Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နိဂုံးမဲ့ အလွမ်း (ဇာတ်သိမ်း)

နွယ်ပင်September 28, 20111min41910

လင်းနေ ကြယ်ဖြူနဲ့ တွေ့တဲ့အချိန်မှာတော့ သူထင်ထားသလို ကြယ်ဖြူက မှားမှန်းသိလို့ နောင်တရမျိုးမဟုတ်ဘဲ သူတို့နှစ်ယောက်
အကြောင်းကို အဆုံးသတ်ဖို့ ချိန်းတယ်ဆိုတာကို သိလိုက်ရတယ် ။ လင်းနေအတွက် လုံးဝမမျှော်လင့်တဲ့ စကားတစ်ခွန်းကို
ကြယ်ဖြူကပြောလိုက်တာပဲလေ ။ ဒီစကားဆိုတာ သူတို့နှစ်ယောက်အတွက်တော့ မဖြစ်သင့်ဘူး မဖြစ်နိုင်ဘူးလို့ လင်းနေက
ယူဆတယ် ။ဒါကြောင့် အရင်ကလို ကြယ်ဖြူက သူ့ကိုစိတ်ကောက်လို ပြောတာပဲလို့ တွေးပြီး ကြယ်ဖြူပြောတာကို
မကြားသလိုလုပ်လို့ ကြယ်ဖြူကို ချော့ဖို့ပြင်ဆင်နေတယ်။ ဒါပေမယ့် ကြယ်ဖြူမျက်နှာကတော့ အေးစက်လို့ အရာရာကို
ရင်ဆိုင်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့ ။ ဒီအချိန်မှာပဲ လင်းနေတစ်ယောက် ကြယ်ဖြူ တစ်ကယ်ပြောနေတယ်ဆိုတာကို သိလိုက်ရတယ်
လင်းနေအတွက် ဘယ်လိုမှ မဖြစ်နိုင်စရာ လက်မခံနိုင်စရာမို့ သူကတော့ ကြယ်ဖြူကို ဖျောင်းဖျလို့ မဖြစ်နိုင်ဘူးဆိုတာကိုပဲ
အတွင်တွင်ပြောနေမိတယ် ။ ကြယ်ဖြူကလည်း သူမလင်းနေကို သံယောဇဉ်ရှိတဲ့ အတွက် လင်းနေကို ချစ်တယ်လို့ ထင်ခဲ့မိတယ်ပေါ့
နောက်လင်းနေက သူမအတွက် အရာရာ ဖြည့်ဆည်းပေးတက်လို့ သူမ တစ်နေ့ လက်ထပ်မယ့်သူဟာ လင်းနေပါလို့ သူမ
အထင်မှားခဲ့တာပါ အခုတော့ တကယ်ချစ်ရတဲ့ သူကိုတွေ့လို့ လက်ထပ်စာချုပ်ကို ဖြတ်သိမ်းပေးပါ သူမကို ကွာရှင်းပေးလို့ ပြောတယ် ။
လင်းနေကို အမျိုးမျိုးတောင်းပန်တယ် အကြပ်ကိုင်တယ် နောက်ဆုံးတော့ လင်းနေကသာသူမကို မကွာပေးရင် သူမကတော့ လင်းနေကို
ဘယ်တော့ မှ ယူမှာ မဟုတ်ဘူး သူမကို်ယ်ကို သတ်သေလိုက်မယ်လို့ပြောလာတယ် ။ လင်းနေက ကြယ်ဖြူကို အရမ်းချစ်တယ်
မခွဲနိုင်ပါဘူး ဒါပေမယ့် ကြယ်ဖြူက သူ့အပေါ်ဒီလောက်တောင်ခါးခါးသီးသီး ဖြစ်နေတော့လည်း နောက်ဆုံးမှာ ကြယ်ဖြူကို
ကွာရှင်းပေးပါ့မယ်လို့ ခေါင်းညိတ်လိုက်တယ် ။
ကြယ်ဖြူတစ်ယောက်ကတော့ သူလိုချင်တဲ့ အဖြေလဲရရော လင်းနေဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်ကို လုံးဝမကြည့်တော့ဘဲ
