Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အာ…. ဟိ (ဟို သတင်း ဒီ အတင်း )

ကထူးဆန္းJuly 18, 20121min65026

အာ … ဟိ ။။

ဒုသမ္မတ ရွေးကောက်ပွဲ ရွှေ့လိုက်တယ်တဲ့ ။ သတိပြုမိသူလည်း ရှိ ။ မပြုမိသူလည်း ရှိမှာပေါ့နော် ။။

အမည် တင်သွင်းခံရသူ သား က ဩစတြေးလျ နိုင်ငံသား ဖြစ်နေလို့တဲ့ ။ ချွေးမ ကလည်း ဩစတြေးလျ သူ ဆိုတော့ ..

ဩစတြေးလျ စီတီဇင် များ ပြန် အပ်ကြပြီး ဟုတ် တော့ ဘူး လုပ်ကြဦးမလား မသိ …..

အာ..ဟ်ိ။။။

xxxxxxxxxxxxxxxxxxxxxxxxxxxxx

ဘယ်နှယ့် ဘယ်နှယ့် ကျုပ်တို့ ပြည်သူ့ရဲ တွေကို အလုပ်မလုပ်ကြဘူး ပြောကြသတုံး …

May I help you ကို Pay I help you လို့ ဖတ် ကြ သတုန်း …

သေးသေးဘဲ ဖမ်း ကြီးကြီး ဆို မဖမ်းဘူး ပြောကြ သတုန်း …

ဪ … ဒါကြောင့်ကိုး ….

၁၆-၇-၂၀၁၂ စာမျက်နှာ ၁ဝ ။ ကြေးမုံ သတင်းစာ

ကလေးမြို့ တွင် တစ်နေ့တည်း ချဲထီလောင်းကစားမှု လေးမှုဖမ်းဆီး

(၁) ဒုရဲအုပ် စိုးနောင် ဦးစီး အဖွဲ့ က ချဲဂဏန်းတွက်ထားသော စာရွက်တစ်ရွက် ၊ ချဲဂဏန်းရေးထားသော စာရွက်တစ်ရွက်နှင့် ငွေ စက္ကူမျိုးစုံ ၂၀၀ဝ မနန်းယဉ်မွှေး ၏ နေအိမ် အိပ်ခန်းအတွင်း မှ မိ တာ က တစ်မှု ။။။။။

(၂) ဒုတိယ ရဲအုပ် လှနိုင်ဦး ဦးစီး အဖွဲ့ က ချဲဂဏန်း နှင့် ငွေတန်ဘိုးရေးထားသော စာအုပ် နှစ်အုပ် ၊ ချဲဂဏန်းနှင့် ငွေသား တန်ဘိုးရေးထားသော စာရွက် ၁၆ ရွက်နှင့် ငွေ စက္ကူမျိုးစုံ ၁၀၀၀ဝ မမိတူး ၏ နေအိမ် အိပ်ရာခေါင်းရင်း ဗီရို အတွင်း မှ မိ တာ က တစ်မှု ။။။။။။။။။။။

(၃) ဒုတိယ ရဲအုပ် ဝင်းထွဋ္ဋ်ရှိန် ဦးစီး အဖွဲ့ က ချဲဂဏန်း နှင့် ငွေတန်ဘိုးရေးထားသော စာအုပ် တစ်အုပ် ၊ ချဲဂဏန်းနှင့် ငွေသား တန်ဘိုးရေးထားသော စာရွက် ရ ရွက်နှင့် ငွေ စက္ကူမျိုးစုံ ၁၆၅ဝ မကေသီဦး ၏ နေအိမ် အိပ်ခန်း သေတ္တာ အတွင်း မှ မိ တာ က တစ်မှု ။။။။။။။။။။။။။။။။။

(၄) ဒုတိယ ရဲအုပ် လှသိန်းဦး ဦးစီး အဖွဲ့ က ချဲဂဏန်းနှင့် ငွေသား တန်ဘိုးရေးထားသော စာရွက် ၃ ရွက်နှင့် ငွေ စက္ကူမျိုးစုံ ၁၁၄၀ဝ မချစ်သဲ ၏ နေအိမ် ၎င်းကိုင်ဆောင်ထားသော ပိုက်ဆံအိတ် အတွင်း မှ မိ တာ က တစ်မှု ။။။။။။။။။။။။။။။။။။။။။

