Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြာပန်းရေစင်………………………….

1 ကြာပန်းသုံးပွင့်
2ကြာပန်းနဲ့ရေစင် တစ်
3လန်းသောကြာ- အေးမြသောရေစင် နဲ့ကြွေလွင့်စရွက်ခြောက်
4 တစ်ပွင့်ပန်း……………..အရွှန်းတင့်ဆုံးကြာ
ရေစက်ရေပေါက် ငွေရောင်တောက်လု့ိလှပေတာ
5 တစ်ပွင့်ရွှေကြာ ပန်းနုသွေးစိုစို
ဝတ်ဆံလေးများက ရွှေရောင်ဝင်းဝါ
6 ကြာရွက်များကြာက တစ်ပွင့်ကြာနီ

 

7 ရန်ကုန်ကန်တော်ကြီးက ကြာ

 

8 တံတား ရေပြင်နဲ့ ကြာပန်း

 

9 တစ်ပွင့်နဲ့တစ်ငုံ
10 ကြာပွင့်တော
11 ပုန်းနေတဲ့ကြာ
12 ကြာဖူးတော
13 ကြာဖူးလေးတစ်ငုံနှစ်ငုံ
14 ကြာပန်းနီနီ
15နှစ်ပါးကြည်……………………………
16 ကြာခွက် ကြာဖူး ကြာငုံ ကြာပွင့်

 

17 အဝေးကကြာ……….တစ်ပွင့်
18 ကျနော်အနှစ်သက်ဆုံးပုံလေးပါ
နည်းနည်းတော့ အလင်းအမှောင်ပြင်ထားပါတယ်

19 အမည်ခံရုံလောက်သာကျန်ခဲ့တဲ့ ကြာပင်အိုင်
20 ကြာပင်အိုင်ကြီးကနေ ရေမြောင်းဘဝပြောင်းသွားတဲ့နေရာလေးပေါ့
                “ကြာ……………လွမ်းချင်း”

 

 

အခုရက်ကတော့ ပန်းတွေရော ရူ့ခင်းပုံတွေရောအတော်လေးရိုက်ဖြစ်ပါတယ်။

တစ်ည မိတ်ဆွေတစ်ယောက်နဲ့စကားပြောရင်း ကြာပန်းပုံလေးမရှိဘူးလားလို့မေးလာပါတယ်။

“ရှိပါတယ် တစ်ရက်တော့စောင့်ပေး”လို့အကြောင်းပြန်လိုက်ပါတယ်။

သိပ်မကြာခင်ရက်ကဘဲ မြန်မာ့ပန်းတွေကို စံနစ်တကျ စုဆောင်း နေတဲ့ဆရာမကြီး

TTNU အတွက်ပန်းတွေစုပေးထားတော့ ကြာပန်းပုံတွေက အဆင်သင့်ရှိပါတယ်။

ဒါပေမယ့် ဆရာမကြီးကို အမြန်သာပေးလိုက်ရတယ် မစုံသေးဘူးဆိုတာအလိုလိုသိနေပါတယ်။

သေချာတာတစ်ခုက ကြာပန်းကို ကျနော်ရန်ကုန်မှာသုံးကြိမ် နဲ့မန်းလေးမှာ တစ်ကြိမ် ထဲဘဲရိုက်ဘူးတယ်ဆိုတာပါ။

ရန်ကုန်မှာ ပထမအကြိမ် 2011 ရောက်တုံးက မရိုက်ဖြစ်ပါဘူး။

ကျနော်ရန်ကုန်ရောက်ချိန် ကန်တော်ကြီးထဲမှာ ကြာမပွင့်သေးပါဘူး။

ကျနော်အရင် မဝေ က ကန်တော်ကြီးထဲက ကြာပန်းခင်းကိုရိုက်တင်ထားတာတွေ့ဘူးပါတယ်။

ဒုတိယတစ်ခေါက် 2012ဇန်နဝါနီလဆန်းကြာပန်း နီနီလေးတွေကို ကန်တော်ကြီးမြောက်ဘက်ခြမ်းက

တံတားနားလေးမှာရိုက်ခဲ့ပါတယ်။

အတော်လေးကို နှစ်သက်စရာကောင်းတဲ့ပုံလေးတွေလို့ခံစားရပါတယ်။

 

ရွာကအလှူ  ပန်းတနော်သွားဘို့လာတဲ့အချိန် (30-4-2012)နေ့မှာတော့ ကျနော်ကို Mလုင်က

ရန်ကုန်ကန်တော်ကြီးထဲမှာ ကရိဝိက်ရယ် ငုပန်းရယ်တွဲရိုက်ရအောင် လိုက်ပို့ပါတယ်။

အရှေ့ဘက်ခြမ်းမှာ ကရိဝိက်ကိုရိုက်ပြီးတော့ အနောက်ဘက်ခြမ်းကိုလာ ပြီး ကြာပန်းတွေရိုက်ကြပါတယ်။

