ဂ မ ္ဘီရ … ဗိုက်ပူနံကားနှင့် ပါဝါ မကူ ရေမရှူ ကြေး..
ဗိုက်ပူနံကား က သူ့နာမည် အရင်းပါ။ မွေးကတည်းက ဗိုက်ကလေးကဖောင်းဖောင်း..နံရိုးက လည်း အချောင်းရေ ကို အသာလေး ရေလို့ရတယ်။ ဒါမို့ မွေးတုန်း ကတည်းက လက် သည် ဒေါ်စောက နာမည် တစ်ခါတည်းပေးသွားတာ။ ဗိုက်ပူ နံကား။
တစ်ရွာ မကောင်း သူကောင်း မဖြစ် လို့ သူများပြောတာ ကြားဖူးတာနဲ့ ဗိုက်ပူနံကားက ဂေဇက် ကို ပြောင်းလာတာ သိပ်တောင် မကြာချင်သေးဘူး။ သို့ပေမယ့် ရွာတို့ ထုံးစံက ခင်ခင်မင်မင်…ဖော်ဖော်ရွေရွေ ရှိတယ်လို့ သူ ခံစား ရမိပါသေးတယ်။
ဗိုက်ပူ နံကားက အားလုံးယုံတယ် ။ ယုံချ လိုက်တာချည်းပဲ။ ဘာပြောပြော ဘာမြင်မြင် နှစ် ခါ ရှင်းပြနေစရာ ကို မလိုဘူး..သူက ယုံပြီးနေပြီ။ ဒါမို့လည်း ငယ်ငယ် ကတည်းက လုပ်လိုက်ရင် တစ်လွဲချည်းပဲ။ ပြဿနာက သူ့ဖွားဖက်တော်။ ဒုက္ခက သူ့သူငယ်ချင်း အရင်း။ ဗိုက်ပူ နံကားက အမှတ်သည်းခြေလည်း မရှိဘူးလေ။ ခံပြီးရင်း ခံနေရတာ။ခက်တာက ခံရတယ်လို့ လည်း မထင်ပြန်ဘူး။ ဒါက စိတ္တာရုံ။
အသက် က ၁ရ နှစ် ၊ ဗိုက်ပူနံကားက ဗိုက်ကြီးဘဲ ထွားလာ တယ်.. လက်မောင်းကြွက် သားတွေ ခြေသလုံး၊ပေါင်၊ အစရှိတဲ့ ကြွက်သားတွေကတော့ ထွားကြိုင်းဖို့မေ့နေကြ ဟန် ..တူ ပါရဲ့။ ပြီးတော့ နံရိုးကတော့ ခပ်ငေါငေါပေါ့ဗျာ..။ ရုပ်ကတော့ ကိုယ့်ဖာသာကိုယ်သာ ခန့်မှန်း သာကြည့်ကြတော့။ တစ်ကိုယ်လုံးမှာ…ကြည့်ရအဆိုးဆုံးကတော့..အဲဒီ မျက်လုံးတွေ ပါပဲ။ ပုဇွန် မျက်လုံးလို ရှေ့ကို တော်တော် ထွက်နေတာကို တွေ့နိုင်ပါတယ်။ ဟိုကြည့် ဒီကြည့်များ မျက်လုံးကို ဝေ့လိုက်ရင် တော်ရုံ အသည်း ငယ်တဲ့သူ မျိုးဆိုရင်တော့ ပြေးပြီ။ ပြူးချောက်နေ သလို ခံစားကြရလို့တဲ့။ ဟဲဟဲ။ ဒါက ရူပါ ရုံ။
အဲ ဒီလောက် ဆို ဇာတ်လမ်းက ဆက်လို့ရပြီ။ အခုတစ်လော .. ဗိုက်ပူနံကား အာရုံ ရနေတာ တစ်ခုရှိတယ်။ ဂ မ ္ဘီရ အကြောင်းပါ။ ကိုကြက်ရိုးက ခဏ ပေးဖတ်တဲ့ .. ဂ မ ္ဘီရ မဂ်ဂဇင်း ကစာ တာပေါ့။ ဖတ်ရင်းဖတ်ရင်း အာရုံတွေ တော်တော် ကျလာတယ်။ ပြောထားခဲ့ပြီးတဲ့ အတိုင်း… ဗိုက်ပူနံကားက ယုံတတ်တယ် မဟုတ်လား။ ပိုဆိုးတာက အဲဒီအထဲမှာ..ဆရာကြီး ရွှေဥဒေါင်း ရေးထားတဲ့ စေတစ်လုံးရှင် ဆိုတဲ့ ဝတ္ထုတိုလေးတွေက လည်း အခန်းဆက်ပါ တယ်မ ဟုတ်လား။ သိကြတဲ့ အတိုင်း ဆရာကြီး ရွှေဥဒေါင်းက …အရေးကလည်း ကောင်း ။ ယုတ္တိ ကလည်း တန် ..ဆိုတော့ ဗိုက်ပူနံကားတို့အဖို့ … ဂ မ ္ဘီရမှ ဂမ ္ဘီရ ဖြစ်နေတော့တယ်။
