များများဖွင့်ပေးပါ

phone_kyawAugust 14, 20121min39212

အလားအလာ ကောင်းလာတယ်လို ့မြင်မိတယ်။ ဒါကတော့ နိုင်ငံခြားမှာ သန်းနဲ ့ချီပြီးထွက်လုပ်တဲ့လူငယ်တွေများလာတယ်။ အခု သူတို ့တွေ တစ်ဖြည်းဖြည်းနဲ ့ပြည်တော်ပြန်နေပြီ။ နောက်တစ်ခါ အင်တာနက်က လွတ်လပ်လာတယ်။ ပြည်တွင်းက ဂျာနယ်တွေနဲ ့မီဒီယာအင်အားကလည်း အရင်ကနဲ ့မတူ ပိုလို ့လှုပ်ရှားလာတော့ အဲဒိသုံးခုပေါ်မှာ ဖြစ်လာနိုင်တဲ့အလားအလာကို တွေးမိသလောက်တင်ပြချင်တယ်။

 

လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်လောက်က နိုင်ငံခြားတိုင်းပြည်မှာ ဒီလောက်များတဲ့ မြန်မာအလုပ်သမား အင်အားစုမရှိခဲ့ဘူး။ အခုတော့ ရှိလာပြီ။ သူတို ့တွေနိုင်ငံအနှံ ့အပြားကို ရောက်တော့ ဗဟုသုတ၊ ပညာနဲ ့အတွေ ့အကြုံတွေအများကြီး ရခဲ့ကြတယ်။ သူတို ့တွေတိုင်းပြည်ထဲကို ပြန်ရောက်လာတော့ ဒါတွေကို သယ်ဆောင်လာပြီး ကိုယ့်တိုင်းပြည်ထဲမှာ ပြန်လည်အသုံးချတယ်။

 

မလေးရှားကနေ ပြန်လာတဲ့ မြန်မာလူငယ်တစ်ယောက်ဟာ မလေးရှားမှာသူလုုပ်ခဲ့တဲ့ ကော်ဖီဆိုင်ရဲ  ့အတွေ ့အကြုံကို ယူပြီး ရန်ကုန်မှာ ပြန်ပြီးစနစ်ကျတဲ့ ကော်ဖီဆိုင်ကိုတည်ခဲ့တယ်။ သူနဲ ့အလားတူ တရုတ်စားသောက်ဆိုင်မှာလုပ်ခဲ့မြန်မာတစ်ယောက်ဟာ သူ ့မြို  ့မှာ ပြန်ပြီး မလေးရှားအစာအစားကို ချက်ပြုတ်ရောင်းချနိုင်ခဲ့တယ်။ ဒီတော့ မြန်မာနိုင်ငံမှာ အရင်တုန်းကမရှိခဲ့တဲ့ မလေးလက်ရာကိုမြည်းစမ်းလို ့ရနိုင်သလို၊ ဆိုင်အပြင်အဆင်နဲ ့သန် ့ရှင်းမှုတွေကိုပါ ခံစားလို ့ရနိုင်ပြီ။ မလေးရှားကိုတောင်သွားစရာမလိုတော့ဘူး။ ဒါက မလေးရှားရဲ  ့ဥပမာပါ။ တောင်ကိုရီးယားကစလို ဂျပန်အဆုံး သွားရောက်လုပ်ကိုင်ခဲ့တဲ့လူငယ်တွေအနေနဲ ့ပညာရပ်တွေကို ကိုယ့်တိုင်းပြည်ထဲကို တင်သွင်းလာနေပြီ။

 

အဓိက သူတို ့တင်သွင်းလာတဲ့ အရာကတော့ မျိူးချစ်စိတ်ပါပဲ။ ဟိုနိုင်ငံတွေမှာ လုပ်ကိုင်ခဲ့တုန်းက အနှိမ်ခံရပုံနဲ ့သူတို ့ရဲ  ့တိုးတက်ကြီးပွားပုံတွေကို မျက်ဝါးဝါးထင်ထင် ကြုံခဲ့ရတော့ မျိူးချစ်စိတ်က ဘယ်မှ မရောက်ဘူးတဲ့လူတွေနဲ ့ယှဉ်ရင် သူတို ့ကပိုလို ့ကြီးမားခဲ့တယ်။ တိုင်းပြည်ကို သူတို ့လိုတိုးတက်ချင်တဲ့စိတ်က အတော့်လေးကို ကြီးမားခဲ့တယ်။ ဖြူစင်တယ်။

