ကဲ..  ကဲ..  ထားပါတော့… ဒီရုပ်ကြီးနဲ့ ရောက်လာမှတော့  အကျိုးအကြောင်းလေး  ချော့မော့မေးမှ  ဖြစ်မယ်…….. “ အမ်း……။  မင်းဘာဖြစ်လာတာလဲ…? ” “ ဒါမျိုးတွေ  များနေပြီ…ကွ! ” “ အော်……… ” “ ဘာ..အော်….  လဲ.. ” “ မဟုတ်ပါဘူး။ မင်းကိုစကားထောက်တာပါ။ ငါ့ကိုရန်မလုပ်နဲ့။ ပြောစရာရှိတာ ဆက်ပြော…. ” “ လူတွေကို ဒီလိုပဲ ကြုံးသွင်းပြီး ရိုက်စရာလား…ကွ ” “ ………. ” “ အခုတော့ သူတို့ဆင်သမျှလိုက်လုပ်ရင်း ကွဲပြဲကုန်ပြီ… ” “ ………. ” “ ဘာမှမစဉ်းမစားပဲ လုပ်ထည့်လိုက်ရင်  တစ်ဆုံးတစ်ဆ၊ […]


      လေပြေညင်းရယ်  …… ငြိမ်သက်ဆဲညမှာ …… အသာအယာတိုးလို့တိုက်ခတ်နေ ….. သင်းပျံ့မွှေးတဲ့ပန်းယနံ့တွေ ….. ဆောင်ယူ….  သယ်လာ….  လေညှင်းရေ…….   ခင်မောင်တိုးသီချင်းသံလေးကြားလိုက်ရတော့  အစက မျက်စေ့လေးမှေး၊ နားလေးစွင့်ပြီး  အရသာခံနေသေးတယ်။ ပြီးတော့မှ သတိရပြီး ခေါင်းက မတ်ကနဲ ထောင်သွားမိတယ်…။ အဲဒါ  အဲဒါ  ကျုပ်ဖုံးရဲ့  ringtune  ။ ဖုံး…   ဖုံး….   ဘယ်မလဲဖုံး…… ကမန်းကတမ်း  ကွန်ပျူတာရှေ့ကထ၊  စာရေးစားပွဲဆီသွားပြီး  အမှိုက်ပုံကြီးတခုနဲ့  တော်တော်တူနေတဲ့  စားပွဲပေါ်ကဟာတွေကို  တခုပြီးတခု  ဆွဲဖယ်လှန်လှောရှာတယ်။ လက်ဆွဲအိတ်ကိုအောက်ချ၊ ပလပ်စတစ်ဖိုင်တွေကို ဆွဲဖယ်၊ ဖတ်လက်စ ဈေးကွက်ဂျာနယ်နဲ့ ဝိကလီးအလဲဗင်းကိုတွန်းထုတ်၊ ရေနွေးကြမ်းပန်းကန်ကိုရွှေ့၊  စာရွက်ပုံကြီးကိုကောက်ပွေ့ပြီးဖယ်လိုက်တော့မှ  ရွှေကိုယ်တော်ဟန်းဖုံးက  ထွက်ပေါ်တော်မူလာတယ်။ တဖက်ကဆက်တဲ့နာမည်ကိုကြည့်လိုက်တော့ …  ရဲဘော်ဟောင်း…။ ဟဲလို  […]