မဂ်ဂဇင်း အဟောင်းတွေ ရှာဖတ်၊ ရွှေဥဒေါင်း၊ ဒဂုံရွှေမျှား၊ မင်းသိင်္ခ၊မင်းမြတ်သူရ၊ မင်းမြတ် ငါ ရ အစ ရှိတဲ့ ဂ မ ္ဘီရ ဆိုရင်ပြီးရော စာရေးဆရာ ဘာနေနေ သူဖတ်ချလိုက်တာချည်းဘဲ။ စာအုပ် ဆိုင်က.. ပေါက်ကျော်မ..ကလည်း အတို့အထောင်တော်တော် ဖြစ် ဆိုတော့ ၊ ဘာပြောကောင်း မလဲ။ ဗိုက်ပူနံကားလာပြီ ဆိုရင် နောက်တစ်အုပ်က အဆင်သင့် ..။ ဗိုက်ပူ နံကားတို့ ခုတစ် လော တကယ် ဓါတ်ကျ နေတာ။ ဒီ ဂ မ ္ဘီရ ဆိုတာကြီးကို။
တစ်နေ့က..သူ့ကို လှမ်းမြင်လိုက်တဲ့ ကိုမိုးဆွေ ကြီးက ဘာပြောလဲ ဆိုရင်..
ငါ့ကောင်တွေ.. ဟိုကောင် ဗိုက်ပူနံကားကို ကြည့် လည်း ဝိုင်းပြော ကြပါဥိီးကွာ.. ဟိုတစ်လောက ငါ သူ့အိမ် မှာဒီကောင် တင်ပလ္လင်ကြီးခွေပြီး ပုတီးကြီးလည် မှာဆွဲ။ ဥုံဥုံ..ဘာညာကွိကွ ဆိုပြီး..ဝမ်းခေါင်း သံကြီး နဲ့ အော်နေတာကို ကြားခဲ့ရတယ်
ဟု ဆိုသည်။ မရွှေချည် ကလည်း သူမ အမြင်ကိ ုအခုလိုပြောပြန်သည်။
ဟုတ်ပါ့တော်…ဟိုးနေ့ကလည်း မျက်လုံးကြီးမှိတ်ပြီး လမ်းလျှောက်လာ တယ် ကျုပ်ကို တောင်တိုက်မိတော့ မလို ့ မနည်းရှောင်လိုက်ရတယ်။ ဟဲ..ဘာလုပ် တာလဲမေးတော့…သူက မျက်လုံးမဖွင့်လည်း မြင်ရတယ် လို့ ပြောတာဘဲ။ ဒီ ကောင်လေးတော့ ဒုက္ခ ပါပဲ။
ဒီလိုနဲ့ ဗိုက်ပူ နံကားရဲ့ရောဂါက ရင့်ရင့်လာတယ် ခင်ဗျ။ပထမတော့ အဝတ်အစား ပေါ့ ဗျာ။ နောက်တော့ အနေအထိုင် အမူအကျင့် အပြောအဆို ၊ နည်းနည်း ထူးဆန်းလာ တယ်။ ရှင်းရှင်းပြောရ ရင် ကြောင် လာတယ်ပေါ့ဗျာ။ ဒီလိုပြောရတာကလည် းအကြောင်း ရှိတယ်။ ဝတ်တာကို လည်းကြည့် လေ။ ပိတ်ဖြူလိုလို ၊ တိုက်ပုံလိုလို ဗျ။ ပုတီးကြီးကလည်း လက်မှာ ရော လည်ပင်းမှာ ပါ ဆွဲထားသေးတယ်။ ရိုးရိုးပုတီးဆို တော်သေးတာပေါ့ ဗျာ .. အခု သူ့ပုတီးက ကြီးတဲ့ ဟာက ကြီး ၊ သေးတဲ့ ဟာက သေး၊ သူ့ကို မေးကြည့်တော့ ကိုးနဝင်း ပုတီး အဓိဌာန် နဲ့ ဝတ်ထားတာတဲ့။ အဲဒီအထိ လက်ခံသေးတယ်။ ခက်တာက…