 

လက်ရှိမှာ ဖေ့ဘွစ်ကိုလူငယ်တွေအတော်များများသုံးလာတယ်။ သတင်းတစ်ခုက ချက်ချင်းဆိုသလို ပြန် ့သွားနိုင်သလို၊ အကျင့်ပျက်တဲ့အရာတွေကိုလည်း ဖုံးဖိလို ့မရအောင်ကို ပြန် ့နိုင်တယ်။ ဗဟုသုတလည်း ရသလို၊ နိုင်ငံချစ်စိတ်နဲ ့အမျိုးသားရေးစိတ်ကိုလည်းရတော့ တဖြည်းဖြည်းနဲ ့အိတ်ရှုးကြီးရင် ကြီးသလိုစုစည်းမိလာတယ်။ တစ်လောက ရခိုင်အရေးယူအန်ရုံးမှာဆန္ဒပြဖို ့အတွက် အိမ်တိုင်ယာရောက်လိုက်ဖိတ်တဲ့ပုံစုံမဟုတ်တော့ပဲ ဖေ့ဘွတ်စ်မှာတင် စည်းရုံးက ပြီးခဲ့တယ်။ ဒါ့ကြောင့် ဖေ့ဘွတ်ကစလို ဂျီမေးအဆုံး အာလုံးသော အင်တာနက်ရဲ  ့အသုံးဝင်မှု ့ကြောင့် တိုင်းပြည်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်ထက်ပိုလို ့တိုးတက်လာဖို ့ရှိတယ်။ ပိုလို ့ပွင့်လင်းလာနိုင်သလို….အပုတ်နှံ ့တွေကိုလည်း အစိုးရအာဏာပိုင်တွေက ရှောင်ရှားလာပါလိမ့်မယ်။

 

ပြည်တွင်းက မီဒီယာတွေရဲ  ့အားကောင်းမှုတွေရှိနေတာကို အားလုံးသိပါလိမ့်မယ်။ ဒါပေမဲ့ ရန်ကုန်မြို  ့လို နေရာလောက်ပဲ အားကောင်းနေတာကိုတော့ အာဏာပိုင်တွေသတိထားပြီး ဒိထက်ကျယ်ပြန် ့လာအောင်တွန်းအားပေး ကူညီပေးဖို ့လိုတယ်။ ဒါမှ အားလုံးသောလူတွေဟာ တချိန်နဲ ့တပြေးညီသိနိုင်လိမ့်မယ်။ သိလာလေလေ ပူပေါင်းပါဝင်မှု ့အားကောင်းလေလေပါပဲ။

 

အထက်က အခြေအနေသုံးခုကြောင့် တိုင်းပြည်ဟာ ပိုလို ့တိုးတက်လာတယ်လို ့မြင်မိတယ်။ ဒါ့ကြောင့် ဦးတေဇက သူရထားတဲ့ လယ်မြေတွေကို ပြန်ပေးရသလို၊ ဦးခင်ရွှေလိုလူမျိုးလည်း ပြန်မပေးလို ့မရတော့မဲ့ အခြေအနေကို ရင်ဆိုင်ရလိ့မ်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒါက အမှန်တရားတစ်ခုဖြစ်နေလို ့ပါ။ ငြင်းလို ့မရပါဘူး။ ဘယ်လောက်ပဲ အာဏာပိုင်နဲ ့သင့်တင့်ပါစေ တစ်နေ ့မှာ မီဒီယာကြောင့် သူတို ့တွေရဲ  ့အမှားတွေကို ဝန်ခံရပါလိမ့်မယ်။

 

