Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ဘူမိကျောင်းတော်သား”

ဦးေက်ာက္ခဲOctober 17, 20121min97857

“ဟဲလို xxxxxx က ပါလားခင်ဗျာ”

“ဟုတ်ကဲ့ အမိန့်ရှိပါခင်ဗျာ”

“ဟာ….ဦးလေး၊ ကျွန်တော် ပြားကြီးပါ ခင်ဗျ”

“အေး…သား… ပြားကြီး.. ပြော၊ မင်းတို့ နေထိုင် ကောင်းကြရဲ့လား?”

“ဟုတ်ကဲ့ဦး၊ အားလုံး နေထိုင်ကောင်း အဆင်ပြေကြပါတယ်။ ဒါနဲ့… မနက်ဖြန် ဆန် လာချမလို့၊ ဦး… ဘယ်နှစ်အိတ် ယူမလဲ?”

“အေးကွာ၊ မင်းက အလကားလဲပေးတာမဟုတ်၊ ဦး အိမ်မှာဘဲ ဆန်အိတ်တွေ အလကား လာထားမှာဆိုတော့ လေးအိတ် တော်ပါပြီ”

“ခင်ဗျာ…..”

“မ..ခင်ဗျာနဲ့ လူကလေး မောင်ပြား၊ မင်း.. နဲနဲတော့ သိတတ်!”

“ဟာ…. ကာလနာ မြွေပွေးကိုက်၊မင်း…ဘယ်နေ့က ပြန်ရောက်လဲ? ရီး ထဲမှပဲ!  အဲဒီ့လို မနောက်ပါနဲ့ကွာ၊ ဟိုတစ်ခါကလဲ မင်း ….အောင်းမေ့လို့၊ ဦးလေး ကို ငါဆဲမိတယ်! လော်ဘဲ…. မင်းတို့ သားအဖက အသံ တူ တူနိုင်လွန်း!”

“ဟီးဟီး….. ငပြား၊ ပုဇွန်ဆီ လတ်လတ် နဲ့ တောစာလေးတွေ ဆွဲခဲ့ကွာ!”

“မအေဘေး သောက်ငတ်၊ လော်ဘဲ! ရရင်ဆွဲခဲ့မယ်… မနက်ဖြန် သီးစုံပဲကုလားဟင်း နဲ့ ဆိတ်ကလီစာ ချက်ထားကွာ!”

“ငပြား…. မင်းဟာလေ…တော်တော် ခွက် ကျတဲ့ကောင်၊ ဆိုင်မှာ လိုက်ကြွေးမယ် မရှိဘူး!”

“ဟဲ…ဟဲ ဒါတော့၊ မင်းလာမှ ငါတို့ကမင်းလက်ရာ စားရတာ မောင်ရင်”

 

အဟဲ! ဒီလိုမြှောက်ပင့် စကားလုံးထဲ မောင်ကျောက် ခင်မျာ ဖခင်ကြီးကို ဈေးလွှတ်၊ ဒီ ငနာများ မြိုဖို့ ဆို့ဖို့ ပြင်ရတော့တာပေါ့! သားကိုချစ်တဲ့ မောင်ကျောက် ဖခင်ကြီးကတော့၊ ကျေကျေနပ်နပ် ပြုံးဖြီးဖြီးနဲ့ ဈေးကို အဝယ်တော်ထွက်တာ သူ့ခမျာ ပင်ပမ်းတယ်လို့ မမြင်!

 

အဲ…နောက်တနေ့၊ မနက် ၁၁နာရီ လောက်မှာ သူ့ကောင့်သား ငပြား၊ ဆန်အိတ် ၃ဝလောက်နဲ့ ပေါက်ချလာပါတယ်!

သို့ပေမဲ့ သူ့ချည်းဘဲမဟုတ်၊ တခြား ကျောင်းနေဘက် သူငယ်ချင်း တွေပါ မချလာတာ သူဆန်ချတဲ့ ပွဲရုံသူဋ္ဌေး “ပါးဖောင်း” ရော “ကား” အလကား ပေးမိတဲ့ “ငတင့်” တို့ ပါ မနေရပါဘူး။

“ပါးဖောင်း” ကလဲ ဘုရင့်နောင် ပွဲရုံတန်းထဲ ပျင်းလို့ အပြင်လစ်ချင်၊ “ငတင့်” ကလဲ သူ့မယား “လော်စပီကျယ်” ရန်က ပြေးချင် ဆိုတော့၊ “ဖိုးကျိုင်းတုပ်” ပေါ့!

အနှီ ငပြား ရဲ့ အကွက်က၊ “ပါးဖောင်း” ရဲ့ ပွဲရုံမှာ ရောင်းတန်းဆန်တွေကိုချ၊ မောင်ကျောက် အိမ်အောက်ထပ်မှာမှာ သူ့ရဲ့ “ဆန်ကောင်း” တွေကို ပုံပြီး ဒီကောင် “ဘော်ချက်” တာပါ။

 

ပြောမဲ့သာပြောရ ဒီ ငပြားကို ဆဲဆဲဆိုဆိုနဲ့၊ အလုပ်သမား မပါလာတဲ့ သူ့ဆန်အိတ်တွေကို ကိုယ်ထူကိုယ်ထ စနစ်နဲ့ ထမ်းချအပြီးမှာ၊ မောင်ကျောက်တို့ သူငယ်ချင်းတစ်စုလဲ ရေချိုး ထမင်းစားဖို့ ပြင်ပါတယ်။

 

အဟဲ…. ခုလို ထမင်းစုစားရင်တော့ အားလုံး ငပြား ရဲ့ဦးခေါင်းကို မွှေးမွှေး ပေးကြတာချည်းဘဲ! အလိုက် သိတတ်လွန်းလို့ပါ!

ဟုတ်ပါ့ဗျာ…… မောင်ကျောက် ချက်ထားသမျှ ခေါင်းမဖော်တန်း ဆွဲနေပေမဲ့ ဒီကောင့် ခရီးဆောင်အိတ် ထဲမှာ သူငယ်ချင်းတွေ အကြိုက် “ဟင်း” အားလုံးပါပါတယ်။ မောင်ကျောက် ကြိုက်တဲ့ ပုဇွန်ဆီတင်မက၊ ငါးရံ့အူ ဆီပြန်ကအစ၊ “ပါးဖောင်း” ကြိုက်တဲ့ “ငှက်သား”၊ အားလုံးကြိုက်တဲ့ “ပုဇွန်ထုပ်ကင်” “ဖားကျွတ်ကြော်” “ငရှဉ့်ခြောက်” “လယ်ကြွက် ခြောက်” အဆုံး အကုန် မမေ့ မလျှော့ ပါပါတယ်။

 

စားလို့ သောက်လို့ ပြီးရင်တော့၊ “ဂျိုးသိန်း” ဆေးပေါ့လိပ် ကိုယ်စီ နဲ့ ယနေ့ထက်တိုင် အရိုးစွဲနေတဲ့ အတိတ် မြို့ဟောင်းကို တူးဆွချင်း အစီအစဉ်ပါ၊ ဟုတ်ကဲ့….. ဘယ်တော့မှ မရိုးနိုင်တဲ့ အမိ တက္ကသိုလ်ကြီးနဲ့ လွမ်းမောစရာ ဒဂုံဆောင်ရဲ့ ကြေးနီရောင် အတိတ်နေ့ရက် များဆီကိုပါ……..

