ဦးခိုင်သို့ အိပ်ဖွင့်ပေးစာ.. ဗုဒ္ဓ၏ ထမင်းစားနည်း။
ဦးခိုင်ရေ….ကျွန်တော်ခရီးသွားအတွေ့ အကြုံလေးတစ်ခုကို ပြောချင်လို့ ကျွန်တော် စားရေးပို့လိုက်ပါတယ်။
ကျွန်တော် တစ်နေ့က မြို့တစ်မြို့ကို ခရီးသွားတော့ ကားပေါ်မှာ ခရီးသွား ဖော် အမျိုးသမီးငယ်လေး ၃-ယောက်နဲ့ခင်မင်သိကျွမ်းရတယ်ဗျ။ အသက် အားဖြင့်တော့ ၃-ယောက်လုံး ၂၀-နဲ့ ၃၀-ကြားတွေပါ။ သူတို့ဟာ တောရွာ လေး တရွာကဖြစ်ပြီး… မြို့ပေါ်က စာသင်တိုက်မှာ စာသင်နေတဲ့ မောင်ရဟန်း တစ်ပါးထံ အလည်သွားပြီး ပြန်လာတာတဲ့။
ထမင်းစားချိန်ကားနားလို့ ထမင်းစားဖို့ ထမင်းဆိုင်ထဲမှာ ကျွန်တော်တို့ အတူထိုင်ကြတယ်။ ထမင်းတွေ အတူမှာကြတယ်။
ထမင်းဟင်းတွေလာချလို့ ထမင်းစားတော့မယ့်လုပ်တော့…အမျိုးသမီးလေး တစ်ဦးက ထမင်းလုပ်လေးကို ပါးစပ်နားမှာကပ်ပြီး… တွတ်တွတ် .. တွတ် တွတ်..နဲ့ ထမင်းလုပ်ကို မန်းမှုတ်နေတာကို မထင်မှတ်ပဲ တွေ့မြင်လိုက် ရပါတယ်။
လျှာရှေတဲ့ ကျွန်တော်ကလဲ…“သမီး အဲဒါ ဘာလုပ်တာလဲ”လို့ မေးလိုက် တော့။ ထမင်းလုပ်ကို ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။ လို့ရွတ်နေတာတဲ့လေ။
ဘာကြောင့် အဲဒီလိုရွတ်ရတာလဲလို့မေးပြန်တော့ ကောင်မလေးတွေက ကျွန်တော်ကို အံ့ဩသလို ငေးကြည့်နေကြတယ်။ မိန်းကလေး တစ်ယောက် က တာဝန်ကျေသဘော လောက်နဲ့ “ကိုယ်ကိုးကွယ်တဲ့ ဘုရားတရား သံဃာကို မစားခင် အမှတ်ရတဲ့ သဘောပေါ့တဲ့”
ဒါနဲ့ ကျွန်တော်ကလဲ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။ ဆိုတာက ဘုရား တရား သံဃာကို ကိုးကွယ်ပါတယ်လို့ ဆိုတာပဲ။ ကိုးကွယ်တယ်ဆိုတာ ဆည်းကပ်တာပဲ။ ဆည်းကပ်တယ်ဆိုတာကလဲ ဘုရား တရား သံဃာကို ဆရာတင်လိုက်တာပဲ။ ဘုရားတရားသံဃာကို ဆရာတင်လိုက်ရင် ဘုရား တရား သံဃာ ညွှန်ကြားတဲ့အတိုင်း နေထိုင် ကျင့်ကြံ စားသောက်ရ မယ်လို့ ဦးတော့နားလည်တယ်။ ဘုရားက မစားခင် ထမင်းလုပ်ကို အဲဒီလို ရွတ်ရမယ်.. ရွတ်ပြီးမှ စားရမယ်လို့ မှာခဲ့တယ် မထင်မိပါဘူး။
သမီးတို့ဟာ ဗုဒ္ဓဘာသာကို အလွန်လေးစားတဲ့ တန်ဖိုးထားသူတွေ ဖြစ်မယ်လို့ ဦးခန့်မှန်ကြည့်မိတယ်လို့ ပြောလိုက်တော့ သူတို့က ဟုတ်မှန် တဲ့ အကြောင်း…
ကိုယ့်ဘာသာအတွက်ဆိုအသက်ပင်စွန့်ဝံ့ကြောင်း…ပြန်ပြောကြတယ်။ ဒါနဲ့ ကျွန်တော်က“သမီးတို့လို ငယ်ရွယ်တဲ့ လူငယ်တွေက ခုလို ကိုယ့်ဘာသာ ကိုယ့်သာသနာကို တန်ဖိုးထား လေးစားတာကို သိရတွေ့ရလို့ ဝမ်းသာတဲ့ အကြောင်းပြောပြီး …
ကိုယ့်ဘာသာ ကိုယ့်သာသနာကို တန်ဖိုးထား လေးစားတယ်ဆိုတာ.. တကယ်တော့ ကိုယ့်ဘာသာအကြောင်း သိအောင်လဲလေ့လာရတယ်။ ဘာမှမသိပဲ တန်ဖိုးထားတယ်ဆိုတာ မကောင်းဘူး။ မသိပဲနဲ့ တန်ဖိုးထားရင် အဆင်မသင့်ရင် အန္တရာယ်တောင်ဖြစ်နိုင်တယ်လို့။
အဖေကို သိပ်ချစ်တဲ့ သားက အဖေ့နဖူးခြင်ကိုနေလို့ ခြင်ကို တူနဲ့ထုတော့ အဖေသေခဲ့ရတယ်ဆိုတာ ဘုရားပြောထဲမှာတွေ့ဖူးတယ်လို့။
နောက် ဗုဒ္ဓဘာသာဝင်ဆိုတာ ဗုဒ္ဓညွှန်ကြားတဲ့အတိုင်း… ပြုမူ ပြောဆို နေထိုင်ရမယ်။ ဘုရားလုပ်တာတွေ အတုခိုးပြီးလုပ်ရမယ်။ ဘုရားပြောတာ တွေ အတုယူပြီး ပြောဆိုရမယ်။
ဘုရား မလုပ်တာတွေ ကိုယ်က မလုပ်ရဘူး။ ဘုရားမပြောတာတွေ ကိုယ်က မပြောရဘူးလို့။
ဒီတော့ ကလေးမလေး တစ်ယောက်က…ဘုရားကထမင်းဘယ်လို စားရမယ် လို့ မှာခဲ့သလားတဲ့။ ကျွန်တော်က မှာခဲ့တာပေါ့ သမီးရယ်။ ဒို့ဘုရားက ထမင်းစားတတ်အောင်လဲ မှာခဲ့တယ်။ အဝတ်ဝတ်တတ်ဖို့လဲ မှာခဲ့တယ်။ စီးပွားရှာတတ်အောင်လဲ ညွှန်ခဲ့တယ်။ လူတစ်ယောက်ရဲ့ လိုအပ်ချက် မှန်သမျှ အကုန်လုံးခြုံမိတဲ့ ညွှန်ပြချက်တွေလဲ ရှိပါတယ်လို့ ပြောတော့ သူတို့က အဲ…..ဟုတ်လား..ဆိုပြီး အံ့ဩတဲ့အမူအရာလေးတွေလဲ ပြပါ တယ်။
ကလေးမလေး တစ်ယောက်ကတော့ “သမီးတို့ကို ဘုရားမှာခဲ့တဲ့ ထမင်းစား နည်းလေး ခုပြောပြပါလား”တဲ့။
ဒါနဲ့ ကျွန်တော်လဲ ကျွန်တော် ကိုရင်ဘဝက ကျက်ခဲ့ရခဲ့ဖူးတဲ့ စာလေးကို ရွတ်ရင်းနဲ့ခုလို ရှင်းပြလိုက်ပါတယ်။
ပဋိသင်္ခါယောနိယော ပိဏ္ဍပါတံ ပဋိသေဝါမိတဲ့။ အစားတစ်ခုခု စားတော့ မယ်ဆိုရင် အသိညာဏ်ဦးစီးပြီးစားရမယ်။ အသိညာဏ်မဲ့ မဆင်မခြင် မစားရဘူးတဲ့။ ထမင်းမစားရဘူးလို့ ဘုရားမမှာခဲ့ဘူး။ ထမင်းစာချင်တာ လောဘလို့လဲ ဘုရားမပြောခဲ့ဘူး။ ဘာစားစား အသိညာဏ်နဲ့ ဆင်ခြင်ပြီး တော့ပဲ စားရမယ်လို့မှာခဲ့တယ်။
ဘယ်လိုဆင်ခြင်ပြီးစားရမှာလဲဆိုတော့…….