နိုင်ငံရေးလုပ်တဲ့လူတွေဟာ အထက်က အခြေအနေသုံးခုကို သိကြတယ်။ ပြည်ပကို မရောက်ဘူးတဲ့ နိုင်ငံရေးသမားတွေဟာ ပြည်ပက ပြန်လာတဲ့ အလုပ်သမားတွေလောက် သူတို ့ရဲ  ့ခံစားချက်တွေက မပြတ်သားပါဘူး။ ဟိုး…တစ်ချိန်က ဖြစ်ခဲ့တဲ့ နာကျဉ်းမှုတွေအနောက်ကိုပဲ တစ်ချိန်လုံးလိုက်နေခဲ့ကြတယ်။ အစိုးရရဲ  ့မတရားမှု  ့တွေကို ရှုပ်ချတာက ဆန် ့ကျင်တာကကောင်းတယ်။ သို ့သော် ဒါကိုပဲ ဦးတည်မှာလား။

 

ဒီနေရာမှာ အရင်တုန်းက နာကျဉ်းချက်တွေကို ဦးတည်ပြီး နိုင်ငံရေးမလုပ်မိဖို ့အင်မတန်အရေးကြီးတယ်။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံရေးလုပ်တာက အဓိက တိုင်းပြည်ကိုတိုးတက်အောင်တည်ဆောက်တာပဲ။ ဒီလိုတည်ဆောက်တဲ့နေရာမှာ အရင်တုန်းသတ်ခဲ့ဖြတ်ခဲ့တာတွေ၊ ခိုးခဲ့တာတွေကိုပဲ အမြုပ်ထွက်အောင်ပြောနေရင် ရှေ  ့ကို ဘယ်လိုတည်ဆောက်တော့မလဲ။ နာကျဉ်းမှုတွေကို မပြောရဘူးလို ့မဆိုလိုဘူး။ ဒါတွေကိုပဲ အဓိက ဦးတည်ထားပြီး နိုင်ငံရေးမလုပ်မိဖို ့သတိပေးတာပါ။ ကျနော့်အမြင်ကတော့ လက်ရှိသွားနေတဲ့ ပြည်တွင်းရဲ  ့လှုပ်ရှားမှု ့တစ်ခုလုံးကို အဝေးကနေ အကဲခတ်ရတာပဲရှိတယ်။ ကိုယ်ကိုယ်တိုင် ဝင်ပြီး ကန်လို ့မရတော့ အတွင်းကျကျတော့ မသိပါဘူး။

 

မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်သာ ရပ်ခဲ့ရင် နှစ်ပေါင်းဆယ်နှစ်အတွင်း လူတိုင်းနီးပါးဆိုင်ကယ်တစ်စီးပိုင်နိုင်တဲ့အခြေအနေကို ရောက်နိုင်တယ်။ နိုင်ငံတကာက မြန်မာပြည်ရဲ  ့အခြေအနေကို သိတယ်။ ဒါကတော့ မြန်မာအလုပ်သမားတွေရဲ  ့ကျိုးစားချင်စိတ်၊ မြန်မာနိုင်ငံရဲ  ့သယံဇာတစတဲ့အခြေအနေတွေက ဘေးက အိမ်နီးချင်းတွေထက် သာတယ်။ သူတို ့တွေဟာ မြန်မာပြည်ထဲမှာ စီးပွားရေးလုပ်ဖို ့စိတ်ဝင်စားပေမဲ့ ကြီးမားတဲ့ အတားအဆီးတစ်ခုက ပြည်တွင်းစစ်ပဲ။ ဒါကြီးရှိနေသမျှကာလပတ်လုံး ဘယ်တော့မှာ မြန်မာနိုင်ငံဟာ မတိုးတက်နိုင်ပါဘူး။

 