အာ…ဟိ ။

P.S /ရွာသူ ရွာသား များ ဝါသနာ ပါရင် သတိထားကြဦးနော် …

xxxxxxxxx

ပုဂံက ဟိုတယ်ကြီး တစ်ခုမှာ အိပ်ခန်းထဲကို သူခိုး ဖောက်ထွင်း ဝင်ရောက်လို့ ယိုးဒယား ဧည့်သည် နဲ့ မြန်မာ ဧည့်သည် စုစုပေါင်း အခန်း ငါးခန်း က ပစ္စည်းတွေ မ သွားပါတယ်လို့ သတင်းထွက်နေပါတယ် ။

ဖောက်ထွင်းစဉ်မှာ မနိုးအောင် ဓာတု ဆေးငွေ့ ပစ္စည်း သုံး သွားတယ်လို့ လဲ ထင်ကြေးပေးနေပါတယ်တဲ့။

ဟိုတယ် က ဧည့်သည်တွေ သတင်း မဖွအောင်လို့ လျော်ကြေး ပေးလိုက်ရတယ်လို့ ပြောပါတယ် ။

တကယ်တော့ ဒီလို သတင်းမျိုး ဆိုတာ အများသိအောင် ပြောပြ ရမှာ ပါ ။ ရှက်စရာ မလိုပါဘူး ။ ဒါမှ နောင် ကာကွယ်နိုုင်မှာပါ ။

ဒါကြောင့် ဒီသတင်း ကြားမီတဲ့ ကထူးဆန်း က မနေနိုုင် မထိုင် နိုုင် အများ သိအောင် ဖွ လိုက်ပါကြောင်း ။

အာ..ဟိ

(ဗဟုသုတ ပြည့်စုံကြတဲ့ သူကြီး (သို့) ရွာသူား များဆီက ဘယ်လို ဓာတု ဆေးငွေ့ ဖြန်းသွားလဲ သိချင်စမ်းပါဘိ)

26 comments

  • စိန်ဗိုက်ဗိုက်

    July 18, 2012 at 2:22 pm

    အရင်က အိပ်ငွေ ့ချတယ်ရှိုလား ကြားဖူးတယ်ဗျ…
    သံပုရာသီး ရှိရင် အိပ်မပျော်ဘူး ကြားဖူးတာဘဲ..
    ပြန်လာခဲ့မယ်..
    ကျလိ..ကျလိ..

  • Solid_Sn@ke

    July 18, 2012 at 2:29 pm

    သိပ်စိတ်ဝင်စားသွားဘီဗျို့ .. ပုဂံ သတင်းကို …
    ဘယ့်နှယ့် ဓါတုဓါတ်ငွေ့လို့ပဲ ဗျာ

    ဖြစ်နိုင်ချေရှိတာကတော့ ကန်မီကယ် ဆိုင်တွေမှာ အလွယ်တကူ
    ဝယ်လို့ရနိုင်မယ့် ကလိုရိုဖောင်း လိုဟာမျိုးပဲနေမှာပါ …
    အငွေ့ဆိုတော့ …အင်း ..အငွေ့ဆိုတော့ …

    အဲယားကွမ်း ပိုက်ကနေ ထိုးသွင်းရင်တော့ ..အထဲမှာ ..
    အလှမပျက် ချွေးမထွက်ဘဲ သတိလစ်နေမှာပေါ့လေ…

    :mrgreen:

    ထင်တာဝင်ရွှီးသွားပါတယ်…
    ဖွကြပါ ဆြာတို့… ဒါမျိုး မှုခင်းက အများသိထားဖို့လိုပါတယ်…

    😀

  • ဦးဦးပါလေရာ

    July 18, 2012 at 2:36 pm

    အော်……
    တော်တော်ကြီးမားတဲ့ လောင်းကစားဒိုင်ကြီးတွေကို ဖမ်းလိုက်နိုင်တာကိုး….
    အဲလိုနဲ့တော့ … ဒုစရိုက်မှု့တွေ တော်တော် ပ ပျောက် ဦးတော့မယ်….. 🙁

    • myanmarcitizen

      July 18, 2012 at 2:54 pm

      အဲ့ဒါကြောင့်ပြောတာပေါ့။ လုပ်ရင်လဲ ကြီးကြီးမားမားလုပ်ပါလို့။ မစို့မပို့လုပ်တော့ ဖမ်းခံရတော့တာပေါ့။ 🙂

