မှတ် သား စ ရာ ယ တြာ…
ရှေး ဟောင်း ဗေ ဒင် စာ အုပ် လေး ထဲ တွင် ကျ မ မှတ် သား ထား ဘူး သည့် မှတ် သား စ ရာ ယ တြာ အ နေ ဖြင့် ဗေ ဒင် ဝါ သ နာ ပါ သူ များ အ တွက် “ တြွင်းပြတ်, နဝင်းပြတ်, သက် ရောက် အ ဟော တေး ထပ် ”လေး အား ဖော် ပြ လို ပါ သည်။
“တြွင်းပြတ်, နဝင်းပြတ် သက် ရောက် အ ဟော တေး ထပ်”
သက် တည် ခါ မွေး နံ သက် ၊ ရေး ပြန် လျှက် ရော ပါ ။ တွေး ကြံ ခက် သ ဘော ပါ တယ် ၊ ဆော မ ကြာ မှန် လှ ။ တိ မြှောက် လျှက် နော ဘု ဉ္ဇာ ငယ် ၊ ဟော သု ညာ တြင်း ပြတ် ဆို ကြ ။ နော မြှောက် လို ့တိ ဘုဉ္ဇာ ၊ သိ ကုန် ရာ တ ဝ ။
န ဝင်း ပြတ် မည် နာ မ ရယ် လို ့၊ ရှည် စွာ ပ မှတ် ရန် ၊ ကိန်း ဆိုက် လာ မ ရ ဏ ထူး ပါ လိမ့် ၊ တ ဘ ဝ ကူး ဖြစ် မည် အ မှန် ၊ သုံး လော က အ ရ ဟံ ကို ခါ မ ကျန် ဆည်း ကပ် လို ့၊ မီး ပြတ် ဘို ့နည်း သွယ် သွယ် ၊ ကိန်း ပြု ပါ ကွယ် ၊ တံ တား ညောင် ထောက် ခါ ရွယ် တယ် ။ ရောက် လာ ဘွယ် ဘေး ပျောက် ဘို ့လေး။
အ ထက် ဖော် ပြ ပါ တေး ထပ် လေး အား ၊ ကျ မ မှ ကျ မ နှင့် ခင် မင် သူ မိတ် ဆွေ အ ပေါင်း အ သင်း များ အား တွက် ချက် ပေး ခဲ့ ဘူး ပါ သည် ။
တွက် ချက် ပေး သည့် နည်း ဥ ပ မာ လေး မှာ အောက် ဖော် ပြ ပါ နည်း အ တိုင်း ပင် ဖြစ် ပါ သည် ….
ဥ ပ မာ ပြ ရ သော် ကား….
မိ မိ ရောက် ရှိ နေ သည့် အ သက် = ၅၃ နှစ်
ဆို ပါ စို ့..
