Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အိပ်ယာဝင်ပုံပြင်

စဆရ ႀကီးJuly 18, 20121min103627

ညနေက အတော်လေး အိမ်ပြန်နောက်ကျခဲ့လေသည်။ ရုံးတွင် အလုပ်တွေ စုပုံနေသောကြောင့်ဖြစ်သည်။ ချစ်ဇနီးလေးမှ သနပ်ခါးမွှေးမွှေးလေးကို လူးထားပြီး အပြုံးလေးနှင့် ရေချမ်းလေးတစ်ခွက်ကို ကိုင်ပြီးစောင့်နေသောကြောင့် တစ်နေ့တာ ပင်ပန်းခဲ့ရသမျှများ ပြေပျောက်သွားရတော့သည်။ ရောက်ရောက်ချင်းပင် ရုံးအိတ်လေးအား ဆွဲယူလိုက်ရင်း ကျွန်တော့်ပါးပြင်အား ညင်သာစွာတစ်ချက် မွှေးကြူလိုက်ရင်း မောင်ပင်ပန်းလာလားဟု ခပ်တိုးတိုးလေး အပြုံးတစ်ချက်ကို နှုတ်ခမ်းဖျားတွင် ချိတ်ဆွဲရင်း မေးလိုက်သည့်တစ်ခဏ တစ်နေ့တာ နွမ်းနယ်ခဲ့သမျှ ပြေပျောက်သွားကာ “အားလုံးအဆင်ပြေပါတယ် မိန်းမရယ်” ဟူသော စကားလေးတစ်ခွန်းကို ကျေကျေနပ်နပ်အပြုံးကြီးဖြင့် ပြောလိုက်မိသည်။

ဧည့်ခန်းထဲ လှမ်းလိုက်သည့်တစ်ခဏ သားကြီးနှင့် သမီးငယ်တို့ထံမှ အသံစာစာလေးများကိုကြားရတော့သည်။ အကြီးကောင်မှ အဖေနှင့် အမေကြားဝင်ကာ တစ်နေ့တာ သူ့ကျောင်းတွင် တွေ့ခဲ့ရသည်များကို မနားတမ်းပြန်ပြောပြနေသကဲ့သို့ အငယ်မလေးမှလည်း သူ့အရုပ်မလေးများအား ဘယ်သို့ဘယ်ပုံ အလှဆင်ပေးသည့်အကြောင်း၊ သူ့အမေမှ ဘယ်လိုဘယ်ပုံဆူသည့်အကြောင်း ဖခင်ရင်ခွင်တွင်းသို့ တိုးဝင်ကာ ပါတ်ချွဲနှပ်ချွဲပြောလေတော့သည်။ ကိုရင်ရှူံးမှာကား ကြည်နူးပီတိဖြစ်သည့်အပြုံးကြီးများဖြင့် သားကြီးခေါင်းကိုပွတ်၊ သမီးငယ်ပါးလေးလေးကို အားပါးတရ မွှေးကျူရင်း ချစ်ဇနီးလေးအား ခပ်တင်းတင်းဖက်ထားရင်း ပျော်ရွှင်ဖွယ်ရာ မိသားစုလေးနှင့်အတူ တစ်ညတာကို ကောင်းမွန်စွာ ဖြတ်သန်းလေတော့သည်။

==========================================================

“မောင်…. ”

ဟု ခပ်ဖွဖွလေးခေါ်လိုက်သော ချစ်ဇနီးလေးသံကို ကြားလိုက်ရသည့်တစ်ခဏ သားကြီးနှင့် သမီးငယ်လေးတို့ကို ကြည့်မဝဖြစ်နေသော ကိုရင်ရှူံးမှာ စောင်ကျားလေးကို ခပ်ဖွဖွလေး လွှမ်းခြုံပေးလိုက်ပြီး စောင့်မျှော်နေသည့် ချစ်ဇနီးလေးရှိရာသို့ အသာအယာလှမ်းခဲ့တော့သည်။

