Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ယနေ့ပြဿနာအဖြေရှာရအောင်…

hnin saiJune 20, 20121min48912

ယနေ့ပြဿနာအဖြေရှာရအောင် ..
ယနေရခိုင်ပြည်နယ်တွင်ဖြစ်ပွါးနေသောပြဿနာမှာ နယ်စပ်အရေးနှင့်လည်းမဆိုင်ပါ၊
အဓိကပြဿနာဖြေရှင်းရမည်နည်းလမ်းမှာ-
ဒါကဘယ်နိုင်ငံမှာမဆိုပြဿနာဖြေရှင်းလို့ရတဲ့နည်းလမ်းပါ။

(၁) မတရားမလုပ်ကြပါနှင်၊့ နိုင်ထက်စီးနင်းမလုပ်ကြပါနှင့်
မတရားဖိနှိပ်ရင်ခွေးတောင်ဂျောင်ပိတ်ရိုက်ရင်ပြန်အကိုက်မည်သည်ကိုသတိရပါ။
(မတရားပြုလုပ်ခြင်းသည်အကြမ်းဖက်မှုကိုမွေးဖါွးခြင်းဖြစ်သည်။)
အကြမ်းဖက်မှုတိုက်ဖျက်ခြင်းလျှင်ဒီအချက်ကိုသတိရပါ။ (နိုင်ငံတကာခေါင်းဆောင်
များအားလုံးနှင့်လူသားအားလုံးဒီအချက်ကိုသတိရပါ)
(၂) မည်သည်ပြဿနာမဆို ဖြစ်လျှင်ဖြစ်ချင်းတရားခံကိုရှာဖွေပြီးအရေးယူပါ
ဖြစ်ဖြစ်ချင်းတရားခံကိုမရှာနိုင်သလို့လုပ်ခြင်းဖြင့်ပြဿနာပိုမို့ရှုပ်ထွေးလာခဲ့သည့်
အတိတ်ကိုသတိရပါ။
(၃) ပြဿနာဖြစ်လျှင် စတင်ပြုလုပ်သူကိုချက်ခြင်းအရေးယူပါ။
ယနေ့ထိလူမြင်ကွင်းတွင်ခရီးသည်တင်ကားကြီးမှ ခရီးသည်(၁၀)ဦးကိုတောင်ကုတ်မြို့
တွင်ဝိုင်းသတ်သည့်ကိစ္စမှစပြီးမည်သည်အထိပြဿနာဆိုးရွားသွားသည်ကိုသတိရပါ။

(၄) ယဉ်ကျေးလိမ်မာပြောဆိုကြပါ ၊တဦးမကြိုက်သောစကားကိုမပြောကြပါနှင့်
(နူတ်ကြောင့်ကြေ လက်ကြောင့်သေဆိုသည်ကိုသတိရပါ)
တစ်ဦးမကြိုက်သောအမည်တစ်ဦးမခေါ်ကြပါနှင့်

(၅) အမှန်တရားဖက်မှရေးသားကြပါ။သွေးထိုးမပေးကြပါနှင့်
(သတင်းတစ်ခုရလျှင်သေသေချာချာစုံစမ်းပြီးမှရေးပါ၊ပြဿနာကိုမဖွကြပါနှင့်)

(၆) သမိုင်းကြောင်းတစ်ရှောက်အတူနေလာခဲ့သူတွေ၊သမိုင်းကိုသိကြပါ။
(ရခိုင်သမိုင်း၊မြန်မာသမိုင်း၊နိုင်ငံတကာသမိုင်းလေ့လာကြပါ)

(၇) သေရင်မြေကြီးထဲကိုသွားရမယ်လူသားအချင်းချင်းပြသနာမရှာကြပါနှင့်
(ကိုယ်သေသွားရင်ဘယ်လူမျိုးဘဝရောက်မည်၊မည်သည့်နိုင်ငံရောက်မည်
မသိဘဲအချင်းချင်းပြဿနာမရှာကြပါနှင့်)

(၈) ကိုယ်ဘာသာရေးအဆုံးအမများနှင့်အတူငြိမ်းငြိမ်းချမ်းချမ်းနေကြပါ။
(ဘယ်ဘာသာတရားမဆိုုငြိမ်းချမ်းရေးကိုဦးစားပေးပါသည်။)

