ကျနော်နှင့် ဒူပေတာပေ လူစားများ
ဒူပေတာပေ.
♣ ဟုတ်ကဲ့….။ကျနော်ပြောတဲ့ ဒူပေတာပေ ဆိုတဲ့ အခေါ်အဝေါ်နဲ ့ ပတ်သတ်လို ့ ကျနော့်ဘာသာ အနတ် ပြန်ကြည့်တာ
အကြမ်းခံခြင်း၊ အသုံးခံခြင်း၊ ကြာရှည်ခံနိုင်ရည်ရှိခြင်း၊ သန်မာခြင်း၊ စတဲ့ အဓိပ္ပါယ်တွေနဲ ့ ပြည့်လို ့နေပါတယ်။
ဝတ္ထုပစ္စည်းတစ်ခုနဲ ့ ဥပမာပေးပြပါဆိုရင် – တန်ဖိုးညီ Touch Screen အမျိုးစား ဖုန်းနှစ်လုံးကို မြေပြင်ညီ ကြမ်းခင်းသို ့ ပစ်ချလိုက်တဲ့အခါ ဖုန်းနှစ်လုံးစလုံး ကွဲအက်၊ ပွန်းပဲ့ သွားတာခြင်း အတူတူ အကောင်းတိုင်း ဆက်သုံးလို ့ရနေမဲ့ ဖုန်းက ဒူပေတာပေ ခံတဲ့ ဖုန်းဟု ဆိုရမှာဖြစ်ပါတယ်။
အဲဒီ ဒူပေတာပေဆိုတဲ့ အသုံးနှုန်း ဘယ်အချိန်ကတည်းက စတင်ခေါ်ဝေါ်ခဲ့မှန်းမသိပေမဲ့ ကျနော့်ပတ်ဝန်းကျင်ကလူတွေ အလျင်းသင့်သလို ခိုင်းနှိုင်း ခေါ်တွင်ခဲ့ကြလို ့ ကျနော် သတိထားမိခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးတော့….
အောက်မှာ ကျနော်ပြောချင်တဲ့ အကြောင်းလေးတွေဟာလည်း ဒူပေတာပေ ဆိုတဲ့ ဝိသေသလေးနဲ ့ ခိုင်းနှိုင်းပြမှသာ
ပြည့်စုံ မြင်သာမှာမိုလို ့အနည်းငယ် ရှင်းပြနေတာလဲ ဖြစ်ပါတယ်ခင်ဗျား။
ဆက်ရလျင်….
♣ တစ်နေကုန် မိုးအဆက်မပြတ် ရွနေတဲ့တစ်နေ ့၊ ကျနော် အလုပ်မှ အပြန်ကားစီးဖို ့ ကားဂိတ်မှာ
စောင့်နေတုန်း အလုပ်သမားတစ်ဖွဲ ့ထမင်းချိုင့်လေးတွေ ကိုယ်စီဆွဲလို ့ အပြန်စီးဖို ့ကား လာစောင့်တာနဲ ့ကြုံပါတယ်။
သူတို ့ကြည့်ရတာ ပန်းရံ အဖွဲ ့သားတွေ ဖြစ်ဟန်တူပါတယ်။
မိုး တစက်စက် ရွာနေတာတောင် တစ်ဖွဲ ့လုံး ထီးတစ်ချောင်းတလေတောင် မပါကြတာလဲ သတိထားမိပါတယ်။
ဆက်ပြီး မသိမသာ အကဲခတ်ကြည့်တော့ တစ်ဖွဲ ့လုံး ဂိုက်ဂိုက် တုန်အောင် ချမ်းနေကြတာတွေ ့မိပါရောဗျာ။
သိတဲ့အတိုင်း ပန်းရံအလုပ် ဆိုတော့လဲ အရိပ်ထဲ၊ အမိုးအောက်ထဲ လုပ်ရတာမဟုတ်၊ မိုးရွာရွာ၊ နေပူပူ ထဲမှာ
မဆလာသယ်၊ အုတ်သယ်၊ သံချောင်းထမ်း၊ ဘိလပ်မြေထမ်း စတဲ့အလုပ်တွေကို စံချိန်စံညွှန်းမမီတဲ့ အစားအစာတွေနဲ ့
ခွန်အားအဖြစ် သွတ်သွင်း စားသုံးပြီး ဝမ်းစာရှာကြသူတွေ အများစုဖြစ်ကြတယ်လေး ။
ကိုယ်စီရွှဲစိုနေကြပြီး တဂတ်ဂတ်နဲ ့ အပေါ်သွား အောက်သွား ကြိတ်သံ ညံနေကြသော သူတို ့အဖွဲ ့ကြည့်ပြီး
အတော်လေး ဒူပေတာပေ ခံနိုင်ကြသူများပါ တကားလို ့ ကျနော် မှတ်ချက်ပြုမိလိုက်ပါတယ်။
ကျနော် မိုးလေးနဲနဲစိုမိရင် နှာစေးဖို ့ပြင်တော့မယ်၊ နေပူထဲ ထီးမပါပဲ သွားမိရင် ခေါင်းကိုက်တော့မယ်၊ သူတို ့လို တစ်နေကုန် ပူလိုက်စိုလိုက် ခံရမယ် ဆိုလျင်………
စဉ်းစားရင်း ကျနော်ဆောင်းထားတဲ့ထီးက ကျနော့်ကို လှောင်ပြောင် အထင်သေးပြနေသယောင် ခံစားမိနေပါတော့တယ်။
____________________________________________________________
♣ ဘာလိုလိုနဲ ့ ကျနော့်အဘိုး ( အဖေ့ ဖခင် ) ဆုံးခဲ့တာ သုံးနှစ်ပြည့်တော့မယ်။
အသက် ၇ဝ မှာ ဆုံးခဲ့တာလေ။
ပင်စင်ယူပြီးနောက်ပိုင်း သားသမီးလုပ်စာ ထိုင်စားရင်း ကျန်းမာရေးလဲ အထူး ဂရုစိုက်ရင်း လူကြီးရောဂါနဲ ့ ဆုံးပါးသွားခဲ့တာပေါ့။
ကျန်းမာရေး ဂရုစိုက် ဆိုလို ့ အတော်လဲ ဂရုစိုက်သူဖြစ်ပါတယ်။
မနက်ဆို နို ့ဆန်ပြုတ်၊ ငှက်ပျော်သီးဖီးကြမ်းတစ်လုံး၊ နွားနို ့တစ်ခွက် ၊ကြက်ဥ ။
နေ ့လည်ဆို ထမင်းအနည်းငယ်၊အသားဆို ငါးဟင်းပဲ စားတယ်၊ နို ့တစ်ခွက်နဲ ့ ငှက်ပျောသီး တစ်လုံး။
ညဆိုလည်း နို ့ဆန်ပြုတ်၊နွားနို ့၊ ဝမ်းပျော့ဆေး အပါအဝင် လိုအပ်တဲ့ ဆေးဝါး အပြည့်အစုံ မှီဝဲတယ်။
သူ ့ကိုယ်သူလဲ ဂရုစိုက်သလို သူ ့ကို ဂရုမစိုက်ရင်လဲ ဆူပါသေးတယ်။
တစ်ခါ နေ ့လည်စာအပြီး နို ့တစ်ခွက် ပို ့ပေးတာ နောက်ကျလို ့ ပွစိပွစိ လုပ်နေတာ မပြီးတော့ဘူးဗျာ။
မိသားစု ဆရာဝန်ကလဲ ပုံမှန် သွေးပေါင်ချိန်၊ ဟိုစမ်း ဒီစမ်း အမြဲရှိပါတယ်။
ပြီးတော့….အဘိုးက ဆေးလိပ်၊ ကွမ်း၊ အရက် တစ်ခုမှ မသုံးစွဲခဲ့ဘူး။ ဒါပေမဲ့လည်း ခုတော့…ဆုံးခဲ့ရှာပြီလေ။
