Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြွားချင်လို ့ပါ

phone_kyawAugust 11, 20121min82430

သူငယ်ချင်းအချို  ့က ရှိစုမဲ့စု လက်တော့တစ်လုံးကို ဟန်ပါပါနဲ ့တွဲပြီး ဓာတ်ပုံရိုက်တယ်။ တချို  ့ကြတော့ အိုင်ပတ်နဲ ့။ တချို  ့ကြတော့ တယ်လီဖုန်းနဲ ့။ ပြီးတော့ ဖေ့ဘွတ်စ်ပေါ်မှာ တင်တယ်။ ကျနော်တော့ သူတို ့လို မကြွားဘူး။ အပုံလိုက်ကို ထုတ်ပြီး ကြွားမယ်။

Sony All in One တစ်လုံး

Sony Laptop တစ်လုံး

Ipad II နှစ်လုံး

Samsung Galaxy SII တစ်လုံး

Compaq လက်တော့ တစ်လုံး

အကုန်လုံး Cash လို ့ခေါ်တဲ့ လက်ငင်းပေးပြီး ဝယ်ထားတယ်။ သူများတွေလို လပေးနဲ ့မဟုတ်ပါ။ အန်ဂျီအိုကငွေနဲ ့လည်းမဟုတ်ပါဘူး။ ကိုယ့်ရာထူးကို ခုတုံးလုပ်ပြီး ခိုးထားတဲ့ငွေနဲ ့လည်းမဟုတ်ပါ။ စစ်မှန်တဲ့ချွေးနည်းစာနဲ ့ပါ။

ဒါ့ကြောင့် ဟော့ဒိလို ့ပေါ်တင်ကြွားတာပါ။

ကာလပေါက်ဈေး သိန်း (၇၀) လောက်တန်တယ်။ ဒီလို ပုံပြီး သုံးတဲ့အတွက် ဒီလိုမျိုးကြွားတယ်….ဘော်ဒါတို ့။

 

30 comments

  • ahnyartamar

    August 11, 2012 at 10:25 am

    ကိုဘုန်းကျော်ရေ…လူပြောမသန်၊ လူသန်မပြောတဲ့၊
    ကိုအီးငဲ (အငဲ) ရဲ့ သီချင်းတပုဒ်လိုပေါ့၊

    ရုပ်ဝတ္ထုတွေနောက်၊ လိုက်ရင်းပြေးရင်း၊ ဘိနပ်လည်းပါးတော့မယ်……..

    ကြွားဗျို့၊ မသေခင်ကြွားရတာ။

  • etone

    August 11, 2012 at 10:43 am

    ဂယ်ဘာ …….. ဂယ်ဘာ…….. အားကျထှာဟယ် … ခွိခွိ …. ။ 😆 ခန့် ချောဂျီးတော့ .. အဟိ ဟိ …… ။ 😳

    ကျွန်မလည်း ရှိစုမဲ့စု …. တစ်ခုတည်းသော .. နှစ်ပြားတောင် မတန်တဲ့ …. လက်နှီးစုတ်လေးနဲ့ … မီးဖိုချောင်ထဲ ရိုက်ပြီး ကြွားဦးမှ …. ခွိခွိ ။ ဒါတောင် …. ကိုယ်တိုင်ဝယ်နိုင်လို့မဟုတ်ဘူး … ရုံးက အစုတ်ပြတ်တွေလျှောက်ကောက်ထားတာ … ဟိဟိ :mrgreen:

  • manawphyulay

    August 11, 2012 at 10:52 am

    အင်း… သူများကို လက်ဆောင်ပေးဖို့ စိတ်ကူးမရှိပဲ လာကြွားတယ်… အင်းလေ…
    သီချင်းထဲကလိုပေါ့။ ကြွားချင်သူတွေလည်း ကြွားကြပါ ကြွားကြပါ…
    ကြွားနိုင်သူတွေလည်း ကြွားလိုက်ပါ ကြွားလိုက်ပါ။
    ဒီမှာတော့ အိုင်မပတ်ခင်မှာ ရေကြီးနေလို့ ဗွက်အိုင်တွေကြားထဲ ခြေထောက်မပြီး လျှောက်နေရတယ်။

  • htoosan

    August 11, 2012 at 11:33 am

    အသိ သဘောင်္ကပ္ပတိန်ကြီး တစ်ယောက်ပြောတာ သွားသတိရတယ် ။ သူက ဝတ်ရင် အမြဲ အတုတွေဘဲ ဝတ်တာ ။ ရွှေဆွဲကြိုး ရွှေလက်ပါတ် အိုမီဂါ နာရီ အကုန် အတုတွေဘဲ ။ ပြီးတော့ သူကပြောတယ် ။ ငါက သဘောင်္ကပ္ပတိန်ဆိုတော့ ဘယ်သူက အတု ဝတ်တယ် ထင်မလဲတဲ့ …
    အမှိုက်ပုံက ကောက်ပြီး ရိုက်ပြလဲ အဟုတ်ထင်ရင် ထင်ကြမှာ ပေါ့လေ … 😀 :mrgreen:

    • Foreign Resident

      August 11, 2012 at 11:46 am

      ဟယ် ၊ အဘ မဟုတ်ဘူးနော် ။ 😛

    • မောင်ပေ

      August 12, 2012 at 2:42 pm

      ကိုထူးဆန်းရေ
      “““ ပညာရှိတွေတွေးကြည့်ရင် ပြေးကြည့်တာထက်တောင် မှန်တယ် ””” ဆိုတဲ့စကားကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတာကလား

  • Foreign Resident

    August 11, 2012 at 11:54 am

    အခုခေတ်ကြီးမှာ အိုင်ပက် ကလည်း ၊
    ကလေး ရှိတဲ့ နိုင်ငံရပ်ခြား မိသားစုတွေအတွက် ၊
    ကြွားစရာ ပစ္စည်း မဟုတ်တော့ပါဘူး ။
    Essential မရှိမဖြစ် ပစ္စည်းဖြစ်နေပါပြီ ။

    အဘ တူမ ပေါက်စနလေး ၂ ယောက် လာလည်တော့ ၊
    သတိထားမိတာ အဲဒီ အိုင်ပက် မရှိရင် ထမင်းမစားတော့ဘူးကွဲ့ ။
    ထမင်းစားဖို့အရေး အဲဒီ အိုင်ပက်ထဲက ၊
    Game တွေ VCD တွေ ဖွင့်ပြ ဆွဲဆောင်မှ စားတယ် ။
    တစ်ယောက်ထဲ မဟုတ်ဘူးနော် ၊
    မိသားစု နှစ်ခုလုံး အဲလိုဖြစ်နေတာ ။

  • မဟာရာဇာ အံစာတုံး

    August 11, 2012 at 12:41 pm

    ခင်ဗျားက ကြွားတော့ ..
    ကျုပ်ကလည်း ပြန်ကြွားရဦးမယ် …

    ကျုပ်မှာ ကြည့်နိုင်မြင်နိုင်တဲ့ မျက်လုံး နှစ်လုံးရယ် ..
    လှုပ်နိုင်၊ ရှားနိုင်တဲ့ လက်နှစ်ဖက်ရယ် ..
    သွားနိုင်၊ လာနိုင်တဲ့ ခြေထောက် နှစ်ဖက်ရယ် ..
    စားနိုင်ဝါးနိုင်တဲ့ ပါးစပ် တစ်ပေါက်ရယ်၊ သွားတွေရယ် ..
    ရှူနိုင်၊ ထုတ်နိုင်တဲ့ နှာခေါင်းနှစ်ပေါက်ရယ် ..
    ဒါတွေ ကျုပ်မှာ ရှိသဗျ … :mrgreen:

    • shwe kyi

      August 12, 2012 at 12:03 pm

      ကိုအံစာ လပေးနဲ့ဝယ်တာမဟုတ်ဘူး။ အန်ဂျီအိုကငွေနဲ ့လည်းမဟုတ်ပါဘူး။ ကိုယ့်ရာထူးကို ခုတုံးလုပ်ပြီး ခိုးထား တဲ့ငွေနဲ ့လည်းမဟုတ်ပါဘူး။ အဲဒါလေးလဲထည့်ပြောဦး။
      တော်ကြာလပေးဝယ်ထားတယ်ထင်နေဦးမယ်။ 😀

  • mayjuly

    August 11, 2012 at 1:59 pm

    အော်အော်..ကြွားစရာရှားလို့ အချင်းချင်းကပ်ကြွားနေပါ့ပေါ့လား….