ချစ်ဇနီးလေးမှာမူ တံခါးဝတွင် လက်ထောက် ရပ်လျက်သားနှင့် ခပ်ပြုံးပြုံးကြီး ကြည့်နေတော့သည်။ ယောကျာ်းလုပ်သူ၏ အပြုအမူများကို ကျေနပ်အားရသည့်အပြုံးကြီးများနှင့်။ ဘာပဲပြောပြော သူမ၏ ခင်ပွန်းသည်ကား သူမ၏ ဘဝဖြစ်ပေသည်မလား။ သူမအသက်နှင့်ရင်းပြီးမွေးဖွားပေးခဲ့ရသော ရင်သွေးနှစ်ဦးအား ချစ်ခင်ခြင်းများစွာဖြင့် စိုက်ကြည့်နေသည့် ခင်ပွန်းဖြစ်သူအား အသံမပေးပဲ စိုက်ကြည့်နေရာမှ ကြည်နူးလာမိသည့်အခိုက် ” မောင် ” ဟူသော စကားလေးကို ခပ်တိုးတိုးရေရွတ်မိလျက်သားဖြစ်သွားလေသည်။

ကိုရင်ရှူံးလဲ ချစ်ဇနီးလေးရှိရာသို့ အသာအယာလှမ်းလာပြီး ခပ်ဖွဖွအနမ်းလေးတစ်ချက်ကိုပေးရင်း ” သိပ်ချစ်တာပဲ မိန်းမရယ် ” ဟု နားနားကပ် ပြောလိုက်ရင်း သိမ်ကျစ်သေးလျသော ချစ်ဇနီးလေး၏ ခါးကိုဖက်ရင်း တစ်နေ့တာ အိပ်စက်အနားယူရန် တစ်လှမ်းချင်း လှမ်းခဲ့တော့သည်။

==========================================================

“ဟင်း………………………………”

မောကြီးပန်းကြီး သက်ပြင်းတစ်ချက်ကို ကိုရင်ရှူံးချမိသည်။ ကွန်ပျူတာကို စိတ်ပျက်လက်ပျက်ဆွဲချပိတ်လိုက်ပြီးနောက် လက်တွင်ပိုက်ကာ ထိုင်နေရာမှ ထမိသည်။

ကိုယ်တိုင်ဇာတ်ညွှန်းရေး၊ ကိုယ်တိုင်သရုပ်ဆောင်၊ မင်းသမီးမရှိသောဇာတ်လမ်းတစ်ခုကို စာဖတ်သူများ စွဲမက်စေခြင်းအလို့ငှာ စိတ်ကြိုက်ဖန်တီးပြီးနောက် မောပန်းသွားသဖြင့် ဆေးလိပ်တစ်လိပ်ကို ခပ်ကြမ်းကြမ်းဖွာလိုက်ပြီး ကွန်ပျူတာကို လက်တွင် ခပ်တင်းတင်းဖက်ရင်း တစ်နေ့တာ အိပ်စက်အနားယူနေကျ နှစ်ထပ်ခုတင်သို့ တက်လှမ်းပြီးသည့်နောက်

နောက်တစ်ရက်တာအတွက် နှိုးစက်အချိန်ပေးပြီးသည့်အခါ စောင်ကို ဆွဲခြုံယူလိုက်ပြီးနောက်

ဇာတ်လမ်းထဲမှ မင်းသားလေး ကိုရင်ရှူံးအကြောင်းတွေးပြီး နှုတ်ခမ်းလေးတစ်ချက်ပြုံးလာလိုက်၊ လက်ရှိ စောင်ကြားမှ ကိုရင်ရှူံးဘဝကို ပြန်သတိရမိလျက် မဲ့သွားလိုက်နှင့်

ကိုရင်ရှူံးအိပ်စက်သွားသောအခါ မျက်ဝန်းထောင့်မှ မျက်ရည်တစ်စက်သည် ဖိတ်မခေါ်ထားရပါဘဲလျက်နှင့် တစ်လိမ့်လိမ့်စီးကျလာလေတော့သည်…..။

(တိုက်ဆိုင်ခံစားဖူးကြလျင် ရင်တွင် နင့်နင့်နဲနဲ တစ်ချက်တော့ ခံစားမိကြမည်ဟု ယူဆလျက်)

ရှူံးနိမ့်မှုများနဲ့..လူ
(ခေတ္တလူ့ပြည်)

27 comments

  • ကျွန်တော်သည်ကား ရှူံးနိမ့်မှုများနဲ့ လူသားသာ ဖြစ်ပေသည့်အလျောက် ချစ်သူ၏ စွန့်ပစ်ခြင်းကိုပါ ခံခဲ့ရသည့်သူဖြစ်သည့် အားလျော်စွာ ခံစားချက်များအား ရေးသားမိခြင်းသာဖြစ်တော့သည်။