မိ မိ သည် စ နေ သား သ္မီး ဖြစ် သော် စ နေ ဂြိုလ် သက် = ၁ဝ နှစ်
မိ မိ ရောက် ရှိ နေ သည့် အ သက် + မိ မိ ၏ မွေး နံ ဂြိုလ် သက် = ၅၃+၁၀= ၆၃
၆၃ အား ၃ ဖြင့် မြှောက် သော်= ၁၈၉
၁၈၉ အား ၉ ဖြင့် စား သော် = ဝ ဖြစ်ပါသည် ။ (န ဝင်း ပြတ် ပါ သည်)
(ထို နည်း အ တိုင်း ပင် ၉ ဖြင့် မြှောက် ပြီး ၃ ဖြင့် စား ပါ ၊ အကြွင်း ဝ ဖြစ်လျှင် တြွင်း ပြတ် ပါ သည် )
(မှတ်ချက်) မိမိရောက်ရှိနေသည့် အသက်အား (၃)ဖြင့်မြောက်(၉)နှင့်စားပါ။အကြွင်း(၀)ဖြစ်လျင် နဝင်းပြတ်ပါသည်။
မိမိရောက်ရှိနေသောအသက်အား (၉)ဖြင့်မြောက်(၃)နှင့်စားပါ။အကြွင်း(၀)ဖြစ်လျှင် တြွင်းပြတ်ပါသည်။
ဖော် ပြ ပါ နည်း အ တိုင်း ။ မိ မိ ကျ ရောက် နေ သည့် အ သက် ,သက် ရောက် အ တွင်း ။ တြွင်း ရော ။ န ဝင်း ရော ။
ပြု လုပ် ကြည့် ပြီး ။အ ကြွင်း (၀) ဖြစ် နေ လျှင် ။
အ သက် သေ ကိန်း( မ ရ ဏ ) ကြုံ နိုင် သ ဖြင့် ။ ဘုရား ၊ တရား ၊ သံဃာ အား အ ချိန် အ ခါ မ လပ် ဆည်း
ကပ် ကိုး ကွယ် ပူ ဇော် ပြီး ၊ တံ တား ခင်း ခြင်း ၊ ဗော ဓိ ညောင် ကိုင်း ထောက် ခြင်း စ သည့် ကု သိုလ် ကောင်း
မှု ယ တြာ တို ့ကို ပြု လုပ် ရ မည် ဖြစ် ပါ သည် ။
ထို ရှေးဟောင်း ဗေ ဒင် တေး ထပ် လေး မှာ ကျ မ အ နေ ဖြင့် မှန် သည် ဟု ထင် မြင် မိ ပါ သ ဖြင့် ဗေ ဒင် ဝါ သ နာ ပါ သူ များ အ တွက် သိ ရှိ မှတ် သား စ ရာ အ နေ ဖြင့် သော် လည်း ကောင်း ယ တြာ ပြု လုပ် နိုင် ကြ ပါ စေ ရန် သော် လည်း ကောင်း စေ တ နာ ဖြင့် ရေး သား ဖော် ပြ လိုက် ခြင်း ဖြစ် ပါ သည်။
36 comments
ဗိုက်ကလေး
May 13, 2012 at 2:11 pm
ဂျီးဒေါ်
သုံးနဲ ့ မြှောက်ပြီး ကိုးနဲ ့ စားရမှာလား
ကိုးနဲ ့ မြှောက်ပြီး သုံးနဲ ့ စားရမှာလား ခင်ဗျ
မဟာရာဇာ အံစာတုံး
May 13, 2012 at 4:00 pm
နာ့အထင်တော့ …
၃ နဲ့မြှောက်ပြီး ၉ နဲ့စား … အကြွင်း ဝ …
၉ နဲ့မြှောက်ပြီး ၃ နဲ့စား အကြွင်း ဝ ..
အဲလို တူနေမှ လားပဲ …
မှတ်ချက် ။ ။ ရမ်းတုတ်ခြင်း …
aye.kk
May 13, 2012 at 7:28 pm
မှန်ပါတယ်..
ရောက်ရှိအသက်+မွေးနံဂြိုလ်သက်=ရလဒ်
ရလဒ်ကို ၃နဲ ့မြှောက်ပြီး ၉ ဖြင့်စား..
ရလဒ်ကို ၉နဲ ့မြှောက်ပြီး ၃ ဖြင့်စား..
အကြွင်း=ဝ ဖြစ်က တြွင်းပြတ်,နဝင်းပြတ်သည်ဟုဆိုလိုခြင်းဖြစ်ပါသည်။
ဗိုက်ကလေး
May 13, 2012 at 7:36 pm
မွေးနံဆိုတာ
တနင်္ဂနွေဆို ၁
တနင်္လလာဆို ၂
အင်္ဂ ါဆို ၃
အဲတာကိုပြောတာလား ဟင်
အဲလိုလုပ်တာ
ကျနော် စမ်းကြည့်တာ
ဝ ပြတ်နေသဗျ
ကယ်ဘာဦး.ဖေတို ့..မေတို ့..
