ရောက်တတ်ရာရာ-120217 ဘယ်ကျောင်းထားရမလဲ ?
ဤစာရေးဖြစ်ခြင်း၏အကြောင်းရင်းကား တခုတည်းသာ..
ဦးပါလေရာတယောက် စာအလွန်ရေးချင်နေသောကြောင့်သာတည်း။
အခြေအနေပေးလျှင်ပေးသလို လွန်စွာစကားများလှသော ဦးပါလေရာသည်
မန်းဂေဇက်တည်းဟူသောရွာသို့ ဝင်ရောက်လည်ပတ်ရာ၌လဲ
သူများရေးတာငြိမ်ငြိမ်ဖတ်ရုံဖြင့်အားမရ-
မိမ်ိဉာဏ်တစ်ထွာတမိုက်မျှဖြင့် ဟိုစပ်စပ်သည်စပ်စပ် ရေးချင်ပြောချင်ပြန်သေးသည်။
ထို့ကြောင့် ရေးရန်အကြောင်းရှာ၏။ ဘာအကြောင်းရေးရပါ့မလဲ ??
သူများကို အပြစ်ပြောခြင်းနှင့် သူများကိုဩဝါဒပေးခြင်း တည်းဟူသော
လောကတွင်အလွယ်ဆုံးအလုပ်နှစ်မျိုးရှိလေရာ ဒုတိယအမျိုးအစားကိုကားမလုပ်ဝံ့..။
ဒီဆိုက်ထဲဝင်ဖတ်မိကတည်းက ဒီရွာသားတွေ နှယ်နှယ်ရရမဟုတ်မှန်းလောက်တော့ ခန့်မှန်းမိပါ၏။
ထို့ကြောင့် ပထမအမျိုးအစားကို ရွေးချယ်ရန် အားထုတ်၏။
အမြင်မတော်သော ဌာနများကို ပိုးစိုးပက်စက် ဝေဖန်ပြောဆိုရန် ဟန်ပြင်၏။
သို့ရာတွင်- မဖြစ်သေး ….
ဦးပါလေရာကား သူ့သူငယ်ချင်းနှစ်ဦးဖြစ်သော ရဲဘော်ဟောင်း နှင့် ဗေဒင်ဆရာ တို့ကဲ့သို့
သေသေဝပ်ဝပ်နေသည်မဟုတ်။ မိတ်ဆွေအပေါင်းအသင်းမင်လှသဖြင့် ဟိုလူနှင့်တွေ့ချင် ဒီလူနှင့်တွေ့ချင် ဖြစ်လေရကား ဒီမျက်နှာကြီး မျဉ်းကျားကမကူးလို့ ဘဲဥဖမ်းသွားလျှင်တောင် သိနေ မှတ်မိနေကြသည်ပဲဖြစ်သည်။
ဟာသလေးတွေများ ရေးလျှင်ကော ?
မဖြစ်သေး… ဒီရွာသားတွေက သူတော်ကောင်းစိတ်ကောင်းရှိသူတွေဖြစ်သည်။ ကိုယ်ကရယ်စရာပြောတာကို ဂရုဏာသက်ပြီး မျက်ရည်လည်ရွဲဖြစ်ကုန်မှဖြင့်..။
ဒါဖြင့်လဲ နိုင်ငံရေး စီးပွားရေး လူမှု့ရေး ခေါင်းစဉ်တမျိုးမျိုးတပ်ပြီး …..
စဉ်းစားကာရှိသေး ဗိုက်ထဲကနာချင်လာသည်။ ဘယ့်နှယ်ဗျာ လူတော်တွေ၊ ပညာတတ်တွေ၊ ဆလက်ရှင်တွေချည်း စုပြုံရှိနေလို့ နာဂစ်တုန်းက ရယကအိမ်နဲ့တောင်မှားလောက်တဲ့ မန်းဂေဇက်မှာ မထော်မနန်းတွေသွားလုပ်လို့ ဘယ်ဖြစ်ပါ့မတုန်း..။
ကိုင်း …. ကိုင်း … တော်ပါတော့ –
စိတ်လျှော့ပြီး ကိုယ့်နေရာကိုယ်ပြန်။ ကိုယ်က လူဒူဒူတွေကြားက လူပြိန်းသက်သက်။ ဝမရှိပဲ ဝိမလုပ်ချင်နဲ့တော့ …။
ဒီလောက်တောင် ရေးချင်လွန်းအားကြီးမှဖြင့် နင်ထိုင်နေကျလဘက်ရည်ဆိုင်မှာ နင်ပြောနေကျ နင်ကြားနေကျ လူပြိန်းစကားတွေပဲရေး ..။
ဤသို့ ကိုယ့်ကိုယ်ကို အကြံပေး ဆုံးမ လမ်းညွှန်ပြီးသကာလ ….
ကွန်ပျူတာရှေ့သို့ မျက်မှန်ပုလင်းကွဲကြီးတပ်ပြီးထိုင်သည်ရှိသော် ……….
…………………………..
တခုသောပျင်းရိဘွယ်ကောင်းလှသည့် နေ့ခင်းအချိန်ဖြစ်ပါသည်….။
စမ်းချောင်းလမ်းပေါ် အောင်ကောင်းစံအမည်ရှိ လဘက်ရည်ဆိုင်တွင် ဦးပါလေရာ၊ ရဲဘော်ဟောင်း(k) နှင့် ဗေဒင်ဆရာ(x) တည်းဟူသော သူငယ်ချင်းသုံးယောက်တို့ ရေနွေးလေးအိုးကုန်အောင် ဖင်ကျောက်ချထိုင်မိလေရာ…………….
ဗေဒင်ဆရာ။ ။ငါ့ကလေးကိုတော့ မူကြိုအပ်လိုက်ပြီ။
ရဲဘော်ဟောင်း။ ။မင်းကိုယ်တိုင်သွားအပ်တာတော့မဟုတ်လောက်ပါဘူးနော်။ သူ့မြေးကို အဘိုးကျောင်းလာအပ်တယ်ထင်နေကြဦးမယ်။
ဗေဒင်ဆရာ။ ။သေပါလား။ အဲဒီကျောင်းမျိုးကို လာအပ်တဲ့ကလေးအဖေတွေထဲမှာ ငါတို့အရွယ်မတိမ်းမယိမ်းတွေအများကြီး။ အဲဒါရော သဘောပေါက်ရဲ့လား။
ပါလေရာ။ ။ဘာလဲ ။ မင်းက ဘိုကျောင်းအပ်လိုက်တာလား။
ဗေဒင်ဆရာ။ ။ဘိုကျောင်းတော့လဲမဟုတ်ပါဘူးကွာ။ ကြားကန့်လန့်ကျောင်းပါ။ မူကြိုပြီးရင် အစိုးရကျောင်းပဲထားထား၊ အင်တာနေရှင်နယ်ကျောင်းပဲထားထား – အံဝင်အောင်ပေါ့။
ပါလေရာ။ ။ကျောင်းလခကဘယ်လောက်တုန်း။
ဗေဒင်ဆရာ။ ။ရှစ်သောင်း။ မှတ်ပုံတင်ကြေးနှစ်သောင်းခွဲ။ ဝတ်စုံ ရှစ်ထောင်။ ဖယ်ရီနှစ်သောင်းခွဲ။
ရဲဘော်ဟောင်း။ ။အားပါးပါး။ ဒါတောင်သုံးနှစ်မပြည့်သေးတဲ့ကလေးမို့ပဲ။ သူ့ကျောင်းထားတော့ မင်းတို့လင်မယား စားစရာကောကျန်ပါတော့မလား။
ဗေဒင်ဆရာ။ ။မတတ်နိုင်ဘူးကွာ။ သူ့ခေတ်အလျှောက်ပဲ။ ရိုးရိုးမူကြိုမှာထားရင်လဲ ငါးနှစ်ပြည့်လို့ အင်တာနေရှင်နယ်ကျောင်းထားဖြစ်ရင် အဆင်မပြေတော့မှာစိုးတယ်။
ရဲဘော်ဟောင်း။ ။မင်းသိပ် -င်မယားရင်ကောင်းမယ်။ မင်းတို့ငါတို့လဲ ရိုးရိုးအစိုးရကျောင်းကထွက်လာတာလေ။ အချိန်တန်တော့ လူတန်းစေ့တာပဲမဟုတ်လား။ ဘိုကျောင်းက ဘာတွေထူးကောင်းနေလို့ ရောဂါတက်နေရတာလဲ။
ပါလေရာ။ ။တူတော့မတူဘူး ရဲဘော်ဟောင်းရဲ့။ သင်ကြားတာချင်းကျတော့ကွာတယ်။ အစိုးရကျောင်းက မင်းသိတဲ့အတိုင်း စာတွေအလွတ်ကျက်၊ စာမေးပွဲဖြေပြီးရင်မေ့။ ဘာမှသုံးမရ။ ဆယ်တန်းလဲအောင်ပြီးရော ဂုဏ်ထူးလေးတွေတော့ ထွက်ရင်ထွက်မယ်၊ လူကတော့ ရူးကြောင်ကြောင်နဲ့ ကျပ်မပြည့်တဲ့ ဖွတ်ကျားလေးတွေ ဖြစ်ကုန်တာများတယ်။
ရဲဘော်ဟောင်း။ ။မဟုတ်ပါဘူးကွာ..။ ငါတို့တုန်းကလဲ ဒီလိုပါပဲ..။
ပါလေရာ။ ။ငါတို့တုန်းကနဲ့မတူဘူးဟေ့ကောင်..။ ငါတို့တုန်းက ဒီကိုစ့်မျိုးတွေပဲသင်ရတယ်ထား၊ ဒီပုံစံပဲသင်ရဖြေရတယ်ထား..၊ ငါတို့မှာ တခြားဟာတွေစိတ်ဝင်စားဘို့ စာဖတ်ဘို့ မိတ်ဆွေတွေနဲ့ပေါင်းသင်းဘို့ ဘာသာရေးလူမှု့ရေးတွေလုပ်ဘို့ အချိန်ရတယ်။ ဆယ်တန်းအောင်တော့ ငါကငါ့းရာငါးဆယ်ကုန်နေပြီ၊ မင်းက လီနင်တို့ မာ့ဆီဇိမ်းတို့ ဖတ်နေပြီ။ အဲဒါဆယ့်ခြောက်နှစ်..။
