Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Wireless Docking Audio DA-E550

nigimi77August 7, 20127min4055
ဆမ်ဆောင်း က ထုတ်တဲ့    Wireless Docking Audio

 

 

 

 

 

 

 

 

 

 

 

ဒီ တစ်ခါတော့   စက်ရုပ်တွေ အကြောင်း မဟုတ်ပဲ  စက်ရုပ် တွေရော  ပန်းသီးတွေပါ စွယ်စုံ သုံးနိုင်တဲ့

 

Wireless Docking  Audio  အကြောင်းပါ ။

 

ဈေးနှုံးကတော့    အမေရိကန် ဒေါ်လှနဲ ့  ဆိုရင်  $ 166   ကျသင့်ပါမယ်  ။

 

မြန်မာငွေနဲ ့ ဆိုရင်တော့   ၁၄၀၀၀ဝ ဝန်းကျင်လောက်ပေါ့ ။   နည်းပညာနဲ ့  အရည်အသွေးပိုင်း ဆိုင်ရာအရဆိုရင်

 

ဈေးကြီးတယ်လို ့ မထင်ပါဘူး ။     ကဲ…..  စလိုက်ရအောင် …….။

============================================================

 

                              Wireless  Docking  Audio

 

အခုခေတ်က  ကွန်ပျူတာ ထက်စာရင်   Smart Phone တွေကို  ပိုပြီး  လက်ပွန်းတတီး  သုံးစွဲနေတဲ့  အချိန်ပါ ။

 

အမျိုးအစားကလည်း ပိုပြီး စုံလင် ၊  Application တွေကလည်း  ပိုပြီး များပြားလာတော့  Smart Phone  တစ်လုံး

 

ရှိတာနဲ ့ကို  ကိစ္စ အတော်များများကို  လုပ်နိုင်တဲ့  အခါကြတော့  ကျွန်တော်တို ့ရဲ  ့ နေ ့စဉ် ဘဝရဲ  ့  အစိတ်အပိုင်း

 

အတော်များများကို  လွှမ်းမိုးလာနေပါတယ် ။   Smart Phone နဲ ့  သီချင်း နားထောင်တဲ့ အခါမျိုးမှာ   နားကြပ်  သို ့မဟုတ်

 

ဖုန်းမှာပါတဲ့  စပီကာ နဲ ့ ဖွင့်ပြီး နားထောင်ကြတာ များပါတယ် ။  ဒါကြောင့်  ဒီတခေ ါက် ဖော်ပြတဲ့   ဆမ်ဆောင်းကနေ ထုတ်လုပ်လိုက်တဲ့

 

Wireless  Docking  Audio   DA-E550 ဟာ  အိမ်မှာပဲ ဖြစ်ဖြစ်  ကိုယ့်ရဲ  ့  Privacy  ကို လွတ်လွတ်လပ်လပ် တည်ဆောက်နိုင်ပြီး

 

တေးသီချင်းတွေကို နားဆင်ရာမှာလည်း   အလွန်ကို  ကောင်းမွန်တဲ့  အသံ စနစ်ကို  နားဆင်နိုင်တဲ့  Item  တစ်ခု ဖြစ်ပါတယ် တဲ့  ။

 

Smart Phone နဲ ့  ဒါရိုက်နားဆင်တာထက်စာရင်   ပိုပြီး သက်တောင့်သက်သာရှိပြီး  သိမ်မွေ  ့တဲ့  ရသကို  ပေးစွမ်း နိုင်ပါတယ်လို ့ ဆိုပါတယ် ။

 

ဈေးနှုံးနဲ ့  စာရင်   အလွန်ကို  ကောင်းမွန်ပြီး  စိတ်ကျေနပ်စရာကောင်းတဲ့   အသုံးပြုရ လွယ်ကူ ကောင်းမွန်မှု  တွေနဲ ့  တည်ဆောက်ထားတဲ့   Audio စနစ်ပါ ။