အဟာရ သိဒ္ဒိ အောင်ပြီဆိုပြီး အစာမစားတော့ တာဘဲ။ .. အခုဆို..ဗိုက်ပူနံကား..အစာမစား တာသုံးလေးရက်လောက် ရှိပြီ။ အပေါင်းအသင်းမိတ်ဆွေ နီးနီး စပ်စပ်တွေက စေတနာ ရှေ့ ထားပြီး အမုန်းခံ ပြောကြပါသေးတယ် ဗျာ..။ အမှုပတ်မှာ ကလည် းကြောက်ကြတော့ သူ့ကို အပေါင်းအသင်းတွေကလည်း နည်းနည်းတော့ ရှောင်ရှောင်လာတာပေါ့ ။စားဖို့ တိုက်တွန်းတဲ့ သူက သူ့ပါရမီကို ဖြတ်စီး နှောင့်ယှက်တဲ့ သူတဲ့။ အဲလိုဆိုတော့..ပိုပြ၊ီး ရှောင်လို့ကောင်းတာပေါ့ ဗျာ။
အခု..ရွာထိပ်က ဇ ရပ် ကြီးမှာ..ရွာအုပ်စု..လက်ဝှေ့ပွဲရှိတယ်ခင်ဗျ.။ ရွာအုပ်စုက..ဂေဇက်ရွာ ၊ ပျဉ်ထောင်၊ကျွန်းတော် ၊ သရက်စု၊ မန်ကျည်းအုပ်၊ သဝတ္ထိ ရွာ အားလုံး ၆ ရွာရှိတယ်။ အရင်နှစ် တွေကတော့ ဂေဇက် ရွာက ဗိုလ်ဆွဲ နေကျ။ ဂေဇက်ရွာက မောင်ပေကြီး ဆိုရင်.. ပတ်ဝန်းကျင်မှာ နာမည် တစ်လုံးနဲ့ နေတာ။ ဟိုးတစ်လောက မြို ့နယ်ပွဲ ထိတောင် တက် ပြိုင် ဖူးတယ် ဆိုပဲ။ ဗလ ကလည်း ခပ်ကြီးကြီး။ လက်ကလည်း သွက်။ ဒါမို့ ဂေဇက်မှာ.. မောင် ပေ ကြီးကို ဖလားအတွက် အားထားနေရတာ။ ထင်ကြေးလည်းပေးကြတယ်။
မောင်ပေကြီး နဲ့ သရက်စုက တိုက်မောင်.. တို့ပွဲ ဒီနေ့ရှိတယ်။ ရှုံးထွက် ပွဲမို့ ပရိတ်သတ် က ဒီနေ့ အလုပ်လုပ်ကြဘူး။ တောထဲအသွားနားကြတယ်။ မြက်ရိတ် နွားကြွေး ခက်မြန်မြန်လုပ် ပြီး ရွာထိပ် ဇရပ်မှာ လူတောင်တော်တော် စုမိနေကြပြီ။ ကြိုးဝိုင်းက အဲဒီမှာ မဟုတ်လား။ ကောက်စိုက်သမ တွေလည်း ဒီနေ့တော့ လယ်ရှင်ကို တောင်းပန်ပြီး ရက်ရွှေ ့ ကြတယ်။ လယ်ရှင် တွေလည်း လာကြည့်ကြတာပါဘဲ။ အုတ်ဩသောင်းနင်း အားပေး ကြတဲ့ ပွဲပါ။
တိုက်မောင် ဆိုတဲ့ နာမည်က ဒီနှစ်မှ ပေါ်လာတာ။ အရင်နှစ်က မီးကြီးခဲ ဆိုတဲ့ ကောင် တက်ပြိုင် တာ။ မောင်ပေကြီးကို ရှုံးသွားတယ်လေ။ ဒီနှစ်တော့ တိုက်မောင်..။ သူ့ကို လူတွေ မြင်ဖူးချင်လှပြီ။ ကြိုးဝိုင်းထဲမှာတော့ လက်ရှိ ချန်ပီယံ မောင်ပေကြီး။ ဗမာ့ လက် ဝှေ့ ကို လက်ပန်းပေါင်းခတ်ပြီး က ပြနေလေရဲ့။ ခဏ ကြာတော့ မှ .. လူမည်းမည်းကြီး တစ်ယောက် ကြိုးဝိုင်းပေါ်ခုန်တက် လာတာ တွေ့ လိုက်ကြရတယ်။
ဟိုးဖက်ရွာက..သရက်စု သားတွေ..နဲ့ အခြားရွာက လက်ဝှေ့ ဝါသနာအိုးတွေ ..က.. ဟေး..ခနဲ
ဟစ်အော် အားပေးလိုက်ကြလို့ ကြွက်ကြွက်ညံသွားတယ်။
တိုက်မောင်..ကွ..
