Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Love

water-melonMay 25, 20121min98741

အိုး ချစ်သူ…..

ဦးကြီးမိုက်လို ကြီးမှမမိုက်ပေမဲ့

မင်း အချစ်အတွက် ကိုယ်မိုက်ပါ့ရစေ

ကိုအရင့်ရောင်လို အရောင်မရှိပေမဲ့

ကိုယ့်အချစ်က ဖြူစင်ပါတယ်

ထားဝယ်သားလို တကယ်ချစ်

သူကြီးခိုင်လို အပြီးကိုင်

ကိုရွှေတိုက်လို အချောင်နှိုက်ချင်ပေမဲ့

ညလေးလို တကယ်ဝေးရရင်

ကိုယ်ရူးလောက်တယ်

ကိုဗိုက်ကလေးလို မူးမှချစ်တယ်လို့

ပြောတတ်တဲ့ လူစားမျိုးမဟုတ်ပါဘူးကွယ်

အံဇာတုံးလို မျက်နှာလည်းမများတတ်ပါ

မင်းတစ်ယောက်သာ မောင့်ရုပ်လွှာ

ကိုယ့် အချစ်က ဦးကြောင်ကြီးလို

ရူးရူးကြောင်ကြောင် မဟုတ်ပါ

ကိုဘလက်ချောလို အပြတ်မပြောတတ်ပေမဲ့

မင်းအတွက်နဲ့

ကိုမှော်ဆရာလို ကောင်းကင်တာဝါတိုင်ပေါ် တက်ရတက်ရ

လေးပေါက်လို ကိုယ့်အချစ်က စနက်ရှော့မဟုတ်ပါ

နောက်ဆုံးတော့ ကိုယ်စွယ်တော်ရွက်လို့

နှစ်လွှာပေါင်းမှ တစ်ဘဝပါ

အချစ်ရေ….

 

စဉ်းစားမိသလောက် ရေးထားတာပါ အကြံပြန်ရရင် ထပ်ရေးပါအုန်းမယ်

 

 

 

 

 

 

 

 

 

41 comments

  • ဗိုက်ကလေး

    May 25, 2012 at 12:38 pm

    ဖျဲသီးလို ကျွဲမစီးနိုင်ပေမဲ့ မင်းကိုတော့ ဟဲဗီးချစ်ပါတယ် ဘဲဥမရယ်

  • water-melon

    May 25, 2012 at 12:42 pm

    ဟဲ့တောင်မ
    ညည်းနော်
    ညည်းနာမည်ထည့်ရေးအုန်းမယ်

  • windtalker

    May 25, 2012 at 12:53 pm

    တရုတ်ကလေး လို အဟုတ်မပြေးပါဘူး
    မောင်ပေ ဟာ လောင်နေတဲ့ အချစ်မီး ကို
    ချစ်သူနဲ ့ မှ ငြိမ်းသတ်သူ ။

    • water-melon

      May 25, 2012 at 12:57 pm

      ဗဟိုမီးသတ်ကလာငြိမ်းပေးမယ်တဲ့
      မီးတောက်နေတဲ့ ကိုပေနှာခေါင်းကို

  • PaLote Tote

    May 25, 2012 at 1:27 pm

    ခဏနေအုံး
    မီးသတ်ကားရေဖြည့်ဖို့ မီးမလာလို့ ရေဖြည်လို့မရသေးဘူး ။
    ကိုပေ နှာခေါင်း အဆုံးခံလို်က် ။

  • ကိုယ့်အချစ်ဟာ စနက်ရှော့လိုမြန်ပေမယ့်
    မြင်မြင်ရာလက်ဆော့တတ်တဲ့သူတော့မဟုတ်ရပါဘူး ဖြဲမလေးရယ်။
    ဘေးစကား ကားတာကိုအရေးမထားပါနဲ့
    ကိုယ့်လက်ဆောင်ပါးပါးလေးကိုတော့
    ရဲရဲကြီးယူချလိုက်စမ်းပါဖရဲမရယ်။
    (ခံရလှ ကိုးလထက်မပိုစေရပါဘူးနော်.)