      ဒီသောကြာတော့ နဲနဲအားသလိုရှိလို့  ခံတွင်းချဉ်လာတာလေးဖြေဖျောက်ဘို့  ဗေဒင်ဆရာကို ဖုန်းနဲ့ အဖေါ်စပ်ပါတယ်။ သူကတော့ အမြဲလိုလိုအားနေတာပဲများလို့ တချက်တောင်မငြင်းပဲ  စာရင်းစစ်ရုံးအလွန်က  လရိပ်မှာတွေ့ဘို့  ပြန်ချိန်းတယ်။ ကျုပ်ရောက်သွားတော့  သူလှမ်းခေါ်ထားတာနဲ့  ဟံသာဝတီပွဲစားတန်းထဲသွားသွားပြီး မစားရအညှော်ခံနေကျ ရဲဘော်ဟောင်းပါ ရောက်နှင့်တာတွေ့ရတယ်။ ဆိုင်ထဲဝင်ပြီးတာနဲ့ တယောက်နဲ့တယောက် ခေါင်းဆတ်လက်ပြ နှုတ်ဆက်ဖြစ်တာကလွဲရင် ဘာစကားမှမဆိုဖြစ်ဘူး။ မှာထားတဲ့ ကျဆိမ့်သုံးခွက်ကို တယောက်စီဆွဲရင်း ဆေးလိပ်မီးညှိပြီး နှုတ်ဆိတ်ထိုင်နေဖြစ်ကြတယ်။ ခဏနေတော့မှ  ရဲဘော်ဟောင်းက  ကျုပ်ဘက်ကိုလှည့်  ကျုပ်မျက်နှာကြီးစေ့စေ့ကြည့်ပြီး  စကားတခွန်းမေးတယ်…. “ ပါလေရာ…  မင်း ငယ်ငယ်တုန်းကလို  ရည်းစားစာရေးတတ်သေးလား ?” အမ်….  ဒီကောင်ဘာဖြစ်သွားပါလိမ့်… ငယ်ငယ်တုန်းက ပေါက်ပေါက်ရှာရှာတွေးကြည့်ဘူးတဲ့  ကွန်မြူနစ်တွေ သူငယ်ပြန်ရင် ဘယ်လိုနေမှာပါလိမ့်….ဆိုတဲ့  အတွေးလေးကို ပြန်သတိရပြီး  ပြုံးမိတယ်။ တကယ်တော့ ကွန်မြူနစ်သူငယ်ပြန်ရင်လဲ  သူများတွေသူငယ်ပြန်သလို  […]


        ဤစာရေးဖြစ်ခြင်း၏အကြောင်းရင်းကား   တခုတည်းသာ.. ဦးပါလေရာတယောက် စာအလွန်ရေးချင်နေသောကြောင့်သာတည်း။ အခြေအနေပေးလျှင်ပေးသလို လွန်စွာစကားများလှသော ဦးပါလေရာသည် မန်းဂေဇက်တည်းဟူသောရွာသို့ ဝင်ရောက်လည်ပတ်ရာ၌လဲ သူများရေးတာငြိမ်ငြိမ်ဖတ်ရုံဖြင့်အားမရ- မိမ်ိဉာဏ်တစ်ထွာတမိုက်မျှဖြင့် ဟိုစပ်စပ်သည်စပ်စပ် ရေးချင်ပြောချင်ပြန်သေးသည်။   ထို့ကြောင့် ရေးရန်အကြောင်းရှာ၏။ ဘာအကြောင်းရေးရပါ့မလဲ ?? သူများကို အပြစ်ပြောခြင်းနှင့် သူများကိုဩဝါဒပေးခြင်း တည်းဟူသော လောကတွင်အလွယ်ဆုံးအလုပ်နှစ်မျိုးရှိလေရာ ဒုတိယအမျိုးအစားကိုကားမလုပ်ဝံ့..။ ဒီဆိုက်ထဲဝင်ဖတ်မိကတည်းက ဒီရွာသားတွေ နှယ်နှယ်ရရမဟုတ်မှန်းလောက်တော့ ခန့်မှန်းမိပါ၏။ ထို့ကြောင့် ပထမအမျိုးအစားကို ရွေးချယ်ရန် အားထုတ်၏။ အမြင်မတော်သော ဌာနများကို ပိုးစိုးပက်စက် ဝေဖန်ပြောဆိုရန် ဟန်ပြင်၏။   သို့ရာတွင်- မဖြစ်သေး …. ဦးပါလေရာကား သူ့သူငယ်ချင်းနှစ်ဦးဖြစ်သော ရဲဘော်ဟောင်း နှင့် ဗေဒင်ဆရာ တို့ကဲ့သို့ သေသေဝပ်ဝပ်နေသည်မဟုတ်။ မိတ်ဆွေအပေါင်းအသင်းမင်လှသဖြင့် ဟိုလူနှင့်တွေ့ချင် ဒီလူနှင့်တွေ့ချင် […]