Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“စိတ်မပျက်နဲ့ကွယ်…ကလေးရယ်”

ရွှေအိမ်စည်October 10, 20124min64516

“စိတ်မပျက်နဲ့ကွယ်…ကလေးရယ်”

 ကလေးရေ

စိတ်ပျက်နဲ့ကွယ်

 ကိုယ်တိုင်ကမှပြဇာတ်ထင်တာ

 လူတွေရဲ့သဘာဝပါကွယ်…………..။

ကလေးရေ

 စိတ်ပျက်နဲ့ကွယ်

 ကိုယ်ကတဲ့ဇာတ်မှာ ကိုယ်ပဲမင်းသားဖြစ်ချင်ကြတာ

 လူတွေရဲ့သဘာဝပါကွယ်…………..။

ကလေးရေ

စိတ်မပျက်နဲ့ကွယ်

ကိုယ်တိုင်ဖြတ်တဲ့ဓမ္မသတ် ကိုယ့်ဘက်ပဲမှန်တက်ကြတာ

လူတွေရဲ့သဘာဝပါကွယ်……………..။

ကလေးရေ.

့စိတ်မပျက်နဲ ့ကွယ်

ပညာဆိုတာ

စာသင်ခန်းတွေမှာသာ

သင်ကြားနိုင်တာမဟုတ်ပါဘူး

ကျောင်းမနေဖူးတဲ့

တောင်အာဖရိကသမ္မတကြီး

ဂျက်ကော့ဇူးမား က ကလေးအတွက်စံနမူနာ ပါကွယ်…၊

ကလေးရေ

စိတ်မပျက်ပါနဲ ့ကွယ်

နေမကောင်းတခါတရံဖြစ်တာ

စတီဖင်ဟော့ကင်းဆိုတဲ့

သွက်ချာပါဒရောဂါသည် က

သိပ္ပံပညာရှင်တစ်ယောက်ဖြစ်နိုင်ပါသေးတယ်ကလေးရယ်။

ကလေးရေ..

စိတ်မပျက်ပါနဲ ့ကွယ်

ရှင်သန်ခြင်းအတွက်

အမိအဖကိုစောင့်ရှောက်ခြင်းနဲ့

ဘဝမှာရပ်တည်နိုင်ခြင်းတွေ က

မြင့်မြတ်သူတွေလမ်းစဉ်ဘဲ ပါကလေးရယ်…..။

ကလေးရေ

စိတ်ပျက်နဲ့ကွယ်

သွေးဆာနေတဲ ့မတော်လောဘတွေကြောင့်

ဝမ်းနည်းမှုစစ်ပွဲတွေပြီးရင်ငြိမ်းချမ်းရေး

ပြုပြင်မှုရောင်ခြည်လာပါမှာမလို ့အားမလျှော ့လိုက်ပါနဲ ့ကွယ်……။

ကလေးရေ

စိတ်ပျက်နဲ့ကွယ်

ပြူတင်းတစ်ပေါက်ကကြည့်တာ ချင်းအတူတူ

ရွံ့နဲ့ကြယ် အမြင်ခြင်းမတူနိုင်တာ

လူတွေရဲ့သဘာဝပါကွယ်………….။

ကလေးရေ

ဘာတွေပဲဖြစ်ဖြစ် စိတ်မပျက်နဲ့ ကွယ်……….

ကမာ္ဘဆိုတာ လူတိုင်းကို ဗဟိုပြုလည်နေတာပါကွယ်…………….။

ကျွန်တော်တို ့တတ်နိုင်တဲ ့ဘက်က

ကလေးတွေ ကိုစောင့်ရှောက်ကြရအောင်လားဗျာ…

ကလေးတို ့အတွက်…..