အဘိုးနဲ ့ယှဉ်လို ့ ရွာက အဘွား( အမေ့ အဒေါ် )ကို သွားသတိရမိတယ်။သူ ့ခမျာ အပျိုကြီး၊ သားသမီးမရှိ၊မြို ့က တူတွေ တူမတွေက တစ်ခါတလေ သွားလည်မှ စည်စည်ကားကား ပြုစုချက်ကျွေးတာ ခံရတယ်။
သူတစ်ယောက်ထဲ ဆိုလျင် ငါးပိရေနဲ ့ တို ့စရာပဲ စားတယ်၊တစ်ခါတလေမှ ဘဲဥ စားတယ်။ အဲထက်ပိုတစ်ခါတလေမှ အသားငါးစားတယ်။ ကပ်စေးနဲတာကိုး။
ကျန်းမာရေးကတော့ ဖျားတာနာတာ ရှိလာတဲ့အခါ ဟိုစမ်းဒီစမ်း လုပ်မဲ့ မိသားစု ဆရာဝန်မရှိ၊ ကွမ်းရွက်ပုံဆေးတစ်ထုပ်နဲ ့ ရေနွေးပူပူနဲ ့ ဖျောပြီး ချွေးထုတ်ပလိုက်တာပဲ။
အစားနည်းနည်းနဲ ့ အလုပ်များများ လုပ်နိုင်သူဆိုလဲမမှားဘူး။
ကိုယ်တိုင် ထင်းခွဲ၊ ဝယ်ခြမ်း၊ ချက်ပြုတ်၊ လျှော်ဖွတ် အကုန်လုပ်။
အဲဒီကြားထဲ တစ်ပတ်တစ်ခါ ညနေစာ အငတ်ခံပြီး ဥပုဿ်တောင် စောင့်လိုက်သေးသဗျာ။
အဲကွန်း မရှိ၊ ပန်ကာမရှိ၊ လျှပ်စစ်မီးမလို၊ အမျိုးတွေ လာဂရုမစိုက်လို ့လဲ ပွစိပွစိ မလုပ်။
သူ ့အလုပ်က အငှားချထားတဲ့ လယ်ကွက်က ဝင်ငွေလေးကိုစု၊ ဘုရားလှူ၊ ငါးပိရည် တို ့စရာနဲ ့စား
ပိုငွေကို ဝါးကျည်တောက် စုဗူးထဲ ထည့် ၊ ကိုယ့်ဝန်ကိုယ်ထမ်းလို ့ တစ်ခါတလေ ဒေသထွက် အစားအစာလေးတွေတောင် ပို ့ပေးလိုက်သေးတယ်။ ဒူပေတာပေ ခံလိုက်ပုံများ ပြောပါတယ်…။
အဲအဲ..
အဘိုးနဲ ့အသက်တူ အဲဒီဘွားဒေါ်က အဘိုးရဲ့ ရက်လည်ကို လာရင်း မြို ့က ဆွေမျိုးတွေဆီ တစ်အိမ်မကျန် ပတ်လည်ချင်တဲ့အကြောင်း လူကျုံ ပါးလိုက်လေရဲ့ဗျာ။
_________________________________________________________
♣ ကိုယ့်ကိုယ်ကို ညှာလွန်း၊ ဂရုစိုက်လွန်းသော အဘိုးနဲ ့ အကြမ်းခံနိုင်သော တောကအဘွား အဖြစ်ကို ပြန်စဉ်းစားမိတဲ့အခါ၊ ဦးနှောက် အတော်ခြောက်ရပါတယ်။
ပန်းရံသမားအဖွဲ ့နဲ ့ လမ်းဘေး အမှိုက်ပုံက အစားအစာတွေစားပြီး ရှင်သန်နေတဲ့ လူငယ်တွေ၊
ဆိုက်ကားသမားတို ့၊ စိတ်မနှံ ့သူတို ့ စတဲ့လူတွေ မိုးရွာရွာ၊ နေပူပူ စားချင်ရာစား၊ သွားချင်ရာသွားနေနိုင်ကြတာလည်း အတော်လေး အံ့ဩ ဦးနှောက် ခြောက်စေပါတယ်။
တော်ယုံတန်ယုံ ဘာမှမဖြစ်ကြတဲ့ ဒူပေတာပေခံ ပုဂိ္ဂုလ် အမျိုးအစားတွေလဲ ဖြစ်ပါတယ်။
ကျနော်ကိုယ်တိုင်လဲ ပန်းရံသမားတို ့လို၊ တောက ဘွားဒေါ်တို ့လို၊ ဒူပေတာပေခံနိုင်သူ ဖြစ်ခဲ့ဖူးပါတယ်။
မိုးရွာရွာ၊ နေပူပူ ကိုယ့်ဝမ်း ကိုယ်ရှာစားခဲ့ရ၏။ သူများတွေ ဖျားလို ့ ကိုယ် မဖျားရဲ့ ။
ထိခိုက်ဒဏ်ရာရလို ့ ဆေးကုစရာမရှိ၊ မတော်တဆ ဒဏ်ရာတစ်ခုခုရရင် အလိုလို ပြုပြင် ကုသပေးတဲ့ ခန္ဓာကိုယ်တွင်းက ဇီဝစနစ်ကိုသာ အားကိုးခဲ့ရ၏.။ တော်ယုံတန်ရုံ ဆေးခန်းမသွား၊ ဆေးရုံမတတ် (တက်ဖို ့အစီအစဉ်မရှိသလို တစ်ခါမှလဲ မတက်ခဲ့ဖူး) ၊ ငွေကြေးလဲ မချမ်းသာ၊ ဗီတာမင်တွေ အာဟာရတွေလဲ စိတ်မဝင်စားနိုင် ။
တဂွီဂွီ မြည်နေတဲ့ ဗိုက်ကို တစ်ခုခုထည့်ပြီး ရေသောက်လိုက်ရင် ပြည့်စုံ ကျေနပ်လှနေပြီ။
အခုကျတော့ အရင်လို မဟုတ်တော့။
အလုပ်ကလေး ရလာပြီး သောက်ဖို ့စားဖို ့လေး ရှာနိုင်လာတာ့ ဖင်ဂေါင်း ကျယ်ချင်လာပြီ။
ဟိုဟာ မပါရင် မစားချင်၊ ဟိုတံဆိပ်မဟုတ်ရင် မသောက်ချင်၊ နေပူရင် ဘာဖြစ်တယ်..မိုးရွာရင် မလုပ်ဘူး ဆိုပြီး
နဲနဲများ ပင်ပန်းရင် ဖျားချင်သလိုလို ခေါင်းကိုက်ချင်သလိုလိုနဲ ့ ဒူပေတာပေ ဘဝကို မေ့ပြီး ဖင်ဂေါင်းကျယ်ချင်နေပြီဖြစ်၏.။ ဘဝမေ့ချင်နေတဲ့ ကျနော့်ကိုယ် ကျနော် မကျေနပ်ချင်။
ကျနော့်ကိုယ်ကျနော် လူတစ်ယောက်အနေနဲ ့ ဒူပေတာပေခံနိုင်ရမည်၊ ဂရုစိုက်လွန်း၊ နုနေလွန်းလို ့မဖြစ်ဘူး ဆိုပြီး သတိပေးနေမိတယ်။ဒါမှ ဘယ်ဘဝရောက်ရောက် ဘယ်အဆင့်ရောက်ရောက် ဒူပေတာပေ ကျပြီးသား လူတစ်ယောက်အနေနဲ ့ လိုက်လျောညီထွေစွာ နေနိုင်ဖို ့ အသင့်ရှိနေမယ်လို ့လဲ ယုံကြည်နေမိပါတော့တယ်ခင်ဗျား ။ ။
55 comments
ကြောင်လေး
July 15, 2012 at 8:20 pm
ဒူပေတာပေခံနိုင်အောင် အစကနေ ပြန်ပြီးနဲနဲခြင်း ကျင့်ယူလိုက်ပေါ့ စိန်ဗိုက်ဗိုက်ရဲ့…..
