Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တချိူ ့သော သူငယ်ချင်းတွေက ကျနော် မိုင်းမှာ ဘာလုပ်တာလဲလို ့မေးတဲ့အတွက် အခုလိုဖြေပေးပါတယ်။

phone_kyawMay 15, 20121min61019

တချိူ  ့သော သူငယ်ချင်းတွေက ကျနော် မိုင်းမှာ ဘာလုပ်တာလဲလို ့မေးတဲ့အတွက် အခုလိုဖြေပေးပါတယ်။

Exploration Field Technician or Geological Technician လို ့ခေါ်တဲ့အလုပ်ပါ။ ဌာနက ဘူမိဗေဒ ဌာန ဖြစ်ပါတယ်။ ဒီအလုပ်ကို ရ ဖို ့အတွက် သင်တန်းခြောက်လ တက်ရပါတယ်။ သင်တန်းနာမည်က Certificate III in Mining Exploration ဖြစ်ပါတယ်။ Training and Further Education လို ့အမည်ရတဲ့ TAFE ကနေ သင်တန်းပြီးတော့ နှစ်ပတ်ကို အခမဲ့ မိုင်းမှာ အလုပ်သင်လုပ်ရပါတယ်။ သူတို ့ကြိုက်ရင် အလုပ်ပေးပါတယ်။

လစာကတော့ နှစ်ပတ်လုပ် တစ်ပတ်နားကို ဒေါ်လာ ၇-သောင်းကျော်က စပါတယ်။ တစ်နှစ်စာအတွက်ပါ။ နိုင်ငံတကာက ကျောင်းသားတွေတက်လို ့မရတဲ့သင်တန်းဖြစ်ပါတယ်။ Permenmnet Resident ဖြစ်မှ တက်ခွင့်ရှိပါတယ်။

မိုင်းမှာလုပ်တဲ့ အလုပ်တွေကို လိုချင်ရင် ဒီလင့်ကိုသွားပါ။

www.seek.comau

သဘာဝသိပ္ပံဘွဲ ့လို ့ခေါ်တဲ့ Bachelor of Enviromental Science လည်း မပြီးသေးပါဘူး။ အရက်သောက်တာများပြီးစာမေးပွဲခဏခဏ ကျလို ့စိတ်ညစ်ပြီး နားထားပါတယ်။ အခုတော့ နောက်ထက် Bachelor of Politics and International Studies လေ့လာဖို ့စာရင်းသွင်းထားပါတယ်။ အလုပ်လုပ်ရင်း အဝေးသင်လုပ်ပေါ့။ နားတဲ့အချိန်မှာ အပျင်းပြေ အရက်သောက်ရင်း စာဖတ်ချင်လို ့ပါ။ ဘွဲ ့ရတာ မရတာ အပထား ၊ အနည်းဆုံး ဗဟုသုတတော့ ရ မယ်လို ့ထင်လို ့ပါ။

ဒီလောက်ပါပဲ။

ကျနော်ပညာရှင်မဟုတ်ပါဘူး။ စိတ်ကူးတည့်တာကို လုပ်တဲ့ လူတစ်ဦးပါဗျာ။

19 comments

  • etone

    May 15, 2012 at 10:20 am

    ကိုဘုန်းကျော်ရေ … ပိုပြီးပြည့်စုံသွားအောင် …. ဒီလိုသင်တန်းတက်ဖို့ အဆက်သွယ် ၊ အခွင့်လမ်း ဘယ်လိုပေါ်လာတယ်ဆိုတာလေးပါ … ထည့်ရေးပါလားဗျို့ … ။ ဒေါ်လာ ခုနှစ်သောင်းကျော်ရတဲ့ လူတစ်ယောက်ရဲ့ ….. အလုပ်မဝင်ခင်ချဉ်းကပ်ပုံလေး ဗဟုသုတလိုချင်လို့ပါ … 😛

    ဒါနဲ့ .. စကားမစပ် … ကိုဘုန်းကျော်လုပ်နေတဲ့ မိုင်းမှာ မြန်မာ ဘယ်နှစ်ယောက်ရှိပါသလဲ 🙄

  • ကိုရင်မောင်

    May 15, 2012 at 10:36 am

    ကိုဘုန်းကျော်..ခင်ဗျားညွှန်းတဲ့
    ဆိုက်လိပ်စာမှားနေ့တယ်ထင်ပါတယ်
    (www.seek.comau) မဟုတ်ဘဲ(www.seek.com.au)လို့ထင်ပါတယ်
    ဒီလိုပို့စ်မျိုးတွေအားပေးတယ်ဗျို့
    ကျေးဇူးပါ….

