Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“အဘိုး ပြောတဲ့ ပုံပြင်”

YE YINT HLAINGOctober 24, 20121min66319

ဟိုးရှေးရှေး တုန်းက အဘိုးအို နဲ့ မြေး လေး တစ်ယောက် ရှိတယ် ။ အဘိုးအို ဟာ အသက် အရွယ် ကြီးမြင့် လာပေမဲ့ သန်စွမ်း ကျန်းမာ ပြီး မျက်စိ၊ နား ၊ သွား စတာတွေဟာ အားနည်း ပျက်စီးမှု မရှိသေး တာကြောင့် သူချစ်တဲ့ မြေးယောက်ကျား လေးကို ချီပိုးပြီး အမြဲတစေ ထိန်းကြောင်း သွန်သင် နိုင်သတဲ့ ။ ညဘက် တွေ ရောက်ပြီ ဆိုရင်လည်း အဘိုးအို က မြေးငယ် ကို ပုံပြင် လေးတွေ ပြောပြ လေ့ ရှိတယ် ။ တည မြေးငယ်က” အဘိုး ပုံပြောပြ ” လို့ ဆိုလာတော့ ညစဉ် ညတိုင်း ပြောပြပြီး ဖြစ်တဲ့ ပုံပြင်တွေ က အများအပြား ရှိခဲ့ လေတော့ မြေးကို ပြောပြဖို့ ရာ ပုံပြင် အသစ် ကို စဉ်းစား မိပြီး ခါမှ တစ်ချက် တွေပြီး တွေးသတဲ့ ။ အဘိုး ပြောပြလေ လို့ မြေးငယ် က ထပ်ပြီး တောင်းဆိုလာမှ အင်း အင်း  အဘိုး ပြောပြမယ်  နားထောင်ကွဲ့ ဆိုပြီး အောက်ပါ ပုံပြင် တစ်ပုဒ် ကို ပြောပြပါတော့တယ် ။

မှတ်ချက် ။ ။ အပြင် မှာ လည်း အသက် ( ၆ဝ )  အဘိုး အရွယ် အဘ အရွယ် တစ်ဦး က အဆုံးအမ နဲ့ ဗဟုသုတ အလို့ငှါ ငယ်စဉ်က ကျွန်တော် တို့ကို ပြောပြခဲ့ တာပါ ။ အကြောင်း အရာပါ အချက်တွေမှာ ကျွန်တော် မှတ်မိ သလောက် ပြန်ရေး ပြ ရတာမို့ အမှား ပါခဲ့ ရင် ပြည့်စုံမှု မရှိခဲ့ရင် အမှားကြီး ဖြစ်နေခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါ ။

ဟိုး ရှေးရှေးတုန်း က ပေါ့ မြေးရယ် —- မြို့ကြီး တစ်မြို့ မှာ မြင့်မြတ်တဲ့ အမျိုးသမီး တစ်ဦး ဟာ ထူးခြားမြင့်မြတ် တဲ့ သား ရတနာ လေး တစ်ပါးကို ဖွားမြင် သတဲ့ ။ အဲဒီ သားတော် လေးဟာ ငယ်စဉ် ကလေး ဘဝ အရွယ် က စလို့ လိမ်မာ ယဉ်ကျေးပြီး တွေးခေါ် ဆင်ခြင် စဉ်းစားမှု ပြုနိုင်တဲ့ ညဏ်ရည် ထူးလည်း ရှိသတဲ့ ။ တနေ့ မှာ သားတော် လေးဟာ သူ့ရဲ့ ပတ်ဝန်း ကျင်က လူတွေ နဲ့ သက်ရှိ တွေကြည့်ပြီး ဘာကြောင့် တပြေးညီ တပုံစံ တည်း မရှိ ကြပဲ သူကတော့ ဆင်းရဲတယ် သူ့ကျတော့ ချမ်းသာတယ် ၊ သူကတော့ ကိုယ်လက် အင်ဂါ ပြည့်စုံတယ် ၊ သူ့ကျတော့ ပိန်ချုန်း ချိနဲ့ ပြီး ခြေ လက်တွေ မပြည့်စုံဘူး —- ဒါ — ဘာ့ကြောင့် လဲ လို့ တွေးတော ဆင်ခြင် မိပြီး အဖြေ ရှာမရ ဖြစ်နေသတဲ့ ။ ဒါကြောင့် နီး
ရာလူတွေ ကို သူက မေးတယ် ။ သူ မေး သမျှ လူတွေ အားလုံးမှာ တချို့ က တူညီ တဲ့ အဖြေ တစ်ခု ပဲ ပေးလာ ကြသလို တချို့က ဒီမေးခွန်း မျိုးကို မမေးဖို့ တားမြစ်ကြသတဲ့ ။ သူ ရ ခဲ့ တဲ့ အဖြေ ကလည်း ကျေနပ် လောက်တဲ့ အဖြေ မဖြစ်လေတော့ သားတော် လေးဟာ တအုံနွေးနွေး နဲ့ တစ်ယောက် တည်း ကျိတ်ပြီးတွေးနေသတဲ့ ။ တနေ့ မှာ အဲဒီမြို့ ကို တိုင်းတပါး က ကုန်သည် တွေဟာ ရောင်းဝယ် ဖောက်ကားဖို့ ရောက်လာကြတယ် ။ ဒီတော့ သားတော် လေးဟာ သူ့မြို့ သူ့နေရာက လူတွေ ကို မေးလို့ မရ တဲ့ သူ့ရင်ထဲက မေးခွန်း တွေ ကို အခြားတပါး အရပ် က လာတဲ့ တိုင်းတပါး သား ကုန်သည် တစ်ဦး ကို မေးသတဲ့ ။ သားတော် လေး ရဲ့ မေးခွန်း ကို ကုန်သည်တစ်ဦး က ဒါတွေ အားလုံး ဟာ ကာယကံရှင် တွေ အားလုံးရဲ့ ပြုခဲ့ သမျှ ကောင်းမှု ၊ မကောင်းမှု ကံတွေ ရဲ့ အကျိုးဆက်တွေ ကြောင့်ပဲ လို့ ဆိုပြီး ကံ အကြောင်း တရား တွေ နဲ့ ရှင်းလင်း ဖြေကြားသတဲ့ ။ တချို့ သူမဖြေ နိုင်တဲ့ အကြောင်း အရာ မေးခွန်းတွေ ကိုတော့ ကုန်သည် အားလုံး ရဲ့ ခေါင်းဆောင်သူ ကို မေးမြန်း နိုင်ဖို့ သားတော် လေးနဲ့ တွေပေးသတဲ့ ။ ကုန်သည် ခေါင်းဆောင် ဟာ သားတော်လေး မေးသမျှ ကို အသေးစိတ် အချက် အလက် ကျကျ ဖြေဆို ပေးပြီးတဲ့ နောက်မှာတော့ သားတော် လေးက ဒီ အသိညဏ်ပညာ တွေကို  ဆည်းကပ် ကိုးကွယ် သင်ယူ ပါရစေ ။ ပြီးတော့ သင့်မှာကော ညွန် ပြ ဆုံးမ ပေးသူရှိပါသလား လို့ မေးသတဲ့ ! ဒီတော့ ကုန်သည် ခေါင်းဆောင် က သူနေထိုင်တဲ့ တိုင်းပြည် မှာ ဒီထက် မက ကျယ်ဝန်း နက်ရှိုင်းတဲ့ အသိညဏ်ပညာတွေ ကို ဖြစ်စေတဲ့ တရားတော်တွေ ကို အသက်မက မြတ်နိုး စွာ ဆည်းကပ် ကိုးကွယ် စောင့်ရှောက်မှု ပြုပြီး တရား တော်တွေရဲ့ အဆုံးအမ အတိုင်း နာယူ ကျင့်ကြံ အားထုတ်နေကြတဲ့ သူတော်စင် ရဟန်း တွေ အများ အပြား ရှိတယ်လို့ ပြန်ဖြေတယ် ။ ဒီတော့ အဲဒီ တရားတော်တွေ ကို ဘယ်လို ဆရာ အရှင် က သွန်သင် ညွန်ပြ သလဲ လို့ မေးပြန်တယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ( – ) လောက်က ဘုရားရှင် သက်ရှိ ထင်ရှား ပွင့် တော်မူခဲ့ပြီး ဆုံးမ ဟောကြား တော် မူခဲ့တယ်လို့ ထပ်မံ ဖြေကြားလေတော့ သားတော် လေးဟာ ကုန်သည် တွေ နေထိုင် တဲ့  တိုင်းပြည် ကို လိုက်ပါနေထိုင် လိုစိတ် ဖြစ်ပေါ် လာပြီး သူ့ကို အပြန်ခရီးမှာ ခေါ်ယူ သွားဖို့ တောင်းဆိုသတဲ့ ။