သရက်စုသားတွေ သူ့လူကို သူတို့အားကိုးကြဟန်တူပါသည်။ အခါတိုင်းထက်. ပို၍ ..တတ်တတ်ကြွကြွရှိသည်ကို အားလုံး သတိထားမိလိုက်ကြသည်။ ကြိုးဝိုင်းပေါ်တက်လာ တဲ့ မည်းမည်း အရာကြီးကို မောင်ပေကြီး စိုက်ကြည့်လိုက်တယ်။ အားပါးပါး..နည်းတဲ့ အကောင် ကြီးမဟုတ်ဘူး…မောင်ပေ စိတ်ထဲက နည်းနည်းရှိန်သွားတယ်။
ကြွက်သားတွေကို ဖြစ်ညှစ်ပြရင်းက တိုက်မောင် က.. ပရိတ်သတ်ကို တစ်ချက် ..လှည့်ပြ လိုက်သေးတယ်။ ပြီးမှ… မောင်ပေကြီးကို တစ်ချက် စကြည့်တယ်။ သူ့ မျက်ဝန်းရိပ်မှာ… အထင်သေးဟန်တွေကိ ု တွေ့လို့ မောင်ပေကြီး ဒေါသအနည်းငယ် ထွက်သွားတယ်။ ပြီးမှ ဟန်ကိုယ့်ဖို့ ဆိုသလို..အသာထိန်းထားရတယ်။ လက်ဝှေ့ဒိုင်က.. သာဝတ္ထိ ရွာက လက်ဝှေ့ သမားဟောင်းကြီး ဦး ကုလားဒိန်..။
ဦးကုလားဒိန်က နှစ်ယောက်ကြားကို ရပ်။ လက်တစ်ဖက်နဲ့ ဖြတ်ချလိုက် တယ် ။ အဲဒါ က ပွဲစ နိုင်ပြီလို့ အချက်ပေးတာဘဲ။ ရွာသားတွေ တိတ်သွားပြီး ကြိုးဝု်ိင်းပေါ်ကို အာရုံစိုက်လာ ကြတယ်။
ပွဲစ စ ချင်း..မောင်ပေကြီးက စထိုးတယ်။ ရှောင်လိုက်ပေမယ့် မလွတ်ပေမယ့် တိုက်ကြီးမောင် က ထိသွားတဲ့ မျက်နှာကို တစ်ချက်လက်နဲ့ သပ်လိုက်ပြီး မချိပြုံးပြုံးလိုက်တယ်။ ထိုးထိုးချင်း ထိသွားတဲ့ အတွက် မောင်ပေကြီး အားတက်သွားပြီး ဆက်တိုက် ဝင်ထိုးတယ်။ ထိတယ် ။ ခဏ ခဏ .. သို့သော် .. တိုက်မောင် ကား မဖြုံ။ တိုက်မောင် က နောက်သို့ တစ်လှမ်း ဆုတ်လိုက်ပြီး မောင်ပေ ရင်ဝ ကို ကန်ချ လိုက်တယ်။ ထိုးဖို့ အားသန်နေတဲ့ မောင်ပေ အငိုက်မိ သွားပြီး တစ်ချက်တည်း နဲ့ ကြိုးဝိုင်းပေါ်က ပြုတ်ကျသွားတယ်။ အောက်ရောက် တော့ တော်
တော်နဲ့ မထ နိုင်တော့ဘူး အရှိက်ကို ကန်မိတာကြောင့် နှလုံး ခုန် ကမောက် ကမ ဖြစ်သွားပြီး ..မထ နို်င်တော့တာ ဖြစ်တယ်။ ဦးကုလားဒိန် ..က နံပါတ်ကိ ုဟန်ပါပါ စရေ တယ်။ ၁..၂..၃.. ၄.. ၅..၆..၇..၈..၉….