  • နွေဦး

    July 18, 2012 at 2:48 pm

    ဟို အပေါ်က သတင်း(အမှု)က သေးသေးလေးပေမဲ့ မြိုးမြိုးမြက်မြက်လေး စားကြောရှိတာ
    ဒါမျိုးက ကျယ်ကျယ်အော်လေ (အမှုကြီးအောင်လုပ်လေ) ငွေ များများထွက်လေ ဗျ ။
    အောက်က သတင်းမျိုးကတော့ အထက်က သိတာနဲ့ အထုအထောင်းခံရမှာ ငွေမဝင်ဘဲ ငွေထွက်မဲ့ကိစ္စ မို့
    အသံမထွက်အောင် ဖုံးဖုံးဖိဖိလေး…။
    ဒါမျိုးတွေ ဘယ်တော့မှ မဆုံးနိုင်ဘူးထင်ပါရဲ့ဗျာ..။
    ………. ကိစ္စကတော့
    အဆိုတင်သွင်းခံရသူနဲ့ အတည်ပြုပေးမဲ့ ကော်မရှင်ဥက္ကဋ္ဌ တို့ရဲ့ အကြောင်းကလဲ ရှိသေးသကိုးဗျ…။
    သူ့ကို မပေးရင် ငါရနိုင်တယ်ဆိုတာမျိုးလားဗျာ..။

  • kai

    July 18, 2012 at 2:48 pm

    ယိုးဒယားဧည့်သည်မို့ တော်သေးသပေါ့..
    အမေရိကန်ဧည့်သည်သာဆို.. ပွဲကောင်းပဲ..
    ယူအက်စ်ပြန်ရောက်တာနဲ့.. . သူခိုးသုံးတဲ့.. ကမ်မစ်ကယ်ကြောင့် သူ့ကျမ်းမာရေးထိခိုက်သွားပါတယ်ပြောပြီး..အာမခံကနေ… သောင်းချီပြန်ထုတ်မှာ…။
    ပစ္စည်းဖိုးလေးလည်း.. ၂ဆပြန်ရချင်ရဦးမယ်ပေါ့..

    အာဟိ..။

  • Mical David ko Jar Yit

    July 18, 2012 at 2:51 pm

    ဟုတ်ပ ၊ ဆင်းရဲသမှုတွေ ပပျောက်တော့မယ် ၊
    တော်လိုုက်တာ ၊ လောင်းကစားသေးသေးလေးတွေ ကို စွန့်စွန့်စားစား ဖေါ်ထုတ်
    နိုင်ပါပေတယ် ၊ ဘယ်လိုကျေးဇူးဆပ်ရမှန်းမသိတော့လောက်အောင်ဖြစ်မိပါတယ်
    အသင်မောင်မောင်ရဲ တို့ရေ ။

  • ရာဇဝင်လူဆိုး

    July 18, 2012 at 3:04 pm

    စခန်းရဲက..၁ လုံး။ ၂ လုံး ၊၃ လုံး။ မူးယစ်ဆေးဝါး အမှုတွေ..အမှုတွေမျိုးစုံနဲ့ ငွေရတယ်။
    ယာဉ်ထိန်းရဲက…. ကားတွေဆီက ငွေရတယ်။
    လဝက ရဲက..မှတ်ပုံတင် လုပ်ပေးတာနဲ့ မှတ်ပုံတင် စစ်ဆေးတာကနေ ငွေရတယ်။
    အကောက်ခွန်ရဲက…. ကုန်ပစ္စည်းမှောင်ခိုကိစ္စတွေက ငွေရတယ်။
    လုံထိန်းရဲက ….ဘုန်းကြီးရိုက်တယ်။

    ..လစ်ပြီ..