ဒါပေမဲ့ ကုန်သည် ခေါင်းဆောင် ဟာ အရွယ်ငယ် သေးတဲ့ သားတော် လေးကို ရှည်လျှား ခက်ခဲ ကြမ်းတမ်းတဲ့ ခရီး ရှည် မှာ ခေါ်ယူ ဖို့ ငြင်းဆို သတဲ့ ။ သားတော်လေး ကလည်း ပြင်းပြတဲ့ စိတ်ရဲ့ အလို အရ အကြိမ်ကြိမ် အဖန်ဖန် တောင်းဆိုလာတော့ နောက်ဆုံး တိုင်းပြည် အပြန် ခရီးမှာ ခေါ်သွားခဲ့တယ် ။ ကုန်သည် တွေ ရဲ့ တိုင်းပြည် ကို ရောက်တော့ သားတော်လေး ဟာ ကိုရင်လေး ဖြစ်လာတယ် ။ နောက်တော့ ဦးဇင်းတပါး ဖြစ်လာပြီး တရားတော် တွေရဲ့ အဆုံး အမ အတိုင်း နာယူ ကျင့်ကြံ ပွါးများ အားထုတ် လာရင်း ကနေ တနေ့ — သူမွေးဖွား ကြီးပြင်းခဲ့ ရာ သူ့တိုင်းပြည် သူ့မြို့ ကို ပြန်ပြီး ဒီတရားတော်တွေ ကို ဟောပြော လမ်းညွန် ပြသနိုင်ဖို့ အချိန်တန်ပြီ လို့ ဆင်ခြင် မိတော့ ရဟန်း ဆရာရှင် တွေရဲ့ ထံမှာခွင့်ပန်သတဲ့ ။ ခွင့်ပြု ချိန်မှာတော့ ဤသို့ ရဟန်း သွင်ပြင် နဲ့ အရှင့် နေရပ်ထံ ပြန်ခြင်းထက် သာမန် လူတို့ကဲ့သို့ ဝတ်စားဆင်ယင် ခြင်း က နေရပ်ထံ ပြန်မဲ့ အရှင့် အတွက် အသင့်လျှော် ဆုံးပါ လို့ ရဟန်း အချို့ က အကြံ ပြုသတဲ့ ။