၁ဝ ဆိုတဲ့ အသံနဲ့ ပရိတ်သတ်ရဲ့ ဟေး ဆိုတဲ့ အသံနဲ့ က တစ်ထပ်တည်ဖြစ်သွားတယ်။ တိုက်ကြီးမောင် ပရိတ်သတ်က တော်တော်လေးပျော်သွားကြတယ်။ နိုင်ပြီပေါ့။ သို့ပေမယ့် တစ်ခုရှိသေးတာက ရွာသားကို နို်င်ပြီဆိုရင် နောက်ပြိုင်ချင်သူရှိရင် ခေါ်ရတာပါ။သုံးခါ မေးရတယ်။ ၁- နောက်ထပ် တို်က်မောင်
ကိုယှဉ်ထိုးမယ့်သူ ဂေဇက်မှာ ရှိသေးလား…၂..နောက်ထပ် တို်က်မောင်ကိုယှဉ်ထိုးမယ့်သူ ဂေဇက်မှာ ရှိသေးလား …၃..နောက်ထပ် တို်က်မောင်ကိုယှဉ်ထိုးမယ့်သူ ဂေဇက်မှာ ရှိသေးလား
သို့ပေမယ့် အောက်က အသံမကြားရတော့ ဘူး.။ ဒါပေမယ့် ကြိုးဝိုင်းပေါ်ကို တော့ ် တစ်ယောက်သော သူ တက်သွားတာကို တွေ့ လိုက်ကြရတယ်။ ဂေဇက် ရွာနောက် တစ်ယောက် ကိုယ်စားပြုမယ့် သူကို လူတွေဝိုင်းကြည့်လိုက်ကြတယ်။
ဟာ..
ဗိုက်ပူနံကား..
ဗိုက်ပူနံကားက ..အိပ်မက်ယောင်နေသူလိုလို၊ အိပ်ယာမှာ လန့်နို်းလာပြီး အိပ်မုန်စုံမွှားပုံစံ မျိုးဖြင့် မျက်လုံးကို စုံမှိတ်ထားလျှက်ရှိပြီး။ တိုက်မောင်ရှေ့သို့ ရောက်နေလေပြီ။ ပိတ်ဖြူကြီး ကွယ်ထားလျှက် ပင် သူ့ဗိုက်ပူကြီးက မဖုံးနို်င် မဖိနို်င် ( ဗိုက်ကြီးသည် ကြီးကဲ့သို ့ ) ပေါ်လွင် လျှက်ရှိပေတော့သည်။
ဗိုက်ပူနံကားက မည်သူ့ကို မျှ မကြည့်..။ မျက်လွှာကို ချထားပြီး တိုက်မောင်ကို ခပ်တိုးတိုး လှမ်း ပြောတယ်။
ငါ့ရွာ ငါ့မြေ ငါ့ရေ အတွက် … ငါမင်းကို ယှဉ်ပြိုင်ဖို့ ..အထက်က.. အမိန့်ချ လိုက်ပြီ။
ရုပ်တည်ကြီးနှင့်ပြောနေသောကြောင့်..တိုက်မောင် ခပ်ကြောင်ကြောင်ဖြစ်သွားသည်။ အသံကလည်း နည်းနည်းတိုးနေသောကြောင့် အနားကပ်၍ နားထောင်မိသည်။ သို့သော် သည်းသည်း ကွဲကွဲတော့မကြားရချေ။
ဦးကုလားဒိန် ကြီးက ဗိုက်ပူနံကားနှင့် တိုက်မောင်တို့ ကြားတွင်.. လက်ကို ဖြတ်တားလိုက် သည်။ စ..နို်င်ပြီ ဟူသော အဓိပ္ပါယ်ပင်။ တိုက်မောင်က ခံစစ် သမားဖြစ်သောကြောင့် ဗိုက် ပူနံ ကား ကို စ .မထိုးချေ။.. ဗိုက်ပူ နံကား၏ အတိုက်ကို စောင့်နေ ပါသည်။ ဗိုက်ပူနံကားက လည်း ချထားသော မျက်လွှာကို တစ်ချက်မျှ ပင့်လိုက်သည် တွင်.. ပုဇွန်မျက် လုံးကဲ့သို့ ပြူးထွက်ေ န သော မျက်လုံးများက ကြိးပြတ်၍ ပြေးထွက်လာသော နွားသိုးနှယ် အားကုန် စူထွက်လာပါသည်။
