Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိန်းမ….. ယူကြဦးမလား….

 

 

 

 

 

 

 

 

 

 

 

 

 

လာပါဦး ……..

 

အဲလေ… ယောင်လို့ ……

ဟိုဒင်း… စိတ်မရှိကြပါနဲ့ ဗျာတို့ ….

ကျုပ်က အကြော်စုံလို ဗန်းထဲထည့်ရောင်းနေတာမဟုတ်ရပါဘူး…..

ကွက်ရှင်ထုတ်နေတာပါ….

မေးကြည့်နေတာပါ…..

ဘယ်သူ့ကိုမေးတာလဲ…ဟုတ်လား?

ဘယ်သူရှိရမလဲဗျာ… ယောက်ျားလေးတွေကိုပေါ့…..

မြန်မာပြည်က ယောက်ျားလေးတွေကိုပေါ့….

ဘာဖြစ်လို့လဲဆိုတော့  ကျုပ်လဲ အခုလို အဖိုးကြီးမဖြစ်ခင်က ယောက်ျားကြီးဖြစ်ဖူးပါတယ်..

အဲသည် ယောက်ျားကြီးမဖြစ်ခင်ကလဲ ယောက်ျားလေး ဖြစ်ဖူးလို့

အခုလိုဝါကျွတ်ချိန်နီးလာတိုင်း သူတကာက မထိတထိ ကလိတိတိမေးကြတာလေးတွေကို

မချိသွားဖြဲနဲ့ ဆင်ဝှေ့ရန်ရှောင်ဖြေရင်း လူပျိုကြီးဘဝနဲ့ ဆယ်ဝါကျော်အောင်ဆိုခဲ့ရဖူးပါတယ်။

အဲတော့ ကိုယ်ချင်းစာတယ်ပေါ့….။

ဒါတောင်စကားအဖြစ်ပြောရတာ…

ကိုယ်ချင်းစာတယ်ဆိုရအောင် ကိုယ့်အခြေအနေထက်ဆိုးတာ

(တနည်း)ကိုယ်နားလည်နိုင်ဘို့မသေချာလောက်အောင် အခြေအနေဆိုးတာတွေက တပုံကြီးရယ်….။

ရှေးတုန်းကဟာတွေတော့ ထားလိုက်တော့..

အခုလက်ငင်းအခြေအနေကိုပဲ ကြည့်ကြစို့…။

မြန်မာပြည်ရဲ့ ၁၆-၄ဝ ကြား လူငယ်ယောက်ျားအများစုဟာ ဘာ “သား” တွေဆိုတာ အများသိကြပါတယ်။

ရန်ကုန်မြို့၊ မန္တလေး မြို့ပေါ်မြို့လည်တွေကို မကြည့်ကြပါနဲ့…

ဘိုကျောင်း၊ ဘိုကြက်ချေးကျောင်း၊ လသာ ဒဂုံ ကမာရွတ် အထက်တန်းကျောင်းသားတွေကို မကြည့်ကြပါနဲ့…

ကွန်ပျူတာ၊ အိုင်တီ၊ မားကက်တင်း၊ မဲန်းနေ့ချ်မင့်၊ စီးပွားရေး လောကက လူငယ်လူရွယ် လက်တဆုပ်ကို မကြည့်ကြပါနဲ့….

အဲလို မြင်သာတဲ့ လူငယ်လူရွယ်တွေအရေအတွက်က ရေပေါ်ပေါ်နေတဲ့ ရေခဲတုံးရဲ့အစိတ်အပိုင်းလို နဲနဲမှ နဲနဲလေးရယ်…

တကယ့် မြန်မာနိုင်ငံသားလူငယ်လူရွယ်အများစုက အဲလို မမြင်သာဘူး၊ မမြင်ရဘူး…

သူတို့ဟာ လူနေမှု့အဆင့်အတန်းဆိုတဲ့ ရေမျက်နှာပြင်အောက်မှာ နစ်မြုတ်ပုန်းလျှိုးနေတဲ့

ဆင်းရဲသား လူငယ်လူရွယ်တွေပဲဖြစ်ပါတယ်။

သူတို့ ဘာလုပ်နေကြသလဲ?

16-22  စာသင်နေကြတယ်၊ ဒါမှမဟုတ် ကျောင်းထွက်ပြီး ယောင်နေကြတယ်။ 15%-20% ကတော့ ပြည်ပမှာ အောက်ခြေအလုပ်တွေလုပ်နေကြတယ်။

22-30 အနည်းစုက အလုပ်ဝင်တယ်။ မိဘလက်ငုတ်လက်ရင်းလုပ်သူလုပ်တယ်။ ပညာဆက်သင်တယ်။ အများစုက အလုပ်မယ်မယ်ရရမရှိဘူး၊ ယောင်နေတယ်။ အလုပ်တခုခုကို နဲနဲဝင်လုပ်လိုက် ရပ်လိုက်နဲ့ ဖြစ်နေတယ်။ 20% အထက်က ပြည်ပမှာ အောက်ခြေအလုပ်တွေလုပ်နေတယ်။

30-35 အဲဒီအရွယ်ရဲ့ လေးပုံတစ်ပုံလောက်က အခြေတကျဖြစ်လာပြီ၊ ကျန်တဲ့လေးပုံတစ်ပုံကလဲ ဘဝမှာ တနည်းနည်းနဲ့ရပ်တည်နိုင်စပြုလာပြီ၊ ဒါပေမယ့် ဘယ်လိုမှမဖြစ်သင့်တဲ့ အချိုးအစားဖြစ်တဲ့ ကျန် 50% ဟာ ယောင်လည်လည်ဖြစ်နေဆဲပဲ..။

35-40 အဲဒီအရွယ်ရဲ့ ဆယ်ပုံတစ်ပုံအောက်အရေအတွက်ဟာ ဘဝမှာ အောင်မြင်မှု့ရလာပြီ။  ကာရာအိုကေ၊ အနှိပ်ခန်းတွေရဲ့ ဖေါက်သည်တွေဖြစ်လာပြီ။ မြို့ရွာရပ်ကွက်တွေမှာလဲ လူမှု့လှုပ်ရှားမှု့တွေမှာ ဦးဆောင်လာပြီ။ ဆယ်ပုံသုံးပုံလောက်ဟာလဲ အခြေတကျဖြစ်လာပြီ။

အင်း … ကျန်တဲ့ 60%ကတော့ ဆင်းရဲတာကို ကျင့်သားရသွားပြီ…..။

ကျုပ်ပြောချင်တာက.. ကျုပ်တို့နိုင်ငံသားလူငယ်လူရွယ်အမျိုးသားတွေ 16-40 မှာ အိမ်ထောင်ပြုဖို့ အိမ်ထောင်ကိုဦးဆောင်ဖို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ အဆင်သင့်ဖြစ်မယ့်အရွယ်ဟာ နောက်ကျလွန်းတယ်…။

အဆင်သင့်ဖြစ်မယ့် အရေအတွက်ကလဲ နည်းလွန်းတယ်။

ဒါကြောင့် …

ကျုပ်တို့နိုင်ငံသားလူငယ်လူရွယ်အမျိုးသားတွေ 16-40 ကို “မိန်းမယူချင်လား” လို့မေးရင်တော့ လိမ်ပြောမှာဖြစ်ပေမယ့်..