ဒီလိုနဲ့ နေရပ် အပြန်ခရီး ရှည်ကြီးရဲ့ လမ်းတလျှောက်မှာ တရားတော် တွေကို မစ်တာ တရား လက်ကိုင်ထား လို့  ဟောကြားလာရင်း ကနေ နာမကျန်း ဖြစ်သူတွေ သောက မီးကြီး တောက်လောင် နေသူတွေဟာ သားတော် ( ရဟန်း ) ရဲ့ အဆုံးအမ တရားတော်တွေ ကြောင့် ငြိမ်းအေးချမ်းသာမှု ရကြသလို ဆည်းကပ်ကိုးကွယ် လိုသူတွေက တပည့်ခံကာ နောက်လိုက်ပါလာကြရင်း တစ တစ များပြားလာတဲ့ လူအုပ်ကြီး တွေကို စုစည်းမိသလိုဖြစ်ပြီး တရားတော်တွေ ကို ဟောကြားနိုင်ခဲ့သတဲ့ ။ ဒါကို မင်းလုပ် အုပ်ချုပ်သူတွေနဲ့ သူတို့နဲ့ ဆက်နွယ်နေတဲ့ သူဌေး သူကြွယ် တွေဟာ တော်လှန်ဖို့ လုယက်သိမ်းယူ ဖို့ လူထု ကို စုစည်းတယ် ။ လူ အုပ်ကို ဖန်တီးတယ် လို့ မြင်ကြတယ် ။ ဒီတော့ ဦးဆောင်သူ သားတော် ကို ဖမ်းဆီး လို့ သေဒဏ်သာ အပြစ်ပေးမှ ထိုက်တန်တယ် လို့ ဆုံးဖြတ်ကြသတဲ့ ။ အဲဒီ အဆုံး အဖြတ်အတိုင်း ပဲ စီရင်ခဲ့ကြ တာပေါ့ ။ ဒီလိုစီရင်ပြီး နောက်ပိုင်းမှာ သားတော်ရဟန်း ရဲ့ ရုပ်အလောင်း ဟာ သေလွန် ပြီး နောက်မှာ အရောင်အလင်း တွေ ထွက်သတဲ့ ။ ပြီးတော့ သားတော် ရဟန်း မရှိတော့တဲ့ နောက်ပိုင်းမှာ ဟောကြားထားခဲ့တဲ့ တရားတော်တွေ ကို နာယူမှတ်သား ထားခဲ့ကြသူတွေက ပြန်ပြီး ဟောပြောသွန်သင် ဆုံးမ ခဲ့ကြတာကြောင့် ဒီတရားတော် တွေ ကို နာယူမှတ်သားလိုက်နာကျင့်ကြံကြသူတွေဟာ မစ်တာ ၊ ဂရုဏာ နဲ့ စာနာစိတ် အင်မတန် ထားနိုင်ကြတယ် မြေးရဲ့ ! ဒါကြောင့်  သူတို့တွေဟာ အင်မတန် ကြီးကျယ် မြင့်မြတ် တဲ့ မွန်မြတ်တဲ့ လုပ်ငန်းတွေကို အကောင်အထည် ဖော်လုပ်ကိုင်နိုင်ခဲ့ကြတယ် ။

တချိန်လုံး ငြိမ်သက်စွာ နားထောင်နေ ခဲ့တဲ့ မြေးငယ် က  ဘာဖြစ်လို့ အလင်းရောင်တွေ ထွက်တာလဲ အဘိုး လို့ မေးလာတော့ —- သူတော်စင် ရဟန်းတာ တပါးဖြစ်လို့ပေါ့ မြေးရယ် — ဘုရားရှင် လက်ထက် က တန်ခိုး အရာမှာ ဘုရားရှင် ပြီးရင် အမြင့်ဆုံး ဖြစ်တဲ့ လက်ဝဲတော်ရံ ဟာ အတိတ်ဘဝ က အမိအဖ ကို ခိုးသားယောင် ဆောင်ပြီး သတ်ခဲ့တဲ့ ကံကြွေး အချိန်တန်လာတော့ ခိုးသားငါးရာ ရဲ့ ရိုက်နှက် သတ်ဖြတ်တာကို ခံပြီး ဆပ်ခဲ့တယ် ။ သေလွန်တော့ အခုလို အရောင် အလင်း တွေနဲ့ပဲ ပရိနိဗ်ဗန် ပြုခဲ့တယ်မြေးရဲ့ ။ ကျန်တာတွေ ကိုတော့ အဘိုး နောက်မှ မြေး ကိုပြောပြမယ် ။ ခုတော့ အဘိုး မြေးလည်း အိပ်ချိန်တန်ပြီဆိုတော့ အိပ်တော့ မြေးလေးရေ —- တချိန်လုံး မျက်တောင်လေး ပုတ်ခတ် ခါ ငြိမ်သက်စွာ နားထောင်နေခဲ့တဲ့ မြေးငယ်က အဘိုး ဖြစ်သူရဲ့ စကားကြောင့် မျက်ဝန်းများ ပိတ်၍ အိပ်စက်လေတော့သတည်း ။

