Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖယောင်းတိုင် မထွန်းစေချင်ပါ…(ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည်)

DavitMay 23, 20121min107033

ကျွန်တော်အခုပြောချင်တဲ့တစ်ခုကတော့ မြန်မာတစ်နိုင်ငံလုံးမှာ မီးတွေပျက်/ဖျက်/မလာ တဲ့ကိစ္စနဲ့ပါတ်သက်ပြီး သိရသမျှလေးတွေကိုပြောထားတာပါ။

ဒီလိုပါ….

ကျွန်တော့်တို့မှာ ညီအကို 3 ယောက်ရှိပါတယ်…အဲ့ဒိထဲကမှကျွန်တော်ကအကြီးဆုံးပါ။ ကျွန်တော့်ညီအငယ်ဆုံးက BE.EP နဲ့ကျောင်းပြီးသွားပြီး 1 နှစ်ခွဲလောက်အကြာမှာ ရဲရွာရေအားလျှပ်စစ်မှာ အလုပ်ရုံခွဲမှူးရာထူးနဲ့တာဝန်ကျတာ ခုဆိုရင် 3 နှစ်ခွဲလောက်ရှိပြီပေါ့။ ဒီနေ့မနက်ပဲ ရန်ကုန်မှာရှိတဲ့ကျွန်တော်တို့အိမ်တက်မင်္ဂလာအတွက် သူပြန်ရောက်လာပါတယ်။ ဒါနဲ့ပဲ သူနဲ့မီးအကြောင်းကိုစကားစပြောဖြစ်တယ်ခင်ဗျ။ ကျွန်တော်ကမေးတာပေါ့… “မန္တလေးနဲ့ ရန်ကုန်တို့မှာ ဖယောင်းတိုင်ထွန်းပြီး မီးလာဖို့အတွက်ဆန္ဒပြနေကြတာမင်းတို့သိတယ်မဟုတ်လား” လို့မေးတော့။ သူကပြန်ဖြေပါတယ် “ဆန္ဒပြလည်း လျှပ်စစ်ဝန်ကြီးဌာနတွေဘက်က ဘာမှမတက်နိုင်ကြဘူး အကို ”တဲ့…..ဒါနဲ့ကျွန်တော်က “ဟေ….ဒါဆိုမင်းတို့ဝန်ကြီးဌာနကလူကြီးတွေက ပြည်သူတွေကို သောက်ဂရုမစိုက်တာလား…သောက်ရေးမလုပ်တာလား” ဆိုပြီးမေးတော့ သူက “အာ…အကိုကလည်း…အဲ့လိုဆန္ဒပြလို့သူတို့လည်းခေါင်းမီးတောက်နေတယ်…ကျွန်တော်ပြောချင်တာက မိုးမှမရွာတာ..မိုးမရွာတော့ ဆည်တွေမှာရေကအရမ်းနည်းနေတယ်… ပေးချင်ပေမဲ့ လုံးဝကိုပေးမရဘူး…ဥပမာ..မြန်မာနိုင်ငံမှာ အကြီးဆုံးဆိုတဲ့ကျွန်တော်လုပ်နေတဲ့ ရဲရွာမှာဆိုရင်တောင် စက်လေးလုံး(တာဘိုင်လေးလုံး)ရှိတယ်အကိုရာ…တာဘိုင်တစ်လုံးကိုအပြည့်လည်ရင် 200 မဂ္ဂါဝပ်ထွက်တယ်…ဒီတော့ 4 လုံးအပြည့်လည်ရင် 800 ထွက်တယ်အကိုရာ…ဒါဆိုရင် မပိုဘူးဆိုတောင်မှ ပြည့်ပြည့်ဝဝနီးပါးပေးနိုင်တယ်..ခုတော့ ရေအရမ်းနည်းနေလို့ တစ်ရက်ကို တာဘိုင် 2 လုံးဘဲလည်နေရတယ်။ ကျန် 2 လုံးက လုံးဝကိုရပ်ထားရတာ… အဲဒိလည်နေတဲ့ 2 လုံးတောင် တစ်လုံးကို 90 နီးပါးပဲရအောင်လည်နေရတာ… ရေမှမရှိပဲဗျာ….  သဘာဝဓါတ်ငွေ့နဲ့လည်တဲ့စက်ရုံတွေဆိုတာ မြန်မာနိုင်ငံမှာ ပါးပါးလေးပဲရှိတာ…ဒီလိုပါးပါးလေးရှိရတဲ့ကြားထဲ ဓါတ်ငွေ့ကလည်းမရတော့ သူတို့ဆို ငုတ်တုတ်….. ဒီကြားထဲ ဗုံးပါအခွဲခံလိုက်ရတယ်ဆိုတော့အကိုရယ်တွက်ကြည့်ပါ…  ဒါပေမဲ့မကြာပါဘူး… တစ်လလောက်ကြာရင် အားလုံးပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်…တစ်ကယ်တော့ ဆုတောင်းတဲ့သူတွေက တစ်ခြားဆုတောင်းတာထက် မိုးမြန်မြန်စောစောရွာပါစေဆိုပြီးဆုတောင်းရမှာ အကိုရ” ဆိုပြီးကျွန်တော့်ကိုရှင်းပြပါသတဲ့။

ဒါကတော့ ခုဏလေးတင်ကျွန်တော်ရယ် ကျွန်တော့်ညီ(အရင်း) ရယ်နေ့လည်စာထမင်းလက်ဆုံစားရင်းပြောဖြစ်ခဲ့တဲ့ စကားဝိုင်းက အဖြစ်လေးတွေပါ….

ရွာသူရွာသားတို့ရော ဘယ်လိုထင်ကြပါသလဲ…..

