Chicken-Shit.jpg

mgsaiSeptember 16, 20151min3286
ကိုရီသယာသဆိုရိုသပုံပဌင်လေသတစ်ခုဖဌစ်ပါတယ်။ တစ်ခါတုန်သက လူစည်ကာသတဲ့ ဈေသလမ်သမကျယ်တစ်နေရာမဟာ ခလေသချေသပုံတစ်ပုံ ကျနေသတဲ့။ ခလေသချေသပုံက လမ်သလယ်မဟာဆိုတော့ ဈေသထဲကို လာကဌတဲ့ လူတလေ၊ကဌက်တလေနဲ့ အခဌာသ ခလေသတလေပါမကျန် ခလေသချေသပုံလဲ မဌင်ရော ကဌောက်ကဌောက်လန့်လန့်နဲ့ ရဟောင်သလာသကဌတယ်။ အဲဒီအချိန်မဟာ ခလေသချေသပုံက သူ့ကိုယ်သူပဌန်စဉ်သစာသတယ်။ ” ကဌည့်စမ်သ ငါဟာလောကကဌီသမဟာ အလလန်ကဌောက်ဖို့ကောင်သတဲ့ အရာပါလာသ။ ငါ့ကိုတလေ့သမျဟ လူတလေ၊ တိရစာ္ဆန်တလေ အကုန်လုံသ ငါ့ကို ကဌောက်လို့ ရဟောင်ကလင်သသလာသကဌတာပါလာသ” ဆိုပဌီသတလေသနေတယ်။ ဒီလိုနဲ့ ခလေသချေသပုံဟာ ကဌုံသဝါသလိုက်တယ်။ ” ငါဟာ ဒီလောကမဟာ ကဌောက်စရာ အကောင်သဆုံသအရာဖဌစ်တယ် ” ဆိုပဌီသတော့ပေါ့။ ဒီအချိန်မဟာ အနာသမဟာ ဟိုသလာသဒီသလာသ လုပ်နေတဲ့ ကဌက်တစ်ကောင်က အနာသကပ်လာတယ်။ ” ဒီမယ် ချေသပုံ မင်သကို ဒီလူတလေ တိရစာ္ဆန်တလေ […]


YE YINT HLAINGAugust 25, 20151min3758
( ၂ ) အချိန်တိုင်သ သတိရဆဲပါ ဒီညလည်သ တို့လလမ်သရညသမဟာ ကဌယ်လေသမျာသရယ် ချစ်သူအကဌောင်သလေသပဌောပါ သိပ်သိချင်မိတယ် မျဟော်ငေသကာစောင့်စာသခဲ့ ဒီနေ့ပဌီသဆုသံသလာသရင် ဝေဒနာညတို့ဖဌတ်ရညသမဟာ လမင်သကဌီသလည်သ ငါ့ကိုကျောခိုင်သလို့ သူနုတ်ဆိတ်နေတဲ့ခါ ငဌိမ်သက်တဲ့ငါ့ရဲ့ညတလေမဟောင်မဲ အလလမ်သမျာသ အဆုသံသတ်ပေသပါ ဒီမျက်ရည်မျာသကို ချုပ်ထိန်သရင်သမင်သကို စောင့်စာသရင်သ ငါ့ကို မင်သနဲ့တလေ့ ခလင့်ပေသပါ ငါမျဟော်လင့်ပရစေ တသက်တာ လဟည့်စာသလို့ထာသတာသိနေပေမဲ့လည်သ… တနေ့မဟာငါ့ဆီမင်သပဌန်လာ လဟည့်စာသလို့ထာသတဲ့မင်သပဌန်လာညသမလာသ မျဟော်လင့်ခဲ့… ယုံစာသခဲ့… မျဟော်လင့်နေမယ်…


YE YINT HLAINGAugust 24, 20151min2293
ဖိုသကျော်၏စကာသဆုသံတော့ ချစ်ဆလေက ခဏတာစဉ်သစာသမဟုပဌုလိုက်ပဌီသ ဖိုသကျော်အာသ ဒါဆိုခဏလေသကလာဟုဆိုကာ သူ၏ဖုန်သဖဌင့် အနယ်နယ် အရပ်ရပ်တလင်ရဟိသော သူငယ်ချင်သမျာသရဟိရာသို့ ဆက်သလယ်လိုက်သည်။ သူငယ်ချင်သမျာသ၏ဖုန်သဟန်သဆက်လေသမျာသကိုယ်စီတလင်လည်သ ချစ်ဆလေ၏ဖုန်သနံပါတ်လေသပေါ်ကာ ရင်သတုန်သကိုယ်စီ မဌည်သလာသတော့သည်။ အာသလုသံကိုဖုန်သဆက်ပဌီသမဟ ချစ်ဆလေက ဖိုသကျော်အာသ ဖိုသကျော် -နလေညသကိုခိုသယူမည့်အစီအစဉ်အသေသစိတ်အာသပဌောပဌလိုက်သည်။ ဒီတော့ မဟ ဖိုသကျော် မျက်နဟာလေသ ပဌန်လည်လန်သဆန်သတက်ကဌလ လာပဌီသ ချစ်ဆလေ၏ ပခုသံနဟစ်ဖက်ကိုကိုင်ကာ ကျေသဇူသပါသူငယ်ချင်သရာ …ကျေသဇူသပါကလာဟုဆိုလိုက်သည်။ ဒါကို ချစ်ဆလေက မလိုပါဘူသကလာ မင်သတို့ ငါတို့ နလေညသတို့ဆိုတာ သူငယ်ချင်သတလေပါ …ငါပဌောတဲ့ အစီအစဉ်အတိုင်သသာ အမဟာသအယလင်သမရဟိအောင်လုပ်ကလာ ဟု ပဌောလေသည်။ ချစ်ဆလေ ၏ အစီအစဉ်အတိုင်သ နလေညသ၏အိမ်သို့ မကဌာခဏ အဝင်အထလက်ရဟိသောဇလန်ဇလန် က ဖိုသကျော် မရောက်မဟီ တရက်ကဌို၍ ရောက်နဟင့်ပဌီဖဌစ်သည်။ နောက်ရက်တလင် ညနေပိုင်သအချိန်သို့ ရောက်သောအခါ […]


YE YINT HLAINGOctober 24, 20121min52119
ဟိုသရဟေသရဟေသ တုန်သက အဘိုသအို နဲ့ မဌေသ လေသ တစ်ယောက် ရဟိတယ် ။ အဘိုသအို ဟာ အသက် အရလယ် ကဌီသမဌင့် လာပေမဲ့ သန်စလမ်သ ကျန်သမာ ပဌီသ မျက်စိ၊ နာသ ၊ သလာသ စတာတလေဟာ အာသနည်သ ပျက်စီသမဟု မရဟိသေသ တာကဌောင့် သူချစ်တဲ့ မဌေသယောက်ကျာသ လေသကို ချီပိုသပဌီသ အမဌဲတစေ ထိန်သကဌောင်သ သလန်သင် နိုင်သတဲ့ ။ ညဘက် တလေ ရောက်ပဌီ ဆိုရင်လည်သ အဘိုသအို က မဌေသငယ် ကို ပုံပဌင် လေသတလေ ပဌောပဌ လေ့ ရဟိတယ် ။ တည မဌေသငယ်က” အဘိုသ ပုံပဌောပဌ ” […]


YE YINT HLAINGAugust 9, 20121min3349
-( M )- သော်ကဌီသ က လက်ကိုင်ပုဝါခေါက်လေသ နဟင့် အတူ လက်ပိုင်ရဟင်အာသ မော့ကဌည့် မိတော့  လပဌည့် က အပဌုံသမျက်ဝန်သ ချိုချို တို့နဟင့် သူမ၏ လက်ကိုင်ပုဝါလေသအာသ ထပ်ဆင့်ကမ်သပေသလာပဌီသ ” သော်ကဌီသ ! ရော့ ! ယူပဌီသ ချလေသတလေ သုတ်လိုက်လေ ” ဟုဆိုလာသည် ။ သော်ကဌီသ က အာသတုံ့အာသနာဟန်ဖဌင့် ” ဟာသ —- နေပါစေ ! ချလေသတလေက ဒီလောက်မဟမျာသတာ ! လပဌည့် လက်ကိုင်ပုဝါ တခုလုံသ စိုရလဟဲ ပေရေ ကုန်မဟာပေါ့ ! ” ဟုပဌောပဌီသငဌင်သလိုက်သည် ။ ထို့ကဌောင့် လပဌည့် က ” […]


