Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြက်သား အာလူးဟင်း(အိုဘားမားနိုင်တဲ ့အတွက်မန်းဂဇက်ရွာသို ့ချက်ကြွေးခြင်း)

ရွှေအိမ်စည်November 7, 20122min47414

ယနေ ့မီနူးကြက်သား အာလူးဟင်း(အိုဘားမားနိုင်တဲ ့အတွက်မန်းဂဇက်ရွာသို ့ချက်ကြွေးခြင်း)

မြန်မာစတိုင် ကြက်သား၊ အာလူးဟင်းလို့ ဆိုပေမယ် ဆန်းသစ်တဲ့ ချက်နည်းနဲ့ ချက်ထားတာပါ။ သာမန်ချက်နည်းနေကျ ချက်နည်းနဲ့ မတူပါဘူး။ ကြက်သားကို အရင်ဆုံး ဂျင်း၊ ကြက်သွန်ဖြူ၊ မဆလာ၊ ဆားတို့နဲ့ အရင်နုပ်ထားတာမို့ ကြက်သားက အရသာ၊ အနံ့ပါ ကောင်းပြီ ပိုနူးညံ့ပါတယ်။ အာလူးကိုလည်း မချက်ရင် အရင်ကြော်ပြီမှ ကြက်သားနဲ့ ပြန်ရောချက်ထားတာပါ။ အရသာလည်း အရမ်းကောင်းမွန်ပြီ နည်းသစ်လေးမို့ ကြိုက်နှစ်သက်ကြမှာပါ။ ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်၊ ရင်ဗုံသား – ၃၀ဝ ဂရမ် (၁လက်မအရွယ်လေးများ တုံးပါ)
  • အာလူး – ၃လုံး (အခွံနွှာပြီ ၈စိပ်စိပ်ပေးပါ)

 

  • ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (ထောင်းထားပါ)
  • ဂျင်း – လက်တဆစ် (ထောင်းပြီ အရည်ညှစ်ထားပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ဟင်းခတ် မဆလာ – လက်ဖက်ရည်ဇွန်း တဝက်
  • ငရုတ်သီး ဆီသပ်ပြီသား – စားပွဲတင်ဇွန်း ၃ဇွန်း (ငရုတ်သီးမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း)ကို ဆီချက်ထားပါ)
  • ဆား၊ ကြက်သားမှုန့်
  • ရှမ်းနံနံ – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးထားပါ)
  • နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီထားပါ)
  • ပျဉ်တော်သိမ်းရွက် – ၂ရွက်

ချက်ပြုတ်နည်းများ

၁။ အရင်ဆုံး ကြက်သားကို (ကြက်သွန်ဖြူ၊ ဂျင်း၊ ဟင်းခတ်မဆလာ၊ ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တဝက်)) တို့ကို ထည့်ကာ သမအောင် ရောမွှေပေးပါ။

၂။ ပြီလျှင် နုယ်ထားသော ကြက်သားများကို ရေခဲသေတ္တာ(အောက်ထပ်) တွင်ထည့်ပြီ ၁နာရီခန့် နုပ်ထားပေးပါ။

၃။ ကြက်သားကို နုပ်ထားစဉ် အာလူးများကို (ဆား(လက်ဖက်ရည်ဇွန်း တဝက်)) ထည့်နုယ်ပြီ ဂျုံကပ်ပေးပါ။

၄။ ပြီမှ ဒယ်ထဲ ဆီများများထည့်ပြီ အာလူးကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။

၅။ ကြက်သားနဲ့ အာလူးဟင်းကို စချက်ပါတော့မည်။

၆။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ကြက်သွန်နီများကို အညှိရောင်သန်းသည်အထိ ဆီသပ်ပေးပါ။

ရ။ ထို့နောက် နုပ်ထားသော ကြက်သား၊ ခရမ်းချဉ်သီး၊ ငရုတ်သီးဆီချက် တို့ကို ထည့်ကာ ၁မိနစ်ခန့် ရောမွှေပေးပါ။