(ကျွန်တော်ရော ကျွန်တော့်ညီ 2 ယောက်စလုံးက ဝန်ကြီးဌာနမှာလုပ်တဲ့မိဘတွေကပေါက်ဖွားလာကြပေမဲ့ … အေးဆေးနေတတ်တဲ့အမေကလွဲရင် အားလုံးက NLD ပါတီဝင်တွေပါ……..ဝန်ကြီးဌာနတွေကိုချစ်မြတ်နိုးနေတယ်ထင်မှာဆိုးလို့ပါ။)

မှက်ချက်….အကြောင်းဆက်ရင် မနေ့ညနေ 6 နာရီလောက်ကနေ 9 နာရီလောက်ထိ လှိုင်မြို့နယ် ကြံ့ခိုင်ရေးပါတီမှာ မြို့နယ်ကိုယ်စားလှယ်ရွေးပွဲနဲ့ ဆယ်စု/ရာစု/ထောင်စု စည်းဝေးပွဲမှာ ကြံ့ခိုင်ရေး ကလူကြီးတစ်ချို့သုံးသွားခဲ့တဲ့ စကားလေးတွေရေးချင်သေးသဗျို့…..ရီစေချင်လို့ပါ။)

 

ချစ်တဲ့

ဗစ်ဗစ်

33 comments

  • လင်းဝေ

    May 23, 2012 at 2:57 pm

    ဆန္ဒ နဲ့ မကျေနပ်မှုကို ဒီလောက်ထုတ်ဖော်ခွင့်ရရင် တော်လောက်ပြီထင်တယ်။
    ဆက်ပြီး ဆန္ဒတွေပြ မဆိုင်တာတွေပါ လျှောက်ပြော လုပ်နေရင် မကောင်းဘူးထင်တယ်။
    ချက်ချင်းဖြစ်မလာနိုင်မှတော့ ဒေါသထွက်တယ် နောက်ဒါမျိုးမဖြစ်အောင် စီစဉ်ပါ ဆိုတဲ့သဘောမျိုး အသိပေးပြီး ရပ်လိုက်သင့်ပြီ။ တစ်ဘက်က သဘောကောင်းတိုင်း စွတ်မလုပ်သင့်ဘူး။

    • Davit

      May 23, 2012 at 3:05 pm

      မှန်ပါတယ်…………ဒါပေသိ…ဟိုအူးလေးကြီးပြောသလိုပြောလိုက်မယ်….ရော့…ဆိုင်ကယ်ဦးထုပ်တစ်လုံး………………..ဟီးးးးးးးးးးးးး

  • Khin Kha

    May 23, 2012 at 3:38 pm

    သဘာဝအရ ရေနည်းနေလို့ လျှပ်စစ်မီးမရနိုင်တယ်ဆိုတာကို နားလည်နိုင်ပါတယ်။
    ဒါပေမယ့် တစ်ခါတုံးက ကိုယ့်ကိုယ်ကို အထင်ကြီးပြီး လျှပ်စစ်အကြောင်းသူလောက် သိတဲ့သူမရှိဘူး ၊ ပိုနေလို့ရောင်းတာပါပြောခဲ့တဲ့ အရူးရဲ့ မစဉ်းစားမဆင်ခြင်ပြောခဲ့တာကို ခံပြင်းလို့ ဆန္ဒတွေထုတ်ဖော်တာပါ။
    ပြီးတော့ အခုဆန္ဒထုတ်ဖော်သူတွေက ၂၄နာရီ လျှပ်စစ်မီးလာဖို့ပြောနေကြတာမဟုတ်ဘူးနော် လျှပ်စစ်မီး တစ်နာရီဘဲပေးရင်တောင် မီးအားလေးပြည့်စေချင်ကြတာပါ၊လာတဲ့အချိန်လေး မီးအားပြည့်မှ အဓိကရေစက်မောင်းရမှာလေ။ အခုက မီးလာပေမဲ့ မီးလုံးဘေးနား ပိုစုန်းကြူးဖြတ်ပြန်ရင်တောင် မီးလုံးလေးကမျက်နှာငယ်ပြီး သူအလင်းထက်သာလို့ငေးနေရတဲ့ဘဝပါ။
    အားလုံးကနားလည်ပါတယ် လျှပ်စစ်မီးက အခုဆို ၂၄နာရီ လာတာမဟုတ်ဘူး ၂ ရက် ၄ နာရီ လာတာဆိုတာ။

  • FattyCat

    May 23, 2012 at 4:19 pm

    ကိုဒေးဗစ်ရေ-
    အဲဒီလိုပြောရင် ကျွန်တော့အနေနဲ့အမြင်တစ်ခုကိုပြောချင်တယ်ဗျာ…

    အစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်းပြည်သူတွေကို တင်ပြဖို့သင့်ပြီလို့ထင်ပါတယ်…
    အရင်အစိုးရလက်ထက်တုန်းက သတင်းစာတွေမှာ လျှပ်စစ်မီးအားတွေ ဘယ်လောက်မီဂါဝပ်ထွက်နေပြီ…
    မကြာသေးခင်မှာ ဘယ်လောက်မီဂါဝပ်ထွက်တော့မယ်ဆိုပြီး လျာအရိုးမရှိပြောခဲ့တာတွေကြောင့်
    ပြည်သူတွေအနေနဲ့ လျှပ်စစ်မီးတွေရှိနေရဲ့သားနဲ့ ရောင်းစားပြီး ပြည်သူတွေကိုမပေးဘူးလို့
    ထင်ကောင်းထင်နေနိုင်တယ်…
    တကယ် ထင်တဲ့အတိုင်းလဲဖြစ်နေနိုင်တယ်…

