အဲဒါ ထုံထိုင်းပြီး ကောက်ကျစ်တာ
“သူ ဉာဏ်ကောင်းတယ်၊ တော်တယ်၊ အနေမှန်တယ်၊ ခိုင်းတာအကုန်လုပ်တော့ လူကြီးကြိုက်တယ်။ အားရင် ကျားပဲထိုးတယ်။ တခါတခါရွေ့ဖို့အရေး နာရီဝက်၊ တနာရီလောက် ကြာတယ်” လို့ ဦးချစ်လှိုင်က ပြောပါတယ်။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ ့ဆရာ ဦးချင်လှိုင်က သူ ့တပည့်ရဲ ့တော်ပုံတော်နည်းကို အခုလို ချီးကျူးတော့ ကွန်မြူနစ်ပျက်တွေဟာ သိတ်ပြီး ခေါင်းမရှိပါလို ့ထင်မိတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျားတကွက်ရွှေ ့ဖို ့တောင် နာရီဝက်လောက် အချိန်ယူရတယ်ဆိုတော့ ကျားကွက်အကုန်လုံးရွှေ ့ဖို ့ဆိုရင်တော့ တစ်ရက်လောက်ကြာမလားပဲ။ ဖြတ်ထိုးဉာဏ်က နှေး၊ ထုံထိုင်းနေတဲ့လူမဟုတ်ဘူးဆိုရင် နာရီဝက်တောင် ကြာစရာလိုလို ့လား။ မလိုပါဘူး။ ဒါ့ကြောင့် ဦးချစ်လှိုင်ကို လူမှန်တွေက ဒီလိုပြောခဲ့တာဖြစ်မယ်။
“မင်းတို့ နှစ်ယောက်က ဗိုလ်ချပ်ဈေးက အိမ်သာတွေမှာ ‘မိန်းမသွားရန်’၊ ‘ယောက်ျားသွားရန်’ ဆိုင်းဘုတ်ရေးပေးတဲ့ လူနဲ့ အတူတူပါပဲကွာ” ဟုတည်မြဲ ပြန်ကြားရေး ဝန်ကြီးဟောင်း သခင်ချစ်မောင်ကပြောခဲ့တယ်။
ဦးသန်းရွှေ ရုပ်ကိုသေသေချာချာကြည့်တော့ တော်တဲ့လူညာဏ်ကောင်းကောင်းတဲ့လူရဲ ့ရုပ်ရည်လက္ခဏာမတွေ ့ပဲ ကောက်ကျစ်တဲ့ ရုပ်ကိုသာတွေ ့ပါတယ်။ အသက်ကြီးပြီး အိပ်ယာထဲမှာသေးပေါက်တတ်တဲ့လူတစ်ဦးလို ့ပဲ ထင်တယ်။
သခင်စိုးရဲ ့တပည့်လုပ်ဘူးတဲ့ ကွန်မြူနစ်ဟောင်း ဦးချစ်လှိုင်ဟာ ဗိုလ်ချုပ်ကြီးသန်းရွှေရဲ ့ဆရာဖြစ်ခဲ့ဘူးပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေး (သို ့) ဆိုက်ဝါးဆိုတဲ့ ကြပ်နည်းပညာကို ကျွမ်းကျင်သူတစ်ဦးပါ။ အထူးကျွမ်းတာမဟုတ်ပါ။ အဲဒိတုန်းက သူဟာ နည်းနည်းလောက်သိတာကို မသိတဲ့လူတွေက ဆရာတင်တယ်လို ့သိရတယ်။ ခေတ်ကာလကိုပြန်ကြည့်တော့ ကျပ်မပြည့်တဲ့ လူတွေဆရာလုပ်တဲ့ခေတ်ဖြစ်နေတယ်။
ဒီလိုဆရာတစ်ယောက်က သူ ့တပည့်ကြီး ဗိုလ်ချုပ်ကြီးသန်းရွှေတော်လားမတော်လားဆိုတာကို သိချင်ရင် လက်ရှိ တိုင်းပြည်ရဲ ့အနေအထားသာကြည့်ပါတော့လို ့ပဲ ပြောချင်ပါတယ်။