ဗေဒင်ဆရာ။ ။ငါလဲ တက္ကသိုလ်ဘုန်းနိုင် အတွဲလိုက်ပြတ်နေပြီ။ နွမ်ဂျာသိုင်း၊ မောင်စိန်ဝင်း ထွက်သမျှကုန်နေပြီ။
ပါလေရာ။ ။အဲဒါပြောတာ။ ဒီကလေးတွေ ဆယ်တန်းအောင်ပြီးတဲ့အခါ ဘာများ သိနှင့် တတ်နှင့် ဗဟုသုတရှိနှင့်တယ်ထင်သလဲ။
ရဲဘော်ဟောင်း။ ။ဗိုလ်ကျောင်းထားတော့ကော ဘယ်လောက်လေ့လာဖြစ်မှာတုန်း။ ကျောင်းသားပဲဟာ။
ဗေဒင်ဆရာ။ ။ဟာ.. ဒါကတော့ကိုယ်က လမ်းကြောင်းပေး မိတ်ဆက်ပေး ထိတွေ့ပေးရမှာပေါ့။ အဓိက က အစိုးရကျောင်းထားရင် အစိုးရကျောင်းကနေ့တဝက်၊ ကျူရှင်ကနေ့တဝက်၊ ညနေဖက်မှာဆရာမဝိုင်း၊ လိုအပ်တဲ့တဘာသာချင်းကို ညဘက်ဆက်ဆွဲ၊ ပြီးရင်ဂိုက်နဲ့စာကျက်။ ငါသာကျောင်းသားဆို ကျောင်းတောင်မတက်တော့ဘူး။ ဒီဒါဏ်မခံနိုင်လို့ ..။
အင်တာနေရှင်နယ်ကျောင်းတွေကတော့ ငါသိသလောက် မနက်ကိုးနာရီက ညနေလေးနာရီ တပတ်ငါးရက်သင်ရင်ပြီးတာပဲ။ ကျန်တဲ့အချိန်တွေ နား၊ အားကစားလုပ်၊ ဝါသနာပါတာလုပ်၊ ဘာသာရေးလုပ်၊ စာဖတ်။ အေးဆေး…။
ရဲဘော်ဟောင်း။ ။ဟုတ်ပါပြီ၊ ဒီတော့ ဗိုလ်ကျောင်းထားတယ်ဆိုပါစို့။ အဲဒီက ဆယ်တန်းအောင်တော့…။
ပါလေရာ။ ။မဟုတ်ဘူးလေ။ ကိုးတန်းပြီးရင် ဂျီစီအီး အိုလယ်ဗယ်၊ ဆယ့်တစ်တန်းအောင်ရင် ဂျီစီအီး အေလယ်ဗယ်ပေါ့။
ရဲဘော်ဟောင်း။ ။ အဲဒီဂျီစီအီး ဆိုတာ ဘာတုန်း..။
ပါလေရာ။ ။ငါလဲမသိဘူး။ သူများပြောတာကြားဖူးတာ။
ရဲဘော်ဟောင်း။ ။ထားပါတော့ …။ ငါလဲရေးရေးတော့သိပါတယ်။ အေလယ်ဗယ်ပြီးရင် အင်တာနေရှင်နယ်တက္ကသိုလ်တွေ အင်းထရန်စ့်ဖြေပြီး ဝင်ရုံပဲမဟုတ်လား။ ငါပြောချင်တာက ဒီနိုင်ငံမှာတော့ အေလယ်ဗယ်ပြီးရင် ဘယ်တက္ကသိုလ်မှ ဝင်လို့မရဘူးလေ။ စာဆက်သင်ချင်ရင် နိုင်ငံခြားထွက်မှရမယ်။ မထွက်နိုင်ရင် ပညာအရည်အချင်း တတန်းမှမအောင်တဲ့ဘဝနဲ့ ပွဲပြီးသွားရင် မင်းသားက မင်းကိုခွင့်လွှတ်ပါ့မလား။
ဗေဒင်ဆရာ။ ။ဟုတ်ပါတယ်။ အဲဒါကြောင့် ရွေးရခက်နေတာ။ ဒါပေမယ့်ကွာ။ မင်းစဉ်းစားကြည့်..။ မင်းတို့ငါတို့ သုံးယောက်လုံး အစိုးရပေးတဲ့ဘွဲ့တွေအသီးသီးရကြပြီး ဘာမှလဲမသုံးဘူးမဟုတ်လား။ ကိုယ့်ဘာသာပဲလုပ်စားကြရတာမဟုတ်လား။
ပါလေရာ။ ။အင်တာနေရှင်နယ်ကျောင်းထားရင်တော့ မင်းတော့ မွဲကိန်းဆိုက်မယ်ထင်တယ်။ ကြားမှာခါးပြတ်သွားလို့မရဘူးနော်။ ပိုက်ဆံရှာထားရမယ်။
ဗေဒင်ဆရာ။ ။အစိုးရကျောင်းအတွက်ဆို ကျောင်းလခ၊ ဖယ်ရီ၊ ကျူရှင်၊ ဝိုင်း၊ ဂိုက် စုံအောင်ဖြည့်ရင် အကြမ်းအားဖြင့် မူကြို တစ်လခြောက်သောင်းလောက်၊ မူလတန်း တစ်လ တစ်သိန်းခွဲနီးပါး။ အလယ်တန်းတစ်လ နှစ်သိန်းနီးပါး၊ ကိုးတန်းဆယ်တန်း တစ်လ သုံးသိန်းနီးပါးကုန်မှာ။
ဘိုကျောင်းဆိုရင် ဈေးသိပ်မကြီးတာထားရင် မူကြို တစ်လတစ်သိန်းခွဲလောက်၊ မူလတန်း တစ်လနှစ်သိန်းလောက်၊ အလယ်တန်း တစ်လနှစ်သိန်းခွဲ သုံးသိန်းလောက်၊ ဆယ်တန်းဆယ့်တစ်တန်း တစ်လ လေးသိန်းကျော်လောက်။ ဆိုတော့ ဘိုကျောင်းကဈေးများပေမယ့် အခြားကုန်ကျစားရိတ်တော့မရှိဘူးထင်တယ်။ ကွာတော့ကွာပေမယ့် ကုန်ကျစားရိတ် နှစ်ဆတော့မကွာဘူးကွ။ လူအရည်အချင်းကျတော့ နှစ်ဆမကဘူးဟေ့ကောင်။
ရဲဘော်ဟောင်း။ ။ကဲပါ ဘိုရူးရယ်…။ ကလေးကျောင်းမပြီးခင် စီးပွားပျက်ကိန်းရှိမရှိ မင်းကိုယ်မင်းဗေဒင်အရင်တွက်နှင့်ပါဦး။ ဂဏန်းတွေလဲသေချာပေါင်းဦးနော်၊ မင်းပေါ့ဆတာနဲ့ ကလေးလူပျိုဖြစ်မှ သူငယ်တန်းကပြန်တက်နေရဦးမယ်…။
ဤကား ဦးပါလေရာတို့ မိတ်ဆွေသုံးယောက် ပြောဖြစ်ကြပုံတည်း…။
ရွာထဲကမိတ်ဆွေများရော ဘယ်လိုသဘောရကြပါသလဲ…?
အကြံဉာဏ်များ ချီးမြှင့်ကြပါကုန်…
အားကိုးစွာဖြင့်-
ဦးဦးပါလေရာ
41 comments
Thel Nu Aye
February 17, 2012 at 4:10 pm
အရင်တော့ဖတ်သွားတယ်။ ပြောသေးဘူး။ ကိုယ်တွေ့တွေတော့ရှိတယ်။ သူများတွေမန့်တာကြည့်ပြီးမှပြောတော့မယ်။ နောက်မှပြန်လာတော့မယ်။
စိန်ပေါက်ပေါက်
February 17, 2012 at 4:19 pm
များတို ့အတွက် အချစ်ကျောင်းလေး ဖွင့်ပေးပါလား..တက်ချင်လို ့ 😀
ဦးပါရေ
တတ်နိုင်ရင်တော့ ဘိုကျောင်းပေါ့ဗျာ
မတတ်နိုင်တော့လဲ ရိုးရိုးကျောင်းပေါ့..
များလဲ တားတားမီးမီးမွေးရင် စဉ်းစားမယ်
ပိုက်ဆံတစ်ပြားမှမတတ်နိုင်ရင် ဘုန်းကြီးကျောင်းသွား
အသင့်အတင့်ဆို ရိုးရိုး အစိုးရကျောင်း
ပိုလျှံဝင်ငွေရှိရင် ဘိုကျောင်း..
များကတော့..အချစ်ရဲ့ ကျောင်းတော်ကြီးမှာပဲ ပျော်တယ်..
စိန်ပေါက်ပေါက်
February 17, 2012 at 5:05 pm
ဟေ့လူ
ဘာတွေလျှောက်ချစ်နေတာလဲ
ခင်ဗျားသား ကျောင်းလွှတ်နေပြီ
သွားကြိုဦး..
ကြောင်တောင်တောင်နဲ ့
ဦးဦးပါလေရာ
February 18, 2012 at 11:05 pm
စိန်ပေါက်ပေါက်အတွက် အထူးသီးသန့်တဦးချင်းအချစ်ကောလိပ်
သမိုင်းဘူတာရုံနားမှာစီစဉ်လိုက်ရမလား..:D
ဂယ်ပြောလာ…:D
Moe Z
February 17, 2012 at 4:26 pm
ဦးဦးပါလေရာရေ တတ်နိုင်လို့ဘိုကျောင်းထားမယ်ဆိုရင်
ကလေးကအခုမှမူကြိုဆိုတော့ နောက်ထပ် ၁ဝ နှစ်ကျော်ပေါ့နော် ‘A’ Level ပြီးဖို့ဆိုရင်
(အခု GCE က ဒိတ်အောက်သွားပြီ IGCSE ဖြစ်သွားပြီ) 🙂
အဲဒီအချိန်ဆို ပြည်တွင်းမှာပဲ နိုင်ငံတကာတက္ကသိုလ်တွေပေါ်လောက်ပါပြီ
ထားနိုင်မယ်ဆိုရင်ပေါ့ သားသမီးကို ခွဲပြီးနိုင်ငံခြားပို့စရာမလိုလောက်တော့ဘူး
ကျန်တာနောက်မှဆက်ပြောတော့မယ် အချိန်မရတော့လို့ ..