  • မောင်ပေ

    July 18, 2012 at 3:05 pm

    အော် ဒုရဲအုပ်နှယ်
    ထောင်ပိုင်းသောင်းပိုင်း
    လောင်းကစားဝိုင်းဖမ်းတာများ
    တပ်ကြပ်လောက် ခိုင်းပေါ့
    နော… ဘော်ဒါတို့ရာ
    အခြေခံပညာ အလယ်တန်းတက်နေတဲ့
    တူလေးတွေကို မှာရဦးမယ်
    ကျူရှင်နားမှာ
    ၁၀ဝကြေး ၂၀ဝကြေး
    ဂေါ်လီမပစ်ကြနဲ့လို့
    တော်ကြာ
    ဒုရဲအုပ်နဲ့ တွေ့နေမယ်လို့
    ဟီဟိ

  • Gipsy

    July 18, 2012 at 3:25 pm

    ဒီအတိုင်းဆို မြန်မာပြည်မယ် ရာဇဝတ်မှုတွေ ပပျောက်တော့မှာပေါ့နော်…
    တော်တော်လေး ကြိုးစားပမ်းစား အပင်ပမ်းခံလိုက်ရတယ်နဲ့တူတယ်…
    ဆက်လုပ်ကြပါ ..
    တနေ့တလံ ပုဂံ ဘယ်ပြေးမလဲ ပေါ့နော် …

  • နှင်းဆီ ငုံ

    July 18, 2012 at 4:01 pm

    ချဲသမားတွေ သနားပါတယ်နော် ကထူးဆန်း ….

  • shwe kyi

    July 18, 2012 at 4:34 pm

    ကူညီပါရစေတွေစွန့်စားခန်းကတော့ အံမခန်းပါပဲ။ အမှုစုံစမ်းဖေါ်ထုတ်ဖို့ တော်တော်လေးကိုကြိုးစားလိုက်ရမယ်ထင့်ပါ့။ ဒဏ်ရာများရသွားကြသေးလားမသိ။
    ပြည်သူများလည်းပူးပေါင်းပါဝင်ကြပါခင်ဗျ။ ရဲနဲ့ပြည်သူလက်တွဲပြီးမဟာအမှုကြီးများဖေါ်ထုတ်ကြပါစို့။ 😀

  • မွန်မွန်

    July 18, 2012 at 4:46 pm

    ရှေးဟောင်းနယ်မြေ၊ tourist site (မြန်မာမှုပြုတာ စဉ်းစားလို့မရလို့ 😀 ) ဖြစ်တဲ့ ဒီလိုနေရာမှာမှ ဟိုတယ်ကြီးထဲမှာ ကိုယ့်ဆီလာတဲ့ ဧည့်သည်ဆီက ခိုးတယ်ဆိုတော့… အင်း… ကောင်းပါတယ်… နာမည်ကောင်းလေးတွေ ရတာပေါ့… 🙂

    ဘယ်လိုဖြစ်လို့ သောင်းကျန်းနေရတာတုန်း။ ဘုန်းကြီးကျောင်းနှစ်ကျောင်းလည်း ဖောက်ထွင်းခံရတယ်ပြောတယ်။ ဟိုတယ်နဲ့ဘုန်းကြီးကျောင်းပဲ ဝင်ခိုးတယ်ဆိုတော့ …. @_@

  • pooch

    July 18, 2012 at 5:31 pm

    အဲ့ဒီ ခိုးတဲ့ အမှုကို ရဲလက်အပ်ပြီး ပေါ်အောင် ဖော်မှ ဖြစ်မယ်ထင်တယ်။ ပြီးရင် ထိုက်သင့်တဲ့ ပြစ်ဒဏ် ချမှာ။ မဟုတ်လို့ အတင့်ရဲလာရင် ရှေ့လျှောက် နာမည်ပျက်စရာတွေ ဖြစ်ကုန်တော့မှာပဲ။

    ဟိုကိစ္စကတော့ ဆက်ကြေးမပေးလို့ အမှုမရှိရှိအောင် ဆွဲစိလိုက်တာနေမှာ။ ဒုက္ခ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 18, 2012 at 9:23 pm

    ( ဒုသမ္မတ ရွေးကောက်ပွဲ ရွှေ့လိုက်တယ်တဲ့ ။ သတိပြုမိသူလည်း ရှိ ။ မပြုမိသူလည်း ရှိမှာပေါ့နော် ။။
    အမည် တင်သွင်းခံရသူ သား က ဩစတြေးလျ နိုင်ငံသား ဖြစ်နေလို့တဲ့ ။
    ချွေးမ ကလည်း ဩစတြေးလျ သူ ဆိုတော့ ..ဩစတြေးလျ စီတီဇင် များ ပြန် အပ်ကြပြီး
    ဟုတ် တော့ ဘူး လုပ်ကြဦးမလား မသိ ….. )
    လက်ရှိ ရခိုင်အရေးအခင်းရယ်
    နိုင်ငံခြားမှာသားတွေရှိပြီး နောင်သမ္မတဖြစ်မယ်လို့ သဘောစိဒဲ့ ဒေါ်အောင်ဆန်းစုကြည်ရယ် ။