“မိန်းမအခုယူမလား” လို့မေးရင်တော့ မျက်ကလူးဆန်ပျာ ခေါင်းတခါခါနဲ့ ငြင်းကြရပါလိမ့်မယ်။

တကယ်တော့ ကိုယ့်ကိုယ်ကိုတောင် တာဝန်မယူနိုင်တဲ့အနေအထားမှာ

အခြား ဘယ်လိုဝန်ထုပ်ဝန်ပိုးကိုမှလဲ တာဝန်မယူချင်တော့တာ သဘာဝကျပါတယ်။

 

နောက်တကြောင်းကတော့ အိမ်ထောင်တခုထူထောင်နိုင်တဲ့အင်အားရှိတယ်ထား….

အဲလိုလူမျိုးကျတော့လဲ အိမ်ထောင်တခု အတည်တကျထူထောင်ချင်စိတ် ဘယ်ရှိပါ့မလဲ…။

သူ့လိုလူမျိုးက ရှားတာကိုး၊ လူနည်းစုကိုး။

ရှားတဲ့ပစ္စည်းဆိုတာ လူကြိုက်များတာပေါ့…

လူကြိုက်များတဲ့ဘဝက နေ  လူတယောက်ထဲကြိုက်တော့မယ့်ဘဝကို

တော်ရုံမိုက်မဲမှု့မျိုးနဲ့ ဘယ်ခုန်ဆင်းပါ့မလဲ…..

 

ဒီအထဲ ကြားညှပ်ပြီး ငတ်သွားရတဲ့လူတမျိုးလဲရှိသေး..

သူတို့ကတော့ ဘဝမှာလဲ ထမင်းဝအောင်စားနိုင်တယ်။ ပညာလဲအသင့်အတင့်၊ ရုပ်ရည်လဲ သန့်သန့်ပြန့်ပြန့်။ စာရိတ္တလဲကောင်း၊ အိန္ဒြေလဲရ၊ လူကြီးလူကောင်းပုံဖမ်း၊ အေးအေးချမ်းချမ်းနေ….။ အဲလိုလူမျိုးကျတော့ “ဟင်…ပျင်းစရာကြီး….” ဆိုပြီး ဘယ်မိန်းကလေးမှ နှစ်ခါပြန်မကြည့်တာနဲ့ပဲ အရွယ်လွန်သွားတတ်သေးတယ်။

 

အဲလို အမြီးနှုတ် ခေါင်းနှုတ်နဲ့တွက်ရရင်  မိန်းမတယောက်ကို တင့်တောင်းတင့်တယ် လက်ထပ်ယူဖြစ်ဖို့ဆိုတာ……………..

 

 

ဦးဦးပါလေရာ

 

PS- ဒီပိုစ့်ဟာ မဝင်းပြုံးမြင့်ရဲ့ (မိန်းမသားဘဝ https://myanmargazette.net/151934/ ) ပိုစ့်ကိုဖတ်မိလို့ အတွေးဆင့်ပွားရခြင်းဖြစ်ပါကြောင်း

 

 

 

55 comments

  • ကြောင်ကြီး

    October 13, 2012 at 11:28 am

    မိန်းမတွေများ ပေါလွန်လွန်းလို့ ခါထုတ်နေရတယ်။ ကိုယ်ပေါ်က ကြောင်သန်းလောက်တောင် တန်ဖိုးမထားလို့ သိမ်းမထားတာသာ ကြည့်တော့ပါပါရေ..။ (မှတ်ချက်။ ကိုယ့်အဖေအရွယ်မို့ ရိုသေမြတ်နိူးစွာ ချစ်စနိုးခေါ်ပါသည်။ အခြားမည်သည့် စိတ်ကူးမရှိပါကြောင်း၊ သို့သော် စိတ်ကောင်းဝင်နေ၍ သဘောတူပါက တကယ်ခေါ်မည်ဖြစ်ပါကြောင်း) :harr:

    • ဦးဦးပါလေရာ

      October 14, 2012 at 12:42 am

      လက်ကျန်တော့ မရှိတော့ဘူး တူမောင်ကြောင်ကြီးရေ…
      ပါပါခေါ်ချင်ရင်တော့ ဖြိုးလိုသမီးလေးတယောက်မွေးစားလိုက်ပါ့မယ်…
      :kwi:

  • KyawThein

    October 13, 2012 at 11:33 am

    အထက်မှာပြောခဲ ့တဲ့ ယောင်လည်လည် ဆိုတဲ့ရာခိုင်နှုံးတစ်ဝက်လောက်က လောင်းကစားသမာတွေ
    ဖြစ်နေပြန်သေးတယ်။နှစ်လုံးထီကော်မရှင်နဲ ့ရောင်းမယ် ။တစ်ချို ့က မောင်းဒိုင်လုပ်မယ် တစ်နည်းနည်း
    သောလောင်းကစားတွေနဲ ့ ရေတိုအားဖြင် ့ငွေရှာကြပါတယ် ။

    • ဦးဦးပါလေရာ

      October 14, 2012 at 12:46 am

      နယ်မြို့လေးတွေသွားကြည့်ရင် ပိုသိသာတယ်ဗျာ
      လူငယ် လူရွယ်တွေ လျှောက်ကြည့်ရင် အများစုက ဘာမှ မယ်မယ်ရရကို မရှိကြဘူး…
      တခြားရှု့ဒေါင့်ထက်ကို သင့်လျှော်တဲ့အိမ်ထောင်ရှင်တွေ မဖြစ်နိုင်ကြတာလဲ တိုင်းပြည်ရဲ့ပြဿနာတခုပဲ…

  • စိန်ဗိုက်ဗိုက်

    October 13, 2012 at 11:37 am

    ဘိုးမှ ဖြစ်နိုင်ဘူး.ဘိုးမှ ဖြစ်နိုင်ဘူး..
    အဲတော့
    မိန်းမမယူတော့ဘူး
    ယောက်ကြားပဲ ယူတော့မယ်..
    ဗျစ်စ်..

    • ဦးဦးပါလေရာ

      October 14, 2012 at 12:48 am

      ဖြစ်နိုင်တဲ့နည်းလမ်းရှိသပေါ့စိန်ဗိုက်ရယ်…
      ကိုယ့်ဇနီးလောင်းကို ကိုယ့်ကိုအစစ တာဝန်ယူပါ့မယ်လို့ ကတိအထပ်ထပ်တောင်းပြီးမှလက်ထပ်
      :harr:

  • etone

    October 13, 2012 at 11:47 am

    ဦးဦးရေ … ဖတ်ရုံပဲ ဖတ်သွားပါတယ် .. ညကျမှ တခေါက်ပြန်လာပါဦးမယ် …. ။ 🙂

    • ဦးဦးပါလေရာ

      October 14, 2012 at 1:33 am

      ဟဲ့..
      ဖတ်ရုံဖတ်လို့ဘယ်ဖြစ်မလဲ…
      မြန်မြန်အကောင်အထည်ဖေါ်လေ….
      ဦးပါတို့အဖိုးကြီးတွေ သွားနိုင်လာနိုင်တုန်း မင်္ဂလာပွဲလေးတက်ရအောင်…. 😛

  • လယ်ထွန်Z

    October 13, 2012 at 12:05 pm

    သီလရှင်ဝတ်သွားလို့ပေါ့ဗျာ. နို့မို့. ခေါင်းလေးသာ ငြိမ့်လိုက်
    ချက်ခြင်းကောက်ကတ်ယူပီးသားဗျဲ

    အော်. ဂလိုနဲ့ နာမည်ကြီးမင်းသမီးဒေ လင်ယူတိုင်း
    ပေါက်ကွဲပြလိုက်ရတာများ. လူလည်း သောက်ပေါရီး ကို ဖစ်လို့.
    အချိန်တန်တော့လည်း. မီးမှောင်မှောင်ဖွင့်ဝင်ရတုန်း

    ပြောရင်းပြောရင်း. ချဉ်ချဉ်လာဒယ်

    ကိုယ်နဲ့အမျိုးတစက်မှ မတော်ဘဲ တနေ့တခြား အိုမင်းယိုယွင်းလာမယ့်
    အိပ်ထိယ ဂျီးကို. မသေမချင်း လုပ်ကျွေးရမှာ. မနိပ်ထှာ.

    မိဘပဲ လုပ်ကျွေးတာ အေးပါတယ်လေ.
    လူလည်းကြည်ညို. ကုသိုလ်လည်းရ. အလဲ့
    မိဘသေရင် (ညီအစ်ကို ၂ယောက်မို့)
    တဝက်ရမှာလည်း သေခြာ

    သည့်ထက်ကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှု. ရှိသေးလေလိမ့်လားဂျာ.

    မိန်းမဆိုတာ ယူရတာမဟုတ်. ပေးရတာချည်းးးး
    တွေးမိတိုင်း အသည်းနာဇယာ.
    ကိုယ့်မှာသာ သန်းနဲ့ချီပေးဆပ်ရတာ.
    သူရို့ကျ တလနေမှ တဥ ကျတာ.
    အဲ့ဥ အကောင်ပေါက်အုံးတော့.
    ကိုယ်ပဲ တသက်လုံးရုန်းရမှာ.

    မနိပ်ဝူး. မနိပ်ဝူးးး
    မိန်းမယူတဲ့ဇရိတ်က. ဖိုတိုစတူရီယို ခပ်လတ်လတ် ထောင်လို့ရတဲ့
    ဈေးလောက်မြောက်တယ်. ဟိုဟာကထမင်းအိုးတည်တာ
    ဒီဟာက ကိုယ်တိုင် ထမင်းအိုးအဖြစ်ခံရမှာ
    ဟီဟိ
    ရည်းစားပဲ မသေမချင်း တယောက်ပီးတယောက် ထားပါတော့မယ်ကွယ်

    ပုံ
    ခင်တဲ့
    နှူးဘာဂျုပ်

    • ဦးဦးပါလေရာ

      October 14, 2012 at 12:51 am

      အဲဒါ အစကတည်းက ကံဖယ်တယ်ခေါ်တယ် မောင်ဂီရဲ့…

      အခုတော့ အမြင်မှန်ရသွားပြီပေါ့…… 😛

  • မောင်ပေ

    October 13, 2012 at 12:29 pm

    နောင်ကိစ္စနောင်ရှင်း
    လက်တစ်လော မိန်းမတစ်ယောက်လောက်တော့ ယူချင်မိသား
    ဟီဟိ

    • ဟေ့လူဂျီး …
      မဒမ်ပေ က ကျုပ်ကို မှာလိုက်တယ် …
      နားရွက်ဆွဲပြီး ခေါ်ခဲ့ဆိုပဲ .. ငှဲ .. ငှဲ ..
      :kwi:

    • ဦးဦးပါလေရာ

      October 14, 2012 at 1:37 am

      စိတ်ကူးပေါ်ရင် မြန်မြန်ကြိတ်ထားကိုပေ…
      မိန်းမယူတာ တနှစ်စောလေ- ကိုယ့်ကလေးကျောင်းတက်မှာ တနှစ်စောလေ လို့တွက် 😀

  • aanyar thar

    October 13, 2012 at 12:43 pm

    စပါးနဲ့မယား…ပိုတယ်မရှိ့…

  • အိုးမွေးကထဲက ဘာမှ ပါလာတာမှမဟုတ်တာ။
    မိန်းမတစ်ယောက်ယူလိုက်လို့ ဘာမှ သိပ်ထူးပြီးဆင်းရဲသွားမှမဟုတ်လောက်ပါဘူး။
    လိုချင်တယ်ဆိုရင် စိတ်အဆင်းရဲမခံနဲ့ယူသာယူလိုက်

    • ဦးဦးပါလေရာ

      October 14, 2012 at 12:54 am

      လူနှစ်ယောက်အိမ်ထောင်ပြုပေါင်းဖက်တဲ့အခါ
      နှစ်ယောက်လုံးက အလုပ်လုပ်ရင်ဖြစ်ဖြစ်
      တစ်ယောက်က နှစ်ယောက်စာရှာနိုင်ရင်ဖြစ်ဖြစ်
      အဆင်ပြေနိုင်ပါတယ် ကိုပေါက်ရေ… 🙂

  • ကိုခင်ခ

    October 13, 2012 at 1:26 pm

    ယူပြီးသားလည်း ပြန်မအမ်းလို၊
    နောက်ထပ်လည်း ယူဖို့အစီအစဉ်မရှိ။
    သူများယူရန်လည်း မတိုက်တွန်း၊
    မယူပါနဲ့လိုလည်း မဆိုလို။
    ဒါပေမယ့် ဖိတ်စာရောက်ရင်တော့
    ဂုဏ်ပြုလက်ဆောင် ပေးမိနေစဲ၊
    ခင်ခ ပါဘဲ ဦးပါရေ။

    • ဦးဦးပါလေရာ

      October 14, 2012 at 1:06 am

      ကျွန်တော်ကတော့
      အဆင်ပြေလောက်တယ်ထင်ရတဲ့စုံတွဲတွေဆို
      ယူဖြစ်ဖို့ အားပေး မြှောက်ပေးမိတယ်..
      တကယ်တော့ အဆင်ပြေလောက်တဲ့စုံတွဲဆိုတာကလဲ သိပ်မများလှဘူး….

  • pooch

    October 13, 2012 at 2:24 pm

    သူငယ်ချင်း status ကနေ ယူထားတာ :mrgreen:

    When you’re single, people ask about girlfriend / boyfriend.

    When you have a fiance / fiancee , they ask about wedding?

    When you get married, they ask when will you have baby?

    When you already have one, they ask when is little brother or sister coming?

    When you get divorced, they ask why?

    If you move on, they ask why so quickly?

    People will never stop asking, if you’re proud of who you are and you don’t care about what people think about you,

    Paste it on your wall because it’s your life and you should decide

    how to LIVE YOUR LIFE THE WAY YOU ♥ 😆

  • ဆူး

    October 13, 2012 at 4:22 pm

    အိမ်ထောင်ပြုတယ် ဆိုတာ.. ယောကျားကော မိန်းမကော နှစ်ယောက်လုံးက ပညာတွေ အသင့်အတင့် တတ်လာတဲ့အခါ.. သချင်္ာ ဂဏန်း ကို ကောင်းကောင်း မွန်မွန် ပေါင်းနိုင် နှုတ်နိုင်လာတဲ့ အခါ အတွက်အချက်တွေ ပိုစဉ်းစားပြီး ပိုဝေးသွားတယ်လို့ ခံစားကြရလိမ့်မယ်။
    စဉ်းစားရင်း တွေးရင်း မေးခွန်းလေးတွေ ပေါ်လာဆိုပြီး စိတ်ကူးထဲက မေးခွန်းတွေကို အဖြေရအောင် ညှိနေတာနဲ့ ခံစားချက်တွေ မှေးမှိန်ပြီး လူပျိုကြီး အပျိုကြီးတွေ များသထက် များလာပါကောတဲ့ကွယ်..
    တချို့ကိစ္စတွေက မစဉ်းစားပဲ လုပ်လိုက်တာမှ အချိန်တန် နဖူးတွေ့ ဒူးတွေ့ မဖြစ်မနေ ဖြေရှင်းရတော့လည်း သူ့သာသူ ဖြစ်သွားလိမ့်မယ်လို့ ထင်တာပဲ..

    တပည့်တယောက် ရှိတယ်.. လက်မြန်ခြေမြန်နဲ့ ခိုးရာလိုက်သွားတာ.. ယူပြီး မကြာဘူး ကလေးတောင် ရလို့ အခု ကလေးက သူငယ်တန်းတောင် တက်ရတော့မယ်။ တခါတလေ စဉ်းစားတယ်.. ကိုယ်လောက် မရှိတဲ့ လူတောင် ကိုယ်ထက် သတ္တိကောင်းလို့ သူ့ဟာသူ အဆင်ပြေနေတယ်လို့ တွေးတွေးမိတယ်။

    • ဦးဦးပါလေရာ

      October 14, 2012 at 1:13 am

      အချိန်ကောင်းမှာ အိမ်ထောင်ကျရင်လဲ ဆိုင်ရာအကျိုးတွေရသလို-
      ကောင်းကောင်းအချိန်ယူပြင်ဆင်ပြီးမှ အိမ်ထောင်ပြုရင်လဲ
      ပြင်ဆင်မှု့ကောင်းတဲ့အကျိုးမျိုးရတာပါပဲ
      တမျိုးစီပေါ့ ဆူးရေ…

  • ဝင့်ပြုံးမြင့်

    October 13, 2012 at 4:38 pm

    ဦးဦးပါရေ့ – ဘုန်းကြီးဦးရေ မပါသေးဘူးနော်။ ဒီကိန်းဂဏန်း သိပ်သေးမယ် မထင်ဘူး။ များသောအားဖြင့်ကတော့ တောနယ်ဘက်က လူငယ်တွေ မလေး သွားကြတယ်။ မြို့ဘက်က လူငယ်တွေ စလုံး သွားကြတယ်။ ထိုင်းနဲ့ တရုတ်ပြည်မှာလည်း အများကြီး။ ကိုရီးယားနဲ့ ဂျပန်ကတော့ နည်းမယ်ထင်တယ်။ လူငယ်အများစုက ပြည်တွင်းမှာပဲ တစ်ဝမ်းတစ်ခါးအတွက်တောင် မလောက်ငတဲ့ လစာ လေးနဲ့ လုပ်နေကြရတယ်။ ဒါကြောင့် တာဝန်ယူစရာမလိုတဲ့ ကိစ္စကိုပဲ အားသန်ကြတာပါ။
    —-
    နျူးဘာဂိုဏ်းချုပ်ကြီးကိုလည်း ပြောရဦးမယ်။ အပြောမကြီးနဲ့ ဂိုဏ်းချုပ်ကြီး။ တစ်နေ့ကျရင် မယက ဖြစ်မှာသေချာတယ်။ အပြောကြီးတဲ့လူများ အင်မတန် အကျနာတာကလား။ ဇက်ကြိုးကိုင်မယ့် မိန်းကလေးနဲ့ မြန်မြန်တွေ့ပါစေ ဆုတောင်းပါတယ်။

    • ဦးဦးပါလေရာ

      October 14, 2012 at 1:21 am

      တကယ်တော့ အိမ်ထောင်ပြုတဲ့အခါ ယောက်ျားလေးက အစစတာဝန်ယူရမယ်..လို့ယူဆကြတဲ့ အယူအဆကို ပြင်စေချင်တယ်ဆရာမရေ..။
      တကယ်တမ်းကျတော့လဲ ယောက်ျားကပဲအပြည့်အဝတာဝန်ယူတဲ့ အိမ်ထောင်မျိုးက ဆင်းရဲသားလူများစုထဲမှာ ရှားပါတယ်။
      အဲသလိုဖြစ်မယ့်အတူတူ အိမ်ထောင်တာဝန် တဖက်စီ ခွဲယူကြမယ်ဆိုတာမျိုး အစကတည်းကရှိခဲ့ရင် တာဝန်ကြောက်လို့ မယူဖြစ်မှာမျိုးကို ကာကွယ်နိုင်မယ်ထင်တယ်။ အချိန်မီ အိမ်ထောင်ပြုနိုင်တဲ့ဦးရေ တိုးလာနိုင်တယ်။

  • uncle gyi

    October 13, 2012 at 4:53 pm

    ဟင်းဟင်းဟင်း
    မောင်ပါမောင်ပါ
    နင်ကစဉ်းစားကာနေရအုန်းမယ်လုပ်နေ
    အိမ်နားကဆိုက္ကားသမားငခွေးအသက်က၄၀
    ယူထားတဲ့မိန်းမက၃ယောက်
    တယောက်ကထမင်းချက်
    တယောက်ကအိမ်ရှေ့မုန့်ဟင်ခါးရောင်း
    တယောက်ကအကြော်ရောင်း
    နင့်လိုစဉ်းစားမယ်ဆိုသူတော့ဘယ်တော့မှမိန်းမယူဖြစ်မှာမဟုတ်
    အရေးကြီးတာပြောမယ်ပထမဆုံးလုပ်ရမှာ
    ယူဖြစ်အောင်ယူလိုက်ဖို့ပဲ
    ကျန်တာသူ့ဟာသူဖြစ်လာမယ်

    • ဦးဦးပါလေရာ

      October 14, 2012 at 1:24 am

      လောလောဆယ်တော့ မြှောက်သာပေး အန်ကယ်ကြီးရေ
      အချိန်မီ အိမ်ထောင်ပြုဖြစ်ကြအောင် 😀

  • ကိုရင်စည်သူ

    October 13, 2012 at 5:14 pm

    ရွာအဓိပတိချုပ်… ဦးပါကတော့ ဦးပါ ပါဘဲဗျာ..
    လက်ရှိခေတ် မြန်မာနိုင်ငံက လူတွေရဲ့ အခြေအနေကို
    ဒဲ့ချပြလိုက်တာပါပဲ။ လက်တွေ့ကျတွေးနိုင်တဲ့ အတွေးကို
    လေးစားပါတယ်ဗျာ…။ ၂၂-၃ဝ ရဲ့ ၂ဝရာခိုင်နှုန်း အထက်က
    လူတွေထဲမှာ တားလည်း ပါသမို့ အခုထိ မိန်းမမယူနိုင်သေးဘာ…။
    ဦးပါမှာ သင့်တော်မယ့် တူမလေးများ တားအတွက် ရှိရင်. မိတ်ဆက်ပေးပါနော့….. အဟီးး :kwi:
    ပါရာဒို မပေးနိုင်ပေမဲ့ ဆရာခိုတော့ လူးပေးနိုင်ပါတယ်လို့… 😳
    ခင်တဲ့
    တူတော်မောင်စည်

    • ဦးဦးပါလေရာ

      October 14, 2012 at 1:27 am

      ကိုရင်စည် ရေထဲမှာကြာလို့ ပြည်တွင်းဈေးကွက်ကို မျက်ခြေပြတ်နေသကိုး…
      အခုပြည်တွင်းမှာ သင်္ဘောသီးတွေ လွှတ်ဈေးကောင်းသဟဲ့…..
      ဈေးကောင်းမှာပေါ့..
      ပိုက်ဆံလဲရှာပေးသေး..
      ထမင်းကိုလဲ သင်္ဘောပေါ်မှာစားသေး… 😀 😀

