Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်မ ချစ်သူ အာဆေ……….

we R oneOctober 17, 20121min74420

အချစ်သည်ထူးဆန်းသော ခံစားမှုမျိုးဖြစ်သည်..။ ကျွန်မ ၏ အချစ်သည် သူငယ်ချင်းရဲ့ ပြောပြချက် စကားများ အရ ပေါက်ဖွားလာခြင်းဖြစ်သည်..။ (သူငယ်ချင်း က အောင်သွယ်ပေးခြင်းဖြစ်သည်..။) သူကို ကိုယ်သေချာ မမြင်ရသေးပဲနဲ သူ့ရဲ့ အသံကိုတောင် မကြားဖူးသေးပဲနဲ  သူ့ကို တန်းတန်းစွဲ ချစ်မိနေမိပြီ ဆိုရင် မိန်းကလေး တစ်ယောက်အနေနဲ တော်တော် လွန်နေပြီဖြစ်သည်..။ သို့သော်လည်း ကျွန်မ မတက်နိုင်ခဲ့ပါ..။ သူနဲ ကျွန်မ ကို သူငယ်ချင်း က ၂၀၁၁ နိုဝင်ဘာလ က စပြီး အွန်လိုင်း က မိတ်ဆက်ပေးခဲ့သည်.။ သူမပြောပြောချင်းမှာ ပဲ သူ့ ကို ကျွန်မ အရမ်းကို စိတ်ဝင် စားသွားမိခဲ့သည်..။ ဖြစ်ချင်တော့ အဲဒီ တုန်းက သူက နိုင်ငံခြားမှာရောက်နေသည်..။ ဒီဇင်ဘာ ခရီးမထွက်ခင် သူ့ကို အရမ်းတွေ့ချင်ကြောင်း ကျွန်မ ပြေတော့ ကျွန်မ သူငယ်ချင်းက နိုင်ငံခြားမှာ ရောက်နေတဲ့ သူ့ကို ဒီဇင်ဘာ ၂၅ မတိုင်ခင် အရောက်ခေါ်ပေးမယ်ပြောနေပေမယ့် ဒီကို ပြန်လာဖို့ အဖော်မရှိရင် ပြန်မလာတတ်တဲ့ သူ က အဲဒီ နှစ် ဒီဇင်ဘာမှ ရောက်မလာခဲ့ပါ..။

သူ့ကို စစချင်းမှာ သာမာန် အဆင့်ထက် စိတ်ဝင်စားရုံးသာ သက်သက်ဟု ကျွန်မ ထင်ခဲ့သည်..။ တကယ်တမ်း သူနဲ နဖူးတွေ့ ဒူးတွေ့ ကြုံတဲ့ အခါ သူနဲ တရင်းတနှီးနေတဲ့ အခါမှ ကျွန်မ သူ့ကို ဘယ်လောက် လိုအပ်တယ် ဘယ်လောက် ချစ်မြတ်နိုးတယ် ဆိုတာ သိခွင့်ရခဲ့သည်..။ ၂၀၁၂ ဇန်နဝါရီ လ မှာ ကျွန်မ သူငယ်ချင်းက သူ ရန်ကုန် ကိုရောက်နေ ပြီဖြစ်ကြောင်း ကျွန်မ ကို အကြောင်းကြားလာပါသည်..။ အို့… လှုပ်ရှားလိုက်သည့် စိတ် ..။ သူနဲ တွေ့ရတော့မှာ မို့လို့ ကျွန်မ စိတ်တွေ အရမ်းလှုပ်ရှားနေသည်..။ သူ့ကို တွေ့ရတော့မည်…။ သေချာသည် သူဟာ ကျွန်မ အတွက်ပဲ..။ သူ့ကို ရွေးချယ်ဖို့ ကျွန်မ မှာ အခွင့်အရေး ရှိသည်..။  သူလည်း ကျွန်မ ကို မျှော်နေလိမ့်မည်..။ သူများ အစွန့်ပစ်ခံရတဲ့ သူ့အတွက် နွေးထွေးမှု အပြည့် ချစ်ခြင်းမေတ္တာ အပြည့်ပေးနိုင် မယ့် ကျွန်မ ကိုလည်း သူမျှော်နေလိမ့်မလား…။ ဒါမှ မဟုတ် အရင် တစ်ယောက်လိုပဲ သူ့ကို စွန့်ပစ်မလား ဆိုတဲ့ စိုးရိမ်နေမလား….။ မစိုးရိမ်ပါနဲချစ်သူ နင့်ဟာ ငါ့အတွက် ဘုရားသခင်က အထူးစပယ်ရှယ် ဖန်းဆင်းပေးလိုက်တဲ့ လက်ဆောင်ပါ..။

