***ကဗျာတံငါ ရေချိုးပြန်ရတဲ့ ည***
ကဗျာတံငါ ရေချိုးပြန်ရတဲ့ ည
စိတ် ကိုင်းတံ မှာ ……
ဈာန် အစာတပ်
အနုပညာ ငါးတွေ ထထပွက်တတ်တဲ့
ငါ့ …. နှလုံးသား ကန်ရေ နက်နက်ထဲ အသာချ
ကဗျာ ငါးတစ်ကောင်တစ်လေမှ
လာမဟပ် ကြ
ညထဲ လရောင်က သဲသဲလှုပ် ရွာချ
ကန်ရေပြင် ဘော်ငွေလှိုင်းတို ့ ရဲ့ ယိမ်းအက
လေပြည် အနွဲ ့ သစ်ရွက်အကြွေ
သေနေတဲ့ ဝေါဟာရ
စကားလုံးတိုင်း ဖောင်းပွကာရန်
ရစ်သမ် မမှန်သေး ….
ရင်တစ်ခုလုံး လေးလံတိတ်ဆိတ်
တိတ်တဆိတ် ဆွံ ့အ …..
လှရက်တဲ့ ….. ည
ဟော ….. ခုနှစ်စင် ကြယ်ပြောင်
ကင်းမြီးကောက် ကောင် ပေါ့
ဟိုး းးးးးးးးးးးးးးးးး
ရိုးမတောင်ရဲ့ အထက် ဦးစောက် ပက်လက်
နတ်ပြည် တတ်တဲ့ … ည
အနုပညာ သန္ဓေ သားပျက်ကျ တဲ့ ည
ဈာန်အစာ က စိတ်ကို ပြန်မြိုချ လို ့ …
ကဗျာ ငါးတွေ ဖျတ်ဖျတ်လူး
ပေါင်းကူး မရတဲ့ ည
စကားလုံး တွေ သွေးဆုံးပျက်ကြွေ
ရာသီမမှန် တဲ့ လေပြည်လို ….
ရင်ဘတ်ကြီး သေလို ့ …
အဲ့ဒီ ည က
ငါးမရ … ရေချိုးပြန်ခဲ့တယ် ။။။။
မောင်ခင်မင်(ကျွန်းချောင်း)
၇.၁၀.၂၀၁၂
3 comments
မောင်ပေ
October 7, 2012 at 11:58 am
ရေချိုးပြန်
ငွေတိုးမှန်
ပလွေခိုးသံ
ဘေဖိုးကျန်
အေဆိုးခံ
လေထိုးမဟန်
မိုးသောက်ချိန်
October 7, 2012 at 12:27 pm
လေထိုးမဟန်
ဘေဘိုးချန်
ဂေဂိုးရန် (ဂေ = ဂေလမ်း) 😛
သဝေထိုးပြန် ………. 😆
အလင်းဆက်
October 7, 2012 at 9:06 pm
ရေချိုး ရလည်း..မြတ်တာပဲ..။
:buu: