“ဆုံစည်းပါရစေ” အပိုင်း(၆)
“သွန်း………..”
“ဘာလဲဟာ…….”
“ဘာလဲလုပ်မနေနဲ ့…….အခွေပေါက်ထွက်တော့မယ်…..နဲနဲလဲနားပါအုံးဟယ်……..”
“အေးပါဟယ် ငါအရမ်းကြိုက်လို ့ပါ……ဒိတစ်ခေါက်ဆိုပြီးပါပြီ……..သဲနုရယ်…..”
“အသံပဲကြားနေရတာ လူကြတော့ မတွေ ့ရသေးဘူး………ဘယ်လိုဖြစ်နေလို ့ သူ ့မျက်နှာကိုမပြရဲတာလဲမသိဘူးနော်….သွန်း….”
“အေးဟ တစ်ခုခုတော့တစ်ခုခုပဲနော်…..”
“အော်…..ရှင်းသွားတာပဲ……”
“ဟီး….ဟီး….”
ထင်ထားတာထက်ကိုပိုပြီးအောင်မြင်သွားတော့ သူအရမ်းပဲ ပျှော်နေသည်လေ။သူအခုလို အောင်မြင်အောင် အစစအရာရာ ကိူညီပေးတဲ ့ သူတွေအားလုံးကိုကျေးဇူးတင်မိတာ အမှန်ပါပဲလေ။ အခုတော့ သူသိပ်ဖြစ်ချင်နေခဲ ့တဲ ့အဆိုတော်တစ်ယောက်ဖြစ်ပြီလေ။ သူ ့အိမ်မက်တွေ သူ ့စိတ်ကူးတွေအကောင်အထည်ပေါ်ခဲ ့ပြီလေ။ ပြီးတော့ သူငယ်ချင်းဖြစ်တဲ ့ ထွန်းဇော်ကိုလဲ သူကျေးဇူးတင်မိသည်။ အရာရာအားလုံးအတွက် စိတ်ဓါတ်မကျအောင် အေးပေးခဲ ့လို ့ပါပဲလေ။
“ကဲ …ဟေ့ကောင် မင်းဖြစ်ချင်တာလဲဖြစ်ပြီ…..အဲ ့ဒီတော့ မင်း ပရိပ်သတ်ရဲ ့ ဖြစ်ချင်တဲ ့ စိတ်ဆန္ဒကိုလဲ ဖြည် ့စည်းဖို ့မမေ ့လိုက်နဲ ့အုံး……..”
“အေးပါ ထွန်းဇော်ရယ်…….ငါ မမေ ့ပါဘူးကွာ………”
“ငါက သတိပေးတာပါ…သက်ပိုင် လာ တစ်ခုခုသွားစာရအောင်ကွာ မင်းကျွေးရမှာနော်……ဖြစ်တယ်မို ့လားဟေ့ကောင်………”
“ဖြစ်ပါတယ်ကွာ……..အကုန်ဖြစ်……”
“ပြီးရော သဲကိုပါ ခေါ်လိုက်မယ်………အဲ ့ဒါမှ မင်းအတွက် ပိုပြီးအဆင်ပြေမှာပေါ့…..ဟုတ်တယ်မလားသက်ပိုင်…….”
“ကောင်းပေါ့ကွာ……သွားမယ်…….”
သူငယ်ချင်နှစ်ယောက်(junction squere)သို ့ ထွက်လာကြလေသည်။ ကားပေါ်ရောက်တော့ ထွန်းဇော်က စပြောလေသည်။
“သက်ပိုင်…..မင်းဘယ်တော့ ပြောမှာလဲ……..”
“ဘာကိုလဲကွာ…..”
“သွန်းဖြူသင်းကိုပြောနေတာ…….ဘယ်တော့ဖွင် ့ပြောမှာလဲလို ့မေးတာ…….”
“အင်း ငါလဲစဉ်းစားနေတာကွ ဘယ်တော့ပြောရင်ကောင်မလဲ လို ့…….”
“ဟေ့ကောင် ပြောစရာရှိ မြန်မြန်ပြော သူများနောက်ပါသွားမှ ငါရှေ ့မှာ လာမငိုနဲ ့……ငါဆွဲထိုးမှာ…..”
“မင်းကလဲ အားပေးမယ်လို ့မရှိဘူး….ဆွဲထိုးမယ် ဆိုတာကြီးပဲ……အခုတွေ ့ရင် ပြောမယ်ကွာ….မင်းငါ် ့ကို စဉ်ပေး ဘယ်လိုလဲထွန်းဇော်………”
“ပြီးရော……မင်ကတိ မင်းတည်ပါစေနော်…….”
“အေးပါ ထွန်းဇော်ရယ်……”
“သက်ပိုင်…..မင်းဖုန်း ငါ ့ကိုခဏလောက်ပေးကွာ……ငါ ့ဖုန်းက အားကုန်နေလို ့ကွ……”
“ယူလေကွာ……..ဘယ်ကိုဆက်မလို ့လဲ……ထွန်းဇော်…..”