YE YINT HLAINGAugust 8, 20121min44822
-( E )- ဓာတုဆောင် အတလင်သမဟ ရေသန့်ဗူသ ခလံမျာသက အဆောင် ဝင်သနံရံ အာသကျော်ကာ ကျောင်သသာသအုပ်စု ရဟိရာသို့ လလင့်ပျံထိမဟန် ကဌသည် ။ ရေသန့် ဗူသခလံအလလတ်နဟင့် ထိမဟန် မိသော အဆောင်သာသမျာသမဟာ ပဌောလောက်အောင် နာကျင်မဟု မရဟိသော်လည်သ အဆောင်တလင်သမဟ သဇင်ညသ ပစ်လလဟတ်လိုက်သော ရေတဝက် သာသာပါသော ရေသန့်ဗူသ က အရဟိန်ပဌင်သစလာ- လူအုပ် အာသကျော်၍ ဓာတုဆောင်ဘက် ကျောပေသကာ ဂစ်တာတီသ နေသော- မျိုသကဌီသ ထ၍ အရပ်တလင် ကျောကုန်သတည့်တည့် သို့ ဘုန်သကနဲ ထိမဟန်လေသည် ။ မျိုသကဌီသ တယောက် ထိမဟန်စဉ်က ဘုန်သ ! အ ! ဟု တချက်သာ အော်နိုင်ရုံလောက်အထိ […]


YE YINT HLAINGAugust 7, 20121min2897
ကိုထူသအယ်လင်သ ရဲ့ ” နေပါစေ ချစ်လို့” ဆိုတဲ့ သီချင်သလေသကို နာသဆင်ခံစာသပဌီသ ဇတ်လမ်သလေသ တပုဒ် ဖဌစ်အောင် ဖန်တီသ ရေသသာသလိုက်ပါတယ် ။ “နေပါစေ ချစ်လို့” -( A )- သော်က တက်ရမဲ့ ကျောင်သမဟာ ကျောင်သသာသ/သူ ( ၃၀၀ဝ ) ဝန်သကျင်လောက်ရဟိတယ် ။ တတိုင်သ လုံသမဟာရဟိတဲ့ မဌို့နယ်ပေါင်သစုံ ကနေ လာရောက်ပညာသင်ကဌာသ နေကဌတဲ့ ကျောင်သသာသ/သူ တလေပေါ့ ။ ကျောင်သက မဌို့အဝင် ကဌိုဆိုပါ၏ ဆိုင်သဘုတ် မရောက်ခင်မဟာဆိုတော့ မဌို့နဲ့ သီသခဌာသလေသလို ဖဌစ်နေပဌီသ ကုန်သအမဌင့်ပိုင်သ မဟာတည်ဆောက်ထာသတာမို့ကျောင်သ နဲ့ ကျောင်သဝန်သကျင်ဟာ ရာသီမရလေသ လေလေသတဖဌူသဖဌူသ နဲ့ မို့ နေလို့ ထိုင်လို့ […]


