Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူတို့ဘဝ သူတို့အကြောင်း (ပထမပိုင်း)

snow whiteJuly 9, 20121min59720

ဘယ်သူတွေဘယ်လိုကြောင့် ဒီဘဝရောက်တယ် ဆိုတာတော့ စနိုးမသိဘူးနော ်နီးစပ်ရာအဖြစ်ပျက် သူတို့ဘဝကိုသနားမိတယ်။

   စနိုးတို့တိုက်ခန်း ဘေး ကို  မိသားစု တစ်စု ပြောင်းလာတယ် ပြောင်းလာတဲ့မိသားစု က  တကယ့်ကိုစိတ်ညစ်စရာ ပါဘဲ ဘာကြောင့်လည်းဆိုတော့ အဆိုတော် မတွေပါလာလို့ဘဲ။

စနိုးအမေဆို စနိုးဖေကို  ကို…. ရေင့ါတို့ဘေးခန်းကိုပြောင်းလာမယ့်သူတွေ က အဆိုတော်တွေတော့  ညပိုင်းအရက်ဆိုင်တွေမှာလိုက်ဆိုတဲ့အဆိုတော်တွေ နော် အထင်မကြီးနဲ့အုံး ။

စနိုးတို့ကသူတို့ပြောင်းလာထဲကအရမ်းစိတ်ညစ်တယ် ။ ညဘက်ကျရင် လှေခါးမှာ တွေ့ရတာတောင်သူတို့ကိုကြောက်တယ် ။ ရှောင်ပေးလိုက်တယ် ။
နောက်ပိုင်း တစ်လကနေ နှစ်လလောက်ကြာလာတော့  မနက်ပိုင်းဈေးသွားဘာသွားနဲ့ အမေနဲ့ သူတို့ စကားပြောသံကိုစနိုးကြားလိုက်မိတယ် ။   အမေကိုပြောတာပေါ့ အမေဘဲ သူတို့တွေ ပြောင်းလာတုန်းက ဘာဖြစ်တယ်လေးညာလေးနဲ့။ ခုကျတော့ အမေဘာလို့စကားပြောနေတာလည်းလို့စနိုးကလည်းမေးတာပေါ့ ။အမေက င့ါကိုသူတို့ကရယ်ပြပြုံးပြနေတာကို  ငါ့က ဘာမှ ပြန်မပြောပြုံးမပြဘဲရန်သူလို  ဆက်ဆံနေရမှာလည်းတဲ့။

အော်ပြောဖို့မေ့သွားလို့ သူတို့စပြောင်းလာတော့  တီဗီ ပေါ်စက် အောက်စက်    sound box  အပြည့်စုံပါဘဲ ။ ဒါပေမယ့်ဝတ်စားထုပ်  ကတော့  နည်းတာမဟုတ်ဘူး များကြီးဘဲ ပါလာတယ်။     စနိုးတို့နဲ့ပါခင်လာတယ်ဆိုပါတော့ ။

သူတို့က ညီအစ်မ ၃ယောက် ။ အပျိုက ၂ယောက်  ။ အကြီးဆုံးကအိမ်ထောင်သည် ကလေး၃ယောက်အမေ။   အကြီးဆုံးမမွေးထားတဲ့ ကလေး၃ယောက်ကော  သူတို့အမေကော။

အငယ်နှစ်ယောက်ကတော့  အပျိုနှစ်ယောက်ကတော့အဆိုတော်တွေပေါ့    လေ ။ အကြီးဆုံးမလင်မယားက သူတို့ဘာသာ သပ်သပ်နေတယ်။  ကဲသူတို့မိသားစု မှာက    (သူတို့အမေရယ်    ကလေး၃ယောက်ရယ်  အဆိုတော်မနှစ်ယောက်   စုစုပေါင်း မိသားစု ၆ယောက်ပေါ့နော် )။

  အဲ့ စားဝတ်နေရေးကို ဒီအဆိုတော်မ ၂ယောက်ကအကုန်တာဝန်ယူရတယ် ။

  အဲ့မှာနားမလည်ဆုံးက အဖွားကြီး။ အသုံးဖြုန်းကြီးတာကလည်းအဖွားကြီး ။   ကိုယ့်သားသမီးတွေကို   မသနားတာလည်း အဖွားကြီးဘဲ။
   အဲ့အဖွားကြီးကို စနိုးဘာကြောင့်  ကြည့်လို့မရဘည်း ဆိုတော့ စနိုးတို့ လရှည်လများနေလာကျတော့ ခင်သွားတယ် ဘဲဆိုပါတော့။ ဒီအဆိုတော်မတွေနဲ့ သူတို့အမေတစ်နေ့ ခရီးသွားတယ်။   သူတို့နေခဲ့တဲ့ တောလေးမှာ အထည်ပြန်ရောင်းတယ် တဲ့လေ ။