နေဝ ဒဝါယ= မြူတူးပျော်ပါး ဆော့ကစားနိုင်ဖို့ဆိုတဲ့စိတ်မျိုးနဲ့ မစားရ ဘူးတဲ့။ ဒီနေ့ အားကစားနဲ့လေ့ကျင့်နေကြတာနဲ့ ဆော့တာမျိုးတော့ခွဲ သိရမယ်။
န မဒါယ=အားအင်တွေပြည့်ဖြိုးပြီး မာန်ရစ်ဖို့အတွက် မာန်မူနိုင်ဖို့ဆိုတဲ့ စိတ်နဲ့လဲ မစားရဘူးတဲ့။ ငါအစားတွေ အများကြီးစားထားမယ်။ ဒါမှ ကမ္ဘာ့ အဝဆုံးလူဖြစ်မှာ။ ငါအားတွေရှိမှ ဟိုကောင်ကို နိုင်မှာ။ စတဲ့ အသိစိတ်နဲ့ မစားရဘူး။ ဟိုလူတွေ ငါလို မစားနိုင်ပါဘူးဆိုတဲ့ ယှဉ်ပြိုင်ချင်တဲ့စိတ် တွေနဲ့လဲ မစားရဘူး။ အဲဒီလို စားသောက်မှုတွေဟာ လူကို ဆင်းရဲ စေတယ်။
န မဏ္ဍနာယ= အသားအရေလှပဖို့ဆိုတဲ့ စိတ်နဲ့စားတာမျိုးလဲ မဖြစ် သင့်ဘူး။ ကိုယ့်နဲ့မတဲ့ဘဲနဲ့ လှချင်တာကြောင့်လဲ အစားမစားသင့်ဘူး။ တချို့က ဘာစားရင် အသားအရေစိုပြေတယ်။ ဟိုဟာ စားရင် အသားအရေ လှတယ်ဆိုပြီး …ကိုယ်နဲ့တည့်တာ မတည့်တာကို မစဉ်းစားပဲ လှချင်စိတ်… စိုပြေချင်တဲ့စိတ်ကြောင့် စားကြတယ်။ ဒီလိုစားသောက်မှုမျိုး ဟာလဲ လူကို မငြိမ်းချမ်းစေဘူး။ အဆင်မသင့်ရင် အန္တရာယ်တောင်ဖြစ်နိုင်တယ်။
န-ဝိဘူသနာယ=အသားအရေပြည့်ဖိုးဘို့ ဆိုတဲ့စိတ်နဲ့လဲ စားတာမျိုး မဖြစ် သင့်ဘူး။ ဝဖို့ ဝချင်လို့ အစားတွေနင်းစားတာ။ပိန်ဖို့အတွက် လိုအပ်သ လောက် မစားပဲ လျှော့စားတာ။ ဒါမျိုးတွေလဲ မစားသင့်ဘူး။ တချို့ဆို ပိန်ချင်လို့ တနေ့မှ ကော်ဖီတစ်ခွက်သောက်တာ။ နိုင်ငံတစ်ခုမှာတော့ စားပြီး ပြန်အန်ထုတ်တာ။ နောက်ဆုံးတော့ အဲဒီလိုစားနည်းတွေဟာ လူကို ဆင်းရဲဒုက္ခရောက်စေတော့တာပဲ။
ဒါဖြင့် ဘယ်လိုအသိနဲ့စားရမှာလဲဆိုတော့…..
ဣမဿ ကာယဿ ဋ္ဌိတိယာ=ဒီခန္ဓာကိုယ်တည်တံ့ဖို့ဆိုတဲ့ အသိနဲ့စားရ မယ်။
ယာပနာယ=ဒီခန္ဓာကိုယ်မျှတဖို့ဆိုတဲ့ အသိစိတ်နဲ့ စားတာမျိုးဖြစ်ရမယ်။
ဝိဟိ ံသူ ပရတိယာ=ထမင်းဆာတာတွေကြောင့် လူမှာ မပင်ပန်းဖို့အတွက် ဆိုတဲ့ စိတ်နဲ့ စားရမယ်။
ဒါတွေက အစာစားတဲ့အခါ ထားရမယ့် အသိစိတ်ကိုညွှန်ပြတာပဲ။
ဒီခန္ဓာကိုယ် တည်တံ့ခိုင်မြဲဖို့။ ဒီခန္ဓာကိုယ်မျှတနေဖို့။ ဒီခန္ဓာကိုယ် ဆာမှု ကြောင့် ပင်ပန်းမှုတွေမဖြစ်ဖို့… အတွက်စာတာမျိုးဖြစ်ရမယ်။
ဒီခန္ဓာကိုယ်ကြီးဟာ အပုတ်ကောင်ကြီး ပစ်ထားလိုက်လို့ ဘုရားမပြောဘူး။ ဒီခန္ဓာကိုယ်ကြီးဟာ အပုတ်ကောင်ကြီး မပြုပြင်နဲ့.. မကြွေးနဲ့လို့ ဘုရား မမှာဘူး။
ဒီခန္ဓာကိုယ်ကြီးဟာ ဘာအနှစ်သာရမှ မရှိတဲ့ဟာကြီး ဂရုမစိုက်နဲ့လို့ ဘုရား မဆိုဘူး။ ကဲ…ဒီမှာပဲကြည့်
ဒီခန္ဓာကိုယ်ကြီး တည်တံ့အောင်။
ဒီခန္ဓာကိုယ်ကြီး မျှတမှုဖြစ်အောင်။
ဒီခန္ဓာကိုယ်ကြီးမပင်ပန်းရအောင် အစားတွေကို စားရမယ်တဲ့။ အဲဒီလိုစား တာ မျိုးဟာ လူကို မဆင်းရဲစေဘူး။
ခန္ဓာကိုယ်အတွက် မဟုတ်ပဲ… ခန္ဓာကိုယ်အတွက် အကျိုးမပြုပဲ..လှဖို့..ဝဖို့. ပိန်ဖို့…ပြိုင်ဖို့…ပျော်ဖို့.. စတဲ့ စိတ်တွေနဲ့ စားကြမယ်ဆိုရင်တော့ အဲဒီစား မှုမျိုးတွေဟာ လူကို ဆင်း ရဲစေမှာပဲတဲ့။
ဒီမှာထင်ရှားတာက “လူ့ကိုယ်က”လိုအပ်လို့ လူ့အသိနဲ့ စားတာ အပြစ် မဟုတ်ဘူးနော်။ (စားသင့်လို့စားတာ အပြစ်မဟုတ်ဘူး)
လူ့ကိုယ်က လိုတာမဟုတ်ဘဲ.. လှချင်..ပိန်ချင်…ဝချင်ဆိုတဲ့ လောဘစိတ်. မာနစိတ်.. ဆိုတဲ့ ကိလေသာစိတ်တွေနဲ့စားချင်တာကမှ လူကိုဆင်းရဲ စေတာ။
နောက်ဘုရားက ဆက်မှာသေးတယ်။
ဣမဿ ကာယဿ ဋ္ဌိတိယာ.. ဒီခန္ဓာကိုယ်တည်တံ့ဖို့
ယာပနာယ= ဒီခန္ဓာကိုယ်ကြီး မျှမျှ တတ ဖြစ်နေဖို့…
ဝိဟိ ံသူ ပရတိယာ=ထမင်းဆာတာတွေကြောင့် လူမှာ မပင်ပန်းဖို့အတွက် တဲ့… အဲဒီအသိစိတ်တွေနဲ့ စားရမယ်တဲ့။
ဘုရားက ဒီခန္ဓာကိုယ်ကြီးကို မျှမျှတတဖြစ်စေချင်တယ်။ တည်တံ့စေချင် တယ်။ ဒီခန္ဓာကိုယ်ကြီး မပင်ပန်းစေချင်ဘူး။
အာရောဂျ ပရမာ လာဘာ- ကျမ်းမာနေတာဟာ အလွန်မြတ်တဲ့ အခွင့်ထူး ရရှိမှုပဲတဲ့။
ဗြဟ္မစရိယာ နုဂ္ဂဟာယ- ဒီခန္ဓာကိုယ်ကြီး ကျန်းမာနေမှ ကောင်းတဲ့အကျင့် တွေ.. ကောင်းတဲ့အလုပ်တွေ လုပ်နိုင်မှာမဟုတ်လား။
ကောင်းတဲ့အလုပ်တွေ လုပ်နိုင်ဖို့ ဒီခန္ဓာကိုယ်ကြီး ကျန်းမာနေဖို့လိုတယ်။ အဲဒီလို ကျန်းမာနေဖို့ သင့်မြတ်တဲ့အစားတွေ စားပေးရမယ်။ အဲဒီ အသိစိတ်နဲ့ စားရမယ်။
ဣတိ ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ… အစာမရှိလို့ ခန္ဓာကိုယ်မှာ ရောဂါဟောင်းတွေဝင်တာမျိုး မဖြစ်စေရဘူး။
နဝဉ္စ ဝေဒနံ နဥပ္ပါဒေဿာမိ။ အစာနည်းလို့ ဝေဒနာအသစ် ရောဂါအသစ်တွေလဲ မဖြစ်စေဖို့ အတွက် အဲဒီအသိစိတ်နဲ့ ထမင်းကို စားရမယ်လို့ ဒို့ဘုရားက မှာခဲ့တယ်။လို့ ကျွန်တော်ပြောတဲ့အခါ အားလုံး ငေးပြီးနားထောင်နေကြပါတယ်။
နောက်ဆုံး အတိုချုပ်ပြောရရင်…ဦးက ပါဠိတွေရွတ်တာက စာတတ်လို့ မဟုတ်ပါဘူး။ ထမင်းစားနည်းလေးပြောတာဆိုတော့ ဘုရားပြောတာ မဟုတ်ဘူးလို့ ထင်မှာစိုးလို့ပါ။
ဘာကိုပဲ စားစား… အသားစားစား.. ငါးစားစား.. မြူးတူးပျော်ပါးနိုင်ဖို့.. အားမန်တွေပြည့်ပြီးမာန်မူနိုင်ဖို့။ အသားအရေလှပဖို့။ လူဝဖို့ လူပိန်ဖို့ ဆိုတဲ့ အဲဒီစိတ်တွေနဲ့ မစားကြနဲ့။ အဲဒီစိတ်တွေ ရှေ့တန်းတင်စားရင် ခန္ဓာကိုယ်နဲ့မတည့်တာတွေ.. အစားလွန်တာ.. အစားနည်းတာတွေဖြစ်ရင် လူကို ဆင်းရဲစေလိမ့်မယ်။