တိုက်မောင် လန့်သွားသည် … တို်က်မောင်..အမှန်တကယ် ပင်လန့်သွားပါသည်။ ဤမျှ ဆိုးဝါး သောမျက်လုံးမျိုးသူမမြင်ဖူးပါ။ ဤသည်မှာလည်း ဗိုက်ပူနံကား၏ ပထမ တိုက်စစ် ဖြစ်ပါသည်။ ပလွေရိုးခန့်ရှိသော လက်ဖျံရိုး ရှိ အင်္ကျ ီကို ပင့်တင်လိုက်ပြီး တိုက်မောင် ကိုလှမ်း ထိုးလိုက်ပါသည်။ … ဖတ်..။ အား..။ တိုက်မောင် နောက်သို့ ယိုင်သွားသည်။ လူအများ လည်း အံ့အားသင့်သွားပါသည်။ (အမှန်တကယ် တိုက်မောင် ကို ထိသွားသည်မှာ…ဗိုက်ပူနံကား၏ လက်သီးမဟုတ်ဘဲ.. ခေါက်တင်ထားသော အင်္က ျီ သာဖြစ်ကြောင်း၊ ထိသော နေရာမှာလည်း မျက်နှာ မဟုတ်ဘဲ မျက်လုံးတွေ ကို သာဖြစ်ကြောင်း နောက်မှ သိရပါသည်။ )
တိုက်မောင်လည်း တိုက်စစ် စ ဆင်လာသော ဗိုက်ပူနံကား၏ ရင်ဝ သို့ ရှိသမျှ အား အကုန်သုံး၍ ကန်ချလိုက်ပါတေ့ာသည်။
ထိုနေ့မှ စ၍ ဗိုက်ပူနံကား အိမ်အပြင်သို့လည်း သိပ်မထွက်တော့ပါ။ရူးကြောင်ကြောင်တွေ လည်းသိပ်မ လုပ်တော့ပါ။ ပုတီးလည်း သိပ် မဆွဲတော့ပါ။ အင်္က ျီလည်း ပုံမှန် ပြန် ဝတ်သွားပြီ ဖြစ်ပါသည်။ အထူးဆန်းဆုံးမှာ ဂ မ္ဘီရ စာအုပ်များလုံးဝ မဖတ်တော့ခြင်းပင် ဖြစ် ပါသည်။ အစာလည်း ပုံမှန်ပြန်စားနေပါပြီ။…
မှတ်ချက်..
ဗိုက်ပူနံကားကို တိုက်မောင် ကန်လို်က်သည် တွင်..ကြိုးဝိုင်း.နှင့် ဝါးတစ်ရပ်ခန့် အဝေး သို့ စွန် ကြိုးပျက် လွင့်ထွက်သွားပြီး။ ဗိုက်ပူနံကား ၏ နံရိုး ၅ ချောင်းမှာ သွင်သွင်ကြိုးသွားကာ..။ စတီးရိုး အစားထိုးထားရသည် ဟူသတက်.။ ကုန်ကျ စရိတ်ကို လည်း…ဂေဇက် ရွာမှ..စုခံ ပြီး အကုန်အကျ ခံလိုက်ရကြောင်း။
2 comments
အတိသဉ္ဖာ နာဂရချစ်သူ
August 15, 2012 at 6:49 pm
အင် သေရော ဗျာ နောက်ဆုံး ဆေးစရိတ်ပါ ရွာကပေးရပါလေရောလားးးးးး
မောင်ပေ
August 15, 2012 at 8:12 pm
ရှေ ့သုံးပုဒ်တုန်းကတော့ ကိုအမ်ကျမ်းတွေ ဘာတွေနဲ ့
ယောက်ျားတစ်ယောက် မိန်းမလေးယောက်ယူလို ့ရတယ်ဘာညာနဲ ့အင်ထရိုဝင်ခဲ့တာကို မှတ်မိနေတာကလား