Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မာနမဲ့အပြုံး

အညာတမာJuly 15, 20121min61924

ကျတော်တို့အညာဒေသမှာရှိတဲ့ အထူးသဖြင့် ရွာတွေမှာနေထိုင်တဲ့ လူတွေဟာ အေးအေးလူလူနေတတ်ကျတယ်၊ ဧည့်ဝတ်ကျေပြွန်တယ်၊ ဖော်ရွှေတယ်၊ ရိုးသားကြတယ်။ တကယ်တော့ ရိုးသားလွန်းအားကြီးရင် “အ” သလို ဖြစ်သွားတတ်တယ် ဆိုတာကို သူတို့ဘဝရဲ့ အဘိဓာန်မှာ မပါတဲ့ မီးနင်း (meaning) ပါ။ ဒါကြောင့် ကျတော်တို့ အညာသူ၊ အညာသား တွေဟာ  ရိုးသားတယ်ဆိုတဲ့ ဂုဏ်ပုဒ်ပေါ်မှာ ဘဝ တလျှောက် ကြောင့်ကျမူကင်းစွာ နေထိုင်ခဲ့ကြတယ်။

ကျတော်တို့ရွာရဲ့ လမ်းပန်းဆက်သွယ်ရေးကလည်း ခေါင်သလားမမေးနဲ့ လကမာ္ဘကို တိုက်ရိုက်သွားနိုင်ပေမယ့် ရန်ကုန်ကနေ ရွာကို ရောက်ဖို့ဆိုရင် ကား၊ သဘောင်္၊ နွားလှည်း ပြီးရင် ခြေလျှင်ပါ လျှောက်နိုင်မှ ရွာကို ရောက်တယ်။ အဲဒီလောက် ခေါင်းပါးတော့ တစ်ခုခုဆိုရင် ကျတော်တို့ ရွာသူ၊ ရွာသားတွေအတွက် အသစ်အဆန်းဖြစ်ရတယ်။ ကျတော်မှတ်မိနေသေးတယ်၊ ကျတော်ရှစ်တန်းဖြေပြီးလို့ နွေကျောင်းပိတ်ရက် ရန်ကုန်ကနေ ရွာပြန်သွားတော့ ရွာကလူတွေအတွက် ကျတော်ဟာလူထူး၊ လူဆန်း (ကိုထူးဆန်းမဟုတ်ပါ) ဖြစ်နေတယ်။ မောင်သောင်းဖေ ဘိလပ်ကပြန်လာသလား ထင်ရတယ်၊ အသားတွေဖြူလာတယ်၊ ဝလာတယ်၊ ဝတ်ထားတဲ့အကျီကလည်း ဈေးကြီးမှာဘဲနော်၊ ရွာကဖျင်ကြမ်း (အမေ ကိုယ်တိုင် ဝါကောက်၊ ဝါဖတ်၊ ဗိုင်းငင်၊ ယက်ကန်းစင်မှာ ယက်တယ်၊ ထူပြီးနဲနဲလေးတယ်။) ပုဆိုး၊ အကျင်္ီတွေရော ဝတ်တတ်သေးလား၊ စုံနေတာဘဲမေးကြတာ။ အဖေကတော့ အိမ်ရှေ့ခန်းမှာ ပြုံးပြုံးကြီးသူ့သားကြီး ဩဓဿကို ကြည့်လို့ပေါ့။ အမေကတော့ အိမ်ကိုလာမေးတဲ့ ဆွေမျိုးတွေရော၊ မမျိုးတာတွေရော၊ ရေနွေးကြမ်းမပြတ်လတ် ဖို့အတွက် မီးလင်းဖို (အညာမှတော့ kitchen ကို မီးလင်းဖိုလို့ခေါ်ပါတယ်) ထဲမှာ ရေနွေးကျိုရင်း ပီတိဖြစ်နေမှာပါ။ အဲဒီမှာ ရွာရောက်လို့ တစ်ပတ်တောင်မကြာသေးဘူး၊  ရွာလယ်ကသူကြီးရဲ့ အမိန့်က လာတော့တာပါဘဲ၊

“ဒီည ငါ့အိမ်ကို လာခဲ့ပါတဲ့၊”

ကျတော်လည်း ကြောက်ကြောက်နဲ့ ညစာစားပြီး သူကြီးဆီသွားတွေ့ရတာပေါ့။ သူကြီးအိမ်ရောက်တာနဲ့ သူကြီးက ဒီမှာငါ့တူကြီးလို့ အစချီပြီး အမိန့်တွေ၊ တောင်းဆိုမှုတွေ စတော့တာပဲ။ ကျတော်ကတော့ မဆိုင်းမတွဘဲ မဖြစ်ဘူးထင်တယ် ဦးလေး၊ ကျတော့်အသက်က ၁၅၊ ၁၆ နှစ်ဘဲ ရှိသေးတယ်၊ (အတွေးတွေ ပြန်စုစည်းလိုက်ပါ၊ အခြားဟာတွေ တွေးနေမှာစိုးလို့) ပြီးတော့ အခုမှ ရှစ်တန်းဖြေထားတုန်း၊ အောင်စာရင်းတောင်မထွက်သေးဘူး။ (ကျတော်က ကျောင်းနေနောက်ကျတော့ အတန်းထဲမှာ အသက်အကြီးဆုံး ၊ ရန်ကုန်မှာပေါ့။)