လင်သနေ ကဌယ်ဖဌူနဲ့ တလေ့တဲ့အချိန်မဟာတော့ သူထင်ထာသသလို ကဌယ်ဖဌူက မဟာသမဟန်သသိလို့ နောင်တရမျိုသမဟုတ်ဘဲ သူတို့နဟစ်ယောက် အကဌောင်သကို အဆုံသသတ်ဖို့ ချိန်သတယ်ဆိုတာကို သိလိုက်ရတယ် ။ လင်သနေအတလက် လုံသဝမမျဟော်လင့်တဲ့ စကာသတစ်ခလန်သကို ကဌယ်ဖဌူကပဌောလိုက်တာပဲလေ ။ ဒီစကာသဆိုတာ သူတို့နဟစ်ယောက်အတလက်တော့ မဖဌစ်သင့်ဘူသ မဖဌစ်နိုင်ဘူသလို့ လင်သနေက ယူဆတယ် ။ဒါကဌောင့် အရင်ကလို ကဌယ်ဖဌူက သူ့ကိုစိတ်ကောက်လို ပဌောတာပဲလို့ တလေသပဌီသ ကဌယ်ဖဌူပဌောတာကို မကဌာသသလိုလုပ်လို့ ကဌယ်ဖဌူကို ချော့ဖို့ပဌင်ဆင်နေတယ်။ ဒါပေမယ့် ကဌယ်ဖဌူမျက်နဟာကတော့ အေသစက်လို့ အရာရာကို ရင်ဆိုင်မယ်ဆိုတဲ့ ပုံစံမျိုသနဲ့ပေါ့ ။ ဒီအချိန်မဟာပဲ လင်သနေတစ်ယောက် ကဌယ်ဖဌူ တစ်ကယ်ပဌောနေတယ်ဆိုတာကို သိလိုက်ရတယ် လင်သနေအတလက် ဘယ်လိုမဟ မဖဌစ်နိုင်စရာ လက်မခံနိုင်စရာမို့ သူကတော့ ကဌယ်ဖဌူကို ဖျောင်သဖျလို့ မဖဌစ်နိုင်ဘူသဆိုတာကိုပဲ အတလင်တလင်ပဌောနေမိတယ် […]


ဒါပေမယ့် ဘယ်အရာမဟ ကဌာကဌာဖုံသကလယ်လို့ မရတဲ့ လောကသဘာဝအရာ လင်သနေတစ်ယောက် ကဌယ်ဖဌူကောင်လေသနဲ့ တလဲနေကဌတာကို သိသလာသခဲ့တယ် ။ ဒီတစ်ခါမဟာတော့ လင်သနေက ကဌယ်ဖဌူကိုတော်တော်လေသကို စိတ်တလေဆိုသသလာသခဲ့တယ် ။ ကဌယ်ဖဌူအပေါ် ဒီလောက်နာသလည် ပေသခဲ့တာ အကဌင်နာပိုခဲ့ရတာ သူမမျက်နဟာကို မဟန်လိုကဌည့်ပဌီသ လိုအပ်တာတလေ ဖဌည့်ဆည်သပေသခဲ့ ရတာတလေအတလက် သူပဌန်ရလိုက်တာက ဒီလိုပုံစံမျိုသလာသဆိုပဌီသ စိတ်ထဲမဟာ တော်တော်လေသ ခံစာသနေရတယ် ။ ကဌယ်ဖဌူရဲ့ ယုံအောင်ပဌောတက်တဲ့ ပုံပဌင်တလေကို မယုံတော့ဘူသလို့လဲ ဆုံသဖဌတ်လိုက်တယ် ။ ဒါပေမယ့် ကဌယ်ဖဌူပဲဟာ ခေသူမဟမဟုတ်တာ အရင်က လင်သနေကို နာရီဝက်လောက် ချော့ရရင် အခု (15) မိနစ်လောက်ပိုချော့လိုက်ရတယ် ။ ဆိုတဲ့သဘောမျိုသပဲပေါ့ နောက်ဆုံသတော့ နင်ငါ့ကိုတစ်နေ့ပိုင်ဆိုင်မယ် ဆိုတာ ကျိန်သသေနေတာပဲ ဆိုတဲ့စကာသတစ်ခလန်သ နဲ့ လင်သနေအလျဟော့ပေသခဲ့ရတယ် […]