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 18, 2012 at 9:23 pm

      အဟေ ဟေး

      • အရီးခင်လတ်

        July 18, 2012 at 11:50 pm

        ဘပု တို့များ ကိုယ့်ဟာကိုယ် အဆိုတင်သွင်း ကိုယ့်ဟာကိုယ်ပြန် သဘောကျ ထောက်ခံ နဲ့ ဟန် ကိုကျလို့။
        အဟေ ဟေး။ 😉

  • ဖိုးထောင်

    July 18, 2012 at 11:21 pm

    တကယ့်လက်ရင်းဒိုင်ကြီးတွေကို မိသွားတာပဲဟ
    တော်သေးတယ်… ဟိုနေ့က နှစ်လုံးကိုင်ပြီး ရဲရှေ့ကနေဖြတ်လျှောက်လာတာ အဖမ်းမခံရလို့ (တစ်မျိုးမထင်ပါနဲ့ အနော်ကိုင်လာတာ ဘဲဥ နှစ်လုံး) ဂွတ်ဂွတ်ဂွတ်

  • surmi

    July 18, 2012 at 11:46 pm

    ဗျို. ….ကိုထူးဆန်း
    ပို.စ်မှားပြီး အံဇာတုံးရဲ.” ရွာသူားများကိုပန်ကြားခြင်း”ထဲမှာမန်.မိသွားသဗျာ ။။။။
    မျက်လုံးတွေကလည်း ဝေ နေတာဆိုတော…………….။

  • အရီးခင်လတ်

    July 18, 2012 at 11:49 pm

    ကထူးဆန်း

    ဒုသမ္မတ ကိစ္စက
    သဘောရိုးလား။ တမင် ဖန်ထားတဲ့ ဇာတ်ကွက် လား။
    သူတို့မှ ဘဲ သိမှာဘဲ။
    စစ်တုရင် အကွက် ရွေ့နေသလိုဘဲ။
    ရွေ့သမျှ အကွက်တိုင်း ရဲ့ နောက်မှာ ထိုးစစ် တွေနဲ့။ 🙄

    ကိုယ့်တိုင်းပြည် အုပ်ချုပ်သူတွေ က ပြည်သူတွေ အတွက် တကယ်လုပ်နေပြီလို့ စိတ်ချလက်ချ ယုံလိုက်ချင်ပါပြီ။

    သူခိုး ကိစ္စကတော့
    ဟိုးငယ်ငယ်တုန်း ကတော့ အိမ်ကို သူခိုး ဝင်သွားပြီးရင် အိမ်ရှေ့မှာ အီးပုံ တွေ့တယ်ပြောတာ ကြားဘူးတယ်။
    ဘာသဘောလဲ တော့ မသိဘူး။
    အနံ့တော့ ရှိမှာဘဲ။ အဟတ်။ 😉

    နိုဗွီ ရဲ့ ဂျုံ မြက် မှာ
    { (၁၆) ယနေ့ခေတ်ရဲ့ မြို့ပြလေထုထဲမှာ အနည်းနဲ့ အများ ဆိုသလို ပါဝင်နေတဲ့ အဆိပ်ဓာတ်ငွေ့ ကာဘွန်မိုနောက်ဆိုဒ် (Carbon Monoxide) ရဲ့ အဆိပ်အာနိသင်ကို အနည်းဆုံးအထိ လျှော့ချ ပေးနိုင်ပါတယ်။}
    လို့ ပါတယ်။
    ဟန်ကျပြီ။
    နိုဗွီ ရဲ့ ဂျုံ မြက်ဖျော်ရည် ကို ဟော်တယ် တွေမှာ သွင်း လို့ရပြီ။
    တည်းခိုသူများကို မအိပ်ခင် တစ်ဖန်ခွက် စီ တိုက်။
    ဟုတ်ဟုတ် မဟုတ်ဟုတ် ဘေးစနက် လုပ်လို့ရပြီ။ 😀