ဖတ်ရှူအားပေးကြသူများအား ကျေးဇူးပါခင်ဗျား
ရဲရင့်လှိုင်

19 comments

  • garuda

    October 24, 2012 at 5:38 pm

    လက်ဝဲတော်ရံ ဆိုတော့ ရှင်မောဂ္ဂလာန် ထင်ပါရဲ့ဗျာ။ ပုံပြောကောင်းတဲ့ ဖိုးဖိုးရထားတော့ ကံကောင်းတာပေါ့ဗျာ။

    • YE YINT HLAING

      October 24, 2012 at 5:52 pm

      အဦးဆုံး မန့်ပေးသူအနေ နဲ့ ကျေးဇူးပါဗျို့ ! လက်ဝဲတော်ရံ ရှင် မဟာ မောဂ္ဂလာန် အမှန်ပါပဲ ။

  • မောင်ပေ

    October 24, 2012 at 10:04 pm

    ဒီခေတ် ကလေးတွေ ဆယ်ကျော်သက်တွေအတွက်
    ကောင်းနိုးကောင်းရာ ဖတ်စရာ တွေကို အဆက်မပြတ် ဖတ်ချင်စရာဖြစ်အောင် ရေးပေးရမယ်ဗျို ့

    • YE YINT HLAING

      October 24, 2012 at 11:45 pm

      ကိုပေရဲ့ ပုံပြင် ကို တြွေ.ပီး ပုံပြင် ရေးဖြစ်သွားတာဗျ ! မှတ်မိတာ လေးတွေ ရှိပါတယ် ။ အချိန်ရတာနဲ့ ရေးကြည့်မယ်ဗျာ !

  • padonmar

    October 24, 2012 at 10:10 pm

    ကိုရဲရင့်
    ခရစ်တော် ယေရှု ဇာတ်လမ်းလို့ ထင်ပါတယ်။

    • YE YINT HLAING

      October 25, 2012 at 12:07 am

      မမှား ပါဘူး ဆရာမ ရေ ! အဘိုး ရဲ့ ကိုယ်ပိုင် အမြင် လား ? တခြား ကနေ သိတာလား ဆိုတာကိုတော့ ကျွန်တော် မမေးခဲ့ မိဘူး ! ဘာသာ တစ်ရပ် နဲ့ တစ်ရပ် မှာ ရှိတဲ့ နူးညံ့သိမ်မွေ. မှု နဲ့ တူညီ နေတဲ့ အခြေခံ မစ်တာ ၊ ဂရုဏာ နဲ့ စာနာမှု တရားတွေ မှာ ပေါင်းကူး ကွန့်မြူးလာတဲ့ အတွေးအမြင်တွေ လား အမှန်တကယ် ဖြစ်ခဲ့တာလား ဆိုတာကို တော့ သမိုင်းသုတေသီ တွေ ပဲသိနိုင်သလို သူတို့ ထုတ်ဖော်ပြောကြားမှသာ အဖြစ်မှန်ကို အတည်ပြုနိုင်တဲ့ အရာမို့ ဂျေရုစလင် တို့ တိဘက် တို့ ဘီစီ ခုနှစ်တွေ တို့ ဆင်ခြင်မေးခွန်းတွေ တို့မှာ ထည့်မရေးခဲ့တာပါ ။

      • ဒီစာထဲမှာပါတဲ့ရှေ့ပိုင်းလေးကတော့
        1975ခုနှစ်လောက်မှာ ကျနော်ဖတ်ဘူးခဲ့တဲ့စာအုပ်ထဲကအကြောင်းအရာနဲ့ဆင်တူပါတယ်။
        ဂျာမန်သုတေသီတစ်ဦး က ရေးထားတာကို ဘာသာပြန်ထားတဲ့စာအုပ်ထဲမှာပါ.။