အဲတာဆိုရင်တော့ နောက် သူတို့နှစ်ယောက် သူငယ်ချင်းအဖြစ်တောင် မဆုံကြတော့ဘူးနော်လို့ ပြောပြီးပြန်လာခဲ့တယ် ။
အခုတော့ သူမရဲ့စိတ်တွေက အရမ်းကိုလွတ်လပ်ပြီး ကောင်လေးဆီကို သွားလို့ရပြီဆိုတဲ့ အတွေးနဲ့ ကောင်လေးရှိရာ
သင်တန်းကို သွားခဲ့တာပေါ့ ။ ကောင်လေးကိုတွေ့တော့ ကောင်လေးရဲပုံစံက အေးဆေးပဲ သူနဲ့ နှစ်ပတ်ကျော်လောက်
မတွေ့ရလို့ လွမ်းနေတာမျိုးလဲ မဟုတ်ဘဲ အရင်ကလို နေ့တိုင်းတွေ့နေကြပုံမျိုးနဲ့ သူ့ကိုစောင့်ကြိုနေတယ် ။ နောက်ပြီး
နှစ်ပတ်လောက်နဲ့ ဆုံးဖြတ်ချက်ချနိုင်တာ မဆိုးဘူးပဲလို့ သူမကိုတောင်ပြောနေသေးတယ် ။
ကြယ်ဖြူကတော့ ကောင်လေးနဲ့ မတွေ့ရတဲ့ အချိန်မှာ သူမကောင်လေးကို ဘယ်လောက်လွမ်းကြောင်း သူမ
အဲ့အချိန်မှာ ကောင်လေးကို ဘယ်လောက်ချစ်တယ်ဆိုတာ သိကြောင်း တဖွဖွပြောလို့နေတာပေါ့ ဒါပေမယ့်
ကောင်လေးကတော့ အဓိပါယ်ရှိတဲ့ အပြုံးတစ်ချက်ကလွဲလို့ ကြယ်ဖြူကို ဘာမှပြန်မပြောခဲ့ပါဘူး ။လမ်းခွဲခါနီးကျတော့
ကောင်လေးက ညကျရင်ဖုန်းဆက်လိုက်မယ်လို့ အမူအယာလေးနဲ့ လုပ်ပြသွားတယ် ။ဒါကိုပဲ ကြယ်ဖြူက ပျော်နေရှာတယ်
ကောင်လေးကလဲ သူမကိုချစ်ရှာပါတယ် သူကစကားနည်းလို့ နောက်ပြီး သူမလိုစကားလှလှလေးတွေနဲ့ မပြောတက်လို့ ဆိုပြီးတွေးနေတယ် ။
ညရောက်တော့ ကောင်လေးဆီကဖုန်းလာတယ် ကောင်လေးက ကြယ်ဖြူလုံးဝမထင်မှတ်ထားတဲ့ စကားကိုပြောလာတယ်
အဲတာကတော့ ကြယ်ဖြူနဲ့ သူလမ်းခွဲကြရအောင်ဆိုတဲ့ စကားလေးပါပဲ ။ ကောင်လေးပြောတဲ့ လမ်းခွဲစကားမှာ ကြယ်ဖြူက လင်းနေကို ပြောသလို
အကြောင်းအရာ မခိုင်လုံတာမျိုးမဟုတ်ဘဲ တကယ့်ကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ ပြောသွားခဲ့တာပေါ့ ။ အဲတာတွေကတော့ ကောင်လေးက
ကြယ်ဖြူနဲ့ လင်းနေအကြောင်းကို စုံစမ်းကြည့်တော့ လမ်းနေနဲ့ ကြယ်ဖြူ ကြိုက်ခဲ့တဲ့ နှစ်သက်တမ်းကိုပါသိလာရပါတယ်တဲ့
ဒီလောက်နှစ်တွေ အများကြီးကြိုက်ခဲ့တဲ့ လင်းနေကို အခုလိုနှစ်ပတ်ဆိုတဲ့ အချိန်လေးနဲ့ ဖြတ်ပြစ်နိုင်တယ်ဆိုတော့ သူ့ကိုဆို
တွေးတောင်မတွေးဝံပါဘူးတဲ့ (ကောင်လေးနဲ့ ကြယ်ဖြူကြိုက်တာက (2) လ လင်းနေနဲ့က (3) နှစ်လောက်ရှိနေပါပြီ ။)
နောက်ကောင်လေးက သူက ကြယ်ဖြူကို လင်းနေလောက် မပံပိုးပေးနိုင်ပါဘူး လင်းနေလောက် မထောက်ပံ့ပေးနိုင်ပါဘူးတဲ့
ပြီးတော့ ကြယ်ဖြူကို သူ အခုချစ်နေပင်မယ့် အခုလို ကြယ်ဖြူရဲ့ အပြောင်းလဲမြန်မူကိုတော့ ကြောက်နေရပါပြီတဲ့ လင်းနေကို
ထားခဲ့သလို တစ်ချိန်ချိန် သူ့ကိုထားခဲ့မှာကိုတော့ သူကြောက်ပါတယ်တဲ့ အဲတာကြောင့် ကြယ်ဖြူက မထားခဲ့ခင် သူကအရင်ထားခဲ့ပါရစေဆိုပြီး ဖုန်းချသွားခဲ့တယ် ။ ကြယ်ဖြူဆိုတာ ကောင်လေးပြောတာကို ဘာမှတောင်ပြန်မပြောလိုက်နိုင်ဘူး ။ အဲတာနဲ့ ကောင်လေး အိမ်ကိုဖုန်းပြန်ခေါ်တော့
ဖုန်းကမအားဘူးဖြစ်နေပြန်ရော ကြယ်ဖြူလဲ ကြိုးကြိုးစားစား ဖုန်းကို ခေါ်ပင်မဲ့ နောက်ဆုံးမှာတော့ လက်လျှော့လိုက်ရတယ် ။
နောက်နေ့ ကောင်လေးရှိရာ သင်တန်းကို ကြယ်ဖြူလိုက်သွားခဲ့ပင်မယ့် ကောင်လေးက သင်တန်းကို မလာဘူး ။ အိမ်ကိုဖုန်းဆက်တော့
ကောင်လေးရဲ့အဒေါ်က ကောင်လေး ဒီနေ့ပဲ ပြင်ဦးလွင်ကို ခဏပြန်သွားတယ်တဲ့ ဘယ်တော့ ပြန်လာမလဲ သူလဲ မပြောတက်ဘူးဆိုပြီး
ပြောတယ် ။
ကြယ်ဖြူတစ်ယောက် ကောင်လေးက သူ့ကိုခေါက်သွားပြီဆိုတာကို သိနေတယ် ။ ဒါပင်မယ့် ကောင်လေးကို သူကချစ်နေမိပြီဆိုတော့
ကောင်လေး နဲ့အဆက်အသွယ်ရအောင် ကြိုးစားနေမိတယ် ။ တစ်နေ့တော့ မျိုးမျိုးကတစ်ဆင့် ကောင်လေးရဲ့ ပြင်ဦးလွင်က ဖုန်းနံပါတ်ကို ရတော့ ဝမ်းသာအားရနဲ့ ကောင်လေးဆီဖုန်းဆက်လိုက်တယ် ကောင်လေးနဲ့တွေ့ပင်မယ့် ကောင်လေးက သူနဲ့ ကြယ်ဖြူနဲ့ ဇာတ်လမ်းက ပြီးနေပြီမို့
သူ့ကိုဆက်ပြီးမနှောင့်ယှက်ဖို့နဲ့ ကြယ်ဖြူကြောင့် သူအခုလို ပြင်ဦးလွင်အထိပြန်သွားရတာကို နားလည်မယ်ဆိုရင် နောက်တစ်ခါ သူ့ဆီဖုန်းမဆက်ပါနဲ့လို့ အပြတ်ပြောလွှတ်လိုက်တယ် ။
ကြယ်ဖြူတစ်ယောက် အခုတော့ သူမရွေးချယ်ခဲ့တဲ့ လမ်းဟာ မှားယွင်းသွားပြီိဆိုတာ သိလိုက်ရပင်မဲ့ ပြန်ပြင်ဖို့ ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်ဘူး အခုတော့ သူမအတွက် နိဂုံးမရှိတဲ့ နောင်တတွေနဲ့ နိဂုံးမရှိတဲ့ အလွမ်းတွေအပြင် ဘာမှ မရှိတော့ပါဘူး ………

ကြယ်ဖြူမသိသေးတဲံကောင်လေးရဲ့အကြောင်း
အမှန်က ကောင်လေးက ကြယ်ဖြူထင်ထားသလို အေးဆေးတည်ငြိမ်တာ မဟုတ်ပါဘူး သွေးအေးတာပါ ။မိန်းကလေး တစ်ယောက်ကို သွေးအေးအေးနဲ့ လှည့်စားနိုင်သူဆို ပိုမှန်မယ် ။ နောက်ကောင်လေးရဲ့ ထူးခြားချက်က ရည်းစားကို ရှိရင်းစွဲအသက်နဲ့ မြှောက်ရင်တောင် (3) ဆလောက်မြှောက်လောက်အောင်ကို များသူတစ်ယောက်ပေါ့ ။အစကတည်းက သူမကို တကယ်လက်ထပ်မယ်လို့ မတွေးထားသလို
တကယ်လဲ မချစ်ခဲပပါဘူး သူရန်ကုန်ရောက်တုန်း အပြင်းပြေထားတဲ့ ရည်းစားတစ်ယောက်ထက်မပိုခဲ့ဘူးဆိုတာပါပဲ …………..

ပြီးပါပြီ ။ ။

10 comments

  • Shwe Ei

    September 28, 2011 at 4:13 pm

    သေဘီဆရာ။ မျက်နှာများသူတွေရဲ့ ဇာတ်သိမ်းက တယ်မလှပါလား။

  • hmee

    September 28, 2011 at 4:32 pm

    ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်တဲ့ တကယ်မှန်တဲ့ စာလေးပါ။ အခုလည်း သူပြုတဲ့ကံဟာ သူ့ကို ပြန်အကျိုးပေးတဲ့ သဘောပါပဲ။ နွယ်ပင်ရေ ရည်စားတထောင် ကောင်တယောက်လို့ မှတ်ထင်ထားသူတွေ နွယ်ပင့်စာကို ဖတ်ပြီး သံဝေဂယူနိုင်ကြပါစေ။

  • etone

    September 28, 2011 at 4:57 pm

    လည်လွန်းတဲ့ ကြယ်ဖြူ ဒီတစ်ချီမှတော့ ခံရပြီပဲ … ဇာတ်လမ်းလေးက ဖတ်လို့ ကောင်းပါတယ် .. အချစ်ပေါ် သစ္စာမရှိသူတစ်ယောက်အတွက် … အချစ်က ဒဏ်ပြန်ခတ်လိုက်တာပါပဲ … ။ မျက်နှာများတဲ့ ကောင်မလေးတွေ ၊ စိတ်မငြိမ်တဲ့ ကောင်မလေးတွေအတွက်တော့ … အရမ်းကို ကောင်းတဲ့ ဥပမာပေးတဲ့ ဝတ္တုလေးပါပဲ 😛

  • manawphyulay

    September 28, 2011 at 5:08 pm

    အ… ဇာတ်လမ်းကို ဒီလိုနဲ့ ပြီးပါပြီလား။ ဒါဆိုကောင်မလေးက ဖွတ်မရပဲ ဓားမ ဆုံးတဲ့ဘဝကို ရောက်သွားတာပေါ့နော်.. သူက ခဏတာ ဖြစ်တဲ့စိတ်ခံစားချက်ကို ရွေးချယ်ဆုံးဖြတ်ခဲ့တယ်လို့ ပြောရလို့ရတာပေါ့။ ၃ နှစ်လောက် ကိုယ့်ပေါ် ကောင်းခဲ့တဲ့သူရဲ့ကောင်းကွက်တောင် တစ်ချက်မကြည့်တော့ဘူးနော်။ တော်တော်တော့ ကြောက်စရာကောင်းလှပါတယ်။ တကယ်လို့ ကောင်လေးက ယူပြီး ပစ်ထားခဲ့ရင်တောင် ဒီကောင်မလေးက နောင်တရပါ့မလား မပြောတတ်ဘူး။