 

မောင်ကျောက် တို့ ခေတ်များဆီက၊ “ဘူမိကျောင်းတော်သား” ဖြစ်ဖို့ တယ် မလွယ်လှပါဘူး။ ဝင်ခွင့် အမှတ်က ရန်ကုန်စက်မှုတက္ကသိုလ် နောက်မှာ ကပ်လျှက်ဖြစ် သလို၊ မိုင်၂ဝ ကို ၅နာရီ အတွင်း လမ်းလျှောက်ပြရပြီး ကျန်းမာရေးအခြေအနေကိုလဲ ဆေးစစ် ရပါသေးတယ်။နံနက်စောစော ၅နာရီ မှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်း ဝင်ပေါက်ကနေ တာ စလွှတ်ပါတယ်။ ပြည်လမ်း အတိုင်း မင်္ဂလာဒုံ ဈေးနားက စစ်တပ် တိုင်းခန်းမ ရုပ်ရှင်ရုံအထိ၊ ပြီးတော့ လာရာလမ်းအတိုင်း ပြန်လျှောက်၊ တက္ကသိုလ်များဆေးရုံမှာ နံနက် ၁ဝနာရီ နောက်ဆုံးထားပြီး ပန်းဝင်ရပါတယ်။ လမ်းတလျှောက် မှာ အတန်းကြီး စီနီယာများနဲ့ ဆရာများက တချိန်လုံး စစ်နေတာမို့ ဘတ်စ်ကား၊ စက်ဘီး ခိုးစီး ဖို့ မဖြစ်နိုင် သလို ခိုး စီးတာ မိရင်လဲ ဘူမိကျောင်းတော် ဝင်ခွင့်ပြုတ်ပါတယ်။

 

အဲသည့် မောမောပမ်းပမ်း အပြန်လမ်းမှာ၊ အချိုး မကျတဲ့ မြင်ကွင်းကို တွေ့ရပါတော့တယ်။ လူစုစု နဲ့မို့ ရပ်ကြည့်လိုက်တော့၊ မောင်ဘူမိလောင်းလျာ တစ်ယောက်ဟာ ပလက်ဖောင်းပေါ် ချေပြစ်လက်ပြစ် ထိုင်ပြီး ငို နေတာပါ။ အနှီ သူ့ကောင့်သား က ပေါင်၉ဝ လောက်ပဲ ရှိမယ့် လူ့ဗလံ တရုပ်ကပြား လေးပါ၊ ဘေးနားမှာ သူ့ဖွားအေကြီးက မြေးကို အအေးတိုက်ပြီး ချော့နေပါတယ်။

“မြေးလေးရယ် ရှေ့နားဆို ရောက်တော့မှာပါ၊ သီးခံပြီး လျှောက် လိုက်ပါကွယ်၊ ငါ့မြေးက လိမ္မာပါတယ်…..ထ ထ”

“အဟီးဟီး…အခုတောင် ဒီလောက် ဒီလောက် ပင်ပမ်းတာ၊ ရှေ့ဆက် မလွယ်ဘူး……. တော်ပြီ ဒီကျောင်း၊ မတက်ဘူးဗျာ…..လမ်းလဲ မ လျှောက်တော့ဘူး….”

“မြေးရယ် အဖွားကို ချစ်ရင် ဆက် လျှောက်ပါကွယ်၊ မြေးကို ဘွဲ့ရ ပညာတတ်ကြီး ဖြစ်စေချင်လို့ပါ…..”

“အဖွားဖြစ်ချင်ရင်၊ အဖွား ဖာသာ လျှောက်၊ ပင်ပမ်းတယ်၊ မ လျှောက်ဘူး…..အီးဟီးဟီး….”

 

ပွဲက ရယ်ရပေမယ့် သိပ်ကြည့်မကောင်းလို့ မောင်ကျောက် လဲ ဝင် “ကြပ်” ပါတယ်။ လမ်းအတူ လျှောက်ဘက် ကျန်တဲ့ ကျောင်းသားတွေကို လှမ်းခေါ်ပြီး

“ဟေ့ကောင်တွေ….ဒီမှာ လာကြည့်စမ်း၊ “ဂျီပုန်း” တစ်ကောင် ငါတို့လို လမ်းမလျှောက်နိုင်လို့ ငိုနေတယ်ကွ…”

အဲသည့်မှာတင် ငနာလေးလဲ ငိုတာရပ်၊ နှပ်ချေးသုတ်၊ မောင်ကျောက် ကို ဘုကြည့် ကြည့်ပြီး လမ်းဆက်လျှောက် ပါတော့တယ်

 

အဟဲ…. ဆေးစစ်တယ်ဆိုတာ ဒီလိုပါခင်ဗျ၊ ရှိသမျှ အရှက်လဲ ကုန်ခဲ့ပြီမို့ ပြောပါရစေဦး။ မိုင်၂ဝ လျှောက်ပြီး ပြန်လာ လာခြင်း၊ နှလုံး ရောဂါရှိ မရှိ စစ်ပါတယ်။ ပြီးတော့ မျက်စေ့အရောင် မွဲ မမွဲ၊ လိပ်ခေါင်း ရောဂါ ရှိ မရှိ၊ အူ ကျ မကျ၊ ယုတ်စွအဆုံး ကာလသားရောဂါ ရှိ မရှိ “အနုလုံ ပဋိလုံ” စစ်တာဆိုတော့ ရှက်ကြော တွေလဲ ပြတ် ပေါ့ခင်ဗျာ။ ဘယ့် နဲ့ဗျာ ၃၂ကောဋ္ဌာန လှစ်ဟလို့ ပြရတဲ့ အပြင်၊ “ချောင်း” ပါဆိုးပြရသေး။ ဒီကြားထဲ မအိုသေးတဲ့ ဆရာမလေးကစစ်လို့ အလိုအလျောက် ဖြစ်လာတဲ့ ယောက်ျားမာန ကို နာ့စ်မကြီးတွေက သစ်သားပေတံနဲ့ တင်ပါးကိုရိုက်ပြီး ချီးမြှင့်ပါသေးတယ်။

 

ဟုတ်ကဲ့…. အနှီ စစ်ကြောရေးမှာလဲ ကျွန်တော့် ဇတ်လိုက်ကျော်က ၃ချက် အတီး ခံရပါတယ်။ ထုံးစံ အတိုင်း ယောက်ျားမာန က တစ်ချက်၊ လိပ်ခေါင်း စစ်တုံး လေထွက်သွားတာက နှစ်ချက် ပါ။

 

ဆေးစစ် စာရင်းထွက်ပြီး နောက်တနေ့မှာ၊ ဆေးအောင် တဲ့ ကျောင်းသားတွေကို ဘူမိဗေဒဋ္ဌာန က ကျောင်းအပ်လက်ခံပါတယ်၊ ဆေးမအောင်တဲ့ ကျောင်းသားများကတော့ တခြား မိမိ ကြိုက်နှစ်သက်ရာ မေဂျာ တွေကို ပြောင်းပေါ့ခင်ဗျာ။ အားလုံး လူလားမြောက်ပြီဆိုပြီး ကြွတက် ကြွတက် ဖြစ်နေကြတဲ့အချိန်မှာ အနှီမောင်ကျောင်းသားကတော့ သူ့ရဲ့ “အမေကြီး” နဲ့ ကျောင်းကိုလာပါတယ်၊ “အမေကြီး” ရဲ့ အလွန် ဗမာဆံတဲ့ မျက်နှာက ရဲရင့်သလောက် သူ့မြေး “ကပြား” ရဲ့ရုပ်က ဖြူဖတ်ဖြူရော် “အီကြာကွေး ရေစိမ်” ရုပ်ပါ။

 

“အမေကြီး” က ခေသူမဟုတ်၊ သူ့မြေးကို R.C 2 ဘူမိဗေဒဋ္ဌာနမှူး “ဆရာ ဦးကျော်ထင်” လက်ထဲ ကိုယ်တိုင် အပ်ပါတယ်။ အဲ…… “ဆရာ ဦးကျော်ထင်” ဆိုတာကလဲ ခေသူမဟုတ်၊ နိုင်ငံကျော် စာရေးဆရာကြီး “မောင်ထင်” ရဲ့သား၊ လူ့ဗလံလေး ဆိုပေမယ့် မောင်ကျောက် တို့လို ဘူမိကျောင်းတော်သား လူဆိုးတွေကို နိုင်အောင်အုပ်ချုပ်နိုင်တဲ့ ဝါရင့်သဘာရင့် ဆရာကြီးပါ။
“ဆရာကြီးရယ်၊ ဟောဒီက မိတဆိုး ဖတဆိုး ကျွန်မ မြေးလေးကို ဆရာကြီးလက်ထဲ အပ်ပါတယ်။ အမြင်မတော်တာတွေ့ ရင် ကြိုက်သလိုသာ ဆုံးမပါ ဆရာ၊ မကျိုးရင် မကန်းရင် တော်ပါပြီ။ ကျွန်မမြေးက အရက်မသောက်၊ ကွမ်းမစား၊ ဆေးလိပ် မသောက်၊ ဖဲမရိုက် တတ်တဲ့ လူရိုးလေးပါ”
“ဟမ်…… အမကြီး မြေးက ဒါတွေဘာမှ မတတ်ဘူးလား?”
“တကယ်ပါ ဆရာရယ်၊ ဒီခလေး လူရိုးမှန်း ကျွန်မတို့ တစ်မြို့လုံး အသိပါ”
“ဟာ အမကြီး၊ စိတ်မပူနဲ့……. စိတ်ချသာထားသွား၊ အမကြီးမြေး ကျောင်းမပြီးခင် အားလုံး တတ် သွားစေရမယ်”
“ရှင် ဆရာကြီး…….”