စိန်ဗိုက်ဗိုက်
July 16, 2012 at 11:53 am
မောင်ရင် ကြောင်လေးရေ..
မောင်ရင့်ကို ကနဦး စာဖတ်သူအဖြစ် ကျေးဇူးတင်ကြောင်းပြောပါရစေကွယ်..
😀
Credit @ ttnu
pooch
July 16, 2012 at 12:14 pm
ဆိုတော့ နောက်မှဖတ်တဲ့စာဖတ်သူတွေကို ကျေးဇူးမတင်ဘူးလို့ ဆိုချင်တာလား ဗိုက်ဗိုက် 😀
အိမ်ကတော့ ငါ့ကိုပြောရှာတယ် ။ ဒီလို ရောဂါဘယထူပြောပုံနဲ့ဆို နောက် ၁ဝ နှစ်လောက် အသက်ရှည်ရင်ပဲ ကံကောင်းတဲ့ ။ အားပေးကြတာ။ 🙁
စိန်ဗိုက်ဗိုက်
July 16, 2012 at 12:21 pm
တီချယ်ကြီးခင်ည
နောက်မှ လာအားပေးတဲ့လူဒွေကို ဘိုပြောလိုက်ရမလဲခင်ည
အန်တီပူးချ် ခည
ဆယ်နှစ်ဆိုလဲ မနဲပါဘူးဗျ
😀
Moe Z
July 16, 2012 at 12:31 pm
နောက်ကျမှဖတ်ပြီး ထိပ်ဆုံးနားမှာမန့်သွားပါတယ်ဒေါ်စိန်ပေါက်
စကားမစပ် အကြွေးဆပ်ဦးနော..
မောင်ပေ
July 15, 2012 at 8:41 pm
မနက်မိုးလင်း ရေချိုးမျက်နှာသစ်ပြီးရင် ဘရိတ်ဖက်စ်လေး နဲ ့တီး+စီးကရက်လေး ကစ်လိုက်ရမှ
အလုပ်သွားရင် ကောင်းတဲ့လမ်းက သွားရမှ
အလုပ်ရောက်ရင် ရစ်တဲ့ကပ်စတမ်မာတွေနဲ ့မတိုးရမှ
နေ ့လည်စာစားရင် ဟင်းလေးကောင်းမှ
နေ ့လည်အလုပ်ထဲမှာ တစ်ရေးလောက် ခိုးအိပ်ရမှ
ညနေအလုပ်သိမ်းရင် ရေလေးချိုးလိုက်ရမှ
ရေချိုးပြီးရင် စကီအလန်းလေးဘာလေးနဲ ့တွေ ့လိုက်ရမှ
ညမအိပ်ခင် ဘီယာလေး၂ခွက်လောက် ကစ်လိုက်ရမှ
ပုံ
ပေဒူပေတာ
မောင်ပေ
July 15, 2012 at 8:42 pm
အီရေးပေါက်သည် ယခုပို ့စ်ပိုင်ရှင်
ပေါက်ဖော်ကီး ရဲ ့ရေးပေါက် ဖြစ်သီ
စိန်ဗိုက်ဗိုက်
July 16, 2012 at 11:57 am
လေးကျပ် ချီးမြင့်ပေးတဲ့အတွက် ကျေးဇူးပါ ဒူပေတာပေမောင်ပေ ခင်ဗျား..
ပိုက်ဆံကောက်ရရင် ဘီအီးတိုက်ပါ့မယ်
🙂
may flowers
July 15, 2012 at 8:43 pm
ကို စိတ်ဗိုက်ရေ ဖတ်သွားပါတယ်..ကိုစိန်ဗိုက်ရဲ့ ဒီပိုစ့်လေးကိုဖတ်ပြီး အင်းးးးးးးးးးးးးးးးးး
ကျွန်မလည်း ဒူပေတာပေခံနိုင်အောင်ပြန်ပြီး လေ့ကျင့်ရတော့မလိုလို အတွေးတွေဝင်လာမိပါရဲ့..။
စိန်ဗိုက်ဗိုက်
July 16, 2012 at 12:01 pm
ကိုမေဖလားဝါးနဲ ့ ဒေါ်မဟာရာဇာတုံး ခင်ဗျား..
ကျော့်ကိုယ်ကျော် စောင်းပြီးရေးထားတာပါ
ဘူ ့ကိုမှ ရည်ရွယ်ပါဘူးနော်..
တိုက်ဆိုင်မှုရှိရင် ဘီအီးတိုက် အဲလေ…ခွလွတ်ပါနော်..
ကျေးကျေးပါ
မဟာရာဇာ အံစာတုံး
July 15, 2012 at 8:51 pm
ကိုပေါက်ဖော်ရေ …
ကျနော့်ကိုများ စောင်းပြီး ရေးလိုက်လေသလားလို့တောင်
ထင်မိသွားပါတယ် .. 😀
ဟုတ်တယ်ဗျ …
ကျနော်လည်း တူတူပဲလို့ ပြောရမယ်ဗျ …
အရင်က ဖျားချင်သလိုလို ဖြစ်လာရင် ငါ မဖျားဘူးကွ ဆိုပြီး အားတင်းနိုင်ခဲ့ပေမယ့် ..
ခုတော့ .. အဟဲ …
အလုပ်လေးကလည်း ရ ..
လက်ထဲ ငွေလေးကလည်း ရှိဆိုတော့ ..
တစ်ခါတစ်လေ ပြင်းဖျား ဖျားချင်ပြီး ငွေရတဲ့ အလုပ်ကိုတောင် မသွားချင်အောင်ပါပဲဗျာ ..
အဲ့ဒီလို စိတ်ဓါတ်ကို ဆုံးမရမယ်ဗျို့ …..