        အဲဒီဇာတ်လမ်းမှာ ကလေး လေးမေးတဲ့မေးခွန်းက
        “ဘုရားသခင်က လူတွေကို တူညီစွာမေတ္တာထားတယ်ဆိုပြီး အချို့အဆင်းလှအချို့်အဆင်းမလှ
        အချို့ဆင်းရဲ အချို့ချမ်းသာ ဖြစ်နေတာဘာကြောင့်လဲ”လို့မေးတာကို သူကျေနပ်အောင်ဖြေနို်င်သူမရှိပါဘူးတဲ့။
        အတိုပြောရရင် တိဘက် ကလာတဲ့သားမွှေးကုန်သည်တွေက ဖြေနို်င်သူရှိတယ်ဆိုခေါ်ပြီး
        ဘုန်းကြီးတွေနဲ့တွေ့ တော့ ကံ ကံ၏အကျိုးတရားနဲ့ရှင်းပြတော့လက်ခံပြီး ရဟန်းဖြစ်သွားပါသတဲ့။
        ဘွဲ့နာမယ်ကတော့ အရှင်ဇီဝကိရိတ (အသက်များကိုစောင့်ရှောက်သူ)ပါတဲ့.။
        ကျနော်မှတ်မိတာလေး ပြန်ပြောပြတာပါ.။
        စာအုပ်နာမယ်ပြန်မပြောနို်င်တာကတော့ခွင့်လွှတ်ပါ။

  • ကိုခင်ခ

    October 24, 2012 at 11:36 pm

    ကိုရဲရင့်လှိုင်ရဲ့ ပုံပြင်လေးဖတ်ပြီး ကျွန်တော်လည်းအင်နက်လေးပိတ်လို့ အိပ်တော့ မယ်ဗျာ။(11:35 PM)

    • YE YINT HLAING

      October 24, 2012 at 11:48 pm

      good night ပါ ကိုခ- ရေ !

  • Mobile

    October 24, 2012 at 11:44 pm

    ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့တဲ့ အမေးအဖြေများဖြစ်ပါတယ်
    မေးခွန်း ရ ချက်ရှိပါတယ်
    ၁။ ဘာကြောင့် အသက်တိုရသလဲ
    ၂။ ဘာကြောင့် အနာရောဂါများရသလဲ
    ၃။ ဘာကြောင့် ဆင်းရဲရသလဲ
    ၄။ ဘာကြောင့် အခြွေအရံအပေါင်းအသင်းနဲ ရသလဲ
    ၅။ ဘာကြောင့် သူများထက် အသိပညာ ဗဟုသုတနဲပါး ရသလဲ
    ၆။ ဘာကြောင့် ရုပ်ဆိုးရသလဲ
    ၇။ ————————————
    လို့ သုဘလုင် ကမြတ်စွာဘုရားရှင်ကို မေးမြန်းတော်မူခဲ့ဖူးပါတယ်။
    အဖြေ
    ၁။ သူတစ်ပါးရဲ့ အသက်ကိုသက်ဖြတ်ခဲ့တဲသူဟာ အသက်တိုရတယ်
    ၂။ သူတစ်ပါးကို နာကျင်အောင် ပြုလုပ်ခဲ့တဲသူဟာ အနာရောဂါများရတယ်
    ၃။ သဒ္ဒါတရားနည်းပါးတဲ့သူဟာ ဆင်းရဲတယ်
    ၄။ သူတစ်ပါးကောင်းစားတာကို မနာလိုဝန်တိုတတ်တဲ့လူ ဟာအခြွေအရံအပေါင်းအသင်း နဲရတယ်
    ၅။ မိမိ မသိတာကို မသိတဲ့အတိုင်း မမေးမမြန်း တက်တဲ့လူဟာ အသိပညာဗဟုသုတ နဲရတယ်
    ၆။ ဒေါသ ကြီးတဲ့သူဟာ ရုပ်ဆိုးရတယ်
    ၇။ ———————————–
    လို့ ဗုဒ္ဒကဟောကြား ညွှန်ပြဆိုဆုံးမခဲ့ပါတယ်။
    မှတ်ချက်။ ။ နံပါတ် ရ အချက်မှာ ကျနော်မေ့နေလို့ပါဗျာ။ သိတဲ့လူက ပြောပြပေးပါဦး
    မှားတာပါရင်လဲ ပြင်ဆင်ပေးပါဦး။

    • YE YINT HLAING

      October 25, 2012 at 12:14 am

      ကျွန်တော် လည်း မသိလို့ နံပါတ် ( ရ ) ကိုသိတဲ့သူတွေ ပြောပေးပါဦး !