ကချင်ပြည်နယ်က ပြည်သူတွေလည်း နိုင်ငံခြားမှာ ထွက်ပြီးလုပ်ကြရသလို၊ ကရင်ပြည်နယ်က ပြည်သူတွေလည်းနိုင်ငံခြားမှာ ထွက်ပြီးလုပ်ကြရတယ်။ အများစုက လူငယ်တွေ။ အိမ်ကိုငွေပြန်ပို ့ရတယ်။ နိုင်ငံခြားမှာ အနေအစားဆင်းရဲပြီး အသက်ပါရင်းရတဲ့အထိ အလုပ်ကို ပင်ပန်းကြီးစွာလုပ်ကြတယ်။ ဒီလိုလူတွေကို နှစ်ဘက်လုံးက အစိုးရတွေ၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေသနားဖို ့ စာနာဖို ့လိုတယ်။ ဒါ့ကြောင့် သူတို ့ကို သနားတဲ့အနေနဲ ့ငဲ့တဲ့အနေနဲ ့ပြည်တွင်းစစ်ကို ရတဲ့နည်းနဲ ့ရပ်ဖို ့လိုတယ်။ သာမန်ပြည်သူတွေဟာ ခေါင်းဆောင်တွေလောက် ခေါင်းမမာဘူး။ သူတို ့လိုချင်တာက သူတို ့ရဲ  ့စားဝတ်နေရေးပဲ ပြေလည်ချင်တယ်။ အေးအေးချမ်းချမ်းနေချင်တယ်။ ဒါပဲ။ ဒါလေးဖြစ်လာဖို ့ကို လူပေါင်းသုံးလေးငါးဆယ်လောက်ရှိတဲ့ ခေါင်းဆောင်တွေက မလုပ်ပေးနိုင်ခဲ့ဘူး။ နိုင်ငံရေး၊ အမျိုးသားရေးနဲ ့ပဲ ဝေ့လည်နေခဲ့တယ်။

 

ကျနော့်အမြင်ကတော့ နှစ်ဘက်လုံးက ခေါင်းဆောင်တွေ ခေါင်းမာခဲ့လို ယနေ ့အထိ ပြည်တွင်းစစ်က မရပ်နိုင်တာလို ့မြင်မိတယ်။ သူတို ့သာအရည်အချင်းနဲ ့စေတနာရှိခဲ့ရင် ဒီလောက်ထိ ကြာစရာမလိုပါဘူး။ ခေါင်းဆောင်တွေအများစုက ပြည်တွင်းမှာတင် ဝါးလုံးခေါင်းထဲလသာနေခဲ့တယ်။ ပြည်ပ ဗဟုသုတ နည်းခဲ့တယ်။ မော်စီတုန်းတို ့ဂေါ်လီလုံးတို ့နဲ ့အချိန်ကုန်ခဲ့တယ်။ မြန်မာလိုရေးထားတဲ့ မြန်မာစာပေတွေပဲဖတ်ခဲ့တယ်။ နိုင်ငံခြားမှာ အနေမကြာခဲ့ဘူး။ ဒီလိုဖြစ်နေခဲ့တော့ သူများနိုင်ငံတွေမှာ ဘာတွေဖြစ်နေခဲ့လဲဆိုတာကို လက်တွေ ့ကျကျ ခံစားမှု ကင်းခဲ့တော့ သူတို ့လုပ်တာ အမှန်ပဲလို ့ထင်နေတယ်။ ဒါ့ကြောင့် သူတို ့လုပ်တဲ့နိုင်ငံရေးကိုတောင် ဘာလဲလို ့တောင်မေးရမဲ့အချိန်ရောက်နေပြီ။

 