    • pooch

      July 18, 2012 at 12:42 pm

      စိတ်မညစ်ပါနဲ့အေ။
      အပစ်ခံရတာ ဆိုရင် သူ့ထက်ကောင်းတာ နောက်တယောက်ရှာဖို့ အခွင့်အရေးပေးခဲ့တာပဲ ဆိုပြီး ကျေးဇူးတင်ပစ်လိုက်စမ်းပါ။

      နောက်ပြောကြတဲ့ စကားလည်း ရှိသေးတယ်လေ။

      တယောက်ထဲ ရှိနေတယ် ဆိုတာ အထီးကျန်တယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဖူး။ ကြုံလာသမျှကို တယောက်ထဲ နဲ့ ရင်ဆိုင်ဖြေရှင်းနိုင်လောက်အောင် ကျန်းမာကြံ့ခိုင်နေတာ စိတ်ဓာတ်တွေ သန်စွမ်းနေတာတဲ့။

      “you will never be brave , if you don’t get hurt ”

      Cheer!!!!!!!!!!!!!!!!!

  • ရာဇဝင်လူဆိုး

    July 18, 2012 at 1:13 am

    ကိုရင်ရှုုံးရေ…ဘွဆိုတာ ဒီလိုပဲဗျ…ပြီးသွားတော့လဲ ပြီးတာပါပဲဗျာ။ ဒီစကားကို အရင်က လက်မခံခဲ့ပေမယ့် အခုတော့ ဒီလိုပဲတွေးနေလိုက်တယ်။ အသဲကွဲဖူးရင်တော့ ..ကဲ ….အသဲကွဲပါပြိုင်ကြရအောင် ကိုရင်ရှုံး…။

  • nozomi

    July 18, 2012 at 1:13 am

    ကိုရှုံးကိုယ်တိုင် ဒီပို့စ် မျိုး ရေးဘူးသလားလို့

    ဘာပဲ ပြောပြော ဖတ်ကြည့်ပြီး သတိတောင် ရသွားတယ် ဗျို့ အဟေးဟေး

  • ဦးဦးပါလေရာ

    July 18, 2012 at 1:18 am

    လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်တုန်းက ဆော့ခရက်တီး ဆိုတဲ့ ဂရိအတွေးအခေါ်ပညာရှင်ကြီး(လို့ထင်တာပဲ)ပြောထားတာ ဖတ်ဖူးတယ်..
    သင် ဇနီးတယောက်သာ (သိပ်မစဉ်းစားပဲ) ယူလိုက်ပါ…
    (သင့်အပေါ်ကောင်းတဲ့) ဇနီးကောင်းနဲ့တွေ့ရင် ပျော်ရွှင်တဲ့ဘဝကိုရမယ်..
    (သင့်အပေါ်ဆိုးတဲ့) ဇနီးဆိုးနဲ့တွေ့ရင် …. သင် ဖလော်ဆော်ဖါ ဖြစ်သွားလိမ့်မယ်… တဲ့..
    ဘယ်နည်းနဲ့ဖြစ်ဖြစ် အရှုံးမရှိဘူးလို့ ဆိုချင်တဲ့သဘောပေါ့…. 😛

    ကျုပ်လဲ သူ့စကားကိုသံယောင်လိုက်ပြီး ခေတ်သစ်အဆိုတခု တီထွင်မယ်..

    သင် ရည်းစားတယောက်ကိုသာ (သိပ်မစဉ်းစားပဲ) ထားလိုက်ပါ….
    (သင့်အပေါ်ကောင်းတဲ့) ရည်းစားကောင်းနဲ့တွေ့ရင် သူ့အတွက်ကြိုးစားရင်း သင်ချမ်းသာသွားမယ်…
    (သင့်အပေါ်ဆိုးတဲ့) ရည်းစားဆိုးနဲ့တွေ့ရင် …. သင်စာရေးဆရာ ဖြစ်သွားလိမ့်မယ်…

    *****
    ကိုရှုံးရေ.. ပျော်လို့နောက်တာနော 🙂

  • Solid_Sn@ke

    July 18, 2012 at 4:33 am

    ဟာဂျာ …
    သည်လူဂျီးကတော့ …လုပ်ပီ ….
    ဘွတူချင်းချင်း … လာရာရထားအောက် ခေါင်းစိုက်ချင်အောင် ..
    ဝရန်တာ ရှေ့ထွက် ခုန်ချချင်အောင် နှိပ်စက်တယ်..
    ထူးပါဝူးလေ…. ကျုပ်လည်း အားကျမခံ …
    ယောက်ျား ပီသကြောင်း ပြဖို့ ဝယ် ဝယ်ဖွာနေတဲ့
    မာလုဘိုရို လေး …ကို ခပ်ကြမ်းကြမ်း ရှိုက်ထဲ့လိုက်မယ်..
    ကိုင်း ..လာလေရော့ ….