 

                                         

                                                 ထူးခြားချက်

 

ကမ္ဘာ့ ပထမဆုံး Dual Docking Audio စနစ်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Smart  Phone  တွေကို  Docking  လုပ်ပြီး  သုံးနိုင်တဲ့   စပီကာတွေ  ရှိပါတယ်  ။  ဒါပေမဲ့လည်း    ဘယ်လို  အမျိုးအစားနဲ ့

 

မဆို  အံဝင်ခွင်ကျ  ဖြစ်စေသလား  ဆိုတဲ့  အချက်ကတော့  ကန် ့သက်ချက် ရှိနေတယ် ဆိုတာ  ငြင်းလို ့မရတဲ့ အချက်ပါ ။

 

ဥပမာ အနေနဲ ့ ပြောရရင်  Apple ရဲ  ့  30 Pin  USB  ခေါင်းပဲ  ပါတဲ့  စပီကာ လို ဟာမျိုးပေါ့  ။

 

ဒါပေမဲ့  ဒီ  Wireless Docking  Audio    DA-E550  ကတော့  Smart  Phone  အများစုမှာ  ပါရှိတဲ့  Micro  USB  5 pin

 

ခေါင်း  နဲ ့  အတူ  Apple ရဲ  ့   30 pin  ခေါင်း  နှစ်ခုစလုံးကို  အံဝင်ခွင်ကျ  လက်ခံ နိုင်ပါတယ် ။

 

ဒီ့အပြင်  ....  ဒီလို  နှစ်ခုစလုံး  အသုံးပြုလို ့တာ  ကမ္ဘာ့ ပထမဆုံး အဖြစ်   DA-E550 မှာ  တပ်ဆင်ထားတာပါတဲ့  ။
Bluetooth 3.0 နှင့် APT-X Codec Technology ဖြင့် Wireless Docking Audio Application အား အသုံးပြုနိုင်

DA-E550 ဟာ Bluetooth 3.0 နဲ ့ APT-X Codec နည်းပညာကို အသုံးပြုပြီးတော့ ကြိုးမဲ့စနစ် ဆိုတာတောင်မှ နဂိုမူရင်း အသံလှိုင်း

လျော့ကျ ဆုံးရှုံးမှုကို လျော့ချပေးပြီး သာယာ ပြည့်ဝတဲ့ အသံစနစ်ကို နားဆင်နိုင်ပါတယ် တဲ့ ။

ချွင်းချက် အနေနဲ ့က APT-X Codec စနစ်ပါဝင်တဲ့ Smart Phone တွေနဲ ့ပဲ အကြုံးဝင်ပါတယ် ။

ဆမ်ဆောင်း Wireless Docking Audio Application ကို  Android Phone မှာ Download လုပ်ပြီး  အသုံးပြုနိုင်ပြီး

 

သီချင်း နားထောင်နေရင်းနဲ ့ကိုပဲ   Youtube ကြည့်တာ ၊  Battery  Level  စစ်ဆေးတာ ၊  လက်ရှိ အချိန် နာရီကြည့်တာ ၊

 

ရာသီဥတု အခြေအနေ ၊ အပူချိန်  စတာတွေကို လည်း လုပ်နိုင်ပါတယ် ။

 

နောက်တခုက   တစ်ခေါက်  Docking  လုပ်ထားတဲ့ ဖုန်းဟာ  နောက်ဆိုရင်  အလိုအလျောက်ကို  Bluetooth  ချိတ်ဆက်ပြီး

 

အခက်အခဲ မရှိပဲ   အသုံးပြုနိုင်တယ်လို ့လဲ  ညွန်းဆိုထားပါတယ် ။

 

Remote Control ကို အသုံးပြုပြီး သာမာန် Audio ပစ္စည်းတွေလိုပဲ သက်တောင့်သက်သာ
သုံးနိုင်တယ်

Audio ပစ္စည်းတွေကို အသုံးချတဲ့ အခါမှာ  Remote Control ရှိရင်  ပိုပြီး အဆင်ပြေတယ် မဟုတ်လား ။

 

DA-E550  မှာ  ခပ်သေးသေး  Remote Control တခု  ပါဝင်ပါတယ် ။    အနက်ရောင် ဖြစ်ပြီး  ပေါ့ပေါ့ပါးပါးနဲ ့

 

ပါဝါ အဖွင့် အပိတ် ၊  အသံ အတိုးအကျယ်  ၊  Mute  အစရှိတာတွေ ပါဝင်ပြီး    စပီကာ ကိုယ်ထည်မှာ  မပါဝင်တဲ့

 

အပုဒ်ကျော်  ခလုတ်က အစ ထည့်ထားပါတယ် ။


DA-E550 ရဲ ့ ဒီဇိုင်း

Dual Docking  ရဲ  ့  ငုတ်တွေဟာ   Semi-auto  စနစ်ဖြစ်ပြီး  ၊  Dual  Docking မှာ  တပ်သုံးလို ့ရတာတွေကတော့

 

Ipod ,  Iphone ,  Galaxy  SII ,  Galaxy  Note  Galaxy  တို ့ဖြစ်ပြီး   Smart Phone ရဲ  ့အောက်ခြေဖက် ဖင်မှာ

 

micro usb 5 pin  ငုတ် ပါတဲ့   Android ဖုန်း  ဆိုရင်  အားလုံးနီးပါး  Docking   လုပ်လို ့ရပါတယ် ။

 

micro usb  5 pin  က  ဘေးဖက်မှာ  ပါတယ် ဆိုရင်တော့  စပီကာရဲ  ့  ဘေးဘောင်နဲ ့ မလွတ်တဲ့ အတွက်  သုံးလို ့ရနိုင်မှာ  မဟုတ်ပါဘူး ။

 

နောက်ပြီး  အဲဒီ ငုတ်တွေဟာ  တောင့်တောင့်တင်းတင်း အသေထိုင်ထားတာ မဟုတ်ပဲ  ရှေ  ့နောက် အနည်းငယ်  လှုပ်ရှားလို ့ရအောင်

 

လုပ်ထားပါတယ် ။

 

 





                           Galaxy SIII တပ်ဆင် အသုံးပြုစဉ်
Galaxy S3 ရှေ ့ဖက် မြင်ကွင်း

 

 

 

 

 

 

 

 

 

 

 

Galaxy Note တပ်ဆင် အသုံးပြုစဉ်

 

 

 

 

 

 

 

 

 

 

 

 

 

 

Iphone 4S တပ်ဆင် အသုံးပြုစဉ်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အရှေ ့မှာ ပါတဲ့ ငုတ်မှာ တပ်ပြီးသုံးဖို ့ အခက်အခဲရှိရင်လဲ ဒီလိုမျိုး ဖင်ပေါက်မှာ 3.5mm
Audio Cable တပ်ပြီး သုံးလို ့ရတယ် ။ ဒါကြောင့် အသံထွက်တဲ့ ဘယ်လို ပစ္စည်းမျိုးနဲ ့ မဆို
OK !!

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဒါတင် ဘယ်ကဦးမလဲ Bluetooth 3.0 နဲ ့ ချိတ်ပြီး ခပ်လန်းလန်း ခပ်ကြမ်းကြမ်း ဂိမ်းတွေကို
ဆော့လို ့ရတယ်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အဝေးသင် ကျောင်းသူ ကျောင်းသား တွေ အတွက် အသင့်တော်ဆုံးပဲပေါ့
အသံထွက်က ကြည်လင်ပြတ်သားတော့ သင်ခန်းစာတွေကို အလွယ်တကူလေ့လာနိုင်တယ်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Specification ကတော့ ဒီလိုပါတဲ့

 

 

 

 