(၉) ဒေါ်စုပြောသလို့ဘဲတရားဥပဒေစိုးမိုးရေးဦးစားပေးကြပါ။
(အခုရခိုင်ပြည်နယ်တွေမှာ စစ်သားလဲမယုံ၊ရဲလဲမယုံ၊လုံထိမ်းလဲမယုံဖြစ်နေကြပါပြီ
ဘာကြောင့်လဲသိတယ်မဟုတ်လား၊သူတို့နဲ့အတူလူမိုက်တွေခေါ်လာပြီးရွာတွေမီး
တိုက်လုပ်နေလို့ပါ)နိုင်ငံတော်အစိုးရမှလည်းကျူးလွန်သူများကိုအရေးယူပါ

(၁၀) လူသားအချင်းချင်းဒုက္ခသည်တွေကိုညီတူညီမျှကူညီကြပါ။
(ယခုလက်တွေ့ ဒုက္ခသည်တွေဆီအကူအညီလိုနေပါသည်။ ဘာသာခြားဒုက္ခသည်
များဆီသို့လုံးဝအကူအညီမရောက်ပါ။ဒုက္ခသည်(၁)သိန်းလောက်စာရင်းမပေါ်ဘဲရှိနေ
သည်ကိုသတိရပါ။ ကိုယ်တိုင်ကိုယ်ကျသွားလှူနိုင်ရန်ဖွင့်ပေးပါ။မိုးထဲရေထဲလူသားတွေ
ဒုက္ခရောက်နေသည်ကိုသတိရပါ)

(၁၁) မည်သည့်ဘာသာမဆိုလေးစားကြပါ။မလေးစားတောင် မစော်ကားကြပါနှင့်။

(၁၂) ကိုယ်ကို်ယ်ကို အထင်ကြီးသော၊တခြားသူများကိုလူမထင်သောစိတ်ဓါတ်များကိုဖယ်
ရှားကြပါ။(လူမျိုးကြီးဝါဒကိုရှောင်ရှားကြပါ)

(၁၃) သည်းခံစိတ်မွေးကြပါ
သည်းခံခြင်းသည်အရာရာအောင်မြင်စေနိုင်ပါသည်။

(၁၄) အတိတ်ကအမှားတွေရှိရင်ခွင့်လွတ်လို့ရရင်ခွင့်လွတ်ပေးလိုက်ကြပါ

(၁၅) မိမိလက်ရှိဘဝကိုကျေနပ်ရောင့်ရဲကြပါ။.
(ဘယ်သူကြောင့်၊ဘယ်ဝါကြောင့်မကျေနပ်မှုတွေမပေါက်ဖွါးကြပါနှင့်)

ဒါကြောင့်လူသားတွေအားလုံးငြိမ်းချမ်းရအောင် ၊ကမ္ဘာကြီးငြိမ်းချမ်းရအောင်
ပြဿနာဖြေရှင်းနည်းကိုတင်ပြပေးလိုက်ရပါတယ် . . . . . . . .. ဝင်ရောက်ဖတ်ရှုသူ
အားလုံးစိတ်ချမ်းသာ၊ကိုယ်ချမ်းသာရှိကြပါစေရန်မေတ္တာပေးပို့အပ်ပါတယ်. . .
ကျေးဇူးတင်ပါသည် . . .

12 comments

  • may flowers

    June 20, 2012 at 6:01 pm

    အချို့စာကြောင်းတွေကြိုက်တယ်၊ လက်ခံတယ်။ အချို့စာကြောင်းတွေမကြိုက်ဘူး။

    ဒါပေမဲ့ ဝင်ရောက်ဖတ်ရှုပြီး မှတ်သားသင့်သည်များကို မှတ်သားသွားပါတယ်ရှင့်။

  • ဝေးလွင့်တိမ်

    June 20, 2012 at 7:32 pm

    ခက်တော့ခက်တာပဲ ။ ပိုစ့် ပိုင်ရှင်ပြောတဲ့စကားထဲမှာ တောင်ကုတ်က လူ 10 ယောက်သတ်တဲ့ကိစ္စကိုပဲ အပ်ကြောင်းထပ်ပြောနေတယ် ။ မောင်တောမြို့ သုံးပုံနှစ်ပုံလောက်ကို မီးလောင်တိုက်သွင်းတဲ့အကြောင်း ။ စစ်တွေမြို့ 20% ကို မီးလောင်တိုက်သွင်း တဲ့အကြောင်း ။ မောင်တောနဲ့ စစ်တွေမှာ လူ 21 ယောက်ကို သတ်တဲ့အကြောင်း ။ ဘုန်းကြီးကျောင်းတွေမီးရှို့တဲ့အကြောင်း ။ လတ်တလောဖြစ်ခဲ့တဲ့ ရသေ့တောင်မြို့နယ်မှာ လူ 11 ဦးကိုသတ်ပြီး အလောင်းတွေကိုပါ ဘင်္ဂါလီတွေက ယူဆောင်သွားတဲ့အကြောင်း ။ ကျောင်းဆရာကြီးအလောင်းကို အပိုင်းပိုင်း ခုတ်ဖြတ်ထားတဲ့အကြောင်း ။ ဘင်္ဂါလီတွေ လက်နက်ကိုင်သောင်းကျန်းတဲ့အကြောင်း ။
    အဲဒီလိုအကြောင်းတွေကိုပါ တစ်ခါတစ်လေလောက် ထည့်ပြောကြည့်ပါလား ။ လူတိုင်း အသက်နဲ့ပါပဲ ။ သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပါပဲ ။ လူ 10 ဦးအတွက် ပိုစ့်ပိုင်ရှင် အဲဒီလောက်ဒေါသထွက်နေရင် လူ 32 ယောက်နဲ့ ပျက်စီးသွားခဲ့ရတဲ့ အိုးအိမ်တွေ ၊ အိမ်ခြေမဲ့ဒုက္ခသည်တွေအတွက် သူတို့နဲ့ဘာသာတူ လူမျိုးတူတဲ့သူတွေ ဘယ်လောက် ခံပြင်းနာကျဉ်းနေမယ်ဆိုတာ နည်းနည်းလောက်ကိုယ်ချင်းစာကြည့်ပါလား ။ ခင်ဗျားတို့ဘာသာဝင် 10 ယောက်သတ်ခံရတော့ တောင်ကုတ်ကလူတွေက အပြစ်မဲ့တဲ့သူတွေကိုသတ်တဲ့အတွက် လူရိုင်းစိုင်းတွေလို့ ခင်ဗျားတို့သုံးနှုန်းခဲ့ကြတယ် ။ အခု ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဆူပူနေသူတွေကတော့ လူယဉ်ကျေးတွေလား ။ သူများနယ်မြေကို ကျူးကျော်စစ်ဆင်နွဲနေသူတွေက လူလိမ္မာတွေလား ။ လူတစ်ယောက်ကို စာသင်ပေးခဲ့ဖူးတဲ့ကျေးဇူးကိုမှမထောက် အပိုင်းပိုင်းခုတ်ဖြတ်သတ်လိုက်တဲ့လူတွေကရော ………………
    ………………………………………………………….
    …………………………………………………………
    ဒေါသနဲ့ခံပြင်းခြင်းဆိုတာတွေကို ရင်ထဲမှာသိမ်းထားရတာ ရင်တစ်ခုလုံးပွင့်ထွက်တော့မယ် ။ အားတင်းရင်း ကိုယ့်လူမျိုးတွေအတွက် ရင်ထဲမှာ ငိုခဲ့ရတဲ့မျက်ရည်တွေ မနည်းတော့ဘူး ။ ခင်ဗျားပြောတဲ့စကားထဲမှာပါတယ်လေ ခွေးကိုချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တယ်ဆိုတာ .. ချောင်ပိတ်ရိုက်ခံရတယ်ဆိုတာ အဲဒီခွေးရဲ့မွေးရပ်မြေမှာရိုက်ခံရမှာ ချောင်ပိတ်ရိုက်တာလို့ခေါ်တာ .. ခင်ဗျားတို့မြေကတောင်မှ ခင်ဗျားတို့ကို လက်မခံတော့တာ သဘောပေါက်ပေါ့ ။ ကျွန်တော်တို့ရခိုင်ပြည်နယ်က စွန့်ပစ် ပစ္စည်းတွေလက်ခံထားရလောက်အောင် အမှိုုက်ပုံကြီးမဟုတ်ဘူးဆိုတာ ခင်ဗျားတို့သဘောပေါက်ထားပါ ။