“သဲတို ့ဆီ ဖုန်းခေါ်မလို ့လေကွာ……..အဲ ့ဒါမှ မင်းအတွက် အဆင်ပြေမှာပေါ့ကွ……..”
“အဲ ့ဒါဆိုရင် ဖုန်းခေါ်နေစရာ မလိုတော့ဘူး……..ဟိုမှာလာနေပြီ……..”
သူ ့ညွှန်ပြသော နေရာကို ကြည် ့ပြီး ထွန်းဇော်က သူ ့ကိုပြောလေသည်။
“သက်ပိုင်….မင်းတို ့နှစ်ယောက်က ဖူးစာပါလာပြီထင်တယ်…….ချိန်းစရာတောင်မလိုတော့ဘူး……”
“ဒီလောက်လဲမဟုတ်ပါဘူးကွာ တိုက်ဆိုင်တာဖြစ်ပါလိမ် ့မယ်ကွာ……….”
“ကိုထွန်းတို ့က ဘယ်ကိုလာတာလဲ…….”
“ဒီကိုပဲ လာတာပါ……..သဲတို ့ကကော ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ….”
“အင်း ပြောရရင်တော့ အရူးတစ်ယောက်လိုပါပဲ……….အဆိုတော်သက်ပိုင်ရဲ ့ဓါတ်ပုံလာရှာတာ…….ဟီး……ဟီး……”
“သဲရယ်…….ဓါတ်ပုံတွေ ့ခဲ ့လား…….”
“ဟင် ့အင်း…….အစအနတောင်မတွေ ့ပါဘူး……တော်တော်စိတ်ပုတ်တဲ ့ အဆိုတော်…….”
“တော်ပါတော့သဲရယ် ကိုတို ့နဲ ့လိုက်ခဲ ့ပါလား တစ်ခုခုသွားစားမလို ့ အဆင်ပြေတယ်ဆိုရင်ပေါ့………”
“အင်းလေ…..သွားပေါ့ ဘယ်သူက ဒကာခံမှာလဲ……….”
“သက်ပိုင်ပေါ့……..ဟဲဟဲ ဒီကောင်ဒီနေ ့ထီပေါက်တယ်လေ….အဲ ့ဒါကြောင် ့ လိုက်ကျွေးနေတာ……လိုက်မယ်မလား…..”
“လိုက်တော့လိုက်ချင်ပါတယ်……အစ်ကိုထွန်းဇော်ရယ်……ကာယကံရှင်ဖြစ် တဲ ့အစ်ကိုသက်ပုိုင်ကမှမခေါ်တာ သွန်းတို ့က ဘယ်လိုလိုက်ခဲ ့ရမှာလဲ…..မလိုက်ချင်ပါဘူး…..”
“ဟာ…..အဲ ့ဒီလိုတော့မဟုတ်ပါဘူး……..လိုက်ခဲ ့ပါဗျာ……ဖိတ်ခေါ်ပါတယ်….တစ်ကယ်ပါ…….”
“သဲ မှာလေ……ဘာစားမလဲ…….သွန်းကော မှာလေ…..”
“အင်း……..”
“သဲ …..”
“ပြောလေကိုထွန်း……”
“ပြီးရင် ကို ့နောက်ကိုခဏလောက်လိုက်ခဲ ့ပေးပါလား……….”
“အင်း လိုက်ခဲ ့မယ်လေ…….”
“သက်ပိုင်…..မင်း သွန်းနဲ ့ခဏလောက်နေအုံးကွာ…….ငါတို ့အပြင်ခဏလေး သွားလိုက်အုံးမယ်နော်……”
“အေးပါကွာ………”
ထွန်းဇော်နဲ ့သဲနုတို ့ထွက်သွာမှ သူလဲ သိပ်ချစ်ရတဲ ့ ချစ်သူကို ဖွင် ့ပြောဖို ့ အခက်တွေ ့နေပြီလေ။ ယောက်ျားဖြစ်ပြီး သတ္တိတွေက ဘယ်ရောက်ကုန်ပြီလဲမသိဘူး……..စကားလုံးတွေက ပျောက်ဆုံးကုန်ပြီလေ။ ဘယ်လိုလုပ်ရပါလိမ် ့…………..
“ကိုသက်ပိုင်…….ဘာဖြစ်နေတာလဲဟင်…….ရေအိမ်သွားချင်လို ့လား…….”
“အင်း………ဟာ မဟုတ်ပါဘူး…….သွန်းကိုပြောစရာရှိလို ့………”
“အင်းပြောလေ……”
“သွန်း ထမင်းစားပြီးပြီလား……..”