ဒီခန္ဓာကိုယ်တည်တံ့ဖို့။ မျှတဖို့။ ဆာမှုကြောင့်ဖြစ်တဲ့ ပင်ပန်းဆင်းရဲတွေ မဖြစ်ဖို့.. ကောင်းတဲ့အကျင့်..ကောင်းတဲ့အလုပ်တွေလုပ်နိုင်ကျင့်နိုင်ဖို့။ အစာမရှိလို့ ရောဂါဟောင်းပေါ်တာမျိုး… ရောဂါသစ်ထပ်ဖြစ်တာမျိုးမဖြစ်ဖို့ အဲဒီအသိနဲ့ စားရမယ်လို့ညွှန်ပြမှာကြားခဲ့တယ်လို့ ကျွန်တော်ရှင်းပြလိုက်ပါ တယ်။
ကျွန်တော် စိတ်မကောင်းဘူး ဦးခို်င်ရယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ကိုယ့်ဘာသာအတွက် သွေးချွေးနဲ့ကိုရင်းပြီး ထောက်ပံ့ခဲ့ကြတယ်။ အသက်ပေးပြီး ကိုးကွယ်ခဲ့ကြတယ်။ ဒါပေမယ့် ဘာသာတရားဆီက သူတို့ရတဲ့အသိက သိပ်နည်းပြီး အသုံးတဲ့တာတွေ နည်းနေသလိုပဲ။
သူတို့ကို မေးကြည့်တော့.. ဘုရားဖွားတာ။ အမေ..အဖေ.. မိထွေး.. အိမ်ထောင်ပြု…ဘုရားဖြစ်.. ဒီအစိတ်အပိုင်းတချို့ကို သိကြတယ်.. ဒီကိုယ် ကြီး မမြဲဘူး။ ဆင်းရဲတယ် သိတယ်။ ဒီငါဆိုတာကြီးဟာလဲ ငါမဟုတ်ဘူး လို့ပြောတယ်။ သူလဲ သူမဟုတ်ဘူးလို့ပြောတယ်လဲ သိကြပါတယ်။
မင်္ဂလသုတ် မေတ္တသုတ်တွေလဲ ရကြပါတယ်။ ဒါပေမယ့် … တကယ် လူလောကထဲမှာ ရပ်တည်ဖို့ လုပ်တတ်အောင်.. ပြောတတ်အောင်.. နေတတ်ထိုင်တတ်အောင်… ဝတ်တတ် စားတတ်အောင်..ဆိုတဲ့ လိုအပ်တဲ့ အသိတွေတော့ သူတို့ဆီမှာ မရှိကြဘူး။
ဒီနေ့ ဦးခိုင်ရဲ့ရွာမှာကိုပဲ ဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံကြီးဟာ အမှိုက်ပစ်တဲ့ ကိစ္စလေးတောင် စည်းကမ်းမဲ့နေကြတွေကို တွေ့မြင်ပြီး ကြားနေရတယ်။ ကျွန်တော် တကယ်ရင်နဲ့အမျှ ခံစားရပါတယ်။
အဲဒီ ကလေးမလေး သုံးယောက်ကို စားပြီးလို့ကားပေါ်ပြန်တက်တော့ ဘုရားမှာခဲ့တဲ့ အဝတ်ဝတ်နည်းလေး ပြောပါဦးဆိုလို့ပြောဖြစ်ပါသေးတယ်။
ကဲ စာက ရှေသွားပြီ ဦးခိုင်ရယ်။
ဦးခိုင်ကိုလေးစားလျှက်…
ဇောက်ထိုး။
38 comments
မဂွတ် ထော်
June 28, 2012 at 11:52 am
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။ ဆိုတာက ဘုရား တရား သံဃာကို ကိုးကွယ်ပါတယ်လို့ ဆိုတာပဲ။
မဂွတ် ထော်
June 28, 2012 at 11:58 am
ထမင်းစားတဲ့ခါသံမြည်အောင်စားရဘူးနော်
လောဘနဲ့လဲစားရဘူး
ကြားလား ကလေးတို့
ကြားတယ်ဆိုကြောင်းပြန်
ကြားလား….ကြားလား
ဇောက် ထိုး
June 28, 2012 at 8:30 pm
ဟဲ့ ဂွက်ထော်မ… စားခါနီး ဘာကြောင့် ကလေးတွေကိုအော်နေရတာလဲ…
စားခါနီး ဘယ်လောက်အပြစ်ရှိရှိ မအော်ရဖူးလေ။
အစာစားမယ်ဆိုရင် လောဘနဲ့မစားရဘူးဆိုတာ မှန်တယ်။ ဒါက စားတဲ့အခါ ထားရမယ့်စိတ်ဓာတ်။
ပြုမူဆောင်ရွက်ရမယ့် စည်းကမ်းတွေလဲ ဘုရားမှာခဲ့သေးတယ်။
ထမင်းပန်းကန်ကို လေးလေးစားကိုင်သွယ်ရမယ်။
မကွဲမရှအောင် သတိထားပြီး ပန်းကန်ကို ကိုင်ရမယ်။
ထမင်းနဲ့ဟင်းကို မျှတအောင် ထည့်စားရမယ်။
ထမင်းပန်းကန်ကို မောက်လျှံနေအောင် ထည့်မစားရဘူး။ လိုရင် ထပ်ထည့်ရတာပဲ။
ထမင်းစားတဲ့အခါ မစားချင်သလို..စားချင်သလို မစားရဘူး။ စိတ်ပါလက်ပါစားရမယ်။
ကိုယ်စားတဲ့ ပန်းကန်ဆီ စိတ်ရောက်ပြီး စားရမယ်။
ကိုယ့်ဘက်ခြမ်းက စပြီး ထမင်းကို စစားရမယ်။
ထမင်းနဲ့ဟင်းကိုမျှတအောင် စားရမယ်။
ထမင်းလုပ်ကို နှိပ်စားတာမျိုး မစားရဘူး။ ထမင်းကိုဆုပ်ပြီးစားတာမျိုးပေါ့။
ဟင်းတွေကို ထမင်းနဲ့ဖုံးထားပြီး လောဘကြီးမစားရဘူး။
ကဲ့ရဲ့ချင်တဲ့စိတ်နဲ့ သူ့များပန်းကန်ကို မကြည့်ရဘူး။
ကိုယ့်ပါးစပ်နဲ့ လိုက်ဖက်မယ့် ထမင်းလုပ်ကို ပြုလုပ်ပြီးစားရမယ်။
ထမင်းလုပ်ကို ညီညီညာညာ ကြည့်ကောင်းအောင် ပြုလုပ်ပြီးစားရမယ်။
ပါးစပ်နားထမင်းလုပ်မရောက်ခင် ပါးစပ်ဟမထားရဘူး။
ပါးစပ်ထဲမှာ လက်ကြီးပါသွင်းပြီးမစားရဘူး။
ပါးစပ်အတွင်း ထမင်းတွေရှိနေစဉ် စကားမပြောရဘူး။
ထမင်းလုပ်ကို မြောက်ပစ်ပြီး ပါးစပ်တွင်း သွင်းပြီးမစားရဘူး။
ထမင်းလုပ်ကို ဆုပ်ပြီး ကိုက်ဖြတ်စားတာမျိုးလဲ မလုပ်ရဘူး။
မျောက်လို ထမင်းလုပ်ကို ပါးစောင်မှာထားပြီး ပါးဖောင်းကြီးနဲ့မစားရဘူး။
ထမင်းလုံးတွေ ပေနေတဲ့ လက်ကို မခါရဘူး။
ထမင်းတွေကို ပန်းကန်ထဲမှာ ကျဲပြီးမစားရဘူး။
လျှာထုတ်မစားရဘူး။
ပျတ်ပျတ်ပျတ်ပျတ် မည်အောင် အသံထွက်အောင် မစားရဘူး။
ဟင်းသောက်ရင်လဲ ရှူးရှဲသံမည်အောင် မသောက်ရဘူး။
လက်ကို လျှာနဲ့လျှက်ပြီး မစားရဘူး။
စားခွက်ကိုလဲ လျှာနဲ့လျှက်ပြီး မစားရဘူး။
နှုတ်ခမ်းကိုလဲ လျှာနဲ့ လျှက်ပြီး မစားရဘူး။
ထမင်းဟင်းတွေ ပေနေတဲ့လက်နဲ့ သောက်ရေခွက် မကိုင်ရဘူး။
ထမင်းလုံးတွေနဲ့ ပန်းကန်ဆေးရေတွေကို စည်းကမ်းမဲ့စွာ မသွန်ရဘူး။
ဒါတွေဟာ ဟိုနှစ်ပေါင်းထောင်ချီတဲ့အချိန်ကတည်းက ဒို့ဘုရား ပြောခဲ့တဲ့စကားတွေပဲ။
ဘယ်လောက်ကောင်းသလဲ။
အေး ဒါပေမယ့် တခုတော့ရှိတယ်။ ဒီနေ့ခေတ်နဲ့မလိုက်ဖက်တာ ရှိရင်နှုတ်ပေါ့။
ထပ်တိုးစရာရှိလဲ တိုးပေါ့။
လူကိုကောင်းကျိုးပြုဖို့အဓိက မဟုတ်လား.. ဂွက်ဂွက်ရဲ့။
အမလေး မောလိုက်တာ မိဂွက်ရေ… ရေ..ရေ….ရေ….