 

ဤကဲ့သို့သော ဗျာဒိတ်တော်နဲ့ ကျောင်းတော်ကိုစဝင်တဲ့ မောင်ကျောင်းသားဟာ၊ နေ့လည် “ဒဂုန်ဆောင်” ကိုဝင်တော့လဲ မျက်ရည်လည်ရွဲ နဲ့ပါ။ ဖွားအေကြီးက စားရေရိကာ္ခ္ခာ အစုံအလင်နဲ့ အဆောင်မှူး “ဆရာ ဦးခင်မောင်ဝင်း” ကို အပ်ခဲ့ပေမယ့်၊ ဖွားအေ အပြန် ထမိန်ဆွဲပြီး ခလေးတွေလို “တဘဲဘဲ” နဲ့အော်ငိုတဲ့ ဒီ “သတားစောင်း” ကို “အသဲငယ် ရန်ကော” ဆိုပြီး မောင်ကျောက် တို့ အုပ်စုက “မျက်စေ့ စပါးမွှေးစူး” ပါတယ်။ ဘယ့် နဲ့ဗျာ ငိုကြောက ရှည်ချက်၊ အဆောင်က သစ်သားကုတင်ကို “လွှ တုံးတုံး နဲ့ ဆွဲသလို” အသံ နဲ့လဲငို “နှပ်ချေး” ကလဲ တဗျင်းဗျင်း၊ နဲနဲမှ သဒါ္ဓစရာ မကောင်းပါဘူး။

 

နောက်တစ်နေ့တော့ အနှီလဒကြောင့် အိပ်ရေးပျက်ရတဲ့ မောင်ကျောက် တို့ကိုအားနာပြီး အပေါ်ထပ်မှာနေတဲ့ အတန်းကြီးကျောင်းသား ကိုချို တို့အုပ်စုက ညနေစောင်းမှာ သူ့ ကိုခေါ်ထုတ်သွားပါတယ်။ ဟုတ်….. လှည်းတန်း က “တောင်ကြီး” စားသောက်ဆိုင်ကိုပါ။ နောင်တော်ကြီးများရဲ့ ကျေးဇူးနဲ့ “အဋ္ဌာ ရဋ္ဌသ” ဆယ့်ရှစ်ပါးမှာ “အာ တွေ့” ကိုးပါး လောက် တတ်လာပြီ ဆိုတော့၊ ကိုယ်တော်က တော်တော် ပျော်မွှေ့လာပုံရပါတယ်။ ရီဝေတဲ့ မျက်ဝန်းတွေထဲမှာ အာဒံ နဲ့ ဧဝ ရဲ့ ပန်းသီးလဲ သူကြားက တစ်ကိုက်မြည်း လာပုံရတယ် အသံချို ပါးစပ်ကိုပိတ်လို့။

 

ဆရာကျော် ရဲ့ ဗျာဒိတ်တော်က အဟုတ်ဗျာ၊ အနယ်နယ် အရပ်ရပ် က လာတဲ့ စရိုက်ပေါင်းစုံ မောင်ဘူမိ များရဲ့ သွန်သင်မှုနဲ့ အတတ်ကောင်းတွေ တတ်လိုက်တာ အနှီ သူ့ကောင့်သားကို သင်ပေးခဲ့တဲ့ ဆရာ့ ဆရာတွေတောင် လိုက်မမှီတော့လို့ “စွယ်စုံ ဘွဲ့” ပေးရတဲ့ အထိပါဘဲ။ စာသင်ချိန် အတန်းနောက်မှာ ပိုက်ဆံပွတ်လဲသူ၊ အဆောင် ဖဲဝိုင်းဆိုလဲ သူ့အခန်း၊ အင်းယားကန်ဘောင်က အကြော်ဆိုင်မှာ ရေနွေးကြမ်းအိုးထဲ ဘီအီး ထဲ့သောက်ပြီး အဆောင်သူလေးတွေကို ရီးစားစကား လိုက်ပြောတာမှာလဲထိပ်၊ “ဆေးခြောက်” ခိုးရှူရင်လဲ သူမပါ မပြီး ဆိုတော့၊ စာမေးပွဲနီးပြီဆိုရင် ဒီကောင် အမြဲပျားတုပ်ပါတယ်။

 

စာမေးပွဲခန်းထဲ ရောက်ပြီဆိုရင် ဒီကောင် “အောက်လမ်းပညာ” သုံးပါပြီ။ သူ့နည်းက အတော်တော့ ညစ်ပတ်သဗျ၊ ခိုးချမည့် စာရွက်ကို လက်ကိုင်ပုဝါကြား ညှပ်ပြီး စာမေးပွဲခန်းစောင့်တဲ့ ဆရာ/ဆရာမ အနားလာရင် နှပ်ချေးတွင်တွင်ညှစ်တဲ့ နည်းပါ။ ဝေါ့…. ဘယ်သူက အဲဒါကြီးကို စစ်တော့မှာလဲ? ဒီလိုနဲ့ တစ်နှစ် တစ်တန်းတော့ အောင်လာပါတယ်။

 

အဲသည့်လို ဉဏ်နီ ဉဏ်နက် ဉဏ်ရောင်စုံထွက်တဲ့ အနှီ သူ့ကောင့်သားကို နောက်စေ့ပြားလို့ “ဂန္တဝင် ပြားကြီး” လို့ အတန်းဖော်များက ကန့်ကွက်မဲမရှိ နာမည်သညာ ပြုပါတယ်။ ပြားကြီး အဖွားက ဆန်စက် ပိုင်ရှင်ပါ၊ အဖေကလဲ ခေသူ မဟုတ် ရန်ကုန်မှာ ဆန်လာချရင်း၊ ပြားကြီး အမေ လသာလမ်းက တရုတ်မ စစ်စစ်ကို “မ” ပြေးတဲ့ “အောက်သား” လူလည်ပါ။ ပြားကြီး သုံးနှစ်သားမှာ “ပဲ့ထောင်” မှောက်လို့ သူ့မိဘနှစ်ပါး ဆုံးပြီး၊ ရန်ကုန်မှာ တက္ကသိုလ် လာတက်မှ သူ့ခမျာ အမေ့ ဖက်က ဆွေမျိုးတွေကို မြင်ဘူးတာပါ။

 

သူ့အမေ ဖက်က အဖိုးအဖွားအိမ်ကို ပထမဦးဆုံး အကြိမ် မောင်ကျောက်တို့ကို အဖော်ပြုပြီး သွားလည်တော့ ပေါက်ဖော်ကြီးတစ်မျိုးလုံး ပြားကြီး ကိုဖက်ပြီး ငိုလိုက်ကြတာ အိမ်နီးချင်းတွေက လူသေတယ်မှတ်လို့။ မှတ်မှတ်ရရ အပြန်မှာ “လှောက်ဝှီစိန် ယုံ တံဆိပ်” တရုတ် မုန့်တွေနဲ့ “ဝက်အူချောင်း” “ခေါက်ဆွဲကြော်” စားစရာ တပုံတပင်နဲ့ ပြားကြီးကို မုန့်ဖိုး တော်တော်များများ ထည့်ပေးပြီး ဒဂုံဆောင်ကို ပြန်လိုက်ပို့ပါတယ်။ ပြောရရင် ပြားကြီး မှာ ဆိုးတာတွေရှိပေမဲ့ အစားအသောက်နဲ့ ပတ်သက်ရင် လုံးဝ အတွန့်အတို မရှိပါဘူး၊ သူယူလာသမျှ တစ်ဆောင်လုံးကို ဝေပေးပါတယ်။

 

အဲသည့်လို နှစ်ဘက် ဘိုးဘွားကံ ကောင်းလို့ ပျက်စီးတဲ့ ပြားကြီး တောင်ငူကန်တင်းက “အရှည်ကြီး” လဖက်ရည်ဆိုင်မှာ ထိုင်ရင် ဘော်ဒါတွေ တရုန်းရုန်းနဲ့ပါ၊ “ဂန္တဝင် ပြားကြီး” ရဲ့ “ပုံပြင်” တွေကို နားထောင်ရင်းပေါ့။ အဲ…. ပြားကြီး ကို ဆရာတင် မှားမိတဲ့ “ငတင့်” ရဲ့ အဖြစ်လဲ ရှုကြပါဦး…..