“၂နာရီတောင်ရှိနေပြီဆိုတော့ စားပြီးပြီပေါ့ကိုသက်ပိုင်ရဲ ့……ဘာဖြစ် လို ့လဲ…….”
“ဘာမှမဖြစ်ပါဘူး………ကို သွန်းကိုချစ်တယ်………”
“ရှင်………….ဘယ်လိုပြောလိုက်တာလဲ……….”
“စိတ်မဆိုးပါနဲ ့ သွန်းရယ်……..ကိုတစ်ကယ်ပြောတာပါ သွန်းကိုအရမ်းပဲချစ်နေမိပြီ…….ကို ့အချစ်ကိုလက်ခံပေးပါလို ့ပြောပါရစေ……”
“သွန်းအကြောင်းတွေကိုရော ပြည် ့ပြည် ့စုံစုံသိပြီးပြီလား……..”
“ဘာဖြစ်လို ့လဲသွန်းရယ်……..သွန်းမှာ ချစ်သူရှိနေလို ့လား…….ပြောပါအုံးသွန်းရယ်…..”
“ဟင် ့အင်း………ကျမ အချစ်ကိုမယုံဘူး……….တစ်နေ ့နေ ့ကြရင် ဒီလိုပြောလာလိမ် ့မယ်လို ့ကျမ ကြ ိုတွေးထားပြီးသားပါ ကိုသက်ပုိုင်…….”
“ကို ့ကိုတော့ မမုန်းလိုက်ပါနဲ ့သွန်းရယ်…….ကိုအရမ်းကြောက်လို ့ပါနော်……..ကိုယ် ့ကိုနဲနဲလောက်တော့စဉ်းစားပေးပါနော်…….”
“အင်းစဉ်းစားပေးမယ်………ဒါပေမဲ ့ အချိန်အကန် ့အသတ်တော့မရှိဘူးနော်……..”
“စဉ်းစားပါသွန်းရယ်……..ကိုသေတဲ ့အထိစောင် ့နိုင်ပါတယ်………”
ကျမတဲ ့လားသွန်းရယ် မင်းရဲ ့နာမည်လေးကိုပြောင်းပြီးကျမလို ့တောင်သုံးစွဲလိုက်ပြီနော်။ ဘယ်လိုဖြစ်တာလဲသွန်းရယ် ကို ့မှာ မင်းမကြိုက်တဲ ့အရာတွေများရှိနေလို ့လားကွာ။ သွန်းရယ် မင်းင်္ဆီက ရမဲ့အဖြေကို ကိုသေတဲ ့အထိစောင် ့နိုင်ပါတယ်……….ကိုသစ္စာဆိုတိုင်တည်ရဲပါတယ်သိပ်ချစ်ရတဲ ့သွန်းရယ်။…………………………………………………………
ရှေ ့သို ့ဆက်ပါအုံးမည်။…………ခင်မင်လေးစားလျှက်……………………………………….
5 comments
မောင်ပေ
July 8, 2012 at 7:33 pm
ကျုပ်ဆိုရင်တော့ သေတဲ့အထိတော့ မစောင့်နိုင်ပါဘူးဗျာ ။ ဟီဟိ
ကိုအောင်နိုင်လင်းရေ နောက်တစ်ပိုင်းပေါ့ဗျား။
shwe kyi
July 9, 2012 at 11:43 am
စောင့်ပေဦးတော့ ….။
ရွှေကြည်ကတော့နောက်တပိုင်းစောင့်ဖတ်ပါမည်။
aung nainglin
July 9, 2012 at 8:32 pm
အစ်ကိုမောင်ပေရေ
သေတဲ ့အထိစောင် ့မှဖြစ်မှာလေ
ဘာဖြစ်လို ့လဲဆိုတော့ သိပ်ချစ်တဲ ့အတွက်
သက်သေပြစရာဆိုလို ့ ဒီတစ်ခုပဲရှိတော့တာလေ
ဆက်ပြီးအားပေးပါအုံးနော်
ခင်မင်လေးစားလျှက်
aung nainglin
July 9, 2012 at 8:55 pm
အစ်မ shwe kyi ရေ
အစ်မက စာတွေဘာတွေမရေးဘူးလား
အစ်မရေးတဲ ့စာတွေ ဖက်ချင်လို ့ပါ
စာရေးတယ်ဆိုရင်ပေါ့
ခင်မင်လေးစားလျှက်
ဆက်ပြီး အားပေးပါအုံးနော်
shwe kyi
July 11, 2012 at 12:13 pm
ကိုအောင်နိုင်လင်းရေ ရွှေကြည်မရေးတတ်ပါဘူးနော်။ ရေးဘူးတဲ့ပထမဆုံးပို့စ်ကတော့ တော်တော်ကောင်းဆိုပဲ 😀 (စိတ်ထဲရှိရာရေးမိပါသည်) ဆိုတဲ့ပို့စ်ပါနော်။