အာလူးပူတီရွှေအိမ်စည်

Credit ဓါတ်ပုံများကို စီးပွားရေးအရမဟုတ်ဘဲ ဗဟုသုတအသိသညာဖြန် ့ခြင်းမှာသုံးခြင်းသာဖြစ်လို ့မူရင်းပိုင်ရှင်ခွင့်လွှတ်စေချင်ပါတယ်။
ဓါတ်ပုံဆရာတိုင်းအားလေးစားလျှက်
ရွှေအိမ်စည်

16 comments

  • ကိုခင်ခ

    October 10, 2012 at 2:42 pm

    ဟုတ်ကဲ့ စိတ်မပျက်ပါဘူး ခင်ဗျ၊ သားတို့မှာ အားတွေရှိပါတယ်၊
    သမီးတို့မှာလည်း အားတွေရှိတယ်၊ စိတ်ပျက်ဖူးနော် လေးလေး။
    ( ကလေးတွေပြောနေတာကို ပြန်ပြောပြတာပါ )။

    ယူသောလက်များမှ ကမ်းသောလက်များ ဖြစ်ကြပါစေလို့။
    ကိုခင်ခ။

  • surmi

    October 10, 2012 at 2:49 pm

    စိတ်မပျက်ဘူးဂျီးဒေါ်ရေ
    ဗမာပြည်မှာ အနေကြာတော ့
    ဒီလောက်တော ့အပျော ့ပါ
    အိပ်စရာလိုသလား
    ကားဂိတ်နဲ ့ကင်းတဲတွေရှိတယ်
    စားစရာလိုသလား
    ဘုန်းကြီးဆွမ်းစားချိန်ပြီးရင်
    အပေါက်ဝကစောင် ့နေရုံဘဲ
    အမှိုက်ပုံဆိုတာက
    ဟိုးရှေးရှေးမှာကျန်ခဲ့ပြီ
    လူစုစုနားသွားပြီး
    သနားအောင်ပြော
    ငိုမဲ ့မဲ ့ အမူယာပြ
    ဟော ….ကြည် ့စမ် း ပိုက်ပိုက်တွေထွက်လာတာ
    ရုံးအုပ်ကြီးလစာတော ့သနားတယ်
    ဒါပေမဲ ့အကုန်မရပါဘူး
    အော်ဂနိုက်ဇာကိုပေးရတာလည်းရှိသေး
    တဝက်ကြေးတော ့ရတာပေါ ့
    အဝတ်အစားလား
    ဘေထုတ်တန်းသွား
    သုံးထည်ငါးရာနဲ ့ဝယ်
    ဒီလောက်ဆိုအတော်ပဲ
    သိပ်ကောင်းနေရင် သနားသူမရှိ
    ခက်ရချည် ့ပေါ ့ဂျီးဒေါ်ရယ်
    ပေးမဲ ့သူကျွေးမဲ ့သူဆိုတာက
    သနားတာကအဓိက
    ဒါမှ မေတ္တာအလှူမှာ
    သာဓုခေါ်လို ့ရမှာ
    တခါတလေ
    စိတ်ညစ်နေရင်တော ့
    ကော်တစ်ဗူးလောက်တော ့ရှူမိသား
    စာမတတ်လည်း
    အေးဆေးပေါ ့ဂျီးဒေါ်ရယ်
    နေတိုးနဲ ့ မိုးဟေကိုပြောသမျှ
    နားလည်နေတာဘဲလေ
    ဗဟုသုတလား
    ဟား ဟား သဇင်ကိုအရင်ကြည် ့ဖူးတယ်ဆိုယုံမလား
    ဒီမှာဂျီးဒေါ်
    ပျင်းနေရင်လာခဲ ့
    အိုပါဂန်းမား စတိုင်နဲ ့ ကပြလိုက်မယ်
    တားတားတိုဘ့ကတော ့ အေးချေး ။ ။