၈။ ပြီနောက် ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တဝက်)၊ ကြက်သားရေမြုပ်ရုံ ရေထည့်ပြီ အဖုံးအုပ်ကာ တည်ထားပေးပါ။

၉။ ဆီပြန်လာလျှင် အာလူးများထည့်ပြီ နောက်တရေ ကြက်သားမြုပ်ရုံရေထပ်ထည့်ပြီ အဖုံးအုပ်ပြီ တည်ထားပါ။

၁၀။ ကြက်သားရော၊ အာလူး နူးပြီဆိုလျှင် နံနံပင်၊ ရှမ်းနံနံ၊ ပျဉ်တော်သိမ်းရွက် အုပ်ပြီ မီးပိတ်လိုက်ပါ။

၁၁။ အရသာကောင်းမွန်သော ကြက်သားနဲ့ အာလူးဟင်းကို ထမင်းနဲ့ မြိန်ရှပ်စွာ သုံးဆောင်လို့ရပါပြီ…

http://www.wutyeefoodhouse.com/

14 comments

  • မမလေး ရွှေအိမ်စည် …
    တစ်နေ့ .. ၂ ပုဒ် ခည ..
    ခုလေ ….. အဟဲ …
    ဂျီတော့ရယ်၊ စမူဆာရယ် …
    ကြက်သား အားလူးကို နက်ဖြန်မှ စားတော့မယ်နော် …

  • ရွှေအိမ်စည်

    November 7, 2012 at 3:25 pm

    ဂျီတော့ က ဝ၆.၁၁.၂၀၁၂ရက်နေ ့ကတင်တာလေ.
    စမူဆာနဲ ့ကြက်သားက ဝ၇.၁၁.၂၀၁၂..

    ကိုကိုအန်ဆာတုန်းကလည်း…..

    • Gtalk မှာဝင်ခဲ့တဲ့နာမည်တွေ မပေါ်အောင် – ရွှေအိမ်စည်
      Posted by ရွှေအိမ်စည် on Nov 7, 2012 in Copy/Paste | 8 comments

      ++++++++++++++++++++++++++++++++++++++

      စမူဆာကြော် – ရွှေအိမ်စည်
      Posted by ရွှေအိမ်စည် on Nov 7, 2012 in Copy/Paste | 13 comments

      ++++++++++++++++++++++++++++++++++++++

      အာလူးဟင်း(အိုဘားမားနိုင်တဲ ့အတွက်မန်းဂဇက်ရွာသို ့ချက်ကြွေးခြင်း) – ရွှေအိမ်စည်
      Posted by ရွှေအိမ်စည် on Nov 7, 2012 in Copy/Paste | 3 comments

      အဲ့ဂလိုလေး ပေါ်နေလို့ ပေါမိဒါဘာ ခည ….
      အခြား ဘာရယ် ဟုတ်ဘာဘူးလို့ …

  • Khaing Zar Win

    November 7, 2012 at 3:31 pm

    ခုနက စမူဆာလေးကို ညှပ်ပြီး ဒီကြက်သား ဆီလည်ရေလည်နဲ့ ဆမ်းစားရရင်လည်း ကောင်းမယ်နော်။ :kwi:

  • ရွှေအိမ်စည်

    November 7, 2012 at 3:38 pm

    ကျနော်ရက်ပြင်မိတာနေမယ်..ကျနော်တင်တာတော့.06.11.2012နေ ့ကပါ….မနေ ့က ည ကတင်တာလေ….
    ကျနော်မှားသွားတယ်ပေါ့…..ပြန်ပြင်လိုက်မယ်နော်ဗျ..ကျေးဇူးးပါကိုကိုအန်

    • စိတ်ဆိုးဘာနဲ့နော့ …
      အနော်က ဘာရယ်မဟုတ် ..
      ပြောမိပြောရာ ပြောလိုက်တာပါ … :mrgreen:
      တစ်နေ့ ဘယ်နှစ်ပုဒ်နေနေ သဂျီး ခွင့်ပြုရင် အေးဆေးဘာဘဲ …
      မမလေး ရွှေအိမ်စည် တို့လို တစ်နေ့ ပုံမှန် တင်နေကျ ရွာသားတွေအတွက်ဆိုရင်
      ဘာရို့ ခွင့်မပြုရမှာလဲဗျ ….