သူကြီးက ကျတော့်ကို တိုက်တွန်းနေတာက ရွာက သက်ကြီးပိုင်းတွေကို “စာ” သင်ပေးဖို့ပါ။ “အ” သုံးလုံးသင်သလိုပေါ့။ သူကြီးကဆက်ပြောတယ်၊ ငါတို့ရွာက မြို့နဲ့လည်း အလှမ်းဝေးတော့ တော်ရုံတန်ရုံ “အ” သုံးလုံးသင်မယ့် ဆရာ၊ ဆရာမ တွေက မလာကြဘူး။ ဦးလေးမြို့သွားတုန်းက အထက်ကလူကြီးတွေက ပြောတယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် သင်ပါတဲ့၊ ဒါနဲ့ ဦးလေးကို သင်ရမယ့် စာအုပ်လေးတွေ ပေးလိုက်တယ်။ ဦးလေးလည်း ဦးလေးကိုယ်တိုင်သင်ဖို့ စည်းရုံးတာဘဲ၊ မရဘူးဖြစ်နေတယ်။ ဒါကြောင့် မင်းကဆွေမျိုးလည်းတောင့် (လာမထိနဲ့နော် မီးပွင့်သွားမယ် ဟီးဟီး) အခုမှရန်ကုန်က ပြန်လာတာဆိုတော့ သူတို့က မင်းသင်မယ်ဆို အဆင်ပြေမှာပါ၊ လုပ်ကြည့်ပါကွာ၊ ဦးလေးအကုန် ကူညီမယ်တဲ့၊ ဒါနဲ့ကျတော်လည်း မရဲဘဲ၊ ကျွဲလှည်းစီးရသလို သူကြီးကိုလည်းကြောက်၊ ရွာအတွက်လည်း အသုံးတည့်မယ့် စိန်တစ်ပွင့် ဟုတ်ပါဘူး သဲတစ်ပွင့်ဖြစ်ပါစေတော့၊ ဆိုပြီး သူကြီးဆီက စာအုပ်တွေယူခဲ့တယ်။ အိမ်ရောက်တာနဲ့ ရေနံဆီမီးခွက်ထွန်းပြီး လေ့လာကြည့်တော့ လွယ်လွယ်လေးတွေပါ။ ဒါနဲ့ဘဲ နောက်နေ့မနက်သူကြီးအကူအညီနဲ့ ရွာထဲလှည့်ပြီး  စာရင်းကောက်လိုက်တာ “အ” သုံးလုံးတက်မယ့်သူ ၁၆ ယောက်ရတယ်။ လိုလိုချင်ချင် တက်ချင်တဲ့သူ အရေအတွေအတွက်ပါ။ စာမတက်သူတွေကတော့ ဒီထက်များပါတယ်။ သေချာတာကတော့ ကျတော့အဖေ၊ အမေထက် အသက်ကြီးသူတွေပဲ။ သူကြီးနဲ့ တိုင်ပင်ပြီး နေရာရွှေး၊ နေ့၊ အချိန်၊ သတ်မှတ်ပြီး “အ” သုံးလုံးသင်တန်းကြီး စပြီပေါ့။

နေရာ။           ။ ရွာထိပ်က သောက်ရေတွင်း ဘေးကသရက်ဥယျာဉ်၊                                                                                                                                                                                          (တော်သေးတယ်၊ ကျတော်တို့ရွာက ကန်ရေမသောက်ရလို့၊ တစ်ချို့အညာက ရွာတွေဆို ကန်ရေသောက်ရတာ။)

နေ့ရက်။         ။ ဥပုဒ်နေ့ (မြန်မာလဆန်း ၈ ရက်၊ လဆုတ် ၈ ရက်၊ လပြည့်၊ လကွယ်) မှလွဲ၍ ကျန်တဲ့ရက်အားလုံး၊                                                                                                      (ရွာကအသက် ၅ဝ ကျော်သူတွေဟာ ဥပုဒ်နေ့တိုင်း ရွာဦးဘုန်းကြီးကျောင်းမှာ သီလယူ ဥပုဒ်စောင့်ကြတယ်)

အချိန်။           ။ နေ့လည် ၁ နာရီ မှ ၃ နာရီ အထိ                                                                                                                                                                                                                       (ရွာကလူတွေဟာ မနက်ဆို၊ စောစောထ၊ ယာအလုပ်လုပ်၊ မနက် ၁၁ နာရီလောက် နေပူလာရင် မ်ပြန်နား၊ နေ့လည်စာစား၊ ညနေ(၄)နာရီနောက်ပိုင်း                                              မနက်ကလုပ်ခဲ့တဲ့အလုပ်တွေကိုလက်စသိမ်းရတာလေ။)

လက်သမားဆရာ ဦးအေး ပေးတဲ့ ပေပျဉ် (အကျယ် ၁ ပေရှိပြီး အရှည်ကတော့မျိုးစုံ၊ ကျွန်းသား ပျဉ်ချပ်ပါ။) ကို အရှည်အနေတော် သုံးချပ်ဖြတ် သရက်ပင်မှာသံနဲ့ရိုက်ပြီး ထားတာကတော့ ကျွန်တော့ရဲ့ ဘလက်ဘုတ်ပါ။ ပြီးတော့မြေဖြူကတော့ ကျွန်တော့ရဲ့ မာကာပင်ပေါ့။

သင်တန်းပထမရက်၊

သင်တန်းဆရာနဲ့သင်တန်းသူ∕သားတွေ မိတ်ဆက်ပွဲပေါ့။ မိတ်ဆက်ပွဲသာဆိုရတယ် အားလုံးက အဆင်းသိ၊ အတွင်းသိ၊ တွေပါ။

ဟင်း! ! ! !ကျတော်ကစရတာပေါ့၊

“ကျတော်က ဘကြီးတို့၊ ဦးကြီးတို့၊ ဦးလေးတို့၊ ကြီးမေတို့၊ အရီးတို့ (နောက်ကြုံရင် အညာရဲ့ အခေါ်အပြောတွေကို ရေးပါအုံးမယ်။ ကျတော့ရင်ထဲမှာ ထာဝရ ကြည်ညိုလေးစားလို့မဆုံးတဲ့ ဗိုလ်ချုပ်အောင်ဆန်းကတော့ သူ့အမေ၊ ဒေါ်စုကို “အမ” လို့ ခေါ်တယ်လို့စာတွေထဲမှာ ဖတ်ဖူးပါတယ်။ သူလည်းအညာသားလေ) သိတဲ့အတိုင်း ရွာတောင်ပိုင်းက ဦး…………….ရဲ့သားပါ။ ကိုယ့်တူ၊ ကိုယ့်သားလိုသဘောထားပါ၊ သူကြီး ကြောက်လို့သာလုပ်ရတာ၊ တစ်ခါမှ စာသင်ပြမပေးဘူးပါဘူး၊ ကျတော်အတက်နိုင်ဆုံးကြိုးစားပါ့မယ်၊ ဦးလေးတို့၊ ဒေါ်လေးတို့၊ အဆင်ပြေအောင်လို့ ကျတော်တို့ အိမ်မှာစကားပြောသလို လွတ်လွတ်လပ်လပ် စကားပြောကြရအောင်ပါ။”

ကျတော်လည်း လက်ထဲက နံမည်စာရင်းကိုကြည့်ရင်း တဦးချင်း မေးရတာပေါ့…..

ဦးသိန်းမောင် (ရွာဆြော်ပါ၊ ရန်ကုန်မှာတော့ နိဗ္ဗာန်ဆြော်လို့ခေါ်မယ်ထင်တယ်။)

“ဦးကြီးငယ်ငယ်က ဘာအကြောင်းကြောင့် စာမသင်ခဲ့တာလဲ”

“ဒီလိုပါ ကိုလူလေးရယ်… အဘငယ်ငယ်က ဂျပန်တွေ၊ အင်္ဂလိပ်တွေ၊ တို့ဗမာတွေ ရန်ဖြစ်နေကြတော့ ရွာထဲမှာနေရတယ်ကို မရှိဘူး။ တောထဲမှာဘဲ အသက်ကြီးလာရတော့ စာမသင်ဖြစ်ပါဘူးကွယ်။”

ဒေါ်မှေးတေး (ရွာရဲ့ အပျိုထိန်းပါ)

“အမေ့နာမည်က တစ်မျိုးဘဲနော်။ စာမသင်ခဲ့ရတဲ့အကြောင်း မပြောဘဲ အမေ့နာမည်လေးအကြောင်းပြောပြပါလား”

“မင်းကလဲကွယ် နာမည်မှစိတ်ဝင်စားရသလား တစ်ချက်ဝေ့ဝိုက်ကြည့်ရင်း……..လူကြီး (သူ့ရဲ့ အဖေ၊ အမေကိုဆိုဟန်တူပါသည်။) တွေက ငါ့မျက်စိမှေးနေလို့တဲ့ဟေ့။ (မျက်လုံးအိမ်သေးပြီး မျက်ပေါက်ကျဉ်းကျဉ်း)

“အရီး…(ကျတော့အဖေရဲ့အစ်မအရင်း) ကရော ဘာကြောင့်တုန်း လုပ်ပါအုံး။”

“အေးပါငါ့တူရယ်… အရီးကတော့ မင်းတို့အဖေ ကျောင်းနေနိုင်အောင်လို့ အရီးကအိမ်မှာ အကြီးဆုံးဆိုတော့ မင်းအဖိုး၊ အဖွားနဲ့ တောင်ယာလိုက်လုပ်ရလို့ပေါ့ ငါ့တူရယ်တဲ့။”

“ဦးခွေးညိုအလှည့်……….”

“ဆရာလေးရေ……….ဦးလေးကတော့ မင်းသိတဲ့အတိုင်း ဦးလေးအကို (ဦး)ခွေးဖြူဆိုလို့ ဦးနာမည် ဦးခွေးညိုဖြစ်လာတာပေါ့ကွာ။” အားလုံးကိုကြည့်လိုက်တော့ ပြုံးစိစိနဲ့ပါ။ (ကျွန်တော်တို့ရွာက ဟိုတုန်းကထဲက အသားအရောင်၊ မျိုးရိုးမခွဲခြားပါဘူး။)

“ဦးဗိုက်ဝင်……….”