စိန်ဗိုက်ဗိုက်
June 28, 2012 at 12:26 pm
အူးဘဇင်း ကိုကိုဇောက်ရေ
မော်ဒလယ်ဂဲတွေ မော်ဒလယ်ဘွိုင်းတွေ ကာယဗလမောင်တွေ ကာယဗလမယ်တွေ ဖတ်မိရင်တော့
ဆန် ့ကျင်မှာ သေချာသဗျား..
ဘယ်လိုချေပမလဲရှိုဒါ ကြိုရှင်းရှားထားဘာ.. 😀
ပုံ၊
ကာယဗလမောင် ဦးဗိုက်
ယိစ်..ယိစ်….ဗျိစ်..( အညှစ်လွန်ပြီး အီးထွက်သွားသည် )
Davit
June 28, 2012 at 5:08 pm
ဒီမှာ….ဒီမှာ……ကိုဗိုက်………….ကြိုက်တာပြောလို့ရတယ်နော်………..သူများနာမည် ဆွဲမထည့်နဲ့…… ဒါဗျဲ.. 8)
ဇောက် ထိုး
June 28, 2012 at 7:35 pm
လာစမ်းပါစေ.. ဦးဗိုက်ရာ… ပါဠိအမြောက်ကြီး ကိုင်ထားတာ။
ဘုရားဟော အစစ်က ငြင်းလို့မရဘူး။
ငြင်းလို့ရတာက ဘုရားဟော မဟုတ်လို့။
လာပါစေ.. ကြိုက်သလောက်လာပါစေ…
ဘာကြောက်ရမှာလဲ.. ထွက်ပြေးမှာပေါ့။
ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မိုက်ကယ်ဂျော်နီအောင်ပု
June 28, 2012 at 1:03 pm
ဆရာဇောက်ထိုးပြောတဲ့ ဘုရားဟောတဲ့ထမင်းစားနည်းကတော့ ကျုပ်နှင့်ကိုက်မည်မထင်
ဒီနေရာမှာ ( ပုဂ္ဂိုလ် ) ဆိုတဲ့ သဘောကိုပြန်ချဉ်းကပ်မိတဲ့အခါ
ဟိုက ( မြတ်စွာဘုရားရှင်တော် က ) ရွှေနန်းတော်ကြီးကိုစွန့်ပြီး လောကုတ္တရာထဲသွားတဲ့ ဘုရား
ကျုပ်က ရွှေနန်းတော်ကြီးကို ဖြစ်ခြင်တာဖြစ် လိုခြင်နေတဲ့ကောင်
ဒီနေရာမှာ ( ပုဂ္ဂိုလ် ) ဆိုတဲ့ သဘောကို ဒုတိယအကြိမ် ပြန်ချဉ်းကပ်မိတဲ့အခါ
ဟိုက ( မြတ်စွာဘုရားရှင်တော် က ) သတ္တဝါရဲ့ အိန္ဒြေ ကိုကြည့်ပြီးဟောတဲ့သဘော စိဘာဒယ်
အတိုက်ခံဖက်ကနေခံပက်ရမယ်ဆိုရင်တော့
စားသောက်ဆိုင်မှာ စားရင်းသောက်ရင်း သီချင်းလေးပါဆိုလို့ပေါ့ ပျော်စရာကြီး
ကွိကွိ
ဇောက် ထိုး
June 28, 2012 at 8:45 pm
ကိုအောင်ပု ဂျော်နီ မိုက်ကယ်ရယ်… အဲ..ဟုတ်ပေါင်… အဲ ဟုတ်သလိုသာ ဖတ်လိုက်တော့ဗျာ။
ရှင်ဘုရင်စားစား… သူတောင်စား စားစား… ခန္ဓာကိုယ်က လိုအပ်လို့ စားတာမျိုးမဟုတ်ပဲ… ဝဖို့ လှဖို့.. ပိန်ဖို့… မာန်ရစ်ဖို့… စတဲ့စတဲ့ စားချင်လို့ စာတာမျိုးဆိုရင် လူကိုဆင်းရဲစေမှာပဲ။
စားသင့်လို့ စာတာဆိုရင် လူကိုအကျိုးများစေမှာပဲ။
တရားမှာ ရှင်ဘုရင်ဆိုပြီး မျက်နှာမလိုက်ဘူး။
သူတောင်းစားဆိုပြီးလဲ မျက်နှာမလိုက်ဘူး။
ဥပဒေကသာ မျက်နှာလိုက်တာ ရှိချင်ရှိမယ်။
ရှိတယ်လို့ ပြောတာဟုတ်ဘူးနော်..
ရှိချင်ရှိမယ်လို့ ပြောတာ..ဟဲဟဲဟဲဟဲ
Ko out of...
June 28, 2012 at 1:26 pm
ကိုဇောက်ထိုးရေ..
ကျွန်တော်ကြားဖူးတာကတော့ ရိပ်သာတခုက တရားပြဆရာနဲ့ ယောဂီများကိုတရားမဝင်ခင်…သီလပေး၊ တရားထိုင်ပုံ ထိုင်နည်း၊ မှတ်ပုံမှတ်နည်း lecture ပေးတော့….
ယောဂီတစ်ဦးက..ကျွန်မမှာ သွေးတိုးရှိတယ် ဆိုတော့ အစားသောက်တော့ ရှောင်ဖို့လိုမယ်ထင်တယ်
လို့ပြောတော့ ဆရာတော်က ..ဒီရိပ်သာရောက်လာရင် ဘာဘဲလုပ်လုပ်၊
ဘာကိုဘဲစားစား တရားအမှတ်နဲ့သာနေ…ဘာမှ မဖြစ်ဘူး…လို့ပြောတယ်…
ဘာလဲ အကုသိုလ် တသက် မဂ်တခက်၊ အကုသိုလ် အနန္တ ဝိပဿနာ ပြာနဲ့ချဆိုလား ဥပမာပေးတယ်..
ဒါနဲ့ သူလည်းဆရာတော် လမ်းညွှန်သလို ဝိပဿနာ အမှတ်နဲ့ ရှေ့ကဖြစ်ပျက်နောက်ကမဂ် အပျက်နဲ့မဂ် ကိုက်အောင်ရှု့တာ ဝိပဿနာဆိုပြီး မဂ်နဲ့ မြစ်ချည်၊ဆူးပုပ်ရွှက်ရဲ့ ဓါတ်တွေကို သတ်လေသလားတော့ မသိဘူး…
အမှတ်နဲ့စားတယ်ပေါ့… ဆယ်ရက်တရားစခန်း အတွင်း အစားအသောက်လည်းစုံ မြစ်ချည်တွေ၊ ပန်းမုံလာ
ဆူးပုပ်ရွှက်တွေဆိုလား အကုန်လုံးစားတယ်တဲ့…ဆိုးတာ ဆရာဝန်ပေးတဲ့ သွေးတိုးကျဆေး ကို စားဖို့ မလိုတော့ပါဘူးဆိုပြီး မစားဘူးတဲ့ဗျာ…အမှတ်နဲဘဲ ရောဂါကို သတ်မယ်ပေါ့…
ဒီလိုနဲ့ ရိပ်သာ အပြန်တပတ်လောက်ကြာ လည်း အမှတ်ရဲ့ အရှိန်က မသေသေးတော့ ဆရာဝန်ပေးတဲ့
ဆေးကို မစားသေးဘူး…
ဒါနဲ့ တနေ့မှာတော့ ရိပ်သာက သင်ပေးလိုက်သော ထမင်းစားနည်းရဲ့ အဖြေပေါ်လာတော့တယ်..
အဲဒါကတော့ အဲဒီယောဂီ လေဖြတ်သွားတယ်ဗျာ…ကဲ ဘယ်သူက တရားခံလည်းဆိုတာ ကိုယ်ပိုင်ဉာဏ်
ဖြင့်ဆုံးဖြတ်ကြပေတော့…
ဇောက် ထိုး
June 28, 2012 at 8:49 pm
ဟုတ်ကဲ့…ko out of ရေ.. ကိုယ်ပိုင်ညာဏ်နဲ့ဆုံးဖြတ်ကြပေတော့ ဆိုတော့…
ဟုတ်ကဲ့ အားလုံးပဲ ကိုပိုင်ညာဏ်နဲ့ ဆုံးဖြတ်လိုက်ကြပါဗျာ…
ကျွန်တော်ကတော့ ကျွန်တော်ကိုယ်ပိုင်ညာဏ် ဆုံးဖြတ်ပြီးပါပြီ….
ပြောပါဘူး။
မိုက်ကယ်ဂျော်နီအောင်ပု
June 29, 2012 at 9:43 am
( ယောဂီတစ်ဦးက..ကျွန်မမှာ သွေးတိုးရှိတယ် ဆိုတော့ အစားသောက်တော့ ရှောင်ဖို့
လိုမယ်ထင်တယ် လို့ပြောတော့ ဆရာတော်က ..ဒီရိပ်သာရောက်လာရင် ဘာဘဲလုပ်လုပ်၊
ဘာကိုဘဲစားစား တရားအမှတ်နဲ့သာနေ…ဘာမှ မဖြစ်ဘူး…လို့ပြောတယ် )
ဘယ်ရိပ်သာလည်းသိဘူးနော ဒီသဘောမျိုးမြတ်စွာဘုရားတောင် ဟောကြားမည်မထင်တဲ့တွက်
ရိပ်သာဆရာတော်လည်း ပြောမည်မထင်
ကျုပ်အထင်တော့ ရောဂီက ရောဂါတွက် အစာရှောင်ဘို့လျှောက်ရင်
သက်ဆိုင်ရာ ဆရာတော်က ဒီလောက်ကြီးမိုက်မဲမယ်မထင်
ဟင်ဟင်ဟင်
မစ္စတာ တောက်တဲ့
June 28, 2012 at 1:44 pm
ဘုရားရဲ့ ထမင်းစားနည်းဆိုတော့ ..