  • phone_kyaw

    May 15, 2012 at 10:41 am

    ဒေါ်အိတုံက စပ်စုတဲ့အတွက်-

    ကြွားပြန်ပြီလို ့မပြောနဲ ့အုံး။

    ဒီလို အလုပ်ရဖို ့အတွက် ဘယ်လိုချဉ်းကပ်လဲ၊ ဘယ်လို အခွင့်အလမ်းပေါ်လာလဲဆိုတဲ့မေးခွန်းကို ဖြေပေးပါအုံးမယ်။ ကျနော်နေတဲ့ အနောက်ဘက်ဒေသ ရဲ ့အဓိက စီးပွားရေးက မိုင်းတူးတာပါ။ တူးပြီး ရောင်းမှ ကျနော်တို ့ဗိုက်ပြည့်တယ်။

    ဒါ့ကြောင့်မိုင်းလုပ်ငန်းပေါတယ်။ နိုင်ငံပေါင်းစုံက လာပြီးလုပ်ကြတယ်။ အိတုံပြောတဲ့ ခုနှစ်သောင်းကိုမက်လို ့ပါ။ ဒါက အနဲဆုံးလစာဖြစ်ပါတယ်။

    မြို ့ထဲမှာ လုပ်ရင် လေးငါးသောင်းပဲ ရ တော့ လူတွေ မိုင်းကို လုပ်ဖို ့စိတ်ဝင်စားတယ်။ မိုင်း အတွေ ့အကြုံနဲ ့ပညာတစ်ခုခုမတက်ရင် အလုပ်မရဘူး။ ဒါ့ကြောင့် ကျနော် သင်တန်းကို အပင်ပန်းခံပြီးတက်ပါတယ်။ သင်တန်းတက်ဖို ့အတွက် အင်္ဂလိပ်လို တက်ရမယ်။ ကားမောင်းတက်ရမယ်။ အော်တိုတော့မရဘူး။ ကွန်ပြူတာကျွမ်းကျင်ရမယ်။ အနည်းဆုံး ဩစီ ၁ဝ-တန်းတော့ အောင်ရမယ်။ ဒါဆိုရင် သင်တန်းက လက်ခံတယ်။ ကျနော်က မိုင်းမှာလုပ်ချင်တယ်လို ့ပြောတော့ အရင်ရောက်နေတဲ့ သူပုန်ခေါင်းဆောင်တစ်ယောက်က ဒီသင်တန်းကိုတက်လို ့အကြံပေးတဲ့အတွက် သွားတက်ပါတယ်။

    ဒါနဲ ့အလုပ်ရတယ်ဆိုပါတော့ဗျာ။

    မိုင်းမှာ ဗမာ တစ်ယောက်နှစ်ယောက်တော့ ရှိတယ်။ လူချင်းတော့ မတွေ ့ပါဘူး။ ဗမာတွေက လက်ကြောမတင်း ပညာလည်းမတက်တော့ မြို ့ထဲက စက်ရုံ အလုပ်ရုံတွေမှာပဲ လုပ်ရပါတယ်။ တစ်ရက်မှာ ၁၂-နာရီ ၊ နေပူချိန် ၄ဝ ဒီဂရီအောက်မှာ သူတို ့မလုပ်နိုင်တော့ လစာကောင်းကောင်းမရဘူးပေါ့။

    ကျနော့်ရဲ ့အသားအရည် နဲ ့ ရုပ်ရည်က ထိုင်းနိုင်ငံကကျွဲလိုဖြစ်နေပြီ။ ဓာတ်ပုံထဲမှာတော့ မီးရောင်ကြောင့်လှနေတာပေါ့ဗျာ။