“ငါ့တူရေ ဦးကြီးမွေးတုန်းက မွေးလို့၊ ဖွားလို့ မလွယ်ဘူးပြောတာဘဲ။ မွေးမယ်လုပ်လိုက် ဗိုက်ထဲပြန်ဝင်လိုက်နဲ့ အချိန်ကြာတယ်ပြောတယ်။ ဒါကြောင့်လူကြီးတွေက မောင်ဗိုက်ဝင်လို့နာမည်ပေးတာကွဲ့။”

“ဦးပိုက်ထွေးလုပ်ပါအုံးဗျာ” (ကျတော်နဲ့ဆွေမျိုးပါ၊အမေ့ဘက်ကတော်တာ)

“အေးကွာ…..သူများတွေပြောလို့သာ ပြောရမှာ။ ခက်ရှက်ရှက်ရယ်။ ငါတို့မှာ ညီအကိုမောင်နှမ (၇)ယောက်ရှိတဲ့အထဲမှာ ဦးကြီးကအငယ်ဆုံးလေ။ ဒါနဲ့မွေးလာတော့ပတ်ဝန်းကျင်က ဆွေမျိုးတွေက မောင်ပိုက်ထွေးလို့ ပေးလိုက်တာဘဲ။” “ဟာဦးကြီးကလည်း ဘာမှမဆိုင်သလိုဘဲ။ စပ်ဆက်မှုမရှိပါဘူးဗျာ“

အဲဒိအချိန်မှာ ရွာဆြော်ဦးသိန်းမောင်က ကျတော့ဦးကြီးအစား  ရှင်းပါလေရော။

“ဒီလို ငါ့တူကြီးရေ………….လေးယောက်မြောက်ကို အငယ်ဆုံးသမီးဆိုပြီး “ဝိုင်း” ပေးချင်လို့ (ဒေါ်)ဝိုင်းတင်လို့ နာမည်ပေးသကွာ။ ဒါနဲ့နောက်တစ်ယောက်မွေးပြန်တော့ ဝိုင်းသိမ်းရအောင်ဆိုပြီး (ဒေါ်)ဝိုင်းသိမ်းပေါ့ကွာ။ မရပ်သေးဘူး ငါ့တူကြီးရေ…….နောက်တစ်ယောက် မွေးပြန်ရော။ ဒီတစ်ခါတော့ တကယ့်အထွေးဆုံးဘဲဆိုပြီး (ဒေါ်)ဝိုင်းထွေးလို့ပေးလိုက်ပြန်ရော။ သိတဲ့အတိုင်းငါ့တူကြီးရေ မင်းတို့အမျိုးက နောက်တစ်ယောက်ထပ်မွေးပြန်ရော။ ဒီတစ်ခါ ပတ်ဝန်းကျင်က ဆွေမျိုးတွေလဲ မကူညီလို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်၌လည်း ဘယ်လိုနာမည်ပေးရမှန်း မသိတော့ အရပ်ကပဲ (ဦး)ပိုက်ထွေး လို့ ပေးလိုက်ရတာဆိုပြီး ဦးကြီးရဲ့ မိဘတွေ ပြန်ပြောလို့ သိခဲ့ရပါတယ်ကွယ်။ (ကျတော်တို့ရွာမှာကတော့ ပေ ၁၀ဝ ပတ်လည်လောက်ရှိပြီး အိမ်ဆောင်ပြီးနေရတဲ့ခြံကို အိမ်ဝိုင်း ဒါမှမဟုတ် ဝိုင်းလို့ခေါ်ပါတယ်။ ရန်ကုန်မှာတော့ ခြံလို့ခေါ်မယ်ထင်တယ်။ မိဘတွေက သူတို့ရဲ့အိမ်ဝိုင်းကို အငယ်ဆုံးကို အမွေပေးလေ့ရှိပါတယ်။)

နောက်လူတွေကတော့ အစီအစဉ်အတိုင်းအသီးသီး မိတ်ဆက်သွားကျပါတယ်။

ကျတော့ရဲ့ ပထမဆုံးနေ့ဟာ စာဘာကြောင့်မသင်ခဲ့ရလဲဆိုတဲ့ အမေး အဖြေထက် နာမည်မှည့်ပုံ၊ မှည့်နည်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဂေဇက်က ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ညီ၊ ညီမ တွေအားလုံးလည်း ကျတော်တို့ ရွာရဲ့ နာမည် မှည့်နည်းတွေသိရအောင်လို့ပါ။

အခြားသူတွေလည်း အသီးသီးပြောသွားကြပြီး ကျတော့်ရဲ့ ပထမဆုံးတစ်နေ့တာကို ကုန်လွန်စေခဲ့ပါတယ်။

ဒီလိုနဲ့ ဝ ထ က လ သ မှစကာ က ခ ဂ ဃ င အထိ သင်တန်းဟာတိုးတက်လာခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ပတ်လောက်ကြာလာတဲ့ တစ်နေ့ပေါ့။ မြန်မာဗျဉ်းတွေကို တစ်ဦးချင်းပျဉ်ချပ်ပေါ်မှာ ရေးစေခဲ့ပါတယ်။ အသီးသီးရေးကြတာ မှန်ကြပါတယ်။ လက်ရေးလှဖို့တော့ လိုသေးတာပေါ့။ ဒါပေမယ့် တော်တော်ကို ပျော်နေကြတယ်။သူတို့ ပါးစပ်ကပြောနေကြစကားတွေရဲ့ အစဗျည်းတွေကိုရေးတက်ကြလို့။

ဇတ်လမ်းကခုမှစတာ…… ဒေါ်မှေးတေးအလှည့်ပေါ့။ ရှေ့ကလူတွေရေးသလိုမျိုး သူလည်းစရေးတော့တာပါဘဲ။ က ခ ဂ ဃ ….ထိအဆင်ပြေတယ်။ “ဃ” ရေးပြီးတိုင်း ရေးပြီးတိုင်း ဖျက်လိုက် ပြန်ရေးလိုက် ပါးစပ်ကဆိုလိုက်နဲ့ ရှေ့ဆက်မတက်နိုင်ရှာဘူး။ကျတော်လည်း စဉ်းစားချင်စဉ်းစားပါစေဆိုပြီး ဘာမှဝင်မပြောဘူး။ ရပ်ပြီး သူလုပ်နေတာကိုဘဲ ကြည့်နေတာပေါ့။ က ခ ဂ ဃ………….ရပ်သွားပြန်ပြီ။ အဲဒီနေရာမှာဘဲ ဆက်မဆို၊ မရေးနိုင်ရှာဘူး။ အဲဒိလိုနဲ့ ကြာလာတော့ ကျတော်လည်း ရှင်းပြမယ်အလုပ်၊ ဦးကြီး ဦးပိုက်ထွေးရဲ့နာမည်ဖြစ်လာပုံကို ရှင်းပြတဲ့ ဦးသိန်းမောင်က ကောက်ကာငင်ကာ

“ဟဲ့…..မှေးတေးရယ် “င“တောင်မေ့နေပြီလား ဟာ နင်ကလည်း” လို့ပြောလိုက်ရော ဒေါ်မှေးတေးခမျာ ဦးသိန်းမောင်ကို ကော်(ကလော်)တုတ်ပါလေရော။ အစထဲက သူကြီးအမိန့်ကို မလွန်ဆန်ရဲလို့သာလုပ်ရတာ။ အခု ကျတော် ဘာလုပ်ရမှန်း မသိတော့ပါဘူး။ ကျတော် ဝင်ရှင်းပြဖို့ ကြိုးစားပေမယ့် ဒေါ်မှေးတေးက သူ့ကိုလူပုံအလယ်မှာ ဒီလိုပြောရကောင်းလားဆိုပြီး စိတ်ဆိုးပြီးပြောနေတာ စုံနေတာပါ။ အဲဒီ အချိန်မှာပဲ ကျတော် စာသင်ရာကို ရွာဦးကျောင်းက ဘုန်းတော်ကြီး လာကြည့်တာနဲ့တိုက်ဆိုင်သွားတော့ သူတို့ ရန်ပွဲပြီးသွားကြတယ်။ ကျတော်လည်း ဆရာတော်ဘုရားကို၊ ခရီးဦးကြိုပြု၊ ဝတ်ပြု၊ စကားပြောပြီး အဲဒီနေ့ အတန်းသိမ်းလိုက်ပါတယ်။

နောက်ရက်ကျမှ ဒေါ်မှေးတေး ကို “င“ ဆိုတာကတော့ မြန်မာဗျည်း ၃၃ လုံးရှိတဲ့ အထဲက ၅ ခုမြောက်အက္ခရာဖြစ်ပြီး “ငါ့ “ ဆိုတာကတော့ ပိုင်ဆိုင်မူကို ပြဆိုကြောင်း၊ ဦးသိန်းမောင် ပြောသော “င“ ဆိုသည်မှာ “ငါ့“ ကိုဆိုလိုဟန်မရှိကြောင်း မြန်မာဗျည်း ၃၃ လုံးရှိတဲ့ အထဲက ၅ ခုမြောက်အက္ခရာဖြစ်တဲ့ “င“ ကိုသာဆိုလိုခြင်းဖြစ်ကြောင်းကို “င“ နဲ့ “ငါ့“ ရဲ့ ကွာခြားပုံကို ကျတော် အကျိုးအကြောင်းရှင်းပြတော့မှ ဒေါ်မှေးတေးပြုံးလာပါ၏။ ရှက်ပြုံး၊ ပာန်ဆောင်မူကင်းတဲ့အပြုံး၊ နှစ်လိုဖွယ်ကောင်းတဲ့အပြုံး၊ အငြိုးအတေး မြူမှုန်မျှမရှိတဲ့ မာနမဲ့အပြုံးပါ။

 

ကျေးဇူးတင်ပါသည်။

ရင်းနှီး၊ ခင်မင်စွာဖြင့်

အညာတမာ။

24 comments

  • ahnyartamar

    July 15, 2012 at 8:50 pm

    ဒီပို့စ်က ၁၉၈၃-၁၉၈၄ ခုနှစ်များဆီက ကျတော်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်မှန်ကို ဝတ္ထုတိုလေးလို ဖတ်ကောင်းအောင် ရေးထားတာပါ။ ပို့စ်ထဲက လူတွေဟာလည်း ကျတော်တို့ရွာက လူတွေရဲ့အမည်အမှန်တွေနဲ့ ဖြစ်ရပ်မှန်တွေပါ။ တချို့ သက်ရှိ ထင်ရှားရှိပါသေးတယ်။ နောက်ပြီး ကျတော့်ရဲ့ နွေရာသီကျောင်းပိတ်ရက်တွေများထဲက အမှတ်တယ အရှိဆုံးပါ။ နှစ် အစိတ်ကျော် ၃ဝ နီးပါး ကြာပေမယ့် ဦးနှောက်ထဲမှာ diary အဟောင်း ပြန်ဖတ်နေရသလို လတ်ဆပ်နေဆဲပါ။