အရီးခင်လတ်
July 15, 2012 at 8:54 pm
မောင်ဗိုက်
ဖတ်ရတာ မိုက်သကွာ။
အရီး လဲ ဒူပေတာပေ အမျိုးအစား ကို အလွန်ကြိုက်တယ်။
အဲလို
ဒူပေတာပေ ဖြစ်အောင် နေရင်း
ဒူပေတာပေ ဖြစ်သွားတော့
ဒူပေတာပေ ခံနိုင်သွား တဲ့
ဒူပေတာပေ အဖွားကြီး က
ဒူပေတာပေ အလုပ်တွေ ကို
ဒူပေတာပေ နဲ့ လုပ်နေ ရင်း
ဒူပေတာပေ စာ တွေကို ရေးနေတဲ့
ဒူပေတာပေ ရွာထဲက
ဒူပေတာပေ စာဖတ်ပိတ်သတ် ပေါ့ကွယ်။
အဟတ်။ 😆
စိန်ဗိုက်ဗိုက်
July 16, 2012 at 12:06 pm
ဖိုးစတား အရီးခင်လတ် ခင်ဗျား…
ခုတလော ချောင်းသံ အတော်ကြားနေရပေမင့် ဒူပေဒါပေ ကျတယ်ဆိုလို ့..စိုးရိမ်ဖွယ်မရှိဟု ထင်ပါတယ်ခင်ဗျား..
ရှဲ ့နားကျပ်ယူ နှစ်ကျပ်ပေးလို ့ ကျေးဇူးတင်ပါတယ်ခင်ဗျား..
အန်တီမာမားခင်ညား..
သက်တောင့်သက်သာ လုပ်ကိုင်စားသောက်လိုကြပေမဲ့လဲ..ဂလိုပဲ ဘဝပေးအခြေအနေအရ
ဒူပေဒါပေ ခံနေကြတယ်ဆိုလဲ မှားပါဘူးပေါ့နောာ…
ကျေးဇူးပါခင်ဗျား..
MaMa
July 15, 2012 at 8:55 pm
ဟုတ်ပါရဲ့။
သဘာဝတရားကြီးက ပေးလိုက်တဲ့ မျှခြေ လို့ပြောရမယ်ထင်တယ်။
ပန်းရံသမားလေးတွေ အနေနဲ့ ဘဝပေးအခြေအနေအရ မိုးရွာလည်း ထီးမဆောင်းနိုင်။
မိုးမိလည်း မဖျားအား။
အဲဒီတော့လည်း ဒူပေတာပေ မခံနိုင်လည်း ခံ၊ ခံနိုင်လည်း ခံရတော့တာပဲပေ့ါ။
ကိုရင်မောင်
July 15, 2012 at 8:57 pm
ဒီမှာရှိတဲ့ တရုတ်အဖိုးကြီးတွေ အသက်၈ဝကျော်
တော်တော်များများတွေ့နေရတယ်
သူတို့တွေ စီးကရက်လဲသောက်တယ် အရက်လည်းအနည်းငယ်သောက်ကြတယ်
သားသမီးတွေ ချမ်းသာကြပေမဲ့ သူတို့ကိုယ်တိုင် မြေကွက်လပ်တွေမှာ ပင်ပင်ပန်းပန်း
သီပင်စားပင်တွေစိုက်ပျိုးကြတယ် ဆေးလိပ်နဲ့အရက်သောက်ကြပေမဲ့
ကျမ်းမာရေးကောင်းနေတာ တွေ့နေရတော့ အံဩမိတယ်..
တန်ဆေးလွန်ဘေး ဆိုတာဒါကိုပြောတာထင်ပါတယ်….
water-melon
July 16, 2012 at 7:42 am
ကိုရင်မောင်ကလည်း
တရုတ်အဘိုးကြီးတွေ အရက်သောက်ဆေးလိပ်သောက်ပေမဲ့
တစ်ဘက်က အားကစားလိုက်စားတယ်လေ
လမ်းလျှောက် ထိုက်ကျိ ဝူကျိ သိတော့ဘူး
စိန်ဗိုက်ဗိုက်
July 16, 2012 at 12:08 pm
ကိုဆင်ပြောင်ခင်ဗျား..
ဖျဲသီးပြောဒလိုပဲ
တရုပ်အဘိုးကြီးတွေက ထိုက်ကျိ.ဝူကျိ ပတ်ကျိ အားကစားတွေကြောင့် ကျန်းမာသက်ရှည်နေကြတာပါခင်ဗျား.. 🙂
nozomi
July 15, 2012 at 9:08 pm
မမ ပြောသလို –
သဘာဝတရားကြီးက ပေးလိုက်တဲ့ မျှခြေ လို့ပြောရမယ်ထင်တယ်။
လို့ ပြောရမှာပဲ
နေ့စဉ် နေပါများရင်း အလေ့အကျင့် တစ်ခုဖြစ်လာ ခံနိုင်ရည်လဲ တက်လာကြတာပေါ့
အဲဒီလူတွေကို အရိပ်ထဲထား ကောင်းကောင်းကျွေး ရေသန့်လေး သောက် ဆိုတာမျိုး တနှစ်လောက် လုပ်လိုက်ရင် တစ်ခုခု လွဲတာနဲ့ အဟွတ်ဟွတ် ဘွတ်ဘွတ် … ဖြစ်ကြတော့မှာပဲ
ကျွန်တော် အရင်က မြက်ခင်းထဲက ရေကို ဒီအတိုင်း လက်ခုပ်နဲ့ ယူသောက်ခဲ့ ရတဲ့ အချိန်တုန်းက ဖျားတာ နာတာ ဝမ်းလျှောတာ လုံးဝ မရှိ
အခုကျတော့ အစားနဲနဲမှားတာနဲ့ ဗိုက်က မကောင်းချင်တော့ဘူး
တစ်ခုယူချင် တစ်ခုပြန်ပေးရမဲ့ သဘာဝတရားကြီး ရဲ့ ဖြစ်စဉ်ပေါ့
စိန်ဗိုက်ဗိုက်
July 16, 2012 at 12:14 pm
ကိုချိုကြီးခင်ဗျား..
တစ်ခုယူချင် တစ်ခုပြန်ပေးရမဲ့ သဘာဝတရားကြီး ရဲ့ ဖြစ်စဉ် ဆိုတာလေး စွဲအောင် မှတ်သွားပါတယ်..
ကိုကပ်ပတိန်ရေ
အာကိုမေးတာကို ဖြေရရင် နာမည်သာ ကြည့်ပါတော့ဗျား..လို ့ပဲ
ဒူပေတာပေမောင်ပေ ပါ
captainamerica
July 15, 2012 at 9:37 pm
ဒါနဲ့စကားမစပ် ကပေတစ်ယောက်တစ်ယောက်ကောဒူပေဒါပေခံလားဟင် ဘာမှတော့
မဆိုင်ပါဝူး နာမည်နဲ.လူနဲ.လိုက်လားလို.ပါ
ဖိုးထောင်
July 15, 2012 at 11:20 pm
ဒေါင်ကျကျ ပြားကျကျ နေလာတဲ့ ဘဝမှာ ဒူပေတာပေ နေလာခဲ့ပေမယ့်….
စိန်ပေါ်မြတင်ဘဝမှာတော့ အထိမခံရွှေပန်းကန်ဖြစ်လာရပြန်ရော…….