ကျုပ်ငယ်ငယ်က ကျက်ခဲ့ဖူး၊ မှတ်ခဲ့ဖူးတဲ့
လင်္ကာလေးကို သွားပြီး သတိရမိသဗျာ ..
” ဤသည့်စားဖွယ် အမယ်မယ်ကို
မြူးရယ်မာန်ကြွ လှပရည်ဆင်း
ပြည့်ဖြိုးခြင်းငှာ မသုံးပါဟု
လေးဖြာဓာတ်ဆောင် ဤကိုယ်ကောင်ကို
ရှည်အောင်တည်လျှက် အသက်မျှတမ်း
မမောပမ်းငြား ဘုရားသာသနာ
ကျင့်နှစ်ဖြာကို ကျင့်ပါနိုင်စေ
စိတ်ကရည်လျှက် …………… ”
အဲ့ဒီ လင်္ကာထဲကအတိုင်း ကိုရင်ဘဝတုန်းက လက်တွေ့လုပ်ကြည့်ဖူးတယ် ..
စိတ်က မျောက်စိတ်ဆိုတော့ …
ဆွမ်းစားတာ အခြားကိုရင်တွေ အကုန်ပြီးသွားတာတောင်မှ
တစ်လုတ်စားတိုင်း အဲ့ဒါကို စိတ်ထဲကမှတ်ရင်း ရွတ်ရင်းနဲ့မို့
ကိုယ့်မှာ အမြဲတမ်း နောက်ကျမှ ဆွမ်းဝိုင်းက ထားခဲ့ရသဗျ ..
ကျုပ်ငယ်ငယ်က အကြောင်းလေးကို နည်းနည်း ဖောက်သည်ပြန်ချခြင်း ဖြစ်ပါကြောင်း ……….
ခင်မင် လေးစားစွာဖြင့် …..
မစ္စတာ တောက်တဲ့
ဇောက် ထိုး
June 28, 2012 at 7:42 pm
ကိုတောက်တဲ့ ရွတ်တဲ့ ကဗျာလေးကို စကားအဖြစ်ပြောထားတာပါပဲဗျာ။
အဲဒီကဗျာလေးကို ဒီနေ့လဲ တချို့ကျောင်းက ကိုရင်တွေ ရွတ်နေကြပါသေးတယ်။
ဒါပေမယ့် ရွတ်တာကတော့ ရွတ်တာပေါ့။
တကယ်ကတော့… သာသနာဘောင်ထဲ စဝင်လာတာနဲ့ တပြိုင်နက် စားတတ်အောင် . ဝတ်တတ်အောင်… နေတတ်အောင်… အစဆုံးသင်ပေးတဲ့ လမ်းညွှန်ချက်ပါ။
ဒါပေမယ့် ကိုရင်တွေအတွက်လို့ပဲထင်ကြတယ်။တကယ်တော့ လူတွေလဲ အသုံးပြုဖို့မှာခဲ့ပါတယ်။
lynn lynn
June 28, 2012 at 2:01 pm
ကိုဇောက်ထိုးရေ အဆင်ပြေရင် ဘုရားမှာခဲ့တဲ့ အဝတ်ဝတ်နည်းလေးပါ ရေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဇောက် ထိုး
June 28, 2012 at 8:52 pm
ဟုတ်ကဲ..lynn lynn ရေ…
အကြောင်းညီညွတ်ရင်တော့ မောင်းတင်လွှတ်ပါဦးမယ်ခင်ဗျာ။
kai
June 28, 2012 at 2:22 pm
တကယ်တော့.. လူကကွန်ပျူတာလိုပဲ.. အဝင်အထွက် (IO) ရှိတာပါ..
အဝင်မျှတ.. အထွက်မျှတရင်.. ဒီခန္တာကိုယ်ကောင်.. တာရှည်ခံမယ်ပေါ့..
အဝင်ကအင်မတန်အရေးကြီးပါတယ်..
အဝင်ထဲမှာမှ.. ပါးစပ်က.. အဝင်က အင်မတန့်အင်မတန်အရေးကြီးပါတယ်..
လူတွေမှာဖြစ်တဲ့.. ရောဂါဘယတွေရဲ့. ၅၀%အထက်က.. အဲဒီပါးစပ်ကဝင်လာတာတွေကြောင့်လို့.. စွတ်စွဲပြောလိုပါတယ်..။ သတိမလွတ်ရင်.. အလိုမလိုက်ရင်.. ကျမ်းမာရေးကောင်းသူဖြစ်မှာပါပဲ..။
ကျုပ်အနေနဲ့ကတော့.. ထမင်းဖြစ်ဖြစ်.. ဘာဖြစ်ဖြစ်.. ကိုယ်ကစားခါနီးမှာ.. ကျွေးတဲ့သူ.. စားနိုင်အောင်ဖန်တီးပေးထားတဲ့သူကို.. ဝစီကံမြောက်.. ကျေးဇူးတင်ကြောင်းပြောတဲ့အကျင့်လေးတော့ ဖြစ်စေချင်မိတယ်..
ခရစ်ယန်တွေကတော့.. စားခါနီးဘုရားဆုတောင်းတယ်..
ဂျပန်တွေကတော့.. itadakimasu (いただきます) အိတာဒခိမတ်စု တဲ့..။
မြန်မာတွေက.. အိမ်ထောင်ဦးစီး.. ဒါမှမဟုတ်.. စားနိုင်အောင်ဖန်တီးပေးသူကို.. အသိအမှတ်ပြုတဲ့…အလေ့အကျင့်လေးဖြစ်စေချင်မိပါတယ်..
စားဦးဖျားကို.. ဦးချတာဟာ.. မြန်မာ့ဓလေ့ကောင်းလို့ ထင်တာပါပဲ..
ဆိုတော့..
10 Tips To Healthy Eating လေး..ကူးတင်ပေးလို်က်ပါကြောင်း…
Experts agree the key to healthy eating is the time-tested advice of balance, variety and moderation. In short, that means eating a wide variety of foods without getting too many calories or too much of any one nutrient. These 10 tips can help you follow that advice while still enjoying the foods you eat.
See Reference Guide for: Vitamins Minerals Amino Acids Herbs Special Nutrients Anti-Oxidants
Dietary Fibers Nutritional Greens Digestive Nutrients also see Nutritional Glossary INDEX
Eat a variety of nutrient-rich foods. You need more than 40 different nutrients for good health, and no single food supplies them all. Your daily food selection should include bread and other whole-grain products; fruits; vegetables; dairy products; and meat, poultry, fish and other protein foods. How much you should eat depends on your calorie needs. Use the Food Guide Pyramid and the Nutrition Facts panel on food labels as handy references.
Enjoy plenty of whole grains, fruits and vegetables. Surveys show most Americans don’t eat enough of these foods. Do you eat 6-11 servings from the bread, rice, cereal and pasta group, 3 of which should be whole grains? Do you eat 2-4 servings of fruit and 3-5 servings of vegetables? If you don’t enjoy some of these at first, give them another chance. Look through cookbooks for tasty ways to prepare unfamiliar foods.
Maintain a healthy weight. The weight that’s right for you depends on many factors including your sex, height, age and heredity. Excess body fat increases your chances for high blood pressure, heart disease, stroke, diabetes, some types of cancer and other illnesses. But being too thin can increase your risk for osteoporosis, menstrual irregularities and other health problems. If you’re constantly losing and regaining weight, a registered dietitian can help you develop sensible eating habits for successful weight management. Regular exercise is also important to maintaining a healthy weight.
Eat moderate portions. If you keep portion sizes reasonable, it’s easier to eat the foods you want and stay healthy. Did you know the recommended serving of cooked meat is 3 ounces, similar in size to a deck of playing cards? A medium piece of fruit is 1 serving and a cup of pasta equals 2 servings. A pint of ice cream contains 4 servings. Refer to the Food Guide Pyramid for information on recommended serving sizes.
Eat regular meals. Skipping meals can lead to out-of-control hunger, often resulting in overeating. When you’re very hungry, it’s also tempting to forget about good nutrition. Snacking between meals can help curb hunger, but don’t eat so much that your snack becomes an entire meal.
Reduce, don’t eliminate certain foods. Most people eat for pleasure as well as nutrition. If your favorite foods are high in fat, salt or sugar, the key is moderating how much of these foods you eat and how often you eat them.
Identify major sources of these ingredients in your diet and make changes, if necessary. Adults who eat high-fat meats or whole-milk dairy products at every meal are probably eating too much fat. Use the Nutrition Facts panel on the food label to help balance your choices.
Choosing skim or low-fat dairy products and lean cuts of meat such as flank steak and beef round can reduce fat intake significantly.
If you love fried chicken, however, you don’t have to give it up. Just eat it less often. When dining out, share it with a friend, ask for a take-home bag or a smaller portion.
Balance your food choices over time. Not every food has to be “perfect.” When eating a food high in fat, salt or sugar, select other foods that are low in these ingredients. If you miss out on any food group one day, make up for it the next. Your food choices over several days should fit together into a healthy pattern.