  • padonmar

    October 25, 2012 at 12:16 am

    အမျိုးမြတ်တာနဲ့ အမျိုးယုတ်တာပါ။
    မာနမရှိရင် အမျိုးမြတ်ပြီး မာနရှိရင် အမျိုးယုတ်ပါတယ်တဲ့။
    ရ စုံ ၁၄ ချက်ပါ။
    ဒီမှာဖတ်လို့ရပါတယ်။

    http://zawhtetnain.multiply.com/journal/item/47

    • YE YINT HLAING

      October 25, 2012 at 12:52 am

      ဦးဇင်း တစ်ပါး ရဲ့ မန့် မှာ ရေးသူ ကော ဖတ်သူပါ ကုသိုလ် ရတယ်လို့ ဆိုထားပါတယ် ။ ကိုမိုဘိုင်း တို့ ဆရာမတို့ ကျွန်တော်တို့ စာဖတ်သူ တွေလည်း အတူတူပဲ ပေါ့ဗျာ ! ချက်ချင်းတင်ပေးလာတဲ့ ဆရာမ ကို ကျေးဇူးပါ ။

    • အရီးခင်လတ်

      October 25, 2012 at 4:32 am

      အစ်မပဒုမ္မာ
      ဦးညွတ်ပါတယ်ရှင်။
      ယေရှူဇာတ်လမ်းလဲ သိတယ်။
      ဗုဒ္ဓတရားတွေကိုလဲ စာကြေတယ်။

      မောင်ရဲ ရေ
      မင်းအမေ ကျန်းမာရေး အတွက်လဲ ဆုတောင်းပေးပါတယ်။
      မင်းရဲ့ စိတ်ချမ်းသာပျော်ရွှင်ရေးအတွက်လဲ ဆုတောင်းပေးပါတယ်နော်။
      ဆန္ဒတွေပြည့်ဝပြီး အောင်မြင်မှုတွေ ရပါစေကွယ်။

    • weiwei

      October 25, 2012 at 10:34 am

      ဖားအောက်တောရဆရာတော်ရေးတဲ့ စိတ်ဓါတ်ပြုပြင်ပြောင်းလဲရေး တရားဒေသနာတော် စာအုပ်ထဲမှာ ရ စုံ ၁၄ ချက်ကို အသေးစိတ်ရေးထားပါတယ် … ဘဝတွေကို ပန်းချီနဲ့ ခိုင်းနှိုင်းပြထားတာ အရမ်းကောင်းလွန်းလို့ ဖတ်မိတဲ့အခါတိုင်း ကြက်သီးမွေးညှင်းထလောက်အောင် ခံစားမိပါတယ် …

  • Hnin Hnin

    October 25, 2012 at 2:07 am

    ပုံပြင်လေးက ရည်ရွယ်ချက် ကောင်းပါတယ်…
    ‘တစ်ထောင့်တစ်ည ပုံပြင်’ လိုဖြစ်ရင်ကောင်းမှာနော်…
    အခန်းဆက်တွေ ဆက်ဆက်သွားတာမျိုးပေါ့…တွေးမိတာပါ….

  • kyeemite

    October 25, 2012 at 11:45 am

    အပေါ်ကပုံပြင်ဆန်ဆန်ဇတ်လမ်းလေး အမှန်ရှိခဲ့တယ်လို့
    သေသေချာချာကိုဖတ်ဖူးပါတယ်…
    ဘာသာရေးနဲ့နွယ်နေလို့ ဝင်မရှည်၊ဝင်မပွားတော့ပါ။
    :buu:

  • အလင်းဆက်

    October 26, 2012 at 8:51 pm

    ဒီ ပိုစ့်ကိုလည်း..ထုံးစံ အတိုင်းဗျို ့။
    သိမ်းလိုက်ပြီ ။

    တားတားနဲ ့
    ချစ်တုဝေ လေးနဲ ့
    အိမ်ထောင်တွေ..ဘာတွေ .ကျပြိး..
    သားသား မီးမီးလေးတွေ…ရလာရင်…
    ပြန်ပြောပြဖို ့…။

    :kwi:

Leave a Reply