  • water-melon

    May 25, 2012 at 1:30 pm

    အမလေး လေးပေါက်ရဲ့ ၉လ ဟုတ်လား
    တော်တော်ပြောရက်တာနော်
    ဟွန့်

  • ahnyartamar

    May 25, 2012 at 1:38 pm

    ဟဲ့…ဖရဲသီး (အချစ်) ခဲ (ဂဲ)ကြီးကြီးမှန်အုံးမယ်။

    • water-melon

      May 25, 2012 at 1:43 pm

      အမလေး မှန်ပြီးပါပြီ တိုတိုahnyartamar ရေ
      ahnyartamar က ဘယ်လိုအသံထွက်ရတာလဲဟင်

      • မှော်ဆရာ

        May 26, 2012 at 12:02 pm

        မှတ်ထား … ဦးဗိုက်ကွ

  • မဟာရာဇာ အံစာတုံး

    May 25, 2012 at 2:01 pm

    ချစ်သူလေးရေ …
    ကိုယ့်အချစ်တွေက ဖရဲသီးလို
    ခွဲပီးစားမှ အရသာ ရှိတာမဟုတ်ပါဘူး ..
    ဒီအတိုင်း နေရင်းကို ချိုမြလွန်း နေတာပါ … မင်းအတွက်ပေါ့ ..
    အဟိ .. 😀

  • Mon Kit

    May 25, 2012 at 2:13 pm

    ဟား ဟား ဟား… ပို့စ်နဲ့ ကွန်မန့်တွေကတော့ ဟုုတ်နေတာဘဲ..
    ဂေဇတ် ရွာသူား တွေကတော့ စွယ်စုံရ ပညာရှင်တွေချည့်ဘဲ…
    😀

    • water-melon

      May 25, 2012 at 2:35 pm

      ဟုတ်တယ် မွန်ကစ်ရေ
      မန်းလေးဂဇတ်က လူတော်တွေကြည့်ဘဲ ကျွန်တော်ကလွဲရင်ပေါ့
      အဟိ

  • Shwe Tike Soe

    May 25, 2012 at 2:34 pm

    ဟဲ့အကောင် ငါကျန်သေးတယ်လေ……… ဖရဲမ
    အောင်တိုက်လို အချောင်နှိုက်မယ့်သူလဲ မဟုတ်ပါဘူး ချစ်သူရယ်ပေါ့…
    ရွှေတိုက်စိုးလို… အသေနှိုက်…….. အာ ကာရံကြီးကလည်းးးးးး အသည်းယားထာအေ…. 😀 ခိခိခိ

    • water-melon

      May 25, 2012 at 2:36 pm

      အင်း ရေးလိုက်မယ်နော်
      တိုတိုပု

  • PaLote Tote

    May 25, 2012 at 2:39 pm

    ရွှေတိုက်စိုးလို့ အသေ လိုက်ပိုးမယ့်ကောင်ပါ ကွယ် ။

    • Shwe Tike Soe

      May 25, 2012 at 4:57 pm

      တော်သေးတာပေါ့ ပလုပ်တုတ်ကယ်လိုက်လို. ကျေးဇူးဗျာ.. နို.မို.ဆို ဟိုကာရံနဲ. ဘယ်လိုမှ ရှေ.ဆက်လို.မရဘူးဖြစ်နေတာ ဟဟဟဟဟ

  • Khaing Khaing

    May 25, 2012 at 2:54 pm

    အော် ……… မောင်တော်ဖရဲရယ် ……
    စာဖွဲ့ကာသီကုံး အချစ်ဆုံးလို့ …….
    မောင်တော် ပြောပေမယ့် …..
    အခိုင့်မှာတော့ ရင့်နင်အောင် ဆုံးရှုံးခဲ့ရသူပါ ……..

    ဒီဘဝမှာ အရွယ်မမျှပေမယ့် …….
    နောင်ဘဝရှိရင် ……..
    အခိုင်ချစ်မယ့်သူဟာ ……
    ဖရဲပဲဖြစ်စေချင်တယ်ကွယ် ……

    မောင်တော်ရေ ဒါဟာမောင့်တော်အတွက် နှမတော်ရဲ့ ပေဖူးလွှာ အချစ်သဝဏ်လွှာပါနော် ……..

    • water-melon

      May 25, 2012 at 2:56 pm

      အဟိ သူကလည်း လန်းတယ်တော့
      မောင်တော်ကြွေရပါပြီ နှမတော်ရေ

      • Khaing Khaing

        May 25, 2012 at 3:38 pm

        ပြောဖို့မေ့သွားတယ် …… လက်မထောင်အားပေးသွားတယ်နော် မှောင်တော် ……

  • aung nainglin

    May 25, 2012 at 4:47 pm

    အစ်ကိုရေ
    ကျွန်တော် အရမ်းကြိုက်တယ်
    အစ်ကိုရေးထားတာကိုပြောတာနော်
    အစ်ကို ့ရဲ ့စိတ်ကူးကို ကျွန်တော် လေးစားတယ်
    အားလုံးရဲ ့နာမည်တွေပါအောင်ရေးထားတာကိုပေါ့
    Good တယ်ဗျာ
    အားပေးသွားတယ်နော်
    ဆက်ရေးမဲ ့စာသားတွေကို ဆက်စက်မျှော်နေမယ်နော်
    အားပေးလျှက်

