Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာ့ရိုးရာဖက်ရှင်

ရွှေအိမ်စည်October 17, 20121min55320
ကျော်ကြားသူတွေရဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင်တွေက နိုင်ငံတကာဖက်ရှင်လောကကို လွှမ်းမိုးနေတာမှာ နာမည်ကျော် သရုပ်ဆောင်တွေ၊ မော်ဒယ်လ်တွေရဲ့ ဖက်ရှင်တွေသာမက နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ ဇနီးတွေ၊ နိုင်ငံ့အကြီးအကဲ အမျိုးသမီးတွေရဲ့ ဖက်ရှင်တွေဟာလည်း ဖက်ရှင်ချစ်သူ အမျိုးသမီးထုတွေကို ကိုင်လှုပ်နေတာပါ။

အမေရိကန်နိုင်ငံမှာကတော့ အိုဘားမား သမ္မတဖြစ်လာပြီးတဲ့နောက် သူ့ဇနီး မစ်ရှဲလ်အိုဘားမားရဲ့ ဖက်ရှင်တွေဟာ သရုပ်ဆောင်၊ မော်ဒယ်လ်တွေရဲ့ ဖက်ရှင်တွေကို တမဟုတ်ချည်း ကျော်လွှားသွားပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ နိုင်ငံရေးကျော်ကြားမှုကိုတောင် လွှမ်းမိုးသွားပြီး ရေပန်းစားထင်ရှား ပြောစမှတ်များရလေတယ်လို့ ဖက်ရှင်လောကက သတ်မှတ်ထားပါတယ်။

 

ဘယ်ပွဲမှာတော့ မစ်ရှဲလ်အိုဘားမားက ဘယ်လိုဒီဇိုင်း၊ ဘာအရောင်ကို ဝတ်တာမှာ ဘယ်လို ကျက်သရေရှိလိုက်တာ ဆိုတာမျိုးတွေကလည်း သူတို့ ဖက်ရှင်လောကမှာ ပွက်လောညံလေ့ရှိတဲ့ လူစိတ်ဝင်စားမှုအခံရဆုံး သတင်းပါပဲ။

 

ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် သူဝတ်လေသမျှ ပွဲတက်ဂါဝန်ရှည်ကြီးတွေ၊ ပေါ့ပေါ့ပါးပါး ဝတ်စုံတွေနဲ့ အဝတ်အစားတွေ၊ စမတ်ကျတဲ့ အလုပ်ခွင်တက် ဝတ်စုံတွေအားလုံးလိုလိုကို မျက်လုံးဒေါက်ထောက်ကြည့်ခံရ၊ အတုယူခံရ၊ ဖက်ရှင်ချစ်သူတွေ မျက်စိကျရတာချည်းပါ။ သူဟာ တက်သစ်စ ဒီဇိုင်နာတွေ ချုပ်လုပ်ထားတဲ့ ဝတ်စုံတွေကို ရံဖန်ရံခါ ဝတ်ဆင်လေ့ရှိပြီး တက်သစ်စတွေကို ပွဲထုတ်တတ်တယ်လို့လည်း နာမည်ကြီးပါသေးတယ်။

 

ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ စမတ်ကျတဲ့ ဝတ်စားဆင်ယင်မှုကလည်း လုပ်ငန်းခွင်တွင်း အမျိုးသမီးထုအတွက် အတုယူအားကျစရာ ဟန်ပန်ကျလှတဲ့ ဆင်ယင်မှုတွေပါ။

အင်္ဂလန်နိုင်ငံမှာဆိုရင်လည်း ဝန်ကြီးချုပ် ဒေးဗစ်ကမ်းမရွန်းရဲ့ ဇနီးသည် စမန်သာ ကမ်းမရွန်းရဲ့ ဖက်ရှင်၊ ပြင်သစ်မှာဆိုရင်တော့ သမ္မတ ဆာကိုဇီရဲ့ ဇနီးသည် ကာရ်လာ ဘရူနီဆာကိုဇီရဲ့ ဖက်ရှင် စသဖြင့်ပေါ့။