နိုင်ငံရေးလောကမှာ ကြောက်စရာကောင်းတဲ့ အရာတစ်ခုရှိတယ်။ ဒါကတော့ မိမိတပည့်ကို အားအားယားယား မျှောက်ပင့်ခြင်းပဲဖြစ်ပါတယ်။ ကိုယ်နဲ ့အဆင်ပြေနေတဲ့အချိန်ဆိုရင် အရမ်းကို ချီးမွမ်းခန်းဖွင့်ကြပြီး ကိုယ်နဲ ့အဆင်မပြေတဲ့နေ ့များရောက်တဲ့အခါမှာတော့ ငယ်ကျိုးငယ်နာကစပြီး ဖော်ကြတော့တာပဲ။ ဒီအထဲမှာ ကွန်မြူနစ်က ပိုဆိုးတယ်။ နောက်ပြီး သူတို ့က အရက်မသောက်ဆေးလိပ်မသောက်နေတတ်ပြီး လူကောင်းဟန်ဆောင်လေ့ရှိတယ်။ သူတို ့ကိုယ်သူတို ့တော့ တော်တယ်လို ့ထင်တယ်။ မိန်းမနဲ ့ပက်သက်ရင် နှာဘူးတော့ အင်မတန်ထတဲ့ ကွန်မြူနစ်တွေ။
အထက်ကပြောတဲ့ ချီးမွမ်းတဲ့ အဖြစ်အပျက်ကို လေ့လာကြည့် တော့ တချိန်က ကွန်မြူနစ်ပါတီခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ သခင်သန်းထွန်းနဲ ့သခင်စိုးရဲ ့အဖြစ်ကစလို ့ယနေ ့ကာလ အန်အယ်ဒီနဲ ့အန်ဒီအက်ဖ်တို ့ရဲ ့အဖြစ်အပျက်က သက်သေပြနေတယ်။
ဘာ့ကြောင့်အဲဒိလို ဖြစ်လဲဆိုတော့ မနာလိုစိတ်များလို ့ပါ။ မြန်မာလူမျိူးတွေရဲ ့စိတ်ဓာတ်က မနာလိုစိတ်အင်မတန်များပါတယ်။ သူများက ကိုယ့်ထက်သာသွားပြီဆိုရင် မနာလိုတက်သလို၊ ကိုယ့်အကျိူးစီးပွားဆန် ့ကျင်လာပြီဆိုရင် ပိုလို ့တောင် မနာလိုတဲ့ ဓလေ့လို ့ပြောချင်ပါတယ်။
မည်သည့် ခေါင်းဆောင်မဆို ကိုယ့်အကျိုးစီးပွားနဲ ့နေရာကိုသာ ထိခိုက်လာပြီးဆိုရင် ဘယ်တော့မှ ချမ်းသာမပေးပါ။ စစ်ဗိုလ်ချုပ်တွေကတော့ ပိုဆိုးတယ်လို ့ပြောရမှာပဲ။ ဦးသန်းရွှေလောက် မိုက်မဲပြီး အတ္တကြီးတဲ့ ခေါင်းမာသူတစ်ဦးကြောင့် ကိုယ့်ရဲ ့လုပ်ဖော်ကိုင်ဖတ်တွေဖြစ်တဲ့ ဦးခင်ညွန် ့၊ ဦးတင်ဦးနဲ ့အခြားစစ်ဗိုလ်ချုပ်တွေတောင် ဘဝပျက်ခဲ့တာကိုပဲကြည့်ပါ။ ဒါတောင် ကိုယ့်ရဲ ့လုပ်ဖော်ကိုင်ဖက်တွေအဖြစ်နှစ်ပေါင်းများစွာလုပ်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေပဲဖြစ်ပါတယ်။ အခြားလူဆိုရင်တော့ ပြောမနေနဲ ့တော့။