  • cobra

    October 13, 2012 at 6:57 pm

    ယူတော့ယူချင်သား
    ဒါပေမယ့် မယူတာလည်းကောင်းပါတယ်လေ။

    • ဦးဦးပါလေရာ

      October 14, 2012 at 1:30 am

      စိတ်ကူးမလွဲနဲ့နော…
      အခုရွာသူရွာသားတချို့တောင် ဖိတ်စာတွေရိုက်နေပြီကြားတယ်… 😀

  • kai

    October 14, 2012 at 1:59 am

    မြန်မာလူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်ပါတယ်.။
    (စိတ်ပိုင်းဆိုင်ရာဆိုတာနဲ့..) ဘာသာရေးအတွေးအခေါ်က..အင်မတန်လွှမ်းမိုးပြီး.. အဲဒါနဲ့ဆက်စပ်တဲ့အတွေးအခေါ်တွေက အင်မတန်အရေးကြီးပါတယ်..

    လိုရင်းပဲတိုက်ရို်က်ပြောကြည့်မယ်..
    – “ဘက ပညာရေး၊” “တရားစခန်းကြီးတွေ”ရှိနေသ၍..။ (ကလေးတွေက လူကြီးဖြစ်လာရင်.. လူငယ်တွေက အရွယ်ရောက်လာရင်.. ဘာလုပ်သင့်/လုပ်ရမှာလည်းဆိုတော့..” ရှေးစွန်းဆွဲ”တွေသင်ပေး..ချပေးထားတဲ့အတိုင်း လုပ်ကြမှာမို့ဖြစ်ပါတယ်..။) :kwi:
    – အိမ်ယာထူထောင်ရေးအတွက်.. ဘယ်လိုမှ အံဝင်ဂွင်ကျခြင်းမရှိတဲ့.. “အဝါအစိမ်း ” လူတန်းစား၂ရပ်က လူထုကြီးအပေါ် “လွှမ်းမိုးကြီးစိုး”နိုင်နေသ၍..

    .. မြန်မာပြည်အကျယ်အဝန်းရယ်.. ထွက်နိုင်/ထွက်နေတဲ့ သံယံဇာတ။ ပယံကတတွေနဲ့ အချိုးချရင်.. အလုပ်သမား/လူလုပ်အားလိုအပ်ချက် နောင်မကြာခင်ဆယ်စုနှစ်တွေမှာ ကြီးကြီးမားမား ဖြစ်လာလိမ့်မယ်..။
    မြန်မာတွေ..ငယ်ငယ်အိမ်ထောင်ကျကြ..
    ကလေးများများမွေးကြ…
    မွေးပြီးအဖတ်တင်အောင် လုပ်ရင်လုပ်ကြ..

    မလုပ်ကြရင်.. သမိုင်းဘီးတပါတ်လည်ပြီး.. အနောက်၊မြောက် ဖက်က အလုပ်သမားတွေသန်းချီဝင်လာပါလိမ့်မယ်..။
    history repeating itself တဲ့..။
    အရင်က.(ကိုလိုနီခေတ်က). အိနိ္ဒယဟိန္ဒူကုလားတွေ ဝင်လာပြီး.. အခုမြင်ရတဲ့ ထေရဝါဒဘာသာရေး(ထေရီထေရာ/သာသာနာပိုင်ဘုန်းကြီး အထူးပြုဘာသာရေး)ဖြစ်လာခဲ့တယ်..။
    အခုတော့.. လူဦးရေပေါက်ကွဲနေတဲ့.. ဘင်္ဂလီကုလားတွေကို အားကိုးရမယ်ထင်တယ်..။
    နောက် အနှစ် ၄-၅ဆယ်ရဲ့.. မြန်မာ့အခြေအနေ.. ရင်လေးကြောင်း..
    နိုင်ငံရေးမှာ.. တိုင်းပြည်အတွက်.. စေတနာရှိရှိရေးဆွဲပလင်န်ချတတ်တဲ့.. မဟာ စတက်တဂျီသမား.. သင့်ခ်တန့်သမားတွေ အထူး.. အထူး..လိုအပ်နေကြောင်း..

    • Foreign Resident

      October 14, 2012 at 4:59 am

      ” အနောက်၊မြောက် ဖက်က အလုပ်သမားတွေသန်းချီဝင်လာပါလိမ့်မယ် ”

      စဉ်းစားမိတာတစ်ခုက ၊
      သူကြီး Kai ရဲ့ Comment ထဲက ၊
      ” မြောက် ” ဆိုတဲ့ စာလုံးကို ၊
      မျဉ်းတစ်ကြောင်းနှင့် ဖျက်ထားတာ တွေ့နေရတယ် ။

      သူကြီး Kai ရဲ့ Comment ကို ဖျက်ရဲတဲ့သူဆိုတော့ ၊
      သူကြီး ထက်ကြီးတဲ့ ရာထူးများ ရှိနေသလားပဲ ။ 😛

    • အရီးခင်လတ်

      October 14, 2012 at 5:29 am

      သူကြီး – အဲဒီ ငို တာလေး သူကြီး ကျထည့်လို့ ရတယ်။
      သူများတွေ ထည့်ချင်အောင် ဆွပေးတယ်။
      အခွင့်အရေး မတူဘူး၊ 😈
      တောက်စ် (မူ -ဂဂ)

      ဒီမှာ ကြည့်ကြပါ အရပ်ကတို့။
      မရ ရတဲ့ နည်း နဲ့ ထည့်တာပေါ့။ ဘာရမလဲ။ 😆

      http://mythirtiesgivingbirthtomyforties.typepad.com/.a/6a01348745e23f970c0147e2e8fb5d970b-200pi

      http://mythirtiesgivingbirthtomyforties.typepad.com/.a/6a01348745e23f970c014e8bef38e3970d-pi

      မောင်ဗိုက် အတွက်
      http://mythirtiesgivingbirthtomyforties.typepad.com/.a/6a01348745e23f970c01543300248e970c-pi

    • ဦးဦးပါလေရာ

      October 14, 2012 at 11:38 pm

      သူကြီးကွန်မင့် ပထမပိုင်းကို သဘောမတူပါဘူး
      ဒါပေမယ့် ကွန်မင့် နောက်ပိုင်းကို မဖတ်မိပဲ ကျော်သွားကြမှာစိုးလို့
      စိမ်းလိုက်ရပါကြောင်း….