ဖြစ်ချင်တော့ရိုက်ကောင်းနေတုန်းမိုးတွေကျလာတော့ ကမန်းကတန်းပြန်ပြေးရပါတယ်။

ကျနော်စိတ်ထဲမှာတော့ ကြာပန်းတွေရိုက်လို့မဝသေးပါဘူး၊

ဖြစ်ချင်တော့ တစ်ရက်ကိုးမိုင်က မိတ်ဆွေတစ်ယောက်အိမ်ကအပြန် အငှားကားပေါ်

(သုဝဏ္ဏအားကစားကွင်းအလွန်လောက်ထင်ပါတယ်)ကနေပြီး လှပတဲ့ကြာခင်းကြီးကိုမြင်လိုက်ရပါတယ်.။

အဲတော့ကြာပန်းတွေကိုရိုက်ချင်စိတ်က ပိုကြွလာပြန်ပါတယ်။

ကဆုန်လပြည့်နေ့မှာတော့ မနက်စောစော ဆူးလေဘုရားသွား။

ပြီးတော့ ကန်တော်ကြီးထဲဝင် လို့ ကြာပန်းတွေရိုက်ဘို့ မဒမ်ပေါက်နဲ့အတူ လာခဲ့ကြပါတယ်။

မိုးလင်းစ အချိန်ဆိုတော့ လှပတင့်ဆန်းတဲ့ကြာပန်းခင်းကြီးကိုမြင်တော့ စိတ်ထဲမှာအတော်ကျေနပ်မိပါတယ်။

အဲတော့လဲ မဒမ်ပေါက်တစ်ပုံရိုက် ကြာပန်းသုံးပုံရိုက်နဲ့ကြာပန်းပုံတွေအများကြီးရိုက်ဖြစ်ခဲ့ပါတယ်။

စိတ်ထဲမှာလဲအတော်အားရမိပါတယ်။

ဓါတ်ပုံတွေရိုက်ကောင်းနေတုန်း ရွှေတိဂုံဘုရားပေါ်မှာဆုံကြမယ်လို့ချိန်းထားတဲ့ရွာသူတွေကရောက်ပြီဆိုတာ

နဲ့ ဘုရားကိုအပြေးအလွှားလာခဲ့ကြပါတယ်။

 

မန်းလေးပြန်ရောက်တဲ့ ဥပုဒ်တစ်ရက်မှာတော့ မိတ်ဆွေတစ်ယောက်ရဲ့ရှင်ပြုအလှူကိုသွားခဲ့ကြပါတယ်။

အလှူရောက်တော့ မဒမ်ပေါက်တို့ တရားနာနေချိန် ကျနော်က ကင်မရာတစ်လုံးနဲ့ကျောင်းဝင်းအနှံ့လျောက်သွားပါတယ်။

ကျောင်းအရှေ့မြောက်ဒေါင့်မှာတော့ ရေကန်လေးတစ်ကန်။

ကန်ထဲမှာကြာရွက်တွေက ပြန့်ပြန့်စန့်စန့်။

အဲဒီကြာရွက်တွေအလည်မှာတော့ ကြာနီလေးတစ်ပွင့်။

ကလေးဘဝက ဆိုခဲ့တဲ့ ဆရာမင်းသုဝဏ်ရဲ့ “လယ်စောင့်တဲ”

ကဗျာထဲက” ကြာနီတစ်ပွင့်ဖြူတစ်ပွင့် တဲ့နဲ့ပနံတင့်”ဆိုတာလေးကိုပြေးသတိရမိယုံတင်မကဘူး

လူငယ်ဘဝမှာနှစ်သက်စွဲလန်းခဲ့ရတဲ့

ဆရာမောင်ပန်းမွှေးရဲ့ကဗျာလေးကို ပါသတိရလိုက်ပြန်ပါသေးတယ်။

1975ခုနှစ်ပါတ်ဝန်းကျင် က ပိုစ်ကဒ်ထဲမှာပါတဲ့

“ကြာတတ်တာတွေ မကြာစေဘို့

ကြာတွေလှူကာဆုတောင်းစို့”ဆိုတဲ့ ကဗျာလေးပါဘဲ။

(ပိုစ်ကဒ်တွေအကြောင်း ဓါတ်ပုံနဲ့တကွ တစ်ပုဒ်ရေးပါအုံးမယ်)