    အဲဒီတော့ အစိုးရအနေနဲ့…
    လျှပ်စစ်ဓာတ်အားပေးစက်ရုံဘယ်နှရုံရှိတယ်…
    စုစုပေါင်း လျှပ်စစ်မီဂါဝပ် ဘယ်လောက်အနည်းဆုံးထွက်နေတယ်…
    မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို လျှပ်စစ်မီးပေးရင် စုစုပေါင်းမီဂါဝပ်ဘယ်လောက်ကုန်မယ်…
    နောက်ပြီးတော့ ပြည်ပဘယ်နိုင်ငံကို မီဂါဝပ်ဘယ်လောက်ရောင်းစားထားပြီး တစ်နှစ်ကိုဝင်ငွေဘယ်လောက်ရရှိကြောင်းနဲ့ အဲဒီဝင်ငွေတွေကို ဘယ်နေရာတွေမှာ အကျိုးရှိစွာအသုံးချတယ် (သို့တည်းမဟုတ်) တိုင်းပြည်ကြွေးမြီတွေကို ဆပ်နေတယ်ဆိုတဲ့စာရင်းကို
    နိုင်ငံပိုင်မီဒီယာတွေကတဆင့် ပြည်သူကို မချွင်းမချန်ပဲစာရင်းရှင်းတန်းတင်ပြဖို့လိုနေပြီလို့မြင်ပါတယ်…

    ရှေ့အစိုးရရဲ့အမှားကို နောက်အစိုးရပြင်ဖို့ကြိုးစားတယ်ဆိုတာ ပါးစပ်နဲ့ပြောနေရုံမရပါဘူး…
    ပြည်သူပိုင်သယံဇာတများနဲ့ ပြည်သူပိုင်ငွေကြေးဖြစ်သည်ကတစ်ကြောင်း၊
    အဲဒီလို ပြည်သူပိုင်များကို စနစ်တကျသုံးစွဲပြမှ ပြည်သူတွေအနေနဲ့ မိမိတို့ပိုင်ဆိုင်သောသယံဇာတများနှင့် ငွေကြေးများကို အလေးထားတန်ဖိုးသိနိုင်မည်ဖြစ်သောကြောင့်
    နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုပေါ်တွင် ပွင့်လင်းသောသဘောထားရှိမည်ဆိုပါက
    ဝန်ကြီးအနေနှင့်ရော၊ နိုင်ငံတော်သမ္မတအနေနဲ့ပါ ခေါင်းကိုက်တာသက်သာမယ်လို့မြင်ပါတယ်နော်…

    ဖယောင်းတိုင်ထွန်းတာကိုတော့ မတားမြစ်ပါနဲ့…
    ဖယောင်းတိုင်ထွန်းပြမှ… သိတဲ့လူမျိုးကိုဖယောင်းတိုင်ထွန်းပြရမှာပဲ…

    ဖယောင်းတိုင်ထွန်းနေသူ
    ကြောင်ဝတုတ်

    • Davit

      May 23, 2012 at 5:14 pm

      ကို ကြောင်ဝတုတ်ရေ………. အကို့ comment ကသိပ်ကောင်းပါတယ်ဗျာ…… ဒါပေသိ…ဒင်းတို့က ဖယောင်းတိုင်ထွန်းပြလည်း ရနိုင်တဲ့သူမျိုးတွေမဟုတ်တာဆိုတာကို ကျွန်တော့်ရဲ့နောက် Post မှာရေးပြပါမယ်။ အဖြစ်မှန်ပေါ့ဗျာ…..ရယ်စရာကြီးကိုဖြစ်လို့………..

  • PaLote Tote

    May 23, 2012 at 4:34 pm

    ဒါဆိုရင် မြန်မာနိုင်ငံက ထွက်တဲ့လျှပ်စစ်ဓာတ်အားတွေပိုနေလို့ ရောင်းစားရပါတယ်လို့ပြောတဲ့ လျှပ်စစ်ဝန်ကြီးက သူ့စကားအတွက် တာဝန်ယူသင့်တယ် ။(ရာထူးကနှုတ်ထွက်ပေးသင့်တယ်) ။ ပြည်သူတွေက အဲဒီစကားကြောင့်ပိုပြီးဒေါသထွက်နေတာ ။

    • Davit

      May 23, 2012 at 5:10 pm

      အဲ့ဒါတော့အမှန်ပဲဗျာ…… Market သဘောတရားအရ ပိုလျှံလို့ရောင်းစားနေရပါတယ် ဆိုတဲ့လူဂျီး နှုတ်ထွက်ပေးလိုက်ရင် ဘယ်သူမှဖယောင်းတိုင်မထွန်းတော့မှာသေခြာတယ်ဗျို့….. နောက်ဆုံးဗျာ သူနှုတ်ထွက်တဲ့နေ့မှာ မီးပျက်နေရင်တောင် ဂုဏ်ပြုတဲ့အနေနဲ့ အိမ်မှာတောင်းဖယောင်းတိုင်မထွန်းဘူးဗျို့…. ကဲ .. ရွာသားတွေရော အဲ့လုပ်ကြမလား……. 🙂

      • shwe kyi

        May 23, 2012 at 7:20 pm

        လုပ်မှာပေါ့ရှင်။ သူသာအများပြည်သူသိအောင်ကျွန်တော်တော့မတတ်တော့ပါဘူး၊
        မသိတော့ပါဘူး၊ အသုံးမကျတော့ပါဘူးဆိုပြီးအားလုံးကိုတောင်းပန်ပြီး အလုပ်ထွက်။
        အဲလိုဆိုလို့ကတော့ ကို Davit ပြေသလိုပဲအိမ်မှာတောင်ဖယောင်းတိုင်မထွန်းဘူး။