အဲဒီတော့ .. နောက်ဆုံး သူကြီးပြောတဲ့ ကျိန်စာပေါ့ဗျာ း)
surmi
July 15, 2012 at 11:23 pm
ဆရာဗိုက်ရေ
ကျုပ်တို.ဝင်ကာစကပေါက်ဖေါ်ရဲ. အရေးအသားလေးဘဲ
အဲ …တခါတလေ ဒူပေဒါပေက အသက်နဲ.လည်းဆိုင်မယ်ထင်တယ်
စိတ်က ခံနိုင်ဦးတော. ခန္ဒာကိုယ် က မရတော.တာလည်းပါတယ်
ကျုပ်ဆိုရင် တစ်ချိန်တုန်းက ၃၆ နာရီမရပ်မနား မအိပ်ဘဲနေခဲ.ရတာ အကြိမ်ကြိမ်ဘဲ
ကားသမားလေ အိပ်ငိုက်လို.ဘယ်ဖြစ်မလဲ စားတာသောက်တာလဲ ဒီလိုဘဲ
အချိန်မမှီလို. ကားမောင်းရင်း ပြောင်းဖူးကိုက်ခဲ.ရတာ အကြိမ်ကြိမ်
ပြောရရင် အများကြီးဘဲ ခုလည်း ဒူပေဒါပေခံနေရတုန်းပါဘဲ
ကျုပ်ရဲ.နားချိန်ဟာ ဒီရွာထဲရောက်တဲ.အချိန်ပါ …..။
စိန်ဗိုက်ဗိုက်
July 16, 2012 at 3:56 pm
ကိုကိုဆာရဲ့ နားချိန်လေးမှာ ခုလိုဝင်အားပေးသွားတာ အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျား..
ကိုကိုဆာကြီး အလုပ်မလုပ်ပဲ ချမ်းသာ ၊ ဆော်ကြည် ကျန်းမာပါစေခင်ဗျား..။
🙂
ahnyartamar
July 15, 2012 at 11:39 pm
ကျတော်တော့ ဒါဟာ လူတစ်ယောက်ချင်းဆီရဲ့ ဘဝနေထိုင်မှုကို ဘယ်လိုချည်းကပ်လဲဆိုတာနဲ့ ဆိုင်မယ်လို့ထင်တယ်။ ပြီးတော့ သူ့ပတ်ဝန်းကျင်၊ သူ့ဝင်ငွေ နဲ့ လိုက်လျှောညီထွေနေထိုင်ရင်း အကျင့်ဖြစ်သွားတာလဲ ဖြစ်နိုင်တာပဲ။
ဦးဦးပါလေရာ
July 16, 2012 at 12:36 am
အကြမ်းခံဘို့ ဒူပေဒါပေခံဘို့ဆိုတာက
ငယ်စဉ်ကတည်းက အလေ့အကျင့်ရလာဘို့တော့ လိုပါတယ်..။
ငယ်စဉ်က နုလာပြီးရင်တော့
ကြီးလာမှ မနုနိုင်တော့ရင် ဒုက္ခများတော့တာပါပဲ..။
ဒါကြောင့် အမျှော်အမြင်ရှိတဲ့လူကြီးတွေ – အထူးသဖြင့် ရှေးတရုတ်လူမျိုးတွေက
လူငယ်တွေကို ငယ်စဉ်ကတည်းက ခြိုးခြံခိုင်းတယ်၊ အပင်ပန်းခံခိုင်းတယ်၊ အောက်ခြေအလုပ်တွေကိုခိုင်းတယ်..
တော်တော်အောက်သက်ကြေပြီးတဲ့လူငယ်တွေဟာ
အလုပ်ကိုလဲ မကြောက်တော့ဘူး၊ ပင်ပန်းမှာလဲ မကြောက်တော့ဘူး၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု့လဲ မြင့်မားသွားတယ်။
အနာဂတ်မှာကြုံရမယ့် ဘဝတိုက်ပွဲတွေအတွက် လက်နက်တပ်ဆင်ပြီးသားဖြစ်သွားတော့တယ်……။
Mလုလင်
July 16, 2012 at 12:50 am
တရုတ် တွေတင် မဟုတ်ပါ .. ကုလား တွေလဲ ပါပါတယ်။ ကျန်ခဲ့တဲ့ တစ်နေ့ က တောင်ဒဂုံ စက်မှုဇုန် ထဲရောက်ပါတယ်။ ဟင်ဂလန် သံချောင်းတွေ သွားဝယ်တာပါ။ အဲ့ဒီ့မှာ စက်မှုဇုန် တစ်ခု လုံး နီးပါး (အတော်များများ) က ကုလားတွေပါ (မွတ်စလင် နဲ့ ဟိန္ဒူ {ဘုရားပုံကပ်ထားလို့ သိတာ}) ကုလားလေးတွေ စိတ်ထင် 12 – 13 ပါပဲ .. တော်တော် ကျင်လည် နေပါပြီ။
မျိုးဆက် တစ်ဆက် လောက် ကွာ နေသလို လို ခံစား ရပါတယ်။ မခံချင်စိတ် နဲ့ အင်အား တွေ လဲ ဖြစ်ရပါတယ်။
စိန်ဗိုက်ဗိုက်
July 16, 2012 at 4:15 pm
ဦးဦးပါနဲ ့ ကိုကိုလုရေ
အူးလေးတို ့ဖြည့်ပေးတာ ပိုပြည့်စုံတယ်ဗျိုး..
ကျေးဇူးပါခင်ဗျား..
မိုက်ကယ်ဂျော်နီအောင်ပု
July 16, 2012 at 2:02 am
ဒါမှန်ပါတယ် အသင် စိန်ပေါက်ပေါက်
မစ္စတာဖုတ်ကျော်ရေးတဲ့ ချောကလတ်ဘာညာသာရကာဆိုတာကို အကြွေးပေးပါ
( သူ့ကိုဖါးထားရမှာ Aဘေးဂ အရာရှိနဲ့ ပီးတယ်လို့တော့ပြာတာဘဲ သူမကြားစေနဲ့ )
ကျုပ်ဆို
ငယ်ငယ်တုန်းက လယ်ဂွက်ထဲ ဂဇင်းရိူးမှာ ချီးထိုင်ပါတာ သဘာဝပါ
အကြောင်းကြောင်းကြောင့်
ခုဆို ချီးပါပီးရင်
ဖင် ( စအို ) ကို ရေဆေးပိုက်နဲ့ မဆေးရရင် တယ်ဘဝင်မကျဘူး
ဒါ့ကြောင့်ကျုပ်ရဲ့ ဖင် ( စအို ) ကို ဒူပေတာပေ ဖြစ်အောင် ကြိုးစားရပါမယ်
ရွာစားကျော်
July 16, 2012 at 2:10 pm
ခုများတော့ မပြောချင်တော့ပေါင်ဗျာ
ကျုပ်တို့လည်း နှပ်ချေးတွဲလောင်းက ပုဆိုးမနိုင်ပဝါမနိုင်အရွယ်ထိ
ခြုံခို အီးယို၊ တွေ့ရာသစ်ကိုင်းချိုးပီး အီးကုန်းခဲ့တာကလား..
ဒူပေတာပေ မောင်ပေ(ဂေဇက်က အူးပေကို ရည်ရွယ်ခြင်းမဟုတ်)တို့ အရွယ်တုန်းကပေါ့
ခုများတော့ ပြော မပြောချင်တော့ပေါင်ဗျာ
ဘိုထိုင်မှာ ဇိမ်နဲ့ ညှစ်ပြီး ဝါးတားလေးနဲ့ဆေးလိုက်ရမှ၊ ရေမလာလို့ တစ်ရှူးနဲ့ သုတ်ရတာပဲ စိတ်က သိပ်မလုံချင်ဘူး..