 

ကြာပန်းကတော့ကျနော်တို့မြန်မာတွေ အထူးသဖြင့်ဗုဒ္ဓဘာသာဝင်တွေနဲ့

အတော်လေးကိုဆက်စပ်နေတဲ့ပန်းဖြစ်ပါတယ်။

အထွဋ်အမြတ်ထားတဲ့ပန်းဆိုရင်လဲမမှားပါဘူး။

ကြာပန်းဆိုတာ တကယ်တော့ ကျနော့်တို့အဘို့ ကောင်းမြတ်တဲ့သင်္ကေတတစ်ခုပါဘဲ။

 

ကျနော်တို့ဘုရားမပွင့်မှီကာလ ဗျာဒိတ်တော်ယူခန်းမှာလည်းကြာပန်းပါတယ်။

ဘုရားဖွားမြင်တော်မူတဲ့အခန်းမှာလဲ ကြာပွင့်ပါတယ်။

မဟောသဓာဇာတ်တော်မှာ အမရာဒေဝီအကြောင်းပြောတဲ့အခါမှာလဲကြာပန်းပါတယ်။

ကာလီဒါသ ဇာတ်တော်မှာလဲ ကြာပန်းပါတယ်။

မင်းကုသ ပပဝတီမှာလည်းကြာပန်းပါတယ်.။

နန်းတော်ရှေ့ဆရာတင်ကလဲ ကြာပန်းတွေကို သီချင်းဖွဲ့ခဲ့တယ်။

“ကြာစိမ်းကြာပြာ ပွင့်နီများ လှူပ်ယှားစွာရယ်များစွာကွယ်

လေယူရာကိုကြိုင်လှိုင်အေးလို့ မွှေးကြည်တယ်……………”ဆိုပြီးတစ်ခါ

“ဘယ်ဆီသို့ ဘယ်ဝါသို့လွမ်းရမယ် မှန်းဆရွယ် ကြာပင်အိုင်ကြီးရယ်………………”

“ မိုးအခါဝယ် ချိုးလာမယ် ချိုးလာမယ် မိုးခါဝယ် ချစ်သူပန်ဘို့ရယ် ရည်ရွယ်ကာထားခဲ့တဲ့

ပဒုမ္မာကြာရယ် ကျုပ်ရီးစားနဲ့ညားအောင်စောင့်အုံးကွယ်”လို့တမ်းတခဲ့ဘူးပြန်ပါတယ်။

မောင်ပန်းမွှေးကလဲ

“မကြာပါဘူး

ကြာပါဘူးလို့

ကြာဖူးလေးတွေ တွေ့ခဲ့တာ”လို့လှပစွာရေးဖွဲ့ခဲ့ပြန်ပါတယ်။

 

ခလေးဘဝက မတ္တရာဘက်ကအမျုးိတွေဆီအလည်သွားတဲ့အခါမှာ

ရွာက လူတွေက ကြာလည်ဆွဲလေးလုပ်ပေးတာကို လည်း တသသ နဲ့ကျေနပ်ကြည်နူးခဲ့ရတယ်။

စိတ်ထဲမှာငယ်စဉ်ကလေးဘဝကတည်းက စွဲနေခဲ့ဘူးတဲ့ကြာကန်ကြီးတစ်ခုရှိခဲ့ဘူးပါတယ်။

တစ်ရက်ကျနော်တို့ မိသားစု တံခွန်တိုင် နားက ဘုန်းကြီးကျောင်းကိုသွားခဲ့ကြပါတယ်။

ကျနော် ရှစ်နှစ်သားလောက်ကထင်ပါတယ်။

တံခွန်တိုင်ဘူတာကနေဆင်းလာ ရပ်ကွက်ထဲကိုဖြတ် မြေလမ်းကလေးတစ်ခုကနေ

တောင်ဘက်ကိုပြန်သွားတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းကိုရောက်ပါတယ်။

ကျောင်းထဲလဲဝင်လိုက်ရောအဲဒီကျောင်းတောင်ဘက်မှာကြာကန်ကြီးတစ်ခုတွေ့လိုက်ရပါတယ်။

အလည်ခေါင်က မှာကျောင်းလေးတစ်ကျောင်း။

ကန်တစ်ကန်လုံးကြာပွင့်တွေအပြည့် အင်မတန်လှတဲ့မြင်ကွင်းလေး။

ကြာဖြူ ကြာနီ ကြာပြာအစုံပါဘဲ။

ဒါပေမယ့် အဲဒီတုန်းက ကြာကန်နားကို မကပ်ခဲ့ရပါဘူး။

မြေဘောင်ရယ် ရေနက်တယ်ဆိုတာရယ်ကြောင့်ရေထဲလိမ့်ကျမှာစိုးလို့ လူကြီးတွေက ပေးမသွားတာပါ

