Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သမ္မတကြီးတော့ ဒုက္ခပဲ

သမ္မတကြီး နေမကောင်းဘူးကြားလို့ ပြည်သူတွေ စိုးရိမ်တကြီးနဲ.မေတ္တာပို့နေကြရတာ အားလုံး အသိပါပဲ။ ပင်ကိုယ်က ကျန်းမာရေးမကောင်းပေမဲ့ ရွှင်ရွှင်လန်းလန်းတိုင်းပြည်တာဝန်တွေ ထမ်းဆောင်နေ တဲ့ကြားက ယခုလို ရုတ်တရက် သတင်းထွက်ပေါ်လာတာ သမ္မတကြီး အကိုဆိုသူ ကြောင့်ထိခိုက်သွားတာဖြစ် မယ်လို့ မြောင်းမြသားတွေက ကောက်ချက်ချနေကြပါတယ်။

သမ္မတကြီးအကိုဆိုသူဟာ မြောင်းမြမြို့ဟောင်းရွာက မသမာသူတွေနဲ့ပေါင်းပြီးပြီးခဲ့တဲ့ သင်္ကြန် က စပြီး ဘုရားသိုက်တူးနေပါတယ်။ မြောင်းမြမြို့ဟောင်းကုန်းကြီးက တကုန်းလုံးရှေး ဟောင်း ဘုရား စေတီပျက် တွေ ပြည့်နှက်နေပါတယ်။ မသမာသူတွေကတော့ အဲဒီ့ကုန်းတော်ကြီးမှာ ကွမ်းခြံဘောင် ပေါက်သလို၊ အိမ် တိုင်းကျွင်း တူးသလို၊ခြံစည်းရိုးခတ်သလိုနဲ့ ရွှေတိုငွေစတွေကို တူးဆွယူနေကြပါ တယ်။ ရသွားပြီး သူဋ္ဌေးဖြစ်နေ တဲ့လူတွေ လည်းရှိပါတယ်။ဒါကြောင့်မြို.ဟောင်းကုန်းတော်ကြီးကို နိုင်ငံ တော်က ရှေး ဟောင်းယဉ်ကျေးမှု စောင့်ရှောက် နယ်မြေသတ်မှတ်ပြီး ခွင့်ပြုချက်မရှိပဲ မြေတူးရင် ထောင်(၇)နှစ်အ ထိချမှတ်မယ်လို့ နိုင်ငံပိုင်သ တင်းစာတွေ မီဒီ ယာတွေကနေပြီး တရားဝင်ကြော် ငြာ ထားပါတယ်။

အဲဒီ့မြို.ဟောင်းရွာက မန်းငွေသိန်းဆိုသူဟာ လွန်ခဲ့တဲ့ ၄-၅ နှစ်က မီးဖိုချောင်ချဲ့ဖို့ဆိုတဲ့ အ ကြောင်းပြ ချက်နဲ့ရှေးဟောင်းဘုရားကြီး အခြေကိုတူးဖြိုချပြီး သိုက်တူးခဲ့ပါတယ်။ သက်ဆိုင်ရာက စုံ စမ်းစစ်ဆေးတော့ ရှေးဟောင်းရွှေဒဂါး၊ ငွေဒဂါးတွေ တစ်ခွဲသားလောက်ဖမ်းမိပြီး ထောင်ချအ ရေးယူ ခံခဲ့ရပါတယ်။ ရွှေဒဂါးတွေက အနှစ်၂၀၀၀/၃၀၀ဝ လောက်ကဆိုတော့ နိုင်ငံတော်က အမျိုးသားပြ တိုက်မှာ ပြသထားပါတယ်။ အဲဒီ့သိုက် သမား မန်းငွေသိန်းရယ် သူ့မယားညီအကို မန်းကောက်စိန်၊ မန်းတောတို့ လူတစ်စု စုပေါင်းပြီး၊ ပြီးခဲ့တဲ့သင်္ကြန် ကစပြီး ဘုရားတောင်ကြီးကို ထပ်ဖြိုကြပါတယ်။ ဘာအဆောက်အဦးမှ မရှိပေမဲ့ အုတ်တံတိုင်းခတ် ဖို့လို့အ ကြောင်းပြပြီး ပြောင်ပြောင်တင်းတင်း တူးနေ ကြပါတယ်။ သင်္ကြန်တွင်းက ရွှေလင်ပန်း တစ်ချပ်နဲ့ ရွှေထည် ပစ္စည်းတွေရတယ်လို့ ရွာသားတွေပြော ဆိုနေကြပါတယ်။ ဒီသတင်းတွေကြောင့် ယဉ်ကျေးမှုစောင့်ရှောက် နယ်မြေမှာ ခွင့်ပြုချက်မရှိရင် မြေမ တူးဖို့ ဆိုင်ရာကပြောတော့ သမ္မတကြီးအစ်ကိုပါ ပါတယ်ဆိုတော့ ဆက် မပြောရဲတော့ဘူး။