    ရွှေအိမ်စည်ရေ
    ပြောင်တာမဟုတ်ဘူးနော်
    တွေ ့ခဲ ့ဖူးတာလေးကိုသရုပ်ဖေါ်ကြည် ့တာ

    • ကိုခင်ခ

      October 10, 2012 at 2:57 pm

      အပေါ်က ပိုစ့်အတွက်ဘဲ မန့်ခဲ့ရင် မတရားမှာစိုးလို့ ပြန်လာမန့်တာ။
      ကိုဆာမိရေ လက်ခုပ်သံ သော သော ညံပါဗျာ။ ကြုံရင်တော့ အိုပါဂန်းမား စတိုင်နဲ ့ ကပြတာလေး လှည့်ကြည့်အုံးမှာနော်။

      • surmi

        October 10, 2012 at 3:24 pm

        :hee:
        ကအုံးမှာ ……….ဝါဒနာဂိုအတားနဲ ့
        :harr:

      • surmi

        October 10, 2012 at 3:25 pm

        :hee:
        ကအုံးမှာ ……….ဝါဒနာဂိုအတားနဲ ့
        :harr:

  • Khaing Khaing

    October 10, 2012 at 2:59 pm

    ယင်တွေနားနေတဲ့ …. ကလေးပုံလေးတွေကြည့်ပြီး စိတ်ထဲမကောင်းလိုက်တာ ……. စိတ်မပျက်ပါနဲ့ ကလေးတွေရယ် … အမေလိုနွေးထွေးမှုပေးမယ့် နှလုံးသားတစ်စုံတော့ ရှိနေပါတယ် ……

  • mayjuly

    October 10, 2012 at 3:17 pm

    စိတ်မပျက်ပါနဲ့ကလေးရယ်..
    အနာဂတ်အတွက် ကြယ်ပွင့်လေးတွေ ဖြစ်အောင် ကြိုးစားလို့ရပါသေးတယ်…

  • pooch

    October 10, 2012 at 3:58 pm

    ” So long as little children are allowed to suffer,
    there is No true love in this world….”

    ( Isadora Duncan)

  • စိတ်မပျက်ပါဘူး အစ်မရေ..အစ်မ စာထဲကအားတွေရလို့ ကြိုးစားနေပါတယ်..
    (မှတ်ချက်..မွန်မွန်သည်လည်း ကလေးသာဖြစ်သည်.. :mrgreen: )

  • မောင်ပေ

    October 10, 2012 at 8:07 pm

    အာလူးပူတီရွှေအိမ်စည်
    ကရုဏာစေတနာလွန်ဖြူကြည်
    ကလေးသူငယ်ကာကွယ်မည်

  • မိုးသောက်ချိန်

    October 10, 2012 at 10:24 pm

    စိတ်မပျက်နဲ့ ကလေးငယ်
    ……………………………………
    ……………………………………………..
    ဘဝမျက်ရည်တွေကို
    အားအင်အဖြစ်နဲ့
    ရုံးထွက်ကြပါစို့
    ………………………………….
    ……………………………………………….
    အတိတ်က ဖြစ်ရပ်ကို သင်ခန်းစာယူ
    ကိုယ့်လက်ထက်ကျ
    အတ္တကိုလျော့
    ပရကိုတိုးလို့
    ပိုမိုလှပတဲ့ အနာဂတ် ဝန်းကျင်သစ်တစ်ခု
    တည်ဆောက်ကြပါစို့ …………
    …………………..

  • padonmar

    October 10, 2012 at 11:14 pm

    စစ်ပြေးဒုက္ခသည်ကလေးငယ်တွေပုံကိုတွေ့ဖူးပေမယ့် ရွှေအိမ်စည့်ကဗျာလေးကြောင့် ပိုအသက်ဝင်သွားသလို ခံစားရပါတယ်။
    ကိုဆာမိရဲ့ ကဗျာကလည်းကောင်းနေပြန်ရော။
    နောက်ဆုံးတော့ လူကြီးတွေရဲ့ လောဘလှိုင်း ဒေါသလှိုင်းတွေကြားက မြေဇာပင်ကလေးတွေပါပဲ။
    အသနားခံဘဝ မဟုတ်ပဲ အားမာန်နဲ့ တည်ဆောက်မယ့် ဘဝတွေ ဖြစ်စေချင်ပါတယ်။
    ကမာ္ဘအရပ်ရပ်က စစ်ပွဲတွေ ရပ်စေချင်ပါပြီ။

  • kai

    October 11, 2012 at 5:27 am

    ကလေးတို့ရေ..

