Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်တော့် ဆရာသမား ၃-ဦးနှင့် မိတ်ဆက်ပေးခြင်း

ကျွန်တော့်မှာ ဆရာသမား ၃-ဦးရှိပါတယ်။ ဆရာသမား ၃-ဦးလုံးကလဲ လူမှန်တွေချည်းဖြစ်ပါတယ်။ ဘယ်သူမှ အမှားမပြောကြပါဘူး။ ဘယ်ဆရာမှ မဟုတ်တာ မပြောကြပါဘူး။
အဲဒီကျွန်တော့်ဆရာသမား ၃- ဦးနဲ့ ကျွန်တော့်ချစ်မိတ်ဆွေများကို မိတ်ဆက်ပေးချင်ပါတယ်။
ကျွန်တော့်ချစ်မိတ်ဆွေများက ကျွန်တော့်ကို ဘယ်ဆရာသမားရဲ့ လမ်းညွှန်ချက်က အကျိုးပြုနိုင်တယ်ဆိုတာ ကိုလဲ ပြောပြခဲ့စေချင်ပါတယ်။

ပထမဆုံး ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်ဆရာကတော့ “ဦးပရမတ်”ဖြစ် ပါတယ်။ ကျွန်တော့်ဆရာ ဦးပရမတ် အမြဲပြောဆိုဆုံးမတဲ့ စကားများကတော့….
““ဒီမှာ တပည့် မောင်ဇောက်ထိုးရဲ့… တကယ့်အမှန်တရား ဆိုတာ… ဓာတ်ကြီး လေးပါးပဲ ရှိတယ်ကွ။
လူရယ်…ခွေးရယ်.. ယောကျာ်းရယ်..မိန်းမရယ်… အမေရယ်..သမီးရယ်.. ဆိုတာတွေဟာ လူတွေက သမုတ်ထားတဲ့ သတ်မှတ်ထားတဲ့ အမည်တွေပဲ ကွ.. တကယ့်အမှန်တရား မဟုတ်ဘူး… အမေဆိုတာကို ကြည့်လိုက်စမ်း… ဘယ်မှာလဲ အမေ… တကယ်တော့ ရုပ်နဲ့နာမ်ပေါင်းစပ်ထားတာကြီးပါ။

မိန်းမလဲ ရုပ်နဲ့နာမ်ပဲ။ ယောကျာ်းလဲ ရုပ်နဲ့နာမ်ပဲ။ ခွေးလဲရုပ်နဲ့နာမ်ပဲ.. ဒီယောကျာ်းမိန်းမဆိုတာတွေဟာ သတ်မှတ်ချက်တွေကွ… တကယ့်အရှိတရားတွေမဟုတ်ဘူး။

လူရယ်လို့ ပြောနေကြတဲ့…ဒီကိုယ်ကြီးကြည့်လိုက်စမ်း… လက်ကိုလူခေါ်တာလား… လက်က လက်ပဲကွ။ လက်ဆိုတာကလဲ တကယ်တော့ အသွေးအသားတွေ စုပေါင်းပြီးဖြစ်တည်နေမှုပဲ..
ကဲ..ဘယ်မလဲ လူဆိုတာ ထုတ်ပြကြည့်စမ်း…
နောက် ကားတွေ..ရထားတွေ..ကွန်ပြူတာတွေ..ဒါတွေကလဲ သမုတိတွေပဲကွ..လူတွေက သတ်မှတ်ပေးထားတဲ့ ပညတ်တွေကွ.. တကယ်အရှိမဟုတ်ဘူး..
ကဲ..ဆိုင်ကယ်ဆိုတာကို ကြည့်လိုက်စမ်း… ဘယ်ဟာ ဆိုင်ကယ်လဲ.. ဘီးကြီးကို ဆိုင်ကယ်ခေါ်မလား… အင်ဂျင်ကို ဆိုင်ကယ်ခေါ်မလား… လက်ကိုင်ကို ဆိုင်ကယ်ခေါ်မလား… အဲဒီလိုအရာတွေကိုစုပေါင်းပြီး ဆိုင်ကယ်လို့ ပညတ်ထားလို့ ဆိုင်ကယ်ဆိုတာ ခေါ်ပြောနေကြတာ.. ဆိုင်ကယ်ဆိုတာ တကယ့်အရှိတော့ မဟုတ်ဘူးကွ။
အင်ဂျင်ကိုကြည့်ပြန်တော့လဲ… အထဲမှာ အစိတ်စိတ်အမွာမွာတွေ ဘယ်ဟာကိုအင်ဂျင်လို့ပြောမလဲ… အဲဒီအစိတ်စိတ်အမွာမွာတွေကလဲ တကယ်တော့ နောက်ဆုံး.. ဓာတ်ကြီးလေးပါးဆိုတဲ့ ဓာတ်တွေပဲရှိတာပါ…ဒါကြောင့် တကယ်မရှိပဲ လူတွေပညတ်ထားတဲ့ အရာတွေကို အမှန်တွေလို့မြင်နေမယ်ဆိုရင်တော့ အဲဒီအမြင်ဟာ အမြင်မှားကြီးပဲကွ…
ဒါကြောင့် လူကိုလူလို့မြင်နေရင် အမြင်မှားပြီး နှစ်သက်မှုတွေဖြစ်နိုင်တယ်။
ရုပ်နာမ်နှစ်ပါး ဓာတ်ကြီးလေးပါးအဖြစ်နဲ့ အမှန်ကိုမြင်အောင်ရှုပွားရမယ်ကွ””
ဆိုပြီး ကျွန်တော်ကိုအမြဲဆုံးမပါတယ်။ သူပြောတာတွေဟာ အမှန်တွေ ချည်းပဲဆိုတာလဲ ကျွန်တော်သိပါတယ်။ မမှန်တာ တစ်လုံးမှ မပါပါဘူး။ ငြင်းလို့လဲ မရပါဘူး… ဒါက ကျွန်တော်ရဲ့ ဆရာ “ဦးပရမတ်”ရဲ့ အမြဲပြောဆိုဆုံးမမှုဖြစ်ပါတယ်။

နောက် ကျွန်တော်ဆရာ တစ်ဦးကတော့ “ဦးသမုတိ”လို့ခေါ်ပါတယ်။ သူကလဲ ကျွန်တော်ကို အမြဲပြောဆိုဆုံးမတဲ့ စကားတွေရှိပါတယ်။ သူအမြဲပြောဆိုဆုံးမတာတွေကတော့…

“ဒီမယ် ငါတပည့်မောင်ဇောက်ထိုးရဲ့.. လောကမှာ လူတွေကို သိပ်အကျိုး ပြုတာကတော့ သမုတိ ဆိုတဲ့ ပညတ်ချက်တွေပဲကွ။ မင်း လူတော်တစ်ဦး ဖြစ်ချင်တယ်ဆိုရင်.. သမုတိတွေကို များများသင်ယူကွ။ သမုတိကို များများ သိတဲ့လူဟာ လူတော်ပဲကွ…။
လောကမှာ သမုတိဆိုတာမရှိရင် လူတွေအားလုံးဒုက္ခရောက်ကုန်လိမ့်ကွ။ အနည်းဆုံး ဆေးလိပ်မီးတို့ခိုင်းချင်တာလေးတောင်.. ဆေးလိပ်ဆိုတဲ့ နာမည်။ မီးဆိုတဲ့ နာမည်။ တို့ခဲ့ရမယ်ဆိုတဲ့ နာမည်ပညတ်ချက်တွေကို မသိရင် ဆေးလိပ်ကို မီးတို့ပေးစမ်းပါ လို့ ဘယ်လိုခိုင်းမလဲ…

လူတိုင်းလူတိုင်း ရုပ်တွေ နာမ်တွေ…ဓာတ်ကြီးလေးပါးသာ ရှိတယ်ဆိုပေမယ့် သမုတိဆိုတဲ့… ဒါက အမေ.။ ဒါက မိန်းမ။ ဒါက သမီး။ ဒါက ဘုန်းကြီး။ ဒါက အဖေ။ဆိုပြီး သမုတိတွေရှိနေလို့ လူတွေအဆင်ပြေတယ်မှတ်ပါ ငါ့တပည့်။
အမေလဲ ရုပ်တွေနာမ်တွေပဲ။ မိန်းမလဲ ရုပ်တွေနာမ်တွေပဲ..ဆိုပေမယ့် အမေကို အမေလိုမြင်မှ အမေလိုဆက်ဆံရမှာ မဟုတ်လား။ မိန်းမကိုလဲ မိန်းမလိုမြင်မှ မိန်းမလိုဆက်ဆံရမှာ မဟုတ်လား။ မိန်းမချင်းလဲ တူတယ်။ ရုပ်တွေနာမ်တွေခြင်းလဲ တူတယ်ဆိုပေမယ့်..သတ်မှတ်ချက်တန်ဖိုးခြင်း မတူဘူးကွ။

သမုတိဆိုတဲ့ ပညတ်ချက်တွေသာ မရှိဘူးဆိုရင်.. လောကကြီးမှာ တန်ဖိုးတွေရောသွားလိမ့်မယ်။ အမေတန်ဖိုးနဲ့ မိန်းမတန်ဖိုး ရောသွားလိမ့်မယ်။
နွားလဲ ရုပ်နာမ်နှစ်ပါးပဲ။ အဖေလဲ ရုပ်နာမ်နှစ်ပါးဆိုပေမယ့် နွားတန်ဖိုးနဲ့ အဖေတန်ဖိုးမတူဘူး။ အဲဒီလို တန်ဖိုးတွေသတ်မှတ်ရအောင်က သမုတိက သိပ်အကျိုးကျေးဇူးများတာပဲ။
မောင်ဇောက်ထိုးတို့ ဟိုကလေးဘဝကတဲက ခုချိန်ထိ စာတွေသင်ရတယ်။ ကျောင်းတွေလိုက်ရတယ်ဆိုတာ သမုတိတွေသိအောင် သင်ကြရတာ။ မျက်စိ။ နား။ နှာခေါင်း။ အဖေ။ အမေ။ ဆိုင်ကယ်။ ကား။ ရထား။ ကွန်ပြူတာ။ အင်တာနက်။ အဲဒါတွေဟာ သမုတိဆိုတဲ့ပညတ်တွေပဲ။ အေး အဲဒီ သမုတိဆိုတဲ့ ပညတ်တွေကို မသိဘူးဆိုရင်တော့ လောကမှာ လူညံ့လူတုံး တစ်ယောက်ဖြစ်သွားတာပဲ။
သမုတိဟာ ဘယ်လောက်တောင် ကျယ်ပြန့်သလဲဆိုရင် ဘယ်သူမှ သမုတိ ကိုကုန်အောင်သိမသွားနိုင်ဘူး။ လူတိုင်းလူတိုင်းဟာ သေတဲ့အထိ သမုတိတွေကို သင်ကြရတယ်။ လေ့လာကြရတယ်။
ရထားလဲ သံပြားတွေပဲ… ကားလဲ သံပြားတွေပဲဆိုပေမယ့် ရထားတန်ဖိုးနဲ့ ကားတန်ဖိုးမတူဘူး။ အဲဒီလို မတူတာကို မတူဘူးလို့သိဖို့ သမုတိဟာ မဖြစ်မနေလိုအပ်တယ်။
ခွေးလဲ ရုပ်နာမ်ပဲ။ အမေလဲရုပ်နာမ်ပဲ။ မယားလဲရုပ်နာမ်ပဲဆိုပြီး တတန်းစားထဲ ဆက်ဆံလို့မရဘူး။ အမေကို အမေလို့မြင်မှကို ရတယ်။ မယားကိုလဲ မယားလို မြင်မှကို ရမယ်။ အဲဒီလိုမမြင်ပဲ အားလုံးဟာ ဓာတ်ကြီးလေးပါးပဲ ဆိုပြီး သိမ်းကြုံးမြင်လို့တော့ မောင်ဇောက်ထိုး ရေ ..မင်းကို လူတွေက အရူးလို့သတ်မှတ်လိုက်မှာပဲကွ။ ဒါကြောင့် ငါ့တပည့်ကို ဆရာ“သမုတိ”ပြောချင်တာက ငါ့တပည့်လူတော်ဖြစ်အောင် သမုတိဆိုတဲ့ လောကရဲ့နာမည်တွေကို များများလေ့လာပါ။ သင်ယူပါ။ မှတ်သားပါ။ တဲ့……..။ ကျွန်တော် ဘာပြန်ပြောမလဲ.. အားလုံးဟာ အမှန်တွေချည်းပဲ မဟုတ်ပါလား….

နောက်ဆရာသမား တစ်ဦးလဲရှိသေးတယ်ဗျ။ “ဦးအရိယသစ္စာ”တဲ့။ ဦးအရိယသစ္စာကလဲ ကျွန်တော့်ကို ခုလိုအမြဲပြောဆိုဆုံးမ ပါတယ်။
ငါ့တပည့်မောင်ဇောက်ထိုးရဲ့… မင်းဆရာ “ဦးပရမတ်”ပြောတာလဲ သူ့အကန့်သူတော့ မှန်တယ်ကွ။ မှားတာ တစ်ခုမှမရှိဘူး။
နောက်ဆရာ “ဦးသမုတိ”ပြောတာလဲ မှန်တာပဲကွ။ ဘယ်ဟာမှ မှားတယ်လို့ ပြောမရဘူး။ အေး..တစ်ခုတော့ ရှိတယ်။ မှန်တိုင်း လူကို အကျိုးပြုရဲ့ လား။ ဒို့အမှန်တရားကို ရှာနေကြတာက လူတွေငြိမ်းချမ်းဖို့ကွ။

ဦးသမုတိပြောသလို.. လူတော်တစ်ယောက်ဖြစ်ဖို့ဆိုရင်.. သမုတိတွေများများသိထားဖို့လိုတယ်ဆိုတာ အမှန်ပဲကွ။ ဒါပေမယ့် အဲဒီသမုတိတွေ များများသိထားရုံနဲ့တော့ လူတော်တစ်ယောက်ပဲဖြစ်မှာ.။ လူကောင်းတစ်ယောက်တော့ ဖြစ်မလာသေးဘူး။ လူတော်ပြီး လူမကောင်းရင် မကောင်းဘူးကွ။

တိုင်းပြည်ကို အုပ်ချုပ်တဲ့လူတစ်ယောက်ဟာ အဖက်ဖက်က သိပ်တော်တာပဲ။ သူမတတ်တာမရှိဘူး။ အားလုံးတတ်တယ်။ အားလုံးလဲ စွမ်းဆောင်နိုင်တယ်။ အရာရာမှာ အင်းအားသိပ်ပြည့်တယ်။ အေး ..ဒါပေမယ့် အဲဒီလူ့စိတ်က မကောင်းဘူး။ လူကောင်းမဟုတ်ဘူး။ ယုတ်ညံ့တယ်ဆိုရင် လူမတော်တာထက် ပိုးဆိုးတယ်ကွ။ ဒါကြောင့် လူတော်ဖို့လဲ လိုသလို လူကောင်းဖို့က ပိုအရေးကြီးတယ်ကွ။

လူကောင်းဖြစ်ဖို့ရာကြတော့ လူတော်ရုံနဲ့မရဘူး။ စိတ်ပိုင်းဆိုင်ရာကို ပြုပြင်နိုင်တဲ့သူဖြစ်ဖို့လိုလာတယ်။

ဒေဝဒတ်ဟာ လူတော်တစ်ယောက် ဖြစ်နိုင်တယ်ကွ။ ဒါပေမယ့် လူကောင်းတစ်ယောက်မဟုတ်ခဲ့ဘူး။

ဘင်လာဒင်တို့.. ဟူစိန်တို့လဲ လူတော်တွေဖြစ်နိုင်တယ်ကွ။ ဒါပေမယ့် သူတို့ဟာ လူကောင်းတွေလို့ပြောနိုင်မလား။

ကိုယ့်ကိုယ်ကို ကောင်းတဲ့သူလား… မကောင်းတဲ့သူလား… စဉ်းစားတတ်ဖို့ လိုလာတယ်။ ကိုယ့်ကို ကစပြီး ကောင်းသူလား..ဆိုးသူလား.. မြင်အောင်ကြည့်တတ်ရမယ်။

မင်းကို ငါပြောမယ်။ လူကို ရုပ်တွေနာမ်တွေ ဓာတ်အစုအဝေးကြီးတွေလို့ မြင်အောင်ရှုနေလို့ ဘယ်လိုအကျိုးတွေရလာမလဲ…

ဒါမှမဟုတ်.. လူကို ရုပ်တွေနာမ်တွေလို့တင်မဟုတ်ပဲ..ယောကျာ်းကို ယောကျာ်း ။..မိန်းမကို မိန်းမ.. အမေကိုအမေလို့ မြင်အောင်ရှုနေရုံနဲ့တင် လုံလောက်ပြီးလား..

အဲဒီလူကိုပဲ.. မိန်းမဟာ ကောင်းတဲ့မိန်းမလား.. မကောင်းတဲ့မိန်းမလား… ဒီလူဟာ ပေါင်းသင့်တဲ့လူလား…မပေါင်းသင့်တဲ့လူလားဆိုတဲ့..အထိရှုမြင်ဖို့ မလိုဘူးလား… ဒါကို မင်းစဉ်းစားရမယ်ကွ။

ဆိုပါစို့… မင်းကိုမင်းပဲ ပြန်ကြည့်စမ်း…
ငါဇောက်ထိုးဟာ ရုပ်တွေ နာမ်တွေပဲ လို့ရှုပွားနေရင်…အကျိုးများမလား။

ငါဇောက်ထိုး.. လူတစ်ယောက်ပဲ။ ယောက်ျားတစ်ဦးပဲ။လို့တင် ရှုပွားနေရင်…အကျိုးများမလား…

ငါဇောက်ထိုးဟာ… ကောင်းတဲ့လူလား.. မကောင်းတဲ့လူလား.. ငါဇောက်ထိုးဟာ လူတွေကို ဆင်းရဲစေသူလား… ချမ်းသာစေသူလား.. အဲဒီလို ရှုပွားနေရင် အကျိုးများမလား…မင်းဘယ်လို ရှုပွားမလဲ….. ကိုယ့်ကိုယ်ကို ဘယ်လိုမြင်အောင်ကြည့်နေသင့်သလဲ… ဘယ်အမြင်က လူလောက်အတွက် အကျိုးများမလဲ။

မင်းကွန်ပြူတာတစ်လုံးကို သွားဝယ်ပြီဆိုပါစို့…
မင်းဝယ်မယ့်ကွန်ပြူတာကို…

ဒါကတော့ ဓာတ်ကြီးလေးပါးစုဝေးထားတဲ့အရာကြီးပဲ။ လို့မြင်အောင်ကြည့်ပြီး ဝယ်မလား။

ဒါကတော့ မော်နီတာ.. ဒါကတော့ မောက်ပဲ။ ဒါကတော့ ကီးဘုတ်ပဲ။ အဲဒါတွေကိုပဲ ကြည့်ယုံ သိရုံနဲ့ဝယ်လို့ အကျိုးများလောက်ပလား…

ဒီကွန်ပြူတာကတော့ မျက်နှာပြင်ဘယ်လောက်ကြီးတယ်။ သူ့ရဲ့စွမ်းဆောင်နိုင်မှုက ဘယ်လောက်မြင့်တယ်။ အာမခံက ဘယ်လောက်ရတယ်။ ဘယ်လောက်အထိ အလုပ်လုပ်လို့ရတယ်။ ဆိုတဲ့ စွမ်းဆောင်နိုင်မှုတွေကို သိအောင်လုပ်ပြီးဝယ်မလား။..
ဘယ်အမြင်နဲ့ဝယ်တာက အကျိုးများမလဲ…

မင်းချစ်လှတဲ့ …ဦးဗိုက်တို့ ဦးပေတို့ကိုကော မင်းပေါင်းသင့်သူ…မပေါင်းသင့်သူ သိနိုင်ဖို့ ဘယ်လိုအမြင်နဲ့ကြည့်မလဲ..
မင်းဘယ်လိုအမြင်နဲ့ပေါင်းရင် အကျိုးများမလဲ….မင်းပေါင်းနိုင်ဖို့ ဘယ်လိုမြင်အောင်ကြည့်မလဲ…

ဦးပေတို့ဦးဗိုက်တို့ဟာ..ရုပ်နာမ်အစုအဝေးကြီးပဲ.. ဓာတ်ကြီးလေးပါးနဲ့ ဖွဲစည်း ထားတဲ့ အပုတ်ကောင်ကြီးတွေပဲ။ သွေးတွေ ပြည်တွေ နဲ့ရွံစရာကြီးတွေပဲလို့ မြင်အောင်ရှုပြီး ပေါင်းသင့်မပေါင်းသင့်ဆုံးဖြတ်မလား.

ဦးပေတို့ ဦးဗိုက်တို့ဟာ… လူတွေပါ.. ယောကျာ်းကြီးတွေပါ.. ထိပ်ပြောင်ပြောင်နဲ့ လူက ဦးပေပေါ့။ အရက်ပုလင်းကြီး တကားကားနဲ့ ယိမ်းထိုးနေတဲ့ သူက ဦးဗိုက်ပေါ့လို့ အဲဒီလိုမြင်အောင်ကြည့်ပြီး ပေါင်းသင့် မပေါင်းသင့် စဉ်းစားမလား….

ဦးပေတို့ ဦးဗိုက်တို့ဟာ လူတွေပဲ။သူတို့ဟာ လူကောင်းတွေလား.. လူဆိုးတွေလား..။
ပေါင်းသင့်တဲ့လူတွေလား.. မပေါင်းသင့်တဲ့လူတွေလား.. ။
မနာလိုဝန်တို သိပ်များတဲ့သူတွေလား… တဖက်သားကို နှိပ်ကွပ်တတ်တဲ့ သူတွေလား… ။ကူမဖေးတတ်တဲ့လူတွေလား…
ငါ့ကို ကောင်းကျိုးပြုနိုင်သူတွေလား.. ဆိုးကျိုးပြုနိုင်သူတွေလား..
အဲဒီလိုမြင်အောင် ကြည့်ပြီး ပေါင်းသင့် မပေါင်းသင့် စဉ်းစားမလား…
ကဲ …ဘယ်အမြင်က မင်းကိုအကျိုးများမယ်ထင်သလဲ…

ဒါကြောင့် … အတိုချုပ်ပြောရရင်.. လူကို ရုပ်တွေနာမ်တွေလို့မြင်တာလဲ မမှားဘူး။ ဒါပေမယ့် အဲဒီလိုရှုပွားလို့ရရှိနိုင်တဲ့ အကျိုးတရား..

လူကို လူလို့မြင်အောင်ကြည့်ဖို့.. မိန်းမကို မိန်းမလို့မြင်အောင်ကြည့်ဖို့… ယောကျာ်းကိုယောက်ျား …အဖေကိုအဖေလို့မြင်အောင်ကြည့်လို့ သိလို့ ရရှိနိုင်တဲ့ အကျိုးတရား….

နောက် လူကို လူလို့မြင်ပြီးတဲ့နောက် ဒီလူဟာ ကောင်းသူလား ဆိုးသူလား ငါကကော ကောင်းသူလား ဆိုးသူလား.. မြင်အောင်ကြည့်လို့ရရှိနိုင်တဲ့ အကျိုးတရား မင်းစဉ်းစားစမ်းဇောက်ထိုးတဲ့။

ကဲ…ပြောရတာလဲ များသွားပါတယ်။ ဦးပရမတ်ရယ်။ ဦးသမုတိရယ်။ ဦးအရိယရယ်ဆိုတဲ့ ကျွန်တော်ဆရာတွေ အရှုပွားခိုင်းတဲ့… မြင်အောင်အကြည့်ခိုင်းတဲ့ အရာတွေကိုတော့ ကျွန်တော့်မိတ်ဆွေများကို တင်ပြပြီးသွားပါပြီ။

ငါဇောက်ထိုးဟာ… ရုပ်နာမ်နှစ်ပါးနဲ့ ဓာတ်ကြီးလေးပါး အစုအဝေးကြီးပဲလို့ ကျွန်တော်……ရှုပွားနေရမလား……

ငါဇောက်ထိုးဟာ… ယောက်ျားတစ်ယောက်.. လူပျိုတစ်ယောက်..လူသားတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော်…….ရှုပွားနေရမလား…..

ငါဇောက်ထိုးဟာ… ကောင်းတဲ့သူလား.. မကောင်းတဲ့သူလား..ကောင်းတာတွေ ပြုလုပ် ပြောဆို ကြံစည်နေသူလား… မကောင်းတာတွေများ ပြုလုပ် ပြောဆို ကြံစည်နေသူလား ဆိုပြီး ကိုယ့်ကိုယ်ကို မြင်အောင် သတိထားပြီး ကျွန်တော် ရှုပွားနေရမလား….

ကျွန်တော့်ကို တစ်ခုခုတော့ ပြောဆိုပေးကြပါဦး.။ လမ်းညွှန်ပေးကြပါဦးလို့…..လို့ ပြောကြားရင်းနဲ့…

35 comments

  • ရာဇဝင်လူဆိုး

    July 9, 2012 at 5:10 pm

    စာဖတ်သူကို အတွေးအခေါ်တစ်ခုခု ရစေတာသေချာတယ်။ Thanks… ကိုဇိုးထောက်..။

  • ဇောက် ထိုး

    July 9, 2012 at 5:15 pm

    အတွေးအခေါ် စဉ်းစားစရာ တခုခုရသွားတယ်… စဉ်းစားစရာပါလားလို့ မြင်ပြီး..ယူဆလက်ခံသွားတယ်ဆိုရင်ကို
    ကျွန်တော်ရေးရကျိုးနပ်ပါတယ်ဗျာ…

  • အရီးခင်လတ်

    July 9, 2012 at 5:51 pm

    ပြသနာက
    အမေ့ ကို လူသား၊ မိန်းမ ဆိုပြီး ဟေ့ မိန်းမကြီး လို့ခေါ်လို့တော့ မသင့်ဘူး၊ လူကြားမကောင်းဘူး မဟုတ်လား။ 😀

    • ဇောက် ထိုး

      July 9, 2012 at 8:06 pm

      အရီးခင်လတ်ရေ..အမေကို ဟေ့ မိန်းမကြီးလို့ မခေါ်ဖို့ဆိုရင်တော့ အမေကို အမေလို့မြင်အောင်ကြည့်ဖို့…အမေကို အမေလို့မြင်ဖို့ သိပ်အရေးကြီးတယ်လို့ဆိုရပါမယ်။
      ဒါက ဆရာဦးသမုတိရဲ့အမြင်လို့ဆိုရမှာပေါ့။

      နောက် အမေကို နှစ်နှစ်ခြိုက်ခြိုက် ချစ်နိုင်တုန့်ပြန်နိုင်ဖို့ဆိုရင်တော့လဲ.. အမေ့ရဲ့ လုပ်ဆောင်ချက် နဲ့ အမေရဲ့ ကျေးဇူးတရားတွေကို မြင်အောင်ကြည့်ဖို့လိုပြန်တာပေါ့။ အဲဒီလို အမေလိုချစ်နိုုင်ဖို့ဆိုရင်တော့ ဆရာ ဦးအရိ်ယရဲ့အမြင်က လိုအပ်ပြန်တာပေါ့နော်။

      ဒါက အရီးရဲ့တင်ပြမှုကို ဆွေးနွေးလိုက်တာပါ။

    • ဇောက် ထိုး

      July 9, 2012 at 8:15 pm

      အလင်းရောင်တွေရနေသမျှ….အလင်းရောင်တွေ ပြတ်မသွားပဲ ဆက်နေသမျှ..ကျွန်တော်လမ်း မှန်အောင်ကြိုးစားလျှောက်လှမ်းနေနိုင်မယ်လို့ ခံယူးထားပါတယ်…အလင်းဆက်ရေ…
      အလင်းရောင်လေးတော့ ကျွန်တော်ကို ဆက်ပေးနေပါနော်

  • virus

    July 9, 2012 at 6:58 pm

    they’re good teacher. i agree with you too. thanks for your post. it’s worth reading,

    • ဇောက် ထိုး

      July 9, 2012 at 10:05 pm

      virus ရေ… ကျွန်တော်တင်ပြမှုလေးကို လက်ခံပြီး သဘောတူ အမြင်လေးတူပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ လွန်စွာလဲ အားရှိရပါတယ်ဗျာ။

  • Ko out of...

    July 9, 2012 at 7:43 pm

    ကိုဇောက်ထိုးရေးတဲ့ ပိုစ့်တိုင်း မလွတ်တမ်းအားပေးနေပါတယ်.. နာမည်က ဇောက်ထိုးဆိုပေမဲ့ စာက

    အတည့်တွေ၊ အမှန်တွေဘာဘဲ..ဆက်အားပေးနေပါတယ်…

  • ဇောက် ထိုး

    July 9, 2012 at 8:12 pm

    ကိုအောက်ရေ..ခုလိုကြားသိရတာ အထူးဝမ်းသာမိပါတယ်။ ကျွန်တော်ကတော့ အများလက်ခံနိုင်လောက် တာမျိုး…. သို့မဟုတ် စဉ်းစားနိုင်လောက်တာမျိုးကို ကြိုးစားပြီး ရေးပါတယ်ခင်ဗျာ။

  • realman

    July 9, 2012 at 8:56 pm

    ဦးအရိယ (အရိယသစ္စာ) ကတော့ အသောကလက်ထက်ကတည်းကနေ မင်းတုန်းနဲ့ ဦးနုလက်ထက် အဲဒီကနေ ဒီနေ့ မဟနလက်ထက်အထိ ဦးပရမတ်တို့ရဲ့ မတရားသိမ်းပိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဦးအရိယ (အရိယသစ္စာ)ကို ပြန်လည်ဖော်ထုတ်နိုင်ဖို့ လိုပါတယ်။ ဦးအရိယ (အရိယသစ္စာ) မတရားအနိုင်ကျင့်ခံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု . . .
    http://myanmargazette.net/67522/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen

    • ကြောင်လေး

      July 10, 2012 at 6:11 am

      ပေးထားတဲ့ လင့်လေးသွားဖတ်ကြည့်ခဲ့ပါတယ်။ ကိုုလူမှန်ခင်ဗျာ
      (တတိယသင်္ဂါယနာနှင့် စတုတ္ထသင်္ဂါယနာအကြောင်း ဆက်လက်ဖော်ပြပါဦးမည်။)
      အဲဒါလေးဆက်ရေးဖြစ်သေးလား ။ဘယ်လင့်မှာဖတ်လို့ရနိုင်မလဲခင်ဗျ။

      • ဇောက် ထိုး

        July 10, 2012 at 6:53 am

        ကိုကြောင်လေးမေးတာကို သိတဲ့သူရှိရင် ဖြေပေးလိုက်ပါဗျာ

  • မောင်ပေ

    July 9, 2012 at 9:05 pm

    အူးဘဇင်းရေ
    သည်လို မျိုး အရေးအသားလေးတွေ ကို သဘောကျ ကြိုက်မိလို ့အမြဲဖတ်ဖြစ်တာပါ
    အူးဘဇင်းရဲ ့ပို ့စ်က ဘာနဲ ့တူသလဲ ဆိုရင်
    ဆရာတစ်ယောက် က သူ ့တပည့်ကို စာသင်တဲ့နေရာမှာ စိတ်ရှည်လက်ရှည် နဲ ့ လုံးဝ နားလည် မျက်လုံးထဲထိ တန်းမြင်လာအောင် ရှင်းပြ သင်ပေးနေတဲ့အတိုင်းဘဲ ။
    ဥပမာ ဆိုရရင်ဗျာ
    ဆရာမ တစ်ယောက် က သူ ့တပည့်တစ်ယောက် ကို စာသင်တယ်
    “ Is from is air ginger ” ဆိုတာ ကို “ ဖြစ်မှ ဖြစ်ရလေခြင်း ” လို ့မှတ် ဆိုပြီး သင်တယ် ။
    နောက်ဆရာ တစ်ယောက် က ကြတော့ သူ ့တပည့်ကို
    တပည့်ရေ ဒီနေ ့၊ “ ဖြစ်မှဖြစ်ရလေခြင်း ” ဆိုတာကို အင်းဂလိပ် လိုလေး ပြောကြရအောင်ကွဲ ့ဆိုပြီး
    is ဖြစ်
    from မှ
    is ဖြစ်ရ
    air လေ
    ginger ချင်း
    ဆိုပြီး တစ်လုံးခြင်း မြင်လာအောင် သင်သလိုပေါ့ဗျာ ။
    အူးဘဇင်းရေ “““ကောင်းလေစွ”””

    • ဇောက် ထိုး

      July 9, 2012 at 9:19 pm

      ဒို့…ဇောက်ဇောက်တို့ရဲ့ ဦးပေကွ။ ကျေးဇူးတင်ပါတယ် ဦးပေရယ်။ ကျွန်တော့်တို့ဟာ ခုလိုတွေ ရေးသားတင်ပြနေတာတွေဟာ… ငွေအတွက်ကြောင့် မဟုတ်ကြပါဘူး။ နာမည်အတွက်..ကျော်ကြားမှုအတွက်လဲ မဟုတ်ကြပါဘူး။ လူသားအကျိုး တတ်နိုင်သလောက် ပြုနေတာ..ကိုယ်တတ်နိုင်တဲ့ဘက်က ကိုယ်ပြုနေတာလို့ခံယူပြီးတော့ကို တင်ပြနေကြတာပါ။
      ကျွန်တော့်ရင်ထဲမှာ အထူးလက်ခံထားတဲ့အသိတစ်ခုက…ကျွန်တော်တို့ နိုင်ငံတိုးတက်ဖို့..ကျွန်တော်တို့ လူမျိုးလူစဉ်မှီဖို့…ကျွန်တော်ဘာသာ ကမ္ဘာမှာ အကောင်းဆုံးဘာသာဆိုတာ လူတိုင်းကိုလက်ခံနိုင်ဖို့ ဆိုရင် အရေးအကြီးဆုံက ကျွန်တော်တို့ နိုင်ငံက ကျွန်တော်တို့လူမျိုးတွေရဲ့အသိမှာ လိုအပ်တာတွေပြုပြင်ဖို့ဟာ အရေးအကြီးဆုံး……
      အဲဒီ အသိတွေမပြင်နိုင်သမျှ …ဘာမှထူးလာမှာ မဟုတ်ဘူးဆိုတဲ့ အသိကျွန်တော့်ရင်ထဲမှာ အပြည့်အဝ လက်ခံထားလို့ပါဦးပေ။ ဦးပေတို့ဟာ ကျွန်တော့်ကို အားအင်ဖြစ်စေတဲ့ သူတွေလို့ ကျွန်တော်ခံစားနေပါတယ်။ ကျွန်တော့်ကို အားပေပါဦး… ဦးပေ။

  • ဇောက် ထိုး

    July 9, 2012 at 9:09 pm

    realman ရေ…ကျွန်တော် အများကြီးတော့ မပြောတတ်ပါဘူး။
    လူတစ်ယောက် လမ်းပေါ်မှာလျှောက်နေတဲ့အခါ ကိုယ်က လမ်းမှန်ဘက်ကနေ သွားနေပေမယ့်လဲ နောက်ကနေဝင်တိုက်တာမျိုးလဲ ခံရနိုင်ပါတယ်။ ဒါကိုတော့ မတတ်နိုင်လောက်ပါဘူး။ ဒါပေမယ့် ကိုယ်ဟာတိုက်တဲ့သူမဖြစ်ဖို့…ကိုယ်ဟာ လမ်းမှားသူမဖြစ်ဖို့..အရေးကြီးတယ်လို့ ကျွန်တော် ခံယူမိပါတယ်။

    နောက်က တိုက်တဲ့ကိစ္စမှာလဲ.. မူးနေလို့လဲဖြစ်နိုင်ပါတယ်။ သတိလွတ်လို့လဲဖြစ်နိုင်ပါတယ်။ မုန်းလို့ဝင်တိုက်တာလဲ ဖြစ်နိုင်ပါတယ်။ အရှိန်လွန်သွားလို့လဲ ဖြစ်နိုင်ပါတယ်။ မည်သို့ဖြစ်စေ…. အဓိကကတော့ ကိုယ်ဟာ လမ်းမှားဘက်လျှောက်သူမဖြစ်ဖို့သာ အဓိကလို့ယူဆမိပါတယ်ခင်ဗျာ။
    အားပေးတာကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • ဘရားသား

    July 9, 2012 at 9:25 pm

    ကိုယ်နဲ့ ယှဉ် အားလုံး တော်တယ် တတ်ကြပါတယ်
    ကျနော်က ဘာ့ကြောင့် တုန်းနေ ညံ့နေရပါလိမ့်နော်

  • ဇောက် ထိုး

    July 9, 2012 at 10:02 pm

    ဘရားသားရေ…. ကိုယ်ညံ့တာကို ညံ့မှန်းသိရင်.. အဲဒီလူက မညံ့ဘူးတဲ့ဗျ။
    နောက်ကျွန်တော့်ကို ဆရာသမားတစ်ယောက်က ပြောဖူးတယ်ဗျ…
    ကျွန်တော်က မရှိတာထက်.. မသိတာခက်တယ်။
    မသိတာထက် မသိချင်တာခက်တယ်။
    မသိချင်တာထက် သိချင်ယောင်ဆောင်တာက အခက်ဆုံးလို့ ပြောလိုက်တော့ ဆရာသမားက မဟုတ်ဘူးတဲ့။
    အဲဒီ သိချင်ယောင်ဆောင်တဲ့သူထက်… တကယ်မသိဘဲ နဲ့.. သိတယ်လို့ထင်နေတဲ့သူတွေက အခက်ဆုံးတဲ့…. အကျယ်ကိုတော့ စဉ်းစားတော့ဗျာ….
    ကျွန်တော်တော့ သိပ်ကြိုက်တာပဲ။ အမှတ်ရတဲ့နေ့တော့ ပို့စ်တစ်ခုရေးဦးမယ်။

  • tharli kar

    July 9, 2012 at 10:04 pm

    ကျေးဇူးအထူးတင်စရာပါ…ကိုဇောက်ထိုး….
    ဘယ်အရာကို ယုံကြည်ရာလို့ သဲသဲကွဲကွဲမြင်အောင်ရှင်းပြနိုင်ပါပေတယ်။

    • ဇောက် ထိုး

      July 10, 2012 at 6:39 am

      tharli har ရေ.. ပထမ မှန်မှန်သိမြင်ဖို့ဟာ နံပါတ် ၁=အရေးအကြီးဆုံးပါ။
      အမှန်ကိုသိသွားပြီဆိုရင် အဲဒီအသိလေးကို ပွားနေဖို့ပါပဲ။
      ပွားနေရင် အဲဒီအသိလေးများလာမှာပါပဲ။
      အဲဒီများလာတဲ့ အသိက လူကိုထိန်းကျောင်းသွားလိမ့်လို့ယုံကြည်ပါတယ်။

    • ဇောက် ထိုး

      July 10, 2012 at 6:41 am

      ကိုအချစ်နဲ့ကိုအနှစ်ရေ…အားလုံးတော့ သူ့ရှုဒေါင့်နဲ့သူ မှန်ကြပါတယ်ဗျာ…
      ကျွန်တော်ပြောချင်တာက….
      လူသားကို အကျိုးပြုတဲ့ အမှန်တရားလား…….ဆိုတာကို ခွဲခြားကြည့်ကြဖို့ပါ။ နေကောင်းတယ်နော်..

  • ashinariya

    July 9, 2012 at 10:49 pm

    ကိုဇောက်ထိုးရဲ့ဆရာတွေထဲက တစ်ဦးဖြစ်တဲ့ ဦးအရိယနဲ့ တူသလား၊ မတူသလားတော့ မသိဘူး . . . ။
    ညွှန်ပေးလိုက်ချင်တာကတော့ ကျုပ်သိတဲ့ ဦးအရိယဖြစ်တဲ့ ဗုဒ္ဓရဲ့အရိယသစ္စာဆိုတဲ့ http://www.ariyathitsa.org မှာ ဖော်ပြထားတဲ့ အရိယသစ္စာ တရားဓမ္မတွေပါ။
    . . . . . . . အရိယသစ္စာကို ဦးထိပ်ထားတဲ့ အရှင်အရိယ . . .။

  • ဇောက် ထိုး

    July 10, 2012 at 6:49 am

    အော်…ရွာဦးကျောင်းဆရာတော်ပါလား….ဆရာတော်ကျန်းမာပါတယ်နော်ဘုရား။
    တပြည့်တော်မှာ လိုအပ်တာရှိရင် ဆုံးမပြုပြင်နိုင်ပါတယ်ဘုရား…ကပ္ပိယကိုသာဂိတော့တွေ့တယ်ဘုရား..
    ဆရာတော် မတွေ့မိလို့ပါဘုရား…ဆရာတော် လိုအပ်တာရှိရင် မိန့်ပါဘုရား။ မလိုအပ်ဘဲနှင့်တော့လဲ မမိန့်ပါနဲ့ဘုရား။

  • thihayarzar

    July 10, 2012 at 7:23 am

    တောထွက်တော့မယ် လူ့ဘဝက သိပ်ရှုပ်တယ် ကိုဇောက်ထိုးရေးတဲ့စာများကိုဖတ်ပြီး လူတစ်ယောက်ပါးသွားပါတယ် … နားလည်နိုင်ဖို့ခက်ခဲပါတယ် နားလည်အောင်ကြိုးစားနေဆဲပါ တစ်ခြားဘာသာတွေထက် ကျွန်တော်တို့ ဗုဒ္ဓဘာသာက နားလည်ရခက်ခဲပြီး လေ့လာရတာလည်း အချိန်ပိုပေးရတယ် တော်ရုံတန်ရုံ လေ့လာကြိုးစားအားထုက်ရုံနဲ့ မသိနိုင်ဘူး … မြတ်စွာဘုရားလေးအင်္သချေနှင့် ကမာ္ဘတစ်သိန်း ပါရမီဖြည့်ကျင့်ပြီး လူတွေ လမ်းမှန်ရောက်အောင် ဟောကြားပြသခဲ့တာ အသိလေးတစ်ထွာတစ်မိုက်လောက်နဲ့ မရနိုင်ဘူး … နောင်ဘဝမှာပါ ဆက်လက်လေ့လာ ပါဦးမယ် … ဗုဒ္ဓဘာသာဖြစ်ရတာ ဂုဏ်ယူပါတယ် … သေသိတိုင်အောင် မစွန့်လွှက်ပါဘူး..

    • ဇောက် ထိုး

      July 10, 2012 at 12:01 pm

      အဲ………..ကျွန်တော့်စာတွေဖတ်ပြီး လူတစ်ယောက်ပါသွားတယ်ဆိုတာ ဘယ်သူ ဘာများပါသွားတာကို ဆိုတာလဲ ကျွန်တော်မသိပါဘူးခင်ဗျာ။
      ကျွန်တော့်မှာ တာဝန်ရှိရင် တောင်းပန်ပါတယ်။
      ကျွန်တော်လဲ ဗုဒ္ဓဘာသာဖြစ်ရတာ ဂုဏ်ယူမိပါတယ်။ ဂုဏ်ယူတာမှ သူများတွေထက်ကို ပိုပြီး ဂုဏ်ယူမိတယ်လို့ကို ခံစားရပါတယ်။ ကျွန်တော် ဘုရားကို တွေ့မြင်ရအောင် အထူးကျိုးစားပါတယ်။ ကျွန်တော် တတ်နိုင်သလောက်ပေါ့။
      ကျွန်တော်ဘုရားကို ယုံကြည်သူ တစ်ယောက်အဖြစ်ကနေ.. ဘုရားကို သိမြင်သူတစ်ယောက်ဖြစ်ဖို့ ကျိုးစားနေတာပါ။

      ကျွန်တော်လဲ သေတဲ့အထိ ဗုဒ္ဓဘာသာကိုမစွန့်ပါဘူး။ စွန့်ကြတယ်ဆိုတာက ယုံကြည်မှုနဲ့ကိုးကွယ်သူတွေက .. မယုံကြည်တဲ့အခါ စွန့်တာမျိုးပါ။
      သိမြင်တဲ့သူတွေကျတော့… စွန်လို့မရတော့ပါဘူး။

      ဥပမာ..သိပ်ဆင်းရဲတဲ့ဗုဒ္ဓဘာသာတစ်ဦးဆိုပါစို့… သူဟာ တကယ်သာ ဗုဒ္ဓရဲ့တရားတွေကိုသိမြင်ရရှိနေပြီး(သောတာပန်)နေမယ်ဆိုရင်.. ဘယ်လောက်ဆင်းရဲဆင်းရဲ..ဘယ်သူက ငွေပေးပြီးဗုဒ္ဓဘာသာကိုစွန့်လွတ်ခိုင်းစွန့်လွတ်ခိုင်းစွတ်လွတ်မှာ မဟုတ်ပါဘူး။
      အကြောင်းကြောင်းသော အကြောင်းတွေကြောင့် စွန့်လွတ်ပါတယ်လို့ ပြောလိုက်ရတယ်ဆိုရင်တောင် သူ့ရင်ထဲကတော့ စွန့်မရပါဘူး။ ဘာကြောင့်လဲဆိုရင် …သူဟာ ဗုဒ္ဓတရားကို ယုံကြည်သူမဟုတ်ဘဲ သိမြင်နေသူဖြစ်လို့ပါ.. ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • kyeemite

    July 10, 2012 at 10:17 am

    ငါဇောက်ထိုးဟာ… ကောင်းတဲ့သူလား.. မကောင်းတဲ့သူလား..ကောင်းတာတွေ ပြုလုပ် ပြောဆို ကြံစည်နေသူလား… မကောင်းတာတွေများ ပြုလုပ် ပြောဆို ကြံစည်နေသူလား ဆိုပြီး ကိုယ့်ကိုယ်ကို မြင်အောင် သတိထားပြီး ကျွန်တော် ရှုပွားနေရမလား….
    ကျုပ်ကတော့ အဲဒီလို ကိုယ့်ကိုယ်ကို သုံးသပ်လေ့ရှိပါတယ်…

    • ဇောက် ထိုး

      July 10, 2012 at 11:52 am

      ကျေးဇူးတင်ပါတယ်…kyeemite ရေ.. အဲဒီလိုရှုပွားနေရာကနေ…တဖြည်းဖြည်း ကိုယ့်ကိုယ်ကို သတိပြုမိရာကနေ ကိုယ်ဟာ ကောင်းတာတွေချည်းလုပ်သူ ပြောသူ ဖြစ်လာမှာပါ။
      အဲဒီလိုဖြစ်ရင် လူကောင်းဖြစ်သွားမှာပေါ့…
      လူကောင်းတွေ နေတဲ့နိုင်ငံဖြစ်သွားမှာပေါ့။ ကျေးဇူးနော်