သူနဲ တွေ့ဖို့ ကျွန်မ အဆောင်က အစ်မနှစ်ယောက် ကိုပါ အဖော်ခေါ်ပြီး ကျွန်မ သူငယ်ချင်းအိမ်ကို သွားခဲ့သည်… ။ သူငယ်ချင်းက တော့ စသည် နင်သိပ်မတွေ့ချင်ရှာဘူးဟုတ်လားတဲ့..။ ကျွန်မ သူငယ်ချင်း အိမ်ကိုရောက်တော့ သူဧည့်ခန်းထဲမှာ ရှိလိမ့်မည့်ဟု ကျွန်မမျှော်လင့် ခဲ့သော်လည်း သူရှိမနေပါ..။ ကျွန်မ လာမယ်မှန်း သိလို့ အခန်းထဲပဲ တမင်ဝင်နေခဲ့တာလား ချစ်သူ…။

ဆံထုံးနောက် ဂတုံးပါပြီးနောက် ကျွန်မ ၏ တစ်နေတာ အချိန်ဇယား တွေသည်..လည်း ပြောင်းလဲသွားခဲ့သည်..။(မှတ်ချက်။ ။ သူတွင် ဆံပင်မပေါက်သော ဂတုံးပြောင်ပြောင် ဖြစ်သည်။ 😀 ) မနက်မိုးလင်းကတည်း ညအိပ်ယာဝင်တဲ အထိ သူ့မျက်ကို တစ်စိမ့်စိမ့်ကြည့်နေ့ခဲ့ရသည်..။ ကျွန်မ နဲ အနီးဆုံး ရှိတဲ့ အရာမှာလည်း သူဖြစ်လာခဲ့သည်..။ အပြင်သွားသော အချိန် နှင့် ညအိပ်သော အချိန်တွေသာ ကျွန်မ တို့ နှစ်ယောက်ခွဲနေခဲ့သည်.။ ကျွန်မ ၏ ကိုယ်ပိုင်ချစ်သူ ကို အလုပ်အတွက် အလုပ်လုပ်ခိုင်းတာ ကိုတော့ စိတ်မရှိပါနဲချစ်သူ..။ အလုပ်အတွင်းမှာ တောင် မင်းနဲ အတူတူ ရှိချင်ခဲ့သူပါ..။ ကျွန်မ ချစ်သူက ကျွန်မ ခိုင်းသမျှကို မညဉ်းမညူ လုပ်ပေးတတ်သည်..။ သူနိုင်သလောက်လေး..။ တစ်ခါတစ်ခါ သူကို အလုပ်များမျျား လုပ်ခိုင်ရင် စိတ်ကလည်း ကောက်တတ်သေးသည်..။ တစ်ခါတစ်လေ သူစိတ်ကောက် သည့်အခါ သူစိတ်ဆိုးပြေတဲ့ အချိန်ထိ စိတ်ရှည်လက်ရှည် စောင့်တတ်သလို တစ်ခါတစ်လေ စိတ်မရှည်စွာ restart လုပ်ပစ်တတ်သည်..။ ကျွန်မ သူ့ အတွက် အစိုးရိမ်ဆုံးက သူနေမကောင်းဖြစ်မှာ ကိုပင် ..။ အခု အချိန်ထိတော့ သူ ကျွန်မ လက်ထဲမှာ ကျန်းကျန်းမာမာ ရှိတုန်းပင်..။ ကျွန်မ နဲ တူတူ ရှိတာ တစ်နှစ်ပြည့်တော့မှာ ဖြစ်ပေမဲ့ သူ့ထက်ပို ချစ်ရမဲ့ သူ ကျွန်မ မတွေ့သေးပါဘူး..။ ချစ်ဆဲ ချစ်နေမြဲပါပဲ..။