  • htet way

    July 15, 2012 at 8:53 pm

    ကျေးလက်က ဟာသတွေရော သဘာဝတွေပါ သိခဲ့ရပါတယ်
    အားပေးပါတယ် ဆရာ

  • အရီးခင်လတ်

    July 15, 2012 at 9:07 pm

    ကိုတမာ
    ဆက်ရေးပါဦး။
    သူတို့ စာဖတ်တတ်၊ စာရေးတတ် သွားကြလား။
    စိတ်ဝင်စားစရာ အရေးကောင်းပါဘဲ။

    ပြောသာပြောရတယ်။
    အဲဒီတုန်းက အ သုံးလုံး ဆိုတာ စာမတတ်တဲ့ သူ ပပျောက်အောင် အရင်စာမတတ်ခဲ့တဲ့ လူကြီး တွေ ကို အော်ပရေးရှင်း ပုံစံထား ပြီး တတ်အောင်သင်ခဲ့ လို့ စာမတတ်သူ ပပျောက်ပြီ လို့ ကြွေးကြော် နိုင်ခဲ့တယ်။
    အဲဒီတုန်းက ကလေး ဆိုတာက စာသင် ကို သင် နေကြတယ် default မို့ အနာဂါတ်မှာ စာမတတ်သူ မရှိတော့ လို့ သတ်မှတ်ခဲ့တယ်။

    အခုများမှာတော့
    ပိုက်ဆံ မတတ်နိုင်လို့ စာမသင် ရဘဲ စာမတတ် တဲ့ ကလေးတွေ။
    စစ်ဘေးစစ်ဒါဏ် နဲ့ စာမသင် ရဘဲ စာမတတ် တဲ့ ကလေးတွေ။
    မဆိုင်တာတွေ ဝင်ရှုပ်နေလို့ စောဒီးပါရှင်။
    ရင်နာ လွန်းလို့ပါ။

  • nozomi

    July 15, 2012 at 9:18 pm

    ဆရာလေးက သင်တာတွေရော
    ဆရာလေးကို ပြန်သင်တာတွေရော ပါလာမဲ့
    နောက်အပိုင်းတွေ မျှော်နေပါတယ် ခင်ဗျာ

    ဘယ်နှစ်ယောက်တတ်တတ် သူတို့ တွေ ဘယ်လောက်တတ်တတ်
    အဲဒီလို လုပ်ခဲ့ရတာအတွက် ပြန်စဉ်းစားလိုက်တိုင်း ကျေနပ်ကြည်နှုးစိတ် ဖြစ်နေမယ်ထင်ရဲ့

  • မောင်ပေ

    July 15, 2012 at 9:29 pm

    ကိုအညာတမာရေ
    နောက်ထပ် ဒိုင်ယာရီ စာမျက်နှာတွေကိုလဲ
    ထပ်ရေးပြပါဦးနော
    အားပေးပါတယ် ခင်ဗျား။

  • may flowers

    July 15, 2012 at 9:31 pm

    အားပေးသွားပါတယ် ကိုအညာတမာရေ….နောက်ပိုစ့်တွေလည်း မျှော်နေပါမယ်နော်။

  • TTNU

    July 15, 2012 at 9:45 pm

    အ သုံးလုံးလို့ ကြားတိုင်း စိတ်တွေ ဝင်စားမိတယ်။
    ကျွန်မ (၁၉၇၀) ( ၁၉၇၂) တွေမှာ ကျောက်ဆည်ခရိုင်၊ ပြည်ခရိုင်တို့မှာ
    လုပ်အားပေးခဲ့တယ်။
    ဆရာ့ ပို့စ်လေးက အားလုံးကိုပြန်လွမ်းမိစေပါတယ်။

  • ahnyartamar

    July 15, 2012 at 11:21 pm

    အဦးဆုံးဝင်ဖတ်တဲ့ ဆရာထက် ကို ကျေးဇူးတင်ပါတယ်။
    **********
    အရီးလတ်ရေ…နှစ်လလောက်ကြာတော့ သူတို့တွေက သင်ရိုးတိုင်းသင်ရတာကို ငြီးငွေ့လာပြီး (သင်တဲ့လူညံ့လို့ဖြစ်မှာပါ) သူတို့ အာဂုံရတဲ့ ဘုရားစာတွေပဲ တွဲပြီးသိချင်တယ်လို့ ပြောကျတယ်။ ဒါကြောင့် ရွာဦးဆရာတော်ဘုရားရဲ့အကူအညီနဲ့ သူတို့တွေ တယောက်ချင်းအလွှတ်ရတဲ့စာတွေကိုပဲ ဖြတ်လမ်းက သင်ပေးခဲ့ရတယ်။ တော်တော် တော့ပင်ပန်းခဲ့ပါတယ်။ တစ်ချို့ဆို ရွာက ဝတ်အသင်းမှာတောင် ဝတ်ရွက်ဖို့ နေရာရသွားကြတယ်။
    **********
    အလင်းဆက်ကိုလည်း ကျေးဇူးပါဗျာ။ ဝင်ရောက်ဖတ်ရှုပေးတဲ့အတွက်ပါ။
    **********
    nozomi ခဗျာင်္း…ဟုတ်ပါတယ် ပြန်စဉ်းစားလိုက်တိုင်း ကျေနပ်ကြည်နှုးနေဆဲပါ။
    **********
    ကိုပေ နဲ့ may flowers ခဗျာင်္း…ကျိုးစားနေပါတယ်။
    **********
    တီချယ်ကြီးခဗျာင်္း…ကျတော်သင်ခဲ့ရတာက နိုင်ငံတော်စီမံချက်မဟုတ်တော့ တီချယ်ကြီးရဲ့ အတွေ့ အကြုံ တွေနဲ့ အများကြီးကွာနေမှာပါ။ အတိတ်ကို ပြန်လွမ်းမိတယ်ဆိုလို့ ပီတိဖြစ်မိပါတယ်ခဗျာင်္း။
    **********