ဦးဦးပါလေရာ
February 18, 2012 at 11:18 pm
အဲလိုလုပ်ပါ မိုးစက်ရယ်
ကျုပ်တို့က အဘိုးကြီးတွေဆိုတော့
GCE >> GCSE >> IGCSE တွေပြောင်းသွားတာ မသိလိုက်ကြဘူး။
(တကယ်မသိတာ)
အဲဒါတွေကိုလဲ နည်းနည်းရှင်းပြပေးပါဦး။
အဟုတ်တကယ်ကိုမသိလို့ပါဗျာ
သူများပြောတာ သံယောင်လိုက်ပြီးမှတ်ထားတာလေ…. 🙂
manawphyulay
February 17, 2012 at 4:46 pm
ခေတ်နဲ့အညီ လိုက်ဖို့ အရင်ဆုံး မူကြိုစတက်ပြီဆိုတာနဲ့ ငွေထုပ်ကြီးကြီး အရင်စုထားဖို့လိုမယ်။ နောက်မှ မူကြိုအပ်ပြီးရင် ဂိုက်လေးခေါ်သင်ပေးရမှာနဲ့ တဖြည်းဖြည်း အဆင့်တက်ပြီး ၁ဝ တန်းအောင်တာနဲ့ ခုခေတ်ကလေးတွေကို တက္ကသိုလ်မတက်ခိုင်းတော့ပဲ နိုင်ငံခြားကျောင်းတွေကို မြန်မာပြည်မှာပဲတက်ဖို့ စီစဉ်ပေးထားတာတွေ တစ်ပုံကြီးရှိတယ်ဆိုတော့ နိုင်ငံခြားကို ပို့စရာမလိုတော့ဘူးပေါ့လေ… အဓိကကတော့ ငွေပေါ့နော်… ပညာရေးကို ငွေနဲ့ဝယ်နိုင်တဲ့ခေတ်ရောက်နေပြီဆိုတော့ ဘာမှမပူပါနဲ့ အဆင်ပြေသွားမှာပါ။ 😛
aungnng87
February 17, 2012 at 5:08 pm
ဦးပါလေရာရေ…ဘိုကျောင်းတက်ပြီး မြန်မာစာလည်း အဖတ်နည်းပြီး မဖတ်တတ်တာဖြစ်သွားဦးမယ်။ ကျနော့်သူငယ်ချင်းရဲ့သမီးလေး ဘိုကျောင်းထားတာသူတို့အခေါ်၄တန်းလောက်များရှိမလားမသိ..။အရီးတောင်းကိုဖတ်လိုက်တာ..အင်္ဂလိပ်လိုRသံကြီးနဲ့ဘယ်လိုသံထွက်မလဲ စဉ်းစားကြည့်လိုက်…။အင်္ဂလိပ်လိုတော့ကျွမ်းသလားမမေးနဲ့ အဲဒီအရွယ်နဲ့ဝတ္တုတွေဖတ်နေပြီ။ သူ့အမေပြောတဲ့အင်္ဂလိပ်စကားကိုနားထောင်ပြီး စိတ်ပျက်နေတယ်။
Thel Nu Aye
February 17, 2012 at 5:09 pm
အခုခေတ်ကများသောအားဖြင့် ၁ဝ တန်းမှာအမှတ်ကောင်းလို့ ရေကြောင်းတက္ကသိုလ်၊ ဆေးကျောင်း၊ အင်ဂျင်နီယာတက္ကသိုလ် မှမဝင်ရင်တတ်နိုင်လို့ကတော့နိုင်ငံခြားထွက်ကြတာချည်းပဲ။ ဒီမှာရိုးရိုးဘွဲ့နဲ့အလုပ်ရှာရတဲ့ဒုက္ခကိုမခံကြတော့ဘူး။ အဲတော့ ၁ဝ တန်းအောင်ပြီးမှနိုင်ငံခြားထွက်ပြီး အင်္ဂလိပ်စာကိုမမှီမကမ်းလိုက်မယ့်စာရင် ငယ်ငယ်ထဲကအင်္ဂလိပ်စာကိုအခြေခံကနေ ကျွမ်းကျင်ပြီး သွားတာပိုကောင်းတာမို့တတ်နိုင်ရင်ငယ်ငယ်ထဲကတန်ဖိုးနဲဘိုကျောင်းကောင်းလေးတွေမှာထားရင်တော့ ပိုကောင်းတာပေါ့။ နောက်အခုဆိုရင် နိုင်ငံခြားကတက္ကသိုလ် တွေလဲလာဖွင့်ကုန်ပြီဆိုတော့သိပ်ကုန်ကျစ ရာမရှိပဲနိုင်ငံတကာအဆင့်မှီဘွဲ့တခုရနိုင်တဲ့အပြင် အလုပ်လဲပြည်တွင်းကရိုးရိုးဘွဲ့ထက်စာရင် ပိုအခွင့် သာနိုင် တယ်လို့ကျွန်မထင်ပါတယ်။ နောက်ဘို်ကျောင်းတွေမှာထားတာကတော့ ကလေးတွေရဲ့ ငယ်ဘဝလွတ်လပ်ခွင့်ကိုပိုရစေနိုင်ပါတယ်။ ဆော့ချိန်ကမြန်မာကျောင်းတွေထက်ပိုရပါတယ်။ နွေဆိုလဲ အပြည့်အဝနားခွင့်ရကြ ပါတယ်။ တနေ့စာတနေ့ကျောင်းကအရသင်လိုက်တော့အိမ်စာလဲမပါ၊ ကျက်စာလဲမပါ နဲ့စာအတွက်လဲစိတ်ဖိစီးမှု့မရှိစေပါဘူး။
htet way
February 17, 2012 at 5:49 pm
ဟာသလေးတွေများ ရေးလျှင်ကော ?
မဖြစ်သေး… ဒီရွာသားတွေက သူတော်ကောင်းစိတ်ကောင်းရှိသူတွေဖြစ်သည်။
ကိုယ်ကရယ်စရာပြောတာကို ဂရုဏာသက်ပြီး မျက်ရည်လည်ရွဲဖြစ်ကုန်မှဖြင့်..။
ဆရာဟာသရေးရင်အောင်မြင်မယ် အခုဆောင်းပါးအစပိုင်းမှာတင် ဟာသဓါတ်ရှိလို့ ရယ်မိပါတယ်
ကျောင်းကိစ္စ… ငွေပဲအရေးကြီးတယ် ကျွန်တော်အမျိုးတစ်ယောက် အင်တာနေရှင်နယ်
ကျောင်းထားရင်းနဲ့ခါးလယ်မှာပြတ်သွားလို့ အစိုးရကျောင်းပြန်ထားရတာတွေ့ဖူးတယ်။
အစိုးရကျောင်းလည်းနောင်ကိုကျောင်းကောင်းဖြစ်လာနိုင်တာပဲလို့မျှော်လင့်မိပါတယ်။
ဒီလို အတွေးကောင်းခောတ်နဲ့ သက်ဆိုင်တဲ့ Realismလေးတွေထပ်ရေးပါဆရာ
ကျေးဇူးတင်ပါတယ်။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 17, 2012 at 7:16 pm
ဦးပါလေရာ ရေ
အပြင်ကျောင်းတွေမှာ တချို ့ကျောင်းတွေဆိုရင် ပြဠာန်းစာအုပ်တွေအဆင့်မြင့်ပါတယ်။သင်ကြားမှုမကောင်း
လို ့ပြန်ထွက်နေတယ်။ပြီးတော့ အစိုးရကျောင်းပြနိတက်နေကြတဲ့ကျောင်းသားတွေလဲရှိနေပါတယ်။အစိုးရ
ကျောင်းကိုပြီးလို ့နိုင်ငံခြားတက္ကသိုလ် တစ်ခုကိုသွားမယ်၊ဒါမှမဟုတ် ပြည်တွင်းမှာဘဲတက်ရမယ်ဆိုတာကတော့
ကောင်းပါတယ်ဗျာ။
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 17, 2012 at 8:31 pm
အခုခေတ်ကြီးထဲမှာတော့ဗျာ …။
ရိုးရိုးကျောင်း ထားတယ်။ ဆယ်တန်းအောင်ရင် သင်တန်းတစ်ခု တက်တယ်။ ပြီးရင် သင့်တော်တဲ့ အလုပ်ဝင်လုပ်တယ်။ ဒီပုံစံအတိုင်း သွားနေကြတာပါပဲ။
ဘွဲ့ရခဲ့ရင်လည်း ကိုယ်ရတဲ့ ဘွဲ့က သုံးစားလို့မှ မရတာ။ ကိုယ်ရတဲ့ ဘွဲ့နဲ့ ပတ်သက်တဲ့ အလုပ်ကိုလည်း ပေးနိုင်ဘူးလေ။ ဒီတော့ ရိုးရိုးဘွဲ့ရ အလကား ဖြစ်သွားတာပေါ့ဗျာ။
ဘိုကျောင်း ထားရင်တော့ တကယ်တော့ တတ်ပါမယ်။ ဒါပေမယ့် ကုန်ပေါက်က သူဌေးတွေမှ ပြန်ဖာနိုင်မယ့် ကုန်ပေါက်မျိုး ဖြစ်နေပြန်ရော။
ဦးဦး ပြောသလို ကိုယ့်ကိုယ်ကို ဗေဒင် ပြန်မေးပြီး တက်နိုင်ရင် ဘိုကျောင်း ထားလိုက်တာ ကောင်းပါတယ်။ ဗေဒင် မဟန်ရင်တော့ ရိုးရိုးကျောင်း ထားပြီး ခေတ်ရဲ့ လမ်းစဉ်အတိုင်း သွားတာက ကောင်းပါကြောင်း …. ။
htoosan
February 17, 2012 at 8:48 pm
ကိုယ်ဘယ်လောက် တတ်နိုင်မှာလည်း ပေါ်မူတည် လို့ထားပါ ။ အပြင် ကျောင်းမှာ ၁၂ တန်းအထိ ထားကြရပါသည် ။ ပြီးလျှင် နိုင်ငံခြား မှာ ကောလိပ်တက္ကသိုလ် ဆက်ထားရပါမည် ။ ငွေကြေး ပေါ်လုံးဝမူတည်ပါသည်။
အပြင်ကျောင်း။
(၁) အင်္ဂလိပ်စာကောင်း ရျ် မြန်မာစာ ညံ့ပါမည် . မြန်မာ စာ အိမ်မှာ ကျူရှင်ပြန်ထားရပါသည်။ သို့သော် ဂရုမစိုက်သောကြောင့် ကောင်းစွာ မတတ်ပါ ။ အတန်းနဲနဲ ကြီးလာလျှင် အချို့ ဘာသာရပ်များ ကျုရှင်ပြန်ထားရပါသည် . ထို့ ကြောင် ကျောင်းပြီးလျှင် အားကစားလုပ်ယုံဆိုသည် မှာ မမှန်ပါ ။ သချာင်္ ၊ရူပ စသည်ဖြင့် ကိုယ်ယူရာ ဘာသာ ညံ့သည့် ဘာသာ ပြန်ယူကြပါသည် ။ ထိုသော အခါ ကျုရှင် လခ တစ်ဘာသာ အနည်း ဆုံး ငါးသောင်းထပ်လိုက်ရပါသည် ။
(၂) အပေါင်းအသင်း ဝင်ဆန့်သူများ ဖြစ်လာကြပါသည် ။ အတန်းကြီးလာလျှင် ပါတီ မွေးနေ့ ဘာပွဲ ညာပွဲ တို့နှင့် မူးကြ က ကြ သည်များလည်း ရှိပါသည် ။ နောက်ထပ် မုန့်ဘိုးပေးရန်ပြင်ပါ ။ အပေါင်းအသင်းများမှာ သုံးစွဲနိုင်သူများကြပါသည် ။ မိမိ ကလေး စိတ်ဓါတ်မကျစေရန် နောက်ကလိုက်ရပါလိမ့်မည်။
(၃) ကွန်ပြူတာ ကြွမ်းကျင်ကြပါမည် ။ အင်တာနက် အိမ်တွင် မဖြစ်မနေ တပ်ပေးရပါသည် ။ ၎င်းတို့ အိမ်စာများမှာ နက်ထဲမှာ ဟိုရှာ ဒီရှာဖြင့် လုပ်ကြရသော ကြောင့်ဖြစ်သည် ။
(၄) နှစ်စဉ် ခရီးထွက်ကြပါသည် ။ ပြည်တွင်းသာ မက အတန်းကြီးလာလျှင် နိုင်ငံခြားပါ သွားကြပါသည် ။
စာရင်းချုပ်လျှင် ထင်တာထက်ပိုကုန်ပါလိမ့်မည် ။
တကယ်တန်းပြောရလျှင်တော့ ကလေး နှင့် မိဘ အုပ်ထိန်းမှု့ပေါ်တွင်များစွာမူတည်ပါသည် ။