    ကဲ..ဒေါ်အိတုံ ဘာစပ်စုအုံးမလဲ။

    • etone

      May 15, 2012 at 11:28 am

      ကိုဘုန်းကျော်ရေ … (စကားကြီးစကားကျယ်သိပ်မပါပဲ ) ပြန်ဖြေပေးတာ .. ကျေးဇူးပါ ။

      အနည်းဆုံး ဩစီ ဆယ်တန်းအောင်ရမယ်လို ့ပြောတယ်နော် … ။ ဒါဆို သူတို့နိုင်ငံမှာ တက်မြောက်အောင်မြင်မှပဲ ဒီအလုပ်ကို ရမယ်လို့ ပြောတာမျိုးလား … ။ ဒါမှမဟုတ် ဩစီရဲ့ ဆယ်တန်းက တခြား ဘယ်နိုင်ငံတွေရဲ ့ဘယ်လယ်ဗယ်နဲ့ ညှိပြီး လုပ်ထားတာမျိုးရှိလား .. ။

      ကိုဘုန်းကျော်တောင် ကိုယ်တိုင်ရှာတွေ့ထားတဲ့ အလုပ်မျိုးမဟုတ်ပဲ … သူပုန်ခေါင်းဆောင်က အကြံပေးလို့ တက်ဖြစ်သွားတာ(သူများ ဂိုက်လိုင်းပေးလို့လုပ်ဖြစ်တာ)ကို ကြည့်ချင်းအားဖြင့် … အဲ့ဒီကိုရောက်နေတဲ့ မြန်မာတွေလည်း .. အကြံပေးမယ့်လူ .. အသိပေးမယ့်လူ သတင်းပေးမယ့်လူမရှိလို့သာ ..မြို့ထဲက စက်ရုံတွေမှာ လုပ်နေရတာပေါ့လေ … ။ လက်ကြောမတင်း၊ ပညာလည်း မတတ်တော့လို့ ဆိုတဲ့ဟာကြီးကတော့ … တဖက်စောင်းသွားပြီ … ။ သူတို့မှာ ဘယ်သင်တန်းတက်ရမှန်း ၊ ဘယ်လို အလုပ်ကို ချဉ်းကပ်ရမှန်း မသိလို့သာ ဖြစ်နေတာပါ .. ။ မယ်မယ်ရရ အလုပ်တစ်ခု ဘာမှမရှိပဲ အိမ်မှာ ထိုင် ၊ မိဘလုပ်စာ ထိုင်စားနေတဲ့ သားဆိုး ၊ သမီးဆိုးတွေထက်တော့ … ရေခြားမြေခြားမှာ … ကြိုးစားဖက်တွယ်ရပ်တည်ပြီး အလုပ်လုပ်နေရတဲ့ ဘဝတွေက .. အများကြီးသာပါတယ်ဗျို့ … ။

      တစ်ရက်မှာ ၁၂-နာရီ ၊ နေပူချိန် ၄ဝ ဒီဂရီအောက်မှာအလုပ်လုပ်နေကြရပြီး .. လစာနည်းတဲ့ လူမသိသူမသိ ပင်ပန်းကြီးစွာ ရှာစားနေရတဲ့ ဘဝတွေ .. ဒီနိုင်ငံမှာ ဒုနဲ့ဒေးပါပဲ … ။သူတို့လည်း ပင်ပန်းကြပါတယ် …. ။ ဒါပေမယ့် .. ပညာလည်းမတတ် ၊ အခွင့်လမ်းလည်း မသိတော့ … ပင်ပန်းတာချင်းတူတူ ..ငွေရမယ့်အခွင့်လမ်း နည်းတယ်ပေါ့လေ … ။ ဩစီကနေပြီး … မြန်မာနိုင်ငံသား၊ အခြေခံအလုပ်သမားတွေအတွက် အလုပ်ကိုင်အခွင့်လမ်းဖွင့်ပေးဖို့ အစီစဉ်မရှိဘူးလား … ။လုပ်ပေးကိုင်ပေးကူညီပေးချင်စိတ်ရော မရှိဘူးလား … ။ ဟေ့ဟေ့ .. စေတနာ သန့်သန့်နဲ့ပြောတာနော် … လူကုန်ကူးမှုကိုပြောတာမဟုတ်ဘူး …