 

 

 

 

 

 

 

 

 

ကောင်းကွက် ဆိုးကွက်တွေတော့  မပြောတော့ဘူး ။

ကျွန်တော့်  အမြင်မှာတော့     ကောင်းချက်က   ၉  အထက်မှာ ရှိတယ် ။

ဟို ပန်းသီး  သုံးတဲ့  ဘူဇွာကြီးတွေ   ၊ ချေဘောလ်ကြီးတွေ  

ခင်ဗျားတို ့  ဝယ်ဖြစ်ရင်  ကျွန်တော့် အတွက်ပါ  တလုံးလောက်  ပိုမှာပေးနော်    :mrgreen:

ချစ်ခြင်းဖြင့်

နိဂိမိ
2012.08.07

Ref :   www.cetizen.com

5 comments

  • ကိုရင်စည်သူ

    August 7, 2012 at 5:33 pm

    ဂုံမတ်ဆူဒီဒါ.. ဂုံမတ်ဆူဒီဒါ… အိုပါးတပ်မ ၇၇
    နားကျပ်နဲ့ နားထောင်ဒါ အကျင့်ဖြစ်နေပီ..
    အဲ့လာ ဈေးကြီးလားဟင်…
    လောလောဆယ်မဝယ်နိုင်သေးဘူး
    တပ်မကြီး ပလောဂျက်အောင်ရင်
    တစ်လုံးလောက် လက်ဆောင်ပေးပါလား… အဟီးး ဟီးး 😆 😆

  • nigimi77

    August 7, 2012 at 5:40 pm

    မကြီးဘူးဗျ 166 ဒေါ်လှ ဆိုပဲ ။

    ကျွန်တော်က ဒါမျိုးဆို ကြိုက်မှကြိုက်

    လောလောဆယ်တော့ microlab woofer ပဲ သုံးနေရတယ်

    :mrgreen:

  • ဦးဦးပါလေရာ

    August 7, 2012 at 9:20 pm

    မဝယ်သုံးနိုင်တော့လဲ ကြည့်သွားတယ် ကိုရင်ရေ
    ဒီဟာကို အကြိုက်ဆုံးက
    ပုံမှန်မြင်နေကျတွေထဲက ဖေါက်ထွက်နေတဲ့ ဒီဇို်င်းပဲ…။
    အဆောင်အယောင် ဆန်ဆန် ခန့်ထည်နေတဲ့ပုံမထွက်ပဲ
    အလွယ်တကူ လက်တိုလက်တောင်းသုံးရတဲ့ အမြဲတမ်းအသုံးအဆောင်ပုံမျိုး ….။

  • nigimi77

    August 7, 2012 at 11:22 pm

    လဖွတ်

    ရွာထဲမှာလဲ ပစ္စည်းမဲ့ ဒေါသသင့်နေသူတွေ ရှိသကိုး

    မစားရ မသောက်ရ စိတ်ညောင်း လက်ညောင်း နဲ ့တင်ထားတာတောင်

    နီချင်တဲ့ ကိုယ်တော်တွေက ရှိသေး

    အဲလောက် နီချင်နေလဲ အပြင်မှာ ချိန်းတွေ ့ ဘီယာ တိုက်ပြီးမှ နီ

    :mrgreen:

  • ကြောင်ဝတုတ်

    August 8, 2012 at 9:32 am

    အရင်ဆုံးပြောချင်တာက… ပန်းသီးပါလာလို့ပြောချင်တာ…ဟိဟိ…
    (မနေနိုင်ဘူးဆိုပါတော့…)