အရင့်ရောင်
May 13, 2012 at 2:24 pm
ဥဿာစိန်ပန်းဒန်လှကိုရှာ……….အိတ်ထောင်ထဲ အမြဲထည့်စရာ ဆိုလားဗျာ…………
ဟိဟိ
အားပေးဖတ်ရှုသွားပါတယ်
aye.kk
May 13, 2012 at 7:37 pm
အိမ်ထောင်နေ ့ထပ်အဟောလေး..
post အနေဖြစ်တင်ပေးချင်ပါသည်..
ဝါသနာပါရင်ပြောပြချင်ပါသည်၊ကွန်မင့်အတွက်ကျေးဇူးပါနော်။
အတိသဉ္ဖာ နာဂရချစ်သူ
May 13, 2012 at 2:44 pm
မမအေးရေ. တွက်ရဲသေးဘူးဗျ။အားပေးသွားပါတယ်နော့
အတိသဉ္ဖာ နာဂရချစ်သူ
May 13, 2012 at 7:38 pm
၃ ကြွင်းနေလို ့ဗျ။ဘာဖြစ်မှာလဲဟင်။ပြောပြပေးနော်
aye.kk
May 13, 2012 at 8:15 pm
နာဂရေ..
၃ကြွင်းတာကတော့အခုဟောကိန်းတေးထပ်နဲ ့
ဆိုမရဏကိန်းကလွတ်ပါတယ်ကွယ်..
အကြွင်းပြတ်မှသာ(သုည)ဖြစ်နေမှသာ…
မရဏကိန်းကျရောက်တယ်လို ့ဆိုလိုတာပါကွယ်..
ကွန်မင့်အတွက်ကျေးဇူးနော်။
မဟာရာဇာ အံစာတုံး
May 13, 2012 at 3:58 pm
တွက်ကြည့်တာ အဝေးကြီးလိုသေးတယ် ..
အကြွင်း ၁၁ တဲ့ဗျ …
ဇီးရိုး မဟုတ်ဘူး .. ပျော်ရိုက်ဒါ … 😀
တစ်ခုလောက်တော့ မေးရဦးမယ်ဗျ ..
၁၁ ဆိုရော ဘာဖြစ်တတ်သေးလဲဟင် … 🙄
ဗိုက်ကလေး
May 13, 2012 at 4:08 pm
အရင်ဘဝက ဗိုက်ကလေးဆီကချီးထားတဲ့ အကြွေး ဒေါ်လှ ဆယ့်တစ်သိန်း ပြန်ဆပ်ရကိန်းရှိသတဲ့
မဟာရာဇာ အံစာတုံး
May 13, 2012 at 4:21 pm
အဲ .. အကြွေးဆိုမှ အမှတ်ရတွားဒယ် ..
နာ့ဆိုင်က သောက်သွားတဲ့
ဘီအီးအကြွေး ပြန်ဆပ်ဦး …
Davit
May 14, 2012 at 11:18 am
မြောင်းတကာကိုဗိုက် ကတော့ဖြင့် ဆိုင်တကာ့ဆိုင် အကြွေးယူနေပါကလား…………
aye.kk
May 13, 2012 at 7:31 pm
ကိုးစားပြီးဆယ့်တစ်လျှော်တော့..
ဆယ့်တမီးငြိမ်းပါတယ်..