သမ္မတကြီးအစ်ကိုဆိုသူက ရွာကိုလာတုံးက ကားငှားစီးလာတယ်။ ဥပဓိရုပ်ကလည်းခန့် ခန့်ညား ညားမရှိဘူး။ ပေါင်းသင်းတာကလည်း သိုက်သမားတွေနဲ့ ဆိုတော့ ရွာကတော့ အစ်ကိုအတု လို့ထင်ကြပေမဲ့ ငပုတောဘက်ကလာတာဆိုတော့လဲ အတတ်မပြောရဲကြဘူး။

ဒါပေမဲ့ ဒီတောင်ကြောမှာ သိုက်တူးတိုင်းပစ္စည်းတော့ရတယ်။ ရပြီးသိပ်မကြာဘူး ထောင် ကျရင်ကျ၊ မကျရင်လဲ မချိမဆန့်ရောဂါဖြစ်ပြီး အသေဆိုးနဲ့သေတာမျိုး အမြဲကြုံရတယ်။ ရွာကိုလည်း ကံဆိုးမိုးမှောင်ကျ တတ်တယ်ဆိုတာ ရွာသားတွေကသိနေတော့ တထိတ်ထိတ်စောင့်ကြည့်နေ ကြပါတယ်။ မြို့ဟောင်းကုန်းကြီးက အစောင့်ရှောက်သိပ်ကြမ်းတာ သိနေကြပါတယ်။

ဒီကြားထဲ သမ္မတကြီးကဗြုံးစားကြီးနေမကောင်းဖြစ်တယ်ဆိုတော့ သမ္မတအစ်ကိုလုပ်တာတွေ သမ္မတကိုသွားခိုက်နေပြီလား။ သမ္မတအရှိန်အဝါယူပြီးတူးဖေါ်တာမို့လို့ သမ္မတကိုသွားထိနိုင်တယ်။ သမ္မတကြီးတော့ ဒုက္ခပါပဲ။ လောလောဆယ် စိုးရိမ်စရာအခြေအနေမရှိဘူးကြားလို့ သက်ပြင်းချနိုင်ပေမဲ့ ဒိထက်ပိုဆိုးလာတာတွေ ဖြစ်ရင်တော့ မတွေးရဲတော့ဘူးလို့ ရွာသားတွေက စိုးရိမ်နေကြကြောင်းပါခင်ဗျား…။

မြို့ဟောင်းသား

12 comments

  • Gipsy

    May 20, 2012 at 7:31 pm

    ဘုရားသိုက်တူးတာမှန်ရင်တော့ အဝီဇိ ဂျိုးကပ်ဦးမဲ့ ပုဂ္ဂိုလ်တွေပါလား…..
    အပါယ်ငရဲ မကြောက် ဒုက္ခလှလှရောက်ရတော့မယ်….
    အော်..လောဘ..လောဘ…ကြောက်စရာကောင်းလိုက်ပါဘိတော့….။

  • ဗိုက်ကလေး

    May 20, 2012 at 7:39 pm

    သမဒကြီး ဝမ်းဆွေ ့ဝမ်းဆွေ ့ ဝမ်းဝမ်းဆွေ ့ဖြစ်ပါစေဗျား..

  • Gipsy

    May 20, 2012 at 7:43 pm

    ဟတာလဲ ဟနေမှာပဲ
    ဟစိ..ဟစိ မျုးိနဲ့တူတယ်…။

  • “””သမ္မတကြီးအစ်ကိုဆိုသူက ရွာကိုလာတုံးက ကားငှားစီးလာတယ်။ ဥပဓိရုပ်ကလည်းခန့် ခန့်ညား ညားမရှိဘူး။
    ပေါင်းသင်းတာကလည်း သိုက်သမားတွေနဲ့ ဆိုတော့ ရွာကတော့ အစ်ကိုအတု လို့ထင်ကြပေမဲ့ ငပုတောဘက်က
    လာတာဆိုတော့လဲ အတတ်မပြောရဲကြဘူး။””