Know your diet pitfalls. To improve your eating habits, you first have to know what’s wrong with them. Write down everything you eat for three days. Then check your list according to the rest of these tips. Do you add a lot of butter, creamy sauces or salad dressings? Rather than eliminating these foods, just cut back your portions. Are you getting enough fruits and vegetables? If not, you may be missing out on vital nutrients.
Make changes gradually. Just as there are no “superfoods” or easy answers to a healthy diet, don’t expect to totally revamp your eating habits overnight. Changing too much, too fast can get in the way of success. Begin to remedy excesses or deficiencies with modest changes that can add up to positive, lifelong eating habits. For instance, if you don’t like the taste of skim milk, try low-fat. Eventually you may find you like skim, too.
Remember, foods are not good or bad. Select foods based on your total eating patterns, not whether any individual food is “good” or “bad.” Don’t feel guilty if you love foods such as apple pie, potato chips, candy bars or ice cream. Eat them in moderation, and choose other foods to provide the balance and variety that are vital to good health.
http://www.realtime.net/anr/10eattip.html
မိုက်ကယ်ဂျော်နီအောင်ပု
June 28, 2012 at 2:30 pm
( ထမင်းဖြစ်ဖြစ်.. ဘာဖြစ်ဖြစ်..
ကိုယ်ကစားခါနီးမှာ.. ကျွေးတဲ့သူ.. စားနိုင်အောင်ဖန်တီးပေးထားတဲ့သူကို..
ဝစီကံမြောက်.. ကျေးဇူးတင်ကြောင်းပြောတဲ့အကျင့်လေးတော့ ဖြစ်စေချင်မိတယ်.. )
မိုက်တယ်ဗျာ
ရေလယ် လေးစားသွားဘီ
ဒီထက်ပိုပြီးတောင်လေးစားခြင်တယ် သဂျီးဖြစ်နေလို့
ကွိကွိ
Azzurri
June 28, 2012 at 2:36 pm
..ကျုပ်တို့လည်း ပြောပါတယ်ဗျ ..စားခါနီးတိုင်း…
ဒီလို…
အိကျိ-နိ-စန်းးးးးးးးးးး
ဇောက် ထိုး
June 28, 2012 at 8:58 pm
ဟုတ်ကဲ့…ဒီတခါ ဦးခိုင်ပြောတာတွေ အားလုံးသဘောကျပါတယ်ခင်ဗျာ။
ကျွန်တော်တင်ပြတာကလဲ.. ထမင်းစားတဲ့အခါ ထားရမယ့် စိတ်…အသိညာဏ်နဲ့ဆင်ခြင်စားဖို့ ကိစ္စပါ ဦးခိုင်ရေ..
စာသင့်လို့စားတာမျိုးဖြစ်ဖို့နဲ့ စားချင်လို့ စာတာမျိုးမဖြစ်ဖို့ပါ။ ဒီစကားလုံးတော့ ငြင်းချင်ရင် ငြင်းလို့ရမှာပါ။ ဘာကြောင့်လဲဆိုရင် ကျယ်ပြန့်လို့ပါပဲ။
အဲ…. ကျွေးတဲ့သူကို ကျေးဇူးတင်ပါတယ်လို့ ပြောတာမျိုး… မပြောဖြစ်တောင်.. ကျေးဇူးတင်တဲ့ အကြည့်နဲ့ကြည့်တာမျိုး….. အသိအမှတ်ပြုတာမျိုးလုပ်သင့်တာပေါ့ ဦးခိုင်ရယ်။
ဒါတွေက ကိုယ်အမူအရာနဲ့ နှုတ်အမူအရာတွေပေါ့နော်…
မမ အညာသူ
June 28, 2012 at 2:29 pm
အန်ကယ်ဇောက်ရေတကယ်ကိုအကြိုးရှိစေတဲ့စာလေးပါ
ခုလိုစာလေတွေတင်ပေးတဲ့အတွက်လဲကျေးဇူးအများကြီးတင်ပါတယ်
ညာတော့အန်ကယ်ဇောက်ရဲ့ကျေးဇူးကြောင့်ထမင်းစားတက်သွားပြီလေ
လေးစားလျက်ပါနော်
ဇောက် ထိုး
June 28, 2012 at 9:04 pm
ဟဲ့ …အညာသူ.. သိပြီး မကျင့်ရင်…
မသိတဲ့လူနဲ့ မကွာဘူးလို့ ပြောသံကြားဖူးတယ်။
အလုပ်ဆိုတာ… အဖြစ်နဲ့သက်သေပြရတာ။
မဟော်သဓာ ဇာတ်မှာ မှတ်တယ်။
ထမင်းစားတာကိုကြည့်ပြီး တရားစီးရင်ဖူးတယ်။
မယားလုတာလေ။
mamanoyar
June 28, 2012 at 2:40 pm
ဦးဦးဇောက်ရေ
အခုလိုစာတွေအတွက်
အရမ်းကိုကျေးဇူးတင်ပါတယ်
ဇောက် ထိုး
June 28, 2012 at 9:06 pm
mamanoyar..ရေ…
ခုလို အားပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်နော်…
Shwe Ei
June 28, 2012 at 4:43 pm
“ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ကိုယ့်ဘာသာအတွက် သွေးချွေးနဲ့ကိုရင်းပြီး ထောက်ပံ့ခဲ့ကြတယ်။ အသက်ပေးပြီး ကိုးကွယ်ခဲ့ကြတယ်။ ဒါပေမယ့် ဘာသာတရားဆီက သူတို့ရတဲ့အသိက သိပ်နည်းပြီး အသုံးတဲ့တာတွေ နည်းနေသလိုပဲ။” အဲဒါဘာကြောင့်လဲ သိချင်ပါတယ် ဦးဇောက်ရေ၊ ဘာသာရေးအသိနည်းသော်လဲ လေ့လာချင်စိတ်ရှိသူများအတွက် နည်းလမ်းရှိရင်မျှပါ။
ဇောက် ထိုး
June 28, 2012 at 9:16 pm
shwe Ei ရေ… မင်းရဲ့အမေးက ဖြေဖို့မဝံ့မရဲဖြစ်ရပါတယ်။
ကို်ယ့်ဖာသာကို စဉ်းစားကြည့်တာက ပိုကောင်းမယ်ထင်တာပဲ။
ဦးဇောက်က လမ်းစဖော်ပေးသလောက်သာ ပြောတာပါ။
ခုလို စဉ်းစားမိလိုက်တာကို ဦးဇောက်ရေးရကျိုးနပ်တယ်လို့ ခံစားမိပါတယ်။
ဦးဇောက်ကတော့ ဘုရားရဲ့ သွားလာပုံ…လှုပ်ရှားပုံ… လူတွေနဲ့ ပြောဆိုခဲ့ပုံတွေကို ပိုပြီးလေ့လာတယ်။
လက်ရှိဦးဇောက်ဘဝရဲ့ ကိုယ်စိတ်နှစ်ပါးကို ငြိမ်းချမ်းမှု မပေးတဲ့ အသိမျိုး… ဦးဇောက်ဘဝ ရပ်တည်လို့ မရနိုင်တဲ့ အသိမျိုး..တွေဆိုရင် ဦးဇောက်က လွင့်မပစ်ပေမယ့် လက်တော့လဲ ခံမထားပါဘူး။
ဦးဇောက်သိသလောက်ကတော့… လူတွေက သာ့သနာ့ဝန်ထမ်းတွေကို သာသနာ့တာဝန်တွေ ထမ်းနိုင်ဖို့အတွက် စားဝတ်နေရေးတွေ ထောက်ပံ့ရမယ်။
(နောင်ဘဝ ကိုယ်ကောင်းစားဖို့ ထောက်ပံ့တာမျိုး မဟုတ်ဘူး။)
နောက် အဲဒီသာသနာ့ဝန်ထမ်းတွေဆီက အသိတွေပြန်ယူရမယ်။ အဲဒီအသိတွေက လက်ရှိဘဝ ရဲ့ လမ်းညွှန်မှုတွေဖြစ်ရမယ်။ ဒါပါပဲ ဗျာ။
ဦးဦးပါလေရာ
June 28, 2012 at 6:15 pm
ကောင်းပါတယ် ကိုဇောက်ထိုးရေ-
ဗုဒ္ဓအလိုတော်ကျ အဝတ်ဝတ်နည်း၊ နေထိုင်နည်း၊ ဆေးသောက်နည်း လေးတွေလဲ လုပ်ပါဦး..။
သားဦး၊မြေးဦး
June 28, 2012 at 7:20 pm
ကိုဇောက်ထိုးရေ အမှတ်တရကို ကူးယူမှတ်သားသွားတယ်နော်။
အပြန်အလှန်လေးစားသမှုလေး vice versa ရှိရမှာပေါ့နော့။
““ကိုယ့်ဘာသာ ကိုယ့်သာသနာကို တန်ဖိုးထား လေးစားတယ်ဆိုတာ.. တကယ်တော့
ကိုယ့်ဘာသာအကြောင်း သိအောင်လဲလေ့လာရတယ်။ ဘာမှမသိပဲ တန်ဖိုးထားတယ်ဆိုတာ
မကောင်းဘူး။ မသိပဲနဲ့ တန်ဖိုးထားရင် အဆင်မသင့်ရင် အန္တရာယ်တောင်ဖြစ်နိုင်တယ်လို့။””
ဇောက် ထိုး
June 28, 2012 at 9:26 pm
ဟုတ်ကဲ့… အချစ်ဦးနဲ့ အနှစ်ဦးရေ…ခုလို အသိအမှတ်လေးပြုတာကို အထူးဝမ်းသာမိပါတယ်ဗျာ။ ပီတိတွေ စားပြီး အားတွေဖြစ်ခဲ့ပါတယ်ခင်ဗျာ။
ဇောက် ထိုး
June 28, 2012 at 9:37 pm
ဦးပေးကြီး နောက်ကျလိုက်တာဗျာ… ဘယ်လက်ဖက်ရည်ဆိုင်မှာလဲ ဟင်…ဟဲဟဲ..