၈၈-မျိုးဆက်တွေအားလုံးကပြောတယ်။ ငါတို ့ဟာတိုင်းပြည်အတွက် အင်မတန်ကို အရေးကြီးတဲ့အင်အားစုဖြစ်တယ်လို ့ထင်နေကြတယ်။ ခင်ဗျားတို ့ဟာတိုင်းပြည်အတွက် အရေးမကြီးပါဘူး။ အရေးကြီးတာက ပြည်သူတွေပဲ။ သူတို ့သာလျှင် အဓိကဖြစ်တယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီးစတဲ့ လူတွေဟာလည်း တိုင်းပြည်ရဲ  ့ခေါင်းဆောင်တွေလုံးဝမဟုတ်ဘူး။ သူတို ့တွေဟာ သာမန် နိုင်ငံရေးလုပ်သူတွေသာဖြစ်တယ်။ ဒါနဲ ့မီဒီယာပေါ်မှာ မင်းကိုနိုင်၊ ကိုကိုကြီးဆိုတဲ့လူတွေကို အနောက်ကနေ မသိတဲ့လူတွေကလည်း ထီးမိုးပေးရတာနဲ ့ဘာနဲ ့ဖြစ်လာနေပြီ။ အကျိူးဆက်ကတော့ ဘဝင်မြင့်တဲ့ရောဂါကို သူတို ့ခံစားနေရပြီ။

 

လူတိုင်းအနေနဲ ့သတိထားဖို ့က ဘယ်သူ ့မှ ယနေ ့အချိန်အထိ အရမ်းကို အရေးကြီးတယ်၊ ကြီးမြတ်တယ်၊ အနစ်နာခံရတယ်ဆိုတဲ့ စိတ်မျိုးမရှိဘို ့အင်မတန်အရေးကြီးတယ်။ ဒီလိုခေါင်းဆောင်ကိုးကွယ်တာကို လုပ်ခဲ့လို ့မြန်မာ့နိုင်ငံဟာ အတော့်ကိုစုတ်ပြတ်သတ်ခဲ့ရပါပြီ။ မလုပ်ကြပါနဲ ့တော့။ လူတိုင်းမှာ အရည်အချင်းရှိပါတယ်။

 

နိုင်ငံခြားမှာ ဆယ်သန်းလောက်ရှိတဲ့ မြန်မာဦးရေတွေ နှစ်ပေါင်းများစွာနေနေကြတယ်။ အခုလည်း မီဒီယာကပွင့်လင်းလာပြီ။ နောက်တစ်ခါ ပြည်သူကလည်း အမျိူးသားအသိနိုးထနေပြီ။ ကုန်ကုန်ပြောရရင် ၈၈-က မွေးခဲ့တဲ့ခလေးငယ်တွေဟာ နိုင်ငံရေးသမားတွေတောင်ဖြစ်နေပြီ။ ဆိုတော့ ကျနော်တို ့အင်အားက မနည်းပါဘူး။ ဒီအင်အားနဲ ့တိုင်းပြည်ကို တည်ဆောက်လို ့ရတယ်။ ကျနော်တို ့နိုင်ငံရေးကို တည်ဆောက်ရေးဘက်ကို ဦးတည်ပေးလို ့လိုအပ်နေပြီ။ အတိတ်က အနာ တွေကို ဦးတည်ချက်ထားရင် နိုင်ငံရေးသံသရာက ဆုံးမှာမဟုတ်တော့ဘူး။ ခေါင်းဆောင်ကိုကွယ်မှု၊ နာမည်ကြီးနောက်တွေကို အားတက်သရောလိုက်နေမှု ့တွေကို ရှောင်ရှားဖို ့လိုအပ်နေတယ်။

 

မည်သည့်နိုင်ငံမှ ပွင့်လင်းလို ့ပျက်စီးခဲ့တာမရှိခဲ့ဘူး။ ပိတ်ထားခဲ့လို ့သာ ပျက်စီးခဲ့တာပါ။ အနီးဆုံး ဥပမာက မြန်မာနိုင်ငံပဲ။ ဒါ့ကြောင့် အစိုးရအာဏာပိုင်တွေအနေနဲ ့ ဒိထက်ပိုမိုပွင့်လင်းတဲ့ အခြေအနေကို ဖန်တီးပေးပါလို ့မေတ္တာရပ်ခံရင်းနဲ ့ဒီစာကို အဆုံးသတ်ချင်ပါတယ်။

 

