အနားသတ်ကိုရှာဖွေခြင်း – ခက်မာ
သောကြာတစ်ရက် အပြင်မထွက်ပဲ
စနေညနေဖက် ဟိုဟိုဒီဒီလျှောက်တော့
လမ်းထိပ်က ချယ်ရီပင်ကြီး ပင်လုံးကျွတ်ပွင့်နေပုံက
မျက်လှည့်ပြသလို ဗြုန်းကနဲ။
အဲဒီညနေမှာပဲ
အရွက်မမြင်ရအောင်ပွင့်တဲ့
အမည်မသိ အဖြူရောင်ပန်းတွေရဲ့
အံ့မခန်းစုံညီမှုကို ငေးမောခဲ့။
တနလ်ာမနက်ထင်ပါရဲ့
ငါလျှောက်ခဲ့တာ ဒီလမ်းမှဟုတ်ရဲ့လား
အပွင့်မဲ့ပန်းများနဲ့သစ်ပင်က
မှင်တက်ဝေဝါးစေပြန်တယ်။
ငါတို့ရောဘယ်နှစ်ကြိမ်ဗြုန်းကနဲ ပွင့်ခဲ့ကြပြီးပြီလဲ
ဘယ်နှစ်ကြိမ် ဝုန်းကနဲကြွေခဲ့ကြပြီးပြီလဲ
နောက်ထပ်ဘယ်နှစ်ကြိမ်
ဘယ်လောက်များများ ထပ်ဖူးကြဦးမှာလဲ။
ခက်မာ
မှတ်ချက်။ ။ ဂျွန် ၂၀၁၀
4 comments
သတင်းလူသား
June 21, 2010 at 3:45 pm
အမည်ဖော်မရတဲ့ ခံစားမှုတစ်ခုကို ခံစားလိုက်ရပါတယ်။ ဟုတ်ပါတယ်…ကျွန်တော်တို့တတွေလည်း ဘယ်လိုတွေပွင့်ပြီး…ဘယ်လိုတွေကြွေခဲ့ပြီးပြီလဲ။ နောက်ထပ်ရော ဘယ်လိုပွင့်ပြီး…ဘယ်လိုကြွေကြမလဲ…။ အဲဒါအရေးကြီးပါတယ်။
Alinsett @ Maung Thura
May 7, 2015 at 1:40 pm
ဒီကဗျာလေးလည်း သဘောကျမိ…
.ကြည့်ရတာ… ဒါ… သတင်းစာထဲ ပါခဲ့တဲ့ ကဗျာတွေ ထင်ရဲ့…
အောင် မိုးသူ
May 7, 2015 at 3:18 pm
ခဏခဏတော့ ဝုန်းကနဲကြွေဖူးတယ်
Ma Ma
May 8, 2015 at 3:57 pm
အနားသတ်ကို တွေ့ချင်တယ် ဆိုရင်ဖြင့်…….
သံသရာလွတ်ကြောင်းတရားဓမ္မများကို အားထုတ်ကြိုးပမ်းပါလော့……..
သဘောပါရဲ့လားးးးးးးးးး :kwi: