Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လာပြန်ပြီဗျာ ဂိုဒေါင်ရှင်းတဲ့

jullies cezerOctober 23, 20121min54818

အားလုံးပဲ ဂေဇက်ရွာ ရွာသူရွာသားအပေါင်းတို့ မင်္ဂလာပါ
ကျွန်မက ရန်ကုန်မြို့လှည်းတန်းမှာနေတဲ့သူဖြစ်ပါတယ်
ရွာသူရွာသားအပေါင်းတို့မှတ်မိကြမလာတော့မသိဘူး
တစ်ခါတုန်းက ဒီရွာထဲကရွာသူတစ်ယောက်ပဲ ဒီအကြောင်းကိုတင်ခဲ့ဖူးပါတယ်
တင်တဲ့ Post ရဲ့ရက်စွဲနဲ့ ခေါင်းစဉ်ကိုမမှတ်မိတော့ပါဘူး
အခုလည်း အပ်ကြောင်းထပ်တယ်ကူးချတယ်လို့တော့မထင်လိုက်ပါနဲ့
ရှင်းလို့ကိုမပြီးနိုင်တဲ့ဂိုဒေါင်အကြောင်းလေးထပ်ပြောချင်လို့ပါဗျာ
ရန်ကုန်မှာနေကြတဲ့ ရွာသူရွာသားတိုင်း လှည်းတန်းဆိုတဲ့အရပ်ကို အားလုံးနီးပါး
ရင်းနီးကျွမ်းဝင်ပြီးသားဖြစ်ကြပါမှာပါ ။ အဲဒီလှည်းတန်းဆိုတဲ့အရပ်က
ရန်ကုန်အင်းစိန်လမ်းမကြီးပေါ်မှာရှိတဲ့ ဖိနပ်ဆိုင်တစ်ဆိုင်ကို
အားလုံးပဲသတိထားမိကြမှာပါ အမြဲလိုလိုဂိုဒေါင်ရှင်းတယ်ဗျာ
အဲဒီဂိုဒေါင်ရှင်းတဲ့ဖိနပ်တွေကို discount နဲ့ရောင်းတယ်ဗျာ
ဒီလောက်ဆိုရွာသူရွာသားများပေါက်ကြမှာပါ ။ အဲဒီဂိုဒေါင်းရှင်းတာအတော်ကြာတယ်ဗျာ
တော်တော်ကိုမှနှစ်ပေါက်အောင်ရှင်းခဲ့ရတဲ့ ဂိုဒေါင်ဗျာ အဲဒီမှာ ရွာထဲမှရွာသူတစ်ဦးက
ဂိုဒေါင်ရှင်းဆိုပြီး တရုတ်ဖိနပ်တွေကိုဈေးလျော့ရောင်းတဲ့အကြောင်း တင်လိုက်ရော
သိပ်မကြာဘူး ဂိုဒေါင်ရှင်းတာပြီးသွားရော ။ ဒါနဲပဲဂိုဒေါင်ရှင်းဆိုင်းဘုတ်မတပ်တော့ပဲ
ဆက်ရောင်းနေတယ်ဆိုပါတော့ဗျာ ။ အခုအဲဒီဂိုဒေါင်ရှင်းက ဘယ်ရောက်လာပြီထင်လဲ
ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ်ကနေ ဦးထွန်းလင်းခြံလမ်းထဲက အစုံရောင်းတဲ့
Mini market ဆီကိုရောက်လာတယ်ဗျာ Mini market ရဲ့နာမည်တော့မပြောတော့ပါဘူး။
ဂိုဒေါင်ရှင်း 50% to 70% Discount ဆိုပဲ။
ရွာသူရွာသားများဦးထွန်းလင်းခြံလမ်းထဲရောက်ရင် သတိထားကြည့်လို့ရပါတယ်။
အဲဒီတော့ ရွာသူရွာသားများ ဝိုင်းစဉ်းစားကြည့်ကြပါ ဂိုဒေါင်ရှင်းတာ နှစ်ပေါက်အောင်ကြာတတ်လားလို့။
ဘာဖြစ်လို့ ဈေးကွက်ကိုရိုးရိုးသားသားမထိုးဖောက်ပဲ မသိနားမလည် quality မစစ်တတ်တဲ့သူတွေကို
နားလည်ပါးရိုက်လုပ်ရတာလဲလို့ ။ ဂိုဒေါင်ရှင်းဖို့လုပ်သားအင်အားမလောက်လို့လားလို့ ။
လားပေါင်းများစွာကို ဂေဇက်ရွာသူရွာသားများအားလုံးဝိုင်းစဉ်းစားပေးကြပါအုံး။

အားလုံးခင်တဲ့

Julliescezer

18 comments

  • surmi

    October 23, 2012 at 2:34 pm

    ဂျန်းရှင်းစကွဲ မှာလည်း ဂိုထောင်ရှင်းနေပါသဗျာ
    ဂိုထောင်ရှင်းတာခေတ်စားနေပါကြောင်း
    မကြာမှီ ရွာသဂျီးလည်း ဂိုထောင်ရှင်းလိမ် ့မည်ဟု ထင်မိပါကြောင်းးးးးးးးးးးးး

    • ဆူး

      October 23, 2012 at 3:41 pm

      သဂျီး ဂိုထောင်ရှင်းရင် အကောင့် အငှားလိုက်တဲ့ အကောင်တွေ ပါသွားအုန်းမယ်။

  • စိန်ဗိုက်ဗိုက်

    October 23, 2012 at 2:47 pm

    ရှင်းမကုန်တဲ့ ဂိုဒေါင်ထဲက ဟာကော ဆိုင်ထဲက လူတွေကော ပစ္စည်းတွေကော မီးသာတင်ရှို ့လိုက်တော့
    အဲဒီဆိုင်က သေတောင် ဂိုဒေါင်ရှင်းလို ့ကုန်မှာမဟုတ်ဘူး

    • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

      October 24, 2012 at 2:05 pm

      စိန်ဗိုက်ကမီးရှို့တာဝါသနာပါပုံရတယ်… ဟိုတစ်ခါလဲ လှည်းတမ်းမှာကောင်မလေးကို မီးရှို့လိုက်တာလေ… :harr:

  • mayjuly

    October 23, 2012 at 2:51 pm

    အဲ သူတို့ရှင်းတာ မပြောင်သေးလို့ ထပ်ရှင်းတာ ထင်ပါတယ်ဂျ .. :kwi:

  • myanmarcitizen

    October 23, 2012 at 2:59 pm

    အင်းအဲ့ဂိုဒေါင်ရှင်းဆိုတာ လုပ်စားနည်းတစ်နည်းပဲထင်တယ်။ u ဗိုက်ပြောသလိုပဲ မီးရှို့လိုက်မှပဲ ကုန်မယ်ထင်တယ်။
    နောက်ပြီး ကျွန်တော်တကယ်မသိလို့မေးကြည့်အုန်းမယ် ကြုံတုန်းလေးပေါ့။ တစ်ခါတစ်ခါ ခြံရှေ့တွေမှာ ဗီနိုင်း နဲ့ ဒါမှမဟုတ် “ဤခြံလုံးဝမရောင်းပါ” ဆိုပြီး စာရေးထားတာလေ အဲ့ဒါကရောင်းချင်လို့ရေးထားတာလား ဒါမှမဟုတ်တကယ်ကို မရောင်းချင်လို့ရေးထားတာလားဆိုတာ သိရင်ပြောကြပါအုန်း။

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 23, 2012 at 3:04 pm

    မင်္ဂလာပါ jullies cezer ရေ …

    ဂိုဒေါင်ရှင်းစနစ်ကတော့ ခေတ်ကောင်းတုန်းပဲ ရမယ် .. အခုတော့ လူတွေလည်း သိပ်မပိန်းတော့လို့(ခဏခဏခံရပြီးလို့) ချင့် ယုံတတ်နေပါပြီ ။ ဒီလို လုပ်စားလည်း ခဏလောက်ပဲ ရပ်တည်လို့ ရမယ် ။ လှည်းတန်းလို နေရာမျိုးက အခန်းငှားခတင် ခေါင်ခိုက်နေတာ … မရောင်းရတော့လည်း ၊ ရှိသမျှ အကြံကုန်သုံးပြီး ၊ ဒီလိုလေးတွေ ဂွင်ဆင်ရတာပေ့ါလေ ။
    လှည်းတန်းမှာနေတဲ့ မန်းလေးသူများလားဟင် .. ဘာရယ်မဟုတ်ဘူး စာရေးထားတာ ဖတ်ပြီးမေးကြည့်တာ … 🙄

  • jullies cezer

    October 23, 2012 at 3:08 pm

    ဦးဗိုက်ပြောတာမှန်တယ် သေတောင်ဂိုဒေါင်ရှင်းလို့ပြီးမယ်ဆိုင်မဟုတ်ဘူး
    အခုလည်း လမ်းမပေါ်ဂိုဒေါင်ရှင်းလုပ်လို့မရလို့ လမ်းကြားထဲရောက်လာတာ
    ဘာဖြစ်လဲ တရုတ်ဖိနပ်ရောင်းရင်ရောင်းတယ်ပေါ့ အများစုက ဈေးကြီးဖိနပ်
    ဝယ်မစီးနိုင်တဲ့လခစားတွေများပါတယ် ရိုးရိုးသားသားရောင်းလဲရပါတယ် အများစုကဈေးပေါတာပဲအလွယ်စီးနေကြတာပဲကို သူဂိုဒေါင်ရှင်းလုပ်မှပဲ
    ဝယ်ချင်စိတ်ကုန်သွားတော့တယ် …………….

  • jullies cezer

    October 23, 2012 at 4:21 pm

    ရွာထဲမှာစာဖတ်နေတာနှစ်နှစ်လောက်ရှိပါပြီ စာကတော့အခုမှပဲကြိုးစားပြီးရေးဖြစ်တာပါ လှည်းတန်းမှာနေတဲ့ ရန်ကုန်သူအစစ်ပါ မ etone ရေ ဘွဲ့တော့မထည့်တော့ဘူးနော်
    ဘွဲ့ထည့်လိုက်ရင်မောလို့ ကိုခင်ခဆီကရေသန့်ဝယ်သောက်နေရအုံးမယ်
    အမှန်တော့ ကျွန်တော်လို့ ပြောတတ်ပြီး ဗျာလို့ပဲထူးတတ်တာ
    အခုရွာထဲရောက်မှ ကျွန်မလို့မနည်းအကျင့်လုပ်ပြီးပြောနေရတယ်
    ဗျာဆိုတာကတော့ပြင်မရတော့ဘူး ဗျာလို့ထူးမှ ပြောမှအားရလို့ပါ……….

  • padonmar

    October 23, 2012 at 9:09 pm

    အဲဒီဆိုင် မြို့ထဲလည်းရှိတယ်လေ။
    မိဂီကိုတောင် သူ့မားကက်တင်းပို့စ်တစ်ခုမှာ မေးကြည့်မိသေးတယ်။
    သတင်းကောင်းတဲ့။အာရှစီးပွားရေးပျက်ကပ်ကြောင့် ဂိုဒေါင်ထဲက ပစ္စည်းတွေ ဈေးလျှော့ရောင်းပါသတဲ့၊
    အာရှစီးပွားရေးပျက်တာ ဝမ်းသာရမလိုလို။
    အမှန်တော့ ဖိနပ်လေးတွေက စီးပျော်ပါတယ်။ကြော်ငြာဖွင့်နေသံကြားရင် ဝင်ကြည့်ချင်စိတ်ပျောက်ပျောက်သွားတယ်။

  • မောင်ပေ

    October 23, 2012 at 9:41 pm

    ဂိုထောင်
    ပျိုကြောင်
    ဆိုကောင်
    လိုထောင်
    ဖိုအောင်
    ချိုပေါင်
    အိုရှောင်

  • THE MOON

    October 23, 2012 at 9:52 pm

    ၁၅လမ်းမှတ်တိုင်မှာတစ်ဆိုင်။သိမ်ကြီးဈေး-ကုန်ဈေးတန်းနားမှာတစ်ဆိုင်။ …………..
    ……တခြားမှာရှိသေးတယ်။ဂိုဒေါင်ကလည်းတကယ်ရှင်းတယ်ထင်ပါတယ်။
    တခြားနိုင်ငံကရောင်းမကုန်လို ့ဂိုဒေါင်မှာကျန်နေတာကိုမြန်မာပြည်မှာလာရှင်း
    နေတာမို ့အမြဲတမ်းဂိုဒေါင်ရှင်းဘဲဖြစ်နေမှာပါ။

  • Mလုလင်

    October 23, 2012 at 9:52 pm

    ပိုစ့်ပိုင်ရှင် ရေ….. နှစ်ဖက် လုံးကို မန့်ကြည့်မယ် နော့
    ဆိုင်ပိုင်ရှင်ဖက် ..
    ဆိုင်လခ ပေးရမယ်၊ အလုပ်သမား ခ ပေးရမယ်၊ မီတာခ နဲ့ ရေဖိုးပေးရမယ်၊ ဆိုင်းဘုတ်ခွန်၊ ပေကျော်ခွန် နဲ့ ကုန်သွယ်ခွန် ပေးရမယ်။ တစ်ပတ် တစ်ခါ လာရောင်းတဲ့ စာအုပ် နဲ့ ပြက္ကဒိန် ဝယ်ရမယ်။ မြတ်လား မသိ .. မမြတ်လား မသိ ကြိုပေးရတဲ့ အမြတ်ခွန် ပေးရမယ်။ ပေါ်ပင် အသစ် ထပ်တင်ရမယ်(တစ်ချို ့ က နှစ်ဆိုင် ခွဲဖွင့်ပြီး ဟိုဘက်ဆိုင် နဲ့ ဒီဘက်ဆိုင် အထည်တွေ လဲကြတယ်။) .. မယ် …. မယ် …… မယ် ……….. မယ်။
    ရာနဲ့ချီ တဲ့ ငွေအတွက် ဘယ်လောက် များ ပူရမလဲ ……

    ဈေးဝယ်ဖက် ..
    လခက မလောက် ရတဲ့ အထဲ ဖိနပ် က ဝယ်ရဦးမယ်…။ မရှိတဲ့ထဲက ဝယ်တာ စီးပျော် မှ ဖြစ်မယ်။ ဖိနပ် ဝယ်မယ် ဆိုမှ ဆိုင်တွေကများ .. ဖိနပ် တွေက များ .. ဘယ်ဟာက ကော်သက်တမ်း ကြော်နေသလဲ . ဘယ်ဟာက တိုက်ဆွေးလဲ . ဘယ်ဟာက ပြင်သစ် လဲ .. ဘယ်ဟာ က ….. ဘယ်ဟာက………… ဘယ်ဟာက ..။
    ချွေးနဲစာ အတွက် ဘယ်လောက်များ ပူရမလဲ ……….

    ကိုယ်တွေ့ အရ အကြံ ပေးရရင်တော့ …. ကောင်းတာလေး ပဲ ဝယ် စီးပါဗျို ့ …. သူ့ဘာသာသူ ဂိုဒေါင်ရှင်းချင်ရှင်း မရှင်းချင် နေ … စီးရတဲ့ ရက်နဲ့ ဖိနပ် ဖိုး နဲ့ တွက် ကြည့်ရင် တူတူ လောက် ပဲ မို့ …. ကောင်းတာ လေးပဲ ဝယ်စီးဖို့ အကြံ ပြုပါတယ်။

    ဒါနဲ့ … နေပါဦး …………. လှည်းတန်း ဆိုတာ ဟို ၄ လ နဲ့ ပြီးမယ် ဆိုတဲ့ တံတားကြီး ၆ လ ကျော်တာ တောင် Foundation က မတက် နိုင်တဲ့ နေရာလား ဗျ .. အာဟိ ..

  • uncle gyi

    October 23, 2012 at 10:36 pm

    ဂိုဒေါင်ရှင်းဆိုတာဈေးချိုတာမက်တဲ့သူတွေကိုပစ်မှတ်ထားတဲ့
    ဈေးရောင်းနည်းတမျိုးလို့ပြောလို့ရမယ်ထင်ပါတယ်
    များသောအားဖြင့်ဈေးချိုအောင်ရောင်းရလို့အဲဒီပစ္စည်းတွေကအဆင့်မမှီတာတွေများပါတယ်
    တကယ်ပြန်တွက်ကြည်ရင်ဈေးနည်းနည်းပိုပေးပြီးကောင်းတာဝယ်လိုက်တာကပို
    တွက်ခြေကိုက်ပါတယ်ဆီဇာ

  • aemoshu

    October 23, 2012 at 11:31 pm

    အဲ့ဒီဆိုင် မြေနီကုန်း ရတနာလမ်းထိပ်မှာလည်းတွေ့မိတယ်။ လှည်းတန်းက အဲ့ဒီဆိုင်က စဖွင့်ခါစကတော့ သူများဆိုင်တွေလိုပဲ စတိုင်နဲ့ ဖိနပ်ကလေးတွေ အစီအရီထားပြီးရောင်းသေးတယ်။ နောက်မှ အဲ့လိုဖြစ်သွားတာ။

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 24, 2012 at 11:33 am

    စည်ပင်အရောင်း ဥပဒေမှာတော့ အဲသလိုလုပ်ချင်ရင် စာတင်ရတယ်။ ဆိုင်ဖြုတ်တယ်၊ ဆိုင်သစ်ဖွင့်တယ်ဆိုလည်း စာတင်ပြီး ခွင့်ပြုမှ လုပ်ခွင့်ရှိတယ်။ ခဏခဏ လုပ်ချင်သူတွေက စာရွက်ပေါ် ပိုင်ရှင်အမည်ပြောင်း လက်လွှဲလုပ်ပြီး ဆေးလ်ဒစ်စကောင့်တွေ ပေးကြတယ်။ ရည်ရွယ်ချက်က လုပ်ငန်းလည်ပတ်စ နှစ်တွေမှာ အရှုံးပြခွင့်ပေးထားတာကိုး၊ ကိုယ်ကလျှော့ရောင်းလည်း စရိတ်အရှုံးပြရင် အခွန်သက်သာတယ်လေ။ မြန်မာပြည်မှာတော့ အဲလိုဟုတ်ပုံ မရဘူး။ စည်ပင်သာယာနဲ့ ဆိုင်မယ်ထင်တယ်။

  • ဒါမျိုးက ရွှေလီရောက်တုန်းကလဲ တွေ့ခဲ့တယ်။
    (ဆိုင်ပိတ်မည်ဖြစ်သည့်အတွက် ဆိုင်ပြောင်းမည်ဖြစ်သည့်အတွက်)ဆို ဗမာလိုရေးထားတာဗျာ။
    မန်းလေးမှာလည်းရောင်းတယ်။
    50%-70%လျော့ပေးတယ်ပေါ့
    ပုံမှန်တစ်သောင်းကျော်လောက်က လေးငါးထောင်နဲ့ရတယ်။
    ဝယ်တတ်ရင် အကောင်းရတယ်။်
    ကျနော်က တော့ အဲဒီလိုအချိန်ဆိုရင ်နှစ်ရံသုံးရံဝယ်ထားလိုက်တာ။
    ကံကောင်းလို့လားတော့ မသိ ခြောက်လလောက်တော့ ကောင်းကောင်းစီးရတယ်.။
    ဝယ်ချင်ရင်လာခဲ့လေ လိုက်ပို့ပေးမယ် နောက်နေ့ ပိုစ်တင်ပေးလိုက်အုံးမယ်။

  • နှင်းဆီ ငုံ

    October 24, 2012 at 3:10 pm

    myanmarcitizen ရေ
    ှ“ဤခြံလုံးဝမရောင်းပါ” ဆိုတာ မရောင်းချင်ပါဘူးဆိုမှ ခဏ ခဏ လာလာမေးကြလွန်းလို့ ချိတ်ရတာပါတဲ့
    ငုံလည်း ဘာပြောချင်တာလဲဆိုတာ မသေချာတာနဲ့ ချိတ်ထားတဲ့ အိမ်ကို ကိုယ်တိုင်မေးကြည့်လို့ သိရတာပါ…

Leave a Reply