲကြည့်ဗျာ…. မှန်လိုက်တာမှ တိကနဲပဲ…..အဲ …… သူမမှန်သေးတာဆိုလို့ အိမ်ခြံမြေ ဈေးပဲရှိတော့တယ်……ခေတ်ကြီးကိုက စောင့်နိုင်လေ ကောင်းလေဆိုသလိုမျိုးကိုဖြစ်နေလား မသိ…………….

    ကားကိစ္စကတော့ အခြေခံလူတန်းစားတွေအတွက် (အလယ်အလက်တန်းစားကိုပြောတာပါ) ကောင်းပေမဲ့ ပါမစ်တွေ၊ Car Show Room တွေဖွင့်ပြီးရင်းထားတဲ့သူတွေအတွက်တော့ စိတ်မကောင်းစရာဖြစ်သွားတာတော့ အမှန်ပဲဗျို့……..ခွက်ခွက်လန်တောင်မဟုတ်ဘူး….ခွက်ခွက်ပြောင်လောက်အောင်ကို ထိသွားကြတာကိုး….. 🙁

  • ဦးဦးပါလေရာ

    May 9, 2012 at 12:39 pm

    စိတ်ဝင်တစားဖတ်ပြီး ကွန်မင့်ချီးမြှင့်ကြတာတွေကို ကျေးဇူးပါဗျာ..။

    လူလတ်တန်းစားတွေကို တရစ်ပြီးတရစ် လှိမ့်သတ်နေသလို ဖြစ်နေတာ ကြာပါပြီ…
    လူလတ်တန်းစားဆိုတာ ဖွံ့ဖြိုးဘို့အရှိန်ယူမယ့် တိုင်းပြည်မျိုးတွေရဲ့ အား ပါ။
    လူလတ်တန်းစားအောက်လွှာဆိုတာ ဘယ်လိုဟာလဲဆိုတာကို ကျုပ်နဲနဲ(တမင်)တိုင်းတာပြထားပါတယ်။

    သာမန်အားဖြင့်တော့ တိုင်းပြည်အသီးသီးမှာ လူလတ်တန်းစားအောက်လွှာတွေဟာ
    အရေအတွက်များတယ်
    (အသေးစား/တပိုင်တနိုင်) ထုတ်လုပ်အားရှိတယ်
    ဝယ်အားကောင်းတယ်။ သုံးအားကောင်းတယ်
    ပညာတတ်တွေများလို့ ပညာ-ဥစ္စာ မျှတ တယ်
    အချိန်တိုအတွင်း ဆင်းရဲလဲမသွားလွယ်- ချမ်းသာတဲ့သူဌေးတန်းကိုလဲ မရောက်လွယ်လို့
    လူတန်းစားတည်ငြိမ်မှု့ရှိတယ်။
    ဥစ္စာဓနတည်ငြိမ်မှု့ ထိမ်းသိမ်းအား ကောင်းတယ်။ (ရှာတယ်-ရာနှုံးတော်တော်များများပြန်သုံးတယ်)
    လူလတ်တန်းစားအောက်လွှာတွေဟာ တယောက်ထဲ ဆယ်ယောက်ထဲဆို ဘာမှမဟုတ်ပေမယ့်
    ငါးသိန်း-တသန်း ရှိလာရင်တော့ အင်မတန်အားကြီးတဲ့ အင်အားစုကြီးဖြစ်တယ်။
    ဥပမာ စတော့ရှယ်ယာဈေးကွက်တွေမှာ တည်တည်ငြိမ်ငြိမ် ရင်းနှီးမြှုတ်နှံကြတာ လူလတ်တန်းစားအောက်လွှာတွေသာဖြစ်တယ်။
    (စတော့ရှယ်ယာတွေ မငြိမ်အောင်ကစားတာကတော့ သူဌေးတွေလုပ်တာ)

    လူကြီးတွေ စဉ်းစားစေချင်တာက လူလတ်တန်းစားအောက်လွှာကို ကုန်အောင်လုပ်ပစ်ရင်-
    အနာဂတ်မှာ တိုင်းပြည်ကို ဆင်းရဲသား နဲ့ သူဌေးကြီးတွေနဲ့ချည်း တည်ဆောက်မှာလား…..?
    အဲလိုလုပ်နိုင်မယ်ထင်သလား…..?
    အဲလိုလုပ်နိုင်မယ့် ဖေါ်မြူလာရော ကမ္ဘာမှာ ကြားဘူးသလား…..?