      • ရွာစားကျော်

        May 24, 2012 at 1:11 pm

        မီးကုန်သည်ဆိုး
        ပြည့် သူခိုးကြောင့်
        မှိန်ညှုးိပြည်ရွာ
        မနာစေဖို့
        တေလေဂျပိုး
        မအေရိုးတွေ
        ဘယ်သူသေသေ
        ငတေမာတဲ့
        လေဆရာနှုတ်သရမ်း
        ယုတ်ကြမ်းသူတွေ
        မနေနိုင်အောင်
        ကြံဆောင်အားထုတ်
        အမျိုးဖြုတ်စို့..။

        ကွန်မင့်တခုက ကဗျာလေးကို အပ်ဂရိတ်လုပ်ထားတာပါ
        ကိုဒေးဗစ်က အဆက်အသွယ်လေးတွေ ရှိတော့ ကိစ္စလေးတခုလောက် ကွန်ဖန်းလုပ်ပေး စေချင်တယ်ဗျာ.. ကျနော် ပြန်ရှာတာမတွေ့တော့လို့ပါ
        ဟိုးတလောက အွန်လိုင်းမှာ ရွှေလီ-၂ လား၊ တာပိန်-၂ လားပဲ (နာမည်လည်း သေချာ မမှတ်ထားလိုက်မိတာ တောင်းပန်ပါတယ်) တရုတ်နဲ့ ၂၀၀၈ လောက်က ဆောက်ထားတဲ့ ရေအားလျှပ်စစ်စီမံကိန်းမှာ ဖွင့်ပြီးမကြာ အပျက်အစီးတွေ ပြင်ဖို့ စာတင်တာ ဓာတ်ပုံတွေနဲ့တကွ ကြည့်လိုက်ရတယ်..။ အဲဒီ အကြောင်းလေး ကျနော်တို့ကို ပြန်တူးပေးနိုင်မလားခင်ဗျာ..။

        • Davit

          May 24, 2012 at 4:15 pm

          မေးကြည့်ပေးပါ့မယ်ဗျာ…..နက်ဖြန်ကျရင် သိရင်လည်း သိတဲ့အကြောင်း/ မသိရင်လည်း မသိတဲ့အကြောင်း ပြန်ရေးပေးပါ့မယ်….. 🙂

        • Davit

          May 24, 2012 at 4:51 pm

          အကိုရွာစားကျော်ပြောတာ ရွှေလီ ၁ ဓါတ်အားပေးစက်ရုံနဲ့တူတယ်ဗျ….. သူကဖွင့်ပြီး1နှစ်ခွဲလောက်အကြာမှာ အကြီးစားပြင်ဆင်မှုလုပ်ရတဲ့ ဓါတ်အားပေးစက်ရုံထဲကတစ်ခုပါ…..နောက်ပြီး မြန်မာအင်ဂျင်နီယာတွေနဲ့တရုတ်တို့ပူးတွဲပြီးဆောက်တယ်ဆိုပြီး 2008 နှစ်ကုန်ပိုင်းမှာ မြန်မာ့အသံမှာကြေငြာထားတဲ့ဟာပါ….
          လင့်ကိုတင်ပေးလိုက်ပါတယ်….မဟုတ်ရင်တော့ပြန်ပြောပါခင်ဗျားးးးးး

          ပထမလင့်ကတော့ အပြည့်အစုံပါပါတယ်
          http://www.demowaiyan.org/2012/04/blog-post_20.html

          http://www.demowaiyan.org/2012/04/blog-post_19.html

          မဟုတ်ဘူးဆိုရင်ပြန်ပြောပေးပါနော်….
          ချစ်တဲ့
          ဗစ်ဗစ် 😛

        • Davit

          May 24, 2012 at 5:20 pm

          နောက်ဆက်တွဲအနေနဲ့ အမှက်၁လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ဖွဲစည်းမှုနှင့်ရည်ရွယ်ချက် ၄ ရပ်ထဲမှာ ပိုရင်ရောင်းမယ်ဆိုတာမပါခဲ့ဘူးဗျ…..ဟိုလူကြီးအတွက်တော့ပိုနေလို့နောက်ထပ်ရည်ရွယ်ချက်နဲ့ဆောင်ရွက်ချက်(င)ကိုထပ်ထည့်လိုက်တာနဲ့တူသဗျ….. 🙂
          **************************************************************
          ဖွဲ့စည်းမှုနှင့် ရည်ရွယ်ချက်
          —————————
          နိုင်ငံတော်၏ စီပွားရေး နိုင်ငံတော်တည်ဆောက်ရေးနှင့် လုပ်ငန်းကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးတို့ အားထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် အတွက် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံဖြိုးရေးကောင်စီသည် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို အမိန့်ကြေညာစာ အမှတ် (၅။၂၀ဝ၆)ဖြင့် (၁၅-၅-၂၀ဝ၆) ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ပါသည်။ ရည်မှန်းချက်တာဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အတွက် ဝန်ကြီးဌာန၏ လက်အောက်တွင် ရေအားလျှပ်စစ်စီမံရေးဦးစီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော် ရေးဦးစီးဌာနနှင့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း အစရှိသည့် ဦးစီးဌာနနှင့် လုပ်ငန်းဌာနများအား ဖွဲ့စည်းထားရှိခဲ့ပါသည်။ ဝန်ကြီးဌာန၏ ရေရှည်ရည်မှန်းချက်တာဝန် (၄)ရပ်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
          (က) သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများအား ကာလတိုအဖြစ် ရည်မှန်း ဆောင်ရွက်လုပ်ကိုင်ရန်နှင့် ရေအားလျှပ်စစ်ကို အဓိကစွမ်းအင် အရင်းအမြစ်အဖြစ်မှီခို အားထားဆောင်ရွက် သွားရန်။
          (ခ)စီးပွားရေး ဖွဲ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေရန် ထုတ်လုပ်ဖြန့်ဖြူးရန်။
          (ဂ)အနာဂတ်တွင် လျှပ်စစ်ဓာတ်အား လုံလောက်မှုရှိစေရန်အတွက် လျှပ်စစ်ဓာတ်အား လေလွင့်မှုများ လျှော့ချရန်နှင့် ထိန်းသိမ်းရန်။
          (ဃ)စွမ်းအင် အရင်းအမြစ်အသစ်များနှင့် ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များမှတဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တိုးမြှင့်သွားရန်။

        • ရွာစားကျော်

          May 24, 2012 at 9:19 pm

          Dear vitvit
          Bravo ပါခင်ဗျား
          အဲဒီ ဓာတ်အားပေးစက်ရုံမှ အဲဒီစက်ရုံအစစ်
          http://www.demowaiyan.org/2012/04/blog-post_06.html

          ကျေးဇူးပါဗျ.. ဗစ်ဗစ်ကို ခြစ်သွားပြီ..

    • THE MOON

      May 24, 2012 at 11:47 pm

      သူကအသိဆုံး၊အတတ်ဆုံးလေ။ဒီအချိန်မှာတခုခုတော့ပြောသင့်တယ်ထင်တယ်။

  • kotun winlatt

    May 23, 2012 at 4:42 pm

    အော်…ပြောရက်ပါပေ့..ကိုယ့်ဆရာရယ်…
    ပြည်သူတွေကရော ..ဖယောင်းတိုင်းထွန်းချင်လို့ ထွန်းနေတာ
    ဟုတ်ပါ့မလားးး ခင်ဗျား ခံစားနေရတဲ့ ပြည်သူတွေဘက်ကနေ
    နည်းနည်းတော့ စဉ်းစားပေးပါဗျာ…
    ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံသစ်ဆီကိုသွားမယ်လို့
    ကြွေးကြော်ထားတဲ့ အစိုးရက မီးလင်းရေးကိုတောင်
    မဆောင်ရွက်ပေးနိုင်သေးဘူးဆိုရင်…
    ပြီးတော့ ခင်ဗျားပြောသလို မိုးရွာမှသာ မီးပေးနိုင်မယ်ဆိုရင်
    ဗုံးခွဲခံရလို့ မီးမလင်းတာဆိုရင်…
    အရင်ကရော မီး ၂၄နာရီ လာခဲ့ရဲ့လားးး
    ပြီးတော့ လျှပ်စစ်ဝန်ကြီးကရော ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အားတွေ
    ပိုလျှံနေလို့ပြည်ပကိုရောင်းရတာပါလို့ ဘာလို့ပြောခဲ့တာလဲ…
    ပြည်သူတွေကို အဆိုးမဆိုပါနဲ့ဗျာ..
    နှစ်ပေါင်းများစွာက မွန်းကြပ်မှုတွေ အခုမှ ဖြေလျှော့ခွင့်လေး နည်းနည်းရလာတာပါ..
    ဖယောင်းတိုင်လောက်တော့ထွန်းကြပါစေ…။

    • Davit

      May 23, 2012 at 5:24 pm

      မိုးရွာမှသာ မီးပေးနိုင်မယ်လို့ ကျွန်တော်ပြောခဲ့တာမဟုတ်ပါဘူး အကိုရယ်….ကျွန်တော့်ညီကသူ့ရှေ့မှာ မြင်နေတဲ့အဖြစ်အပျက်လေးကို သူသိသလောက်ပြောပြတာပါ။ သူသိတာက သူတာဝန်ကျတဲ့ဆည်မှာ ရေလုံးဝနည်းနေတယ်…ဒါကြောင့် တာဘိုင် 4 လုံးစလုံးသုံးမရဘူး….နောက်တစ်လလောက်ကြာလို့ဆည်ရေပြည့်လာရင် တာဘိုင်အကုန်လည်နိုင်မယ်… ဒါပဲသူသိတာပါဗျာ….. ကျွန်တော်တို့နိုင်ငံရဲ့ဝန်ကြီးဌာနအချို့ကလည်းခက်သားဗျ….စုံစမ်းကြည့်လို့သိရသလောက် အခြားသောနိုင်ငံတွေမှာ ဆည်တစ်ခုတည်ဆောက်တော့မယ်ဆိုရင် ဆည်ဆောက်မဲ့နေရာကို အရင်ဆုံး 10 နှစ်ကနေ 15 နှစ်ကြားလောက် Survey လုပ်ကြသတဲ့ဗျာ…ဆောက်မဲ့တည်နေရာရဲ့ နှစ်စဉ်ရာသီဥတုအခြေအနေတွေကအစ ကြည့်ပြီးဆုံးဖြတ်ပြီးမှ ဆောက်သင့်မဆောက်သင့်ဆုံးဖြတ်ခဲ့ကြတာပါတဲ့….. ဒီမှာတော့ဖြင့် ချောင်းလေးရေစီးနေပြီဆိုရင် ဆည်ဆောက်လို့ရပြီဆိုပြီးဆောက်ကြသလားမသိ………
      အဲ……..နောက်တစ်ချက်က ပိုလျှံလို့ပြည်ပကိုရောင်းတယ်ဆိုတဲ့သူကြီးကတော့ အပြစ်မပြောတော့ပါဘူးလေ…. ဘာကြောင့်သတုံးဆိုတော့ သူကသူ့ကိုယ်သူ တစ်နိုင်ငံလုံးကိုလူသိရှင်ကြားပြောခဲ့ဖူးတယ်မို့လား…. ဘာတဲ့ “ရေအားလျှပ်စစ်နဲ့ပါတ်သက်ပြီး သူ့လောက်သိ သူ့လောက်တတ်တာ မြန်မာတစ်နိုင်ငံလုံးမှာ ဘယ်သူမှမရှိဘူးဆိုပြီးလေ” ဒါကြောင့် သူ့လည်းအပြစ်မတင်ချင်တော့ပါဘူးဗျာ……….နော့်……… 🙂