  • hnin sai

    June 20, 2012 at 11:14 pm

    မောင်ရင်ဝေးလွင်တိမ်ရေ
    ခက်တာဘဲ ၊ကိုယ်ကမကောင်းမှုလုပ်တာတွေ၊အကြမ်းဖက်မှုလုပ်တာတွေအားလုံးရှုံချတယ်၊အရေးယူရမှာ၊ဒါပေမယ်ပြဿနာ
    စလုပ်တဲ့သူတွေကိုအရေးယူရမှာလေ၊ကျောက်နီမော်အရေးယူပြီးပြီးပြီးရင်တောင်ကုတ်ဒီလိုဘဲအရေးယူရမှာ၊မောင်ရင်ကတောင်
    ကုတ်ကအကြမ်းဖက်သမားအမျိုးထင်ပါရဲ့သူတို့ဖက်ဝင်နာနေတာ၊ကျောင်းဆရာကြီးကိုသတ်တာရခိုင်တွေဘဲသေသေချာချာအဲဒီ
    ကျောင်းမှကျတဲ့ဆရာမကိုမေးပြီးပြီသူတို့ကိုတောင်ပေါ်မှာဆရာကြီးကဝှက်ထားတာကိုထုတ်ပေးခိုင်တာ၊မထုတ်ပေးဘဲတောင်ပေါ်
    တက်ပြေးတော့ရခိုင်တွေကဘဲဒါးနဲ့ခုတ်ချလိုက်တာ၊မောင်တောသုံပုံနှစ်ပုံက လုံထိမ်းတွေနဲ့အတူရခိုင်တွေလိုက်လာပြီးရှိုတာ၊
    ဒီစစ်ဆင်ရေးလောက်ပျော်စရာကောင်းတာမရှိဘူးဆိုပြီးဗိုလ်မှုူးပြောသွားတာကြားတယ်မဟုတ်လား၊ရခိုင်တွေဒုတ်ဒါးဆွဲပြီးအိမ်
    တွေကိုလိုက်မီးရှိုတာ လို့ဖေါ်ပြထားတာ. ဒါပေမယ်မွတ်ဆလင်ကျေးရွာတွေဗလီတွေအများကြီးပါသွားတာ၊စစ်တွေမှာကော
    မွတ်ဆလင်ကျေးရွာတွေဘဲအများပါသွားတာ၊မီးလောင်တာဘယ်နေရာမှာလဲသေသေချာချာကြည့်၊နာဇီဈေး၊ကုန်တန်း၊အင်ဘာလာ၊အောင်မင်္ဂလာ မွတ်ဆလင်ရှိတဲ့ရွာအကုန်ဘဲတော်တော်များမွတ်ဆလင်အိမ်တွေရွာတွေဘဲ၊ကိုယ်အိမ်
    ကိုယ်မီးရှိတယ်တဲ့ယုံနိုင်စရာ၊ကိုယ်ဈေးကိုယ်မီးရှိတယ်တဲံ့ယုံစရာ၊အိမ်ထဲမှမီးအရှိုခံမလားထွက်သွားမလားရခိုင်တွေမေးတာ၊အိမ်ထဲကထွက်တာနဲ့မီးတင်ရှိုတာ၊မီးမထိမ်းနိုင်ဘဲရခိုင်အိမ်တွေလဲပါတယ်၊မီးမထိ်မ်းနိုင်လို့ဘုန်ကြီးကျောင်းလဲပါတယ်၊မပါလို့မပြောဘူး၊
    တချိုလဲဒေါသထွက်ပြီးပြန်ရှိုမှာဘဲ၊နှစ်ဖက်လုံးအပြန်အလှန်ဘဲ၊လုပ်တဲ့သူတွေအရေးယူပါ၊မာရှယ်လောထုတ်ထားပြီး
    မီးလောင်တယ်တဲ့။ဓါတ်ပုံတွေကြည့်တရားခံတွေပေါ်နေတာဘဲ၊ စလုပ်တဲ့သူဘယ်သူမဆိုအရေးယူရမှာဘဲ၊အခုရသေ့တောင်ကိစ္စ ရွာကိုဘယ်ကမှန်းမသိမိန်းမတစ်ယောက်လာမီးရှိုသတဲ့၊အဲဒါနဲ့မွတ်ဆလင်ရွာထဲကို အုပ်စုလိုက်သွားပြီးဒါးနဲ့ဝင်ခုတ်သတဲ့တကယ်
    သေတာ ၂ ယောက် ဒါဏ်ရာရတာ၊လွင့်တာကသေနတ်နဲဘဲပစ်သလိုူ့ပေါက်ကရရေးနေကြတာသေနတ်ကိစ္စလဲရဲမှုးကြီးရှင်းပြီးပြီ
    ဘဲ ရဲကဖေါက်တာကို ဟိုရွာကပစ်တယ်ဆိုပြီးရခိုင်တွေရွာကိုဝိုင်းရှိုတာတဲ့၊သေနတ်မရှိ၊မကိုင်ရတဲ့တိုင်းပြည်မှတ်ထားပါ၊
    သေနတ်ရှိရင်အကုန်သေကုန်ပြီ . . ဒါကျုပ်တို့မြေဘဲ၊ကျုပ်တို့နိုင်ငံဘဲ၊လွတ်လပ်ရေးတုန်ကလဲအတူတိုက်ထားရတာ၊
    အာဇာနည်ခေါင်းဆောင်ထဲမှတောင်ပါတယ်၊မြန်မာနိုင်ငံရဲ့ကတိသစ္စာကိုစောင့်ထိမ်းတယ်၊ပြည်ထောင်စုမပြို့ကွဲဖို့ထိမ်းသိမ်းတယ်၊
    ရခိုင်မှာရှိတဲ့မွတ်ဆလင်တွေ ရိုဟင်ဂျာနဲ့နာမည်တပ်မနေနဲ့၊သမိုင်းစဉ်ဆက်နေထိုင်လာခဲ့တာရာဇဝင်မှာတောင်ပါတယ်၊တို့တွေက
    ကိုဘင်္ဂလားနဲ့ဘာမှဆိုင်ဘူး၊အဲဒီကပြေးလာတာတွေလဲမဟုတ်ဘူး၊ရာဇဝင်
    သေသေချာချာကြည့်၊ဘင်္ဂလားဒေချ်ကတောင်ပြောသေးတယ်၊မြန်မာဒုက္ခသည်တွေကို လက်ခံဖို့သူတို့မှာစာချုပ်မရှိဘူးတဲ့၊
    အခုသူတို့ဆီရောက်နေတဲ့ဗမာဒုက္ခသည်တွေကိုတောင်မနည်းကျွှေးထားရတာ၊ပြီးတောဒါနယ်စပ်အရေးလဲမဟုတ်ဘူး၊တောင်
    ကုတ်ကသူတို့အရေးယူခံရတော့မယ်ဆိူလို့ မြောက်ပေးတာ၊ပြဿနာကိုစချင်တဲ့သူတွေကဒီဖက်ကိုဟိုးဖက်ကလုပ်သလို့
    လုပ်တယ်၊ဟိုဖက်ကိုဒီဖက်လုပ်သလို့အယောင်ဆောင်တယ်၊ခင်ဗျားတို့ကဉာဏ်မရှိလိုရူးတိုက်တိုင်လိုက်ကိုက်တာ၊တကယ်
    ပျက်စီးတာကိုယ်ညီအကိုတွေဘဲ၊ကိုယ်ရခိုင်ပြည်နယ်လေး နယူကလီးယားကျသလို့ဘဲ ခင်ဗျားတို့မြင်နိုင်တယ်၊စစ်ပွဲအတိုင်းဘဲ .
    ကို်ယ်အိမ်တွေကြည့်မီးလောင်ပြာကျသွားတာ၊ ဘယ်လောက်နှမျှောဘို့ကောင်းလဲ .အေးအေးချမ်းချမ်းမိုးတွင်းလေးနေရမှာကို
    ခဏကြာကန်ထရိုက်တွေဟိူသူဒီဟာယူမယ်၊ဟိုဟာယူမယ်နဲ့တစစီယူကြလိမ့်မယ်၊ကိုယ်ရပ်ရွာလေးပျက်စီးသွားလိုက်တာ ။
    ခင်ဗျားတို့မနှမြောဘူးလား၊အရေးယူပါ ဘယ်ကမဆိုစတင် အကြမ်းဖက်လာတာကို ပြတ်ပြတ်သားသားအရေးယူ၊ဒါဘဲပြောချင်
    တာ.ဒေါ်စုပြောသလို့တရားဥပဒေစိုးမိုးရေးအရေးကြီးတယ် . .ဒါဘဲ