    အဲဒါမျိုးတော့ အထင်မကြီးဘူးဗျာ … ပိုက်ဆံရှိရင်ဝယ်လို့ရတဲ့ ပစ္စည်းတွေပဲ ..

    သူများမလုပ်နိုင်တဲ့အလုပ်..သူများမမြင်နိုင်တဲ့အမြင်မျိုး .. ကောင်းမွန်တဲ့ စိတ်ဓါတ်မျိုး ရှိတဲ့သူ..

    အထင်ကြီး လေးစားထိုက်တဲ့ သူမျိုး ကိုသာလျှင် အထင်ကြီးကြမှာပါ ဗျာ ….

    ကျေနပ်လား… မကျေနပ်ရင် ထပ်ကြွား ဗျာ … :D:D

  • may flowers

    August 11, 2012 at 2:00 pm

    ကြွားနိုင်သူတွေ ကြွားကြပါ…..ကြွားကြပါ။

  • ရဲစည်

    August 11, 2012 at 3:16 pm

    က်ို့လူက ကြွားမယ့် ကြွားတော့
    ရှေ့ကဝယ်ထားတဲ့ အဟောင်းတွေရော
    နောက်ထပ် ဝယ်တဲ့ အသစ်တွေပါ ပုံပြီး ကြွားသကိုး 🙂
    အဲ。。。ဒါနဲ့ ဟိုစားပွဲပေါ်တင်ထားတဲ့ နိူကီယာ ဖုန်းလေးကျ ဘာလို့ထည့်မကြွားလဲဗျာ
    အဟောင်းလေးဆိုပေမဲ့ အဲဒါလေးက ခင်ဗျားကြွားထားတဲ့ဟာတွေရဲ့ ကနဦးလေးလေဗျာ….
    အားကျသဗျာ
    ကျုပ်မှာတော့ ကြွားစရာဆိုလို့ အရက်ပုလင်းခွံတွေဘဲရှိတယ် ရောင်းစားလို့လဲမရဘူး :(

  • kotun winlatt

    August 11, 2012 at 3:51 pm

    ပုလင်းခွံတွေ ဝယ်ဒယ်…ဘီယာဘူးခွံတွေဝယ်ဒယ်….အဟိ…
    ရောင်းကြမလားးးးးးရောင်းးးးကြမလားးးဝယ်..ဒယ်….ဝယ်….ဒယ်….

  • laypai

    August 11, 2012 at 4:47 pm

    ကိုဘုန်းကျော် က ကိုယ် ပိုင်တာ တွေ ကြွားတာ တော့ ဟုတ်ပါပြီ။
    ကိုဘုန်းကျော် ပိုင်တဲ့ မိန်း မ ကို တော့ ထုတ် မကြွား ရဲ ပါ ဘူး။
    အဲ ဟုတ်ပါဘူး၊ မပိုင် လို့ မကြွား ရဲ ပါဘူး။
    ဒါလဲ မဟုတ်သေးဘူး ပိုင်ပိုင် မပိုင်ပိုင် မကြွား ရဲ ဘူး ဟုတ်တယ် မဟုတ်လား။
    ကြွားလို့ ရမယ် မယ် ကြွား ပြ လိုက်၊ ကွန်းမန့် တွေ ခု ပို့ ထက် ဆယ် ဆ မက တက်လာ မှာ။
    ပြေး တော့ မယ် နော်၊ တာ့တာ။

    • htoosan

      August 12, 2012 at 10:17 pm

      ကိုlaypai တို့ မတွေ့လိုက်ဘူးနဲ့တူတယ် ။။ သူ့မိန်းမကော ကလေးလေးတွေ ပါ ကြွားပြီပါပေါ့ဗျာ..
      .. 😀 😀

  • kyawtheinmyint

    August 11, 2012 at 7:56 pm

    ကိုဖုန်းကျော်ရေ ဆိုလိုရင်းကိုလည်း သဘောပေါက်ပါတယ်၊ ပြီးတော့ ပြထားတဲ့ ပစ္စည်းတွေကိုလဲ အောက်ဈေးနဲ့ လေလံဆွဲမယ်ဗျာ ဖြစ်မလား?