  • ဗိုက်ကလေး

    May 15, 2012 at 2:24 pm

    ခွီး..
    နာတို ့ရပ်ကွက်ထဲက တောသားတွေ မလေးတို ့ ထိုင်းတို ့ သွားလုပ်မဲ့အစား ကဘုတ်ကျော်ကြီးနဲ ့ဆက်သွယ်ပြီး
    မိုင်းတွင်းမှာလုပ်မိရင် ရှယ်ပဲ
    အပူဒဏ်လား အေးချေးပဲ..
    ဘာဝတ်စုံမှမရှိဘဲ နေပူထဲမှာ မဆလာရွက် သံဂျွတ်ထမ်း ကျောက်သယ် လုပ်နေခဲ့သေးတာ ကဘုတ်ကျော်တို ့မိုင်းတွင်းလောက်တော့ တစ်ကယ်လုပ်ဖြစ်ရင် သနားတယ်လို ့တောင် ပြောဦးမယ်ထင်တယ်..(လက်ကြောလေးတော့ တင်းဘို ့လိုတာပေါ့လေ..)
    ကျုပ်ဆို လက်ကြောကော ချေကြောကော အကုန်တင်းတယ်..
    ဘာအလုပ်ဖြစ်ဖြစ် အကျင့်ဖြစ်သွားရင် အိုခေပါတယ်ဗျာ..စစချင်းသာ တိုင်ပတ်မှာပါ…
    (ဗိုက်ကလေးတို ့ကတော့ သိတဲ့အတိုင် အပြောမှာ ရွှေမန်း အကမှာ ချိုမိုင်မိုင် ) 😀

  • phone_kyaw

    May 15, 2012 at 2:39 pm

    မေးတိုင်းသာ ပြန်ဖြေနေရရင်တော့ ပြီးတော့မှ မဟုတ်တော့ဘူး အိတုံရေ…နောက်မှမေးတော့ မအားဘူးဟ

    • etone

      May 15, 2012 at 2:54 pm

      အောင်မလေး ကြီးကြီးကျယ်ကျယ်တော် … သူလွှတ်ကြွားထားတာ ဟုတ်ဧ။်မဟုတ်ဧ။့် ချင့်တွေးရုံတင်ရှိသေး .. မအားဘူး ချက်ချင်းဖြစ်ရော … ။ အံ့ရော.. အံ့ရော .. ဟိဟိ … 😛

  • sealion

    May 15, 2012 at 4:43 pm

    သူတို ့ year 10 က ကျွန်တော် တို ့ဆယ်တန်းလောက်၊ ကျော်ကျော် နဲ ့တန်းညိုတယ်ထင်ပါတယ် ဘာလို ့လဲဆို ယူနီသွားဖို ့ဆိုရင် ၁ဝတန်းပြီးထားတဲ ့ ကျွန်တော်တို ့ ကို foundation course တနှစ် တက်ဖို ့ Uni ကအကြံပေးပါတယ် ဆိုလိုတာကတော့ GCE 0/A ပေါ့နော်. ဒီကLocalကလေးတွေ အတွက်ကတော ့ Uni ကို year 12 ပြီး မှ တကက်သိုလ် ကသတ်မှတ်တဲ ့ Higher School Certificate (HSC)//OP ဝင်မှ တက်လို ့ရပါတယ် ဥပမာ အင်ဂျင်နီယာ(Avionics Engineering)တက်မယ် ဆိုရင် အနည်းဆုံး year 12 OP 2 (state wide အမှတ်ပေါင်းမှာ ပထမနဲ ့ဒုတိယ ရတဲ ့သူတွေ) လောက်ရမှပါ တကယ် ဗမာ ၁ဝ တန်း က သင်ချာနဲ ့ ဖိဆစ် အတော်များများကို ပိုင်ရင် Uni first year မှာ အေးအေးဆေးဆေးပါ ဆရာဝန်လုပ်ချင်တယ်ဆိုရင်တော ့ ဒုတိယဘွဲ ့မှသာ ဆေးကျောင်းသွားနိုင်ပါတယ် ဒါမှဟုတ် ဆေးကျောင်းဝင် ခွင့်ဖြေရပါတယ် လူဖြူအတော်များများ ကဆေးကျောင်းသိပ်မသွားကျပါဘူး finance/business/Law/Management field တွေသွားကျပါတယ် များသောအားဖြင် ့ဒီကလူငယ်တွေ က တက်ကသိုလ်မသွားတော့ဘူးဆိုရင် ၉တန်း ၁ဝတန်းလောက်နဲ ့ထွက်ပြီး Trade တွေမှာ apprenticeship (အလုပ်သင်အနေနဲ ့) အနေနဲ ့ ပထမနှစ် ဒုတိယနှစ် တတိယနှစ် လုပ်ပြီးရင် သက်ဆိုင်ရာ Trade license တွေယူပြီး လုပ်စားကြပါတယ် ရေပိုက်ပြင်တဲ ့အလုပ် မီးပြင်တဲ ့လူ သူတို ့ရဲ ့တနာရီ လုပ်စာ က အနည်းဆုံး ၅၀$ ကနေပြီး ၉၀$ ၁၀၀$ ကျော်အထိရှိပါတယ် ဈေးသိပ်ကြီးပါတယ် မီးပြင်တတ်ပေမဲ ့ မီးပြင်တဲ ့Trade license Safety License မရှိရင် Insurance မရှိရင် မီးပြင်စားလို ့မရပါဘူး မီးပြင်နေတုန်း ကို်ယ် ့ကြောင် ့တခုခုမှားလို ့ရှိရင် လျော်ဖို ့ Insurance ပါ..တခြား Tradeတွေလဲ အဲဒီလိုပါပဲ ဒါမှမဟုတ်ရင် ကဖုန်းကျော်လို ့ သက်ဆိုင်ရာ certificates ကို TAFE တွေမှာ ဖြေပြီးလဲ ဝင်လို ့ရပါတယ် အဆက်အသွယ်ရနိုင်ရင် ပိုကောင်းပါတယ် ဘာကြောင့်လဲ ဆိုတော ့ များသောအားဖြင် ့ Trade လုပ်စားတဲ ့သူတွေ က အဖြူတွေပိုများပါတယ် ထင်တာကတော့ သူတို ့လူငယ်တွေ အတွက် အခွင့် အလမ်းတွေ ကို ဖွင့်ထားပေးတယ်ဆိုထင်ပါတယ်ဗျာ ” ဩစီကနေပြီး … မြန်မာနိုင်ငံသား၊ အခြေခံအလုပ်သမားတွေအတွက် အလုပ်ကိုင်အခွင့်လမ်းဖွင့်ပေးဖို့ အစီစဉ်မရှိဘူးလား … ။လုပ်ပေးကိုင်ပေးကူညီပေးချင်စိတ်ရော မရှိဘူးလား …” ခုချိန်မှာ မလွယ်ဘူးနဲ ့တူပါတယ် ကုမပ်ဏီ တွေ ပိတ်ပြီး တရုတ်ကို ပြောင်းရွေ ့နေလို ့ နေစဉ်နဲ ့အမျှ အဖြူ အလုပ်လုပ်မဲ ့ဖြစ်တာတွေ ကြားနေရလို ့ ကျွန်တော်ထင်တယ် သူတို ့ကတော့ သူတို ့လူမျိုးတွေ ကို မှာ Trade sectors တွေမှာ Technician တွေအနေနဲ ့ ပို အလုပ်ရအောင် License တွေနဲ ့ထိမ်းချုပ်ထားပါတယ် ဂျီတီအိုင် လောက်ပြီးလို ့ အင်းကလိပ်စာရ ပြီး TAFE သင်တန်းတွေတက်ပြီး သက်ဆိုင်ရာ License ရအောင်ဖြေနိုင်ရင်တော ့ အလုပ်ရှာလို ့ရမှာပါ မိုင်းမှာအလုပ်လုပ်တာတော ့ ပိုက်ဆံ အများကြီးရပါတယ် ဒါပေမယ် အသက်အနတ်ရယ်ကများတွေ လူတွေ တွန့်ပါတယ် တချို ့ကတော ့ မိုင်းမှာ ၁ဝ လောက်လုပ်ပြီး ပိုက်ဆံစုပြီး ကိုယ်ပို်င် business တွေစလုပ်ကျပါတယ် Australia မှာ state နဲ ့တခု မတူတဲ ့အတွက် ကွဲလွဲမှု ရှိနိုင်ပါတယ် အမှားပါတယ်ဆိုရင် ထောက်ပြနိုင်ပါတယ်ဗျာ