  • surmi

    July 16, 2012 at 12:07 am

    ကိုယ်.ဆရာ မရေး မရေးနဲ. ရေးတော.လည်း တကဲ.သရုပ်ပေါ်တာဘဲဗျ
    ဒါနဲ.များ မရေးဘဲနေသေး
    ဒီပို.စ်လေးဖတ်ပြီး ၈ဝကျော်များနှစ်တွေက အသုံးလုံး သင်တန်းလေးတွေပြန်မြင်ယောင်မိပါတယ်
    ဆက်ရေးဦးနော် ဒီတစ်မနက်လုံး အားနေတာနဲ.ပို.စ်တွေမျှော်နေရတာ အခု ညနက်မှဘဲ
    ရွာထဲ ပြန်ဝင်ရတော.တယ် ။

  • ကိုရင်မောင်

    July 16, 2012 at 4:34 am

    ငယ်ငယ်ကအတွေ့အကြုံလေးတွေကို
    သတိတယရေးယင်းနဲ့ဘဝရဲ့ အမှတ်တရလေးတွေဖြစ်သွားရတာပေါ့…
    အရေးအသားကောင်းတော့ ဖတ်ရတဲ့သူတွေအာသာမပြေဖြစ်ရပါတယ်
    အညာတမာရေ…. နောက်ထပ်အတွေ့အကြုံလေးတွေ
    စောင့်မျော်နေပါတယ်……

  • ကြောင်လေး

    July 16, 2012 at 9:21 am

    င တောင်မေ့နေပြီလားလို့မေးတာကို စိတ်ဆိုးတယ်ဆိုတော့ အရင်ကဇာတ်လမ်းလေးရှိခဲ့ပုံရတယ်။
    ရှိရင်ပြန်ဖော်ပြီးရေးပေးဦးနော်…..

  • မမ အညာသူ

    July 16, 2012 at 9:50 am

    ခံစားဖတ်ရှု.သွားပါတယ်နော်
    ဆက်လတ်အားပေးနေပါတယ်

  • mamanoyar

    July 16, 2012 at 9:51 am

    ရွာအကြောင်းရေးပြတော့ ရွာကိုတောင်သတိရမိတယ်
    ရွာသူ၊ ရွာသားအချင်းချင်းဆိုတော့ ပိုပြီး ကွက်ကွက်ကွင်းကွင်းမြင်ပါတယ်
    အရေးအသားလဲအရမ်းကောင်းပါတယ်
    ်” မောင်သောင်းဖေ ဘိလပ်ကပြန်လာသလား ထင်ရတယ်၊ အသားတွေဖြူလာတယ်၊ ဝလာတယ်၊ ဝတ်ထားတဲ့အကျီကလည်း ဈေးကြီးမှာဘဲနော်”

  • kyeemite

    July 16, 2012 at 10:59 am

    အညာတမာရဲ့ အသုံးလုံးသင်တဲ့ ပို့စ်လေးဖတ်ရတော့
    သတိရစရာတွေ တသီကြီးပေါ်လာတယ်ဗျာ…အဲတုံးက
    တက္ကသိုလ်ကျောင်းပိတ်ရက်မှာ အသုံးလုံး လုပ်အားပေးသွားမဲ့
    သူလေးကို လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ဖူးပါရဲ့…ကိုယ်တိုင်တော့မလိုက်နိုင်ခဲ့…
    အိမ်မှာလုပ်အားပေးဖို့ရှိနေလို့….
    အညာတမာက စာအရေးကောင်းတစ်ယောက်ပဲဗျ…
    ဒါကြောင့် ပို့စ်လေးတွေ များများရေးဖို့ တိုက်တွန်းပါတယ်..
    လက်မလေးတစ်ချောင်းထောင်ခဲ့သဗျို့…

  • pooch

    July 16, 2012 at 12:51 pm

    ဘယ်သူပြိုင်လို့ လှပါတော့နိုင်ဆိုတဲ့ ရှေးကားလေးကို သတိရမိတယ်။ ( အဲ့ဒီဇာတ်ကားမှာ အံ့ကျော်ကြီးတောင် အကယ်ဒမီရခဲ့တယ် မှတ်တာပါပဲ)

    • မွန်မွန်

      July 16, 2012 at 1:17 pm

      ဟုတ်တယ် ဟုတ်တယ်… အဲဒီဇာတ်လမ်းကို အရမ်းကြိုက်တာ… နာမည် မေ့နေလို့… 🙂

      အညာတမာရေ… ဖတ်နေရင်းနဲ့ ကြည်နူးမှုရသကို တကယ်ခံစားရပါတယ်။ အညာရဲ့ ဓလေ့လေးတွေပါ သိရလို့ တကယ်ကောင်းတဲ့ ပို့စ်လေးလို့ ပြောချင်ပါတယ်…
      (Credit to Revacca Win at အိမ်မက်ဆုံရာ) 😛