      • Davit

        May 23, 2012 at 5:39 pm

        ပြန်အမှက်ရအောင်ပါဗျာ…..ရွာသူရွာသားတွေ မေ့နေမှာစိုးလို့ပါ…..
        **************************************************************

        လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆိုသူ (ဦး) ဇော်မင်း၏သမိုင်းဝင် ပြောကြားချက်
        =================================
        ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀ဝ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။ “လျှပ်စစ်က ထုတ်ထားပြီးရင်လည်း သိမ်းထားလို့မရဘူး။ ထုတ်ထားပြီးရင် သုံးမှ မသုံးနိုင်ရင် ရောင်းမှ။ ဒီ Idea တွေ ဒီဟာတွေက ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံ စက်မှုနိုင်ငံ ဖြစ်ထွန်းဖို့ကိစ္စမှာ လျှပ်စစ် အလွန်အရေးကြီးတယ်။ ဆောင်းပါးလေးတစ်ပုဒ် ရေးပြီးတော့ သတင်းစာမှာ ထည့်ခိုင်းလိုက်တယ်။ ဒီဆောင်းပါးကို ကျွန်တော်ပဲ တည်းဖြတ်ပြီး ကျွန်တော်ပဲရေးပြီး ကျွန်တော်ပဲ ထည့်ခိုင်းလိုက်တာ။ ဒါပေမယ့် ဆောင်းပါး ပြီးတဲ့နောက် သိပ်ရက်မကြာဘူး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာ ရှင်းလင်းပွဲ မလုပ်ခင်မှာ ဂျာနယ် တစ်စောင်က ဘာရေးလဲဆိုတော့ ဒီဆောင်းပါး ရေးတဲ့ကောင် ဘယ်လောက်တတ်လို့လဲ၊ ဒီကောင်က ဘာအဆင့်ရှိလဲဆိုတော့၊ ကျွန်တော် မပြောတော့ဘူး။ ညွှန်ချုပ် မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူ မရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့
        ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲ ရေးတယ်ပြောလိုက်၊ ငါရေးတယ် ဆိုလို့ရှိရင် မကောင်းဘူး ဖြစ်သွားမယ်။ အမှန်ကတော့ ကျွန်တော်ပဲ ရေးလိုက်တာ။ ဆိုတော့ ခင်ဗျားတို့မေးတဲ့ မေးခွန်းတွေ၊ ကျွန်တော် အသာလေး ဖြေနိုင်ပါတယ်။
        (ဇော်မင်း – လျှပ်စစ်ဝန်ကြီး)
        *********************************************************************
        ရွာသားများဝိုင်းအော်သံ…..ဟိုကောင်ဒေးဗစ်…ရေခင်းလာမပြနဲ့ ဒင်းစကားကသမိုင်းဝင်ဆိုတော့ သေတာတောင်ငါတို့မမေ့ဘူး……………….
        ရွာသူများဝိုင်းအော်သံ…….ဟဲ့ဒေးဗစ်ရဲ့….ဒင်းစကားကိုမေ့စရာလား….ငါတို့အပျိုကြီးဒွေယောက်ကျားယူပြီးခလေးမွေးရင်တောင် သားသားမီးမီးလေးတွေကို ဒင်းက ဒီစကားပြောခဲ့တယ်ဆိုတာကို အမွေပေးပစ်ခဲ့လိုက်ဦးမယ်….မှက်ထား…….

  • etone

    May 23, 2012 at 4:55 pm

    ကိုဒေးဗစ်ရေ… အခုတော့ ရေနည်းလို့ တဲ့လားဟင် … အဟိ .. ဟိ … ။ 😀
    ဂျာနယ်တွေမှာ ပလူပျံအောင်ရေးထားတာကတော့ ဓါတ်အားပေးတိုင်လေးတိုင် မိုင်းခွဲဖျက်ဆီး ခံရလို့ ဆိုပဲ … ။

    ကျွန်မတို့တွေက လမင်းကြီးကိုကြည့်ပြီး လိုချင်တယ်လို့ မဖြစ်နိုင်တာကို ငိုယို ပူဆာနေတဲ့ကလေးမျိုးမဟုတ်ပါဘူး ။ တစ်ချို့သော နေရာတွေမှာ လျှပ်စစ်အလေလွင့်ဖြစ်နေတာတွေအများကြီးရှိပါတယ် .. ။ မလိုအပ်ပဲ မီးတွေ ကို ထိန်ထိန်ညီးလို့ … ။ ကိုယ်တွေဖြင့် မြို့လည်ခေါင်တောင် အချင်းချင်း မှောင်မှောင်မည်းမည်း လည်ပင်းတက်နင်းကိန်း … ။ ဒီတော့လေ .. စေတနာမရှိလို ့ မီးမပေးတာလို့ပဲ မြင်မိတယ် … ။ ပိုလျံလို့ ရောင်းစားထားတယ်ဆိုတုန်းကတော့.. သူတို့ ဒီရုပ်မဟုတ်ဘူး … ။ တရားကို နတ်စောင့်ပါတယ် ကိုဒေးဗစ်ရေ …ပို့စ်တင်ဆွေးနွေးတာ ကျေး ဇူးပါနော် ။