    • etone

      May 16, 2012 at 9:58 am

      sealion ရေ …. ဗဟုသုတအနေနဲ့ သိခွင့်ရလို့ ကျေးဇူးအများကြီးတင်ပါတယ် ။

  • phone_kyaw

    May 16, 2012 at 5:06 am

    ခင်ဗျားပြောတာ မှန်ပါတယ်။ မြန်မာပြည်က ၁ဝ-တန်းအရည်အချင်းက ဩစီက ၁၂-တန်းလောက်တော့ မရှိပါဘူး။ ဒါတော့ ဆရာဆရာမတွေ ပိုသိမယ်ထင်တယ်။ မြန်မာပြည်မှာ ဩစတျေးလျလို အလုပ်အကိုင်အခွင့်အလမ်းတွေနဲ ့ပညာရေးအခွင့်အလမ်းကိုဖွင့်ပေးနိုင်အောင် လုပ်ရတာလွယ်တယ်။ ခက်တာက ကျနော့်မှာ အာဏာမရှိတာအပြင် ဗမာပြည်ကို ဝင်ဖို ့ဗီဇာတောင် အခက်အခဲဖြစ်နေတယ်။

    မြန်မာပြည်က သက်ဆိုင်ရာ ဝန်ကြီးတစ်ပါးပါးနဲ့ညွန်မှုးတွေ ဩစီမှာ လာလေ့လာ။ ပြီးရင် အကူအညီတောင်း။ မသိတာကို အောက်ကျိူ ့ခံပြီး သင်။ ဒီလိုလုပ်ရင်တော့ ဩစီတွေလည်းလူတွေပဲမို ့ ကူညီပါလိမ့်မယ်။ ကျနော့်အကူအညီလိုရင်လည်းပြောပေါ့။ ဘယ်ဂွင်မှာဘာရနိုင်လဲဆိုတာကို ကောင်းကောင်းသိတယ်။ မယုံရင် စမ်းကြည့်ပါ။ လေတော့နဲနဲကြီးတာကို သည်းခံကြပေါ့။

  • ကိုရင်စည်သူ

    May 16, 2012 at 4:27 pm

    အဟမ်း… ရန်ကုန် ပန်းဆိုးတန်းဆိပ်ကမ်းကနေ… ကြယ်ငါးပွင့်စီးပြီး…
    အင်ဒိုနီးရှားကိုသွား… ပြီးတော့ အင်ဒိုကနေ ဩစီကို ငါးဖမ်းစက်လှေနဲ့
    ခိုးဝင်ပြီး ကဖုန်းကျော်ဆီက မိုင်းတွင်းအလုပ်လေးများ…. တောင်းမလားလို့… 😎
    ဒေါ်လှ ရသောင်းမရလည်း ၃သောင်းလောက်ဆိုလည်း လုပ်ပျော်ပါတယ်လေ…။
    ဗိုက်ကလေးရေ… လိုက်မလား.. ဆိုက်ကားနဲ့ သွားကြမယ်ဟ… 😛 😛

    • ဗိုက်ကလေး

      May 16, 2012 at 4:45 pm

      ဟိုရောက်မှ အူလေးဖုတ်ကျော်က ခေါ်ဘူးဆို တားတို ့တတွေ ဆိုက်ကားတစ်စီးနဲ ့ တိုင်ပတ်နေဦးမယ်
      လုပ်ပါနဲ ့ဂျာ