 

အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ငယ်ရွယ်တဲ့ အမျိုးသမီး ဝန်ကြီးချုပ် ယင့်လတ်ရှင်နာဝတ်ရဲ့ ဖက်ရှင်ဟာ သူ့ရဲ့ နိုင်ငံရေးဖြတ်သန်းမှုထက်ကို လူပြောများတဲ့ အကြောင်းတခုဖြစ်သလို သူ့ဝတ်စားဆင်ယင်မှုဟာ ကျော့ရှင်းတယ်၊ ခန့်ထည်တယ်ဆိုပြီး သူဝတ်သမျှကို ဖက်ရှင်လောကက တခုတ်တရ စောင့်ကြည့်ကြရတဲ့အထိပါ။

သူတို့နိုင်ငံက First Lady တွေရဲ့ ဖက်ရှင်တွေအကြောင်း ပြောတဲ့အခါ၊ များသောအားဖြင့် ကတော့ ကမာ္ဘကျော် ဒီဇိုင်နာတွေ၊ ဖက်ရှင်ဂုရုကြီးတွေရဲ့လက်ရာ တန်ဖိုးမြင့် အဝတ်အစားတွေပါပဲ။ ဘယ်သူကတော့ ဘယ်ဒီဇိုင်နာကြီးရဲ့ ဝတ်စုံနဲ့ လှနေလိုက်တာ ဆိုတာမျိုးပါ။ First Lady ရဲ့ ဖက်ရှင်လို့ ဆိုလိုက်တာနဲ့ ကမာ္ဘကျော် ဒီဇိုင်နာတွေရဲ့လက်ရာ၊ ဒီဇိုင်နာတွေရဲ့ နာမည်ကိုပဲ ပြေးမြင်ကြတာပါ။

 

ကျမတို့ မြန်မာနိုင်ငံသားတွေ အတွက်ကတော့ တန်ဖိုးကြီးတဲ့ လွန်းရာကျော် ကြိုးကြီးချိတ်၊ ပိုးထမီ၊ ပိုးအကျႌ၊ ဘော်ကျယ်တွေထိုးထားတဲ့ ခန့်ခန့်ထည်ထည် အဝတ်အထည်တွေကို ဘယ်သူမှ တွေးမြင်မိမှာ မဟုတ်ပါဘူး။

 

ကိန်းကြီးခန်းကြီးမနိုင်၊ ကမာ္ဘကျော်တွေရဲ့ လက်ရာတွေမဟုတ်တဲ့ ရိုးရှင်းတဲ့၊ အလွှာစုံက ဝတ်နိုင်တဲ့ ပြည်တွင်းဖြစ် ချည်ထည်လေးတွေကို လုံချည်ရဲ့အရောင်၊ အဆင်နဲ့လိုက်ဖက်တဲ့ ချည်သား ဒါမှမဟုတ် ပိတ်ဖောက်ဇာကို ရင်ဖုံး၊ ရင်စေ့ချုပ်လို့ သပ်သပ်ရပ်ရပ် ဆင်မြန်းလေ့ရှိတဲ့ မြန်မာဖက်ရှင်က အင်မတန်မှ စမတ်ကျ၊ အင်မတန်မှ ကျက်သရေရှိတဲ့ ဖက်ရှင်အဖြစ် တွေးမြင်ကြတာပါ။

 

ရန်ကုန်က နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတယောက်ကလည်း “ဖက်ရှင်စီးကြောင်းအရ ပြောင်းလဲနေတယ်ဆိုပေမယ့် မြန်မာမလေးတွေ မြန်မာလိုဝတ်ပြီး လှနေတာက ပိုကောင်းတာပေါ့။ အန်တီစု ဝတ်တာတွေဆိုရင် သာမန် ချည်ထည်လေးတွေနဲ့ပဲ ကျက်သရေရှိတယ်။ ချည်ထည်လေးတွေဆိုတော့ မြန်မာ့ရာသီဥတုနဲ့လည်း ကိုက်ညီတယ်။ ဖက်ရှင်စီးကြောင်း ဘယ်လိုပဲပြောင်းပြောင်း ရိုးရာယဉ်ကျေးမှုကတော့ မပျောက်သင့်ဘူးပေါ့” လို့ ပြောပြတာကြားမိဘူးပါတယ်။

 

နောက်အလျှဉ်းသင့်မှ…လူထုအမေမာရဲ ့..မြန်မာဝတ်စုံလေးတွေ အကြောင်းတင်ဆက်ပါမယ်….

Rrf;….ဧရာဝတီ fection icom

နောက်မှ ပုံလေးတွေ တင်ပေးမယ်နော်..ကော်နက်ရှင်သိပ်ဆိုးနေတယ်

လေးစားလျှက်

ရွှေအိမ်စည်

20 comments

  • Wow

    October 17, 2012 at 4:43 pm

    တခြားဟာတွေအသာထား မြန်မာဝတ်စုံကို တန်ဖိုးထား ငယ်စဉ်ကတဲက ဝတ်ဆင်တတ်တာကိုက ချီးကျူးစရာ စိတ်ဓာတ်ခိုင်မာမှုကို ပြတာပါ…

  • Khaing Zar Win

    October 17, 2012 at 4:52 pm

    ဟုတ်ပါ့။ အန်တီ စု ကြောင့်သာ မြန်မာ့ရိုးရာ ဝတ်စုံကို ပိုသိကြ၊ မစိမ်းကြတော့တာနော်။ ခုဆို ကိုယ်တွေလည်း အရင်ကထက်စာရင် မြန်မာဆန်ဆန် ဝတ်ဖို့တက်ကြွလာတယ်။ ဓာတ်ပုံတွေ အတွက်ကျေးဇူးပါ။ 🙂

  • မင်္ဂလာပွဲအခမ်းအနားတွေ အလှူတွေမှာဆို မြန်မာဆန်ဆန်လေးဝတ်
    ကျန်တဲ့အချိန်မှာ လွတ်လွတ်လပ်လပ်ဝတ်
    ဒါဆိုရင် အားလုံးသဘောကျလို့မျှတ

  • padonmar

    October 17, 2012 at 6:47 pm

    ထောက်ခံပါ၏။
    ပုံတွေကတော့ မမြင်ရပါ။ကိုးနတ်ရှင် စိတ်ကောင်းမဝင်ပါ။သူပုန်ထနေပါသည်။

  • မောင်ပေ

    October 17, 2012 at 7:26 pm

    ဆေးရိုက်ချည်ထည် ( မချုပ်ရသေးတဲ့ ) ဝမ်းဆက်စာ လေးတွေက ဈေးသိပ်မရှိဘူးရယ်
    ခက်တာက ချုပ်ခက ဈေးကြီးနေတော့ ၊ မြန်မာအမျိုးသမီး ကြီး/ငယ် တော်တော်များများက တရုတ် တို ့ယိုးဒယားတို ့က လာတဲ့ ရယ်ဒီမိတ်တွေပဲ ဝယ်ဝတ်ကြပါလေရော

  • garuda

    October 17, 2012 at 8:21 pm

    အနောက်တိုင်းအတွေးအခေါ် ကောင်းတာတွေသူ့မှာရှိတယ် မြန်မာ့အတွေးအခေါ်လည်းမပြတ် ခေတ်မှီတယ်..
    အဝတ်အစားရိုးရာမပျက်..ယောကျာင်္းများထက်ရဲရင့် ပြတ်သားသည် မြန်မာအမျိုးသမီးပီပီ မိန်းမပီသမှု လည်းရှိသည်။မြန်မာသမီးပျိုများ အတုယူသင့်ပါသည်။