    ဒီလိုပါဗျာ…
    ကမ္ဘာပေါ်မှာပရိုစပီကာထုတ်တဲ့ဆရာကြီးတွေဖြစ်တဲ့ Bose တို့ JBL တို့ Boston တို့က iPhone အတွက် စားပွဲတင်စပီကာလေးတွေ
    အများကြီးထုတ်ပေးကြတယ်… အဲဒီအချိန်မှာ iPhone ရဲ့ပြိုင်ဘက်လို့ဆိုရမယ့်စက်ရုပ်နဲ့နာမည်ရထားတဲ့ ဆမ်ဆောင်းရဲ့ ဂယ်လက်ဆီ လေးအတွက်တော့ အဲဒီလိုစပီကာလေးတွေထုတ်ရောင်းမယ့်လူမရှိရှာတော့ (Bluetooth Speaker ဆိုရင်တော့ ချိတ်ရမပေါ့…ဟိ)
    ဆမ်ဆောင်းက သူ့သားသမီးဂယ်လက်ဆီလေးတွေအတွက် စားပွဲတင်စပီကာလေးတွေထုတ်ပေးရသကိုး….

    အဲဒီမှာဖြစ်ချင်တော့ ပန်းသီးသုံးသူတွေရဲ့ဈေးကွက်ကိုလဲ သံယောဇဉ်မပြတ်တာကြောင့် ပန်းသီးကော်နက်တာလေးလဲ
    ထည့်ပေးရသကိုး… ဒါကိုပထမဆုံး ကော်နက်တာနှစ်ခုပါလို့တော့ မဆိုစေချင်ပါဘူးနော်…

    နောက်တစ်ခုက စက်ရုပ်ဖုန်းတိုင်းမှာ ဖုန်းရဲ့အောက်ခြေပိုင်းမှာ ကော်နက်တာမပါဘူးခင်ဗျာ…
    ဘေးဘက်ဖြစ်ချင်ဖြစ်မယ်… ထိပ်ပိုင်းမှာဖြစ်ချင်ဖြစ်မယ်…
    အဲဒီတော့ တခြားဟာတွေကိုလဲ လက်လွတ်မခံချင်ရာကနေ နောက်ပိုင်းကြိုးနဲ့ခေါင်းတွဲခိုင်းရတဲ့အနေအထားပါရောက်လာရော…
    တစ်ယောက်ထဲအမြင်ကိုပြောတာနော်… ဂယ်လက်ဆီချစ်သူတွေဝိုင်းဆဲမှာလဲကြောက်ရသေးသကိုး…

    နောက်တစ်ခုက JBL On Stage Micro II ရဲ့ဈေးက $129 ပဲရှိတဲ့အနေအထားမှာ… Samsung က $166 ဆိုတော့
    ကွာလတီဘရမ်းကိုစဉ်းစားတဲ့သူတစ်ယောက်အနေနဲ့ Samsung ကိုရွေးဖြစ်မှာမဟုတ်ပါဘူး… သူ့ထက်သက်သာတဲ့

    JBL On Stage Micro II ($129)
    http://www.pcmag.com/article2/0,2817,2366652,00.asp

    သို့တည်းမဟုတ်

    JBL On Stage IV ($149)
    http://www.pcmag.com/article2/0,2817,2370593,00.asp
    ကိုပဲရွေးချယ်မိမှာပါ…

    ဒီလိုမှမဟုတ်လို့ Brand ပိုကောင်းမယ်… အသံကွာလတီကိုလဲ ပိုပြီးဂရုစိုက်မယ့်လူဆိုရင်တော့
    Bose SoundLink Wireless Mobile Speaker ($300) တန်ကို Samsung နဲ့ယှဉ်ပြီးရွေးနိုင်ပါသေးတယ်…
    http://www.pcmag.com/article2/0,2817,2393483,00.asp

    တကယ်တော့ ပန်းသီးသုံးသူတွေတိုင်း ဘူဇွာတွေလို့တော့်မဆိုပါနဲ့ဗျာ…
    ပန်းသီးကိုကြိုက်လို့ ခရေဇီဖြစ်လို့ အငတ်ခံထားတဲ့အညတရလူတွေလဲရှိပါတယ်နော်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

Leave a Reply