ကွန်မင့်လေးအတွက်ကျေးဇူးနော်…။
ငပွကြီး
May 13, 2012 at 9:40 pm
ကိုကိုအံ့ ရဲ့ ၃ နဲ့ ၉ နဲ့ စားတာ ၁၁ တော့ကြွင်းလို့မရဘူးထင်တယ်
aye.kk
May 13, 2012 at 10:06 pm
ငပွကြီးရေ…
၁၁ ကကြွင်းလို ့မရတော့…
၁၁ မီးငြိမ်းအောင်တော့ ဝကြွင်းမှရမယ်…။
htet way
May 13, 2012 at 6:03 pm
မြှေက် ကြည့် စားကြည့်ရာ တွင် သုံည (၀) မဟုတ်ပါ
ယဒြာ ခြေရန်မလို ဟုထင်ပါသည်။
ပညာရပ်ကိုရေးပြ တာကျေးဇူးပါ
windtalker
May 13, 2012 at 7:34 pm
အန်တီအေးကေ ခင်ဗျ ။ ဖတ်သွား မှတ်သွားပါသည် ။ အားမှ အေးဆေးတွက်ကြည့်ရပါဦးမည်။
aye.kk
May 13, 2012 at 7:58 pm
ဗိုက်ကလေးရေ..
ဂျီးဒေါ်ပြောပြပါ့မယ်နော်..
၁။တနင်္ဂနွေမွေးနံဂြိုလ်သက်=၆နှစ်
၂။တနင်းလာမွေးနံဂြိုလ်သက်=၁၅နှစ်
၃။အင်္ဂါမွေးနံဂြိုလ်သက်=၈နှစ်
၄။ဗုဒ္ဓဟူးမွေးနံဂြိုလ်သက်=၁ရနှစ်
၅။ရာဟုမွေးနံဂြိုလ်သက်=၁၂နှစ် (ဗုဒ္ဓဟူးနေ့နေမွန်းတည့်ဆယ့်
နှစ်နာရီတိတိကျော်
လွန်ပြီးနောက်ပိုင်း၌မွေးဖွားသည့်သူ
အားရာဟုသားဟုခေါ်ဆိုပါသည်)
၆။ကြာသာပတေးမွေးနံဂြိုလ်သက်=၁၉နှစ်
၇။သောကြာမွေးနံဂြိုလ်သက်=၂၁နှစ်
၈။စနေမွေးနံဂြိုလ်သက်=၁ဝနှစ်
—————————————————————————————–
ကိုထက်ဝေး,နဲ ့ကိုဝင်းတော့ကာရေ..
ကွန်မင့်အတွက်ကျေးဇူးပါနော်..။။
ဗိုက်ကလေး
May 13, 2012 at 8:12 pm
အားရစရာပဲဗျို ့
သုံည နှစ်ခါ ကြွင်း ပါတယ် ခင်ဗျ..
စောစောစီးစီး နိဗ္ဗာန်ရောက်တော့မယ်နဲ ့ တူပါရဲ့ဗျာ
ကျေးဇူးပါ ဂျီးဒေါ်ခင်ဗျား..
ဗိုက်ကလေးဆီက အကြွေးတွေ မသေခင် လာတောင်းထားကြပါ ရွာစားတို ့ရဲ့
ဦးဦးပါလေရာ
May 13, 2012 at 10:14 pm
သဂျီးဆီကပွိုင့်တွေ ဦးအောင်တောင်းထားဦးလေ
တောင်းလို့မရရင် သေတမ်းစာရေးခဲ့
အရူးမကြီးကို လွှဲပေးလိုက်ပါ…လို့.. 😀 😀
aye.kk
May 13, 2012 at 8:42 pm
အရဟံဂုဏ်တော်ရွတ်ဖတ်ပေးပါနော်..
အောက်ကိုင်းညွတ်ပြီးကျနေတဲ့ညောင်ကိုင်းတွေ ့ရင်ဝါးဖြင့်ထောက်ပေးပါ..
တံတားခင်းတာတွေ ့ရင်ကိုယ်ကလုပ်အားဝင်ကူပေးပေါ့နော်..
အန်တီပြောပြချင်တယ်..
အန်တီအမျိုးသားကစနေသားပါ၊အသက်၅၂နှစ်ပြည့်ပြီး၅၃နှစ်အဝင်မှာ…
ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်တယ်..ဒီဘက်ဆေးရုံကနေ
အလောင်းပြင်တော့လို ့
ပြောလိုက်တော့ကြောက်ပြီး၊ဟိုဘက်ကမ်းဆေးရုံကိုပို ့လိုက်တာ..