အခုလည်း ကျွန်မ ချစ်သူနဲ ရွာသူရွာသား တွေကို မိတ်ဆက်ပေးလိုက်ပါတယ်..။ ကျွန်မ ချစ်သူ သည်ကား အာဆေ ဟု ခေါ်သော Acer သာလျှင်ဖြစ်တော့ သည်..။ 😀

ကျွန်မချစ်သူ ၏ မျက်နှာ...:D
ကျွန်မချစ်သူ ၏ မျက်နှာ…:D
ချစ်သူ၏ ကျောပြင်လေး....... :D
ချစ်သူ၏ ကျောပြင်လေး……. 😀
ပွတ်တာ များလို့ပြောင်နေ ပြီဖြစ်သော ချစ်သူ ၏ နဖူး.. :D
ပွတ်တာ များလို့ပြောင်နေ ပြီဖြစ်သော ချစ်သူ ၏ နဖူး.. 😀

 

we R one

 

 

20 comments

  • ဘဲဥ

    October 17, 2012 at 5:46 pm

    ဟယ်တော့ …. အလန်းလေးဟဲ့
    သများလည်းပွတ်ချင်တယ်တော့ :harr:

  • မောင်ပေ

    October 17, 2012 at 7:15 pm

    အားလုံးပဲ အထင်တော်မလွဲကြစေဖို ့.. သို ့ဖတ် သို ့မှတ်
    “ နဖူးပြောင် မောင်ပေ မဟုတ် ”

  • padonmar

    October 17, 2012 at 7:17 pm

    အဲဒီအာဆေက ဂဇက်ရွာသားဖြစ်သွားတော့ ပိုမခွဲနိုင်ဖြစ်သွားရောမလား။
    မညာပါနဲ့ မျက်နှာပေါ်မှာတွေ့ပါတယ်။

    • we R one

      October 18, 2012 at 8:53 am

      ဟုတ်တာပေါ့ မမ padonmar … ။ သူနဲ ရွာကို ရုံးချိန်အတွင်း ခိုးခိုးဝင်မိလို့ ခနခန ဖိုင်းတပ်ခံနေရတာလည်း အမှတ်တရပါပဲ…:D

    • မပဒုမ္မာလဲ အကြွေးကျန်သေးတယ်
      ဘယ်မှာလဲ နော်
      အောင်မြင်ခြင်းအတူတူ မည်သူမြတ်သည်လဲ
      တက်မလာသေးတာလား ကျနာ်မဖတ်ဖြစ်တာလားမသိဘူးနော်

  • Foreign Resident

    October 17, 2012 at 8:19 pm

    ” ပွတ်တာ များလို့ပြောင်နေ ပြီဖြစ်သော ချစ်သူ ၏ နဖူး ”

    အဲလောက်တောင် ပွတ်ရလားကွယ် ။
    တစ်ခါမှ ဒီလောက် ပြောင်သွားတာ မမြင်ဖူးဘူး ။
    ဒါတောင် တစ်နှစ်ပဲ ရှိသေးတယ် ။

    • we R one

      October 18, 2012 at 8:56 am

      နေ့မနား ညမအား တပတ် ရ ရက်လုံးလုံး မနားမနေ ပွတ်ထားမှ တော့ ဒီလောက်တော့ ရှိမှာပေါ့ အဘဖော့ရဲ့…:D

  • MaMa

    October 18, 2012 at 8:38 am

    သူနဲ့သာဆိုရင်…… ပေ့ါလေ :harr:

    • မမ သူနဲ့သာဆိုရင် ပြီးသွားပြီ

      မြန်မာပြည်က တိုးရစ်နဲ့ ငါသွားမယ်ဟိုလီဝုဒ်က မလာသေးဘူးနော်
      အကြွေးကျန်နေသေးတယ်နော်

  • ဂန္ဓာရီ ဆြာအုပ်

    October 18, 2012 at 8:52 am

    တူ့ချစ်တူဂျီးကလဲ ပန်းရောင်ကြီးဝတ်လို့ အခြော်တကောက် ကြီးလားမတိဝူး

    • we R one

      October 18, 2012 at 9:04 am

      အဲဒီပန်းရောင် ဝတ်ကိုမှ ကြိုက်တဲ့သူက ရှိသေးတယ်…ဟိဟိ

  • ကြောင်ကြီး

    October 18, 2012 at 9:19 am

    အေစာ
    ဖြေကွာ
    နွေအခါ
    ရေဆာ
    ခွေလာ
    မြွေပါ
    ရှည်တာ
    ပေတထွာ..။

  • Ma Ei

    October 18, 2012 at 10:03 am

    ဝမ်းရဲ့ချစ်သူ အာဆေလေး
    …စိတ်မကောက်ပါစေနဲ့
    …အလုပ်များများ လုပ်ပေးနိုင်ပါစေ
    …နေမကောင်းမဖြစ်ပါစေနဲ့
    …ချစ်ဆဲ ချစ်နေမြဲဖြစ်ပါစေ…
    :528:

  • သီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ်

    October 18, 2012 at 10:14 am

    တစ်နှစ်ဆိုတော့ သူ့ချစ်သူက တော်တော်မော်ဒယ်အောက်နေပြီ…
    Update လဲမဖြစ်တော့ဘူး… အဟောင်းတန်းသွားရောင်းရင် သူခိုးဈေးပဲရတော့မယ်…
    သက်တမ်းလဲကျလာပြီဆိုတော့ အရင်လိုအကြာကြီးခံတော့မှာမဟုတ်ဘူး (ဘက်ထရီကိုပြောတာ…)
    သူ့ချစ်သူက ထိုင်ဝမ်တရုတ်စစ်စစ်ကြီးနော်…
    ဘာပဲပြောပြော… ပန်းသီးရေ… ပန်းသီး…

    ကျုပ်ချစ်သူကတော့ ပိန်ပိန်ပါးပါး… ခန့်ခန့်ညားညား…
    မျက်နှာလေးကိုကြည်လို့ (Retina Display)
    အဖေအမေရိကန်ကြီးရဲ့အစွမ်းအစနဲ့ အမေတရုတ်မကြီးကမွေးထုတ်လိုက်တယ်ဆိုရမကိုး…
    ကြောင်မျိုးကြောင်နွယ်တွေနဲ့ အဆက်အနွယ်ရှိသေးဗျ… ကျုပ်ချစ်သူကိုး… (MacOSX Mountain Lion)
    သူ့ဓာတ်ပုံကို ဒီမှာကြည့်ပါဗျာ…
    နှစ်တွေဘယ်လောက်ပဲကြာကြာစွဲလမ်းနေစေမယ့်…
    http://www.apple.com/macbookair/

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • အဂ္ဂမဟာ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီ လယ်ထွန်Z

      October 18, 2012 at 10:25 am

      I heard that Steve Jobs had a PC !!!

      :harr:

    • we R one

      October 18, 2012 at 1:40 pm

      ကျွန်မ ချစ်သူက ဟောင်းသွားတော့.. ဦးကြောင်ဝတုတ်ရဲ့ ချစ်သူ ရေး ကျွန်မ ကို ပေးပါရား…။ ဟိဟိ

  • weiwei

    October 18, 2012 at 11:24 am

    ကျွန်မချစ်သူကတော့ ကောင်မလေးပါ… ပန်းနုရောင်လေးနဲ့ အရမ်းလှတဲ့ Miss Sony …
    အအေးပိုင်း ဒေသကလာလို့ ရန်ကုန်ရာသီဥတုကို သိပ်မခံနိုင်လို့ အဲယားကွန်းနဲ့ပဲ အမြဲတမ်းထားရတယ် …

    • ဆူး

      October 18, 2012 at 11:39 am

      ဆူး ရဲ့ ချစ်ချစ်ကတော့ အမဲရောင် အေဆာ လေးပါ။ ဆိုင်မှာ ကျောက်ပြား ခင်းတာမို့ ဖိနပ် မစီးပဲ ကိုင်မိရင် တခါတလေ အပ်မိလို့.. ဓါတ်လိုက်တာလည်း ခံရတယ်။ 🙁

      • we R one

        October 18, 2012 at 1:43 pm

        အဲဒါ အချစ်စမ်းတာလို့ ခေါ်တယ် မဆူး……..:D

Leave a Reply