ဒါပေမယ့် အခုချိန်ထိအဲဒီနေရာလေးကို ကျနော် ပြန်မရောက်ခဲ့ပါဘူး။

ဒါပေမယ့် စိတ်ထဲမှာသတိရနေတုန်းပါ။

အဲဒီကျောင်းလေးရှိမရှိတောင် မသိတော့ပါဘူး။

တကယ်လို့များရှိမယ်ဆိုရင် တံခွန်တိုင်ဈေးနဲ့အခုအသစ်ဖောက်ထားတဲ့ ရန်ကုန်မန္တလေးအမြန်လမ်းမကြီးကြား

78လမ်းမကြီးနဲ့မီးရထားသံလမ်းကြားမှာဘဲရှိမယ်ထင်ပါတယ်။

 

ကြာပန်းနဲ့ပါတ်သက်ရင် မန္တလေးမြို့မှာအလှဆုံးသောနေရာတစ်ခုရှိခဲ့ဘူးပါတယ်။

နန်းတော်ရှေ့ဆရာတင်ကလဲ ဒီနေရာကိုကြည့်ပြီးသီချင်းတွေရေးခဲ့သလားလို့တောင်တွေးမိပါတယ်။

မန်းလေးနန်းရှေ့တံတားကနေ 19လမ်းအတိုင်း အရှေ့ဘက် တည့်တည့်သွားလိုက်ရင် အောင်ပင်လယ်ကန်ဘောင်ရိုးကိုရောက်ပါတယ်။

အောင်ပင်လယ်ကန်ဘောင်ရိုးကိုကျော်လိုက်ပြီးလမ်းတောင်ဘက်ခြမ်းမှာရှိတဲ့ “နန်းဦးလွင်”ဆိုတဲ့ရွာလေးကို