အသက်ချမ်းသာရာရခဲ့ပါတယ်ကွယ်..
အမျိုးသားကတော့အန်တီထက်(၅)နှစ်နီးပါးကြီးပါတယ်..
နေ ့တော့ထပ်တယ်ပေါ့နော်..။
ဗေဒင်ဆိုတာကိုယုံကြည်ပြီးအစွဲအလမ်းတော့မဖြစ်စေချင်ပါဘူး..
ဥပါဒ်ဒါဏ်ကြောင့်ဥပါဒ်ရောက်တာတော့မဖြစ်သင့်ဘူးပေါ့နော်..
အန်တီအနေနဲ ့ကဗေဒင်ပညာကိုလေ့လာပေမယ့်အစွဲအလမ်းတော့မထားပါဘူး..
ဒါပေမယ့်လည်းပေါ့နော်..
ဆရာတော်တွေစီရင်ထားပေးခဲ့တဲ့တေးထပ်ယတြာတွေရှိတာကိုကျေးဇူးတင်မိပါတယ်..။
ဗိုက်ကလေး
May 14, 2012 at 3:36 pm
ဂျီးဒေါ်ရေ
ကျနော် တစ်ကယ် သုည ကြွင်းသမို ့ ညက အိပ်လို ့တောင်မပျော်ဘူး..
ရေချိန် မကိုက်တာလဲ ပါမယ်ထင်တာပဲဗျာ..
မကြာခင် အသက်တစ်နှစ်ထပ်ကြီးတော့မှာမို ့ အဲဒီအချိန်ကိုစောင့်ရင်း ကောင်းမှုကုသိုလ်လေး လုပ်သွားပါဦးမယ်.
သေတော့လဲ အေးဒါဘာဘဲဗျား..လူ ့ဘဝကြီးကို ရေလည်စိတ်ကုန်နေပါပြီ..
မဟာရာဇာ အံစာတုံး
May 14, 2012 at 3:40 pm
ဖွားဒေါ်ဂျီး ပွစိပွစိ လုပ်လိုက်တာနဲ့ ..
လောကကြီး နေချင်စိတ် မရှိတော့တာ မဟုတ်လား .. 😀
ဂလိုပါပဲဗျာ …
ပြီး လူ့ဘဝဆိုတာ …
နေတတ်ရင် ကျေနပ်စရာကြီးလို့တောင် ပြောတာ ကြားဖူးသေးတယ် …
ဗိုက်ကလေး
May 14, 2012 at 3:48 pm
ချီးပေကြီး အကြောင်း မပြောပါနဲ ့ဗျား..
ဦးဦးပါလေရာ
May 13, 2012 at 10:18 pm
ဗေဒင်ကို အရမ်းစွဲ အရမ်းယုံတာမယုံတာထက်
သတိထားနေထိုင်တာ မမှားပါဘူး…
ရတနာသုံးပါး ဆည်းကပ်တာလဲ ပိုတယ်လို့မရှိပါဘူး…
ညောင်ထောက် တံတားခင်း ဆိုတဲ့ အကျိုးပြုယတြရာမျိုးကလဲ အကျိုးမယုတ်ပါဘူး..နော
aye.kk
May 13, 2012 at 11:21 pm
ဦးဦးပါလေရာ..
ကွန်မင့်အတွက်ကျေးဇူးပါ…
စကားအတင်းစပ်ပြောပြချင်မိပါတယ်..
ဆရာတော်ခင်ကြီးပျော်မူရင်းကျမ်းမှာ..
ဝါသနာပါသူလေ့လာချင်သူတွေအတွက်..
လက်တွေ ့ကျကျ၊မှန်ကန်ပြီးသက်သေပြနိုင်တဲ့..