စနိုးတို့အိမ်မှာ  အဲ့အဆိုတော်မလေး၂ယောက်ပိုက်ဆံလာချေးတယ်။ အမေက အံ့ဩသွားတယ် ။

နင်တို့လက်ထဲမှာတကယ်ပိုက်ဆံမရှိဘူးဟုတ်လား ။
ဟုတ်တယ်အန်တီ အမေအကုန်ယူသွားတာတဲ့၊ စနိုးကတော့မယုံချင်သေးဘူး ။
ဘာလို့လည်းဆိုတေ့ာအဆိုတော်တွေ တစ်ညတစ်ညနည်းတာမဟုတ်ဘူး ဆုငွေရတယ် ဆိုတာ။
ကြားဖူးနားဝနေပြီဆိုတော့ သူတို့ပြောတာမယုံချင်ဘူး အမေက ဟုတ်လို့လားဟယ်နင်တို့လက်ထဲပိုက်ဆံမရှိဘူးဆိုတာ။

အဲ့ ဒါနဲ့အငယ်မလေးက အန်တီတံခါးဖွင့်ပေးပါလား သမီးတို့အိမ်ထဲ ဝင်ပြောပြမယ် ။ စနိုးက အခန်းထဲမှာအိပ်နေတာ သူတို့အိမ်ထဲကိုရောက်လာတော့ စနိုးကိုတွေ့သွားတော့ ဒါအန်တီသမီးလေးလားတဲ့။ စနိုးလည်းမကောာင်းတက်လို့ပြုံးပြလိုက်ပါတယ်။

  စနိုးလည်းသူတို့များအမေကိုဘာလိမ်မလဲဆိုပြီး ။သူတို့နဲ့မလှမ်းမကန်းမှာ ထိုင်နေလိုက်တယ်။ အဲ့မှာစပြီ ငိုသံနဲ့စကားတစ်ခွန်းစလာတယ် ။ အန်တီသမီးတို့ထမင်းမစားရတာ  ၂ရက်ရှိပြီတဲ့ ။

စနိုးစိတ်ထဲကနေနိုင် တဲ့မိန်းမတွေဘဲလို့တွေးလိုက်မိတယ် ။

ဒါနဲ့သူတို့ပြောတာ ဆက်နားထောင်လိုက်တယ် ။

နောက်တစ်ယောက် ကဆက်ပြောတယ် အန်တီသမီးတို့က ရန်ကုန်ကမဟုတ်ပါဘူး။   အညာ သူတွေ   ပါတဲ့။ သမီးတိုရန်ကုန်ရောက်လာတာက သမီးတို့အဖေဆုံးလို့  အမေက ရှိတာလေးရောင်းပြီး    ရန်ကုန်မြို့မှာရှာဖွေစားသောက်ပြီးနေကျမယ်တဲ့လေ။ ဒါနဲ့သမီးတို့လည်း လိုက်လာတာ ဒီရောက် တော့ပါလာတာကို အမေကချဲထိုးတယ်။

       ချဲထိုးလို့ပါသွားလိုက်။ ငွေကိုငွေနဲ့လိုက်ရတယ် သမီးတို့ရဲ့ဆိုပြီး အဲ့လိုပြောပြီးငွေကုန်တဲ့ထိ သူပေါက်တဲ့ရက် ကရှိကိုမရှိသလိုပါဘဲတဲ့။     အဲ့ဒါနဲဘဲပါလာသမျှလေးလည်းကုန်လုနည်းပါး လောက်လည်းကျရော သူဘယ်ကနေအဆက်သွယ်ရလာလည်းမသိဘူး အန်တီရေ ၊ သမီးတို့ကိုသီချင်းဆိုကြည့် ပါလားတဲ့ ။

အမေဖြစ်ပါ့မလား သီချင်းဆိုတာကနေ  မကောင်းဘက်ရောက်တဲ့သူများတယ်နော် အမေ ၊ သမီးတို့လည်းသမီးတို့သိသလောက်ပြောလိုက်တယ် ။ဒါပေမယ့်အန်တီရယ်သမီးတို့အမေက ဆိုကြည့်ပါဆိုတော့လည်း ဆိုကြည့်လိုက် တယ် ။

ပထမဆုံးစဆိုတော့ အသစ်လေးဆိုပြီးအားပေးလိုက်ကျတာ ပြောမနေနဲ့။ အဲ့နေ့ညတစ်ညထဲကို သမီးတို့ညီမ၂ယောက်  ပိုက် ဆံသောင်းကျော်ရတယ်။
    လွယ်ပါလားပေါ့ ။ သီချင်းလေး ၁၂ပုုဒ်လောက်လေးဆိုပြတာကို ဒီလောက်ရတယ် ဆိုတော့။ အမေသမီးတို့ဒီအလုပ်ကိုဆက်လုပ်မယ်ပေါ့။     အန်တီရယ်ဒါနဲ့သမီးတို့အဆိုတော်ဘဝထဲလုံးလုံးရောက်သွားတယ် ။

  သိပ်မကြာဘူး ဇာတ်လမ်းတွေကပါလာတယ်။  လူကြီးတစ်ယောက်  က အလတ်မကို ကြုက်လို့ ဆိုပြီး    သမီးကိုလက်ဆောင်တွေလည်းပေးတယ်  အိမ်မရှိ လို့ဆိုပြီး အိမ်လည်းဝယ်ပေးမယ်လို့ပြောတယ်။    သူနဲ့လက်ထပ်ဖို့လည်း ပြောတယ်။

         ခုထိနာမည်မပြောရသေးဘူးနော် ။  အကြီးမနာမည်က သူသူဝေ     အလတ်မ က မွန်မွန်ဝေ      အငယ်မလေးက မိုးမိုးဝေ။

         မွန်မွန်က    နောက်ပိုင်းကျတော့   သူမေကိုပြောလိုက်တယ်   သမီးဒီ လူကြီးနဲ့  လက်ထပ်မယ်ပေါ့ ။  ဒါပေမယ့်ဖွားကြီး က လက်မခံဘူး သူများမယားငယ်ဖြစ်နေလို့တဲ့ ။   အဲ့ဦးလေးကြီး က     ထားဝယ်သားတဲ့ ။    ထားဝယ်မှာ  မိန်းမ နဲ့ကလေးတစ်ယောက်ရှိတယ်တဲ့   လေ ။

ဒါပေမယ့်ဦးလေး ကြီးက အလတ်မကိုအသေကြိုက် နေတေ့ာမယားကြီးကိုတရားဝင်ကွာခဲ့တဲ့ထိလုပ်လာတယ် ။ ဒါပေမယ့်ဖွားကြီးက လက်မခံခဲ့ဘူး အဲ့တစ်ယောက်နဲ့လည်း လက်မထပ်ခဲ့ဘူးပေါ့။

ဒုတိယပိုင်းဆက် လက် စောင့်မျှော်ပါ။

ကြိုးစားပါအုံးမည်  စနိုး

 

20 comments

  • မောင်ပေ

    July 9, 2012 at 2:46 pm

    သနားကရုဏာသက်စရာ ဝေညီအမ ၂ယောက်အကြောင်းပါလားကွာ ။
    စနိုးလေးရေးမယ့်ဒုတိယအပိုင်းမှာ သူရို ့လေးတွေ ကံမဆိုးကြပါစေနဲ ့လို ့… ဟင့်ရွှတ်
    ဟိုက် ဝမ်းနည်း နှပ်ချေးညှစ်ပစ်လိုက်တာ … ပေါက်ဖော် နှဖူးသွားကပ်နေပြီ … လစ်မှ

  • mamanoyar

    July 9, 2012 at 2:55 pm

    မလွယ်ပါဘူးးးးးးးးးးးးးးးးးးးးးလားနော်
    မိန်းကလေးဖြစ်ရတာလဲ
    ဒီလိုအဖြစ်မျိုး မကြုံစေချင်ပါဘူး
    သူတို့ညီအစ်မ သနားဖို့ကောင်းလိုက်တာ

  • Inz@ghi

    July 9, 2012 at 3:00 pm

    တော်လိုက်တဲ့ သာမီးလေးရယ်
    ရက်ပိုင်းအတွင်း စာလုံးပေါင်းတွေလည်း မှန်လာ
    အရေးအသားလည်းတိုးတက်လာ ..
    တီတီ အမုန်းခံပြောရကျိုး နပ်ပါပေ့ကွယ်….
    သာဓု ..
    😳

    • snow white

      July 9, 2012 at 4:07 pm

      အကိုကျေးဇူးတင်ပါတယ်နော် စနိုးဒါကြောင့်ပြောတာလေ မန်းဂေဇက်ရွာထဲမှာပျော်လာပါပြီ စိတ်ဆိုးစိတ်ကောက်လို့လည်းမရဘူးလေ ပြီးတော့ကိုယ့်ထက်အသက်ကြီးတဲ့အကိုတွေ အစ်မတွေ ရဲ့ ဆုံးမ စကားလေးတွေလည်းဖတ်ရတယ် စာလုံးပေါင်းမှန်အောင်လည်းစနိုးစာများများဖတ်တယ် လေ့လာနေပါတယ် စနိုးကိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် နော် ဆက်လက်လည်းအားပေးပါအုံးနော် …