    အိုင်စတိုင်းဟာ.. Refugee ပြောင်းခိုသူ ဖြစ်ခဲ့ပါတယ်တဲ့..

    သိဖူးသလောက်.. အဲဒီပိုစတာကို.. ဘန်ကောက် UNHCR ရုံးမှာကပ်ထားဖူးတယ်တဲ့..။

    စတီဗင်ဟော့ကင်းဟာ.. ဝေဒနာခံစားနေရင်းက.. ဒေါက်တာဘွဲ့(PhD)ယူခဲ့သူဖြစ်ပါတယ်.။
    တွင်းနက်ကို ရှင်းလင်းပြသခဲ့သူ..။ ထာဝရဘုရားသခင်ဖြစ်ရှိမှုကို.. လက်မခံဘူးပြောခဲ့တာ.. သူပေါ့..။

    Stephen Hawking explains why God does not exist – Atheist Nexus
    http://www.atheistnexus.org/…/stephen-hawking-explains-why-god-does-n...
    5 posts – 5 authors – Aug 23, 2011
    This program examines athe creation of the universe through the commentary and opinions of Professor Stephen Hawking.

  • kyeemite

    October 11, 2012 at 9:17 am

    စစ်ပွဲတွေရပ်ကြ…..အမုန်းများရပ်ကြ…
    ကလေးတွေအတွက် အချစ်တွေပေးကြ….အော်နေရုံနဲ့တော့မပီးနိုင်…
    :bar:

  • နှင်းဆီ ငုံ

    October 11, 2012 at 1:55 pm

    ငယ်ရွယ်စဉ်တုန်းက လှိုင်လှိုင်ကြီးသုံးဖူးခဲ့တဲ့စကားရှိတယ်
    အချစ် နဲ့ စစ် မှာ မတရားတာမရှိဘူးတဲ့
    အခုတော့ စစ် ဆိုတဲ့အသံတောင်မကြားချင်တော့ပါဘူး
    တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ စစ်ဟာစစ်ပါပဲ….

  • Green Rose

    October 11, 2012 at 2:08 pm

    ရွှေအိမ်စည်ရေ

    ဓါတ်ပုံတွေက စကားတွေအများကြီး ပြောနေသလိုပါပဲ။
    “စတေး” တယ်ဆိုတဲ့ ဝေါဟာရက အများကောင်းဖို့ အနည်းစုအနစ်နာခံရခြင်း ဆိုရင် အခုခလေးတွေက ဘယ်သူတွေကောင်းဖို့ စတေးခံနေရတာလဲ။
    ဆောင်းဦးလှိုင်ရဲ့ သီချင်းလေးတစ်ပုဒ် ခေါင်းစဉ်တော့မမှတ်မိပါဘူး စာသားကတော့ “ ခွန်အားကြီးတဲ့ တစ်ယောက်ကလေ အနိုင်ယူတယ်.. ရင်ဆိုင်အားနည်းတဲ့ တစ်ယောက်က မျက်ရည်ဝဲ…. မခံချင်စိတ်ရဲ့ မီးတစ်စက တို့ကမာ္ဘကိုလောင်တယ်.. ဒါတွေခလေးများအတွက် စဉ်းစားကြမယ်” တဲ့….
    ခလေးတွေဟာ အနာဂါတ်အတွက် အရေးကြီးတယ်ဆိုတာ …

    လေးစားလျှက်

    (Green Rose)

Leave a Reply