    တကယ်တော့ ကျုပ်ရေးထားတဲ့ပိုစ့်ကို တဝက်နီးပါး ဖြတ်ပစ်လိုက်တာပါ။
    အစက မူဝါဒတခုပြောင်းတိုင်း ဘယ်လိုသက်ရောက်မှု့တွေရှိတယ်ဆိုတာ ပါးပါးလေးစီ ပြောမလို့ပါ။
    ဒါပေသိ.. ပြန်စဉ်းစားကြည့်တော့.. အဲဒါ လူတိုင်းသိပါတယ်…
    သိရဲ့သားနဲ့ လုပ်ချင်တာလုပ်ရင်လဲ ဖြစ်ချင်တာတွေ ဖြစ်လာလိမ့်မပေါ့….။

  • ကြောင်ကြီး

    May 11, 2012 at 8:07 am

    လူလတ်တန်းစား ပညာတတ်ဆိုတာ ပစ္စည်းမဲ့အမြင်အရ အတွေးအခေါ်မှားယွင်းနေသူ မယုံကြည်ရသူဖြစ်တယ်။ ရေတိုမှာ မဟာမိတ်ပြုနိုင်ပေမဲ့ ရေရှည်မှာ အရင်းရှင်ခေါင်းပုံဖြတ် အမြတ်ကြီးစားတွေနဲ့ တတန်းတဲထား ဆက်ရမှာဖြစ်တယ်။
    ဈေးထဲမှသမာဓိချိန်ခွင်ထက် ပိုမှန်သောအလေးနီဖြင့်….
    ဗမာပြည်ကူမြူနစ်ပါတီဥက္ကဌ ဦးကြောင်ဖါး

    • ဦးဦးပါလေရာ

      May 11, 2012 at 8:40 am

      အဲဒါကြောင့် ကိုကြောင်ကို ဒေါ်စုနဲ့ အမျိုးတော်ပုံတော့ရပါတယ်…
      ဘယ်ဘက်က လှည့်တော်နေတာပါလိမ့်လို့ စဉ်းစားနေတာ……
      😀 😀

  • MaMa

    May 11, 2012 at 9:32 am

    ခံရပေါင်းများလို့ လူလည်း ထူတူတူ နုံအအ ဖြစ်နေပြီ။
    ထူးပြီး မဆန်းတော့ သလိုပဲ။ 🙁

  • ဗိုက်ကလေး

    May 11, 2012 at 10:45 am

    အူးပါတို ့ကတော့..ခြံဆိုလဲ ခြံ…ကားဆိုလဲ ကား..ခံဘက်ကချည်ဘဲ
    😀

    • ဦးဦးပါလေရာ

      May 11, 2012 at 3:51 pm

      ကျုပ်မပါဘူးဟဲ့…. ကျုပ်က ဘတ်စ်ကားပဲစီးတာ
      ဘတ်စ်ကားခတွေ ဈေးတက်မှ ကိုယ့်အလှည့်ရောက်မှာ ……:D

      ကိုယ်တိုင်ခံလိုက်ရမှဖြင့် ဒီပိုစ့်ရေးနိုင်ပါတော့မလား…
      ကပ်စီးနဲအဖိုးကြီး အခုလောက်ဆို သွေးတက်ပြီး ဆေးရုံရောက်နေရောပေါ့ ….
      😀 😀

      • ဗိုက်ကလေး

        May 11, 2012 at 3:55 pm

        မလိမ်ပါနဲ ့ အူးလေးရာ
        ကျနော်က အူးလေးခြံရှေ ့က ကွမ်းယာဆိုင်မှာ အမြဲ အကျွေးဝယ်နေကျ
        အူလေး ရွှေငါးကို ဂလဲအနက်ကြီးတပ်ပြီး ခန် ့ခန် ့ကြီးမောင်းသွားတာ ကွမ်းယာဆိုင်ဘေးက ငေးငေးကြည့်နေရတာ
        အူးလေးက ဘယ်သိမတုန်း

        • ဦးဦးပါလေရာ

          May 11, 2012 at 10:29 pm

          အဲဒါကြောင့် အမူးလွန်အောင်မသောက်ပါနဲ့လို့ ပြောတာ…။
          နေ့ခင်းကြောင်တောင်ကြီးကို ကျုပ်နဲ့ ကိုဘလက်ချောနဲ့ လူမှားစရာလား…ဟဲ့..။
          😀 😀

  • sealion

    May 11, 2012 at 12:12 pm

    စိတ်မကောင်းဘူး ကားပါမစ်တွေ အကြောင်းဖတ်ရတာ ပြည်သူလူထုရဲ ့ခြစ်ကုပ်သိမ်းစည်းထားတဲ ့ပိုက်ဆံတွေ ကို မတရားယူနေတယ်လို ့ထင်တယ်ဗျာ ..လူတွေ အရမ်းနစ်နာကျတယ် အိမ် ကအမေလဲ ပါမစ်တွေ မချပေးခင်လေး ကားဝယ်လိုက်မိတာ ၇၀% လောက်ဂိန်သွားတယ် ..ထင်တာတော ့ နီးစပ်ရာ အဆက်သွယ်ရှိသူတွေနဲ ့ဆွေမျိုးတွေ အတွက် စားကွက်ဖေါ်တာပါပဲ ကျန်တဲ ့ပြည်သူတွေ ကတော့ ဂိန်ပေါ့ဗျာ.

  • အော် ကားစုတ်လေးတွေကို ဈေးကြီးပေးဝယ်နေရပါသော ဘဝမှ
    အမြန်ဆုံး လွတ်ကင်းပါမှ စီးနိုင်ပါတော့မည်

Leave a Reply