နိဂုံးမဲ့ အလွမ်း (3) ……
ဒါပေမယ့် ဘယ်အရာမှ ကြာကြာဖုံးကွယ်လို့ မရတဲ့ လောကသဘာဝအရာ လင်းနေတစ်ယောက်
ကြယ်ဖြူကောင်လေးနဲ့ တွဲနေကြတာကို သိသွားခဲ့တယ် ။ ဒီတစ်ခါမှာတော့ လင်းနေက
ကြယ်ဖြူကိုတော်တော်လေးကို စိတ်တွေဆိုးသွားခဲ့တယ် ။ ကြယ်ဖြူအပေါ် ဒီလောက်နားလည် ပေးခဲ့တာ
အကြင်နာပိုခဲ့ရတာ သူမမျက်နှာကို မှန်လိုကြည့်ပြီး လိုအပ်တာတွေ ဖြည့်ဆည်းပေးခဲ့ ရတာတွေအတွက်
သူပြန်ရလိုက်တာက ဒီလိုပုံစံမျိုးလားဆိုပြီး စိတ်ထဲမှာ တော်တော်လေး ခံစားနေရတယ် ။ ကြယ်ဖြူရဲ့
ယုံအောင်ပြောတက်တဲ့ ပုံပြင်တွေကို မယုံတော့ဘူးလို့လဲ ဆုံးဖြတ်လိုက်တယ် ။ ဒါပေမယ့် ကြယ်ဖြူပဲဟာ
ခေသူမှမဟုတ်တာ အရင်က လင်းနေကို နာရီဝက်လောက် ချော့ရရင် အခု (15) မိနစ်လောက်ပိုချော့လိုက်ရတယ် ။ ဆိုတဲ့သဘောမျိုးပဲပေါ့ နောက်ဆုံးတော့ နင်ငါ့ကိုတစ်နေ့ပိုင်ဆိုင်မယ် ဆိုတာ ကျိန်းသေနေတာပဲ ဆိုတဲ့စကားတစ်ခွန်း
နဲ့ လင်းနေအလျှော့ပေးခဲ့ရတယ် ။ ဒီတော့မှပဲ ကြယ်ဖြူလဲ အသက်ဝဝ ရှူခွင့်ရသွားတော့တယ် ။
ဒါပေမယ့် ကြယ်ဖြူစိတ်တွေက ကောင်လေးအပေါ်ကို အရမ်းကို သက်ရောက်နေပြီဆိုတာကို သူမကိုယ်တိုင်လဲ
သိနေခဲ့တယ် ။ လင်းနေကသာ သူမကို လက်ထပ်စာချုပ်နဲ့ အကျပ်ကိုင်ခဲ့ရင် ဘယ်လိုလုပ်ရမလဲ ဆိုပြီး
မစဉ်းစားတက်အောင်ပဲ ဖြစ်နေခဲ့တာပေါ့ ။
လင်းနေ အပေါ်ကောင်းကောင်းချုပ်ကိုင်နိုင်ခဲ့တဲ့ ကြယ်ဖြူကကောင်လေးကိုတော့ မထိန်းချုပ်နိုင်ခဲပါဘူး ။
လင်းနေနဲ့ အကြောင်းကို ကောင်လေး သိသွားခဲ့တဲ့နေ့က ကြယ်ဖြူအတွက် တကယ့်ကို မိုးမီးလောင်တာပါပဲ ။
ဒါတောင် ကောင်လေးက လင်းနေကို ကြယ်ဖြူရဲ့ ရည်းစား နောက်တစ်ယောက်အဖြစ်သိတာနော်
ကြယ်ဖြူတို့အကြောင်းကို သေသေချာချာ သိတာတောင်မဟုတ်ဘူး ။ ဒါတောင် ကောင်လေးရဲ့ ဒေါသထွက်နှုန်းက အတော်လေးကို ကြောက်ဖို့ကောင်းခဲ့တယ် ကြယ်ဖြူက ဘယ်လို မာယာတွေ စကားလုံးလှလှလေးတွေနဲ့
သုံးပြီးပြောပြော မရခဲ့ဘူး ။ နောက်ဆုံးမှာတော့ ကောင်လေးကို ကြယ်ဖြူက လင်းနေက သူမနဲ့ အိမ်က