သူ ့ကိုတိုက်တဲ့အတိုက်အခံကို ဘယ်လောက်တောင် လုပ်ခဲ့လဲလို ့သိချင်ရင် ဦးဝင်းတင်ရဲ ့ပါးစပ်သာ ဖြဲကြည့်လို ့ပဲပြောချင်ပါတယ်။ အဘိုးကြီး သွားတွေကျွတ်တဲ့အထိ အကန်ခံရတာကို ဘယ်တော့မှ မမေ့လို ့ထောင်ဝတ်စုံကိုတောင် လွမ်းလွမ်းဆွေးဆွေးဝတ်ထားတုန်းပါ။ ဘာပဲဖြစ်ဖြစ် အဘဦးဝင်းတင်ကိုတော့ သနားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဦးသန်းရွှေကြောင့် သူ ့သွားတွေကျွတ်ပြီး ယနေ ့ဆိုရင် ဆန်ပြုတ်သောက်ရင်တောင် ထောင်းသောက်နေရတဲ့ ဘဝကိုရောက်နေလို ့ပါ။
ဦးသန်းရွှေဟာ သူ ့ဆရာဦးချစ်လှိုင် ကွန်မြူနစ်ပျက်ကြောင့် ကွန်မြူနစ်ကို အင်မတန်မုန်းခဲ့ပါတယ်။ အန်အယ်ဒီက ဦးဝင်းတင်လည်း ကွန်မြူနစ်တစ်ဦးဆိုတော့ ဦးသန်းရွှေဘယ်လောက် မုန်းမလဲဆိုတာကို စဉ်းစားကြည့်ပါ။ ဒါ့ကြောင့် အန်အယ်ဒီကို ၉၀-ခုနှစ်မှာ နိုင်ခဲ့တာတောင် အာဏာလွှဲမပေးခဲ့တာလို ့သုံးသပ်လို ့ရမလားပဲ။
ဦးသန်းရွှေသေဖို ့နီးသလို ဦးဝင်တင်လည်း သေဖို ့နီးပါပြီ။ လူတိုင်းသေရမဲ့အချိန်ရောက်တိုင်း နောင်တတော့ရတတ်ကြပေမဲ့ သူတို ့မှားခဲ့တဲ့အမှားတွေကိုတော့ ဘယ်တော့မှ ဝန်ခံလေ့မရှိဘူး။ အသက်ကြီးတဲ့သူတွေက ပိုလို ့ဆိုးတယ်လို ့ကျနော်ထင်ပါတယ်။ လူငယ်တွေက ပြုပြင်ရလွယ်ပေမဲ့ လူကြီးတွေ မှားရင်တော့ ပြုပြင်ဖို ့အင်မတန်ခက်ပါတယ်။
ဒါ့ကြောင်းမှားမှန်းသိသိကြီးနဲ ့ဦးသန်ရွှေဇွတ်တရွတ်လုပ်ခဲ့တာကို သူ ့ရဲ ့နောက်လိုက်ခေါင်းဆောင်းငယ်တွေက ငါတို ့အဖိုးကြီးက ဉာဏ်ကောင်းတယ်လို ့ပြောရင်တော့ ကလိမထိုးပဲ ရီချင်ပါတယ်။ ကျားတစ်ကွက်ကို ရွှေ ့တာတောင် နာရီဝက်ကြတယ်ဆိုရင် တိုင်းပြည်တိုးတက်ဖို ့အရေးကို ရွှေ ့ဖို ့အတွက်ဆိုရင် ဘယ်လောက်ကြာမလဲဆိုတာကို စဉ်းစားကြည့်ပါတော့လို ့ပဲပြောချင်ပါတယ်။
လက်ရှိစစ်ခေါင်းဆောင်တွေဟာ ဦးသန်းရွှေလောက် ကောက်ကျစ်မှု ့မရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဦးသိန်းစိန်နဲ ့အပေါင်းအပါတွေဟာ ဦးသန်းရွှေနဲ ့သူ ့မိသားစုကို ထောင်သွင်းအကျဉ်းချတာမလုပ်ရဲသလို လက်နဲ ့တောင်မထိခဲ့ပါဘူး။ ဒါကိုကြည်ရင် ဦးသန်းရွှေဆိုတဲ့ ကျပ်မပြည်တဲ့အဖိုးကြီးကို ဦးဌေးဦး၊ ဦးကျော်ဆန်းအပါအဝင် အစိုးရအဖွဲ ့ထဲက လူကြီးတွေအားလုံး ဖိန် ့ဖိန် ့တောင် နာခံနေရတုန်းပဲဖြစ်သလို၊ ဦးသန်းရွှေလောက်တောင် သတိ္တမရှိဘူးလို ့ပဲ သတ်မှတ်ချင်တယ်။
ယနေ ့မှာ အဓိက လိုအပ်နေတဲ့ အရာကတော့ ကွန်မြူနစ်မဟုတ်ပါဘူး။ လစ်ဘရယ်လည်းမဟုတ်ပါဘူး။ စစ်အာဏာရှင်လည်းမဟုတ်ပါဘူး။ လူကြီးတွေအဘိုကြီးတွေအချင်းချင်း မနာလိုတဲ့အခြေအနေလည်း မဟုတ်ပါဘူး။ အဓိကလိုအပ်နေတာက အတွေးအခေါ်သစ်ရှိတဲ့လူတွေ များဖို ့ပဲဖြစ်ပါတယ်။ အဟောင်းတွေက ဟောင်းနေတဲ့အတိုင်း သူ ့နေရာမှာ နေဖို ့လိုတယ်။ အသစ်တွေကို နေရာပေး ထူထောင်ပေးဖို ့လိုတယ်။ ကျနော်တို ့အဟောင်းတွေထဲမှာ သံသရာလည်ခဲ့တာကြာနေပြီ။ ဖြစ်နိုင်ရင် မြန်မာ့နိုင်ငံရေးမှာ လူကြီးတွေနေရာယူကြီးစိုးနေတာကို ဖယ်ပေးပါ။ ကျနော်တို ့လူငယ်တွေအတွေးအခေါ်သစ်နဲ ့နေရာလိုချင်ပါပြီ။
ဘုန်းကျော်
ဩစတျေးလျ
13 comments
hnin phyu
July 2, 2012 at 7:56 pm
ကိုဘုန်းကျော်အတွေးနဲ့အရေးကိုလက်မထောင်သွားပါသည်။
အရီး Khin Latt
July 2, 2012 at 8:41 pm
မနာလိုစိတ် များလို့ ဆိုတဲ့ စကား ကို ပစ်ခတ် ပြီး ကို အားပါးတရ ထောက်ခံ သွားပါတယ်။
မြန်မာပြည် မှာ အုပ်ချုပ် သူ လို့ အများ က တင်မြှောက် တာ မဟုတ် ဘဲ သူတို့ဟာသူတို့ သတ်မှတ် တင်မြှောက်ထားသော၊
အတောင်၂ဝ ဝတ် ဟု သတ်မှတ် ခဲ့သော မင်းယောကျာင်္းကြီး အများစု ဖြစ်သော (ဦးသိန်းစိန် မပါ)
ထိုထို သူ တို့ ၏ မနာလို မှု များ မှာ သူတို့ စည်းစိမ် ပြုတ်သွားမှာ၊ ရာထိုးမှ လျှောကျ မှာ စိုးရိမ် မှု များကြောင့် ဖြစ်၏။
ဒီရက် မှာ လုပ်ဇာတ် များ၊ အပုတ်ချ ဇာတ်များ ကို ပိုပို ၍ မြင်နေရသည်။
အားလုံး သတိ ရှိကြပါ။
ဒီနေ့ ဟာ ၁၉၈၈ ခုနှစ် က မြန်မာပြည် နဲ့ ပြည်သူ များ ရဲ့ ပုံစံ မဟုတ်တော့ တာ နဲ့ ကိုယ့်အသက်အရွယ် များကို နဲနဲ ပြန်ပြီး သတိရ ကြပါ ဘဘကြီး တို့ ရှင့်။ 👿
မောင်ပေ
July 2, 2012 at 9:31 pm
လုပ်ဇါတ်တွေကတော့ တစ်နေ ့တခြား မရိုးရအောင်ပါဘဲ အရီးခင်လတ်ရေ…