  • အောင် လ

    June 21, 2012 at 12:10 pm

    ထောက်ခံ၏ ။အမှန်တွေ နည်းတဲ့အထဲမျာ ဒီလိုလေးတွေ ဖတ်ချင်တာ။

  • myanmarcitizen

    June 21, 2012 at 1:32 pm

    နယ်စပ်အရေးနဲလဲဆိုင်သပေ့ါဗျာ အဲ့ကောင်တွေအကုန်လုံး နယ်စပ်ကဝင်လာတာမဟုတ်လို့ မိုးပေါ်ကကျလာကြတာလား။
    (၃)ပြသနာအစသည် တောင်ဂုတ်အမှုမဟုတ်ပါ။ ကျောက်နီမော်ကိစ္စကိုမပြောပဲ ကျောက်ဖြူကိစ္စကိုပဲပြော သည့်အတွက် post ပိုင်ရှင်မတရားပါ။
    (၆) ရိုဟင်ဂျာလူမျိုးဆိုတာမရှိပါ။ ရခိုင်သမိုင်း၊မြန်မာသမိုင်း လေ့လာစရာကိုမလိုပါ။

    (၉),(၁၀) အား (၅) နှင့်ပြန်ကိုက်ပါ (သတင်းတစ်ခုရလျှင်သေသေချာချာစုံစမ်းပြီးမှရေးပါ၊ပြဿနာကိုမဖွကြ ပါနှင့်)

    • hnin sai

      June 21, 2012 at 11:29 pm

      ဘယ်နယ်စပ်ကလဲဘာတောင်းနေတာမဟုတ်ပါဘူး၊အခုဝင်တာမဟုတ်ဘူလို့ပြောတာပါ၊နယ်စပ်မှာလဝဂိတ်တွေ၊
      ရဲတွေ၊နစခတွေတင်းတင်းကျပ်ကျပ်ချထားတာပါ၊ဘင်္ဂလာဘက်မှာလဲတင်းတင်းကျပ်ကျပ်ချထားတာပါ၊
      ရခိုင်ပြည်နယ်မှာဆိုလဲအရင်ဆိုနိုင်ငံသားကဒ်ပြား၊ဝန်ထမ်းကဒ်နဲ့တောင်ကိုယ်နိုင်ငံထဲ
      ခရီးသွားလို့ရတာမဟုတ်ပါဘူး၊အခုလက်ရှိကတောင်ကုတ်အစဘဲလေကျောက်နီမော်ကအရေးယူပြီးပြီ၊
      လူမျိုးတွေအများကြီးပါ၊ခင်ဗျားမသ်တဲ့လူမျိုးတွေတောင်ရှိပါတယ်၊ခင်ဗျားမသိတာနဲ့မရှိမပြောပါနဲ့၊
      ကိုယ်သမိုင်းကိုယ်လေ့လာစရာမလိုဆိုရင်တော့စာမတတ်လို့ဘဲထင်ပါတယ်၊ကိုယ်နို်င်ငံသမိုင်းသိမှကိုယ်အဆင့်
      ကိုယ်သိမှပေါ၊မဟုတ်ရင်ကြားဖူးတယ်မဟုတ်လား။တောသားရန်ကုန်ရောက်တောဒေမှလဲရွာကြီးတစ်ရွာပါလား
      ဆိုတာကိုသတိရပါ၊နွားခြေရာခွက်ကလေးကိုကျယ်တယ်မထင်ပါနဲ့

  • awra-cho

    June 21, 2012 at 3:58 pm

    ပို့စ် ရေးတဲ့သူက ဘယ်လို စိတ်ထားဆိုတာ ပေါ်နေပြီလေ နောက်ဆို ဝင်မဖတ်တော့ဘူး။ ဒေါသထွက်ရတယ်။