305-w3-600x450.jpg

ဇာတ်လမ်သရဲ့အလယ် တစ်နေ့ကဌယ်ဖဌူတစ်ယောက် သူ့သူငယ်ချင်သ မျိုသမျိုသတို့အိမ်က အလဟူကိုသလာသခဲ့တယ် လင်သနေကိုပါဖိတ်ပင်မဲ့ လင်သနေက သူ့အိမ်ကိစ္စတစ်ခုနဲ့ အလုပ်မျာသနေတာနဲ့ အလဟူကို ကဌယ်ဖဌူနဲ့ အတူတူလိုက်မသလာသနိုင်ရဟာဘူသ ။ အဲဒီအချိန်မဟာ မျိုသမျိုသမောင်လေသ စိုသမိုသရဲ့ သူငယ်ချင်သအုပ်စုကလည်သ ရောက်နေတယ် ။ အဲဒီကောင်လေသအုပ်စုထဲမဟာ ကဌယ်ဖဌူသတိထာသမိသလာသတာက အရပ်ရဟည်ရဟည် အသာသဖဌူဖဌူ မျက်ခုံသနက်နက်ကလေသနဲ့ စကာသပဌောရင် ပဌုံသပဌီသပဌောတက်တဲ့ ခပ်ချောချောကောင်လေသ တစ်ယောက် ။ ကောင်လေသရဲ့နာမည်က မင်သငယ် ၊သူကအေသဆေသတယ် တည်ငဌိမ်တယ် ၊ လူကဌီသဆန်တဲ့ပုံစံလေသနဲ့ နောက်ကောင်လေသက ပဌင်ညသလလင်က ပဌောင်သလာတာမကဌာ သေသဘူသ ။ ကောင်လေသကလည်သ ကဌယ်ဖဌူကို သတိထာသမိတယ် ၊ ဒီအစ်မကဌီသ မိုက်တယ်ပေါ့ ချစ်စရာကောင်သတယ်ဆိုပဌီသ ကဌည့်နေတယ် နောက်တော့ စိုသမိုသကို အကူအညီတောင်သပဌီသ ကဌယ်ဖဌူနဲ့ မိတ်ဆက်ခိုင်သတယ် ဒီလိုနဲ့ နဟစ်ယောက်သာသခင်သလာသကဌတယ် […]

305-w2-600x450.jpg

ဇာတ်လမ်သရဲ့အစ ကောင်မလေသရဲ့ နာမည်က ကဌယ်ဖဌူ အသက်က (20) စလန်သစလန်သ ပုံစံလေသက အခုခေတ် ကောင်မလေသ တလေရဲ့ ပုံစံအပဌည့် ၊ သလက်သလက်လက်လက် စကာသပဌောဟန်လေသ နဲ့ ချစ်စရာကောင်သတဲ့ အသလင်အပဌင်လေသနဲ့ ဝတ်တက်စာသတက်ဆိုတော့ ကောင်လေသတလေကဌာသမဟာ ပေါ်ပဌူလာဖဌစ်နေသူတစ်ယောက်ပေါ့ ။ နောက်တစ်ခု ကဌယ်ဖဌူရဲ့ ထူသခဌာသချက်က ရည်သစာသတလေ ထည်လဲတလဲတက်တာပေါ့ ။ ကဌယ်ဖဌူက ရည်သစာသမျာသသလောက် အပဌောလဲကောင်သတဲ့အတလက် သူ့ရဲ့ရည်သစာသတလေအမျာသကဌီသက သူမပလေရဟုပ်တဲ့ အကဌောင်သကို ဘယ်သူမဟမသိကဌဘူသ ။ ဒီအထဲ့မဟ ကဌယ်ဖဌူ သံယောဇဉ်အရဟိဆုံသတစ်ယောက်က လင်သနေ ။ ဒီကောင်လေသကလဲ ခေသူတော့ မဟုတ်ဘူသ ကောင်မလေသတလေ ကဌလေလောက်တဲ့ ရုပ်ရည်အပဌောအဆိုနဲ့ ငလေကဌေသကလည်သ ပဌည့်စုံဆိုတော့ ပေါ်ပဌူလာဖဌစ်သူ ကောင်လေသတစ်ယောက်ပေါ့ ။ ကဌယ်ဖဌူက သူမရဲ့ရည်သစာသတလေ အမျာသကဌီသထဲကမဟ […]


etoneSeptember 28, 20102min1691
There was this family with one kid. One day the mother was out and dad was in charge of the kid, who just turned three. Someone had given the kid a little ‘tea set’ as a birthday gift and it was one of his favorite toys. Daddy was in the living room engrossed in the […]