  • manawphyulay

    July 9, 2012 at 3:17 pm

    ညီမလေး စနိုးရေ… မမ နေ့လည်စား မစားရသေးဘူး။ နေ့လည်စာထမင်းဗူးက မနက်က ရုံးရောက်တုန်းလေး စားလိုက်လို့လေ… 😛

    • snow white

      July 9, 2012 at 4:16 pm

      ဘာစားမလည်းစနိုးသိန်း ထီဆုပေါက်ရင်တို့မမ ကိုထိပ်ဆုံးကကျွေးပါ့မယ် စဉ်းစားထားဘာစားမလဲလို့ ဟုတ်ပြီလား။။။

  • htoosan

    July 9, 2012 at 3:26 pm

    ဒေါ်စနိုး ပုဒ်ထီးတွေ ပုဒ်မတွေ မပါခင် ၊ စာပိုဒ်တွေ မခွဲဘဲ လုံးရေးတာနဲ့စာရင် ခု ဘယ်လိုပြောင်းလဲသွားလဲ ။ ဆိုတော့ …… ပျင်းလို့ မရဘူးနော် …. 😀

    • snow white

      July 9, 2012 at 4:16 pm

      ဟုတ်ကဲ့ နောက်တစ်ခေါက်မဖြစ်အောင်ကြိုးစားပါ့မယ် ရှင့် …

  • mayjuly

    July 9, 2012 at 3:30 pm

    အယ် အစပဲ ရှိသေးတယ် … အဆုံးကို မြင်နေသလိုပဲ … 😀

    • snow white

      July 9, 2012 at 4:25 pm

      မမမေ သိနေရင်မပြောရဘူး ဟီးးးးးးးးးးးးးး ငြိမ်ငြိမ်လေး နေဟုတ်ပြီလား ချစ်မမကလိမ္မာတယ် နော် …..

  • အရင့်ရောင်

    July 9, 2012 at 3:53 pm

    အဖွါးကြီး လက်ခံမလား ငြင်းမလား ဆိုတာ ကို ဒုတိယပိုင်းကို
    စောင့်မျှော်အားပေးနေပါ့မယ်……….
    အဟမ်း….အဟမ်း
    ချိုးလိုက်တဲ့ဆောင်းနော်……….
    အဲလေ…..
    ဆိုးလိုက်တဲ့ ချောင်း…….လို့
    ဟိဟိ

  • Khaing Khaing

    July 9, 2012 at 4:00 pm

    ဟင် အိမ်ဝယ်ပေးတဲ့ အန်ကယ်ကြီးက စားစရာမရှိတာမသိဘူးလား ……. ဒါမျိုးတွေက စပွန်စာပေးရင် မိသားစုတစ်စုလုံးဘာအလုပ်မှ မလုပ်ပဲ စပွန်စာကြီးကြောင့် အေးဆေးလို့ပြောသံကြားတာပဲ …

  • ဇောက် ထိုး

    July 9, 2012 at 4:59 pm

    မာနေတီတိ..မာတာ… သားသမီးတွေကို မြတ်နိုးတတ်လို့ အမေလို့ခေါ်တာတဲ့။
    သားသမီးတွေကို မွေးထုတ်ထားပေမယ့် မမြတ်နိုးဘူးဆိုရင်……..
    မွေးထုတ်ထားတဲ့ သားသမီးတွေ မဟုတ်ပေမယ့် ..မြတ်နိုးတတ်တယ်ဆိုရင်…………
    တိုင်သူပြည်သားတွေအပေါ် မြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို….
    “အမေဒေါ်အောင်ဆန်းစုကြည်”လို့ခေါ်နေကြတယ်။
    ဘာကြောင့် အမေလို့ခေါ်တာလဲ……
    အမေဆိုတာ ဘာလဲ………..

  • မွန်မွန်

    July 9, 2012 at 5:56 pm

    ဖတ်ပြီး မောသွားတယ် စနိုးရေ။ အရမ်းလည်း စိတ်ဝင်စားမိတယ်။ အပိုင်းနှစ် ကို စောင့်နေမယ်နော်။

  • မိုး မင်းသား

    July 9, 2012 at 6:23 pm

    မောလိုက်တာ…စနိုးလေးရယ်……

    တကယ် ့ပတ်ဝန်းကျင်ကတကယ် ့အဖြစ်အပျက်မို ့….