အလွယ်မြည်းစမ်းနိုင်ကြစေဘို ့အတွက်သာမာန်လူပြိန်းတွေပြုလုပ်နိုင်တဲ့
အထိအကွက်ကျခါစေ့ငုစီရင်ပြီးကျမ်းပြုစုခဲ့ပါတယ်..
မူရင်းကျမ်းကိုလေ့လာမိတဲ့သူတွေ၊ကျမအပါဝင်ပေါ့နော်..
လက်တွေ ကျကျလေ့လာမိခဲ့ဘူးတော့မှန်ကန်မှုရှိနေတာ
ကိုကျမကိုယ်တွေ ့သိမြင်ခဲ့ရဘူးပါတယ်..။
ပြောရယင်တော့ဗေဒင်ပညာဟာအလွန်ဆန်းကျယ်လှပါတယ်..
ဆရာတော်ခင်ကြီးပျော်မူရင်းကျမ်းမှာဖော်ပြထားတာလေးကိုလည်း..
စကားအတင်းစပ်လို ့ဗဟုသုတအဖြစ်နဲ ့စကားလက်ဆောင်ပါးခါပြောပြချင်ပါတယ်..
ဗေဒင်ပညာနည်းကျယ်စွာ၊ဖွေရှာရှူံ ့ညှိအကျိုးရှိလို ့ဆိုထားပါတယ်..
ဗေဒင်ဆရာဟာသမထစွမ်းအားရှိရမယ့်အပြင်..
ဗေဒင်တွက်သူ၏မကောင်းတဲ့ကံ၊ကျရောက်မဲ့အညံ့ဘေးကလွှတ်မြောက်ဘို ့အတွက်..
ဗေဒင်ဟောသူဆရာကိုယ်တိုင်ကထိုသူအတွက်..
အသက်သတ်လွတ်စားပြီး၊ငါးပါးသီလမြဲခါအဓိဌာန်ဝင်ပေးရပါတယ်..(အနည်းဆုံး၄၅ရက်ပါ)
ကိုယ့်ရဲ ့သမာဓိအားနဲ ့ဘုရားမှာထိုသူအတွက်အစီအရင်ပြုလုပ်ပြီးဆုတောင်းမေတ္တာ
ပို ့ပေးရကြောင်း၊ဖတ်ရှူလေ့လာမှတ်သားထားဘူးပါတယ်..
လောကီလောကုတ္တရာနှစ်ဖြာသောအကျိုးအတွက်စီရင်ခဲ့ခြင်းဖြစ်တယ်လို ့လည်းဖော်ပြထားပါတယ်..။။
Tin Lyn Aung
May 14, 2012 at 11:04 am
ကြီးတော်အေးခင်ဗျား
ကျွန်တော့ ဦးငယ်ရဲ့ လက်ရှိအသက်မှာ နိုဝင်ဘာလကုန်မှ ၄၆ နှစ်ပြည့်ပါမည်၊ ဝ ကြွင်းနေပါသည်၊
ယခုအချိန်မှနိုဝင်ဘာ သူ ့ မွေးနေ ့တိုင်အောင် ဂရုစိုက်ရမည်လား ဒါမှမဟုတ် မွေးနေ့ကျော်ပြီးမှ ၄ရနှစ်မပြည့်ခင်ထိ သတိထားရမည်လား ဖြေကြားပေးပါရန်
လေးစား ကျေးဇူးတင်လျက်
aye.kk
May 14, 2012 at 5:00 pm
တင်လင်းအောင်…
ကွန်မင့်အတွက်ကျေးဇူးပါ..
မေးထားတာလေးနဲ ့ပတ်သက်ပြီးပြောပြချင်တာက…
၄၅ နှစ်တိတိကျော်လွန်ပြီးရက်စွန်းသွားတာနဲ ့..
ဗေဒင်သဘောအလိုအရပြောရရင်..
အသက်၄၆နှစ်ထဲဝင်ပြီဖြစ်တဲ့အတွက်..