  • ဆူး

    October 14, 2012 at 9:53 am

    အပြုသဘောဆောင်ပြီး မန်းကြည့်မယ်နော်။
    အခြေခံအုတ်မြစ် မရှိတဲ့ (မကောင်းတဲ့) အိမ်ကလေးမှာ တက်နေမယ် ဆိုရင် သိပ်မကြာဘူး ယိုင်ထိုးပြီး ပြိုလဲနိုင်တယ်.. ယိုင်ထိုးတာကို အချိန်မှီ ဖာထေးနိုင်မယ် ဆိုရင် နှစ်ရှည် ဆက်သွားလို့ ရပေမဲ့ အိမ်ယိုင်လေး ဘဝ နဲ့ တော်တော် ကြာကြာ နေရမယ် ထင်တယ်။
    အခြေခံအုတ်မြစ် ခိုင်မာတဲ့ အိမ်ကလေး ဆိုရင်တော့ အိမ်ကလေး မယိုင်နိုင်တော့ အထပ်မြင့်တွေ ထပ်ပိုး ထပ်ပိုးရင်းနဲ့ အိမ်ကြီးဖြစ်လာနိုင်မလားလို့ တွေးမိတာပဲ.. ဟိဟိ. (အပျိုကြီး ဝါဒီ လို့တော့ မပြောနဲ့နော်)

    • ဦးဦးပါလေရာ

      October 14, 2012 at 11:23 pm

      ဆူးပြောတဲ့ အမြင်မျိုးက ပညာတတ်တွေနဲ့ စွမ်းဆောင်ရည်ရှိသူတွေ တွေးလေ့ မြင်လေ့ရှိတာမျိုးပါပဲ…
      ဒါကြောင့်လဲ ပညာတတ်တွေနဲ့ စွမ်းဆောင်ရည်ရှိသူတွေဟာ အိမ်ထောင်ပြုနောက်ကျလေ့ရှိတာပေါ့။
      ဦးလေးလဲ ကိုယ့်တစ်ဦးချင်းအတွက်တော့ ပြင်ဆင်မှု့ကောင်းတဲ့ အိမ်ထောင်မှု့မျိုးကို သဘောကျတယ်။
      ခက်တာက
      တိုင်းပြည်တခုလုံးအတွက်ခြုံပြီးစဉ်းစားရင်တော့လဲ
      အဖြေတမျိုးထွက်နေပြန်ရော…

  • ကထူးဆန်း

    October 14, 2012 at 11:31 am

    ဦးဦးပါ … တိုးတိုးလေး မေးမယ်နော် .. ယူပြီးသား ပြန်ပေးလို့ကော ရမလားဟင် … :harr:

    • ဆူး

      October 14, 2012 at 5:23 pm

      ဦးဦးထူးဆန်း.. မဒမ် ထူးဆန်း ကို တိုးတိုးလေး ပြန်ပြောမေးပြီး လာပြန်ပြောမယ်နော်။

    • ဦးဦးပါလေရာ

      October 14, 2012 at 11:25 pm

      ကထူးဆန်းရဲ့
      တိုးတိုးလေး ပြောပြမယ်….
      ကျုပ်လဲ အဲဒီအဖြေသိချင်နေတာ…. 😀

  • အရီးခင်လတ်

    October 14, 2012 at 9:39 pm

    ကျောင်းတုန်းက သူငယ်ချင်းတွေ နဲ့ ပြောခဲ့ဖူးတာလေးပါ။
    Right time မှာ Right person တွေ့ဖို့လိုတယ်ဆိုတာ။

    အဲဒီတုန်းကတော့ အိမ်ထောင်ပြုဖို့ အရွယ်ကောင်း ချိန်မှာ သင့်တော်သူ ကို တွေ့လိုက်ရင် အိမ်ထောင်ပြုဖို့ နီးစပ်သွားမယ် လောက်ဘဲပေါ့။
    ဒါပေမဲ့ သင့်တော်သူ ဆိုတာဟာ ဘယ်လို အချက်တွေပါရမှာလဲ ဆိုတာ အရေးပေး စဉ်းစားရမယ် ဆိုတာ မတွေးမိပါဘူး။

    မိန်းကလေး အများစုကတော့ အိမ်ထောင်ပြုဖို့ သင့်တော်သူဟာ ကိုယ့်ကို တင့်တောင့်တင့်တယ် ထားနိုင်သူ၊ ကိုယ့်ကိုချစ်ခင်မြတ်နိုးသူ လို့ စံပြုထားကြမလားဘဲ။
    ဒီ နှစ်ချက် နဲ့ ကိုက်ညီသူက ကိုယ့်ကို လက်ထပ်ခွင့်တောင်းလာရင် လက်ခံပြီး တစ်ဘဝလုံး မှာ ပျော်စရာအတိ ဖြစ်ပြီ လို့ ထင်ကြပါသလား။

    ပုံပြင်လေး တစ်ပုဒ်ပါ။
    ——————-
    တစ်နေ့ မှာ ကျွန်မတို့ ကလေး မပါဘဲ နှစ်ယောက်ထဲ မြို့ထဲကို ခရီး ထွက် ဖို့ အရေးဖြစ်ခဲ့တယ်။
    နှစ်ပေါင်းများစွာ ကလေး ပါ တတွဲတွဲ မို့ နှစ်ယောက်ထဲ ဆိုတော့ တစ်မျိုးတောင် ဖြစ်နေမိတယ်။
    Park & Ride ထဲမှာ ကားကို ထားပြီး မြို့ထဲ ကို သွားတဲ့ ဘတ်စ်ကား နဲ့ သွားခဲ့တယ်။
    ပြီးတော့ နှစ်ယောက်တွဲ ခုံမှာ နေရာယူလိုက်ကြတယ်။
    ကားထွက်လာချိန် ကျွန်မ ဖျတ်ကနဲ ဟိုးအရင်အဖြစ် ကို သတိရလိုက် မိတယ်။
    ကျွန်မတို့ အိမ်ထောင်မပြုခင် သူငယ်ချင်းမက ရီးစားမကျ ဘဝ ဒီလိုဘဲ ဘတ်စ်ကား စီးပြီး သွားခဲ့ချိန် မှာပေါ့။
    အကြောင်းအရာတစ်ခု ကို အမြဲ အစဆွဲ လို့ ငြင်းခုံလာကြတာ ဆင်းရမဲ့ မှတ်တိုင်တွေတောင် ကျော်သွားဖူးတယ်။
    ဒီလို တွေးမိလိုက်တာ ကို သူ့ကို ပြောဖို့ ကြည့်လိုက်တော့ လက်ထဲမှာ ကားပေါ်မှာ အလကားဝေတဲ့ သတင်းစာကြီး ကို ဖြန့်ဖတ်လို့။
    ဒါနဲ့ ပခုန်းချင်း တိုက်လိုက်ပြီး “ဟေ့ အရင်တုန်းက ဘတ်စ်ကား စီးခဲ့တာတွေ သွားသတိရတယ်” လို့ ပြုံးပြီး ပြောလိုက်တော့ သူ့မှာ ခဏ မျက်မှောင်ကုတ် သွားတယ်။
    ကျွန်မသိလိုက်ပါတယ်။
    သူ သတိမရဘူး ဆိုတာ။
    နောက်မှ သူက တစ်ချက်ပြုံးလိုက်ရင်း “အော် မှတ်မိပြီ” တဲ့။
    ပြီးတော့ သူ့ရဲ့ လက်တဖက် ကို ကျွန်မရှေ့ လာဖြန့်ပေးတယ်။
    ကျွန်မ လဲ ပြန်ပြုံးရင်း အပြင်ကို ငေးနေလိုက်တယ်။
    ကျွန်မ သူ့လက်ကို ကိုင်လိုက်ရင် သူသတင်းစာ ကို ဆက်ကိုင်ပြီး ဖတ်လို့ ရမှာ မဟုတ်တော့ဘူးလေ။
    ညနေ ထမင်းစားချိန်မှာ သတင်းစာထဲ က အကြောင်းတွေ ကို သူပြန်ပြောပြချိန် ကြရင် ဘာတွေ ပြန်ငြင်းရမယ် ဆိုတာ သိရအောင် ကျွန်မလဲ သတင်းခေါင်းစဉ် ကို မသိမသာခိုးကြည့် နေမိတယ်။
    အကြောင်းအရာ တစ်ခု ကို ဆွဲပြီး ကျွန်မ တို့ အခုထက်ထိ ငြင်းခုံ နေဆဲပါဘဲ။
    —————-

    နားလည် ကြမလား မသိဘူး။
    အိမ်ထောင်တစ်ခု မပျင်းမရိ ခရီးဆက်နေနိုင်ဖို့ Right Person တွေ လိုတာ အမှန်ပါဘဲ။
    Right Person ဆိုတာ ပညာတတ်တာထက်၊ ရာထူးရှိတာထက်၊ ချမ်းသာ ကြွယ်ဝတာထက်၊ ရုပ်ရည်တင့်တယ် တာထက် ပိုပြီး မြင့်တဲ့ ကိုယ်နဲ့ ပြောစရာ စကားအမြဲရှိနေမဲ့ သူ တစ်ယောက် ပါဘဲ။
    မဟုတ်လို့ ကတော့ ရီးစားဘဝ ချစ်ကြိုက်စကား တွေ ရိုးအီ သွားချိန် ဘာမှ ပြောစရာ မရှိချိန် အိမ်ထောင် ဟာ ပျင်းစရာ ကြီး ဖြစ်သွားမှာမို့ပါ။
    မယုံရင် စစ်တမ်းကောက်ကြည့်။
    စကား အမြဲ ပြောနေနိုင်တဲ့ (တစ်ဘက်သတ် ချည်းမဟုတ် 😉 ) အိမ်ထောင်ဟာ စိုပြေပါတယ်။

    ဒီတော့ သီတင်းကျွတ်အခါမှာ ဘဝ ပြောင်းမည့်သူများ ဘဝ တစ်သက်စာ ထိုသူ နဲ့ စကားပြော နေနိုင်ဖို့ ကြိုးစားပေးပါ လို့ တိုက်တွန်း လိုက်ပါ၏။

    မိန်းမ ????? – ယူကြပါ။

    အလှအပ ထက် ပညာစကား လေးတွေ ပြောတတ်တဲ့ မိန်းမ – ကို တွေ့အောင်ရှာပြီး ယူကြပါ။
    ဒါမှမဟုတ် လို့ ကိုယ်တိုင် က ဗရုတ်ဗရက် ကြိုက်လဲ ကိုယ်စိတ် နဲ့ တူ နိုင်ရာ ကို ယူကြပါ။
    ကိုယ်က အစားအသောက် ကောင်းကောင်း ကြိုက်ရင် အစားအသောက် တွေ ကို ပြောဆိုချက်ပြုတ်နိုင် သူကို ယူကြပါ။
    ကိုယ်က လောင်းကစားဝါသနာပါရင် ချဲထိုးတော် တဲ့ မိန်းမယူပါ။

    အိမ်ထောင်ပြုပြီးချိန်မှာ တော့ ငါတို့ တူသွားမှာဘဲ လို့ တော့ မတွေးကြပါလေနဲ့။
    ငါ သူ့ကို ပြင်လိုက်နိုင်မှာ ဘဲ ဆိုပြီး သူရဲကောင်း မလုပ်ပါနဲ့။
    တူချင်ရင်၊ ပြင်ချင်ရင် မယူခင်ကထဲ က တူအောင်၊ ပြင်အောင် ကြိုးစားပါ။
    အိမ်ထောင်ပြုပြီးချိန် တူဖို့ ပိုပြီး ခက်ပါတယ်။

    ကိုယ် နဲ့ စိတ်တူ/မတူ သိနိုင်ဖို့ ကတော့ ခုမြင်ခုကြိုက် ဆိုရင်တော့ ကံ အကြောင်းတရားဘဲ။

    မဟုတ်လဲ ဒီအတိုင်း နေကြပါ။
    ပုရိသအပေါင်း သူတော်ကောင်း တို့။ 😆

    • weiwei

      October 15, 2012 at 10:15 am

      လက်တွေ့ကျကျ ရေးပြသွားတာ အရမ်းကောင်းပါတယ် …
      ရီစရာပြောရရင် ကျွန်မဆီမှာ right person ရှိတယ်လို့ ပြောလို့ရမလားပဲ …
      တရားဆွေးနွေးဖော် ဆွေးနွေးဖက် … 😛
      ချစ်သူကို လက်ဖျားနဲ့တောင် မထိရက်နိုင်တယ် သီချင်းကိုပဲ မြတ်နိုးတတ်တဲ့သူ … 😛

      ကျွန်မအခု ယောက်ျားလေးနေရာကနေနေပြီး စဉ်းစားကြည့်မိတယ် …
      မိန်းမယူမလား လို့ မေးလာရင် … ကျွန်မမှာ နေစရာအိမ်ရှိတယ်။ စားဖို့ဝတ်ဖို့ လုံလောက်တဲ့ဝင်ငွေရှိတယ် .. ဒါပေမယ့် မိန်းမတစ်ယောက်ထဲပဲ ရမယ်ဆိုရင်တော့ ယူနိုင်ပေမယ့် ယောက်္ခမတွေကိုပါ တာဝန်ယူရမယ်ဆိုရင်၊ သားသမီးတွေကို ထပ်ပြီး တာဝန်ယူရမယ်ဆိုရင် မတတ်နိုင်သေးတာသေချာတယ် … ဒီ့ထက်ပိုပြီး တတ်နိုင်အောင် လုပ်ဖို့ကျတော့လဲ မလုပ်ချင်တော့ဘူးဆိုတော့ … မယူတော့ဘူးလို့ ငြင်းမိမလားပါပဲ … 😛

  • ဦးဦးပါလေရာ

    October 14, 2012 at 11:35 pm

    မခင်လတ်ရဲ့ …
    ကျုပ်ကိုယ်တွေ့ပြောရရင်
    အိမ်ထောင်မပြုခင်တုန်းက ကျုပ်နဲ့ ကျုပ်အရေးပိုင်ဟာ နေရာတော်တော်များများမှာ တော်တော် တူ တယ်လို့ထင်ခဲ့တာ…..
    အိမ်ထောင်သက် လေးနှစ်လောက်ရောက်တော့
    ဘာမှကိုမတူဘူးလို့ ထင်ရပြန်ရော…

    ကြည့်ရတာ အလိမ်တွေပေါ်ကုန်တာထင်တယ် .. 😆

  • nozomi

    October 15, 2012 at 10:29 am

    မယူခင်ကတော့ အကြိုက်ချင်း တော်တော် တူကြတာပါ
    စာဖတ်တာ ခရီးသွားတာ …အများကြီးပဲ
    အခုချိန်ကျတော့ လဲ တစ်ခါတစ်ခါ စာဖတ်နေရင်ကို အပြစ်ကြီးဖြစ်လို့

    အိမ်ထောင်သက် ၁ဝ နှစ်ကျော်လာတဲ့ အိမ်ထောင်သည်တွေထုံးစံ မကြာ မကြာ တစ်ကျက်ကျက်ဖြစ်မိပေမဲ့
    အခုချိန်ထိ ဘဝအတွက်လက်တွဲဖော်ကောင်းတစ်ယောက် အနေနဲ့ အစားထိုးလို့ မရနိုင်တဲ့သူ တစ်ယောက်အဖြစ် ခံစားမိ နားလည်မိနေတုန်းပါ