  • aye.kk

    August 11, 2012 at 8:50 pm

    ရှိမှကြွားလို ့ရတာပါ။
    ကြွားစရာမရှိတော့ငုတ်တုတ်မေ့။
    ဝမရှိတော့ဝိလုပ်လို ့မရပါ။(aye.kk)

  • ခင်များမလဲ သေရင်ယူသွား အဲ့ရုပ်ဝတ္တူတွေနောက်လိုက်နေရင် သေတောင်
    မဆုံးတော့ဘူး။ဒါနဲ ့ပစ္စည်းဆိုတာ သုံးတတ်သူတွေလက်ထဲမှ တန်တာဗျာ။
    ခင်များ ရေးတဲ့ပို ့စ်တွေက အမြဲတမ်း copy/pasteနော်။မရွေးတတ်တာလား။
    တမင် ကူးချတာလား။

  • Crystalline

    August 12, 2012 at 10:58 am

    ဦးဘုန်းကျော်တယောက် သူ့ကလေးတွေပျက်စီးတွေပါလာရောကြွားနေတယ်.. စကားမစပ် နန်းဆုရတီစိုးတို့၊ရွှေစင်တို့နဲ့ဘာတော်လဲဟင်??? အကြွားထူးလို့.. 🙂

  • ဘဘဖရဲ

    August 12, 2012 at 3:18 pm

    အဟောင်းဈေးနဲ့ပြန်ဝယ်ထားတာလားဗျိူ့

  • Shwe Phyu

    August 13, 2012 at 5:52 am

    If a man wants to boast in Oz, he boasts about how many muscle cars or hot rod or boats or how many bedroom house or how many properties he owns…

    • Foreign Resident

      August 13, 2012 at 6:34 am

      Shwe Phyu ရေ ။
      အဘ တကယ် မသိလို့ပါ ။
      ” hot rod ” ဆိုတာ ဘာကိုပြောတာလဲဟင် ။

      • မောင်ဘလိူင်

        August 13, 2012 at 11:44 am

        အဘရေ…Hod Rod ဆိုတာ သိသလောက်တော့ အင်ဂျင်ပါဝါ ကိုယ့်စိတ်ကြိုက်
        ရအောင် ပြုပြင်ထားတဲ့ ကားမျိုး ဖြစ်ပါလိမ့်မယ်ဗျာ..

      • Shwe Phyu

        August 13, 2012 at 4:08 pm

        Yes, Hot Rods are classic cars/bikes etc. with the high performence Engines…

        • Foreign Resident

          August 13, 2012 at 4:17 pm

          Thanks, Shwe Phyu & မောင်ဘလိူင်

  • MaMa

    August 13, 2012 at 4:24 pm

    ကြွားနိုင်သူက ကြွားနေတာကို မကြွားနိုင်သူက မုဒိတာ ပွားသွားပါတယ်။
    ကြွားချင်သူတွေ ကြွားချင်သလောက် ကြွားနိုင်ပါစေ။ [:)]

  • pan pan chit

    August 14, 2012 at 12:23 am

    အနော်လည်း ကြွားချင်တာ တစ်ပိုင်းသေလို့
    ဘာကြွားရမလဲလို့ ကိုယ့်ဘေးပတ်ပတ်လည်ရှာကြည့်တော့ ဘာမှလည်းမတွေ့
    ကိုယ့်မျက်ခွက်ကြီးကို ဒတ်ပုံရိုက်ပီးပဲ ကြွားရတော့မလိုလို
    ဟုတ်တယ်လေ
    ကြွားစရာ ဒါပဲရှိတယ်
    ဟောလီးဝုဒ်တန်းဝင် မင်းသမီးရုပ်ဆိုတော့လည်း ဒါပဲကြွားစရာရှိလိမ့်မပေ့ါ :mrgreen:

  • Big Defender

    August 14, 2012 at 11:38 am

    ကောင်းမှကောင်းပဲ

Leave a Reply