လွန်တာနဲ့ ကြာပွင့်အကြီးကြီးတွေနဲ့တန်ဆာဆင်ထားတဲ့

ကြာတောကြီးကို မြင်ရပါတော့တယ်။

အရပ်အခေါ်တော့ အဲဒီနေရာလေးကို  “ကန်လည်”လို့ခေါ်ကြပါတယ်။

အခုလိုမိုးအခါဆိုရင် အလွန်ကြီးမားတဲ့ ကြာပွင့်ကြီးတွေပွင့်နေတာမှ အားရပါးရ။

လမ်းဘေးမှာကြာပန်းခူးရောင်းတဲ့သူတွေ ကြာခွက်ရောင်းတဲ့သူတွေကလဲများမှများ။

လမ်းတောင်ဘက် နံဘေးမှာတင်ကြာကန်ကြီးရှိတာပါ

ကြာကန်ကြီးရဲ့တောင်ဘက်မှာတော့ ရူ့မဆုံးတဲ့ အောင်ပင်လယ်ကွင်း။

အရှေ့ဘက်တည့်တည့်မှာတော့ ရန်ကင်းတောင်တော်။

လမ်းတစ်လျောက်လုံးကြာခင်းကလဲအရှည်ကြီး။

တစ်ခါတစ်လေမှာ သံစည်ပိုင်းပြတ်လှေကလေးနဲ့ကြာတွေဆယ်နေသူကိုတွေ့ရ။

တစ်ခါသားမှာဒီကြာကန်ကြီးထဲမှာဗေဒါပင်တွေရောနေတယ်ဆိုပြီးဆယ်လိုက်ပါတယ်။

အဲဒီအချိန်ကစလို့အင်မတန်လွမ်းစရာကောင်းတဲ့ကြာခင်းကြီးက အခုတော့ပျောက်သလောက်။

အဲဒီကစပြီးကြာမျိုးတုံးသွားသလိုပါဘဲ။

နောက်တော့လဲ အဲဒီကြာကန်ပေါ်မှာ တံတားဆောက်။

စိုက်ပျုးိရေးလုပ်ငန်းခွင်တွေပေါ်လာ။

အခုတော့ကြာမရှိ ကြာမစုံ တဲ့ဗျိုက်တောကြီးတစ်ခုဖြစ်သွား။

လွမ်းပါတယ်……………………………………..။

ဒီနေ့အလုပ်ပိတ်ရက်ဖြစ်တော့ နန်းတော်ရှေ့က ကြာပင်အိုင်ကိုသွားကြည့်ဘို့

နေ့လည်ပိုင်းမှာ ထွက်ခဲ့ပါတယ်။

အရင်ကြာပင်အိုင်တွေရှုပ်ထွေးနေတဲ့နေရာက ရှင်းလင်းလို့မြောင်းကြီးဖြစ်နေပါတယ်။

အရင်ကဆို ဒီကြာပင်အိုင်ကြီးရှိတဲ့သစ်ပင်အောက်မှာ ငါးမျှားနေသူတွေအပြည့်။

လမ်းနံဘေးမှာ ကြာဖူး ကြာပန်းကြာခွက်ရောင်းသူတွေအပြည့်။

အခုတော့ အရင်က မြင်ဘူးတဲ့မြင်ကွင်းတွေမရှိတော့။

လမ်းမြောက်ဘက်တစ်နေရာမှာတော့ ကျိုးတို့ကျဲတဲ ကြာပင်အိုင်တစ်ခု။

ပွင့်ပြီးလို့ကြွေစပြုနေတဲ့ကြာပန်းတစ်ပွင့်တစ်လေကို မြင်ရ။

အခုမှ ပိုလွမ်းသွားတယ်ဗျာ။

…………………………………………………………………………………………

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

(25-8-2012)

 

 

 

11 comments

  • ma me kyaw

    August 28, 2012 at 10:23 am

    ကိုပေါက် လှလိုက်တာကွယ် ကြာပန်းတွေကအင်းယားလေးကန်(လှိုင် ttc)နားကကန်ထဲကကြာပန်းတွေလဲလှတယ်

    • Mobile

      December 16, 2012 at 1:54 pm

      နံပါတ် ၈ ပုံလေးတစ်ပုံ ပဲနှစ်သက်မိတယ်ဗျာ။

  • ဆူး

    August 28, 2012 at 10:54 am

    ဘယ်အချိန်ကတည်းက စုဆောင်ထားတာလဲ မသိဘူး။ ဒီအချိန်မှာ ကြာပန်းတွေ အကုန် ကျသွားပြီ။ အိမ်မှာ စိုက်ထားတဲ့ ပဒုမ္မာကြာတွေလည်း အကုန် ကျ သွားပြီ။ ဒီနားက ကန်တွေလည်း သတိထားကြည့်နေတာ.. အဲဒီက ကြာတွေလည်း ကျ သွားပြီ။ သူလည်း သူ့ရာသီနဲ့ သူ ဖူးကြ ပွင့်ကြတာပဲ။

  • မောင်ပေ

    August 28, 2012 at 10:58 am

    ကြာပန်းဖြူ
    ငါနမ်းယူ
    အထာမဖမ်းကြူ
    လာစမ်းသူ
    နှာရမ်းပူ

  • Mon Kit

    August 28, 2012 at 11:04 am

    ပုံလေးတွေ ကြည့်ရင်း ရင်ထဲမှာ အေးမြလန်းဆန်းသွားတာဘဲ…
    ကိုပေါက်ပြောသလို လယ်စောင့်တဲ ကဗျာလေးကိုလဲ သတိယ ရွတ်ဆိုမိသွားတယ်…
    ရေမြင့်လေ ကြာတင့်လေ တဲ့..
    တင့်တယ်လိုက်တဲ့ ကြာပန်းလေးတွေ…
    ကျေးဇူးတင်စွာဖြင့် ခံစားအားပေးသွားပါတယ်ရှင့်….

  • မဟာရာဇာ အံစာတုံး

    August 28, 2012 at 11:49 am

    ဒီပုံတွေ ကြည့်အပြီး ..
    ရွှံ့ညွံတွေကြားမှာ ပေါက်ဖွားရှင်သန်နေပေမယ့်
    ရွှံ့ညွံတွေနဲ့ မလိမ်းကျံ မကပ်ညှိတဲ့
    ကြားပန်းလေး တစ်ပွင့်သာ ဖြစ်လိုက်စေချင်ရဲ့ …
    ဖေဂျီးရဲ့ ရိုက်ချက်တွေကို အားပေးသွားပါတယ်ဗျာ ..

  • kotun winlatt

    August 28, 2012 at 1:46 pm

    အင်းးးးကြာပန်းးးးတွေတင်ထားတော့…အကြာကြီးကိုစောင့်ရတာပါလားးးဟရို့..
    လေးပေါက်ရေ..နောက်တစ်ခါ မြန်ပန်းဆိုပီး တင်ပါဗျာ… မြန်မြန်ကြည့်လို့ ရအောင်လို့…
    ဪ…..နောက်ဆုံးတော့လည်းးးး သုံးလို့ ရနေတာကိုပဲ ကျေးးဇူးးးးတင်ရမှာပါလားးးးးး။

Leave a Reply