    သနားမိပါတယ်လေ……

    ဒုတိယပိုင်းကိုစောင် ့မျှော်နေပါ ့မယ်….

  • thihayarzar

    July 10, 2012 at 7:34 am

    စိတ်ဝင်စားစရာကောင်းပါတယ် နောက်ပိုင်း အဆက်ကိုတောင် သိချင်လာပြီ မြန်မာနိုင်ငံမှာတင်ပဲ စပွန်ဆာရှိတာလား မသိဘူး .. ကြာရင် ချမ်းသာတဲ့သူတွေကချည်းပဲ မိန်းမတွေ ထည်လဲယူနေတော့မယ် .. ကြာရင်ပြည်ပျက်လိမ့်မယ် .. ကျွန်တော်ဆို သနားစရာ ….. ဆက်လက်စောင့်မျှော်အားပေးနေပါတယ် …

  • etone

    July 10, 2012 at 10:36 am

    စနိုးရေ .. … မိသားစုဘဝဇာတ်လမ်းလေးက … အရမ်းစိတ်ဝင်စားဖို့ကောင်းသလို … စာရေးလည်းကောင်းတယ်နော် ။

    ကျွန်မနားမလည်တာက အဖွားကြီးက ဘာကိုတင်းခံပြီး ငြင်းဆန်နေတာလဲဆိုတာပါ ။ သတို့သမီးကို ဒီထက်ပိုပြီး မျှော်လင့်ထားလို့များလားပဲ … ။ ဒီထက်ပိုပြီး ခိုင်းစားချင်တာမျိုးပဲလား …. ။

    တကယ်တန်းတော့ အသက်အရွယ်ကွာတာက ဒီခေတ်မှာ ဒီလောက်ကြီး ပြသနာမဟုတ်တော့သလို ၊ တစ်ခုလပ်ကို ယူပြီး ၊ တည်တည် ငြိမ်ငြိမ်နေရတာ ၊ ညဘက်တိုင်း သီချင်းဆိုရတဲ့ ဘဝထက်တော့သာမယ်ထင်ပါတယ် ။ အငယ်နှောင်းလိုနေရမှာမျိုးမဟုတ်ဘူး ။ တရားဝင်ကွာရှင်းပြီးမှ ဒုတိယမိန်းမနေရာက နေရမှာပါ ။ သူကတဆင့် ငှက်တပင်ကောင်း ငှက်တသောင်းနားနိုင်သလို သူ့ညီမတွေ အစ်မတွေကိုပါ .. ထောက်ပံ့နိုင်ပါသေးတယ် ။

    လူမှုရေး ရှုထောင့်က ကြည့်လျှင်တော့ ၊ မိမိကြောင့် သူတပါး အိမ်ထောင်ပြိုကွဲ ကွာရှင်းရမယ်ဆိုတော့လည်း မလုပ်သင့် မလုပ်အပ်ဘူးပေါ့လေ ။
    ဒါပေမယ့်လည်း … ဘယ်သူတွေ ဘယ်လိုပဲ ဆုံးဖြတ်ဖြတ် .. ကာယကံရှင်တွေသဘောထားကသာ အဓိကကျတာမို့ … ဒုတိယပိုင်းကို စိတ်ဝင်တစားစောင့်ဖတ်ပါဦးမယ်နော် ။ 🙄

    • snow white

      July 10, 2012 at 11:07 am

      မမရေ စနိုးတို့လည်းအဲ့ဒါမစဉ်းစားတက်ဘူး ဖွားကြီးစိတ်ထားကဘယ်လိုလည်းမှမသိတာ သူကသဘောမတူကြီးလုပ်နေတာ တဲ့လေ ကွာရှင်းပြီးလည်းသဘောမတူဘူးတဲ့မမအိရေ စနိုးလည်းမပြောပြတက်တော့ပါဘူး ဖွားကြီးကဘယ်လိုသူမျိုးကိုမှန်းလည်းတော့မပြောပြတက်တော့ဘူး လူပျိုဆိုတဲ့ သူနဲ့ဘဲသဘောတူချင်မလားတော့မသိဘူး ဆက်ရေးမယ်နော် connectionမကောင်းသေးလို့ ပို့စ်မတင်သေးတာမမ သည်းညည်းခံနော် ဆက်ရေးတင်ပေးမယ်ဒုတိယပိုင်းမှာကျတော့ ဖွားကြီးစိတ်ကဒီလိုဖြစ်သွားပြန်တယ် ….

Leave a Reply