၄၆ နှစ်ကိုသာထားပြီးတွက်ရပါတယ်..
အသက်၄၆ နှစ်ပြည့်ပြီးရက်စွန်းသွားရင်အသက်၄ရ နှစ်ဖြစ်သွားတဲ့အတွက်..
မဆိုင်ပါဘူး..
တြွင်းပြတ်,နဝင်းပြတ်ဆိုတာ..
နှစ်ခုလုံးနဲ ့သာသက်ဆိုင်နေတာမို ့..
တိုက်ဆိုင်ဘို ့ရာမလွယ်ကူပါဘူး..
ရောက်ရှိအသက် ၄၆ နှစ်မှာ…
(တြွင်းရော,နဝင်းရော)နှစ်ခုစလုံးတွက်ချက်ကြည့်လို ့အကြွင်းသုည=ဝဖြစ်ရင်
တော့ယတြာပြုလုပ်ဖို ့လိုအပ်ပါတယ်..
ထိုနှစ်အတွက်..
ငါးပါးသီလလုံအောင်နေထိုင်ခြင်း၊ရတနာသုံးပါးအားနေ ့ညမပြတ်ဆည်းကပ်ကိုးကွယ်ခြင်း..
အရဟံဂုဏ်တော်အားသက်စေ့ပုတီးစိတ်ခြင်း..
လူကူးသန်းသွားလာနေတဲ့တံတားအိုတွေ ့.. ့ရင်ပြုပြင်ခါအသစ်ပြန်လည်ခင်းပေးပြီး၊ဗောဓိညောင်ထောက်ခြင်းဖြင့်..
ပြုလုပ်ခါယတြာချေနိုင်ပါတယ်လို ့ပြောပြလိုက်ပါရစေနော်..။။
စနေ
May 14, 2012 at 12:26 pm
အန်တီအေးရေ … စနေတွက်ကြည့်တာ ၃ နဲ့မြှောက်ပြီး ၉ နဲ့စားရင် အကြွင်းမပြတ်ဘူး …
၉ နဲ့မြှောက်ပြီး ၃ နဲ့စားရင်တော့ အကြွင်းပြတ်တယ် … အဲဒါကျတော့ ဘယ်လိုလုပ်ရမှာလဲဟင် ……..
aye.kk
May 14, 2012 at 5:06 pm
တြွင်းပြတ်ပေမယ့်နဝင်းမပြတ်တဲ့အတွက်..
တေးထပ်နဲ ့မညီတဲ့အတွက်..
စိုးရိမ်စရာမရှိပါဘူးလို ့ပြောလိုက်ပါရစေနော်..။။
မဟာရာဇာ အံစာတုံး
May 14, 2012 at 3:48 pm
အမအေး ခင်ဗျာ ..
ကျနော် ငယ်ငယ်က ဘုန်းကြီးသင်ပေးလို့ ဂြိုဟ်သက်တွေကို လင်္ကာနဲ့ ကျက်ထားခဲ့တာ ..
အခု တချို့ဟာတွေ မေ့နေလို့ဗျာ ..
အဲဒါ ပြောပြပေးပါလားလို့ …
ကျနော် မှတ်မိနေသေးတာတွေ ကတော့ ..
… တနင်္ဂနွေ ဂဠုန် အရှေ့မြောက်ကြုံ နေတုံ ၆ နှစ်မျှ ..
တနင်္လာ ကျား တစ်ဆယ့်ငါး နေငြား … ရပ်က ..
အင်္ဂါ ခြင်္သေ့ အရှေ့တောင်ကွေ့ မရွေ့ ၈ နှစ်မျှ ..
ဗုဒ္ဓဟူးဆင် တောင်ရပ်ခွင် နေလျှင် ၁ရ ရ ..
ကြာသပတေးကြွက် ဆယ့်ငါးပတ် နေလျှက် … က ..