    မနက်က ဂျာနယ်မှာ ဖတ်လိုက်ရတယ် .. ဘာတဲ့ … မီးရဖို့ ..မိုးနတ်မင်းဆီမှာ ဆုတောင်းတဲ့.. အခုမှ ..တရုတ်ကားတွေကြည့်ပြီး .. လိုက်ရူးနေတယ် .. မိုးနတ်မင်းတွေ ဘာတွေ ထဖြစ်လို့ .. ရယ်လိုက်ရတာ .. အူတက်တော့မယ် 😀

    • Davit

      May 23, 2012 at 5:32 pm

      Ma Etone ပြောတဲ့ဂျာနယ်မှာရေးတာကမှနည်းနည်းသက်သာဦးမယ်ဗျာ….မိုးနက်မင်းဆီမှာဆုတောင်းတာတဲ့…… ဟို ဝက်ဆိုက်လားကြက်ဆိုက်လားသိဘူး…သူရေးထားတာကမှ ပိုမိုက်ထှာ…..ဘာတဲ့ ….. အူးသိမ်းစိမ် မွေးနေ့ကိုဂုဏ်ပြုကြိုဆိုတဲ့အတွက် မန်းလေးကလူဒွေက ဖရောင်းတိုင်ထွန်းပြီး လမ်းလျှောက်ဆုတောင်းတာဆိုဘဲ….ဟေ….ဟေ့…… သူတို့ပြောတဲ့ Media ကို Media နဲ့တိုက်တဲ့ပုံစံကတော့ တယ်မိုက်ပဲဗျို့ ……….. မှက်သားလောက်သဗျားးးးးးးးးးးး

      • etone

        May 24, 2012 at 1:19 pm

        ကိုဒေးဗစ်ရေ .. .ကျွန်မလည်း အဲ့ဒီသတင်း အီးမေးလ်ထဲမှာ ဖတ်ပြီးရယ်လိုက်ရတာ ခွက်ထိုးခွက်လန်ပါပဲ …. ။ ဘယ့်နှယ့် သမ္မတကြီးပါပါလာတုန်းနော် … ။
        အဲ့ဒီသတင်း လုပ်ကြံထုတ်လွှင့်တာ … Myanmar Express ကပါ … ။ သူတို့ဆီက ဘာရေးရေး .. ပြောင်းပြန်အဓိပ္ပါယ်ကောက်ရတယ် … ဟိဟိ 😀

  • the best

    May 23, 2012 at 5:41 pm

    Khin Kha says:
    “သဘာဝအရ ရေနည်းနေလို့ လျှပ်စစ်မီးမရနိုင်တယ်ဆိုတာကို နားလည်နိုင်ပါတယ်။
    ဒါပေမယ့် တစ်ခါတုံးက ကိုယ့်ကိုယ်ကို အထင်ကြီးပြီး လျှပ်စစ်အကြောင်းသူလောက် သိတဲ့သူမရှိဘူး ၊ ပိုနေလို့ရောင်းတာပါပြောခဲ့တဲ့ အရူးရဲ့ မစဉ်းစားမဆင်ခြင်ပြောခဲ့တာကို ခံပြင်းလို့ ဆန္ဒတွေထုတ်ဖော်တာပါ။”

    PaLote Tote says:
    “ဒါဆိုရင် မြန်မာနိုင်ငံက ထွက်တဲ့လျှပ်စစ်ဓာတ်အားတွေပိုနေလို့ ရောင်းစားရပါတယ်လို့ပြောတဲ့ လျှပ်စစ်ဝန်ကြီးက သူ့စကားအတွက် တာဝန်ယူသင့်တယ် ။(ရာထူးကနှုတ်ထွက်ပေးသင့်တယ်) ။ ပြည်သူတွေက အဲဒီစကားကြောင့်ပိုပြီးဒေါသထွက်နေတာ ။”

    Davit says:
    “အဲ့ဒါတော့အမှန်ပဲဗျာ…… Market သဘောတရားအရ ပိုလျှံလို့ရောင်းစားနေရပါတယ် ဆိုတဲ့လူဂျီး နှုတ်ထွက်ပေးလိုက်ရင် ဘယ်သူမှဖယောင်းတိုင်မထွန်းတော့မှာသေခြာတယ်ဗျို့….. ”

    ဒါဟာ အကြောင်းရင်းပါပဲ။ လျှပ်စစ်မရှိတာ မခုမှမဟုတ်ပါဘူး။ ခံနိုင်ရည်ရှိ ပြီးသားပါ။ သူ ့အမှားတွေသာ ရဲရဲ ဝံ့ဝံ့ ဝန်ခံလိုက်ရင် ွှအထိုက်အလျှေက် ဖြေရှင်းပြီးသားပါ။

    • Davit

      May 23, 2012 at 5:48 pm

      အူးလေးဆိုလိုတာ တားတားတိဘီ……… သမဒကြီးသိဖို့ပဲကျန်တော့တယ်……

  • Bu Gyi

    May 23, 2012 at 6:59 pm

    အေးငါသိသွားပြီး
    မြန်မာတစ်နိုင်ငံလုံးမှာ လျှပ်စစ်အကြောင်းအသိဆုံးဖြစ်တဲ့ လျှပ်စစ်ဝန်ကြီးအား
    အလုပ်ကြမ်းနှင့်ထောင်ဒဏ်ကျခံစေရန်…..။

    ပုံ/
    ဂိန်းကိန်
    သမဒကြီး

    (မှတ်ချတ်) အလုပ်ကြမ်း = ကတုံးတုန်ပြီး ချီးပုံးထမ်း

  • ကိုဒေးဗစ်ရေ.
    ကျနော်တို ့ရခိုင် ကမ်းလွန်က ရွှေဂက်စ်ပိုက်လိုင်းကို နှမျောမိသဗျ။
    မီးအမှောင်ကျနေတဲ့ တိုင်းပြည်ပိုင် ပစ္စည်းကို သူများဆီရောင်းစားဝံ့
    တဲ့ သူတောင်းစားတွေ အဖြစ်ကို မပြောလိုတော့ပါ။
    တခါတလေ ကိုယ့်လူမျိုးဖြစ်တဲ့ ရခိုင်ကို ပြန်အားမရဖြစ်မိပါတယ်။
    ဘာလို ့လဲဆိုတော့ မြန်မာပြည်မှာ သူပုန်မရှိတဲ့ ပြည်နယ်က ရခိုင်
    တစ်ခုဘဲရှိမယ်ထင်တယ်။
    ကျနော် စိတ်နဲ ့ဆို အဲ့ပိုင်လိုင်း ဖေါက်ခွဲပစ်လိုက်မယ်။အေးရောဗျာ။

  • Bu Gyi

    May 23, 2012 at 8:00 pm

    ဦးဦး နာဂရ ရေစိတ်မဆိုးပါနဲ့ သူတို့ တားတားလေးတွေ ကျောင်းသွားတက်ဖို့ လေယာဉ်ဆီဖိုး
    မရှိလို့ ရောင်းစားမိတာပါတဲ့……

  • windtalker

    May 23, 2012 at 8:24 pm

    ဗြစ်ပတစ် ရေ
    စိတ်ရှည်လက်ရှည် နဲ ့၊ သည်းခံခြင်းကို ပိုးမွေးသလို မွေးပြီး ၊ ဗြစ်ပတစ်ပြောတဲ့ တစ်လလောက် ဆိုတာ ကို စောင့်နေပါမယ် ခင်ဗျား ။

    • Davit

      May 24, 2012 at 9:29 am

      အွန်………တူကတော့စိတ်ရှည်နိုင်မှာပေါ့….ဘောပွဲမှရှိတော့တာဂိုး………..ဒို့တော့ ရှည်နိုင်ပေါင်……

      • windtalker

        May 24, 2012 at 10:11 am

        မိုးမရွာလို့အခက်တွေ့နေပါသလား
        ငါးရံ့မင်းပရိတ်ရွတ်သော် မလွယ်သလော
        လွန်ဆွဲကြသော် မရွာသလော
        ဟီဟိ

        • windtalker

          May 24, 2012 at 10:14 am

          ကျန်သွားတာ
          အခု မန်းတလေး နွေပူပူ နေပူပူ
          မီးမဖြစ်စလောက် ဗို့အားမမှန် ရေမမှန် မှာ
          မောင်ပေ မြို့လယ်နေအိ။

  • R Ga

    May 24, 2012 at 4:07 pm

    “ဂျပန်မှာ Nuclear Facility တွေ ပြတ်သွားတယ်။ အဲ့ဒါနဲ့ ကြောက်လန့်ပြီး Nuclear Plant တွေအကုန်ပိတ်တယ်။ အခု စက်ရုံ ၄ဝ မှာ နှစ်ခုပဲ ကျန်တယ်။ ဒါပေမယ့် ဂျပန်မှာ မီးမပျက်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူက ခြိုးခြံချွေတာတယ်။ အဲ့ဒီတော့ စေတနာနဲ့ ပြောချင်တာက ကျွန်တော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။”ဟု နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ယနေ့(မေလ ၂၄ ရက်နေ့) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

    • Davit

      May 24, 2012 at 4:18 pm

      ဟုတ်ကဲ့…..ပြည်သူတွေက ဦးကိုကိုလှိုင်အကြံပေးသလိုလုပ်လာခဲ့တာ နှစ်20နီးပါးရှိပါပြီခင်ဗျ….ညတိုင်းနီးပါး မီးကကိုယ်ပိတ်စရာမလိုပဲ အော်တိုကိုပိတ်ပိတ်သွားတာပါခင်ဗျ……..

  • ဗိုက်ကလေး

    May 24, 2012 at 5:22 pm

    ရေးသူကော မန် ့သူကော အာကုန်ကောင်းလွန်းလို ့ ကျုပ်အတွက် မန် ့စရာ ဘာမှ မကျန်တော့ပါဝူး..
    ကျုပ်လဲ..ဟိုး ထိပ်ဆုံးက အူးလေးကြီးပြောသလိုပါပဲ..လို ့ပြောပါရစေ
    ပြီးတော့ တစ်လလောက် အလှည့်ကျမီးစနစ်ကို မခံစားနိုင်တာနဲ ့ ဟိုအဝှာကြီးကိုလဲ မျက်စောင်းမထိုးစေချင်ပါဘူး
    နောက်ထပ်ဆန္ဒတွေ ပြနေမဲ့အစား..ကျောက်ခဲနှစ်တုံးသာ ပွတ်ပြီး ကိုယ်တိုင် လျှပ်စစ်ထုတ်ကြပေရော့..အဲဒါမီးလာဖို ့ ပိုနီးစပ်ဒယ်

  • Davit

    May 25, 2012 at 9:39 am

    ဘယ်လောက်ထိရေနည်းသွားလည်းဆိုရင် 24/05/2012 ည 8 နာရီမှာရရှိတဲ့သတင်းအရ… ရဲရွာရေအားလျှပ်စစ်စက်ရုံမှာ တာဘိုင် 1 လုံးပဲလည်ပြီး လည်တဲ့တာဘိုင်ကလည်း 90 မဂ္ဂါဝပ်ပဲလည်လိုက်ရပါတယ်လို့သိရပါတယ်ခင်ဗျား….. 🙁

Leave a Reply