    😛

  • kai

    July 18, 2012 at 6:21 am

    “ဒေါက်”
    အိမ်တံခါးဆွဲဖွင့်လိုက်သည်နှင့် ဘယ်ကရောက်လာမှန်းမသိသော ကားစက်ရုပ်လေးနှဖူးကိုလာမှန်သော အသံဖြစ်သည်။

    နာလွန်း၍ ဘေးဘီကြည့်မိသည်တွင် ဧည့်ခန်းအလည်တွင် သတ်ပုတ်နေကြသော သားကြီးနှင့်သမီးငယ်ကို တွေ့လိုက်ရသည်။
    အဆိုပါအရုပ်ပစ်သူမှာ အကြီးကောင်ဆီလော အငယ်မလော ဝေခွဲမရသေးခင်
    “အိမ်ကနွားကြီးပြန်လာပြီး ဒါပဲ .. ဒါပဲ” ဟူသော ဇနီးသည်ဖုန်းပြောနေသံ တိုးတိုးကိုပါကြားလိုက်ရလေသည်။

    စိတ်ပျက်လက်ပျက်ဖြင့် လက်ဆွဲအိပ်ကို ဘုန်းခနဲ့ပစ်အချ အိပ်ခန်းထဲမှ ဝဖိုင့်သောကိုယ်လုံးကြီးကို တွန်းရွေ့လာဟန်ဖြင့် လျှောက်လာသည့်ဇနီးသည်ကိုပါမြင်ရလေသည်။

    “မောင်.. မ, အပြင်ခဏသွားဦးမယ်၊ ကြည့်ကျက်သာစားထားလိုက်တော့” ဟုပြောပြီး သူ့ကို တွန်းတိုက်ထွက်သွားသည့် မိန်းမကိုကြည့်လိုက်.. ဧည့်ခန်းအလည်မှ” ဗြဲ”ကနဲ့ငိုချလိုက်သော သမီးငယ်ကို ကြည့်လိုက်ဖြင့် သူ့ခမျာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားမိသည်။
    တပြိုင်ထဲ.. မျက်ဝန်းထောင့်မှ မျက်ရည်တစ်စက်သည် နှဖူးပေါ်မှသွေးစက်နှင့်ရောကာ ဖိတ်မခေါ်ထားရပါဘဲလျက်နှင့် တစ်လိမ့်လိမ့်စီးကျလာလေတော့သည်…..။

    ( ကိုရင်ရေ..
    လူ့ဘဝဆိုတာ.. အဲဒီလိုလေးတွေလည်း… ရှိပါတယ်..။ ချ..ချ.. နိုင်အောင်ချ.. :mrgreen: )

    • htoosan

      July 18, 2012 at 7:29 am

      (၁) သူကြီးရေးတာ သူကြီးကိုယ်တွေ့လား မသိ .. 🙄
      (၂) ကိုရှုံးရေ .၂၀၁၃ မတ်လ ဆိုထားလားလို့ .. တစ်ရွာလုံးကိုဖိတ်မယ် ပြောထားလားလို့..
      (၃) ဦးဦးပါလေရာ ရဲ့ အသံနောက်ယောင်ခံလိုက်ရရင်
      (သင့်အပေါ်ကောင်းတဲ့) ဇနီးကောင်းနဲ့တွေ့ရင် နိုင်ငံခြားမှာ မပြတ် အလုပ်လုပ်ရလိမ့်မယ်။
      (သင့်အပေါ်ဆိုးတဲ့) ဇနီးဆိုးနဲ့တွေ့ရင် …. နှစ်လုံး သုံးလုံး ထီ ဖိုး လိုက်လျော်ရလိမ့်မယ်

      😀

    • Foreign Resident

      July 18, 2012 at 8:51 am

      သူကြီးက ကိုယ်တွေ့တွေလည်း ရေးသကိုး ။ 😛

  • ဇောက် ထိုး

    July 18, 2012 at 6:53 am

    စိတ်ကူးယဉ်အိပ်မက်ထဲ မက်နေသလိုပျော်…
    ကိုရှုံးကြီးရဲ့ …..ရင်ထဲမှာတော့ ခံစားမှုနဲ့….. မျှော်နေလို့နော်……
    ဖတ်ကြပါသော်……. ဖတ်ကြပါသော်….