သောကြာမှာပူး မြောက်စူးစူး အထူးနှစ်ဆယ် စွန်းကယ် တစ်နှစ်ရ …
စနေ နဂါး …
ဒါတွေပဲ မှတ်မိတော့တယ်ဗျ … ကြားထဲက စာသားတွေကို မှတ်မိတော့ဘူး ..
aye.kk
May 14, 2012 at 5:25 pm
အံစာတုံးရေ..
ဆောင်ပုဒ်လေးကတော့အောက်ပါအတိုင်းပါဘဲကွယ်..
“ ဂြိုလ်တို ့၏အသက်နှင့်အရပ်ဆောင်ပုဒ် ”
၁။ တနင်္ဂနွေဂဠုန်၊ရှေ့မြောက်ကြုံ၊နေတုံခြောက်နှစ်မျှ ။
၂။ တနင်းလာကျား၊တဆယ့်ငါး၊နေငြားရှေ့ရပ်က ။
၃။ အင်္ဂါခြင်္သေ့၊ရှေ့တောင်ကွေ ့၊မရွေ ့ရှစ်နှစ်မျှ ။
၄။ ဗုဒ္ဓဟူးဆင်၊တောင်ရပ်ခွင်၊နေခြင်ဆယ့်ခွန်ပ ။
၅။ နောက်တောင်စနေ၊နဂါးမြွေ၊မှတ်လေဆယ်နှစ်မျှ ။
၆။ ကြာသာပတေးကြွက်မျိုး၊တဆယ့်ကိုး၊ဆိုရိုးအနောက်ကျ ။
၇။ ရာဟုဟိုင်းဆို၊နောက်မြောက်ကို၊ရေလိုဒွါဒသ ။
၈။ သောကြာပူးမဲ့၊မြောက်တဲ့တဲ့၊နှစ်ဆယ့်တစ်နှစ်ရ ။
ဂြိုလ်သက်ပေါင်းလစ်၊တရာ့ရှစ်၊
စဉ်စစ်သိကုန်ကြ၊လေးထောင့်ဂြိုလ်ခွင်၊
ပါပတွင်၊ရောက်လျှင်ခိုက်တတ်လှ၊ဂြိုလ်သက်ဂြိုလ်ထား၊
သီးသန် ့ခြား၊မှတ်သားပါကုန်ကြ..။။
မဟာရာဇာ အံစာတုံး
May 14, 2012 at 8:30 pm
ခုလို ပြောပြပေးတာ ..
ကျေးဇူးပါ အမအေး ခင်ဗျာ ..
ကူးယူ မှတ်သား သွားပါကြောင်း …
ခင်မင် လေးစားစွာဖြင့်
အံစာတုံး
ဂန်ဗလာ
May 16, 2012 at 5:05 pm
ဆရာမ အေးကေကေရေ… အတော်ကောင်းတဲ့နည်းလေးပါခင်ည….
သားလည်း တွက်ကြည့်တာ သုညမဖြစ်သေးလို့… ဦးဗိုက်ကလေးလို..
ယတြာချေဖို့ လိုသေးဘူးထင်တယ်နော့… 🙄
ဆရာမ မှာ… တခြားအသုံးဝင်မယ့် ဗေဒင်နည်းလမ်းပေါင်းများစွာ ရှိလိမ့်မယ်လို့
သား ယုံကြည်ပါတယ်။ အခါသင့်အခွင့်သာရင် ဂေဇက်မှာ မျှဝေပေးပါဦးဗျာ…
သက်ရောက်ဆန်ပုံ ဟောမကုန်…
သက်ရောက်နဝင်း ဟောအကြွင်း…
aye.kk
May 16, 2012 at 10:32 pm
ဂန်ဗလာရေ..
“ဥစ္စာပျောက် အဟောတေးထပ်” လေး
ထပ်မံ တင်ပေးလိုက်တယ်..
နှစ်သက်လိမ့်မယ်လို ့ထင်မြင်မိပါတယ်..။။