  • mamanoyar

    July 10, 2012 at 10:26 am

    ဦးဇောက်ရဲ့စာတွေက အရမ်းကို တွေးရပါတယ်
    ဟီးးးးးးးး ကလေးဆိုတော့ တွေးလေ ရှုပ်လေ ဖြစ်ကုန်ပြီ
    ဒါပေမယ့် မှတ်ပြီး သေချာ တွေးကြည့်ဦးမှာပါ

    • ဇောက် ထိုး

      July 10, 2012 at 11:47 am

      မမနိုရာရေ…ဝင်ရောက်အားပေးတာ ကျေးဇူးပါ။

      စာတွေက သိပ်နက်လို့ တွေးရတာ..ရှုပ်တာ မဟုတ်လောက်ပါဘူး။ ဦးဇောက်ရဲ့စာတွေက လူတွေသာမန်စဉ်းစား နိုင်တဲ့ အကြောင်းအရာလေးတွေပါ။

      စဉ်းစားတဲ့အခါ လေးလေးသွားတာက.. ကွန်ပြူတာ ဥပမာလေးပေးရရင်တော့ အရင်မှတ်ထားတာတွေက များနေလို့ ဖြစ်မယ်ထင်ပါတယ်။

      အသစ်လေးတွေကိုသာ ပြောရရင် အလွန်ကိုလွယ်ကူပြီး သာမန်သိနိုင်တာလေးတွေချည်းပါ။

  • ရှင်းသန့် နွယ်

    July 10, 2012 at 10:43 am

    ငါဇောက်ထိုးဟာ… ကောင်းတဲ့သူလား.. မကောင်းတဲ့သူလား..ကောင်းတာတွေ ပြုလုပ် ပြောဆို ကြံစည်နေသူလား…
    မကောင်းတာတွေများ ပြုလုပ် ပြောဆို ကြံစည်နေသူလား ဆိုပြီး ကိုယ့်ကိုယ်ကို မြင်အောင် သတိထားပြီးရှုပွားနေတာက
    ကောင်းမယ်ထင်ပါတယ်…..ရှင်းသန့်ရဲ့အမြင်ပြောပြတာပါ ဟုတ်ချင်မှလဲဟုတ်မှာပေါ့နော်…
    (လူတော်ဖို့လဲ လိုသလို လူကောင်းဖို့က ပိုအရေးကြီးတယ်)…. အဲဒီစာသားလေးကိုအရမ်းသဘောကျပါတယ်
    ခုလို အသိတရားတွေတိုးပွားစေတဲ့အတွက် အရမ်းပဲကျေးဇူးပါတယ် အန်ကယ်ဇောက်ရေ………..

  • ဇောက် ထိုး

    July 10, 2012 at 11:43 am

    လူတော်ဖို့ဆိုရင်တော့ လောကရဲ့နာမည်တွေ အမျိုးအမည်တွေ..တတ်အောင် သိအောင် လေ့လာရလိမ့်မယ်။

    လူကောင်းဖို့ဆိုရင်တော့လဲ….လူ့ရဲ့လုပ်ဆောင်ချက်တွေကို သိအောင်လေ့လာရလိမ့်မယ်။ ရှင်းသန့်နွယ်ရေ။

    ခုလိုဝေဘန်ပေးတာ ကျေးဇူးပါ။

  • Nyein Nyein

    July 10, 2012 at 12:55 pm

    လေးဇောက်ရေ…………. အတွေးတွေကော၊ မှတ်သားစရာတွေကော ပေးတဲ့အတွက် ကျေးဇူးပါနော်။ လူတော်လူကောင်းဆိုတာလေးကို ခွဲပြီးရှင်းပြပေးတဲ့အတွက်လည်း ကျေးကျေးပါ။ အခုချိန်မှာက လူတော်တွေတော့ ရှိပါတယ်။ လူကောင်းတွေတော့ သိပ်မတွေ့သလိုပါပဲ။ လေးဇောက်ပြောသလိုပဲ လူကောင်းဖို့ဆိုရင်တော့လဲ…… လူ့ရဲ့လုပ်ဆောင်ချက်တွေကို သိအောင်လေ့လာရမယ်ဆိုတော့ကား ………. လုပ်ဆောင်ချက်တွေကို ကြည့်ရုံနဲ့ လူကောင်းလို့
    လုံးဝ သတ်မှတ်လို့ရပြီလား။ တစ်ချို့တွေက လုပ်ဆောင်ချက်ကောင်းကောင်းလေးတွေတော့ လုပ်ပါရဲ့။ အပြင်ပန်း လူအထင်ကြီးအောင်သာ လုပ်တာမျိုးတွေလည်း ရှိသေးတယ်။ ကာလကြာရှည်ရင်တော့ သိနိုင်မယ်ထင်တယ်နော်။ ရည်ရွယ်ချက်ကော၊ လုပ်ဆောင်ချက်ကော နှစ်ခုလုံးကောင်းဖို့လည်း လိုမယ်ထင်ပါတယ်။ ငြိမ်းရဲ့ အထင်လေးပါနော်။ လွဲနေတာရှိရင်လည်း ပြောပြပေးကြပါဦး။

  • ဇောက် ထိုး

    July 10, 2012 at 2:09 pm

    မငြိမ်းရေ…ရည်ရွယ်ချက်ကောင်းမဟုတ်တဲ့….လုပ်ဆောင်ချက်ကောင်းကို (ဟန်ဆောင်ကောင်းပြတာကို) …လုပ်ဆောင်ချက်ကောင်းလို့ ပြောဖို့ခက်ပါမယ်။
    ရည်ရွယ်ချက်ရော..လုပ်ဆောင်ချက်ရော မှန်ကန်တဲ့လုပ်ရပ်မှသာ လုပ်ဆောင်ချက်ကောင်းလို့ဆိုပါမယ့်။
    ရည်ရွယ်ချက်က ပိုပြီးတောင် အရေးကြီးလိမ့်မယ်လို့ထင်ပါတယ်။

  • ဇောက် ထိုး

    July 10, 2012 at 5:51 pm

    ဒီနေ့တော့ ဘာတွေဖြစ်မှန်းမသိဘူး….နီလိုက် စိမ်းလိုက်တွေ ခဏခဏလဲပြောင်းနေတယ်။ တခါတလေကြည့်နေရင်းကို ပြောင်းနေသလိုပဲ။ ဟီးးးးးးးးးးးးးးးးး ..
    ဘယ်သူတွေက ဘာတွေများလုပ်နေလဲ သိဘူးနော်…….

Leave a Reply