ပင်ပန်းတဲ့ အလုပ်ဆိုတာ ကွန်ပျုတာလက်ကွက်နှိပ်တာလောက်လုပ်ရတော့ အသက်မှ 30 ကျော်မလို့ ကြံကာရှိသေး မိန်းမက ပန်းအိုးလေး ရွှေ့ပေးပါအုံး ပြောရင်ကို ပင်ပန်းချင်နေဘီ
ဒါတောင် ကဘုန်းကျော်တို့လို သူများနိုင်ငံကပ်နေပြီး ချောကလက် မစားဖူးလို့..
.. ပြော မပြောချင်တော့ပေါင်ဗျာ
myanmarcitizen
July 16, 2012 at 2:43 pm
ကြည်လဲလုပ်ပါ ဘပု ရယ် တော်ကြာ ခင်ဗျားဒူပေတာပေဖြစ်ချင်တာက ဒူပေတာပေမဖြစ်ပဲ ဒုက္ခတွေများနေမှဖြင့်ကွယ်။
ကြောင်ကြီး
July 16, 2012 at 5:53 am
နာတို့ဆီမှာ ကြေတော့ ဗြောင်ဗျံ…. ရေနဲ့ဆေးလာခဲ့တာကို စက္ကူနဲ့ကုန်းတာ စိတ်သန့်အောင် မနည်းလုုပ်ခဲ့ရတယ်။ ခွီးထဲမှဗဲ ကျက်သရေမရှိ မင်္ဂလာမရှိ…အရက်သမားနဲ့ စကားပြောမိရင် ဒီလိုပဲ…မစ္စတာဗိုက်နဲ့ ဆွေးနွေးဟာတောင် မေ့ချင်ဂျင်ဖြစ်ရတယ်၊ ဒီလို ဗိုက်ဗိုက်ရေ..
ဓမ္မသဘောအရ ရုပ်နဲ့နာမ် အပြန်အလှန် အမှီသဟဲ ပြုနေဂျတယ်။ ရုပ်ကြောင့် ကျန်းမာဂျေးဆို ငယ်ငယ်ရွယ်ရွယ်နဲ့ အသေစောတဲ့ အလုပ်ကြမ်းသမား လက်လုပ်လက်စားတွေ ထောင်ပုံရာပုံ၊ နာမ်တခုထဲဆိုလည်း သမာဓိအားကောင်းပြီး ရုပ်မတောင့်တင်းလို့ စောစောစီးစီး နတ်ပြည်တက်သူများ တပုံတပင်။ ကံ စိတ် ဥတု အဟာရ အရေးကြီးတယ်။ အသက်ရှည် ကျန်းမာတာကို ပြောဂျတာတော့ အမျိုးမျိုးပဲ…။ အဲဒီအထဲမှာ ဆေးလိပ်၊ အရက် ပုံမှန်မှီဝဲနေတဲ့ သက်တော်ရှည်ဂျီးများလည်းပါတယ်။ ယေဘူယျအားဖြင့်တော့ ကယ်လိုရီနဲပီး အဟာရပြည့်တဲ့အစာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း၊ အကောင်းမြင်စိတ်ဓာတ်၊ အနေအထိုင်ဆင်ခြင်မှု၊ ပုံမှန်ဆေးစစ်ခြင်း စတာတွေရှိရင် အသက်ရှည်မှာဘဲ။ ကြုံလို့ သတင်းပေးရရင် ကျုပ်တို့သဂျီးသည် (၁) ကိုဘေးနွားကင်နဲ့ ဂျပန်ဘီယာ အဟာရ (၂) ဒိုက်ထိုးခြင်း တပတ်ဆယ်ကြိမ် (၃) ကိုဘေးနွားဓါတ်ပုံ ကိုယ်နဲ့မကွာအမြဲဆောင် (a cow မြင်ဝါဒ) (၄) ကာမသျှတြကျမ်းပါအတိုင်း လိုက်နာခြင်း (၅) ကူးစက်ရောဂါအာမခံဝယ် ရှိထားတယ်။ အသက်ရှည် မရှည်တော့ စောင့်ကြည့်ဂျတာပေါ့ဗျာ။ 🙄
ဇောက် ထိုး
July 16, 2012 at 7:14 am
ဦးဗိုက်ရေ…. ဒူပေတာပေ ဆိုတဲ့စကားရဲ့ စကားနက်ထဲမှာ.. နဲနဲညစ်ပတ်တာ..မသန့်ရှင်းဘူးဆိုတဲ့အဓိပ်ပယ်ကိုလဲ နဲနဲမြင်ယောင်မိသလိုပဲ…ကျွန်တော်အာရုံထဲမှာ မြင်ယောင်မိတာလေးကိုပြောတာပါ။
ဦးဗိုက် အခုဒူပေတာပေ မခံနိုင်တော့တာက အသက်နဲ့လဲအနဲငယ်တော့ ဆိုင်လောက်ပါတယ်။
စိတ်ကလဲဆိုင်တတ်ပါတယ်။ သာမန်မခုန်နိုင်တဲ့ တံတိုင်းတစ်ခုကို နောက်က ကျားလိုက်လာရင် အသာလေးခုန်နိုင်သွားတယ်လို့ ပြောကြပါတယ်။
ဦးဗိုက်က မခုန်ပဲလဲနေနိုင်ပြီဆိုတာ စိတ်ကသိနေတော့ မခုန်တော့တာဖြစ်မှာပါ။
ခန္ဓာကိုယ်ကတော့ ဆင်းရဲလှုပ်ရှားပေးမှကောင်းတယ်။ စိတ်ကတော့ ငြိမ်းချမ်းမှ ကောင်းတယ်တဲ့။
ဒါပေမယ့် လူတော်တော်များကတော့ စိတ်ကိုဆင်းရဲခိုင်းပြီး ခန္ဓာကိုယ်ကို ငြိမ်းအောင်ထားကြတယ်။
Shwe Ei
July 16, 2012 at 10:58 am
နုလွန်းနေတာတော့ ဟုတ်ဟန်မတူပါဘူး မစိန်ဗိုက်ရယ် မျှမျှတတနေတတ်လာတာဖြစ်ပါလိမ့်မယ်။ ကျမတို့လဲ ရန်ကုန်ရောက်စက စားချင်တာစား မစားချင်လဲမစား နေပူမိုးရွာမရှောင် ကြိုက်သလိုသွားလာနေတာဘဲ။ ကြာတော့ အစာအိမ်ဖြစ်တယ် အဖျားတာရှည်တယ်လေ။ ပေလွန်းတေလွန်းတာကလဲ အတိုင်းအတာတခုထိဘဲကောင်းတာကိုး။ အခုဆိုအရင်လို မနေတော့ဘူး ရောဂါလဲအဖြစ်မခံဘူး (ပိုက်ဆံပိုကုန်လို့)။ ဆိုတော့ မစ်ဇိမပဒိပဒါဘဲကောင်းပါတယ်လို့။
ခင်တဲ့
မရွှေအိ
ဘဲဥ
July 16, 2012 at 11:58 am
အားပေးဖတ်ရှု့သွားပါတယ် မစ်ချတာဗိုက်ခင်ဗျား………
ဒူပေဒါပေခံနိုင်အောင်ကြိုးစားနေဒဲ့ ဘဲဥ
စိန်ဗိုက်ဗိုက်
July 16, 2012 at 12:26 pm
ခဏလေးဗျာ..