  • ကြောင်ကြီး

    July 18, 2012 at 8:58 am

    ငိုပါနဲ့ မောင်ရှုံးရယ်…။ လဗျိုဂျီး ဖြစ်တော့လည်း ပိုကဲလို့ရတာပေါ့…။ အားမငယ်နဲ့ ကြက်တောင်ပံရိုးသာ များများကိုက်ထား…အရေးကြုံတဲ့အခါ အားရှိထားဖို့လိုတယ်…။

  • မောင်ပေ

    July 18, 2012 at 9:21 am

    ကြက်ရိုးပြုတ်စွပ်ရေကို မပြတ်နေ့စဉ်သောက်သုံးရင်း
    ကြက်ပေါင်ဆွဲရမယ့်နေ့ကို စိတ်ရှည်ရှည်ဖြင့်
    အဆွေရှုံးစောင့်ပါလေ…။
    အပေါ်က သဂျီးရဲ့နေ့စဉ်မှတ်တမ်းကလဲမိုက်ပ။

  • မဂွတ် ထော်

    July 18, 2012 at 9:31 am

    စိတ်ကူးရင်ပုံပြင်လေးကဖတ်လို့မှကောင်းနေတုံး
    အောက်ကစာသားက တော်သနားစရာပါကလား…………

    • မဂွတ် ထော်

      July 18, 2012 at 9:34 am

      အားမငယ်ပါနဲ့
      ကိုရှုံးနိမ့်မူများနဲ့လူ
      ရယ် ဂေဇက်ရွာထဲမှာ လူပျ်ိုကြီးတစုအဖော်များလဲရှိပါသေးတယ်
      …………..P

      • htoosan

        July 18, 2012 at 11:39 am

        ဟင် .. အားမငယ်ပါနဲ့ .. ရွာထဲမှာ အပျိုကြီး တစု လည်း ရှိပါသေးတယ် ဆိုပြီး အားပေး မလားလို့ ထင်တာ မဂွတ်ရယ် .. 😀

  • mamanoyar

    July 18, 2012 at 9:47 am

    ဇာတ်လမ်းလေးကို စဖတ်လိုက်တော့ တော်တော်အေးချမ်းတဲ့ဘဝလေးပဲလို့
    ခံစားမိခါရှိသေးးးးးးး

  • snow white

    July 18, 2012 at 10:51 am

    စာဖတ်လို့ကောင်းနေတုန်းမှာ ရုတ်တရက် ကြောင်ခုန်ချသံကြားလိုက်ရသလိုမျိုး လန့်သွားသလိုအရသာကို ခံစားလိုက်ရတယ် ခုလည်းဇာတ်လမ်းကို စွဲလာပြီးမှ ဇာတ်လမ်းလေးမှာကောင်းနေပြီ မင်းသားနဲ့ မင်းသမီးပေါင်းတော့ မယ့် နေရာကျမှ ကွဲလေသတည်းဆိုတော့ ဘာပြောပြောဖတ်လို့ကောင်းတယ် စာလေးက အားမငယ်ပါနဲ့နော်အားပေးပါတယ် ကြိုးစားပေါ့ နောက်တစ်ယောက် ထပ်ရှာပေါ့။။။။ ရွာသူရွာသားအပေါင်းကိုခင်မင်လျှက် စနိုး။။။

  • amatmin

    July 18, 2012 at 11:36 am

    ကိုရင်ရှုံး ရေးပြသလို.တိုက်ဆိုင်မိတာတွေများ..
    တခါတလေရယ်မဟုတ်.
    ကြုံတတ်လွန်း.
    ခနခန တွေးမိလွန်းလို့..အဲ့လိုလေးတွေးနေရတဲ့အပေါ်…
    ကျေနပ်သာယာရင်း တကိုယ်တည်းအိပ်ယာဝင်ဖို့ကိုပဲ..
    ဆက်လက်အားသန်နေမိတယ် ထင်ပဗျာ .. 🙂

    အင်း.. ဦးပါလေရာ စကားလေးတော့ နှစ်သက်မိသား..