      • etone

        May 16, 2012 at 4:51 pm

        ဟဲ့ မခေါ်ဘူးဆို .. ဘာကားစီးစီး.. ပြန်ရောက်သေးတယ်အေ့ … ။ ညည်းတို့ကို ဆပ်ကက်ရုံထဲသွင်း ပွဲပြစားမယ်ဆိုမှ .. လွတ်လမ်းမရှိဖြစ်နေဦးမယ် … 😆

        • ဗိုက်ကလေး

          May 16, 2012 at 4:57 pm

          အူးလေးဖုတ်ကျော်က အဲလောက်တော့ မဟုတ်လောက်ပါဘူးဂျ
          တဘောကောင်းမဲရုပ်ပါ
          ပုံထဲပဲကြည့်လေ
          မြန်မာ့ဓာတ်ရှင်မင်းသား အောင်ပိုင်လိုလို ဘာလိုလိုနဲ ့
          ဟုတ်တယ်မလား အူးလေး

        • ဂန်ဗလာ

          May 16, 2012 at 5:20 pm

          အူးဖုတ်ကျော်က ရုပ်ချောတယ် သဘောကောင်းတယ်..
          ဓါးထိုးပတ်စက်မယ့် ရုပ်ကြီးဗျ… သားသားဒေါ့ ကြောက်တယ်..
          ဦးရီးဗိုက်ရယ်…

        • ဗိုက်ကလေး

          May 16, 2012 at 5:27 pm

          ရှူး……………တိုး..တိုး..
          နာတို ့အူးဖုတ်ကျော် ခုတလော စိတ်ကောင်းဝင်နေဒယ်..
          တွားမစဂျနဲ ့
          ဒါဗျဲ

  • Khin Latt

    May 16, 2012 at 8:30 pm

    ကိုရင်စည်
    အခု ကြယ်ငါးပွင့် မရှိတော့ဘူး မဟုတ်လား။
    တစ်မျိုးထပ်ကြံပါဦး။ 😀

    ကိုဘုန်းကျော်ရေ
    ဘရာကြော်ပါ။
    ကလေးတွေ ကိုလဲ မျှကျွေး လိုက်ဦးနော်။ 🙂

  • Crystalline

    May 16, 2012 at 10:59 pm

    ကိုဘုန်းကျော်က အနောက်ဩစတြေးလျှမှာနေတာဆိုတော့ Perth မှာပဲလား အဲဒီမှာတော့မြန်ူမာတွေ တော်တော်များတယ်ဆိုတော့လေ။ ကျမ ဝမ်းကွဲအစ်မနှစ်ယောက်ရဲ့အမျိုးသားတွေ လည်းမိုင်းမှာပဲအလုပ်လုပ်ကြတယ်။ ကျမသွားလည်တဲ့၃လ မှာသူတို့ကို နှစ်ခါလောက်ပဲတွေ့လို့ဘယ်မှာ လုပ်လဲမေးမိတော့မိုင်းမှာ လစာအရမ်းကောင်းလို့သွားလုပ်တယ်ဆိုတဲ့အကြောင်းပြောပြတယ်။ ကိုယ်လည်းဆက်တော့မမေးတော့ဘူး။ ဘာလို့လဲဆိုတော့ မိုင်းဆိုရင် တရုတ်ကမိုင်းတွေအကြောင်း ချီလီမိုင်းအကြောင်းတွေကိုရင်းနှီးနေတော့ ကိုယ်ဖာသာပဲ risk များလို့ လစာနဲ့ facilities ကောင်းကောင်းပေးတာလို့ပဲယူဆလိုက်မိလို့ပါ။ ဒါပေမယ့် Ausi မှာတော့ အလုပ်သမားတွေ အတွက်လုံခြုံရေးစနစ်တွေကတော့ တရုတ်ထက်တော့အများကြီးသာမှာပါ

  • pazflor

    May 17, 2012 at 1:35 am

    ဒါနဲ ့PhD ဆိုရင်ရော ဘယ်လောက်ပေးလည်းဗျ။ မိုင်းလာတူးမယ်ဗျို ့

Leave a Reply