  • ကောင်းမြတ်သူ

    June 22, 2012 at 10:28 am

    အဲဒိအဖြေကိုတွေ့ဖို့ မနေ့ မနေ့တွေက အမှိုက်ပေါင်းများစွာဖုံးနေတယ်လို့မြင်တယ်ဗျာ၊
    ပထမဆုံး အမှိုက်မပုံရ ဥပဒေ(အမိန့်မဟုတ်ပါ)တစ်ရပ်အမြန်ထုတ်၊ အရင်ရှိပြီးသားအမှိုက်တွေကို တက်ညီလက်ညီဝိုင်းဝန်းရှင်းရမှာပဲ။ ကျွန်တော်တို့တွေအမှိုက်ကို ဖြစ်သလိုပစ်ခဲ့ကြတာ တော်တော်စိုးတယ်။ အမှိုက်ပုံတစ်ခုမှ recycle လုပ်လို့မရဖြစ်နေတယ်။

  • ဝေးလွင့်တိမ်

    June 22, 2012 at 7:25 pm

    ့hnin ရေ .. ကိုယ့်စကားနဲ့ကိုယ်ပဲနော …. တောင်ကုတ်ကလူတွေကို အခုစစ်ဆေးနေပါပြီ… အဲဒီအမှုပေါ်သွားလို့ ရိုဟင်ဂျာတွေကို စစ်ဆေးအရေးယူတဲ့အခါကျရင်လဲ hnin မျက်နှာမပျက်ပါနဲ့နော် .. ကျွန်တော်ကတော့ ဘယ်သူပဲသတ်သတ် သူတပါးအသက်သတ်တာကိုမုန်းပါတယ် ။။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဘာသာတရားမှာ သူများအသက်သတ်တာ ကုသိုလ်မရဘူးလေ .. ဘာသာရေးနယ်မြေချဲ့ထွင်ရင်းသေသွားလို့လဲ ကျွန်တော်တို့ဘာသာမှာ နိဗာန်မရောက်ဘူး ။ တစ်ချို့တွေရှိတယ်သိလား hnin ကိုပြောပြရဦးမယ် ဘာသာရေးအတွက် သူများအသက်ကိုသတ်ရင် ကုသိုလ်ရတဲ့သူတွေရှိတယ် …………… ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ::_+)_(

  • သားဦး၊မြေးဦး

    June 22, 2012 at 7:52 pm

    အဲ့ဒါတော့ ကိုဝေးလွင့်တိမ် မှားပါတယ်။ဘာသာရေးအတွက်လဲ သူများအသက်ကိုမသတ်ရပါဘူး။
    တတ်နိုင်သလောက်သီးခံ ခိုင်းပါတယ်။မဖြစ်နိုင်တဲ့အဆုံးမှသာ ပြန်လည်ခုခံတိုက်ခိုက်ခိုင်းတာပါ။
    ကျန်တဲ့ အရေးကိစ္စတွေမှာ ကျနော်ဘာမှ မပြောလိုပေမယ့် အရေးယူသင့်တာကိုလုပ်ဆောင်ရမယ့်
    ဥပဒေ အတိုင်းသွားကြရမှာပါ။
    ဘာသာတရားများအားလုံးသည် အပုပ်ချပြောဆိုခြင်းငှာ ခွင့်မပြုပကောင် သည်၊ဆိုးသည်လဲ မဝေဖန်
    ရာ ဟု ထင်မှတ်လျှက်။
    မတူတာတွေ ဘေးဖယ်ထား၍၊တူတာလေးများဖြင့် တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းဆောင်
    ရွက် သင့်ရာ၏။

  • ဒေဝ

    June 24, 2012 at 6:15 pm

    လူ မျိုး စွဲ ဘာသာ စွဲ ငါ စွဲ တွေ နဲ ့ အစွန်း ရောက် အကြမ်း ဖက် လုပ် ရပ်တွေကို အား ပေး အား မြှောက်လုပ် နေကြတော့ မယ် ဆို ရင် ခေတ် မီ ဖွံ ့ဖြိုး တိုး တက် တဲ ့ နိုင် ငံ တော် ကြီး ဆီ ရောက် ဖို ့ဝေး ရချည် သေး ထင်ပါ ရဲ ့။