  • ဒီအချိန်မှာ ကြယ်ဖြူသာ လင်းနေရင်ခွင်ကို ပြန်ခိုလှုံချင်တယ်ဆိုရင်တော့ လင်းနေဆိုတဲ့ကောင်လေးက ဘာမှအပြစ်မယူဘဲ ကြည်ကြည်ဖြူဖြူနဲ့ လက်ခံနေမှာပါ.. သူကိုယ်တိုင်က လုံးဝနောင်တမရခဲ့ရင်တော့ ဘယ်တတ်နိုင်ပါတော့မလဲ

    • etone

      September 29, 2011 at 9:19 am

      ကိုရှုံးရေ … ကြယ်ဖြူလည်း သူ့ လိပ်ပြာ သူမလုံပဲ .. ပြန်ခိုလှုံရဲတဲ့ သတိ္တရှိမှာ မဟုတ်ပါဘူး … ။ ရှက်တဲ့ စိတ်နဲ့ … အကြောခံရတဲ့ စိတ်တွေနဲ့ … အတော်လေး ထူပူနေမှာပါပဲ .. ။
      အထိနာတဲ့ လူတစ်ယောက်ရဲ့ တုံ ့ပြန်ချက်နဲ့ မာနက တစ်ခါတစ်လေ .. တလွဲဆံပင်ကောင်း ဖြစ်တတ်တယ်လေ ။ 🙂

      • နွယ်ပင်

        September 29, 2011 at 9:56 am

        အမှန်က ဒီအကြောင်းအရာလေးက အပြင်က အဖြစ်ပျက်ကို နည်းနည်းလေးယူထားဝြီး ဝတ္တူလိုဖတ်ကောင်းအောင် ရေးးထားတာပါ အပြင်မှာ ကြယ်ဖြူက ခံစားရတာ အလူးအလဲပါပဲ ။ ဘာလို့လဲဆိုတော့ ကောင်လေးက ရန်ကုန်ပြန်လာပြီး သူရှေ့မှာ တွဲပြတာ တစ်ယောက်ပြီးတစ်ယောက်ပဲ လင်းနေကလည်း စကာင်္ပူကို ထွက်သွားတယ်လေ ……..
        တကယ်လို့ လင်းနေရှိရင်တောင် ကြယ်ဖြူက ပြန်ဆက်သွယ်မှာ မဟုတ်ပါဘူး ………..
        အခုတော့ ကြယ်ဖြူ တစ်ယောက် အရင်လိုပဲ အရင်တိုင်းပဲ ပြန်ဖြစ်နေပြန်ပြီ ……….. 😀

  • windtalker

    September 28, 2011 at 9:09 pm

    မနွယ်ပင် ရဲ ့ပို ့စ် ကို
    သီချင်းလေး နဲ ့သိမ်းရင် ဘယ်လိုနေမလဲ
    မသိဘူးနော်..
    ( အခုတော့ ဟောင်းသွားပြီလား
    မင်းစကားတွေ နားထဲမှာခါး … )

  • 007James

    October 1, 2011 at 10:42 am

    တစ်ပုဒ်လုံးဝေဖန်ရရင် ရုံးမှာ အလုပ်နဲတယ်နဲ့တူတယ်။

    • နွယ်ပင်

      October 1, 2011 at 11:12 am

      အင် ဝတ်ထုကို အလုပ်မှာ ရေးတာ မဟုတ်ပါဘူး
      အိမ်မှာ ရေးလာတာပါ . အလုပ်ရောက်မှ pagemaker နဲ့ ပြန်ရိုက်ပြီး
      တင်တာပါနော ် … 😛

Leave a Reply