သဘောတူထားတဲ့ သူဖြစ်ကြောင်း ဒါကြောင့် အိမ်ကြောင့် လင်းနေကို မတွဲချင်ပဲတွဲနေရတာပါ
သူတကယ်ချစ်တာကကောင်လေးပါလို့ ပညာကုန်သုံးပြီး လိမ်ညာလိုက်တယ် ။ ဒါပေမယ့် ကောင်လေးကတော့
သူနဲ့ လင်းနေ နှစ်ယောက်ထဲက တစ်ယောက်ကို ပြတ်ပြတ်သားရွေးချယ်ဖို့ပြောလာခဲံတယ် ။ ကောင်လေးက
ကြယ်ဖြူကို အချိန် (1) လပေးမယ် အဲ့အချိန်တွင်း ကြယ်ဖြူကို ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့ကိုလဲပြောခဲ့တယ် ။
ကြယ်ဖြူကတော့ အဲ့အချိန်(1) လအတွင်း ကောင်လေးဆီ မရောက်ရောက်အောင် သူမပြန်လာခဲ့မယ်ဆိုတဲ့
အကြောင်းနဲ့ ကောင်လေး သူမကို စိတ်မပျက်ပဲ စောင့်နေဖို့ ပြောခဲ့တယ် ။ ကောင်လေးကတော့
အဓိပါယ်ရှိတဲ့ အပြုံးတစ်ချက်ကလွဲလို့ ကြယ်ဖြူကို ဘာမှ ပြန်မပေးခဲ့ပါဘူး ။
ဇာတ်လမ်းရဲ့အဆုံး
ကြယ်ဖြူတစ်ယောက်တော့ တစ်ခါမှ စဉ်းစားရတာ ဒီလောက်မခက်ခဲ့ဘူး တစ်ဖက်မှာကလည်း
လက်ထပ်ထားပြီးသားလူဖြစ်နေတယ် တစ်ဖက်ကျတော့ သူမရဲ့စိတ်က ဘယ်လိုမှ ခွဲလို့မဖြစ်နိုင်ဘူးလို့
ယူဆထားရတဲ့ သူတစ်ယောက် ။ နေ့ရက်အတော်များများကို စဉ်းစားရင်းနဲ့ အချိန်တွေကို ဖြတ်သန်းနေမိတယ်
ဒီကြားထဲမှာ လင်းနေနဲ့လည်း မတွေ့ဖြစ်သလို ကောင်လေးနဲ့လည်း မဆုံဖြစ်ကြဘူး ။ဒါပေမယ့် သူ့စိတ်ကတော့
တစ်ယောက်ထဲကိုပဲ သတိရနေမိတယ် ဆိုတာကိုတော့ နားလည်နေခဲ့တယ် ။ နောက်ဆုံးမှာတော့ ပြတ်ပြတ်သားသား
ဆုံးဖြတ်ချက်တစ်ခုကို ကြယ်ဖြူ ချလိုက်တယ် ။ ဒါကြောင့် သူမ လင်းနေနဲ့ တွေဖို့ ဆုံးဖြတ်လိုက်တယ် ။
လင်းနေကတော့ ကြယ်ဖြူက သူ့ကို တွေ့ဖို့ချိန်းတယ်ဆိုကတည်း အရမ်းကိုပျော်မြူးနေတယ် ကြယ်ဖြူဘက်က
သူဖို့တွေ့ဖို့ချိန်းတယ်ဆိုတာ တကယ့်ကို ဖြစ်နိုင်ခဲတဲ့ အခြေအနေလေ ကြယ်ဖြူတစ်ယောက်တော့
သူမ အမှားလုပ်ခဲ့တာကို သိလို့ နောင်တရလို့ သူ့ကို အရင်စဆက်သွယ်သွယ်ခဲ့တယ်လို့ တွေးနေမိတယ် ။ တကယ့်တကယ်မှာတော့ ………………..
11 comments
meelay
September 27, 2011 at 12:33 pm
ဟင့် ……. ကောင်းခန်းရောက်တုန်း ဖြတ်သွားပြန်ပြီ …………. 🙁
etone
September 27, 2011 at 12:54 pm
တကယ်မှာတော့ … သူ့ဇာတ်သူမနိုင်ပဲ … လင်းနေကို ကွာရှင်းခိုင်းမယ် မဟုတ်လားဟင် … ။ ဟိုကလည်း ကွာမပေးလျှင် အပျက်ပျက်နဲ့ နှာခေါင်း သွေးထွက်ဦးမယ် … ။
ဇာတ်လမ်းထဲကမိန်းကလေးက အတော် ရွပိုးထိုးတာပဲ လို့ … မှတ်ချက်ချချင်ပါတယ် 😛
ယောကျာ်းလေးတွေက သူ့ရဲ့ အရွေးခံဖြစ်ရသလို … နှစ်ယောက်စလုံး သဘောထားကြီးကြီးနဲ့ …သူရွေးတာ ခံရလောက်တာလည်း အံ့ဩမိတယ် … ။ ယောကျာ်းမာနမရှိဘူးလားကွာ … ။
ချစ်လျှင် အလျှော့ပေးတတ်တယ်ဆိုတာ ကိုယ်ချင်းမစာလို့ ပြောတာတော့ မဟုတ်ပဲ … ကိုယ့်အပေါ် အပြည့်ဝ မချစ်တဲ့ မိန်းမတစ်ယောက်ကို ပိုင်ဆိုင်ရဖို့ .. အချိန်ဖြုန်းနေတာ မိုက်မဲရာ ကျပါတယ် … ။ ဒီလို မိန်းကလေးမျိုး ယုံယုံကြည်ကြည်နဲ့ … လက်တွဲရဲ ရဲ့လားဆိုတာ … ကောင်လေးနှစ်ယောက်စလုံး ပြန်သုံးသပ်သင့်ပြီ ။ 🙂
ပေါက်ကျော်
September 27, 2011 at 3:14 pm
Agree with e tone!
ဒါပေမဲ့..
ပြင်မှာ အဲလိုကောင်တွေများကြီးရှိတယ်
ဘီလိုကောင်တွေမှန်းမသိဘူး..
တိုက်ဆိုင်မှုရှိရင်တော့ ခွင့်လွှတ်
တို ့ကတော့ မိန်းမ..မရရင် ဘုန်းကြီးဝတ်ပစ်မယ်..ကြာရို ့
ရှူံးနိမ့်မှုများနဲ့.. လူ
September 27, 2011 at 7:08 pm
ဒေါ်အီးတုန်းရေ
ကြုံလို့ ဝင်လျှာရှည်ပါရစေဦး.. အမြဲအနိုင်ရနေတဲ့လူအဖို့ကတော့ အရှူံးပေးတယ်ဆိုတာ အံ့ဩစရာဖြစ်နေတော့မှာပေါ့.. ကိုယ့်ကို အပြည့်အဝမချစ်တဲ့မိန်းမတစ်ယောက်ကို ပိုင်ဆိုင်ရဖို့ အချိန်ဖြုန်းနေတယ်လို့ဆိုတာထက် ကိုယ်ချစ်နေတဲ့ မိန်းကလေးနားမှာ ရသလောက်လေး အချိန်တွေ ကုန်ဆုံးနေတယ်လို့ပဲမြင်ပါတယ်.. ယောကျာ်းမာနဆိုတာဘာလဲ? မာနဆိုတာ အမျိုးမျိုးတော့ရှိပေမပေါ့.. ကိုယ်သိပ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ကို သူပြန်မချစ်မချင်း သူ့ကိုပဲ စောင့်မျှော်နေခြင်းကလဲ ချစ်ခြင်းမှာ အရှူံးမပေးလိုတဲ့ မာနပဲ ဖြစ်ပေတော့မပေါ့.. ဒီမိန်းမမဟုတ်တဲ့ တစ်ခြားမိန်းမတစ်ယောက်ကို အလွယ်တကူရချင် ရနိုင်ပေမယ့် ကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်ကိုတော့ တစ်သက်လုံး ဆုံးရှူံးလိုက်ရမှာ အသေအချာပဲလေ.. လူတစ်ယောက်ကို ချစ်မိပြီဆိုရင်တော့ သူ့ရဲ့ အကြောင်းအရာ တစ်ခုတည်းကို ချစ်ခြင်းမဟုတ်ဘဲ သူဆိုတဲ့ ဖြစ်တည်မှုတစ်ခုကိုသာ ချစ်ခြင်းဖြစ်ခြင်းကြောင့် ဘယ်နည်းနဲ့မဆို လက်တွဲရဲကြတာပေါ့..။
ယောကျာ်းတစ်ယောက်ရဲ့ ချစ်ခြင်းဖွဲ့သီချက်က နည်းနည်းတော့ ထူးဆန်းချင်ဆန်းနေမယ်
ဒါပေမယ့် ရိုးရိုးလေးပါပဲ.. သူတို့ သိပ်ချစ်ကြလို့ပါလို့
ဒီနေရာမှာ ဒီလောက်ပဲ ရေးတော့မယ်။
ကြောင်ကြီး
September 28, 2011 at 8:25 am
အမယ်လေး မောင်ရှုံးရယ် အီးတုံမ်းနဲ့များ ပြိုင်မိုက်လို့။ သူသိတာ ကွန်ပလိန်းတက်ဖို့၊ ရန်ဖြစ်ဖို့၊ သူ့ဘဲ ဆေးခန်းလာပြတဲ့ ပျိုပျိုအိုအို မှန်သမျှ ဆေးထိုးဖို့လောက်သိတာ။ သူ့ဆေးခန်းကို ရပ်ကွက်ရုံးစာရေး မီးကင်းဖိုးလာကောက်တော့ အီးတုံမ်းက လူနာမှတ်လို့ ပြုံးပြုံးရွှင်ရွှင်နဲ့ ‘အထဲဝင်သွား၊ ကိုကိုစောင့်နေတယ်လို့ပြောလိုက်တယ်’ ဟိုကလည်း ဘောက်ချာစာအုပ်လေး ကိုင်လို့ ဝင်သွားတာပေါ့။ အထဲရောက်တော့ ကိုကိုဆရာဝန်က စာရေးကို ကုတင်ပေါ် အတင်းတွန်းလှဲပြီး ဆေးထိုးတော့တာပဲ။ ရပ်ကွက်ရုံးလာတဲ့သူမှန်သမျှကို ဟိန်းလိုက်ဟောက်လိုက် မာန်တက်နေတဲ့ စာရေးလည်း အီးတုံမ်းနဲ့တွေ့မှ ဖင်လေးပွတ်ပြီး ထော့နဲ့ထော့နဲ့ ပြန်သွားရတယ်။ နောက်တခါ အလှူငွေကောက်ရင် ဆေးခန်းအပြင်ကနေ အသံချဲ့စက်နဲ့ အော်တောင်းတယ်။ မယုံရင် အီးတုံမ်းတို့ ဆေးခန်းဖွင့်ထားတဲ့ ရပ်ကွက်ကိုသွားကြည့်၊ ဖင်လေးတပွတ်ပွတ်နဲ့ ကြီးကြီးငယ်ငယ် အရွယ်စုံ ဆိုက်စုံတွေ့ရလိမ့်မယ်။
etone
September 28, 2011 at 10:18 am
haha ha ha …. ဒုက္ခပါပဲ … တွေ့ကရာလူ အတင်း ကုတင်ပေါ်တွန်းတင် တဲ့လူ ဖြစ်ရောလား ဗျို့ .. တတ်လည်း တတ်နိုင်တဲ့ ဦးနှောက် အကြံချည်းပဲ 😛
etone
September 28, 2011 at 10:37 am