  • Crystalline

    July 18, 2012 at 1:54 pm

    ကိုရင်ရှုံးတစ်ယောက် သူကြီးရဲ့အတွေ့အကြုံများကို ကြားသိလိုက်ရသောကြာင့် အလိုလိုကျလာတဲ့ မျက်ရည်လေးတစ်စက်ချက်ချင်းခြောက်သွေ့ပြီး လက်ရှိဘဝကိုကျေနပ်ပြီး ကိုယ့်ကိုယ်ကိုသတိမပြုမိပဲ နှုတ်ခမ်းစွန်းတွေ ကော့တက်သွားလေတော့သည်တကား 🙂

  • စိန်ဗိုက်ဗိုက်

    July 18, 2012 at 2:02 pm

    စိတ်ကူးယဉ် အိပ်ယာထဲမှာ ဖိတ်စာလဲ မပါ.ဖိတ်စာလဲမပါ..ရှိုဒါ ဒါမျိုးကို ပေါတာနေမယ်
    hehe 😀

  • kyeemite

    July 18, 2012 at 3:59 pm

    ဦးပါလေရာနောက် လိုက် လိုက်အုံးမယ်ဗျို့..ခွင့်ပြုပါ..
    စာရေးဆရာကြီး ရာဘင်ဒြာနတ်တဂိုး(ရှာမီလာတဂိုးရဲ့အဖေမဟုတ်ပါ) က
    ပြောဖူးတယ်(လို့ထင်တာပဲ)..
    မိန်းမတစ်ယောက်တော့ယူဖြစ်အောင်ယူလိုက်ပါ
    မိန်းမကောင်းတော့လည်း အိမ်ထောင်မှု့သုခကိုခံစားရတာပေါ့..
    မိန်မ မကောင်းတော့လည်းစာရေးဆရာဖြစ်တာပေါ့တဲ့….
    အခုကြည့်လေ…သဂျီး စာရေးဆရာဖြစ်နေတာ…ဟီး ဟီး…

  • မဟာရာဇာ အံစာတုံး

    July 18, 2012 at 4:33 pm

    ဦးရှုံးစာ ဖတ်လိုက်ရတာ
    ဘယ်လိုပြောရမှန်းတောင် မသိဘူး ဖြစ်တွားဒယ်ကွာ …
    သေချာတာ ဘယ်ရင်ခွင်မှာ
    ခိုဝင်နေမှန်း မသိသူကို တမ်းတိမိသွားတာပဲ …
    အားပေးသွားပါဒယ် ဦးရှုံးခင်ဗျာ ….

  • char too lan

    July 18, 2012 at 4:53 pm

    ဂယ်ဂျီးဆိုရင်တော့ မဂွတ်ဘူးဗျာ……..

    ==========
    မတွေ ့တာကြာပီဗျို ့

  • metallic

    July 18, 2012 at 8:07 pm

    အချိန်တန်ရင်တော့
    ရင်ခွင်ထဲကို
    ရောက်လာမှာပါ “သပိတ်ကြီး”

    အလကား နောက်တာ
    ဖတ်လို့ကောင်းတယ်
    ခံစားရသမျှဝေဒနာတွေအမြန်ဆုံး ကင်းဝေးပါစေ။

  • padonmar

    August 14, 2012 at 8:00 pm

    ဒေါက်ဒေါက်ဒေါက်
    ရှုံးလူရေ
    ဖိတ်စာပို့ပါတယ် (စာပို့သမားမအားလို့ နောက်ကျတာခွင့်လွှတ်ပါ)

    ပွဲကိုတော့ရောက်ပြီးသားနော်။
    ဆူးက ရှုံးလူလက်ရာ KFC ကြက်ကြော်နဲ့ ဧည့်ခံပေးပါတဲ့။
    http://myanmargazette.net/143974
    http://myanmargazette.net/143981

    နှစ်သက်သူတွေရဲ့ မှတ်ချက်တွေဖတ်ပြီး ပီတိလေး ခံစားရဖို့ရယ်။
    အခြားသူတွေလည်း အလွယ်တကူဖတ်မိကြဖို့ ရည်ရွယ်ပါတယ်။

Leave a Reply