ဘာကိစ္စ ငရဲကကြီးရမှာလဲ ဦးပေရဲ့။ ကျွန်တော်နာမည်ကိုက ကိုကိုဇောက် ပါဆိုမှ ကိုကိုဇောက်ပေါ့။
ကိုကိုဇောက်ကို ဖလားထူးတာမှ ငရဲကြီးဦးမယ်။ တခါတလေ လောကကြီးက ပြောင်းပြန်ကြီးဗျ။ ဦးပေရ။
ဦးပေအံ့ဩမလားမသိဘူး။ ပြောကြည့်မယ်။
ဒီနေ့လူတွေက ဘုန်းကြီးကျောင်းတွေထဲ ဖိနပ်မစီးကောင်းဘူးဆိုပြီး မစီးကြဘူးနော်။
တကယ်တော့ စာပေမှာ ဘုန်းကြီးကျောင်းထဲ လူတွေ ဖိနပ်မစီးရလို့ မမှာခဲ့ဘူးဗျ။ တကယ်မှာခဲ့တာက ရပ်ကွက်တွေ ရွာတွေထဲမှာ ဘုန်းကြီးတွေ ဖိနပ်မစီးရတာ… မယုံရင် ဆရာတော်တွေ လျှောက်ကြည့်။
ဒါပေမယ့် ကိုယ်ကိုးကွယ်တဲ့ ကိုယ်အမြတ်ထားတဲ့နေရာမို့ လေးစားသမှုနဲ့ မစီးတာ ကောင်းပါတယ်။ စီးမိလို့ ငရဲကြီးမှာထင်ရင်တော့လဲ မကောင်းဘူးနော်…
ဦးပေကြိုက်တာလုပ်….ဦးပေကို ထိရင် သေဒဏ်
ဇောက် ထိုး
June 28, 2012 at 7:32 pm
ဟဲဟဲ ဦးဦးပါက ကြိုသိနေပြီပေါ့ ။ ဟုတ်လား။ ဦးပါရယ် ကျွန်တော်တို့ ကလေးတုန်းက အဲဒါတွေင်ခဲ့ရတယ်။ ဒါပေမယ့် အသုံးချရမယ့်ဟာလို့ မသိခဲ့ဘူး။
ခုလဲ ကိုရင်တွေ(တချို့)စားခါနီးရွတ်ဖတ်ကြတယ်.. ဒါပေမယ့် ရွတ်တာပဲရှိတယ်။
လူ့အသုံးချစရာလို့ မမြင်ကြဘူး။ ကျွန်တော်စိတ်တကယ်မကောင်းတာ။
နောက်ဘာမှ မသိပဲ.. စားခါနီးရင် တောင်ရွတ် မြောက်ရွတ်တွေ စိတ်ကုန်မိတယ်။
တပည့်မကောင်း ဆရာခေါင်းဆိုတော့……
အလင်းဆက်
June 28, 2012 at 7:41 pm
ဦးခိုင် ကို ပေးတဲ ့စာ..က…
ပေါ်တင် ကြီး.ဖြစ်နေလို ့.. ကျွန်တော်လည်း..ဖတ်လိုက်မိပါတယ်။
မှတ်သားဖွယ်ရာ… အကြောင်းအရာများမို ့….ကူးယူသွားပါတယ်..လို ့.. ။
ကျေးဇူးတင် ခင်မင်လေးစားစွာ…..
ဇောက် ထိုး
June 28, 2012 at 9:47 pm
အလင်းဆက်ရေ…ကျွန်တော်လဲ ခေါင်းစဉ်ပေးတာတော့ ခပ်ညံ့ညံ့လားမသိဘူး။
ဒါပေမယ့် လူတွေလန့်အောင်တော့ လုပ်မှ ဝင်ဖတ်မှာဆိုပြီး ထော်လော်ကန့်လန့်တွေ ပေးတတ်တယ်။ ကူးယူသွားတယ်ဆိုတော့..
ဖယောင်းတိုင်မီး ကူးသွားသလို အလင်းရောင်ပိုရတာပေါ့ဗျာ။
နွေဦး
June 28, 2012 at 8:34 pm
ကောင်းလိုက်ပါပေ့ ဦးဇောက်ထိုးရေ…
ပြောပြချင်တာလေးကို လိုချင်တဲ့ အတိုင်းအတာထိ ရောက်အောင်ပြောပြသွားနိုင်ပါတယ်။
အဲလို ဖြည်းဖြည်းလေး ရောက်အောင်ခေါ်ပါဗျာ..။
အခြေခံလေးကြေမှ အတန်းတင်ပေးပါဗျာ…။
ရုတ်ချည်း ငါ သူတပါး …လုပ်လိုက်တော့ ဟတ်ကော့ကြီး ကျန်ခဲ့ရတယ်..ဟဲဟဲ.။
မောင်ပေ
June 28, 2012 at 9:09 pm
အူးဘဇင်း
အဲလေ ၊ အဲလို ့ခေါ်တာ အကျင့်ကြီးက ပါနေပြီ
ခေါ်တာက မောင်ပေ
စိတ်ထဲမှာလဲ အဲလိုခေါ်နေတာ မောင်ပေ
တစ်ကယ်လို ့အပြင်မှာ တစ်ကယ် ဘုန်းကြီး ဖြစ်နေမယ်ဆိုရင်တော့ ကျုပ်တော့ ငရဲကြီးတော့မယ် ထင်ပါရဲ ့
ဒီပို ့စ်အတွက်နဲ ့ပတ်သက်ပြီး တစ်ကယ်ကို ကျေးဇူးတင်ရှိပါတယ် ။
ကျုပ်မောင်ပေလဲ ရံဖန်ရံခါ ထမင်းစားတဲ့အခါ ၊ ထမင်းပန်းကန်ကို ကိုင်ပြီး သရဏဂုံသုံးပါး ရွတ်ဆိုခဲ့ဖူးလို ့ပါဘဲ ။
သည်နေ ့ကစပြီး အလုပ်တစ်ခုရပြီ ၊ အူးဘဇင်းရဲ ့ပို ့စ်တွေကို ကူးပြီး ၊ အူးဘဇင်း နာမည်ပါထည့်ပြီး ၊ အသိတွေ ကို မေးလ်နဲ ့ပို ့မယ်နော ။ ခွင့်ပြုမယ် မို ့လားဟင်
ဖြေပေးပါဗျို ့
ဇောက် ထိုး
June 28, 2012 at 9:56 pm
ဦးပေရေ …တနေကုန် အင်တာနက်က အဆင်မပြေတော့ ခုမှပေးရတာ။ ဦးပေအတွက် ပြန်စာက အထက်နားရောက်သွားတယ်။ သွားဖတ်လိုက်ပါနော်။
ဟုတ်ကဲ့ နွေဦး.. တကယ်တော့ ဒီနေ့အစားစားတဲ့အခါမှာလဲ အတိုချုပ်ရင်.. စားချင်လို့ စားတာမျိုးမဖြစ်စေနဲ့… စားချင်တာက ငါ..မဟုတ်ဘူး။ လောဘ ကိလေသာ။ စားသင့်လို့စာ တာမျိုးဖြစ်ပါစေ… စားသင့်လို့စားတာက လူကလေ။
ခုလိုပြောတာလဲ ကျေးဇူးတင်ပါတယ်။
ဘုရားတရားက ဘယ်ရှုဒေါင့်ကကြည့်ကြည့် ခုတမျိုး တော်ကြာတမျိုး ဟုတ်ပါဘူး။ အားလုံးဆုံမှတ်ဆိုတာရှိပါတယ်။
ကိုနေဝန်းနီရေ…ကျွန်တော်တို့သာသနာ ဘယ်လောက်စိတ်ပျက်စရာကောင်းလဲဆိုရင်..
အလှူတွေမှာ ဖိတ်တာက ပရိတ်တရား အတူနာဖို့ဗျ။ လူတွေက ထမင်းစားလာတာဗျ။ အဲဒါ သာသနာကွယ်ခြင်းရဲ့ နံပါတ်တစ်အချက်ဗျ။ ကြုံရင် သာသနာကွယ်ခြင်းနဲ့ ကွယ်နေပုံ တင်ပြမယ်နော်။
ကျန်နေခဲ့သူရှိရင် မျက်စိတွေဝါးနေလို့ခွတ်လွတ်ကြပါဗျာ။
နေဝန်းနီ
June 28, 2012 at 9:38 pm
ကိုဇောကိထိုးရေ…… အလှူ မှာ စားကြတဲ့ အခါ….။ ထမင်းစားရင်းနဲ့ ထမင်းအပို ပန်းကန်ထဲက ထမင်းကို ညာလက်နဲ့ပဲ နှိုက်တာတွေ့ဖူးတယ်…။ ကျန်ခဲ့ တဲ့ ထမင်းမှာ သူ့လက်က ဟင်းတွေ ပေလို့…။ ဟင်းကို ခပ်တော့လည်း ညာလက်နဲ့ပဲ….။ ဟင်းခွက်က ဇွန်းမှာ သူ့ ထမင်းလုံးတွေ ကပ်လို့….။ ထမင်းစားတဲ့ အခါမှာ ဟင်းရည်က တစ်ရှူးရှူး မြည်အောင်မသောက်ရဘူးတဲ့ဗျ….။ လက်နဲ့စားရင် ညာဘက်လက်နဲ့ ဟင်းခွက်က ဇွန်းကိုမကိုင်ရဘူးတဲ့ ဗျ….။ နှစ်တန်းကျောင်းသားလေးက ပြောတာ …။ မှတ်မိသေးရဲ့…။ ကျုပ်တော့ဖြင့်ဗျာ….။ နှစ်တန်းမအောင်တဲ့ သူတွေ များများ လာသလားမသိပါဘူး….။
Pitbull
June 29, 2012 at 7:41 am
ဒီမှာ အူးဇင်း ဇောက်ထိုးရှင့် (သူများခေါ်လို့ လိုက်ခေါ်တာ)
စစ်အတွင်းမှာ အူးဇင်းပြောတဲ့ ထမင်းစားနည်းနဲ့ အဆင်မပြေပါ မယုံရင် ရခိုင်ဘက်နဲ့ ကချင်ဘက် သွားပီးအဲလိုစားပါ ….