  • htoosan

    July 19, 2012 at 7:04 am

    နိုဗွီ ရဲ့ ဂျုံ မြက်ဖျော်ရည် ကို ဟော်တယ် တွေမှာ သွင်း လို့ရပြီ။

    အကွက်ကလည်း မြင်ပ့ါ ဒါကြောင့်မို့ အရီးတို့ 4 star ဖြစ်နေတာကိုး … 😀

  • Ma Ei

    July 20, 2012 at 12:42 pm

    ကိုထူးဆန်းရေ…
    ပြည်သူ့ရဲတွေ ၂ လုံး ၃ လုံးကို
    ကြီးကြီးသေးသေး အလုပ်လုပ်လို့
    ဖမ်းနေကြလို့နဲ့တူရဲ့…
    မနေ့က ဖုန်းမှားဝင်တာလေ…
    နံပါတ်ကြည့်တော့ မသိ ဒါပေမဲ့လဲ ဖုန်းလာတာဆိုတော့ ဟယ်လိုပေါ့…
    ပြောလိုက်ပုံက…ဘာထွက်လဲတဲ့…
    အမ်..ဘယ်ကိုဆက်တာလဲဆိုတော့ …မှားလို့တဲ့…
    အဲ့လို…အဲ့လို…

  • etone

    July 20, 2012 at 2:38 pm

    သူခိုးအိမ်မွှေ့ ချတယ်ဆိုတာထက် ..အစားသောက်ထဲပဲ အိပ်ဆေးထည့်ခပ်လိုက်သလားနော် … အတွင်းလူနဲ့ပေါင်းပြီးပေါ့ ….. ။
    ဟိုတယ်လိုနေရာမျိုးမှာ စီစီတီဗွီကင်မရာက ဒေါင့်ပေါင်းစုံဆိုတော့ အတွင်းမလူမပါလျှင် … ငါးခန်းကိုဖောက်ထွင်းဖို့ဆိုတာ … ဂိုဏ်းနဲ့လှုပ်ရှားလျှင်တောင် … တကယ့်ကို ခက်ခဲတဲ့အနေထားပါ ……. ။ နှာစေးနေတာတော့ …. ရှက်လို့လည်း ဖြစ်နိုင်သလို တခြား … တခြား … တခြားသော အကြောင်းကြောင့်လည်း ဖြစ်နိုင်တယ် … ။
    xxxxxxxxxxxxxxxxxxx
    ကိုထူးဆန်းရေ … ကျွန်မတို့ အသိ factory manager ကိုရီးယားမအိမ်မှာ အိမ်ဖော်တွေ လေးငါးယောက်ရှိပါလျှက် အိမ်ပေါ်တက်ပြီး မီးခံသေတ္တာ အလုံးလိုက် နေ့ခင်းကြောင်တောင်ကြီး မသွားတဲ့ အဖြစ်ပျက်ရှိဖူးတယ် ။ ရဲက ဘယ်လို စစ်စစ် မပေါ်ခဲ့ဘူး ။ …. အတွင်းလူတွေကို စစ်တာလည်း ဟာကွက်မရှိ အမှုမှန်မပေါ်လိုက်ဘူး … ပိုက်ဆံနဲ့ ရွေထည်လက်ဝတ်လက်စား မနည်းမနောပဲ အတော်ပါသွားတယ် ။

    xxxxxxxxxxxxxxxxxxx
    ဘာမဆိုင်ညာမဆိုင် ….ပြောချင်မိတာ… . ပိုင်ရှင်က ပိုင်ရှင် ၊ သူခိုးက သူခိုး .. အချိုးချတာတော့ ကွာမှာပေါ့လေ … ဒါကလည်း …. အကျိုးကြောင်း အဆိုးကောင်းတဲ့ …. ဟိ 😛
    xxxxxxxxxxxxxxxxxxx

    ခေါင်းထဲ နောက်ကျိကျိဖြစ်နေရင်း .. …. ကြားဖူးတဲ့ စကားပုံလေး ခေါင်းထဲ ဖြတ်ပြေးသွားတယ် …. သူခိုးလက်က သူဝှက်လုဆိုလား ဘာဆိုလား …….. ။ ဟီး … 😛

  • ဂန္ဓာရီ ဆြာအုပ်

    July 20, 2012 at 5:56 pm

    ကောင်းပါလေ့..
    အပင်ကြီး အမြစ်မလှန်ဘဲ အကိုင်းတွေလိုက်ခုတ်နေသမျှ..
    သနားစရာ အကိုင်း အခက်လေးတွေ

Leave a Reply