    ကျနော်ဆိုလိုတာ ဒီနေရာကို သဘောမကျတာပါဗျ။ဘာမှ ဟစိ ဟစိ မဟုတ်ဘူးဗျ။ဟုတ်မှန်ရင် သမ္မတအကိုဘဲဖြစ်
    ဖြစ်၊ဘယ်သူတောင်းစား စစ်ခွေးအကိုဘဲဖြစ်ပါစေ ထိရောက်အောင် ဆုံးမရမယ့် ခေတ်ရောက်နေပီ။အဲဒီမှာ အတတ်
    မပြောရဲဘူးဆိုတော့ ဖတ်ရတာ အားလျော့နေလို ့ပြောတာပါ။

  • ရွာစားကျော်

    May 21, 2012 at 9:29 am

    မဟုတ်တာလုပ်လို့ကတော့
    သမ္မတကြီး အစ်ကိုမကလို့
    သမ္မတကြီး မယားပါသမီးရဲ့ တိတ်တိတ်ပုန်း ယောက်ျားဖြစ်ဖြစ်..
    အပယ်တွေ ငရဲတွေ ရောက်မှာကနောက်
    ထိထိရောက်ရောက် လက်ငင်း အရေးယူသင့်ပါတယ်..

  • ကြောင်ကြီး

    May 21, 2012 at 9:45 am

    အဲဒါ သမဒဂျီးအကိုမဟုတ်ဘူး.. သဂျီး သဂျီး ကျုပ်တို့သဂျီး ..သူ့နဂိုရုပ်အတိုင်းသွားရင် ဥစ္စာဇောင့်မဂ ပြန်မလွတ်ဘဲ ထားမှာဆိုးလို့ သဂျီးှုဒေါ်ဂ ရုပ်ဖျက်ပေးလိုက်တာ…။ မယုံရင် အဲဒီလူနား ထန်းရေတမြူနဲ့ နွားကင်တပန်းကန် သွားထားကြည့် သိုက်တူးလက်စမေ့ပြီး အမူးသောက်လိမ့်မယ်..။ 😆

  • jujuma

    May 21, 2012 at 12:59 pm

    သမဒ ဂျီးအတွက် ပူပန်ပေးကြတဲ့ ရွာသားတွေလည်းရှိသေးသကိုးးး

  • က်ိုကိုအိုဗာ

    May 21, 2012 at 7:39 pm

    အိုး..ကျွတ်ကျွတ်..
    သမ်းမ တကြီးအားကို က ဘုရားဟောင်ပျက်တွေ
    တူးဆွတာ ဝါသနာ အရင်းခံတယ်ဆိုတော့ကာ..
    သူကို ရှေးဟောင်းယျဉ်ကျေးမှု ဝန်ကျီးဌာန မှာ
    နေရာချပေးရင်တိုင်းပြီ ဒွက် အကျိုးမရုတ် နိုင်ပါဘူး
    ပေါက်ဖေါ်ချီးတို့ ကို သာလေယံဇရပ် တွေရောင်းစား
    တာထက်တော့ မစိုးသေးဝူး

  • awra-cho

    May 21, 2012 at 8:52 pm

    အမှန်တော့ ဝင်ပြောဖို့တောင် မလိုပါဘူး၊ အရှင်းကြီးဟာ၊ သမ္မတ အကိုက အဲလောက်လေး လုပ်မလား၊ ပင်ပန်း စရာတောင် မလိုပါဘူး။ လက်မှတ်ထိုးပြီး ပါမစ်ပေးလိုက် အခုတောင် ကားပါမစ်ရနိုင်သေးတယ်။ ထိုင်နေရင်း တောင်ပိုက်ဆံရမှာပါ။ အခုတော့ ရှုပ်နေတာပဲ

  • Than Htay

    May 22, 2012 at 4:06 am

    မြောင်းမြသားများ သည်လောက် “အ”လိမ့်မည်ဟု မထင်ပါ..
    မြောင်းမြမြို့ဟောင်းရွာတွင် ဘုန်ကြီးကျောင်းမရှိတော့ဘူးလား?
    ရှိလျှင် ဒီကိစ္စကိုအဆင့်ဆင့်ဘာဖြစ်လို့မတင်ပြတာလဲ?
    သမ္မတကြီး၏ အမည်ကိုအသုံးပြုပြီးသိုက်တူးနေသည်ဆိုလျှင် တာဝန်ရှိသူများကပို၍အလွယ်တကူသိရှိနိုင်ပါသည်။
    ခက်ခဲသော မသိနိုင်သောကိစ္စမဟုတ်ပါ.
    သမ္မတကြီး၏ အမျိုးများသည်လိုလုပ်မည်ဟုမထင်ပါ။
    တိကျသေချာသောအထောက်အထားများဖြင့်တင်ပြသင့်ပါသည်။

Leave a Reply