  • Mr. MarGa

    November 7, 2012 at 3:56 pm

    ကဲ ကဲ
    ဲငြင်းတာတွေ တော်တော့
    ူဒီနေ့ အိုဗမာ နိုင်တဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့
    ဒီနေ့ ဦးမာဃ ကြက်သားဟင်းနဲ့ ပွဲတော်တည်မယ်
    အချိုပွဲမှာ ခုနက ဆက်သတဲ့ စမူဆာက်ို လက်ဖက်ရည်နဲ့ အချိုတည်းမယ်
    စားတော်ပွဲ ပြင်စေ
    အမိန့်တော်

  • MaMa

    November 7, 2012 at 4:01 pm

    ကြက်သားအာလူးလည်း ကြိုက်
    စမူဆာလည်း ကြိုက်
    ကျေးဇူးးးးးးးးး

  • Wow

    November 7, 2012 at 4:38 pm

    ကြက်သားတွေက ဖွယ်တယ်တယ်နဲ့ အရသာတယ်မရှိလို့ မစားတာကြာဘီ…
    ဒီလိုလေးချက်ရင်တော့စားကောင်းမှာပဲ ကျေးဇူးပါ :hee:

  • jullies cezer

    November 7, 2012 at 5:03 pm

    ဗိုက်ဆာပါတယ်ဆိုမှ ကြက်သားဟင်းကအုန်းထမင်းနဲ့မှလိုက်မှာ …….

  • Good™

    November 7, 2012 at 5:10 pm

    အိုဘားမား မြန်မာပြည် အလည် လာ မယ် ဆိုတော့ လည်း ပျော်စရာ မှတ်ချက် လေးတွေ ပေး ပြီး ကြို ဆို ကြတယ်။
    အိုဘားမား ဒုတိယ သမ္မတ သက်တမ်း အနိုင်ရပြန်တော့ လဲ ဟင်းချက် ကြွေး ပြီး ဂုဏ်ပြု ပြန်တယ်။
    ဒါတောင် အိုဘားမားပဲ ရှိသေးတယ်။
    ငါတို့ သဂျီး သာ ပြန်လာ လို့ ကတော့ တို့ ဂေဇက်ဝင် မန်ဘာ တွေ ဘယ်လောက်များ…………..။

  • candle .

    November 7, 2012 at 8:07 pm

    ှအား..အမရေ.. ဗိုက်ဆာနေတာနဲ ့အတော်ဘဲ ပိုစ့်ထဲကကြက်သားဟင်းကို စိတ်ကူးထဲက အုန်းထမင်းလေးနဲ ့စားလိုက်ပြီနော်…. 🙂

  • မောင်ပေ

    November 7, 2012 at 9:31 pm

    မြင်ရုံနဲ ့တင် အရမ်းစားချင်တာပဲ မရွှေရေ
    ချက်ပုံချက်နည်း ကူးသွားပြီဗျို ့
    ကျေးကျေးပါ

  • တောတွင်းပျော်

    November 7, 2012 at 11:25 pm

    အိုဘားမား ဘက်တော်သားတစ်ယောက်
    ကင်မရာတဖက် ယောင်းမတဖက်နဲ ့
    မီးဖိုချောင်မှာ အလုပ်ရှ ုပ်နေမှာကို မြင်ယောင်ရင်း
    ပြံ ုးမိလိုက်သေးတယ်။
    ပုံကိုကြည် ့ပြီး ဂလုသွားတယ်ဗျို ့

Leave a Reply