Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ယနေ ့ ဇွန် ၁၅ ရက်နေ (၁၂ နာရီ) တွင် ဒဂုံတွင်ကျောင်းသားများစုဝေးနေသည်

mipukayJune 15, 20121min76731

ယခုဒဂုံတကသိုလ်တွင်ကျောင်းသားများစုဝေးနေသည်ဟုကြားရပါသည်။
အမှန်ဟုတ်မဟုတ်သတင်းပေးကြပါ။
အင်းစိန်တွင်လည်းလူစုနေသည်ဟုကြားသိရပါသည်။
နီးစပ်သူများသင်းအမှန်ပေးပေးကြပါ

31 comments

  • water-melon

    June 15, 2012 at 1:49 pm

    ဟုတ်မှလည်း လုပ်ကြပါတော်
    တကယ်လည်းမဟုတ်ဘဲနဲ့
    ကျုပ်တို့မှာ ရန်ကုန်ကို ဖုန်းလှမ်းလှမ်းဆက်ရတာ ဖုန်းဘေကုန်တယ်အေ့

  • may flowers

    June 15, 2012 at 1:51 pm

    ဟုတ်ပ…ဟုတ်ပ..ဖရဲရေ..ပြောလိုက်စမ်းဘာ ပြောလိုက်စမ်းဘာ။

  • mayjuly

    June 15, 2012 at 1:58 pm

    အဲ ဟုတ်လားတိဘူးတော်..ဒဂုူံအိမ်လှမ်းမေးတော့ သိဘူးတဲ့..(အိမ်မှာနေတဲ့သူကဘယ်သိမလဲနော်) ဟိဟိ
    အဲဒါနဲ့ ကျောင်းဝန်းထဲမေးကြည့်တော့ ကျောင်းချိန်ဆိုတော့ ကျောင်းသားတွေ ရှိတာပေါ့ တဲ့ ဘယ်နှယ့်လုပ်ရပါ့ .. 😛

  • Uncle Lay

    June 15, 2012 at 2:01 pm

    ယနေ့ သောကြာနေ့ ဖြစ်သေားကြောင့် ဗလီများတွင် ဝတ်ပြုမှု့များရှိမှာဖြစ်တဲ့အတွက် အစ္စလာမ် ဘာသာဝင်များ သွားလာမှု့ နေ့လည် ၁၂ နာရီခွဲ ခန့် တွင် အနည်းငယ်ရှိနိုင်ပါသည်။ မည်သို့ မှ စိုးရိမ်စရာ မရှိပါ။ ဗလီတိုင်းမှာ လုံခြုံရေး အရပ်ဝတ်ထားများရှိထားပြီး နဲနဲ ဆိုတာနဲ့ ထိန်းလိုက်မှာဖြစ်ပါတယ်။ အခြားဘာသာဝင်များ စိတ်ပူစရာ လုံးဝမရှိပါ။ ယခု ပူးတွဲလုံခြုံရေးအား ရခိုင် ဝန်ကြီးမှ တာဝန်ယူ ဦးဆောင်ပြီး၊ ရန်ကုန်တိုင်း လုံခြုံရေး ဝန်ကြီး နှင့် သက်ဆိုင်သူ တာဝန်ရှိ ဝန်ထမ်းများ၊ ရခိုင်လူငယ်များ၊ အစ္စလာမ် အဖွဲ့ ဝင်များ အားလုံး ပူးတွဲ လျက်ရှိပြီး ရင်းနှီးစွာ အခုတော့ မုန့်စား စကားပြော လုပ်နေပါတယ်..တဲ့…။

    • mipukay

      June 15, 2012 at 3:52 pm

      အဲသလိုပြောပြပေးပါ။ စိတ်ထဲအေးသွားတာဘဲ။

  • kanjosan

    June 15, 2012 at 2:03 pm

    ဒဂုံတွင် ကျောင်းသားများ စုနေသည်.. အိမ်ပြန်ရန် ကားဂိတ်နားတွင် ဖြစ်ပါသည်….

  • Wai Phyoe

    June 15, 2012 at 2:10 pm

    ဒဂုံကျောင်းမှာလူစုတာကတော့နေ့တိုင်းပါပဲဗျာ
    အခုတစ်ကယ်စုနေတာ ဆူးလေ ရှေ့မှာ
    စစ်သားတွေကလဲ ခေါင်းမိုးပေါ်မှာတောင် Sniper နဲ့ချိန်ပြီးသား

    • htoosan

      June 15, 2012 at 2:30 pm

      ဝေဖြိုးရေ အခုဘဲ ဆူးလေကနေပါတ်ပြီးပြန်လာတာ .. ငိုက်နေတဲ့ လုံထိန်းတွေဘဲတွေ့တယ် ။

    • amatmin

      June 15, 2012 at 2:36 pm

      ကိုရင်ထူးဆန်းပြောသလို..
      ဆူးလေဘုရား..မြို့တော်ခန်းမ..ဗလီ
      အကုန်ငြိမ်သက်အေးချမ်းနေပါကြောင်း..

    • ရဲစည်

      June 16, 2012 at 1:12 am

      ဟုတ်မှလဲ လုပ်ပါဗျာ
      ကျန်တာတွေတော့ မပြောလိုဘူး
      ဗမာစစ်တပ်မှာ စနိုက်ပါ မရှိပါဘူး ရှိတယ်လို့ အတိအကျ သေချာပြောနိူင်ရင် ဆုပေးပါ့မယ် စနိုက်ပါတစ်ယောက် ကျုပ်ပွိုင့် ၁၀ဝ 🙂

  • Myo Min Oo

    June 15, 2012 at 2:18 pm

    သေလဲမသေချာဘဲနဲ့ လျှောက်ရေးနေတယ်၊ ဘာများလဲလို့ ဝင်ကြည့်လိုက်တော့မှ ကြားတယ်တဲ့။
    ကောလဟာလ ဆိုတာ အဲဒါကစတာဘဲ။

  • မောင်ပေ

    June 15, 2012 at 2:26 pm

    မောင်ပေ အုကြောင် နှင့် အူးဗေိုက် တို့ စုနေကြသည်။
    အခြေအနေကိုကြည့်ပြီး သဂျီးထံမှ ပွိုင့်တိုးတောင်းမည်။
    ရွာသူားများ ထလော့

    • စိန်ဗိုက်ဗိုက်

      June 15, 2012 at 2:28 pm

      လူစုံပြီဆို အရက်ဆိုင် ချီတက်ကြဖို ့လေ..

      • amatmin

        June 15, 2012 at 2:35 pm

        ကိုရင်ပေါက်ဖော်..
        မွေးနေ့ပါတီ လုပ်ပေးမို့လားဗျ..

        • စိန်ဗိုက်ဗိုက်

          June 15, 2012 at 2:43 pm

          ဘာဘူရီးတို ့ဆိုင်က ချာပါတီတစ်ယောက်တစ်ခုကျွေးမယ်.. 😆

      • water-melon

        June 15, 2012 at 2:48 pm

        ကဲ ရှေ့ဆုံးက မွေးနေ့ရှင်ကြွပါ
        ဒန် တန် တန်

      • mipukay

        June 15, 2012 at 4:01 pm

        ဟုတ်ဟုတ်မဟုတ်ဟုတ် let’s go!!!

  • manawphyulay

    June 15, 2012 at 2:43 pm

    ဟဟ လူတွေကလည်း လူတွေ သူတို့ဘာသာ စုပြီး သင်တန်းတက်လဲ ပွကြတာပဲ ယုံတဲ့သူတွေက ယုံကြတာပဲ။ ဆူးလေမှာ ဘာလေးညာလေးနဲ့ နေ့တိုင်း ဆူးလေမှာ အလုပ်ဆင်းတဲ့သူက ဘာမှမကြားရဘူး။ ခက်တယ်ကွယ်… ခက်တယ်…

  • ရန်ကုန်သား

    June 15, 2012 at 2:55 pm

    ကားဂိတ်မှာ လူစုနေတာ…
    နေ့ခင်း ၁၂ ဆိုတော့ အတန်းလစ်ပြီး လျှောက် ဒိုး မလို့ နေ မှာပေါ့။

  • ဟိန်း ဝင်း (ထားဝယ်သား)

    June 15, 2012 at 3:23 pm

    တာမွေမှာလဲမွတ်စလင်တွေရိုက်ကုန်ကြပြီတဲ့ … ပလာတာကိုပြောတာပါ … 😛

  • Mon Kit

    June 15, 2012 at 3:23 pm

    မဟုတ်မဟတ်သတင်းတွေနဲ့…
    လုပ်ကြံဇာတ် ခင်းမနေကြပါနဲ့လို့…
    ကျောင်းမှာဆို ကျောင်းသားရှိပေမပေါ့…
    လူနေရပ်ကွက်မှာ လူတွေ ရှိပေမပေ့ါ..
    ဟုတ်ဘူးလား…

    • mipukay

      June 15, 2012 at 3:47 pm

      ဆူူများတွေချှောက်ကြောနေလို ဆူတို ့ကိုလဲအားကိုးပြီးမေးထာကို
      ရန်ဘဲတွေ ့နေကြတယ်။ ချိတ်အေးချင်လို ့ဟာဘဲဟာကို ကြောနေကြတာညား။
      ဆူညားကဘဲ ဖွသလိုလို…ဘာလိုလို…ဟို..ဟို..ဟိုး …မလွယ်ဘူး
      နောက်ချို မမေးထော့ဘူး….. နောက်ထပ် မန် ့ရဲမန် ့ကြည့်
      ကြန်စာလဲ မကြန်တော့ဘူး၊ တီတင်းလဲ မတင်တော့ဘူး။

  • လူ ဟား

    June 15, 2012 at 4:05 pm

    ခေါင်းစဉ်ကြည့်ပြီး အဟုတ်မှတ်လို့ ဝင်ကြည့်တယ် မသေချာ မရေရာ အာပလာ ..
    ဒီလို ပို့စ်တွေ များများလက်ခံပြီး တင်ခွင့်ပေးနေရင်တော့ ” ဒီရွာထဲကို နောက်တစ်ခါ ဘယ်တော့မှ မလာတော့ဘူး “

  • Shwe Tike Soe

    June 15, 2012 at 4:11 pm

    သူများကောလဟာက ပြောသမျှလိုက်ယုံ ခြောက်တိုင်းကြောက် အင်း တားတားတို.လူမျိုး အလိမ်ခံရတာ နဲတောင်နဲသေး…..
    ဘာမှန်းမသိ ဘုမသိဘမသိနဲ. နားစွန်နဖျားကြားတာ အော်ကြီးဟစ်ကြည့်လျှောက်မေးနေကြတော့ စကားတွေ ပွထ ကုန်ရော…
    ဖြစ်မှဖြစ်ကရော ပဲ… လုပ်စရာအလုပ်သာ ဆက်လုပ်ကြပါ…….အလုပ်ပျက်အကိုင်ပျက် ကျောင်းပျက် နဲ. ရှုပ်နေတာပဲဗျာ…
    စဉ်းစားဉာဏ်မရှိတဲ့သူတွေကြနေတာပဲ……………. 😀

  • အာ ချောင်

    June 15, 2012 at 5:43 pm

    အင်းစိန်မှာဖြစ်တာက မနက် 10:30 နာရီလောက်မှာ မီးလောင်မှုဖြစ်လို့မီးသတ်နေတုန်း လူတစ်စုဝင်လာပြီး ရွှေဆိုင်ကိုဝင်လုလို့ လူတွေရုတ်ရုတ်သဲသဲဖြစ်သွားကြတာပါခင်ဗျာ။

  • Wai Phyoe

    June 15, 2012 at 5:48 pm

    ရန်ကုန်မြို့တွင်း၌ ဇွန်လ ၁၅ ရက်နေ့တွင် အစ္စလာမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခများဖြစ်ပေါ်မည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ပုံမှန် အခြေအနေအတိုင်း အေးချမ်းစွာရှိခဲ့ကြောင်း သိရသည်။