မြန်မာကျောင်းဘဲထားထား အပြင်ကျောင်းဘဲထားထား သူကြိုးစားမှ ရပါသည် ။ အင်္ဂလိ်ပ်စကားကောင်းသာ တာ အပေါ်ယံ မကြည့်သင့်ပါ ။
ကိုယ်ငွေကြေး လှည့် ကြည့်စရာမလိုလျှင် အပြင်ကျောင်းထားပါ ။
ငွေကြေး အခက်အခဲရှိနိုင်လျှင် မြန်မာကျောင်းသာ ထားပြီး အင်္ဂလိပ် စာ ၊ ကွန်ပြူတာ ငယ်ငယ်ထဲံက အပြင်မှာ သင် ၊ အားပေးတာ သာ လုပ်သင့်ပါသည် ။
ကြုံတုန်း သူများ အတင်းတုပ်ရလျှင် ဘောလုံး အုတ်ကထ ကြီးသည် သူ့ခလေးအား အပြင်ကျောင်းထားပြီးမှ တီတီစီ သို့ ပြောင်းထားပါသည် ။ ထို အချိန် တီတီစီတွင် ဖိုးဖူလ်းမွန်း တက်နေကြောင်းနှင့် ထိပ်တန်းအရာရှိကြီးများ၏ သားသမီး မြေးများ ရှိသောကြောင့်ဟု ပြောကြပါသည် ။
weiwei
February 17, 2012 at 8:51 pm
တတ်နိုင်ရင်တော့ ဘိုကျောင်းထားတာ ကောင်းပါတယ် … စာသင်ပုံသင်နည်း အရမ်းကွာပါတယ် … ဘိုကျောင်းက ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ စဉ်စားတွေးခေါ်နိုင်မှု လွတ်လပ်စွာတွေးခေါ်တတ်မှုနဲ့ အနုပညာကအစ သိပ္ပံပညာအဆုံး လေ့ကျင့်သင်ကြားပေးပါတယ် …
မကောင်းတာတစ်ခုကတော့ ဘဝင်မြင့်ရောဂါနဲ့ အပေါင်းအသင်းပြသနာရှိတယ် … ဘိုကျောင်းမှာထားလို့ ကျူရှင်ခသက်သာလိမ့်မယ်လို့တော့ မထင်ပါလိုက်ပါနဲ့ … သူတို့လဲ ကျူရှင်လိုပါတယ် … အထက်တန်းလောက်ရောက်ရင် ဒုက္ခရောက်ကြတာ တွေ့ဖူးတယ် … ဘိုကျောင်းတွေမှာ သင်နေတဲ့ ဆရာ ဆရာမ အများစုက မူလတန်းနဲ့ အလယ်တန်းလောက်ကိုသာ ပိုင်ပိုင်နိုင်နိုင်သင်နိုင်ကြပြီး အထက်တန်းအဆင့် ရူပဗေဒ၊ ဓါတုဗေဒ တွေမှာ အားနဲနေပါသေးတယ် … ကလေးတွေကို စိတ်ဝင်စားအောင်မသင်နိုင်ပါဘူး … ထက်မြက်တဲ့ကလေးတွေရဲ့ အမေးတွေကို ကျေနပ်အောင် မဖြေရှင်းပေးနိုင်လို့ ပြသနာများစွာ အထက်တန်းအဆင့်မှာဖြစ်နေတယ် …
မတတ်နိုင်တဲ့ မိဘများအနေနဲ့ ရိုးရိုးအစိုးရကျောင်းမှာထားပြီး ဂရုတစိုက်လေ့ကျင့်ပေးရင်လည်း ဖြစ်ပါတယ် … အခုဆိုရင် ကလေးတွေအတွက် အင်္ဂလိပ်စာသင်တန်းတွေ (NELC လိုမျိုး၊ ဗြိတိသျှသံရုံးမှာ ဖွင့်တဲ့ သင်တန်းတွေလိုမျိုး…), စနေ တနင်္ဂနွေပိတ်ရက်တွေမှာ ဖွင့်တဲ့ ILBC က သင်တန်းတွေလိုမျိုး၊ သချင်္ာသီးသန့်သင်တန်းတွေ စသဖြင့် သင်တန်းတက်နိုင်အောင် စီစဉ်ပေးသင့်ပါတယ် … ကျောင်းကသင်ခန်းစာကိုလဲ စဉ်းစားတတ်တဲ့အလေ့အကျင့်ရအောင် မိဘက ဂိုက်လုပ်ပေးမယ်ဆိုရင် ပိုကောင်းပါတယ် …
pazflor
February 17, 2012 at 9:01 pm
ဟုတ်တယ်ခင်ဗျ ဘိုကျောင်းလည်း ကျူရှင် လိုတာ တွေ ့ရပါ တယ်၊ မဝေဝေ ပြောတာ ဟုတ်ပါတယ်
Khin Latt
February 17, 2012 at 10:05 pm
ဦးဦးပါလေရာ ရေ့
မရေးတတ်လို့သာတော်ပါသေး။ 😉
အတော်လေးကို ဖတ်လို့ကောင်းပါရဲ့။
ကျွန်မ သာဆိုရင် – တတ်လဲတတ်နိုင်တယ် ဆိုရင်- အင်တာနေရှင်နယ်ကျောင်း ကို အရင်စထားကြည့်ပါလား။
ဘာလို့ လဲဆိုတော့ အဲဒီ မှာ က ခလေးလို ပုံသေ ကျက်မှတ်သလို ပုံမသွင်းဘဲ ကိုယ့်ဟာကိုယ် စဉ်းစားတွေးခေါ် တတ်အောင် စသင်မယ်ထင်ရဲ့။
ခလေး ကျောင်းကြီး မတက်ခင်ကြားအချိန် ဒီ ၂နှစ် – မှာတော့ အစိုးရ က ပညာရေး ကို စနစ်တကျ သေသေချာချာစဉ်းစားလာဖို့ နဲ့ ပြည်ပ က နည်းပညာ တွေ၊ ပံ့ပိုး မှု အကူအညီ တွေ ရဖို့ ကို ဆုတောင်းကြတာပေါ့။
ဒီလို ဆုတောင်းရုံကိုမှ အားမရရင် ဒီလို ရွာထဲ မှာ ပညာရေး ကောင်းရန် တွန်းပေး တိုက်ပေး သော ကန်ပိန်း တွေ မကြာမကြာ ပြင်းပြင်းထန်ထန် လုပ်ကြတာပေါ့။
ဒီလို လုပ်နိုင်ဖို့ အတွက် အခု “ခလေးတွေကို မူကြိုစထားပြီး နောင်အနာဂါတ်ကျောင်း အတွက် ခေါင်းခဲ နေတဲ့ မိဘ များ” ကို ဂေဇက်မှာ မန်ဘာ ဝင်ပြီး အားပေးဖို့ စည်းရုံး ပါ ဦးဦးပါလေရာ ရှင့်။
(သူကြီး ကိုယ်စား စည်းရုံးရေး ဆင်းပါ၏) 😀
MaMa
February 18, 2012 at 6:07 am
ဦးပါလေရာရေ-
အစိုးရကျောင်းထားရေး၊ ဘိုကျောင်းထားရေးဆိုတာ ခုခေတ်မှာ မိဘတွေ ခေါင်းစားနေရတဲ့ ကိစ္စတစ်ခုပါပဲ။
နောက်တစ်ခု ခေါင်းထပ်စားပေးလိုက်မယ်။
နိုင်ငံခြားမှာ သွားထားရင်ကော????
အခု မူလတန်းကျောင်းသားကအစ မိဘမလိုက်နိုင်လည်း ဘော်ဒါလို (စားဝတ်နေရေး) တာဝန်ယူပြီး လုပ်ပေးနေတာတွေ စင်္ကာပူမှာ ရှိနေပါပြီ။
ဘိုကျောင်းထက် ပိုသေချာတယ်။
ကုန်ကျစရိတ်လည်း သိပ်မကွာဘူး။
Foreign Resident
February 18, 2012 at 7:17 am
ကိုပါလေရာရေ
အဘ သူငယ်ချင်း သားသမီးတွေကတော့
ဘိုကျောင်း ထဲမှာမှ အမြင့်ဆုံး ၂ ကျောင်းဖြစ်တဲ့
Diplomatic School နှင့် International School တွေမှာထားကြပါတယ် ။
တစ်ခုက American Syllabus ၊ နောက်တစ်ခုက British Syllabus ။
အဲဒီ သားသမီးတွေ မိဘတွေကိုရော အဘကိုပါ
ရိုင်းရိုင်း စိုင်းစိုင်း ပြန်ပြောနေကြတာ ကိုယ်တွေ့ပေါ့ ။
ဒါပေမယ့် အဘ Personal အမြင်ကတော့
အဲဒီလို ကိုယ်မှန်တယ်ထင်လို့
လူကြီးမိဘကို မဟုတ်မခံပြန်လှန်ကြတဲ့ ကလေးတွေကို
လက်ခံ အားပေးပါတယ် ။ သဘောကျပါတယ် ။
မြန်မာကျောင်းတွေမှာကတော့
ငယ်ကတည်းက မိဘ ဆရာပူးပေါင်းပြီး ရိုက်နှက် ပုံသွင်းခံထားရတဲ့
ဦးကျိုးနေတဲ့ လူကြောက်လေးတွေကို မွေးထုတ်ပေးနေတာပေါ့ ။
ဦးတည်ချက် မတူကြဘူးလို့ မြင်မိတယ် ။
ဘိုကျောင်းတွေက စကတည်းက ငယ်စဉ်ကတည်းက
သူတို့ကျောင်းသားတွေကို ခွဲခြမ်း စိတ်ဖျာတတ်အောင် ၊ ပြောရဲဆိုရဲ ရှိအောင် ၊
တနည်း ခေါင်းဆောင် ဖြစ်အောင် ဦးတည် မွေးထုတ်ကြတာဖြစ်မယ် ။
မြန်မာကျောင်းတွေကတော့ အခြေခံပညာအဆင့်မှာ
နောက်လိုက်ကောင်း အဆင့်သာသာတွေကို ဦးတည် မွေးထုတ်ကြ ပြီး ။
( စက်ရုံ လုပ်သား ၊ အခြေခံ လုပ်သား အဆင့်လောက်အထိပေါ့ )
တက္ကသိုလ် အဆင့်ရောက်မှ ခေါင်းဆောင်မှု ပညာကို
သူ့ဘာသာ ဆက်လေ့လာချင် လေ့လာတော့ ဆိုတဲ့ သဘောရှိမယ် ထင်တယ် ။
အဘ ကတော့ ဘိုကျောင်း တက်ဖို့ကို အားပေးပါတယ် ။
ဒါပေမယ့် ( But, very big BUT )
ကလေးတစ်ယောက်စီတိုင်းအတွက် မြန်မာငွေ သိန်း တစ်ထောင်စီ
ဘာမှ မလုပ် မထိပဲ ဖယ်ထားနိုင်ပြီ ဆိုရင်ပေါ့ ။
ဘိုကျောင်း တက်ပြီဆိုကတည်းက
အစိုးရ ပညာရေး လမ်းကြောင်းအတိုင်း မသွားတော့ပဲ ၊
GCE / GCSE အခြေခံပညာရေး ၁၂ နှစ် ပြီးရင်လည်း
နိုင်ငံရပ်ခြား တက္ကသိုလ် မှာ ဘွဲ့ရတဲ့ အထိ ဆုံးခန်းတိုင် ထားပေးရတော့မှာလေ ။
အဲ့လောက်ကတော့ ကုန်သွားမှာပဲ ။
kyeemite
February 18, 2012 at 9:30 am
အဘဖေါပြောသွားတာပြည့်စုံနေပီဆိုတော့ များ..ဘာမှဝင်မပြောတော့ပါဘူး…
များ လဲကိုယ့်ကလေးတွေကို Diplomatic School (သို့) International School မှာအရမ်းကို
ထားချင်တာပါ..ဒါပေမဲ့ ဈေးရောင်းစားနေရတာဆိုတော့ မတတ်နိုင်ဘူးလေ..ရိုးရိုးကျေင်းထား။နွေ
ပိတ်ရက်မှာ ဘိုစာသင်တန်းလေးဘာလေးထား…တွေးတတ်ခေါ်တတ်အောင်တော့..ကိုယ်တိုင်ဘဲ
ထရိန်းပေးရမှာဘဲ…အဓိကက “ငွေ” မဟုတ်ပါလားအရပ်ကတို့..