မန်နေကြာ လာလို ့ သူလစ်မှ အားလုံးကို လေးစားစွာ Reply လုပ်ပေးပါဦးမယ်
လေးစားလျက်
ဒူဗိုက်ဒါဗိုက်…
မဟာရာဇာ အံစာတုံး
July 16, 2012 at 1:01 pm
မန်နေကြာ ကို
မြန်မြန် ဒိုးအောင်
ဘီအီးဖိုး ပေးလိုက်အေ … 😀
amatmin
July 16, 2012 at 12:41 pm
အူးဗိုက် ရဲ့ ဒူပေတာပေကို ဖတ်ပီး ..
ကျုပ်ကိုယ်တိုင်လည်း
ဒူပေတာပေ ခံနိုင်ဖို့ အတော်လေး
အားမွေးရအုန်းမယ် ဆိုတာ..
မြင်လိုက်မိပါရဲ့..
စိတ် ဒူပေတာပေကတော့ ပိုခက်မယ်ထင်ပ.. 🙁
မွန်မွန်
July 16, 2012 at 12:51 pm
တွတ်ပီယောက်ဖ..
တစ်ခုကြားဖူးတာကလေ လူဆိုတာ ဓာတ်ကြီးလေးပါးနဲ့ မျှတအောင် နေရတယ်တဲ့။ ဒူပေတာပေ နဲ့ အထိမခံရွှေပန်းကန် မှာ အဓိက ကွာခြားချက်က ပထဝီ ဆိုတဲ့ မြေဓာတ် ပဲတဲ့။
စဉ်းစားကြည့်တော့လည်း ဟုတ်သလိုလိုပဲ။ လမ်းဘေးမှာ ရွှံ့လူးပြီး ဖုန်တလုံးလုံးတက်နေတဲ့ ကလေးက ကျန်းမာတယ်။ အိမ်ပေါ်မှာ ကစားစရာတွေနဲ့ ထိုင်ဆော့နေရတဲ့ ကလေးက ရောဂါထူတယ်။ ပန်းရံလို အလုပ်ကြမ်းလုပ်နေရတဲ့သူတွေက ဒဏ်ခံနိုင်တယ်။ အိမ်ပေါ်က ဆင်းလာ၊ ကားလေးစီး၊ အဲကွန်းခန်းလေးထဲမှာ အလုပ်လုပ်နေရတဲ့သူတွေက ရောဂါထူတယ်။ ပထဝီဓာတ်များ လိုနေတာလား မသိဘူး… 🙂
Rose Minn
July 16, 2012 at 3:11 pm
ဗိုက်ဗိုက် ရဲ့ဒူပေ ဒါပေဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် အားငယ်မိတယ်။ ထစ်ခနဲရှိဖျားချင် ထစ်ခနဲရှိနာချင်နဲ့။ မွန်မွန်ပြောသလို ပထဝီဓါတ်များလိုလေသလား။ မြေကြီးထဲ ဆင်းလျှောက်ရမှာလား ဟင်။
Wow
July 16, 2012 at 4:15 pm
ကျော့်လို့ပဲ လို့ပြောရမလားမသိ ဒေါ်စိန်ဗိုက်ရေ။ ငယ်ငယ်က ရေတောင်နပ်မှန်အောင်ချိုးဘို့ လူဂျီးတွေမနဲပြောယူရတာ အခုဆို မျက်နှာကို ဖစ်ရှယ်ဖုန်း မပါရင် မသစ်တတ် နဲ့ ဒူပေဒါပေဖြစ်လာဒါတွေ… 😀
စိန်ဗိုက်ဗိုက်
July 16, 2012 at 4:18 pm
တိုးတက်လာတယ်လို ့ ပြောရမှာပေါ့ဗျာ.. 😀
ကျော်ကတော့ ဆင်ချီးတုံး၊ ရွှေဝါ၊ ကာဘော်လစ် တွေ ့ကရာအကုန်သစ်သဗျို ့ ၊
မြန်မာပြည်မြေပုံ မမြင်ဖူးရင် ကျော့်မျက်နှာလာကြည့်ဗျို ့
🙂
ဘဲဥ
July 16, 2012 at 5:24 pm
မကြည့်ပရစေနဲ့အေ
သများက ဟတ်ရှိဒယ်
လန့်စရာတွေဆိုရင် ကြည့်ရဲတာဟုတ်ဘူးရယ်
တော်ကြာ ရှောခ်ဖစ်ပီး ဂိမ်းအိုဘာဖစ်တွားလိမ့်မယ်အေ့ 😆
စိန်ဗိုက်ဗိုက်
July 16, 2012 at 5:28 pm
ဒါကျတော့ မကြည့်ဘူး..
ဟိုဗွီဒီယိုကျတာ့ ပြူးနေအောင်အခါခါ ကြည့်တယ်..
ဟွန်း.. 😯
မဟာရာဇာ အံစာတုံး
July 16, 2012 at 5:35 pm
တိုရီး … တိုရီး ..
ဟိုဗီဒီယို ဆိုတာ
ဘာကို ကြောဒါဒုံးဟင် ..
ဟိုဒေါ်သ .. အဲလေ .. ဘာကို ကြောတာဒါဒုံးဟင်လို့ ..
😆
ဘဲဥ
July 16, 2012 at 5:44 pm
အဲ့ဒါမျိုးဘီဒီယိုဒွေ ယောင်လို့တောင် ကြည့်ပါဘူးတော်
ဘာတဲ့ အပိုင်းသုံးထွက်နေဘီဆိုလား
မဟာရာဇာ အံစာတုံး
July 16, 2012 at 5:47 pm
ဖရဲသီးစကားကို ယူသုံးလိုက်ဦးမယ် ..
ဘာတဲ့ ….