ကိုရှုံးရေ .. ကျွန်မက အမြဲ အနိုင်ရနေလို့ … မချစ်တတ်လို့ မဟုတ်ဘူးနော် … သိပ်ကို ချစ်တတ်ခဲ့တာပေါ့ … လင်းနေလိုနေရာမျိုးရောက်ခဲ့ဖူးတယ် … ။
အရှင် ရရ၊ အသေရရ ဆိုတာမျိုးတောင် ဖြစ်ခဲ့ဖူးတယ် … ဒါပေမဲ့ ကိုယ် လိုချင်ခဲ့တဲ့ လူက လူမှူရေးရှူဒေါင့်အရ … (မိန်းမရှုပ်တယ်) ဘယ်လိုမှ လက်မခံသင့်တဲ့ လူမျိုးဖြစ်နေတယ် … ဒီလောက် အလျှော့ပေး အလေးထားပါလျှက် … ခွေးမြီးကောက် ကျည်ထောက်စွပ်သလိုမျိုး သူ့အကျင့်က တွေ့သမျှနဲ့ ကြူတယ် … မိန်းမတွေကလည်း သူ့အကြောင်း သိသိကြီးနဲ့ … ရလျှင် ပြီးရော မယားငယ်ဖြစ်ပါရစေဆိုတာမျိုးတွေတောင် ရှိတော့… ကျွန်မလည်း နည်းနည်း ပြန်သုံးသပ်မိတယ် … ။ဘယ်လိုနည်းမျိုးနဲ့ … တရားဝင်ပိုင်ဆိုင်ခွင့်ရမလဲ တွေးကြည့်ခဲ့ဖူးတယ် … ။ ပိုင်ဆိုင်ရလို့ ငါ့ဘဝကြီးအေးချမ်းသွားပါ့မလား … သူရော ငါ့နားနေလို့ … အဆင်ပြေပါ့မလားဆိုတာမျိုးနဲ့ အချိန်အကြာကြီး စဉ်းစားပြီး နှစ်တွေ အကြာကြီးလက်တွဲခဲ့ဖူးတဲ့ ဖူးတဲ့ လူကို သွေးအေးအေးနဲ့ လမ်းခွဲခဲ့တယ် … ။
ချစ်ရတဲ့ လူနဲ့ ကွေကွင်းရတဲ့ ဒဏ်ရာ ခါးလွန်းလှပါတယ် … ။ သိလျှက်နဲ့ လျစ်လျူ ရှုခံရတဲ့ အချစ်တွေကလည်း သူ့အတွက် အမှိုက်သာသာပါပဲ … ။ အချိန်အတော်ကြာကြာ အလူးလဲ ခံလိုက်ရတယ် ပြန်တွေးတိုင်း မျက်ရည်ဝဲမိတုန်းပါပဲ … ။ တိုက်တိုက်ဆိုင်ဆိုင် သူ့ကို အမှတ်မထင်ပြန်ဆုံတယ် …မှိုလိုပေါက်နေတဲ့ ထဲက တစ်ယောက်နဲ့ပါ … ကြိုတင်မစဉ်းစားထားပေမဲ့ .. ဟ န်ဆောင်မှူကောင်းကောင်းနဲ့ သူ့တို့ကို ကျွန်မ ပြုံးပြ နှုတ်ဆက်စကားပြောနိုင်ခဲ့တယ် … ရင်ထဲမှာတော့ .. တစစီပေါ့လေ .. 😥 နောက်ပိုင်း ကိုယ့်ကို မချစ်တဲ့ လူအတွက် … ကိုယ်လည်း အချိန်ကုန်ခံ မခံစားချင်တော့တာနဲ့.. လွမ်းစရာကို နာစရာနဲ့ ဖြေရင်း အားတင်းပြီး ရှေ့ဆက်ခဲ့ရတာ .. အမှန်တော့ စိတ်ခံစားမှူကို ဦးစားပေးတဲ့ ကျွန်မတို့လို လူမျိုးအတွက် … ရပ်တည်ရတာ… တကယ့်ကို ခက်ခဲပါတယ် … ။