    • water-melon

      May 25, 2012 at 4:55 pm

      အမလေး အကိုလိုမခေါ်ပါနဲ့ဂျာ
      အခုမှသင်ယူတုန်းပါ
      ရွာထဲမှာ တကယ်ဆရာဆရာကြီးတွေရှိတယ်
      ခင်တဲ့ ဖရဲမ

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 25, 2012 at 4:57 pm

    ကျန်သေးတယ် … ထားဝယ်သားလို … တစ်ကယ်စား လိုက်မှာနော် (ထမင်း ထမင်း) 😛

  • ညလေး

    May 25, 2012 at 5:01 pm

    အဟွတ်.အဟွတ်….ကိုယ့်အချစ်ဟာဖရဲသိး…….စားလိုက်ရင်ချိုပြီး…..
    အများကြီးစားလို.တော့မဖြစ်ဝူးနော်……….“သတိ”ဝမ်းလျောတတ်သည်။
    အားပေးသွားပါ၏……..
    ကိုကို……သရဲ….အဲယောင်လို……ဦးဦးဖရဲ

    • water-melon

      May 26, 2012 at 8:33 am

      ညလေး စားမယ်ဆို
      တိုတိုဖရဲ ကိုယ်တိုင်ခွဲပြီး ကျွေးပါမယ်
      ညလေးရယ်

  • Gipsy

    May 25, 2012 at 5:12 pm

    ဘလက်ချော ဆိုလို့… ကိုဘလက်ချောလဲ ပျောက်ချက်သားကောင်းလိုက်တာ..
    ဘယ်အရပ်ဒေသ ကိုများရောက်နေပါလိမ့်….။

  • htet way

    May 25, 2012 at 6:48 pm

    မြေးလေး ဖရဲမရေ
    ကို ဘလက်တစ်ယောက် တစ်ခက်ပိတောက်နဲ့
    တစ်သက်တစ်ယောက်ပဲတွဲပြီး ရန်ကုန်မှာ ပြန်ဆုံနေပါတယ်ကွယ်။
    မင်းလေးအချစ်က တော့ တယ် ခန်းနားလို့ ရမ်းကားနေပါလား
    အဘတို့ ကတော့ မရွယ်စကောင်း ဆို သလို အငယ်အနှောင်းလည်း မထားတတ်သူမို့
    ( ဖရဲမရေ )
    အရွယ်ကောင်းလေးပြန်ဖြစ်ချင်တယ်ကွယ်။

  • ကိုရင်စည်သူ

    May 25, 2012 at 7:02 pm

    ဖရဲမရယ်.. အဘကိုရင်တို့လဲ မမာတော့လို့
    ဖရဲသီးလို အသည်းလှီးပီး မယူနိုင်တော့ပေမယ့်..
    အနိတ်စလေးတွေ မြင်ရင်တော့ ဒုတ်ခဖြစ်ရာအမှန်ကို
    သိချင်သေးတကွယ်… အဟွတ်… ဟွတ်… 😎 😎

  • Thit Sar Lin

    May 25, 2012 at 7:58 pm

    အင်း….ဘယ်လိုမန့်ရမလဲတောင်မသိတော့ဘူး….
    စွယ်တော်ရွက်မှနှစ်လွှာပေါင်းရတာမဟုတ်ပါဘူးအေ…ညည်းကလဲ
    မုန့်လင်မယားကျတော့ကော ပေါင်းထားတာပဲမဟုတ်လား..ဟီးဟီး….
    ငါကတော့ ကဗျာလိုသိပ်မရေးတတ်ဘူး…..
    အားပေးသွားပါတယ်…ဖြဲမလေးရေ…..
    ဟိုတယောက်ကလဲ ဖြဲမကိုအကိုလို့သွားခေါ်နေသေးတယ်…
    သူကမိန်းမလေ တိဝူလား…………………..မှတ်ထားအုံး….

    • ကိုရင်စည်သူ

      May 25, 2012 at 11:40 pm

      သိပါဘူး.. အဘတို့လည်း အသက်ကြီးလားလို့လားမသိဘူး..
      ဖရဲသီးဆိုတာ အထီးလား အမလား မသိတော့ပါဘူးကွဲ့
      ဒါနဲ့ စကားမစပ် တကယ်မသိလို့ မေးတာပါ…
      အခုစာရေးသူက အတိုလား.. အမလား.. ဟင်..
      အတိုဆို မြှောက်ပေး.. အမဆို… အဲ.. မြှောက်ပေးချင်လို့…
      စာများများ ရေးဖို့ ရယ်ပါခင်ည… 😀 😀 😀

      ခင်တဲ့
      ကိုရင်စည်

      • Thit Sar Lin

        May 27, 2012 at 1:34 pm

        နာကတိုတိုပါချင့် .

  • ahnyartamar

    May 26, 2012 at 8:41 am

    ah-nyar-ta-mar အညာတမာ ပါ မိဖရဲရေ…..