အဲလိုမှ မကျေနပ်ရင် စစ်တပ်ထဲဝင်ပီး စားချက်တို့ ချက်စားတို့ လုပ်ကြည့်ပါ……………………………………………
ပျံလွန်တော်မူသွားတဲ့ မင်းကွန်းဆရာတော်ကြီးတို့ မိုးကုတ်ဆရာတော်ကြီးတို့ အခုလက်ရှိ ဆရာတော်ကြီးတွေ ကျမဆိုလိုတာ
မဟနတွေ ဘာတွေ ညာတွေ သိပ်မပြောချင်ဘူး…. အူးဇင်းလောက် သိပ်မပြောဘူးထင်တာပဲ အဓိကက ကျမပြောချင်တာက
ဗုဒ္ဓပြောတာကို လုပ်ဖို့ထက် ကိုယ့်ဘာသာ ဆင်ခြင်တွေးတော ကြံစဉ်နိူင်ခြင်း ကျင့်ကြံခြင်းအား ဗုဒ္ဓရဲ့ တရားတော်ကို မှန်ကန်
စွာချဉ်းကပ်နိူင်ခြင်းလို့ ယူဆတယ်။ ဗုဒ္ဓရဲ့ တရားတော်ဟာ ကျင့်ကြံလိုက်နာသူ ၁၀ဝရှိရင် ၁၀ဝကွဲလွဲမှုရှိကို ရှိရမယ် ခရီးလမ်း
ပန်းတိုင်တူပေမဲ့ သွားတဲ့ပုံစံခြင်း ကွဲကိုကွဲလွဲရမယ် ဒီနေ့လူတွေ ထေရဝါဒဆိုတာ အမည်ခံပီး လူတွေ တပ်မတော်နေ့ စစ်ရေးပြ
လို အွန်ပရိတ်နဲ့ သွားနေကြတယ်။ကျမကတော့ ရှင်းတယ် ဗုဒ္ဓရဲ့ထမင်းစားနည်း(ရှင့် ခေါင်းစဉ်) ကျမကတော့ ဗုဒ္ဓလဲ ဆွမ်းကို လက်နဲ့ဘဲ စားတယ်လို့ မြင်လိုက်တယ်။ နောက်တချက်က အဲဒီနည်းက
ဗုဒ္ဓဆွမ်း ဘုန်းပေးပီးမှ ဟောတာလား?
မဘုန်းပေးခင် ဟောတာလား ?
ဘုန်းပေးရင်း တန်းလန်း ဟောတာလား?
ကျမကတော့ ရှင်းတယ် ထမင်းကို လက်နဲ့စားတယ်… ခေတ်အခြေအနေအရ ဇွန်းနဲ့စားတယ် တူနဲ့စားတယ် အဆင်မပြေရင် ပါးစပ်နဲ့ ဒါရိုက်ကုန်းဟပ်တယ် အဲဒါပါဘဲ…
နောက်တခု သိချင်တာ ရှိသေးတယ် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ဆွမ်းဘုန်းပေးပီးရင် လက်ဆေးစရာလိုလား
တန်ခိုးတော် အာနုဘော်တို့ကြောင့် အလိုလိုပြောင်သလား ဒါမှမဟုတ် ဘယ်လိုစားပီး ဘယ်လိုပြောင်စင်စေသလဲ…………
နောက်တချက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ဝခန့်က အိမ်သာအကြောင်း သိချင်တယ် ရှင်ဖတ်ဖူးတဲ့ ကျမ်းတွေထဲမှာပါရင် ပြောပြပါ
မြတ်စွာဘုရားရှင်ဟာ ဝမ်းတော်လာပီး ပရိနိဗ္ဗာန်စံတယ်လို့ ကြားဖူးဖတ်ဖူးတယ် တန်ခိုးတော်ကြောင့် အီးကမွှေးတော်မူတယ်လို့
ကျမတော့ မထင်ဘူး… ဆိုတော့ ခုခေတ်ကျမတို့တွေမှာ အဓိကရင်ဆိုင်နေရတာက Reasonable and Prove ဘဲ၊ ဒါပေမဲ့ အနောက်က ငတိတွေနဲ့ ယှဉ်ပီးအကြောင်းအရာပိုင်းတွေ ပြောတဲ့အခါ ကနေ့ပြောနေတာတွေက proud historical တွေဖြစ်နေတယ်…. ဆိုတော့ ကျမတို့တွေ မပြောနိူင်ကြတာ မပြောရဲကြတာထက် အတိအကျအသေချာတဲ့ လမ်းစဉ်တခုကနေ ချပြဖို့ အလွန်ခက်တယ်.
နောက်တချက် လေးသချေင်္နဲ့ ကမာ္ဘတသိန်း ပါရမီဖြည့်ခဲ့တဲ့ ဘုရားက ဒုက္ခရစရိယာ ၆နှစ်ကျင့်ခဲ့တယ် ဘာလိုကျင့်စဉ်မျိုးလဲ နောက်
သဗ္ဗညုတ ဉာဏ်တော်ကို ရခဲ့တယ် ဘယ်လိုတရားတော်မျိုးလဲ အဲတော့ စိတ်သာရှင်စော ဘုရားဟောလို့ သီချင်းတပုဒ်ထဲမှာ ကြားဖူးတယ်…..
ဆိုတော့……
ဆိုတော့……
ဆိုတော့…..
ဆက်ရေးရင် တခြားတခြားတွေ အတွက် ပြောစရာဖြစ်မှာစိုးလို့ တော်ပါဘီ…..
နောက်တချက်က ရှင်ကိုယ်တိုင် စာကြီး ပေကြီး ကျမ်းဂန်ကြီးတွေ ဖတ်ပီးပြောနေသူ ဖြစ်ရဲ့ အခုပေးထားတဲ့ ခေါင်းစဉ်မှာ “ဗုဒ္ဓရဲ့ ထမင်းစားနည်း ဆိုတာလေး” ပြင်ပေးစေချင်ကြောင်း………..
ဒီနေ့ ပို့စ်၈ခုကို မတူတဲ့ အမြင် ပုံစံနဲ့ ဝင်ရေးရတာ အရမ်းပင်ပန်းတယ်
တခါတလေ ကျမ ဘာကိုမှန်းမသိ နှမြောမိလေခြင်း………………….
ဇောက် ထိုး
June 29, 2012 at 12:15 pm
pitbull..ရေ…ကျွန်တော် ခင်ဗျားပြောတာတွေကို ဘာပြောမှန်း..ဘာကိုပြောချင်မှန်း နားမလည်ပါဘူးခင်ဗျာ။
အဲဒီနည်းကို ဘုရားက ဆွမ်းစားရင်းဟောတာလား.. စားပြီးဟောတာလား.. ကျွန်တော် မသိသေးပါဘူး ခင်ဗျား။ ကျွန်တော်ကို ကလေးဘဝသင်္ကန်းဝတ်ရင် မဝတ်ခင် အရင်းဆုံးသင်ရတဲ့စာလေးပါ။ ဒီနေ့လဲ ဗုဒ္ဓဘာသာတွေ သင်္ကန်းဝတ်ရင် သင်ရတုန်းပါ။
ဟုတ်ကဲ့.. ဘုရား လက်နဲ့စားသလား… ဇွန်းနဲ့စားသလား… ကျွန်တော် သေချာမသိပါဘူးခင်ဗျာ။ မင်းကွန်းရဲ့ ဗုဒ္ဓဝင်မှာမှတ်ပါတယ်။ လေးဆယ့်ကိုးလုပ် ဘုန်းပေးတယ်လို့တော့ တွေ့ဖူးပါတယ်။ ဆွမ်းတလုပ်လုပ်ကို ထန်းသီးလုံးလောက်လို့ မမှတ်နဲ့။ ထန်းသီးစေ့လောက်ဟု မှတ်လို့လဲ တွေ့ဖူးတယ် မှတ်ပါတယ်ခင်ဗျာ။
စားပြီးလက်ဆေးဖို့လို..မလို..တော့ လိုမယ်လို့ထင်ပါတယ်။
အိမ်သာနဲ့ပတ်သက်လိုလဲ သူ့သားရာဟုလာ အိမ်သာထဲမှာသွားအိပ်နေတာမျိုး… အိမ်သာထဲက ခွက်မှောက်လှန်လို့ ပြဿနာဖြစ်တာမျိုး..လောက်တော့ ကြားဖူးနာဖူးပါတယ်ခင်ဗျာ။ဒါထက် ပိုပြီးမသိပါဘူး။