  • amatmin

    July 16, 2012 at 1:18 pm

    ကိုရင်အညာတမာရေ..
    ဖတ်ရတာ အရသာတမျိုးလေးပါပဲ ဗျ..
    ကျနော်ငယ်ငယ်ကဆို..တီဗီကလာတဲ့ .
    အသုံးလုံး ဇာတ်ကားလေးတွေ ကြည့်ပီး .
    အင်မတန်ဆရာဖြစ်ချင်ခဲ့သမို့..
    ကိုယ့်ဆရာ အရေးအသားလေးမြင်မိပီး.
    သဘောကျနေပါကြောင်း.. အဲ့ဖီလင်လေးတော့
    ရဖို့မလွယ်ပေမဲ့အခွင့်အရေးရရင်တော့ ကြုံလိုက်ချင်သေးသား 🙂

  • နွေဦး

    July 16, 2012 at 1:42 pm

    ကျောင်းသားဘဝ နွေကျောင်းပိတ်ရက် အသုံးလုံး လုပ်အားပေး ခရီးတွေကို ပြန်သတိရသွားပါတယ်..။
    ခုခေတ်ခလေးတွေ ဒီအတွေ့အကြုံမျိုး မရတာ သနားစရာပါ…။

  • eipu

    July 16, 2012 at 2:08 pm

    ငယ်ငယ်လေးထဲက ဆရာမအရမ်းဖြစ်ချင်ခဲ့တာ။
    စာသင်ရတာကို ဝါသနာပါလို့လေ။ ကိုယ်တိုင်မသင်ပေးခဲ့ရတော့ အားကျပါတယ်

  • စိန်ဗိုက်ဗိုက်

    July 16, 2012 at 3:41 pm

    😀
    အတော်နောက်တယ်..
    ကိုတမာရေ..ဒါမျိုးလေးတွေ ရေးပေးပါဦး..
    ှုရွာ့ဓလေ့လေးတွေ..ဘယ်ချိန်ဖတ်ဖတ် မရိုးဘူးဗျာ

  • ဦးဦးပါလေရာ

    July 16, 2012 at 5:53 pm

    အ သုံးလုံး စီမံချက်က ဘယ်တုန်းက စ ခဲ့သလဲတော့မသိဘူး
    ဒါပေမယ့် ကျုပ်လူမှန်းသိစ ငါးတန်း လောက်မှာကို တော်တော် အရှိန်ရနေပါပြီ
    အဲ… ထုံးစံအတိုင်း အင် ထုရာမှာလဲ အရှိန်ရနေပါပြီ..။
    ဥပုသ်နေ့ နေ့ခင်းတွေမှာ ဘုန်းကြီးကျောင်းက ဆွမ်းစားဇရပ်ထဲမှာ
    အခြားဥပုသ်သည်အဒေါ်ကြီးတွေကို တရားစာအုပ်တွေ ဖတ်ပြနေကျ ကျုပ်အဘွားကိုတောင်
    အ သုံးလုံး သင်တန်းဆင်းပွဲမှာ စာဖတ်ပြဘို့ တောင်းတောင်းပန်ပန်နဲ့လာခေါ်တာမှတ်မိတယ်။
    အဘွားက ရိုးတော့ အင်ထုရာမှာ ကြံရာပါဖြစ်သွားမှန်းမသိလိုက်ဘူး….
    အိမ်ပြန်ရောက်လာတော့ ပြန်ပြောတာက-
    “ဟဲ့ … သူတို့ဖတ်ခိုင်းတဲ့စာက ကလေးစာလေးတွေလိုပဲ
    အဲဒါများ ဆရာမလေးက အနားကနေ ဖြေးဖြေးဖတ်ဘို့ တတွတ်တွတ်လာပြောနေသေးတာ…” တဲ့ 😀

  • shwe kyi

    July 16, 2012 at 6:34 pm

    ကိုအညာတမာရေ ဖတ်ရတာကောင်းလိုက်တာ တကယ့်အဖြစ်အပျက်ဆိုတော့ ပိုပြီးရီမိသွားတယ်။
    တောကလူကြီးသူမတွေက ရိုးသားကြတယ်။ စိတ်ထဲရှိတဲ့အတိုင်းကြဲကြတာပဲ။ အင်မတန်ချစ်ဖို့ကောင်းတယ်။

  • ahnyartamar

    July 16, 2012 at 8:04 pm

    အားပေးသူ ရွာသူ/သား အပေါင်းကို ကျေးဇူးတင်ပါတယ်ဗျို့။
    **********
    ဦးဦးပါလေရာ ခဗျာင်္း..
    ကျတော်က အစိုးရစီမံချက်အရ သင်ခဲ့ရတာမဟုတ်ပါ။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် လုပ်နိုင်သလောက် လုပ်ခဲ့တာပါ။ “အ”သုံးလုံးစီမံချက်တွေက ကျတော်သင်ခဲ့တဲ့ နှစ်တွေထက် အမှားကြီးစောပါတယ်။ မ ဆ လ အားကောင်းမောင်းသန် ရှိနေတဲ့ ၁၉၇ဝခုနှစ် ဝန်းကျင်ကပါ။ ကျတော်တောင် “အ” သုံးလုံးမတတ်သေးပါဘူး။
    မ ဆ လ ခေတ်ကတော့ အင်ထုတာက နေ့စဉ်လုပ်ရတဲ့ ရုံးလုပ်ငန်းတခုပါ။

Leave a Reply