  • uncle gyi

    October 17, 2012 at 10:27 pm

    နိုင်ငံခြားပုံစံအထည်တွေကအမြောက်များချုပ်တော့ချုုပ်ခကမရှိသလောက်ဖြစ်သွားတာ
    တစုံမှမြန်မာမှာချုပ်ခလောက်ပဲပေးရတာဆိုတော့ကာ

    မြန်မာဝတ်စုံတွင်ကျယ်လာအောင်
    အထည်ချုပ်တွေနဲ့ချုပ်ခဈေးသက်သာအောင်လုပ်မှဖြစ်မယ်နဲ့တူတယ်

  • TTNU

    October 17, 2012 at 11:51 pm

    စု နဲ့ မြန်မာဝတ်စုံ လိုက်ဖက်ညီလှနေတာ သူ ခန္ဓာကိုယ်လေးနဲ့လည်း
    ချပ်ချပ်ရပ်ရပ်ဖြစ်နေလို့ ပိုလှတာ။ တော်တော်ဝသူ ဆိုရင်တော့ ဒီလောက် သပ်ရပ်မှာ
    မဟုတ်ဘူးထင်တယ်။

  • kyeemite

    October 18, 2012 at 9:27 am

    အန်တီစု ပုံလေးတွေ ကြည့်ရတာကျက်သရေရှိပါဂျောင်း…
    စုစည်းတင်ပြပေးတာကျေးဇူးတင်ပါဂျောင်းးးးး

  • မြန်မာဝတ်စုံကိုဝတ်ရင် ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိတယ်။ ရုံးကို ဧည့်သည်လာတဲ့အချိန်မှာ မြန်မာဝတ်စုံဝတ်ထားမိရင် ကိုယ့်ကိုကိုယ်ဂုဏ်ယူမိတယ်။ ဒါပေမယ့် မြန်မာဝတ်စုံတစ်စုံချုပ်ရင် ပိတ်စနဲ့ချုပ်ခပေါင်းရင် အနည်းဆုံးက တစ်သောင်းကျော်တယ်။ 🙂 တစ်ခါတစ်လေ မုန့်လေးဘာလေးစား၊ ပေါ့ပေါ့ပါးပါးသွားတဲ့အချိန်၊ ရာသီဥတုကအရမ်းပူတဲ့အချိန်ဆိုရင်တော့ စကပ်တို့ ဘာတို့ ဝတ်ဖြစ်ပါတယ်…

  • ရွှေ ကြည်

    October 18, 2012 at 11:28 am

    မြန်မာဝတ်စုံက ပိန်သူဝသူအားလုံးအတွက် အဆင်ပြေတယ်လို့မြင်မိပါတယ်
    ချပ်ချပ်ရပ်ရပ်လေးဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့
    တချို့ အန်တီကြီးတွေအပျော့စကတ်တွေနဲ့ လက်တလုံးတွေ၊ စတော့ကင်တွေ ဝတ်ထားတော့ အဆီရစ်တွေက အတစ်လိုက်အရစ်လိုက်ထွက်နေတာတွေမြင်ရတာကတော့
    ကြည့်ရဆိုးပါ့။

  • char too lan

    October 18, 2012 at 12:21 pm

    ရှမ်းဝတ်စုံနဲ့ပုံလေးက ချစ်စရာကောင်းတယ်
    ပုံတွေစုစည်းတင်ပြပေးတဲ့အတွက် ကျေးကျေးပါ…………..

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 18, 2012 at 1:02 pm

    အခုနောက်ပိုင်း မြန်မာအကျီ င်္လေးတွေ လူငယ်နဲ့ လူလတ်ပိုင်းတွေကြားထဲ ပြန်ခေတ်စားလာတာ ဝမ်းသာစရာပါပဲ ။ မြန်မာအကျီ င်္ဆိုပေမယ့် သူ့ဒီဇိုင်းနဲ့ သူ sexy ဖြစ်တာလေးတွေ တွေ့ရတယ် ။
    မနေ့ကဆိုလည်း လှည်းတန်းဘက်ခဏသွားတာ ၊ မိန်းမတစ်ယောက်မြန်မာအကျီ င်္ဝတ်ထားတာ အရမ်း ကြည့်လို့ကောင်းပြီး ကျက်သရေရှိတယ် ။ သပ်သပ်ရပ်ရပ်နဲ့ လုံးဝစမတ်ကျတယ်… လိုက်ကိုငေးကြည့်ရတဲ့အဖြစ် ။

    မြန်မာ အကျီ င်္ခေတ်စားလာတာ ဂုဏ်ယူစရာဆိုပေမယ့် .. မြန်မာ အကျီ င်္ချုပ်တဲ့ အသားတွေ အများစုက ပြည်တွင်းဖြစ်သားတွေ မဟုတ်ဘူးပဲ …. ။ :eee:
    ကျွန်မလည်း မြန်မာအကျီ င်္ကို အရမ်းကြိုက်ပြီး ၊ သဘောကျပါတယ် ။ အလျဉ်းသင့်သလို ဝယ်ဖြစ် ချုပ်ဖြစ်ပေမယ့် ၊ ထသွားထလာနေနဲ့တော့ … ပေါ့ပေါ့ ပါးပါး ဂျင်းပန့် ကောက်ဝတ်သွားတာ များတယ် :harr:

    • ဟာဂျီ မိုဟာမက် အဗ်ဒူလာ ဟာ့ဘီးဆပ်ဥ

      October 18, 2012 at 1:04 pm

      မမအီးတုံး ဘယ်နားက အမြီးလှုပ်တာလဲဟင်င်င် ??? :harr:

    • ဟာဂျီ မိုဟာမက် အဗ်ဒူလာ ဟာ့ဘီးဆပ်ဥ

      October 18, 2012 at 1:05 pm

      မမအီးတုံး ဘယ်နားက အမြီးလှုပ်တာလဲဟင်င်င် ??? :harr:

  • ကိုခင်ခ

    October 18, 2012 at 1:24 pm

    နောက်များပိုစ့်တစ်ပုဒ်နဲ့ ကွန်မန့်ဖတ်တော့မယ်ဆို ရေတခွက်ဆောင် ထားရတော့မှာပါလား။
    အမည်တွေဖတ်ရတာတင် မောနေလို့ ရေလေးသောက်လိုက် ဖတ်လိုက်ပေါ့။

  • may flowers

    October 18, 2012 at 1:44 pm

    မြန်မာဝတ်စုံကြိုက်ပါတယ် ဝတ်လည်းဝတ်ဖြစ်တယ်..ဒါပေမဲ့ခုတလော ချုုပ်ခတွေက အော်ခံနေတာ….

    ဝမ်းဆက်တစ်စုံချုပ်တောင် အနဲလေးတစ်သောင်းနီးပါး ၊ အစကောင်းရင်ကောင်းသလို တစ်သောင်းခွဲ

    လောက်ထိပေးရတာ ချုပ်ခက။ တစ်ခါ ဝမ်းဆက်ချည်သားလေးချုပ်တာ ပိတ်ဖိုးကခြောက်ထောင် ချုပ်ခက

    ရှစ်ထောင် :buu:

  • သူရဇော်

    October 18, 2012 at 3:20 pm

    ယခုခေတ်မိန်းကလေးအများစုက ဖော်နိုင်သမျှ ဖော်နိုင်အောင် သူနိုင်ကိုယ်နိုင်အပြိုင်ကျဲကာ ဖော်နေကြပါတယ်…… ရိုးရာအဝတ်အစား တိမ်ကောလုနီးပါးကို မြင်တွေ့နေကြရပါတယ်……. သူတို့အမြင် သူတို့အထင်တော့ သိပ်လှကြမယ်၊ ပြီးပြည့်စုံ ကြမယ်ထင်လေရော့လားမသိ…. မြင်ရသူအဖို့ ယိုသူမရှက် မြင်သူရှက်ဆိုသလိုပါပဲ…… ယခု အထက်မှာ တင်ပြခဲ့တဲ့ မြန်မာ့ရိုးရာ အဝတ်စားလေးများဟာဖြင့် အင်မတန် ယဉ်ကျေးသိမ်မွေ့ပြီး မျက်စိပသာဒဖြစ်သေပါ တယ်ဗျာ…… မြန်မာမိန်းကလေးများ မြန်မာအဝတ်စားလေးတွေနဲ့ လှနိုင်တဲ့ နေ့ရက် လေးတွေများ ရှိလေပါဦးမလား……

  • သူရဇော်

    October 18, 2012 at 3:21 pm

    ယခုခေတ်မိန်းကလေးအများစုက ဖော်နိုင်သမျှ ဖော်နိုင်အောင် သူနိုင်ကိုယ်နိုင်အပြိုင်ကျဲကာ ဖော်နေကြပါတယ်…… ရိုးရာအဝတ်အစား တိမ်ကောလုနီးပါးကို မြင်တွေ့နေကြရပါတယ်……. သူတို့အမြင် သူတို့အထင်တော့ သိပ်လှကြမယ်၊ ပြီးပြည့်စုံ ကြမယ်ထင်လေရော့လားမသိ…. မြင်ရသူအဖို့ ယိုသူမရှက် မြင်သူရှက်ဆိုသလိုပါပဲ…… ယခု အထက်မှာ တင်ပြခဲ့တဲ့ မြန်မာ့ရိုးရာ အဝတ်စားလေးများဟာဖြင့် အင်မတန် ယဉ်ကျေးသိမ်မွေ့ပြီး မျက်စိပသာဒဖြစ်စေပါ တယ်ဗျာ…… မြန်မာမိန်းကလေးများ မြန်မာအဝတ်စားလေးတွေနဲ့ လှနိုင်တဲ့ နေ့ရက် လေးတွေများ ရှိလေပါဦးမလား……

  • Hnin Hnin

    October 19, 2012 at 1:45 am

    အမေစု ကိုယ်ပေါ်ရောက်သွားလို့လှတာ…သူ့နေရာနဲ့သူ အချိုးကျသွယ်လျနေတဲ့
    body လေးမို့…..မို့မို့မြင့်အောင်bodyနဲ့တောင် ခပ်ဆင်ဆင်…
    ပြည့်ပြည့်ထွားထွားဝတ်ရင်လည်း ဝတ်စုံကပိုကြွားသွားပြီး smart ကျကျနဲ့ ပိုကြည့်ကောင်း
    သွားတယ်…စိုးမြတ်သူဇာလိုပေါ့…body လည်းလှ…ရုပ်လည်း လှရင်တော့ အတော့်ကို
    ကြည့်ကောင်းတာ….
    ပြည့်ကျော်အဆင့် ဝသွားရင်တော့ မြန်မာဝတ်စုံက အရှိအတိုင်း ထွက်တော့မှာမို့
    မလှတော့ဘူး…..
    မြန်မာဝတ်စုံတွေ သူများဝတ်ထားတာ အားကျနှစ်သက်ပေမယ့် ကိုယ်ကိုယ်တိုင်တော့
    မဖြစ်မနေကလွဲလို့ မဝတ်ဖြစ်ဘူး….စတိုင်ကျတယ်လို့ ခံယူထားတဲ့ jean pants ပဲ
    စွဲစွဲလန်းလန်း ဝတ်ဖြစ်တယ်…

Leave a Reply