    ရန်ဖြစ်ပြီး ပြန်ချစ်ကျရင် ခိုင်ထူး ရဲ့ သူ့လောက် ကိုယ့်အပေါ် ဘယ်သူမှ မကောင်းနိုင်ဘူး လို့ ခပ်တိုးတိုးလေး ညည်းရတဲ့ အရသာက ကြုံဘူးတဲ့ လူ တွေမှ သိကြမှာပါ

    အတိုင်းအတာ တစ်ခုထိ အဆင်သင့်ဖြစ်တာနဲ့ ယူကြပါ ဗျာ

  • kyeemite

    October 15, 2012 at 11:05 am

    ဆွေးနွေးနေကြတာထက် လက်တွေ့ပိုကျအောင်
    ကျုပ်တို့ ဂဇက်ရွာသူားများထဲမှ လူပျိုဂျီး၊ အပျိုဂျီးများ
    ဒီသတင်းကျွတ်တာနဲ့ နီးစပ်ရာဆွဲပြီး မင်္ဂလာဆောင်ကြပါဗျို့…
    မင်္ဂလာဆောင်ဖိတ်စာကိုလည်း ဂေဇက်မှာဖေါ်ပြကြပါ…
    သဂျီး က အထူးလက်ဖွဲ့မယ်တဲ့…အမေဒိကန်ကိုလည်း
    စရိတ်ခံပီး ဟန်းနီးမွန်းခရီး စီစဉ်ပေးမယ်ဆိုပဲ….
    :kwi: သီတင်းကျွတ်ရင်လက်ထပ်တော့မဲ့…
    ကြိုက်မီး။

  • Onyx

    October 15, 2012 at 11:19 am

    မန့်တော့ မန့် ချင်ပါရဲ့ တစ်ယောက်သော သူတွေ့သွားရင် ဗိုက်ခေါက်ကြော ပျက်လောက်တာမို့ တော်သေးဘီ…..

  • jullies cezer

    October 15, 2012 at 12:34 pm

    အခုခေတ်လူငယ်တွေမှာလဲ အရင်တုန်းကလို တစ်ယောက်ရှာစာကို တစ်အိမ်လုံးထိုင်စားလို့ကလဲ မဖြစ်တော့ အစစအရာရာ အရင်ခေတ်ကထက်ပြီးချင့်ချိန်နေရတယ် ရုပ်ဝတ္တုတွေ တိုးတက်လာတဲ့နောက်ကို အပြိုင်အဆိုင်အမှီလိုက်ချင်လာတဲ့အခါကျ သူများကိုချစ်တာထက် ကိုယ့်ကိုချစ်နေကြတာ ပိုများလာတဲ့သဘောလို့မြင်မိတယ်

  • Novy

    October 15, 2012 at 4:14 pm

    မနို မိတ်ဆွေတွေထဲကတော့
    ဝါကျွတ်တာနဲ့မင်္ဂလာဆောင်ကမဲ့သူတွေအများကြီးပဲ
    11လပိုင်းထဲမှာကို 3တွဲတောင်ပဲ သူတို့တွေကတော့ သင်္ဘောလောက ကလူတွေပဲ
    25ကျော်က တစ်တွဲ
    30ကျော်က တစ်တွဲ
    35ကျော်က တစ်တွဲ

    မနိုကတော့ ရှိပြီးသားတောင်……. :harr:

  • Fall Guy

    October 15, 2012 at 4:50 pm

    အင်း……
    ပိုက်ဆံများရှိလိုကတော့လေ
    တစ်ကိုယ်လုုံးကို
    ပုံ
    ထက်ထက်မိုးဦး

  • နှင်းဆီ ငုံ

    October 15, 2012 at 5:34 pm

    ဦးပါရယ် သေချာလည်း စဉ်းစားကြည့်ပါအုံး
    ပါးစပ်ကသာ ယောကျာ်းလေးတွေက အစစအရာရာ တာဝန်ယူရမယ်/ယူရတယ်ပြောနေကြတာ
    တကယ်တမ်းမှာတော့ အိမ်ထောင်တစ်ခုမှာ မိန်းကလေးတွေက ပိုတာဝန်ယူကြရတာပါ
    ရုံးတက်တာချင်းတူတူတောင် မနက်ရုံးသွား/ရုံးပြန် ချက်ပြုတ် လျှော်ဖွပ် အိမ်သိမ်းဆိုတဲ့ တာဝန်တွေက မိန်းကလေးတွေက ပိုလုပ်ကြရမှာနော် ..

    • garuda

      October 15, 2012 at 7:53 pm

      ဒါလည်းဟုတ်တာပဲ..ရှမ်းပြည်ဖက်မှာ..မိန်းမတွေက..အိမ်ထောင့်တာဝန်အကုန်လုံးနီးပါးယူကြရတယ်ကြားဖူးတယ်၊စားဝတ်နေရေးကအစတဲ့..ယောကျာင်္းတွေကပျင်းတယ်တဲ့.ဟုတ်မဟုတ်တော့ မသိဘူး.. စကားပုံလည်းကြားဖူးတယ်..ရှမ်းရိုးရင် လင်ကိုးတယ်ဆိုလား..နောက်တစ်ခေါက်(ဟုတ်မဟုတ်တော့မသိဘူး)။

    • ဦးဦးပါလေရာ

      October 16, 2012 at 12:57 am

      အဲဒါ အမှန်ပါပဲ
      ဒီနိုင်ငံမှာတော့ အများစုအနေနဲ့ပြောရရင် အိမ်ထောင်တခုမှာ မိန်းမကပဲ ပို တာဝန်ယူ၊ ပိုတာဝန်သိ၊ ပိုပင်ပန်းပါတယ်…။
      ပြဿနာတခုက အဲဒါနဲ့တောင် ယောက်ျားလေးတွေက အိမ်ထောင်တာဝန်ကိုကြောက်ပြီး အိမ်ထောင်မပြုချင်ကြလွန်းတာပါ…..။ဦးပါနဲ့နီးစပ်တဲ့ ရည်းစားအသင့်ရှိလူငယ်တော်တော်များများကို မေးဘူးတယ်။ မိန်းမယူချင်ပြီလားပေါ့….
      အဖြေအများစုက နိုး ပဲ….။

      တကယ်တော့ အဲဒါ သေသေချာချာကို မှားနေတယ်။ ဖြစ်သင့်တာက လူလွတ်ဘဝမှာမိန်းမယူချင်ပြီး ယူပြီးမှမနိုင်တော့ရင်သာ နောင်တရကြရမှာထင်တယ်… 😛

  • padonmar

    October 15, 2012 at 7:57 pm

    ဦးပါ ရောင်းကောင်းနေပါတယ်ဗျို့ ။

    ဒီမေးခွန်းကိုတွေ့တော့ လီကွမ်ယူနဲ့ စလုံး တက္ကသိုလ်ကျောင်းသူလေး ဗျူးတဲ့ အကြောင်းသတိရမိတယ်။
    ထိုင်နေအကောင်းသားလို့ ထင်တဲ့သူတွေများများလာတော့ အော်မေ့ဂိုဏ်းရော ရှေင်လင်ဂိုဏ်းရော လူဦးရေတိုးလာတာပေါ့။

  • pioneer youth

    October 16, 2012 at 7:59 am

    ကျွန်တော်အတော်နောက်ကျနေပါပြီလား အား မိန်းမမိန်း မ ………

  • Mobile

    December 13, 2012 at 1:00 am

    ဝင်ရောက် အားပေးသွားပါကြောင်း

Leave a Reply