ဘုန်းကျော်

ဩစတျေးလျ

12 comments

  • Liquid_Sn@ke

    August 14, 2012 at 6:48 am

    ဘရာကြော် အူးလေးဖုန်းကျော် …
    ဖတ်ရတာ ..စေးစေးပိုင်ပိုင် ထိထိမိမိ ရှိလှသမို့ …

    ရှဲ ခွင့်ပြုပါဗျို့…

  • MaMa

    August 14, 2012 at 7:44 am

    နွားခြေရာခွက်ထဲက ဖားသူငယ်တွေလို ပြည်တွင်းမှာနေပြီး အတွေ့အကြုံဗဟုသုတနည်းသူ တစ်ယောက်အနေနဲ့ အခုလို အတွေ့အကြုံများပြီး အမြင်ကျယ်ကျယ်နဲ့ ရေးလိုက်တဲ့စာတွေ ဖတ်ရတာ အကျိုးများလှပါတယ်။
    ကိုဘုန်းကျော်ရဲ့ အခုပိုစ့်ကို ဖတ်ပြီး မြတ်စွာဘုရားရဲ့ သုဂတော ဂုဏ်တော်ကို သွားသတိရမိတယ်။ (သုဂတော – ကျိုးရှိဟုတ်မှန် သူခံသာသောစကား နှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူသော မြတ်စွာဘုရား)
    ကိုဘုန်းကျော်လည်း ကောင်းမယ်ထင်တာကို သူများကြိုက်ကြိုက် မကြိုက်ကြိုက် ပြောတတ်တဲ့ အလေ့ ရှိသလားလို့။ [:)]

  • ကြောင်လေး

    August 14, 2012 at 7:50 am

    ပထမဆုံးလက်မလေးထောင်ခဲ့ပါတယ် ကဖုန်းကျော်ရေ့၊ ကျနော်လည်းရှဲမယ်ဗျာ။

  • ahnyartamar

    August 14, 2012 at 9:33 am

    ၈၈-မျိုးဆက်တွေအားလုံးကပြောတယ်။ ငါတို ့ဟာတိုင်းပြည်အတွက် အင်မတန်ကို အရေးကြီးတဲ့အင်အားစုဖြစ်တယ်လို ့ထင်နေကြတယ်။

    ‘ပြောတယ်၊’ ပြီးတော့ ‘ထင်နေကြတယ်’…’ပြောတယ်’ ဆိုတာ ဘာအထောက်အထားရှိလဲ။…’ထင်နေကြတယ်’ ဆိုတာကတော့ သက်သက်စွတ်စွဲရာရောက်မနေဘူးလား။

    ခင်ဗျားတို ့ဟာတိုင်းပြည်အတွက် အရေးမကြီးပါဘူး။ အရေးကြီးတာက ပြည်သူတွေပဲ။ သူတို့ ့သာလျှင် အဓိကဖြစ်တယ်။

    တိုင်းပြည်အတွက် ပြည်သူတွေက ပိုအရေးကြီးတာမှန်ပေမယ့် ဘေးထိုင်၊ ဘုပြောတဲ့ လူတွေနဲ့စာရင် သူတို့ (ကိုမင်းကိုနိုင်၊ ကိုကိုကြီးစတဲ့…) တွေက ပိုအရေးကြီးပါတယ်။

    ကိုမင်းကိုနိုင်၊ ကိုကိုကြီးစတဲ့ လူတွေဟာလည်း တိုင်းပြည်ရဲ့ ့ခေါင်းဆောင်တွေလုံးဝမဟုတ်ဘူး။

    ခေါင်းဆောင်တွေလုံးဝမဟုတ်ပေမယ့် တိုင်းပြည်အတွက်၊ လူထုအတွက် အတားအဆီး မြောက်များစွာထဲက မကြောက်မဝံ့ ပြောနေတာတွေက သူတို့တွေပါ။ နှစ်ရှည်၊ လများ ထောင်ထဲမှာနေပြီး အနစ်နာခံခဲ့တာတွေက အဲဒီ တိုင်းပြည်အတွက်၊ လူထုအတွက် ပဲမဟုတ်လား။