htoosan
February 18, 2012 at 9:53 am
သိန်းတစ်ထောင်ဆိုတာ နိင်ငံခြားမှာ သွားထားရမယ့် တက္ကသိုလ် စားရိတ်သာ ရှိပါသေးတယ် ။ ပျှမ်းမျှ တစ်နှစ် သိန်းသုံးရာ မို့လို့ ၄ နှစ် ဆိုရင်တောင် သိန်း တစ်ထောင့်နှစ်ရာ ချောပါပြီ။ သူ့စားရိတ်က part time အလုပ်လုပ်ပြီး ရှာခိုင်းဦးတော့ …… မြန်မာပြည် မှာ ထားတဲ့ စားရိတ်မပါသေးဘူး ။။
ကလေးတစ်ယောက်စာ ဘဲရှိသေးတယ် .. အနည်းဆုံး နှစ်ယောက် နဲ့ တွက်မယ် ဆိုရင် … တစ်ယောက်ထားပြီး နောက်တစ်ယောက် က လည်း မထားလို့ မဖြစ်သေးဘူးလေ ….
ဆိုတော့ ငွေက အခရာ ဖြစ်နေပြီ…………
etone
February 18, 2012 at 10:03 am
တတ်နိုင်တဲ့ မိဘများကတော့ … ကျောင်းထားတာတောင် အစိုးရကျောင်း ဘိုကျောင်းခွဲနေနိုင်သေးပေမယ့် … ချို့တဲ့ ရှာတဲ့ မိဘများကတော့ …သား သမီး ကို ဘုန်းကြီးကျောင်း ပညာရေးတောင် ထားဖို့အနိုင်နိုင် …. ။ 🙁
မိဘများ ကိုယ့်သားသမီးကို တတ်နိုင်လို့ ဘိုကျောင်းထားတာကတော့ တပိုင်းပေါ့ … ဖြည့်ဆည်းပေးမယ့်ဆိုလျှင်တော့ .. ခါးဆက်ပြတ်လို့ မရဘူး …. ။ ဘိုကျောင်းထားတာနဲ့ တပြိုင်နက် .. သူများနည်းတူ အသုံးဆောင် ၊ အစားသောက်တွေပါ ပံ့ပိုးပေးဖို့ စရိတ် ထည့်တွက်ထားသင့်တယ် …. ။ တတ်နိုင်သူတွေကြားထဲ … ကိုယ့်ကလေးကို အပြည့်ဝ ပံ့ပိုးမပေးနိုင်လျှင်တော့ … ဘိုကျောင်းထားပြီး … ကလေး စိတ်အားငယ်သွားမှာလည်း စိုးတယ် … ။ ဒါ့အပြင် … ဘိုကျောင်းတတ်ပေမယ့် .. တဖက်က မိသားစုတွင်း ဆက်ဆံရေးအပါဝင် ၊ မိဘအပေါ် ရိုသေလေးစားမှုလေးပါ မပျောက်သွားအောင်တော့ … မိဘဖြစ်တဲ့လူတွေက ကျောင်းချိန်ပြင်ပမှာ … ထိတွေ့ဆက်ဆံပြီး … သင်ပေးသင့်ပါတယ် … ။ 🙄
K@oru
February 18, 2012 at 10:11 am
ပြောလိုက်စမ်းဘာအေ. ….
ကျုပ်တို့လို စာမတတ်တဲ့ကောင်ဒွေ မိဘဖြစ်လာမယ့်ခေတ်မှာ ….
ထမင်းတောင် မနည်းနပ်မှန်အောင် ရုန်းရမယ့်ခေတ်မှာ …
ဘာ တောင် ခေတ်မမီတော့လို့…
ယနေ့ခေတ် ဘာမှ ဘာဖြစ်တယ်….ပြောတာကိုတော့
အားဂျီး စိတ်ထိခယက်တယ်……
အော် …စာမတတ်တဲ့ကောင်များ …မိဘဖြစ်ရမှာတောင် ရှက်သေးသတော့ …
ခွိ…..
ရန်စတွားဘာသည်…
windtalker
February 18, 2012 at 10:42 am
မောလိုက်တာ ဦးပါရာ
ကျွန်တော့်ကို ကျောင်းထားပညာအမွေသင်ကြားပေးခဲ့တဲ့ မိဘကျေးဇူး ကို အခုမှ သတိရမိတယ် ။
မွေးမေ ကျေးဇူးဆပ်ဖူးချင်တယ် ဗျို ့
blackchaw
February 18, 2012 at 11:55 am
ကိုပါလေရာရေ။
ကလေးမရှိလို့
အဲဒီအပိုင်းကို သိတ်နားမလည်ပေမယ့်
လက်မလေးတစ်ချောင်းထောင်ပြီး အားပေးသွားပါတယ်ဗျာ။
အော် လက်မထောင်မယ်ဆိုမှ
လက်မတွေက ပျောက်နေတယ်ကိုပါလေရာရေ။
ပေါ်လာတဲ့အခါ ပြန်ထောင်လိုက်ပါ့မယ်။
အခု အကြွေးထောင်သွားပါတယ်ဗျာ။
ဦးဦးပါလေရာ
February 18, 2012 at 11:00 pm
ကိုဘလက်ချောရေ…
အကြွေးလက်မလေးအတွက် ကျေးဇူးပါဗျား..
ကိုဘလက်ကမှ လက်မပျောက်တာတော်သေးတယ်
ကျုပ်ဖြင့် တနေကုန် ကွန်မင့်ရေးဘို့ အကြိမ်ငါးဆယ်ထက်မနည်း ကြိုးစားတာ လုံးဝမရဘူး။
အခု ညဆယ်နာရီခွဲပြီးမှ ရတော့တယ်။
ဒီကွန်မင့်တောင် submit လိုက်ရင် ဘယ်ရောက်သွားမယ်မသေချာဘူး….. 😛
ကိုပေါက်(မန္တလေး)
February 18, 2012 at 12:54 pm
အဓိကအချက်ကတော့
လောင်းထဲ့တာခြင်းတူယူ ခံယူတာ ထက်မြက်တဲ့လက်က ပိုမြင့်သွားမှာအသေအချာ။
ခံယူတဲ့လက်က မထက်မြက်လို့ကတော့ ရလဒ်က ပိုကောင်းမလာနိုင်ပါဘူး။
အဲတော့ ဘယ်မှာဆိုတာထက် အသင်ကြားခံယူသူကလေးက ဘယ်လိုမျုးိဆိုတာက ပိုအရေးကြီးနိုင်ပါတယ်.။
ကြောင်ကြီး
February 18, 2012 at 1:08 pm
တွေ့ဖူး ကြားဖူးတာတော့ ဘိုကျောင်းတက်လို့ ကြာလာရင် ဘိုစိတ်ပေါက်ရင်ပေါက် မပေါက်ရင် ဘိုလမ်းနီးပါတယ်။ ဘဝင်ပေ့ါဗျာ…ပတ်ဝန်းကျင် အသုံးအဆောင် အနေအထိုင် အားလုံးကွာသွားခဲ့ပြီကိုး။ ဆယ်ကျော်သက်အရွယ် အထက်တန်းအဆင့်မှာ မိဘက လိုက်ပံ့ပိုး ပေးနိုင်ရင်ကောင်းရဲ့ မပေးနိုင်ရင်တော့ ရေစက်သာချထားလိုက်ကြတော့…။ မိဘတွေဖက်က ဘယ်လောက်ပဲ စောင့်ကြပ်စောင့်ကြပ် အပျိုဖော် လူပျိုဖော်ဝင်ချိန် အပေါင်းအသင်း ဖိအားကို ခံနိုင်သူအတော်ရှားတယ်။ ငယ်စဉ်က ဘယ်လောက်ပဲ ပြောစကား နားထောင်ထောင် ကြီးလားရင် ပြောင်းကုန်တာပဲ။ အဲဒီအချိန်ပိုင်းမှာ သူလေးစားယုံကြည် လက်ခံတဲ့ ပတ်ဝန်းကျင် ပုဂ္ဂိုလ်အပေါင်းအသင်းများက ရေပေါ်ဆီအလွာ ဘိုလမ်းနီးသူများဆိုရင် သူလည်းဘိုလမ်းနီးမှာ ဓမ္မတာပဲ။ အကောင်းဖက်ကပြောရင် လူဝင်ဆံ့မယ်၊ ခေတ်မှီပွင့်လင်းမယ်၊ I go to school by bus ကို စဉ်းစားပြောနေစရာ မလိုဘူး။ အားနည်းချက်က စာနာမှုနည်းမယ်၊ လက်တွေ့လျောက်လှမ်းရမဲ့ဘဝနဲ့ ကင်းကွာမယ် (တကယ်ချမ်းသာရင်၊ ဆွေမျိုးကျောထောက်နောက်ခံရှိလို့ နိုင်ငံခြားပို့ စာဆက်သင်မှာ သေချာရင် တမျိုးပေါ့နော်)။ တော်တာ လျော်တာ ပွင့်ပွင့်လင်းလင်း တွေးခေါ်တတ်တာကတော့ ဒီလောက် မဟုတ်ပါဘူး။ ဘိုကျောင်းတက်မှ ဖြစ်ကြေးဆို အနောက်နိုင်ငံက တက္ကသိုလ်တွေမှာ အာရှက ကျောင်းသားတွေ ခေါင်းဖော်နိုင်ကြပါ့မလား။ ပြင်ပဗဟုသုတဆိုတာ ကျောင်းကောင်းမှ ရှာနိုင်တာမဟုတ်သလို ဘဝမှာအောင်မြင်ဖို့ဆိုတာလည်း ကျောင်းကောင်းတာတခုထဲနဲ့ မလုံလောက်ဘူး။ အရေးကြီးတာ ကျောင်းစာတခုထဲ ပိမနေဖို့၊ အပြင်စာများများဖတ်ဖို့ဖြစ်ပါတယ်။ ကျောင်းကောင်းတက်နိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ။ မိဘတွေ ကြေးကြီးပေးပြီး သားသမီးတွေကို ဈေးအကြီးဆုံး အထက်တန်းကျောင်းတွေမှာထားတာ စာတော်ဖို့အပြင် အပေါင်းအသင်းကောင်း ရဖို့လည်းပါတယ်လေ။
တညင်သား
February 18, 2012 at 4:05 pm
ကျွန်တော်ကတော့ ဘိုကျောင်းထားမယ် ဘို ဆိုလို့ တယောက်ထဲမထင်ပါနဲ့ ဘိုတစ်ထောင်ကျောင်းမှာ ထားမှာ….
ပြောသာပြောရတယ် မုန့်ဆီကျော်တောင် ဘယ်စီနေမှန်းမသိသေးဘူး…………
တက်နိင်တဲ့ သူကတော့ တက်နိင်သလိုပေါ့ မတက်နိင်သူကလဲ မတက်နိင်သလိုပေါ့… .. ကိုရွေးချယ်လိုက်တဲ့ ကျောင်းကနေပြီး
ဘယ်လို ဆက်လက် ကောင်းအောင်ပံ့ပိုးပေးနိင်မလဲပဲ စဉ်းစားသင့်ပါတယ်………
နေဝန်းနီ
February 18, 2012 at 5:56 pm
ငုံထောင်မရတဲ့
ကုန်းခေါင်ခေါင်မှာ
နှင်တံလေးတစ်ချောင်းနဲ့
နေပူကျဲကျဲ
နွားကျောင်းနေရတဲ့ကလေးငယ်တွေ
နေပူပူ ရေဆူဆူမှာ
အိုင်ပက်လက်ထဲ
ဖားရှာငါးရှား
ညအိပ်စရာ လုံခြုံမှုကင်းတဲ့ကလေးငယ်တွေ
မြွေရေခွံအိတ်
သိုင်းကြိုးတပ်လွယ်
အမှိုက်ပုံတစ်ကာဖြဲ
စွန့်ပစ်ပစ္စည်းတွေ လိုက်သိမ်း
ညစာအတွက်ဆန်ဝယ်စားရတဲ့ကလေးငယ်တွေ
သူတို့တွေ ကတော့
ဘယ်ကျောင်းမှ နေချင်ပါတယ်လို့ကို မပြောကြပါဘူး
ဦးဦးပါလေရာရေ့….။
စိန်ပေါက်ပေါက်
February 18, 2012 at 7:08 pm
ကဗျာဆရာကြီး
ကဗျာစပ်ပြီး ပြောသွားတာ နိပ်သဟ
စိတ်မကောင်းလိုက်တာ အဲခလေးတွေအတွက်
🙄
ဦးဦးပါလေရာ
February 18, 2012 at 10:48 pm
မိမိယူဆချက်များ၊ သိမှတ်သင့်သည်များကို ကွန်မင့်များရေး၍ အကြံဉာဏ်ပေးကြပါသော မိတ်ဆွေ ရွာသူရွာသားအပေါင်းတို့ကို ကျေးဇူးတင်လှပါကြောင်း…။
ဒီပိုစ့်မှာ ဖေါ်ပြထားတဲ့ ကျုပ်မိတ်ဆွေအတွက်ရော-
လာမယ့် February 24th-27th မှာ တပ်မတော်ခန်းမမှာပြုလုပ်မယ့်
Education Living & Health Care Exhibition မှာ
လက်ကမ်းကြော်ငြာတွေ တပွေ့ကြီးဖတ်ပြီး ဘိုကျောင်း/အတန်းကျောင်းရွေးကြမယ့် မိဘများအတွက်ပါ
အလွန်အဘိုးတန်သော ကွန်မင့်များဖြစ်ပါတယ်။
(ဖြစ်နိုင်ရင် ဒီကွန်မင့်တွေ ပရင့်ထုတ်ပြီးတောင် အပေါက်ဝက စောင့်ဝေချင်သေးတော့….)
ဒီပိုစ့်ကတော့ တဦးချင်းရဲ့ အကြံဉာဏ်တွေ တောင်းခံတဲ့ပိုစ့်မို့ တစ်ဦးချင်းကို ပြန်လည်ဆွေးနွေးရန် မသင့်ပါဘူး။
အခုထိကွန်မင့်ပေးကြသူတွေဆီက တကြောင်းတပိုဒ်စီလောက်တော့ ထုတ်နှုတ်စုစည်းပါရစေ။
ဖတ်မိပြီး စိတ်ဝင်စားတဲ့ အခြားရွာသားများရှိသေးရင်လဲ အကြံဉာဏ်များ လေးစားစွာတောင်းခံအပ်ပါကြောင်း၊ ရွာသူရွာသားမိတ်ဆွေများရဲ့ သဘောထား၊ အယူအဆ၊ အကြံဉာဏ်များဟာ တကယ်ပဲလက်တွေ့ များစွာအကျိုးရှိစေမှာ ဖြစ်ပါကြောင်းဗျာ…….။
စိန်ပေါက်ပေါက် says:
အသင့်အတင့်ဆို ရိုးရိုး အစိုးရကျောင်း။ ပိုလျှံဝင်ငွေရှိရင် ဘိုကျောင်း..
Moe Z says:
အဲဒီအချိန်ဆို ပြည်တွင်းမှာပဲ နိုင်ငံတကာတက္ကသိုလ်တွေပေါ်လောက်ပါပြီ
manawphyulay says:
ခေတ်နဲ့အညီ လိုက်ဖို့ အရင်ဆုံး မူကြိုစတက်ပြီဆိုတာနဲ့ ငွေထုပ်ကြီးကြီး အရင်စုထားဖို့လိုမယ်။
aungnng87 says:
ဘိုကျောင်းတက်ပြီး မြန်မာစာလည်း အဖတ်နည်းပြီး မဖတ်တတ်တာဖြစ်သွားဦးမယ်။
Thel Nu Aye says:
ဘို်ကျောင်းတွေမှာထားတာကတော့ ကလေးတွေရဲ့ ငယ်ဘဝလွတ်လပ်ခွင့်ကိုပိုရစေနိုင်ပါတယ်။
htet way says:
အင်တာနေရှင်နယ်ကျောင်းထားရင်းနဲ့ ခါးလယ်မှာပြတ်သွားလို့ အစိုးရကျောင်းပြန်ထားရတာတွေ့ဖူးတယ်။
အစိုးရကျောင်းလည်း နောင်ကိုကျောင်းကောင်းဖြစ်လာနိုင်တာပဲလို့ မျှော်လင့်မိပါတယ်။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ says:
သင်ကြားမှုမကောင်းလို ့ပြန်ထွက် ပြီးတော့ အစိုးရကျောင်းပြန်တက်နေကြတဲ့ကျောင်းသားတွေလဲရှိနေပါတယ်။
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး says:
ဗေဒင် မဟန်ရင်တော့ ရိုးရိုးကျောင်း ထားပြီး ခေတ်ရဲ့ လမ်းစဉ်အတိုင်း သွားတာက ကောင်းပါကြောင်း …. ။
htoosan says:
စာရင်းချုပ်လျှင် ထင်တာထက်ပိုကုန်ပါလိမ့်မည် ။ တကယ်တန်းပြောရလျှင်တော့ ကလေး နှင့် မိဘ အုပ်ထိန်းမှု့ပေါ်တွင်များစွာမူတည်ပါသည် ။မြန်မာကျောင်းဘဲထားထား အပြင်ကျောင်းဘဲထားထား သူကြိုးစားမှ ရပါသည် ။ ငွေကြေး အခက်အခဲရှိနိုင်လျှင် မြန်မာကျောင်းသာ ထားပြီး အင်္ဂလိပ် စာ ၊ ကွန်ပြူတာ ငယ်ငယ်ထဲံက အပြင်မှာ သင် ၊ အားပေးတာ သာ လုပ်သင့်ပါသည် ။
weiwei says:
ဘိုကျောင်းက ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ စဉ်စားတွေးခေါ်နိုင်မှု လွတ်လပ်စွာတွေးခေါ်တတ်မှုနဲ့ အနုပညာကအစ သိပ္ပံပညာအဆုံး လေ့ကျင့်သင်ကြားပေးပါတယ် …မကောင်းတာတစ်ခုကတော့ ဘဝင်မြင့်ရောဂါနဲ့ အပေါင်းအသင်းပြသနာရှိတယ် … ဘိုကျောင်းမှာထားလို့ ကျူရှင်ခသက်သာလိမ့်မယ်လို့တော့ မထင်ပါလိုက်ပါနဲ့ … သူတို့လဲ ကျူရှင်လိုပါတယ် …
pazflor says:
ဟုတ်တယ်ခင်ဗျ ဘိုကျောင်းလည်း ကျူရှင် လိုတာ တွေ ့ရပါ တယ်၊
Khin Latt says:
အင်တာနေရှင်နယ်ကျောင်း ကို အရင်စထားကြည့်ပါလား။ ဘာလို့ လဲဆိုတော့ အဲဒီ မှာ က ခလေးလို ပုံသေ ကျက်မှတ်သလို ပုံမသွင်းဘဲ ကိုယ့်ဟာကိုယ် စဉ်းစားတွေးခေါ် တတ်အောင် စသင်မယ်ထင်ရဲ့။
MaMa says:
နိုင်ငံခြားမှာ သွားထားရင်ကော????