အဲဒီလို သိသိသာသာကြီး လုပ်ကြံနေတာတွေ ကို ပါတီဝင်တွေအနေနဲ ့သည်းခံပေးနိုင်ရင် ပိုကောင်းမလားလို ့၊ ပြီးသွားတဲ့အခါကြရင်.. ဘယ်သူကဘာဆိုတာ အဖြေမှန်ကို ပြည်သူတွေ အားလုံး သိကြရမှာပါ။
char too lan
July 2, 2012 at 8:54 pm
အေးပါခလေးမရယ် … အဘတို့ဖယ်ပေးပါ့မယ်
ဟဲဟဲ .. 😀
အရီးလတ်ဒေါကီးတဲ့ပုံကလဲ ချစ်စရာကြီး
ရွာစားကျော်
July 2, 2012 at 9:10 pm
ဆရာ အော်ပီကျယ်ရဲ့ ကာတွန်းလေးတောင် အမှတ်ရသွားတယ်
ဘေးမှာ မုန်တိုင်းတိုက်လို့ လူတွေ၊ ပစ္စည်းတွေ တိရိစာ္ဆန်တွေ လေထဲ လွင့် ဝဲ ပါနေကုန်တာ
တစ်ယောက်ကတော့ ဖင်ထိုင်ခုံလေးကို လက်နဲ့ အတင်းဖိလို့.. အဟိ 😆 ထိမိချက်ကတော့ ပြောမနေနဲ့
မိုက်ကယ်ဂျော်နီအောင်ပု
July 2, 2012 at 11:05 pm
ဟုတ်ပါ့ဗျာ ခင်ဗျားဂျီးရပ်ကွက်လူဂျီးဖြစ်မယ်ဆိုရင်တောင်
ကျုပ်လည်း ဆယ်အိမ်ဂေါင်းလောက်ဖြစ်သင့်ဘာဒယ်
ဖိုးထောင်
July 3, 2012 at 1:12 am
ငါ့ထိုင်ခုံ ငါ့နေရာ ငါ့ပိုက်ဆံ ငါ့မိသားစု ငါ့……….. ငါ့…………….. အော် ငါတွေ ငါတွေ
ကိုရင်မောင်
July 3, 2012 at 2:40 am
လက်မထောင်အားပေးသွားပါတယ်..
ကိုဘုန်းကျော်ရေ……
ရဲစည်
July 3, 2012 at 5:33 am
ကဖုန်းကျော်ကြီးရေ …. အဲလာ ၂ချက်တော့ ကြိုက်သဟေ့
“အသက်ကြီးတဲ့သူတွေက ပိုလို ့ဆိုးတယ်လို ့ကျနော်ထင်ပါတယ်။ လူငယ်တွေက ပြုပြင်ရလွယ်ပေမဲ့ လူကြီးတွေ မှားရင်တော့ ပြုပြင်ဖို ့အင်မတန်ခက်ပါတယ်။”
“ယနေ ့မှာ အဓိက လိုအပ်နေတဲ့ အရာကတော့ ကွန်မြူနစ်မဟုတ်ပါဘူး။ လစ်ဘရယ်လည်းမဟုတ်ပါဘူး။ စစ်အာဏာရှင်လည်းမဟုတ်ပါဘူး။ လူကြီးတွေအဘိုကြီးတွေအချင်းချင်း မနာလိုတဲ့အခြေအနေလည်း မဟုတ်ပါဘူး။ အဓိကလိုအပ်နေတာက အတွေးအခေါ်သစ်ရှိတဲ့လူတွေ များဖို ့ပဲဖြစ်ပါတယ်။ အဟောင်းတွေက ဟောင်းနေတဲ့အတိုင်း သူ ့နေရာမှာ နေဖို ့လိုတယ်။ အသစ်တွေကို နေရာပေး ထူထောင်ပေးဖို ့လိုတယ်”
အမှန်ပါဘဲဗျို့ လူကြီးတွေဟာ သူတို့မှားမှန်း သိနေရင်တောင် ဆက်တိုးဝံ့တတ်ကြပါတယ် နိူင်ငံရေးလောက ပိုတောင်ကြောက်စရာ
ကောင်းပါသေးတယ်။ တချို့များဆို သေတဲ့အထိ အံကြိတ်၊ ဖင်ပိတ်ပီး မချွတ်တမ်း အသေခံသွားကြတာ မျက်မြင်ဘဲဗျို့…………..