 

“ငပြား လုပ်ပါဦး၊ ချစ်လေးနဲ့ နယ်ကျော်သွားပြီကွ၊ မဥ အောင် ဘယ်လိုလုပ်ရမလဲ?”
“ငတင့်၊ ဦးထုပ်ဆောင်း…. မဆောင်းချင်ရင် C-5 (တားဆေး) သောက်”
“ဘယ်လို သောက်ရတာတုံး ကွ”
“ငတုံး၊ အဲဒီဆေးကဒ် မှာ ပြထားတဲ့ မြှားအတိုင်း တစ်နေ့ တစ်လုံး မှန်မှန်သုံး ပါလေ”

 

သည်လိုနဲ့ နှစ်လခန့် အကြာ၊ “ဂန္တဝင် ပြားကြီး” ရဲ့ ဩဝါဒချွေပွဲမှာ
……………………….
……………
ပြား။ “တကယ်တော့ ဒီတားဆေးတွေဟာ ဘေးထွက်ဆိုးကျိုး ရှိတယ်ကွ၊ လူကိုလဲ ဝ စေတဲ့အပြင် ဝက်ခြံလဲ ထွက်တတ် သကွ”
တင့်။ “ဟုတ်ပါ့ကွာ၊ ငါ့ သောက်ပြီးရင် မူးနောက်နောက်နဲ့၊ ပြီးတော့ ဝက်ခြံတွေလဲ ထွက်လာ တယ်ဟ”
ပြား။ “ဟေ….. ငတင့် မင်းသောက်တာလား၊ မင်းချစ်ချစ် လော်စပီကျယ် သောက်တာလား”
တင့်။ “ဟ…… သူက ဆေးသောက်ပျင်းလို့၊ ငါဘဲ သောက်တာပေါ့၊ ဘာဖြစ်လို့လဲ?”
ပြား။ “သေလိုက်ပါတော့ကွာ…..”

 

ဒီလိုနဲ့ “ငတင့်” ခမျာ၊ ကျောင်းမပြီးခင် “ကျောင်းတော်သား ခလေး အဖေ” ဘွဲ့ ရသွားပါတယ် ခင်ဗျား။

:harr:

57 comments

  • Hnin Hnin

    October 17, 2012 at 8:15 pm

    ဘူမိသားတွေက အလျှောက်ကောင်းတဲ့သူတွေဆိုတော့ အထောင်းသက်သာမှာပေါ့နော်….
    C5 ဆိုတာ musical chord ဆိုတာပဲ သိတယ်..ခုတော့ အဲ့လိုလား…..
    ကျားC-5 တွေလည်း မကြာမီ လာမည်မျှော် လို့ ရေးနေကြတာပဲနော်….
    ရယ်သွားပါသည်…ခိခိ…

    • ဦး ကျောက်ခဲ

      October 17, 2012 at 8:23 pm

      ရယ်ဘာ ရယ်ဘာ

      သတ်ပုံမမ နဲ့တွေ့ဘီ။ ဒီက Burglish နဲ့ ရိုက်ရတာ စာလုံးပေါင်း အမှန် မရနိုင်လို့ …….
      Btw, မနှင်းနှင်း တခြား ကွန်မန့်တွေ ဖတ်ပြီး တင်းနေတာနော်……

      အသမဲ ဦးကျောက်
      :eee:

      • pooch

        October 17, 2012 at 11:30 pm

        မယုံဘူး ဦးကျောက် ဓာတ်ပုံတင်ပါ ဟီး 😆

        ှိုဦးကျောက်ရဲ့ ဘူမိကျောင်းသား ဖြတ်သန်းခဲ့ပုံ အတွေ့ကြုံလေးတွေ ရေးပါအုန်း
        ဒီလို အရေးအသားနဲ့တော့ ပါးစပ်ပိတ်ရမယ် မထင်ဘူး
        ရေးဖြစ်အောင် ရေးတင်ပါ ဦးကျောက် :mrgreen:

  • အဂ္ဂမဟာ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတရ အကယ်ဒမီ လယ်ထွန်Z

    October 17, 2012 at 8:29 pm

    C-5 တီနာစီ တူးလိုင်းစီ ခိခိ

    အားပေးသွားပါကြောင်း ဦးကျောက်ကြီး နဲ့
    နှင်းနှင်းကလေး ခညား.

  • Hnin Hnin

    October 17, 2012 at 8:30 pm

    ဪ….ဘယ်သူ့မှ မရည်ရွယ်ပါဘူး…ဦးကျောက်ကို သတိတောင်မထားမိလိုက်ဘူး..
    နီအရိုး(အင်္ဂလိပ်လိုရော၊မြန်မာလိုရော မရေးရဲတော့ဘူး..ဦးကြီးကြောင် စောင့်ကြည့်နေမှာ)
    ွှကိုပဲ ပြောတာပါ…း)…အသုံးများတဲ့ ဘလက်ကလည်း အားနာလို့ရှင့်…

    • kai

      October 18, 2012 at 12:55 am

      ယူအက်စ်က မြန်မာတွေက.. အမဲတွေကို ကပ္ပလီလို့သုံးပြောကြတယ်..။ ယေးလ်မှာ.. မြန်မာစာသင်နေတဲ့ မြန်မာဆရာကလည်း.. အဲလိုပဲပြောခိုင်းတယ်..။
      ဂျပန်အပါအဝင်.. အနောက်နိုင်ငံက.. ပုရိသတွေအများစုကတော့.. ညိုချော..မဲချော.. ညိုပြာညက် ကြိုက်လှဆိုပဲ..။

      အမေရိကန်တွေ မြန်မာပြည်အဝင်များလာရင်.. အညာသူညိုပြာညက်တွေ.. ရောင်းကုန်သွားမှာတောင် စိုးရကြောင်း.. :kwi:

  • မောင်ပေ

    October 17, 2012 at 8:49 pm

    ဦးကျောက်ရဲ ့သမိုင်းစာမျက်နှာတွေကို ဖတ်ရတာ အရသာရှိသလို ၊ ပြုံးရွှင်စရာလဲ ဖြစ်ရတယ်ဗျာ
    ဦးကျောက်တို ့ခေတ်က ဂဏန်း၄လုံးမရှိသေးဘူးဆိုတော့.. တက္ကသိုလ်ကျောင်းသားများ လှိမ့်ကဲခဲ့မှာ မြင်ယောင်မိတယ်ဗျို ့

  • padonmar

    October 17, 2012 at 8:51 pm

    ဦးကျောက်
    ဒီရက်ထဲ ဖတ်ရတာတွေ နည်းနည်းပေါ့ရွှတ်ရွှတ်နိုင်နေသလားလို့ အားမရဖြစ်နေတဲ့ထဲ သူပုန် သေနတ်ဖောက်သံကြားရလို့စိတ်ညစ်နေတာ၊
    ဦးကျောက်ရဲ့ ဘူမိကျောင်းတော်သားဖတ်လိုက်ရပြီး အားရပါးရ ရယ်လိုက်ရမှ ပေါ့ပါးသွားတော့တယ်။
    လောက်ဝှီစိန်ဆိုတဲ့ တရုတ်မုန့်ဆိုင်ကလည်း ခုထိရှိဆဲပါနော်။
    ကျမတို့ တစ်မျိုးလုံးက ကျားရောမရော ဆရာဝန် မလုပ်ရရင် ကျောက်ခဲလိုင်းယူကြတာ ဆိုတော့ ကျောင်းဝင်ရင် မိုင်၂ဝ လမ်းလျှောက်ရတဲ့ ဇာတ်လမ်းကတော့ ကောင်းကာင်း နားယဉ်ပါတယ်။
    Field ဆင်းရတဲ့ အတွေ့အကြုံလေးတွေလည်း ဦးကျောက်ရဲ့ အရေးလေးနဲ့ ဘယ်လိုများပုံဖော်မလဲ သိချင်ပါတယ်။
    ငတင့် နဲ့ C-5 ကလည်း အပြီးသတ်ရယ်မဆုံးပါ။

    • ဦး ကျောက်ခဲ

      October 17, 2012 at 9:27 pm

      မနှင်းနှင်း ၊ ဂဇတ်မင်းသား ကိုဂီ၊ ဆရာပေ၊ အမပဒုမ္မာ

      မင်္ဂလာပါ… ခင်ဗျား………..

      မနှင်းနှင်း
      ဦးကျောက် ဘယ်လိုမှ စိတ်ရင်းမရှိပါ၊ တူမကို ကြည်စယ်ရုံ သက်သက်ပါ…..
      ဒါပေမဲ့….. ဆရာကြောင်တော့ သတိထားနော်! သည်လူကြီး… မာယာ များသကွဲ့ …..

      ဂဇတ်မင်းသား ကိုဂီ
      ခင်ဗျားက “ရဲတိုက်” ပါဗျာ!
      အား….ဟိ၊ ကြုံရင် ခင်ဗျား အလုံးတွေ ယူသုံးဖို့ ခွင့်ပြုပါဗျို့!

      ဆရာပေ
      ကျေးဇူးတင်တယ် ဆရာ၊ ဦးကျောက် ဘာရေးရေး အမြဲလာဖတ်ပေးလို့!
      ဂဏန်း၄လုံး က ဦးကျောက် တို့ ခေတ်မှာလဲ ရှိပြီ ဆရာရဲ့!
      ရန်ကုန်မှာဆိုရင် ရှေ့တပတ် တွေ့ကြတာပေါ့…….

      အမပဒုမ္မာ
      သူပုန် သေနတ်ဖောက်သံတော့ စိတ်ညစ်လို့ ဝင်ကို မမန့်တော့ဘူး……..
      အမမှာ ကျောက်မျိုးကျောက်နွယ် ရှိတယ်ဆိုတော့ အမျိုးတွေပေါ့ခင်ဗျာ…… ဆွေမျိုးစပ်ရင် သိလိမ့်မယ် ထင်ပါတယ်။ ကျွန်တော့ နာမည် အရင်းက………
      Field ဆင်းရတဲ့ အတွေ့အကြုံတွေ တော့ ဖတ်ရဦးမှာပါ ခင်ဗျာ….

  • ဦးကျောက်ခဲရေ
    မန်းလေးက ကျနော်သူငယ်ချင်းမောင်ကျောက်ခဲများကတော့
    အားလုံး ဇိုးငနဲတွေချည်ဘဲဗျ.
    ကဲ မောင်မောင်ကျောက် (ခ) ဂေါ်ရဂွီများရဲ့ ဇုးိပုံပြင်တွေကိုနားဆင်ချင်ပါရဲ့ဗျာ

  • သကြားလုုံးကြော်

    October 18, 2012 at 6:01 am

    ဦးကျောက်ခဲရှင့်၊ အလွန်ဖတ်လိုု့ကောင်းပါအိ။

    ကျမအဖေက ဘုူမိကျောင်းသားစစ်စစ်။ အခုုထက်ထိ လမ်းလျှောက်ရင် ကျောင်းတုုန်းက နှုုန်းနဲ့ လျှောက်တာ။ Google Map မလိုုဘူး။ GPS မလိုုဘူး။ မာရသွန်အပြေးသမားတွေကိုုင်တဲ့ Speedometer မလိုုဘူး။ ရိုုးရိုုး နာရီပဲလိုုတယ်။ သူလျှောက်နေကျ နှုန်း ကိုုစံချိန်ထားပြီး နှုန်းကနေပြန်ပြီး ဘယ်နှစ်မိုုင်လျှောက်ပြီးပြီ ၊ဘယ်လောက်လိုုသေးလဲဆိုုတာ ပြောင်းပြန်ပြန်တွက်တာ။ သူနဲ့ Hiking သွားရင် အေးအေးဆေးဆေး ရှုုခင်းကြည့် အပန်းဖြေပြီးလမ်းလျှောက်ရမယ်မထင်နဲ့။ ညဖက်ဆိုုကြယ်တွေဘာတွေကြည့်လိုုက်သေး။

    ဒါပေမဲ့ ကျမအဖေက ရီစရာမပြောတော့ ဒီလိုုရယ်စရာဇာတ်လမ်းတွေမကြားရဘူး။ ပျော်စရာကျောင်းသားဘဝကိုုရေးထားတာ ရယ်လည်းရယ်ရတာမိုု့ မစန္ဒာရဲ့ ဂျီဟောသူ ဝတ္ထုကိုု သွားသတိရမိပါတယ်။ ဒီလိုုအရေးအသားကောင်းပုုံနဲ့ဆိုု စာအုုပ်ထုုတ်သင့်တယ်။ ဂျီဟောသူက အင်ဂျင်နီယာတွေ ဘဝကိုု inspire ဖြစ်စေတာမိုု့ ဦးကျောက်ခဲ စာတွေကိုုဖတ်ပြီး ကျောက်တုုံးကျောက်ခဲတွေ ပိုုမိုု ပွားများနိုုင်မယ်။ အခုုခေတ်မှာတော့ မပြောတတ်။
    မြန်မြန်ဆက်ရေးပါဦး။

  • MaMa

    October 18, 2012 at 7:37 am

    pen name ဘာ့ကြောင့် ဦးကျောက်ခဲဖြစ်ရတယ်ဆိုတာ အခုမှပဲ သိတော့တယ်။

    သဂျီးက ရွာသူားတွေရဲ့ pen name ယူတဲ့အကြောင်းရင်း သိချင်နေတာ။

    ဖတ်ချင်ပါသေးတယ်။

    အတွေးသွက်သွက် အရေးသွက်သွက်နဲ့ စိန်ခဲကျောက်ခဲတွေ အကြောင်းကို ဆက်ရေးပါအုံး။ :hee:

  • ကြောင်ကြီး

    October 18, 2012 at 8:33 am

    ကြောင်ကြီး ဘူမိလေထ ကျောင်းတော်သားဟောင်း တဦးပါ။ တချက်တချက်များ ဘူလိုက်ရင် ဆိုင်ကလုံးမုန်တိုင်း အရှိန်လောက်တော့ ပျင်းသေးတယ်။ ခုလိုကြုံခိုက် ဘူမိဗေဒကျောင်းတော်သားဟောင်းဂျီးကို ဂုံပြုသဝံလွှာ ကဗျာနဲ့ ဂုမ်ပြုပါဒယ်….
    ကျောက်ခဲ
    ပေါက်မဲ
    လျောက်နွှဲ
    နောက်ဆဲ
    ရောက်လည်း
    တောက်ဖဲ
    သောက်ပွဲ
    မှောက်လဲ..။

    • ဦး ကျောက်ခဲ

      October 18, 2012 at 10:01 am

      ကိုပေါက် ၊ တူမသကြားလုံးကြော် ၊ မမ ၊ ကိုကြောင်ကြီး

      မင်္ဂလာပါ… ခင်ဗျား……….

      ကိုပေါက်
      ပထမဦးဆုံး အကြိမ် ကွန်မန့် ပေးတာ ကျေးဇူးပါ ခင်ဗျာ။
      ဟုတ်ပါ့ ကိုပေါက်ရယ်၊ ကျွန်တော်တို့ “ကျောက်” တွေက အနည်းနဲ့အများ သောက်တတ်သူ ချည်းပါဘဲ
      အဲဒီလို သောက်ကြ လွန်းလို့ “အသဲ” ရောဂါနဲ့ ကြွတဲ့ သူတွေလဲ မနည်းတော့ပါဘူး…

      တူမသကြားလုံးကြော်
      “ကျောက်” အမျိုးတွေမှန်း သိရလို့ဝမ်းသာပါတယ်
      ဦးကျောက် လဲ အဲသည်လို လမ်းလျှောက်မြန်လို့ ခုထိ လက်တွဲဖော် မရှိတာ… 🙂

      မမ
      ကျေးဇူးပါ ခင်ဗျာ….
      ကျောက်တုံး။ ဘူမိကျောင်းတော်သား “ငတုံး”
      ကျောက်လုံး။ မြင်မြင်သမျှ မဒီ များကို လိုက် “လုံး” တဲ့ ဘူမိကျောင်းတော်သား
      ကျောက်ဖြုန်း။ ဖဲ မရိုက် တတ်ဘဲ ရိုက်တဲ့ ဘူမိကျောင်းတော်သား
      ကျောက်ချဉ်။ ပြည်သူ့ချဉ်ဖတ် ဘူမိကျောင်းတော်သား
      ……………..

      ကိုကြောင်ကြီး
      “ဘူမိလေထ” ရင် တက္ကသိုလ်များဆေးရုံက ဆရာမကြီးက သစ်သားပေတံ နဲ့ တင်ပါးကို ဆော်လိမ့်မယ်ဗျ
      ကြောင်မာန်ထ ရင် အနဲလေး သုံးချက် ပဲဆရာ……..

  • ကြည်ဆောင်း

    October 18, 2012 at 10:10 am

    ဘူမိ မှာ မိန်းကလေးလဲ နဲနဲတော့ခေါ်တယ်ထင်ရဲ့ …
    ခေသူတွေတော့မဟုတ်လောက်ဘူး ..
    သူတို့ဇတ်လမ်းလေးများလဲ လုပ်ပါအုန်း …
    ရယ်သောသူ အသက်ရှည်၏ တဲ့ …
    အသက်ရှည်အောင် ရယ်မောသွားရပါတယ် ..

  • ဒုတိယပိုင်းကို ဆက်လက်စောင့်မျှော်ပေးပါရန်…

    ဟီး..လေးကျောက်အစား ရေးပေးတာ…. ထပ်ရေးဦးမယ်မို့လားဟင်.. 🙄

    ဂျီပုန်းပြားကြီးက လူဇော်ပြားကြီးဖြစ်လာတာ အံ့ဩစရာပဲနော်…
    လုံမကတော့ လုံမတို့မမွေးခင်ခေတ်လောက်က အကြောင်းတွေဆိုတော့ စိတ်ဝင်တစားနဲ့ပဲ ဖတ်သွားမိပါတယ်… အနုလုံပဋိလုံ အကြောင်းလေးတွေရောပေါ့.. :mrgreen:
    ဒါနဲ့..သတ်ပုံလေးတွေ တွေ့နေမိတယ်… :kwi:

    • MaMa

      October 19, 2012 at 7:24 am

      ဒါမှ သတ်ပုံအဖွဲ့သား ကွ!
      (မွန်မွန်နဲ့ နှင်းနှင်းတို့ကို ရည်ရွယ်ပါသည်။)

      ကိုယ်တိုင်ကတော့ သူများအပြစ်ကို မြင်အောင်ကြည့်တတ်တဲ့ ဝါသနာကြောင့်……
      ဦးကျောက်တုံးရေ သည်းခံပါ။ :kwi:

  • ကြည်ဆောင်း

    October 18, 2012 at 10:13 am

    ဘူမိ မှာ မိန်းကလေးလဲ နဲနဲတော့ခေါ်တယ်ထင်ရဲ့ …
    ခေသူတွေတော့မဟုတ်လောက်ဘူး ..
    သူတို့ဇတ်လမ်းလေးများလဲ လုပ်ပါအုန်း …
    ရယ်သောသူ အသက်ရှည်၏ တဲ့ …
    အသက်ရှည်အောင်ရယ်သွားခဲ့တာမဟုတ်ဘဲ တကယ်ရယ်မောသွားခဲ့ပါတယ် ..

  • Ma Ei

    October 18, 2012 at 10:20 am


    ကျောက်တုံး။ ဘူမိကျောင်းတော်သား “ငတုံး”
    ကျောက်လုံး။ မြင်မြင်သမျှ မဒီ များကို လိုက် “လုံး” တဲ့ ဘူမိကျောင်းတော်သား
    ကျောက်ဖြုန်း။ ဖဲ မရိုက် တတ်ဘဲ ရိုက်တဲ့ ဘူမိကျောင်းတော်သား
    ကျောက်ချဉ်။ ပြည်သူ့ချဉ်ဖတ် ဘူမိကျောင်းတော်သား
    ……………..
    ဆိုတော့ကာ…
    ဦးကျောက်ခဲ အမည်ဖွင့်ဆိုချက်လေးများ …..???…
    :bar:

  • kyeemite

    October 18, 2012 at 11:06 am

    ကိုကျောက်ခဲရေ…ဖတ်လို့ကောင်းသဗျာ…ဖတ်ရင်းနဲ့
    ကိုယ်တိုင်ကျောင်းတက်ခဲ့တဲ့ လွမ်းမေါစရာအတိတ်
    ကိုလည်း ပြန်သတိရမိပါတယ်…အဲဒီအချိန်က
    တက္ကသိုလ်ကျောင်းတော်သား ဘဝလိုမျိုး
    ဒီကနေ့ ကလေးတွေခံစားစေချင်လိုက်တာဗျာ…
    ကိုကျောက်ခဲရဲ့ Field ဆင်းရတဲ့ အတွေ့အကြုံတွေ
    စောင့်ဖတ်မယ်ဗျို့……….
    ခင်တဲ့… :hee: :harr:

    • ဦး ကျောက်ခဲ

      October 18, 2012 at 12:03 pm

      တူမ ကြည်ဆောင်း ၊ လုံမလေး မွန်မွန် ၊ မအိ ၊ အကိုကြီးမိုက်

      မင်္ဂလာပါ… ခင်ဗျား……….

      တူမ ကြည်ဆောင်း
      ဟုတ်ပါတယ် တူမရေ၊ မိန်းကလေး နဲနဲတော့ ခေါ်ပါတယ်၊ ဒါပေမဲ့ အတန်းဖော် ယောက်ျားလေးတွေရဲ့ အင်အားကို ကြည့်ပြီး မေဂျာ ပြောင်း ကုန်ကြသလို
      ကျန်ခဲ့သူ မိန်းကလေး တွေကလဲ၊ ရုပ်ခံရှိ ရင် ” ခြံစည်းရိုး ထင်းခွေ ” တဲ့ ” ကျောက် ” များနဲ့ ဖူးစာ ပါကုန်ကြပါတယ်….

      လုံမလေး မွန်မွန်
      အကြောင်းသင့်ရင်တော့ ရေးရသေးတာပ
      သတ်ပုံ ကတော့ Burglish နဲ့ ရိုက်ရတာမို့ ခေတ္တ သီးခံပေးပါဦး……

      မအိ
      ကျောက်ခဲ။ နှစ်လုံးသား အေးခဲနေသော ဘူမိကျောင်းတော်သား
      အဟီး…. ဘာမှမဟုတ်ဘူး၊ လူရှိန် အောင်လို့!…..

      အကိုကြီးမိုက်
      ဟုတ်ပါ့ အကိုရာ၊ ဒီခေတ် ကလေးတွေ ခမျာ သနားဖို့ ကောင်းလိုက်တာ၊ မြို့ပြင်ထွက် ကျောင်းတက်ရတယ်လို့!
      Field ဆင်းတဲ့ အကြောင်း ရောက်ရင်တော့ ရယ်ဖို့သာ ပြင်ထား အကိုရေ့
      :harr:

    • မဟာဘဒ္ဒန္ဓဂုရုဂလုံဂလွမ်မဟာကျော်ကျောက်ခဲ

      October 18, 2012 at 1:51 pm

      ကျွန်တော်လဲ ခေတ်မှီအောင် ဘွဲ့ ပြောင်းလိုက်ပြီ!

      :harr:

  • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု အူးဘဇင်းဗိုက်

    October 18, 2012 at 12:29 pm

    အဲဒီဆေးကို တစ်ယောက်တစ်ဝက် သောက်ရင်ကော ရပါသလား ဒေါင်တာ

  • shwe pont

    October 18, 2012 at 1:01 pm

    ဦးကျောက်ရေ
    အရမ်းဖတ်လို ့ကောင်းပါတယ်။
    တယောက်တည်း ရီလိုက်ရတာ မောတောင်မောတယ်။
    ဆက်ရေးပါဦး ၊ ဖတ်ဖို ့စောင့်မျှော်နေပါတယ်။

  • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

    October 18, 2012 at 2:03 pm

    ကျမတို့ အီးမေဂျာ ဆရာမတေကတော့ ကျောင်းတက်ထဲက ဘူမိကကောင်လေးတေကို မကြိုက်ကျနဲ့နော်လို့မှာရှာပါတယ်။ ဘာပုလို့ ဂလိုပြောသလဲဆိုတော့ မိန်းကလေးများတဲ့ အီးမေဂျာနဲ့ ယောက်ကျားလေးများတဲ့ဘူမိကို အဆောင်ချင်းကပ်လျက် နေရာချထားပီး ကျောင်းတက်လို့မှ တနှစ်မပြည့်သေး အီးမေဂျာက ကောင်မလေးတေ ဘူမိနောက် ပါသွားလွန်းလို့ ခေတ်အဆက်ဆက်အခဲမကျေဖစ်နေကျပါသတဲ့။ တီချယ်အပျိုရီးတေကို ကြောက်လို့ ရှေ့မှာတော့ ဟုတ်ကဲ့ ကျပေမဲ့ နောက်တော့လဲ………… :harr:

    • ဟာဂျီ မိုဟာမက် အဗ်ဒူလာ ဟာ့ဘီးဆပ်ဥ

      October 18, 2012 at 3:16 pm

      ဟဲ့ ဟဲ့ အဲ့ဒါ သများဟုတ်ဘူးနော် အထင်တွေမှားနေမှဖြင့် :harr:

  • ဟာဂျီ မိုဟာမက် အဗ်ဒူလာ ဟာ့ဘီးဆပ်ဥ

    October 18, 2012 at 3:14 pm

    သများဒို့လည်း ဘူမိပါပဲချင့်
    ဝင်ခွင့်ဖြေဒုံးဂချိုရင် လျှောက်လိုက်ရဒါ ဖတ်ဖတ်မောနေဒါဘဲ
    field ဆင်းတုံးကဆိုရင် တောထဲတောင်ထဲမှာ မောထှာမှ လည်ချောင်းထဲကနေ ဖားအော်သံတောင်ထွက်ဒယ် ဂယ်ဘဲ။ ညပိုင်းရောက်တော့ သယ်ရင်းဒွေနဲ့ မီးပုံပွဲလုပ်ပီး မီးတောက်ယမကာလေးနဲ့ အပီပြင်ကဲခဲ့ဒါဒွေ အမှတ်ရမိသေးဒယ်တော့

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 18, 2012 at 3:18 pm

    အခုအချိန်မှာတော့ ဘူမိကလူဒွေ ရွှေပဲနော်…
    ကျောင်းအတွေ့အကြုံလေးတွေ အရမ်းဖတ်ကောင်းလို့ ဆက်ရေးပါဦးနော်… :hee:

  • နှင်းဆီ ငုံ

    October 18, 2012 at 4:42 pm

    “”ဟုတ်ကဲ့…. အနှီ စစ်ကြောရေးမှာလဲ ကျွန်တော့် ဇတ်လိုက်ကျော်က ၃ချက် အတီး ခံရပါတယ်။ ထုံးစံ အတိုင်း ယောက်ျားမာန က တစ်ချက်၊ လိပ်ခေါင်း စစ်တုံး လေထွက်သွားတာက နှစ်ချက် ပါ။”” တဲ့

    ဟဟဟ ရယ်လိုက်ရတာ မောနေတာပဲ
    အရေးအသား အရမ်းပြောင်မြောက်ပါပေတယ် ဦးကျောက်ရေ…

    • ဦး ကျောက်ခဲ

      October 18, 2012 at 6:16 pm

      အူးဘဇင်းဗိုက် ၊ ကိုအံစာ ၊ ကိုကြောင်ဝတုတ် ၊ မရွှေပုံ့ ၊ မရွှေအိ ၊ ကိုဘဲဥ ၊ Wow ၊ မနှင်းဆီငုံ

      မင်္ဂလာပါ… ခင်ဗျား……….

      အူးဘဇင်းဗိုက် ၊ ကိုအံစာ
      အဲဒီဆေးကို တစ်ယောက်တစ်ဝက် သောက်လို့မရဘူး၊ တစ်ယောက်တစ်နေ့ သောက်ရတာ……

      ကိုကြောင်ဝတုတ်
      ခင်ဗျား အဖေက ဘူမိကျောင်းတော်သား တွေရဲ့အကြောင်းကို အတွင်းသိမို့ ပေးမတက်တာ နေမှာ….
      မြင်တဲ့အတိုင်းပဲလေ…… 🙂
      ဒီပို့စ်က ခင်ဗျား အတွက်ရေးတာဆိုရင် မမှားဘူးဗျ…..

      မရွှေပုံ့
      ကျေးဇူးပါ ခင်ဗျာ….

      မရွှေအိ
      ဦးကျောက် တို့ခေတ်ကထဲက အီးမေဂျာက ပျိုပျိုမေများကို “သုတ်” နေကြကွဲ့

      ကိုဘဲဥ
      “ကျောက်” ချင်းတွေ့ရတာ ဝမ်းသာပါကြောင်း
      Field ဆင်းတုံးက “ပြဲ” လို့ “ညစ်” ခဲ့ပေမဲ့ ခုများတော့ လွမ်းလိုက်တာဗျာ….

      Wow
      တူမရေ ဖတ်ရဦးမှာပါ၊ ရယ်ဖို့ ငိုဖို့ သာပြင်ထား!

      မနှင်းဆီငုံ
      တူမရေ ကျေးဇူးပါ……
      ငပြား က ခုထိလဲ အရင် အချိုးအတိုင်းပဲ…..
      :harr:

  • ဦးဦးပါလေရာ

    October 18, 2012 at 11:43 pm

    ကောင်းလိုက်တဲ့ အရေးအသားပါကလား…
    ဘရာဗိုပါ ကိုကျောက်ခဲရေ….
    အချိန်ကိုမှန်းကြည့်တာ ၁၉၈၀-၈၆ တဝိုက်လို့ထင်ရတယ်..

  • surmi

    October 19, 2012 at 12:39 am

    အစ်ကိုဦးကျောက်ရေ
    ခုမှ ပြန်လာရတော့တယ် …။ ရွာထဲလည်း ထူးခြားနေတယ်နော
    ဦးကျောက်ဒီလောက် စာရေးကောင်းရင် …..စကားပြောလည်း ကောင်းလွန်းလို့
    နားထောင်ရတာ ငြီးမှာမဟုတ်ဘူး …။
    ငယ်ဘဝလေးတွေ ပုံဖေါ်သွားတာ ကောင်းလွန်းလို့ အတိတ်တောင်ပြန်ရောက်သွားသလိုပဲ …..။

  • ဂျူဂျူး

    October 20, 2012 at 11:51 am

    ဖတ်ရင်းနဲ့ ပါးစိပ်မပိတ်ရပါဘူး လေးကျောက်ရေ
    အဲ့တုန်းကနဲ့ ခုနဲ့ယှဉ်လိုက်ရင် ကိုယ်တွေနှစ်တွေက တက္ကသိုလ်ဘဝကို အားငယ်မိပါတယ်… 🙂

    • တြိဘုဝနာဒိတြဓမ္မရာဇ် အဂ္ဂမဟာ ဘဒ္ဒန္ဓ ဂုရု သူရာပဏ္ဍိတ ဦးကျောက်ခဲ

      October 20, 2012 at 7:26 pm

      ဒေါ်မမ ၊ အကိုပါ ၊ အကိုဆာမိ ၊ တူမ ဂျူဂျူး

      မင်္ဂလာပါ… ခင်ဗျား……….

      ဒေါ်မမ
      သတ်ပုံတွေ မှန်ချင်ပါတယ် ခင်ဗျာ…..
      စိတ်သွားတိုင်း ကိုယ်မပါမို့၊ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းလေး ချီးမြှင့်ပါလားလို့!….. 😀

      အကိုပါ
      ကျေးဇူးပါ…..ခင်ဗျာ
      ဒီတစ်ခါတော့ အသက် “ချို” လိုက်ဦးမယ်….
      လူချင်း တွေ့ရင် မေးပါဗျာ…….

      အကိုဆာမိ
      ပြန်ရောက် ပြီလား?
      အပြင် မှာ ဆုံချင်ပါသေးတယ်……

      တူမ ဂျူဂျူး
      ရယ်ရတယ်ဆိုလို့ ဝမ်းသာပါ့ တူမရယ်!
      ဦးတို့က ရန်ကုန်တက္ကသိုလ် နှောင်းရက် တွေက ကျောင်းသား ဖြစ်ခဲ့တာပါ……..

      • surmi

        October 21, 2012 at 12:58 am

        အစ်ကို ရန်ကုန်ပြန်ရောက်ရင်ပြောလေ
        ကျနော်ဆက်သွယ်ပြီးလာခဲ့ပါ ့မယ် ….။
        ရောက်ဖို ့တော ့ဝေးသေးတယ်ထင်တယ် …။

        • ဦး ကျောက်ခဲ

          October 21, 2012 at 5:33 am

          အကိုဆာမိ

          မင်္ဂလာပါ… ခင်ဗျား……….

          ကျွန်တော် မောင်ကျောက် ရွှေပြည် ကြီးကို နောက် ၂ရက် နေရင် ရောက်ပါ့မယ် ခင်ဗျား!
          ရောက် ရောက်ချင်း၊ ဆက်သွယ်လိုက်ပါ့မယ် ခင်ဗျာ! ….

  • MaMa

    October 21, 2012 at 4:29 pm

    ကျောက်မြှုံးမှာလည်း မဒီလေးတွေ ဘယ်နှစ်ယောက်လောက်များ မိလာသေးသလဲ ဆိုတာလည်း ဖော်ကောင်လုပ်အုံးနော် :harr:
    သတ်ပုံကျမ်းက သဂျီးရဲ့Do & Don’t Rules နံပါတ် ၃ မှာ စာလုံးပေါင်းစစ်ရန်ဆိုပြီး လင့်ခ် ပေးထားတယ်။
    အောက်မှာလင့်ခ်ကို ကူးပေးလိုက်ပါတယ်။
    http://myanmarwords.pikay.org/

    • ဦး ကျောက်ခဲ

      October 21, 2012 at 7:35 pm

      အန်တီ မမ ရယ်

      တရေးနိုး (အိပ်နေတာ တစ်နေ့လုံး) ဖတ်မိပြီး ရယ်မဆုံးပါ…….
      အရွယ်တော်လဲ လွန်ခဲ့ပြီမို့ ဟောဒီက ကျောက်မြှုံး မှာ ငါးမမိတာ အတော်ကြာပေါ့………..
      ကျောက် “တုံး” တော့ မလုပ်ပါ
      နဲ့ ဂျာ!
      :harr:

  • uncle gyi

    October 21, 2012 at 11:14 pm

    ကိုကျောက်တို့သာလမ်းကိုခြေတိုအောင်လျှောက်ရတာ
    ရှက်ကြောပြတ်အောင်ဆေးစစ်ရတာ
    ကျွန်တော့်သူငယ်ချင်းတယောက်တော့
    လမ်မလျှောက်ဆေးမစစ်ပဲကျောင်းပြီးသွားတယ်ပြောရင်ယုံမလား

  • Mr. MarGa

    November 9, 2012 at 8:07 pm

    ရှေ့က နောင်တော်ကြီးများရဲ့ တက္ကသိုလ်ပို့စ်တွေကိုဖတ်ရလေ
    အစိုးရကို ဒေါပွလေပါပဲ
    ဦးမာဃတ်ို့အလှည့်ကျ တက္ကသိုလ်ကျောင်းသားဘဝက ဟိုက်စကူးလောက်သာသာပဲ ရှိတော့တယ်
    စကားမစပ် UCSM နဲ့ UCSY က ကျောင်းသားဟောင်းကြီးများ ရွာထဲမှာရှိရင် အတွေ့အကြုံလေးများ တင်ပေးကြပါလား လို့
    :bar:

    • အရီးခင်လတ်

      November 9, 2012 at 8:37 pm

      ဂယ်လား????
      အဲဒီမှာ တက္ကသိုလ်မဖြစ်ခင်က Part Time ကျောင်းသူရှင့်။
      ဖိုးသိကြား က အဲဒီ ကျောင်းထွက်လား။
      ဒါဆို မင်းရဲ့ ဆရာငယ် တစ်ချို့ က … 😉

  • Crystalline

    April 3, 2014 at 4:20 pm

    ဒီပိုစ့်ပိုင်ရှင်ရယ်.. ပထမဇုံးကွန်မင့်ပေးတဲ့တစ်ယောက်ရယ်ကလေ… ဟိုဖေ့ဘွတ်ပေါ်မယ်… အစားတွေနဲ့နှိပ်စက်တဲ့နှစ်ယောက်လားဟင်.. မသိလို့ပါ.. :kwi:

    • ကေဇီ

      April 3, 2014 at 7:27 pm

      တူမကြီးးး ဆိုုပဲ
      :kwi:

    • ဦးကျောက်ခဲ

      April 4, 2014 at 9:45 am

      ဟီ ဟိ… ဟိုး လွန်ခဲ့တဲ့ ၂နှစ်ကတော့… တူမနှင်းနှင်းပေါ့…
      အခုတော့ ချစ်ဇနီးနှင်းနှင်းဖြစ်သွားပြီ…
      ရှက်လည်းရှက်ပါရဲ့ကွယ်… ရှက်လည်းမရှက်တော့ပါဘူးကွယ်…
      :s:

  • padonmar

    April 3, 2014 at 8:44 pm

    မယ်ခွစ်နဲ့ မယ်ဆွိနှလုံးသားမြို့တော်ဟောင်းတူးဖော်တာ တယ်တော်ပါလား။

    • ဦးကျောက်ခဲ

      April 4, 2014 at 9:48 am

      အာတီဒုံတူမတွေ… ကျောက်စ်ကို အရှက်ရအောင်လုပ်နေတယ်…
      ပြောမည့်သာပြောရ… ဂဇက်မှာအလည်ကောင်းလို့ အိမ်ထောင်ကျ… ဟိ
      😀

  • nozomi

    April 4, 2014 at 1:20 pm

    ဘူမိကျောင်းသားတွေရဲ့ အရည်အချင်း တစ်ခြားဟာတော့ မသိပေမဲ့
    လမ်းလျှောက်တော့ အတော်မြန်ကြောင်းပါ

    • ကေဇီ

      April 4, 2014 at 4:30 pm

      ဘူမိ ကျောင်းသား လမ်းလျှောက်မြန်ချက်များ စလုံးမှာ
      သူနောက် မနည်းလိုက်ရတယ်။
      ဟောဟဲ။ ဟဲဟောနဲ့။

      😀

    • ဦးကျောက်ခဲ

      April 7, 2014 at 10:39 am

      မိတ်ဆွေများက လမ်းလျှောက်မြန်တယ်ဆိုလို့ ဆောဒီးပါ…
      တကယ်က ဘဝအဖော်မွန်လည်းမရှိခဲ့တာမို့ အကျင့်ပါသွားလို့ပါ…
      အခုတော့ လမ်းလျှောက်မြန်သွားရင် ဆိတ်ဆွဲခံရတယ် ခင်ဗျ… အားဟိ
      😀

  • ကျော်စွာခေါင်

    April 5, 2014 at 1:19 am

    ကိုကျောက်စ်
    ဖတ်လို ့ကောင်းမှကောင်း…စာက သွက်နေတာဘဲ ဖတ်မဝဘူး..
    ထပ်ပြီး ဆက်ရေးပါဦးဗျာ..။
    စကားမစပ် တူမလေးဆိုတာလဲ မျက်စေ့လည်..နောက် ..ဟို ဘွဲ ့တွေ တသီတတန်းကြီးနဲ ့ ဘာတွေ ဖြစ်နေကြတာလဲ ဟင်…
    သေနတ်ဖောက်တာလဲ ပါတယ်..
    စာတွေ တော့ မြန်မြန်ဆက်ပါဗျာ

    • ဦးကျောက်ခဲ

      April 7, 2014 at 10:44 am

      အဟီး… မောင်ကျောက်စ်ရဲ့ ရွာထဲကဖူးစာကို စာဖွဲ့မှ အကိုကြီးသဘောပေါက်တော့မယ်….
      က ပြချင်ပါသော်လည်း ကျန်းမာရေးက မကောင်း ၊ ကျန်းမာရေးက ကောင်းပြန်သော်လည်း….
      😀

  • TNA

    April 5, 2014 at 4:44 pm

    တူမလေး တူမလေးနဲ့ တူမပြေးတွားပါကောလား။ :mrgreen:

    • ဦးကျောက်ခဲ

      April 7, 2014 at 10:50 am

      ကျောက်စ်က မ မပြေးပါဘူး… ဇော်ဝင်းရှိန် သီချင်းလို တောင်းယူတာပါ…
      ဘာတဲ့ “အန်တီရယ် ဦးအန်ကယ်… ဦး သမီးနဲ့ အနော့မှာ သိပ်ချစ်နေကြတယ်….” ဟိ
      :s:

Leave a Reply