    သူတို ့တွေဟာ သာမန် နိုင်ငံရေးလုပ်သူတွေသာဖြစ်တယ်။ ဒါနဲ ့မီဒီယာပေါ်မှာ မင်းကိုနိုင်၊ ကိုကိုကြီးဆိုတဲ့လူတွေကို အနောက်ကနေ မသိတဲ့လူတွေကလည်း ထီးမိုးပေးရတာနဲ ့ဘာနဲ့ ့ဖြစ်လာနေပြီ။ အကျိူးဆက်ကတော့ ဘဝင်မြင့်တဲ့ရောဂါကို သူတို ့ခံစားနေရပြီ။

    သာမှန် ဝေးဝေးကနေ မြင်နေတဲ့ အမြင်တွေကို ဘေးမှာထားပြီး၊ open minded အမြင်နဲ့ ကြည့်စေချင်ပါတယ်။

  • မှော်ဆရာ

    August 14, 2012 at 10:27 am

    ဒီနေရာမှာ အရင်တုန်းက နာကျဉ်းချက်တွေကို ဦးတည်ပြီး နိုင်ငံရေးမလုပ်မိဖို ့အင်မတန်အရေးကြီးတယ်။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံရေးလုပ်တာက အဓိက တိုင်းပြည်ကိုတိုးတက်အောင်တည်ဆောက်တာပဲ။ ဒီလိုတည်ဆောက်တဲ့နေရာမှာ အရင်တုန်းသတ်ခဲ့ဖြတ်ခဲ့တာတွေ၊ ခိုးခဲ့တာတွေကိုပဲ အမြုပ်ထွက်အောင်ပြောနေရင် ရှေ ့ကို ဘယ်လိုတည်ဆောက်တော့မလဲ။ နာကျဉ်းမှုတွေကို မပြောရဘူးလို ့မဆိုလိုဘူး။ ဒါတွေကိုပဲ အဓိက ဦးတည်ထားပြီး နိုင်ငံရေးမလုပ်မိဖို ့သတိပေးတာပါ။

    အဲဒီ့အတွက်နဲ့ တိုင်းပြည်နစ်နာပေါင်း များပြီဗျာ ..

  • ko khin kha

    August 14, 2012 at 11:09 am

    မြန်မာပြည်က လက်ရှိဖွင့်ပေးတာတွေက အများအားဖြင့်
    သွားတော့လေ နေပါအုံး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 14, 2012 at 12:01 pm

    တစ်ဥခြင်း တစ်ဖွတ်ခြင်း ပုဂ္ဂိုလ်ရေး အမည်တွေ မပါဘဲရေးဘာလို့
    အကြံပေးဒယ်
    ပုံ
    အကျံဘေးအရာရှိ

    • မိုက်ကယ်ဂျော်နီအောင်ပု

      August 14, 2012 at 12:03 pm

      တော်တော်ရေးဂျင်ရင်လည်း
      စောင်းလားမြောင်းလားလုပ်ပြီးရေးဘာ့ဗျာ 😀

      • မောင်ပေ

        August 14, 2012 at 12:47 pm

        ခွပြီးရေး
        ကားယားကြီးရေး
        အဲဒီလိုလဲရေးလို ့ရတယ်မို ့လားဟင်

  • ei ei

    August 14, 2012 at 1:26 pm

    ကောင်းပါဂျောင်း

  • Foreign Resident

    August 14, 2012 at 1:50 pm

    အခု ဩဇီက မြန်မာ ပညာတတ်တွေ ၊
    မြန်မာပြည်ကို စပြန်နေကြပါပြီ ။
    တော်တော်လေး ကြားနေရတယ် ။

    ယုဇန တို့ လင်မယားတောင် မြန်မာပြည်ပြန်သွားပြီပဲ ။
    သူယောက်ကျားက ဩဇီက Computer ဘွဲ့ရ ၊
    ဩဇီမှာနေတာပဲ ၁ဝ နှစ်ကျော်နေပြီ ။

  • MTY

    August 14, 2012 at 8:43 pm

    ကောင်းတဲ့ပိုစ်ပါဘဲဗျာ..အားပေးတယ်ကိုဘုန်းကျော်…

Leave a Reply