အဟောင်းတွေကို ဆက်လက်လိုက်ပါစေချင်ပါတယ် ပြုပြင်မှုတွေနဲ့ အသစ်ပုံစံတွေပါလာမယ် ဆိုရင်ပေါ့ တချို့တွေက အဟောင်း
ကြီးပေမဲ့ ကောင်းနေသေးတာတွေပါလို့ပါ ကျုပ်ထင်တာလေး ပြောတာဗျို့
ဇောက် ထိုး
July 3, 2012 at 6:38 am
မနာလိုစိတ်သည်.. လူ့စိတ်မဟုတ်ပါ။ ကိလေသာစိတ်ဖြစ်သည်။
လူ့စိတ်သည် လူကို ဒုက္ခမပေး။ မဆင်းရဲနိုင်…
ကိလေသာစိတ်သည် လူကိုဆင်းရဲစေသည်။
မနာစိတ်သည် လူ့စိတ်မဟုတ်ကြောင်းသက်သေပြရန်မှာ
လူတိုင်း အချိန်တိုင်း မနာလိုမှုဖြစ်မနေ… မနာလိုစိတ်ကို လူကနေခွာထုတ်လို့လဲ ရသည်။ ထိုကြောင့် မနာလိုစိတ်သည်။ လူ့စိတ်မဟုတ်။ ကိလေသာ။ လူ့စိတ်ရဲ့အညစ်အကြေး။
ပါဠိလိုဆိုရင်တော့ ဣဿာ မစ္ဆရိယ။
ဒါကြောင့် ဘုရားက ကိလေသာစိတ်က လူကိုဆင်းရဲစေတယ်။ ဒါကြောင့် လူကနေ ကိလေသာကိုကင်းအောင်လုပ်ကြဟုဆိုသည်။
ကိလေသာကင်းသောလူသည် လူ့အဆင့်အမြင့်ဆုံးလူ(ရဟန္တာ)ဖြစ်သည်။
etone
July 3, 2012 at 11:13 am
ကိုဘုန်းကျော် … တော် အခုသောက်နေတဲ့ ဆေးက ဘာဆေးလဲ …
မနေ့ကတည်းက ပြောပါတယ်… နည်းနည်း ပြန်မှန်လာတယ်လို့ … ။
ဒီလိုစာမျိုးရေးထွက်လာတဲ့အပေါ် … ဝမ်းသာပါတယ်အေ ။ လက်မထောင် အားပေးသွားပါတယ် …
လိမ္မာစမ်းပါ သားရယ် .. ဟေးဟေး … 😛 😛
မွန်မွန်
July 3, 2012 at 11:48 am
ပြောပါတယ်…သူက တစ်ခါတစ်လေ အဆဲခံချင်လို့ကို သက်သက်ရေးတာ ဖြစ်မှာလို့.. 🙂
ကြားမိလိုက်သလိုပဲ..ဦးသန်းရွှေက ဦးသိန်းစိန်ကို ပါးရိုက်တယ်ဆိုလား… သူများတွေများ ဝန်ကြီးချုပ်ဟောင်းကို တရားစွဲရတာနဲ့..ဘာနဲ့..ငါတို့ နိုင်ငံများ ဒီလောက် ပေါ်တင်ကြီးကို နောက်ကြောင်းပြန်မလှန်ဘူးဆိုတော့.. အခြေခံဥပဒေမှာ ဘာတွေများ ပါနေပါလိမ့်…
“ကျနော်တို ့လူငယ်တွေအတွေးအခေါ်သစ်နဲ ့နေရာလိုချင်ပါပြီ။”
ထောက်ခံပါတယ်ရှင်…
မောင်သုည
July 3, 2012 at 1:11 pm
ကျားတစ်ကွက်ရွှေ့ဖို့ နာရီဝက်ကြာတယ်၊မြန်မာပြည် နိုင်ငံရေးတစ်ကွက်ရွှေ့ဖို့အတွက် (၂၂)နှစ်ကြာတယ်။