    ဇွန်လ ၁၅ ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်များ ဗလီအဆင်း၌ ဗုဒ္ဓဘာသာဝင်များနှင့် ပဋိပက္ခဖြစ်ပွားမှုများ ဖြစ်ပေါ်လိမ့်မည်ဟု လှုံ့ဆော်သော စာရွက်စာတမ်းများ ယင်းနေ့မတိုင်မီရက်များက ရန်ကုန်မြို့အတွင်း ပျံ့နှံ့ခဲ့ပြီး မြို့နေပြည်သူများအနေဖြင့် အထိတ်တလန့်များ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ဇွန်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဗလီအချို့နှင့် အစ္စလာမ်ဘာသာဝင်များ အများဆုံးနေထိုင်သော မြို့နယ်များ၌ လုံခြုံရေးများ တင်း ကြပ်စွာချထားခဲ့ကြောင်းသိရသည်။

    သို့ရာတွင် ရန်ကုန်မြို့အတွင်း ဗလီများအနီးတွင် ဆူပူအုံကြွမှုများ ဖြစ်ပေါ်နေသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သောကြောင့် ဈေးဆိုင်ခန်းအချို့ ဖွင့်လှစ်ခြင်းမရှိသည်ကို တွေ့ခဲ့ရပြီး အခြေခံပညာ ကျောင်းအချို့တွင်လည်း ကျောင်းသားမိဘအချို့က ၎င်းတို့၏ သားသမီးများအား စေလွှတ်ခြင်းမရှိခဲ့ကြောင်း သိရသည်။
    ထို့ကြောင့် ရန်ကုန်မြို့တော်ခန်းမအနီးရှိ ဘန်ဂါလီစွန္နီဂျာမေဗလီ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တခြမ်းပဲ့ဗလီနှင့် ကာလာဘတ်စ်တီးစွန္နီ ဂျာမေဗလီများ ရှေ့တွင် သတင်းထောက်များ၊ စောင့်ကြည့်သူများ၊ လုံခြုံရေးဝန်ထမ်းများ အများအပြားရှိခဲ့ပြီး ပဋိပက္ခ တစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိခဲ့ကြောင်း သိရသည်။

    ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ရိုဟင်ဂျာဘင်္ဂါလီများ၊ ဆူပူအကြမ်းဖက်မှုများဖြစ်ပွားပြီး ရက်သတ္တပတ်အတွင်း၌ ထိုသို့ ကောလာဟလများ ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

  • the best

    June 15, 2012 at 6:18 pm

    မနေ ့က SKYNET ကပြသွားတဲ့
    ရခိုင် နဲ ့ အစ္စလာမ်ဘာသာဝင် တို ့ဆွေးနွေးပွဲ လေးကို အထူးကြိုဆိုပါတယ်။
    လက်ချင်းချိတ်ပြီး ဓါတ်ပုံ ရိုက်ထားတဲ့ ပြကွက်က ကျက်သရေအရှိဆုံးပဲ။

  • ရဲဘော် မောင်တူး

    June 15, 2012 at 8:25 pm

    ယနေ ့ဇွန်လ ၁၅ရက် နံနက်၁ဝနာရီခွဲခန် ့အချိန်တွင်ဖြစ်ပါသည် ။ လူအများကြီး ဇွတ်တိုးဝှေ ့နေကြသည် ။
    တစ်သောင်းတန်ငွေစက္ကူအသစ် လိုချင်ကြသောကြောင့် ဖြစ်ပါသည် ။

  • memeseku

    June 15, 2012 at 11:10 pm

    အမရယ် မသိရင်လဲ တယောက်ယောက် ဖုန်းဆက်မေးလိုက်ပါလား.. မသိပဲနဲ. ပိုစ့်လုပ်တင်ရတယ် လို့ … ဒို့လူမျိုးတွေလဲ တစ်ခုတတ်ရင်အကုန်လျောက်သုံးတာပဲ… ခေါင်းစဉ်ပဲဖတ်တဲ.လူကလျောက်ဖွရင်ကောလဟာလ မဖြစ်ကုန်ဘူးလား… တကယ်ပဲ…. ခေါင်းစဉ်ကမသိရင်စုဝေးပြီး.. ချကြတော့မလားမှတ်ရ… ပြီးတော့စာလေးကသုံးလေးကြောင်း 🙁 🙁 🙁

  • kyeemite

    June 16, 2012 at 8:19 am

    လူအများစုဝေးနေကြသည်
    ဘတ်စ်ကားကမလာသေး
    ကျောင်းလစ်ကြမည့်သူမျာလည်းပါသည်။

Leave a Reply