အခု မူလတန်းကျောင်းသားကအစ မိဘမလိုက်နိုင်လည်း ဘော်ဒါလို (စားဝတ်နေရေး)
တာဝန်ယူပြီး လုပ်ပေးနေတာတွေ စင်္ကာပူမှာ ရှိနေပါပြီ။
ဘိုကျောင်းထက် ပိုသေချာတယ်။
Foreign Resident says:
အဘ ကတော့ ဘိုကျောင်း တက်ဖို့ကို အားပေးပါတယ် ။
ဒါပေမယ့် ( But, very big BUT )
ကလေးတစ်ယောက်စီတိုင်းအတွက် မြန်မာငွေ သိန်း တစ်ထောင်စီ
ဘာမှ မလုပ် မထိပဲ ဖယ်ထားနိုင်ပြီ ဆိုရင်ပေါ့ ။
kyeemite says:
ရိုးရိုးကျောင်းထား။နွေပိတ်ရက်မှာ ဘိုစာသင်တန်းလေးဘာလေးထား…
တွေးတတ်ခေါ်တတ်အောင်တော့..ကိုယ်တိုင်ဘဲထရိန်းပေးရမှာဘဲ…
etone says:
တတ်နိုင်သူတွေကြားထဲ … ကိုယ့်ကလေးကို အပြည့်ဝ ပံ့ပိုးမပေးနိုင်လျှင်တော့ … ဘိုကျောင်းထားပြီး … ကလေး စိတ်အားငယ်သွားမှာလည်း စိုးတယ် … ။ ဒါ့အပြင် … ဘိုကျောင်းတက်ပေမယ့်.. တဖက်က မိသားစုတွင်း ဆက်ဆံရေးအပါဝင် ၊ မိဘအပေါ် ရိုသေလေးစားမှုလေးပါ မပျောက်သွားအောင်တော့ …
K@oru says:
ယနေ့ခေတ် ဘာမှ ဘာဖြစ်တယ်….ပြောတာကိုတော့
အားဂျီး စိတ်ထိခယက်တယ်……
windtalker says:
မောလိုက်တာ ဦးပါရာ
ကျွန်တော့်ကို ကျောင်းထားပညာအမွေသင်ကြားပေးခဲ့တဲ့ မိဘကျေးဇူး ကို အခုမှ သတိရမိတယ် ။
ကိုပေါက်(မန္တလေး) says:
ဘယ်မှာဆိုတာထက် အသင်ကြားခံယူသူကလေးက ဘယ်လိုမျုးိဆိုတာက ပိုအရေးကြီးနိုင်ပါတယ်.။
ကြောင်ကြီး says:
ဘိုကျောင်းတက်မှ ဖြစ်ကြေးဆို အနောက်နိုင်ငံက တက္ကသိုလ်တွေမှာ အာရှက ကျောင်းသားတွေ ခေါင်းဖော်နိုင်ကြပါ့မလား။ ပြင်ပဗဟုသုတဆိုတာ ကျောင်းကောင်းမှ ရှာနိုင်တာမဟုတ်သလို ဘဝမှာအောင်မြင်ဖို့ဆိုတာလည်း ကျောင်းကောင်းတာတခုထဲနဲ့ မလုံလောက်ဘူး။
တညင်သား says:
တက်နိင်တဲ့ သူကတော့ တက်နိင်သလိုပေါ့ မတက်နိင်သူကလဲ မတက်နိင်သလိုပေါ့… .. ကိုယ်ရွေးချယ်လိုက်တဲ့ ကျောင်းကနေပြီး ဘယ်လို ဆက်လက် ကောင်းအောင်ပံ့ပိုးပေးနိင်မလဲပဲ စဉ်းစားသင့်ပါတယ်…
နေဝန်းနီ says:
ညစာအတွက်ဆန်ဝယ်စားရတဲ့ကလေးငယ်တွေ
သူတို့တွေ ကတော့
ဘယ်ကျောင်းမှ နေချင်ပါတယ်လို့ကို မပြောကြပါဘူး
ဦးဦးပါလေရာရေ့….။
weiwei
February 18, 2012 at 11:04 pm
ကျွန်မသူငယ်ချင်းရဲ့အမြင်ကတော့ ဘိုကျောင်းတက်လို့ နှစ်စဉ် ကုန်ကျမယ့်ငွေတွေကို ဘဏ်မှာအပ်ထားပြီး ကလေး ၁၈ နှစ်ပြည့်လို့ ထုတ်ပေးလိုက်ရင် လုပ်ငန်းတစ်ခုလောက် လုပ်လို့ရလောက်ပြီတဲ့ … ကျွန်မ မောင်လေးကတော့ သူ့ကလေးတွေကို ကျွန်မတို့မိသားစုကိုးကွယ်တဲ့ ဆရာတော်တစ်ပါး တည်ထောင်ထားတဲ့ ဘက ကျောင်းမှာပဲ ထားမယ်တဲ့ … ယဉ်ကျေးလိမ်မာအစီအစဉ်ပါတာကို သိပ်ကြိုက်လို့တဲ့လေ …
ဦးဦးပါလေရာ
February 18, 2012 at 11:11 pm
သေချာတာပေါ့ မဝေဝေ ရေ
အထက်တန်းပြီးတဲ့အထိ စုစုပေါင်း ဆယ့်လေးနှစ်မှာ ၅၀ဝ – ၇၀ဝ လောက်တော့ လျာထားရမှာ။
ပြီးတော့မှ ခပ်ရိုင်းရိုင်းဘဝင်လေးတွေ ဖြစ်လာရင် တယ် မတန်ပေဘူး။
(းါကတော့ ကိုယ့်ဖက်ကကြည့်ပြီးပြောတာပေါ့လေ)
kai
February 19, 2012 at 3:37 am
ယူအက်စ်မှာလည်း.. ပါ့ဗလစ်ကျောင်းနဲ့..ပရိုက်ဗိတ်ကျောင်း..ရွေးချယ်မှုမှာ..ပြသနာဖြစ်နေတာပါပဲ..
နည်းနည်းနောနော ဦးနှောက်ခြောက်ရတဲ့ကိစ္စတော့မဟုတ်…။
ကျူရှင်လည်း.. နေ့မီးညမီးဆက်ပြီးချနေကြတာ…
ကျုရှင်ခလည်း.. နည်းနည်းနောနောမဟုတ်…။
စကားအတင်းစပ်ပြောရရင်…
အမေရိက အစိုးရကျောင်းတွေ.. ပရိုက်ဗိတ်ကျောင်းတွေမှာ.. အလုပ်လုပ်နေတဲ့.. မြန်မ-အမေရိကန် ဆရာ/ဆရာမတွေ အများကြီးရှိတယ်..။
သူတို့မှာအတွေ့အကြုံတွေရှိတာပဲ..
မြန်မာပြည်ပြန်ပြီး.. ပညာရေးမြှင့်တင်ဖို့.. တနည်းနည်းစဉ်းစားပေးနိုင်မယ်ထင်တာပဲ..။
နောက်တခုက.. ယူအက်စ်မှာ ကျောင်းလှမ်းထားတာ…
ဒီမှာ မြန်မာတွေလည်း သိန်းဂဏန်းရှိနေပြီလေ…
ဟုမ်းစတေးတို့..မွေးစားတာတို့နဲ့.. လုပ်ပေးနိုင်ရင်ကောင်းမယ်ထင်မိတယ်…။
ဗီဇာစံနစ်တွေ..အချိန်ရရင်တော့ သွားမေးပေးဦးမယ်..။
အစိမ်းကဒ်- စစ်ဒဇင်တွေက.. အစိုးရကျောင်း..ကောလိပ်ကျောင်းစရိပ်က.. ၁ဝဆလောက်သက်သာတာမို့လေ… 🙂
=
http://www.csnchicago.com/preps/news/Public-vs-Private-controversy-continues-?blockID=653184&feedID=629
Public vs. Private controversy continues on
TAYLOR BELL
csnchicago.png
February 17, 2012, 11:27 am
In January, executive director Marty Hickman of the Illinois High School Association spent time with executive directors from around the country. No, they weren’t comparing golf handicaps or favorite vacation retreats.
The No. 1 topic of conversation?
Public schools vs. private schools–and how to deal with the issue.
“Last year, our friends in Indiana had five classes in football and four private school champions — and the same four won the previous year,” Hickman said. “Obviously, that has generated discussion in Indiana. And the same thing has happened in Iowa.”
Illinois has felt the pinch, too. Montini has won three state football championships in a row. Joliet Catholic, Mount Carmel and Providence have won more state football titles than any other school. Marian Central and Bishop McNamara dominated the 1980s.
In girls sports, Mother McAuley has won 13 state titles in volleyball, three in water polo and one in basketball. Quincy Notre Dame has 10 state titles in basketball, soccer, softball and volleyball. Breese Mater Dei has six state titles in volleyball.
According to Matt Troha of the IHSA, 192 of 792 member schools or 24 percent are non-boundaried. That includes Simeon, Whitney Young, Normal University High and other non-private schools that draw students via an application process and not from a fixed area.
In 2008-09, non-boundaried schools won 17 of 67 or 25 percent of the team state championships. The boys won 10 of 34, the girls 7 of 33.
In 2009-10, the figure was 18 of 67 or 26 percent. The boys won 9 of 34, the girls 9 of 33.
In 2010-11, the number rose to 28 percent, 19 of 67, with the boys winning 10 of 34 titles and the girls winning 9 of 33.
In Indiana, while private schools make up only 14 percent of the membership, they win nearly 40 percent of team championships. And seven of the 10 schools that participated in the state football finals last year were non-public, the most ever.
In Ohio, private schools win 70 percent of the wrestling titles, 63 percent of the volleyball titles, 50 percent of the girls soccer and baseball titles, 47 percent of the football titles and 45 percent of the boys soccer titles. And only 16 percent of the membership are non-public.
State officials were so outraged by the domination of private schools that they proposed a plan which called for elevating some schools to higher classes and lowering others based on a formula that included tradition, non-boundary factors and socio-economics. It was narrowly defeated.
Some states have separate playoffs for public and private schools, including New York, Vermont, Virginia and Texas. Wisconsin’s private schools once had their own governing association but the state has since realigned because school officials didn’t want some schools treated differently than others. Other states are thinking about about adopting separate playoff formats.
Since 2009, eight of the 51 state associations, including Illinois, have adopted a multiplier formula which calls for private schools to multiply the number of their student enrollment by a designated figure. In so doing, smaller private schools are reclassified to compete against larger public schools.
Private school administrators argue that the process is unfair and the public vs. private debate has been waging ever since private schools began to dominate in certain sports.
Illinois, Oklahoma, Minnesota and Missouri are among the states that utilize multipliers in an effort to satisfy critics of the public vs. private issue. But all of them admit they are wrestling with the problem, trying to figure out what is fair.
“For the most part, since going to the multiplier and the individual sport waiver, the public/private issue hasn’t been as big a topic of debate among Illinois administrators as it once was,” Hickman said.
“There still is a lot of animosity between public and private schools. We have done some things and helped to level the playing field. But there is no magic silver bullet. What we have done is better than the alternative, which is doing nothing.”
A side issue to all of this is the subject of transferring, which is reaching epidemic proportions. It doesn’t matter whether they are public or private, city or suburban or Downstate, kids are moving from school to school for the purpose of playing sports.
They want to compete at a higher level with and against elite athletes and have an opportunity to gain more exposure to major Division I coaches. It is all about money and scholarships and ego with absolutely no regard for the fact that the percentages, like betting in Las Vegas, are against you.
The latest high-profile case in Illinois involved baseball star Ryan Koziol, who transferred from Brother Rice to Providence. Koziol, who is committed to Arizona, caused a furor when the principal at Brother Rice refused to sign off on the move, claiming the youngster’s move was entirely baseball-related.
The IHSA upheld the principle’s decision and ruled that Koziol was ineligible to compete at Providence. But the Koziol family went to court and a judge overturned the IHSA’s ruling. So what happened to the premise that you go to school to get an education, not to hit home runs?
“It is embedded in our philosophy. It is a bad thing when kids transfer for athletic reasons,” Hickman said. “But we have no actual rule prohibiting such a move. We had a proposal to include in our transfer form that a school had to attest there was no motive. But it was rejected by the Legislative Commission. Maybe it’s time to bring that proposal back into play.
“The problem is there are two parts to the rule–it gives the principal a voice in the transfer but he has to point to a violation of the by-laws. But there is no rule in black-and-white. Change was rooted in some solid philosophy.”
But Hickman admits that the IHSA’s one-time transfer rule from one private school to another has encouraged more transferring than ever before. At one time, the rules didn’t allow for Koziol to go from private to private for any reason.
“Kids are using the one-time transfer rule for athletic reasons,” Hickman said.
So maybe it’s time to change the rules.
ကြောင်ကြီး
February 19, 2012 at 11:39 am
သမီးလေးဆိုရင် home stay နဲ့မွေးစားပြီး ကောလိပ်ကျောင်းထားပေးမယ်။ 😳 သူအတောင်စုံလို့ ပျံထွက်သွားလည်း စိတ်ဆိုးဘူး၊ နောက်တယောက်ထပ် မွေးစားမယ်…
K@oru
February 20, 2012 at 8:42 am
လုပ်စမ်းဘာဂျာ …
သများ ကျောင်းလာတက်ချင်လွန်းလို့ ထွန့်ထွန့်လူးနေလို့ဘာ ….
😀
ဘိုစာ မတတ်ရင် …ဘိုကျောင်းက စာတီဖီကိတ်တော်ကြီးများမှ မရရင်
ဘိုလိုအသိအမှတ်ပြု ဘွဲ့ကလေး ဒီပလိုမာတော်လေးမှ မရရင် …
နက်ဖန်သဘက်ပဲ ဖင်က အမြီးထွက်မလား မသိအောင် ပြောတတ်ကြတဲ့ ..
လောကဂျီးကို စိတ်ထိခယက်လွန်းလို့ဘာ….
ကတောက် …
ဟေ့ဂွက်ထော် …
ဘိုကျောင်းက ဘွဲ့ရပီးမှ နင့်ကိုငါယူမဟဲ့ ……
(ရို့ …ရို့ ….ပညာ မက်တဲ့ မင်းလိုမိန်းမမျိုးငါ ..စာဒွေဖတ်ပီးခြစ်မှာပေါ့ ..ခြစ်မှာပေါ့….
အော်…. ရယ် …. အာဟ …အာဟ …ခမ်းမွန်ခမ်းမွန်….ရိစ်….)
😛
Moe Z
February 19, 2012 at 9:00 am
comment တွေကတော်တော်ပြည့်စုံနေပြီပဲ 🙂
အစိုးရကျောင်းကတော့ အားလုံးသိပြီးသားဆိုတော့ ငွေကြေးတတ်နိုင်လို့ ဘိုကျောင်းထားမယ်ဆိုတဲ့မိဘတွေ ကျောင်းရွေးဖို့ နည်းနည်းအကြံပေးကြည့်မယ်
အခုက Int’l school တွေ တော်တော်များလာတယ် မားကတ်တင်းတွေလည်းကောင်းကြတယ်
ကလေးကိုကျောင်းမအပ်ခင် အဲဒီကျောင်းမှာသင်တဲ့ Curriculum, Timetable ပြီးတော့ သင်မယ့်ဆရာ/မတွေအကြောင်း အဲဒါတွေသိသင့်တယ်လို့ထင်ပါတယ်
တစ်ချို့ကျောင်းတွေမှာတော့ စာသင်နှစ်မစခင် ဆီမီနာတွေရှိတတ်ပါတယ်
သွားနားထောင်ပြီး သိချင်တာတွေမေးလို့ရပါတယ်
နောက်ပြီးစာသင်ချိန် အတန်းထဲမှာ ဆရာကကလေးတွေကို ဘယ်လိုစာသင်နေတယ်ဆိုတာ
ဝင်ကြည့်လို့ရတဲ့ရက်မျိုးမှာ မိဘတွေအနေနဲ့အချိန်ပေးပြီး သွားလေ့လာသင့်ပါတယ်
တစ်ချို့ကျောင်းတွေက ကျောင်းလခကို လစဉ်သွင်းလို့မရဘူး တစ်နှစ်လုံးစာအပြတ်ယူတာလည်းရှိတယ် တစ်နှစ်ကို သိန်းလေးဆယ်လောက်ရင်းနှီးရမယ့်မိဘတွေအနေနဲ့ အဲလိုကျောင်းမျိုးမှာထားတော့မယ်လို့ဆုံးဖြတ်ရင် အရင်ဆုံး summer program လိုမျိုး
short term course ကို အရင်ထားကြည့်ပြီးမှ ဆုံးဖြတ်တာပိုကောင်းပါတယ်
အရေးကြီးဆုံးတစ်ခုက ကိုယ့်သားသမီးရဲ့ဉာဏ်ရည်ကိုအမှန်အတိုင်းသိပြီး ပံ့ပိုးပေးရမှာပါ
ကျောင်းတစ်ခုတည်းကောင်းနေလို့လည်းမရဘူးလေနော်
အဲ ပြီးတော့ ကလေးတွေရဲ့ report card မှာ ဒီလို comment ပေးတတ်တဲ့ဆရာမမျိုးရှောင်
“Your child is very smart – at giving excuses”
“Your child is the best – among the worst”
“When your daughter’s IQ reaches 50, she should sell”
😀 😀 (နောက်တာ)
ဆူး
February 19, 2012 at 12:00 pm
ဒီပိုစ်လေး ကောင်းတဲ့ အကြောင်း သတင်းတွေ ကြားလို့ ဝင်လာခဲ့တာပါ။
အစိုးရကျောင်းလည်း ရေလောင်းမှ ကောင်းတယ်။
ဘိုကျောင်းကတော့ ရေပြတ်ရင် ဒုက္ခ.. သားသမီး ရှိရင်တော့ ပိုက်ဆံ သာ ကြိုစုထားပေတော့ပဲ.. လွယ်တော့ မလွယ်လှဘူး။
ကြောင်ကြီး
February 19, 2012 at 12:17 pm
ဘိုကျောင်းတွေရဲ့ အဓိက အားသာချက်က အင်္ဂလိပ်စာထူးချွန်နိုင်တာပဲ။ အထူးသဖြင့် စကားပြောအပိုင်း ဖြစ်ပါတယ်။ တပတ်တရက် နှစ်ရက်မဟုတ်ဘဲ နေ့စဉ်နီးပါး ထိတွေ့နေရ၊ ခလေးဖြစ်လို့ အလွယ်တကူ သင်ကြားလက်ခံနိုင်စွမ်းလည်း ရှိလို့ ကြီးမှ (ငါးပိစားလို့ဝမှ) သင်တာထက် အများကြီး ထိရောက်တယ်။ ကျန်တာကတော့ အပြင်မှာ လုပ်ယူလို့ရပါတယ်။ GEC သမဝါယမကထုတ်တဲ့ IGCSE လိုမျိုးကို အိမ်ခေါ်သင်နိုင်တယ်၊ ဝိုင်းကျူရှင်များရှိတယ်။ နောက်တခါ အမေရိကန်ကောလိပ်ကျောင်းများအတွက် SAT စာမေးပွဲကိုလည်း အဲသလို ပြင်ဆင်နိုင်တယ်။ အရေးကြီးတာ ငယ်စဉ်ကထဲက အင်္ဂလိပ်အရေး အဖတ် အပြောကို သေသေချာချာ လုပ်ထားဖို့…။ အပြောပိုင်းအရမ်းလိုတယ်..ငယ်စဉ်ကထဲက မလုပ်ထားရင် ကြီးလာတဲ့အခါ တကယ်ပြောနိုင်သူ အတော်ရှားတယ်။ ကျနော်ဆို ဟောင်းအာယူပြောဖို့ စာအုပ်ထဲရေးထားရတယ်၊ လူတွေ့ရင် စာအုပ်ပြန်ဖတ်ရတယ်။ ပြောမယ်လဲလုပ်ရော အဲဒီလူက လမ်းထိပ်ရောက်သွားပြီ 😆
ဘိုကျောင်းမထားချင်ရင် အင်္ဂလိပ်စာ အပြော၊အရေးနဲ့ သချင်္ာကို ပိုင်အောင်လုပ်ထားပေးပါ။ သချင်္ာတတ်ရင် logic ပါအလိုအလျောက်တတ်တယ်။ ဒါဆိုရင် အရွယ်ရောက်တဲ့အခါ ကြိုက်တဲ့ ဝင်ခွင့်စာမေးပွဲ ဖြေနိုင်သွားပြီ။ အင်္ဂလိပ်ကျောင်းထွက် ဘိုကြက်ချေးလို မပြောနိုင်ပေမဲ့ သိမ်ငယ်စရာ မလိုတော့ဘူး၊ အခြားကဏ္ဍတွေမှာ သူတို့ထက်တောင် သာနိုင်တယ်။ ပြသနာက မိဘဖက်က ကိုယ်တိုင်အားစိုက်ရတာ…ဘိုကျော်င်းလို ပိုက်ဆံပေးထားလို့ သူတို့စီမံတဲ့အတိုင်း ငြိမ့်သွားလို့ရဘူး…။ အကျိုးအပြစ် တွက်ကြပေါ့ဗျာ။ ကုန်မယ့်ငွေကြေး၊ ပေးရမဲ့အချိန်၊ သားသမီးအရွယ်ရောက်တဲ့အခါ ဖြစ်လာနိုင်တဲ့ ဆက်ဆံရေး၊ အနာဂတ်မျှော်လင့်ချက် အကုန်ထည့်တွက်ကြပါ…။ အခုပြောနေတာ ဘိုကျောင်းတက်တာ အဓိပ္ပါယ်မဲ့လို့ မပြောဘူးနော်။ အခြားနည်းလမ်းများလည်း ရှိသေးဂျောင်း ပြောဒါ…။ တော်ကြာနေ Sandy Lay စိတ်ဆိုးနေအုံးမယ်။ နောက်တပတ် ရုပ်ရှင်ကြည့်ဖို့ချိန်းထားတာ အပျက်ခံလို့ဖြစ်ဘူး… 😳
padonmar
February 20, 2012 at 12:32 am
ဦးပါရေ
နောက်ကျနေတာ ဆောရီးပါ။
ကျွန်မတူတူမတွေကိုတော့ အစိုးရကျောင်းပဲ ထားပါတယ်။
ကျူရှင်တော့ ကောင်းကောင်းထားပေးရပါတယ်။
ကျောင်းပိတ်ရက် သင်တန်းတွေလည်း လိုက်တက်ခိုင်းပါတယ်။
အင်္ဂလိပ်စကား အပြောများတဲ့နေရာရောက်သွားရင် (နိုင်ငံခြားပေါ့နော်)
ဘိုလို တော့တာ သူ့အလိုလိုပြောထွက်သွားပါလိမ့်မယ်။
ကျွန်မတို့ လှည်းကျိုးကြီး ခွေးအနင်းသလို (ခွေးအကြီး လှည်းကျိုးနင်းတာကမှ အိုင်အိုင်နဲ့ထွက်သေးတယ်၊နင်တို့က အသံကို ထွက်မလာဘူးလို့ ဆရာမက တစ်တန်းလုံးကို ဆူဖူးပါတယ်)
အင်္ဂလိပ်စကားမပြောနိုင်တာဟာ မဖြစ်မနေ ပြောတဲ့ပတ်ဝန်းကျင် မဟုတ်လို့ပါ။
အဓိက ကတော့ ကလေးပေါ်ပဲမူတည်ပါတယ်။ကြိုးစားချင်စိတ်ရှိတဲ့ ကလေးဟာ ဘယ်ကျောင်းနေနေ ထိုက်သင့်တဲ့ အရည်အချင်းရလာမှာပါ။
၊မိဘအပေါ် ပတ်ဝန်းကျင်အပေါ် သိတတ်နားလည်တဲ့ ကလေးဖြစ်အောင် ယဉ်ကျေးလိမ္မာသင်တန်းတွေ နွေရာသီတက်ခိုင်းတာလည်း အကျိုးရှိပါတယ်။
K@oru
February 20, 2012 at 8:54 am
ဟယ်လိုဆန်ဒီ …..
သများရဲ့ သားလေးကို ဆန်ဒီ လေးဆီမှာ အပ်ချင်တယ်ကွယ် …
ကျောင်း ဇရိတ်က ကုန်ဂျင်ကုန် ခမ်းချင်ခမ်း …ပြဿနာမရှိ….
ဆန်ဒီလေး ကို သများ က ယုံပီးသား …စိတ်ချပီးသား ….
ဆန်ဒီလေးဆီကို သများရဲ့ သားသားလေးကို လွှတ်လိုက်မယ်နော်…
သားရေ ဂီဂီ ..သားတီတီလေးကို လာနှုတ်ဆက်ပါဦးကွယ့် ….
ဂီ။ ဟယ်လို ဆြာမလေး …ထီအားမ်ိုး …မွမွ …
lol…
😀