“တောင်မ .. တော်တော်ရွ” …
😀 😀
shwe kyi
July 16, 2012 at 6:10 pm
အူးဗိုက်ရေ ကျ လည်းဖတ်သွားတယ်နော်။ ကျ ကလည်းတော်တော်လေးကိုဒူပေတာပေခံတာသိလား
မိုးစိုရင်ဖျား နေပူခေါင်းကိုက် အိပ်ရေးပျက်ရင်မူး သွေးပေါင်ကကျ ဆေးကိုနေ့စဉ်မှီဝဲမှ သွေးပေါင်ကမှန်
အဲယားကွန်းအရမ်းအေးရင် နှာချေ အင်း ပြောရတာရှက်ထှာ။
ဒါပေမယ့် စိတ်ဒူပေတာပေခံအောင်းတော့လေ့ကျင့်ထားတယ်ဗျ။ ဒါမှဖြစ်မှာလေ မိဘနဲ့ခွဲနေရတဲ့အချိန်မှာကျန်းမာရေးကိုလည်းဂရုတော်တော်စိုက်ဖြစ်တယ်။ မဟုတ်ရင်ဒုက်ခလှလှတွေ့ပြီမှတ်။ သူတို့ဘဝကိုအူးဗိုက်လိုပဲ ကျ လည်းတွေးဖူးတယ်ဗျ။ တခါက မိုးသည်းနေတဲ့အချိန် ဆိုက်ကားစီးရင်းလူလဲရွှဲ ဆိုက်ကားဆရာလည်းရွှဲရော ကိုယ်ကချမ်းတုန်နေတော့ သူ့ကိုလည်းကိုယ်ချင်းစာပြီး
လက်ဖက်ရည်ဝယ်သောက်ဆိုပြီးပိုက်ဆံပိုပေးတော့ အဲဒီဆရာကလေ ကျုပ်တို့ကအေးဆေးပါဗျရိုးနေပြီဆိုပြီးမယူဘူးဗျာ တော်တော်လေး ကို လေးစားသွားတယ်။ နောက်နေ့ကျတော့ ကျ ဖျားပါရောလား။ 😀 (အူးဗိုက်ကိုအားကျလို့ ကျွန်မကိုကျလို့ရေးတာမမိုက်ပါဘူး နောက်မရေးတော့ဘူး ဟီး)
မိုက်ကယ်ဂျော်နီအောင်ပု
July 16, 2012 at 6:52 pm
ဝုတ်ဘာဒယ်
မွမွ shwe kyi says: ပြောဒါဂို ထောက်ခံဘာဒယ်
စိန်ဗိုက်ဗိုက်
July 16, 2012 at 6:57 pm
ကျော်လဲ မိုက်ကယ်ဂျော်နီအောင်ပု says: ပြောဒါကို ထောက်ပါတယ်..
စိန်ဗိုက်ဗိုက်
July 16, 2012 at 7:01 pm
ကျော့်ကို လာအားပေးကြသော…….
ကိုကြော်လေး.အ.ဲလေ..ကိုကြောင်လေး..၊ ကြားဖြတ် တန်းစီတဲ့ ဒေါ်ပူးချ်နဲ ့ ကိုမိုးဂုတ်၊ အူးပေ၊ မ မေဖလားဝါး၊
ကို မဟာရာဇာ အူးလေးတုံး၊ အန်တီဂျီးဒေါ် အရီးခင်လတ်၊ အန်တီမမ၊ ကိုဆင်ပြောင်၊ ကိုဖျဲသီး၊ ကိုချိုကြီး၊
ကိုကပ္ပိယ..အဲလေ.ကို ကပ္ပတိန် အမေဒိက၊ ကိုဖိုးထောင်၊ ကိုစာမိ (စာဂလေးတွေ ဖမ်းတိုင်းမိတယ်) ၊ ကိုအညာတမာ၊ ကိုကိုပါလေရာ..အဲလေ..ဦးဦးပါလေရာ (ဘီအီးတိုက်မလားလို ့ဖားတာ 😀 )၊ ကို အမ်လုလင်၊ ကိုအောင်ပု၊ ကိုရွာစားကျော်၊ ကို မြန်မာစီတီဇင်၊ ကိုကြီးကြောင်၊ အူးဘဇင်းဇောက်၊ အန်တီရွှေအိ၊ ဘဲဥမ၊ အူးမတ်မင်း၊ အန်တီမွန်မွန် ၊ ဒေါ်Wow နှင့် အန်တီရို ့စ်မင်း ဒို ့အား လဂေါင်း၊ အန်တီရွှေကြည်နှင့် စာဖတ်သူ အားလုံးကို ၎င်း၊ နောက်တိုး ဦးအလင်းဆက်အား ၎င်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျား။
ကျော်..မတွေးတတ်တော့လို ့ ထည့်မရေးမိတာလေးတွေပါ ကိုယ်စီကိုယ်စီ စဉ်းစားဖော်ပြပေးကြလို ့
လူကြီးမင်းတို ့ရဲ့ ကွန်းမန် ့လေးတွေအား လေးစား၊ တန်ဘိုးထား ပြီး အထူးပဲ ကျေးဇူးတင်မိပါသည်ခင်ဗျား။
အားလုံးပဲ အလုပ်မလုပ်ပဲ ချမ်းသာ ၊ဆော်ကြည် ကျန်းမာကြပါစေသား..ဟူ၍ ဆုတောင်းမေတ္တာပို ့သလျက်
နှစ်ကျပ် ထပ်မံ သယ်သွားပါသည်ခင်ဗျား..။
အလင်းဆက်
July 16, 2012 at 7:19 pm
ဗိုက်ဗိုက်…..ကို ၄ စား ပါတယ်…ခင်ညာ ။
သားသားလည်း..ဒါညို း ပိုစ် ့ လေးဖတ်ချင်နေတာ ဂျ ။
metallic
July 16, 2012 at 8:42 pm
အသက်ကို ဉာဏ်စောင့်ဆိုတဲ့ စကားက သိပ်ကောင်းတာပဲ
ဘယ်အရာမဆိုစဉ်းစားပြီးမှ
ကိုယ်လုပ်ချင်တာလုပ်ပါလို့
(ကိုယ်လုပ်ချင်တာကိုတော့ မလုပ်ရလို့မဖြစ်ဘူး)
စိတ်ရဲ့ကျန်းမာချမ်းသာရေးကလည်းအရေးကြီးတယ်
TTNU
July 16, 2012 at 11:23 pm
ဗိုက်လေးရေ..
(တီချယ်ကြီးခင်ည
နောက်မှ လာအားပေးတဲ့လူဒွေကို ဘိုပြောလိုက်ရမလဲခင်ည) ဆိုတဲ့
အမေးကိုဖြေတာနောက်ကျနေတဲ့အတွက် အားနာပါတယ်။
ကနဦးစာလာဖတ်သူတွေကို
(မောင်ရင့်ကို ကနဦး စာဖတ်သူအဖြစ် ကျေးဇူးတင်ကြောင်းပြောပါရစေကွယ်..)
ဆိုပြီး ပန်းစည်းဆက်တဲ့သဘောပေါ့ကွယ်။
နောက်မှ လာအားပေးတဲ့လူတွေကျတော့လည်း ပြုံးပြပြီး
ရောက်လာပြီလား၊ ထိုင်ပါဦးဘာညာ သဘောနဲ့
(စာလာဖတ်ပေးတာကျေးဇူးတင်ပါတယ်ကွယ်…)ပေါ့။ 😀
P chogyi
July 17, 2012 at 10:53 am
မိုးကလေး နည်းနည်းအေးပြီး
ရာသီဥတုက စိုစွတ်စွတ်နဲ့ဆိုရင်
တုတ်ကွေးတွေဖျားကြပြီ
အဲဒီအချိန် မိုးရေထဲလျှောက်သွားနေတဲ့
လမ်းထိပ်ကအရှုးမကြီးက ဘာမှလည်းမဖြစ်ဘူး
အဲဒါကိုရော ဒူပေဒါပေထဲ ထည့်လို့ရလား
(မသိလို့မေးတာနော်)
စိန်ဗိုက်ဗိုက်
July 17, 2012 at 12:50 pm
အူးလေး အလင်းဆတ်၊ အူးလေး မဒယ်လစ်၊ တီချယ်ကြီး တီတီနု နှင့် ကိုပီချိုရီးတို ့အား ကျေးဇူးတင်ပါတယ်ခင်ဗျား..။ အားလုံးပဲ ဆန္ဒနဲ ့ ဘဝ တစ်ထပ်တည်း ကျနိုင်ကြပါစေခင်ဗျား..။