အခုတော့ … သူ့ကိုတောင် ကျေးဇူးတင်ရမလိုဖြစ်နေပြီ … ကျွန်မကို ရဲရဲတင်းတင်း ပြတ်သားနိုင်အောင် စိတ်ခွန်အားတွေ ပေးခဲ့လို့ … နှစ်နည်းနည်းကြာတော့ နောက်တစ်ယောက်တွေ့တဲ့ အခါ သူနဲ့ ဘယ်လိုမှ နှိုင်းယှဉ်မရပဲ… စိတ်ဓါတ်အရရော …လူမှူရေးပတ်ဝန်းကျင်အရရော .. ကိုယ့်အပေါ်ရော အရမ်းကို ချစ်တတ်….ကြင်နာတတ် … ဂရုစိုက်တတ်ပြီး … နားလည်သဘောပေါက် ညှိနှိုင်းလွယ်တဲ့ … မိသားစုဘဝကို မြတ်နိုးတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံခွင့် ရလို့ပါပဲ … ။
သူနဲ့ ပတ်သတ်လို့ .. လွမ်းစရာတွေလည်း … မတွေးတော့ပဲ …နားလည်နိုင်မယ့်လူမျိုးနဲ့…. ကိုယ်ပိုင် မိသားစု ဘဝလေးတည်ဆောက်ဖို့ပဲ အကောင်းဆုံးတွေးပါတော့တယ် … ။ 🙂
ကြောင်ကြီး
September 28, 2011 at 11:41 am
ငါ နိုင်ငံဂျားကို အရောက်မြန်သွားလို့ပါ အီးတုံးမ်းရယ်…။ 🙂
windtalker
September 27, 2011 at 6:36 pm
အင်း..
ကျုပ် တို ့ရွာထဲ မှာ
ကိုလင်းဝေကျော် ဆိုတာလည်း ရှိတော့
မနွယ် ရဲ ့ဇါတ်လမ်းလေး က လဲ..ရှိလာတော့
လင်းနေ လို ့ရေးလာတာကို မြင်ရတော့
ဘယ်လိုများပါလိမ့်ပေါ့နော်
မွားသွားရင်
ဆောတီးပါနော်
မမနွယ်
ဟီဟိ
တညင်သား
September 27, 2011 at 7:34 pm
အချိန် တစ်လ ဆိုတာတော့ စဉ်စားရမဲ့အချိန်လုံလောက်ပါတယ်… ကျွန်တော်က လင်းနေ ဆိုပါတော့ နောက်ဆုံးနုတ်ဆက်ရင် ပြုံးပြုံးလေးနုတ်ဆက်လိုက်မှာပါ………ခွဲခွာသွားတဲ့ အမျိုးသမီးကတော့ ကံ ၊ ကံရဲ့ အကြိုး တကယ့်ကို လက်တွေ့ကျကျခံစားရလိမ့်မယ်……မကောင်းဘူးလို့မပြောဘူးနော်…
manawphyulay
September 28, 2011 at 11:31 am
အင်း… ဇာတ်လမ်းသဘောတရားအရဆိုရင်တော့ တစ်ယောက်ကို လက်ထပ်ထားပြီးသားပဲဟာနော်။ နောက်တစ်ယောက်ဆိုတာ ဖြစ်လာစရာအကြောင်းမရှိဘူးပေါ့။ ဒါပေမယ့် လူတွေရဲ့စိတ်ကလည်း ခန့်မှန်းရခက်တယ်။ မရခင်တော့ လိုချင်ကြပြီး ရပြီးတော့ တန်ဖိုးမထားတတ်ကြတာ လူ့သဘာဝများ ဖြစ်နေကြလားမပြောတတ်တော့ပါဘူး။ နောက်ပြီး ဒီမိန်းကလေးက စိတ်မပြတ်သားတာလည်း မကောင်းဘူးပေါ့။ လူနှစ်ယောက်ကို ထိခိုက်မှုဖြစ်စေတယ်လေ… ဒီလိုဇာတ်လမ်းလေးတွေလည်း အပြင်လောကမှာ ရှိနေတယ်နော်… သူတို့ကျတော့ ဘယ်လိုဆုံးဖြတ်ကြမလဲမသိ…..