  • hnin sai

    June 25, 2012 at 10:52 am

    တောင်ကုတ်ကိစ္စယနေ့ထိမဖမ်းသေးပေမယ် ကျောက်တော်ကိစ္စဟုတ်ဟုတ်မဟုတ်ဖမ်းပြီးဗျ
    ဗုဒ္ဓဘာသာဝင်သေတာကိုး (၁၀) ယောက်သေတော့ ရွာလုံးကျွတ် လူ(၁၀၀) ချက်ခြင်းဖမ်းပြီဗျ
    သတင်းမှာရေးထားတာကြည့်အုံးမလား-

    ရသေ့တောင်မြို့နယ်ရှိ အနောက်ပြင်ရွာတွင်ဖြစ်ပွားခဲ့ သည့် အကြမ်းဖက်မှုများနှင့်လူဆယ် ဦးသတ်မှု တို့တွင် ပါဝင်သူအကြမ်းဖက် သမား တစ်ရာကျော် ကို ဖမ်းဆီးပြီး စစ်တွေထောင်သို့ ပို့ဆောင်ထား ပြီး ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ရခိုင်တိုင်းရင်း သားများ တိုးတက်ရေး ပါတီဥက္ကဌ ဦးမောင်လှမြင့် ကဆိုသည်။
    အဆိုပါလူသတ်မှုနှင့်အ ကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများမှ(၂၂) ဦးကို ဇွန်(၂၁)ရက်နေ့က ဖမ်းဆီးခဲ့ပြီး ထွက်ပြေးနေသူများ ထဲမှ(၃၁)ဦးကို ဇွန်(၂၂) ရက်နေ့က ဆက်လက်ဖမ်း ဆီးနိုင်ခဲ့ပြီးနာက် ထပ်မံ၍ ပါဝင်သူ (၅၀)ဦး ကျော်ကို ဇွန်လ(၂၃)ရက်နေ့ကဖမ်း ဆီးခဲ့ သဖြင့် ပြစ်မှု ဆိုင်ရာ ပုဒ်မ -၃၀၂(က) /၁၁၄၊ပုဒ်မ-၂၁၁၊ ပုဒ်မ-၅၀၆ တို့ အပါအဝင်အခြားပြစ်မှုများဖြင့်ဖမ်းဆီးခဲ့ပြီး စစ်တွေ အကျဉ်းဦးစီး သို့ပို့ ဆောင်ထား ပြီးဖြစ်ကြောင်း သိရ သည်။
    ဒါက သူတို့မွတ်ဆလင်ရွာကိုသွားပြီးဒါးနဲ့သွားခုတ်တာကို ဟိုကပြန်ခုခံတာနော် ၊အကြမ်းလာဖက်
    တဲ့သူကို ရွာကခုခံတာ၊သူများရွာထဲမှဖြစ်တာ ပိုင်နက်မှာ၊သူတို့ပိုင်နက်ထဲမှာမဟုတ်ဘူး .အကြမ်းလာဖက်တဲ့သူကို ပြန်ခုခံတဲ့သူမွတ်ဆလင်ရွာကရွာသားအားလုံးဖမ်းပြီးထောင်ထဲတည့်ပြစ်တာ၊ ကျောက်နီမော် အရင်ကိစ္စတုံးကလဲ ရွာထဲကလူအားလုံးဖမ်းပြီးကျောက်ဖြူပို့ဖူးတယ် . .
    တောင်ကုတ်လည်း မွတ်ဆလင်(၁၀)ဦးသေတော့ (၁၀၀) ပြန်ဖမ်းပေါဗျာ၊ တကယ်ဆိုဝိုင်းသတ်
    တာ(၃၀၀) တောင်ပါ (၃၀၀) လောက်တော့ဖမ်းသင့်တာပေါ၊ဒါပေမယ် ယနေ့ထိတစ်ယောက်မှလက်ဖျား
    နဲ့မတို့ . . . .သမ္မတကြီးနဲ့နိုင်ငံတကာခေါင်းဆောင်တွေသိသင့်ပါပြီ . .

Leave a Reply