    • water-melon

      May 26, 2012 at 8:51 am

      ဟုတ် ကိုအညာတမာရေ
      ပန်းတနော်တုန်းကနေ အခုထိ
      သတိရပါသေးတယ်ဗျာ
      နောက်လည်းဆုံချင်ပါသေးတယ်
      ခင်တဲ့ ဖရဲမ

  • kyeemite

    May 26, 2012 at 9:39 am

    ကြီးမိုက်အချစ်က
    ဖြဲမလို တွဲကမရပေမဲ့
    ဘလက်ချောလို ဆက်ပြောရရင်
    ပေါက်ဖေါ်လို လျှောက်အော်တယ်မထင်ပါနဲ့..
    အညာတမာလို ဗလာမပါတဲ့အချစ်နဲ့
    ရွှေတိုက်လို အလေလိုက်နေရာက
    ကမ်းကြီးလို ထမ်းပြီးပြေးတော့မယ်ဟေ့..

  • Rose Minn

    May 26, 2012 at 11:15 am

    နှင်းဆီ ဆိုပေမယ့် အတင်းမပလီဘူး ကွယ်
    ဆူးများပြီး အရူး စကားနဲ့ မလှည့်စားဘူးကွယ်
    အရောင်ရဲသလို နှောင်ဖွဲ့ စကားနဲ့ပြောမယ်
    ရနံ့သင်း သလို ထာဝရ ချစ်ချင်းတွေ နဲ့
    နှင်းဆီခင်း လို မင်း နင်းဖြတ်ဖို့ရာ လျှောက်လှမ်း ရအောင်
    ငါ့အသည်း အား ပေးအပ်လိုက်မယ်။
    နှင်းဆီသခင်……….

    written by Rose

  • kotun winlatt

    May 27, 2012 at 1:44 pm

    အာဟိ…
    နည်းနည်းးဝင်ပွားလိုက်ဦးးးမယ်..
    ဖရဲသီးလို အသည်းးမကြီးးပါဘူးးး
    ကိုပေလို ငိုနေပါဘူးးး
    လေးးပေါက်လိုလည်းးးပြေးးးမလျှောက်ပါဘူးးး
    ကိုစိန်သော့လိုလည်းးး ငြိမ်ဆော့မနေပါဘူးးးး
    အဟစ်..ဟစ်..ဟေးးးးးးးး

  • marblecommet

    May 28, 2012 at 1:24 am

    ကိုယ်တို့အချစ်က
    နှစ်လွှာပေါင်းမှ
    တစ်ရွက်ဖြစ်တဲ့ စွယ်တော်လို
    ………
    နှစ်ချောင်းပူးမှ
    တစ်ချောင်းဖြစ်တဲ့
    အီကြာကွေးလို
    ……..
    နှစ်ဘက်ပေါင်းမှ
    တစ်ရံညီတဲ့
    ခုံဖိနပ်လို….
    ……
    မင်းနဲ့ ကိုယ်နဲ့
    နှစ်ယောက်ပေါင်းမှ
    ဘွ …ဆိုတဲ့
    ဝေါဟာရလေး
    အသက်ဝင်လာမှာပေါ့ကွယ်…။ ။
    …………..
    ဟိဟိ ဝင်ပွားသွားတယ် ဖရဲရေ့
    ခင်တဲ့.
    ကိုကမ်း…

  • Tin Tin

    May 29, 2012 at 3:11 pm

    ဖရဲရဲ့ အချစ်ပေလွှာကို ဖတ်ရှုအားပေးသွားတယ်နော်…
    comments တွေကလည်း အားလုံးကောင်းတယ်…
    ရွာသူ ရွာသားတွေကလည်း စွယ်စုံရ၊ ဘက်စုံတော်ကြတယ်..

  • နွယ်ပင်

    May 29, 2012 at 4:24 pm

    ကဗျာရော အောက်က ရေးထားတဲ့ ကွန်မန့်တွေရော
    အားပေးသွားပါတယ် ဖရဲမရေ ….
    အလုပ်တွေများလို့ စိတ်ရှုပ်နေတဲ့ ကြားထဲ ကဗျာဖတ်ပြီး
    ရီလိုက်ရတဲ့အတွက် ကျေးဇူးပါနော် …. 🙂

  • R Ga

    May 29, 2012 at 5:18 pm

    ဖြဲမ…………. (ခ)ဖရဲသီး
    အမြင်ကကြည့် အသီးစိမ်းစိမ်း
    အတွင်း က
    နီချင် နီ
    ဝါချင်ဝါ
    ဖြူချင်ဖြူ
    ပုတ်ချင်ပုတ်
    ချိုချင်မှချို
    အရသာရှိချင်မှရှိနဲ့

    ……………….

Leave a Reply