Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ပညာတတ်ကြီး ဖြစ်ဦးမှာ (၁)”(EPISODE 12)

nicolus agralNovember 20, 20121min2925

တရုတ်လူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာအရ ပညာရေးဆိုတာ ယောင်္ကျားလေးတွေနဲ့သာ သက်ဆိုင်ပြီး မိန်းကလေးတွေနဲ့ မထိုက်တန်သလိုလို အတွေးအမြင်တွေ ရှိခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။ သည်ကနေ့ထိအောင်တောင်မှပဲ အစွန်းရောက် မွတ်စလင်နိုင်ငံတွေမှာ မိန်းကလေးတွေ ပညာသင်ကြားခွင့်ရဖို့ တောင်းဆိုနေကြရတုန်းရယ်။ ကိုယ်တို့ မြန်မာတွေတောင် ဟိုးအရင်က “မိန်းကလေးဆိုတာ သေစာရှင်စာတတ် တော်ရောပေါ့။ အချိန်တန်တော့ သူ့ယောင်္ကျားက လုပ်ကျွေးလိမ့်မယ်” ဆိုတဲ့ သဘောမျိုး ပြောခဲ့ဆိုခဲ့ကြတာ ကြားဖူးသိမီလိုက်ပါသေးတယ်။ တော်လှန်တဲ့၊ ခေတ်မီတဲ့၊ ထက်မြက်တဲ့ မိန်းမပျိုကလေးများကတော့ သူတို့လည်း အမျိုးသားများနဲ့ တန်းတူအခွင့်ရေး ရရှိသင့်တယ် လို့ အရေးဆိုနေကြတာ၊ ကြိုးစားပန်းစား နေရာယူလာခဲ့ကြတာ မနည်းပါဘူး။ အင်္ဂလိပ်ခေတ်မှာကတည်းက ကုမ္မာရီအသင်းတွေထောင်ပြီး ဘီအေမ အိုင်အေမကြီးတွေ ထွက်လာအောင် လေ့ကျင့်သင်ကြားခဲ့ကြတယ်။ ဒေါ်ခင်မျိုးချစ်၊ လူထုဒေါ်အမာ၊ ဒေါ်ခင်နှင်းယုတို့လို အမျိုးသမီးများဘဝကို ထင်ဟပ် ဆုံးမ လမ်းးညွှန်ပေးနိုင်တဲ့ စာရေးဆရာမကြီးတွေလည်း အားကျဖွယ်ရာ ထွက်ပေါ်ခဲ့တာပဲ။ တို့မေကြီးရဲ့ အတူနေ မွေးစားအန်တီ ဒေါ်ဒေါ်မသန်းအေးဆိုရင် မြန်မာအမျိုးသမီးထဲက ပထမဦးဆုံး ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်နိုင်သူ၊ ပညာတတ် ဘိလပ်ပြန်မကြီးဖြစ်ခဲ့ပြီး အင်္ဂလိပ်ဘုရင်ခံ ရုပ်ရှင်ကြည့်တဲ့အခါ ဘာသာပြန်ပေးရတဲ့သူတဲ့။ လူတွေကတော့ ဘိလပ်ပြန်သန်း လို့ ပြောလိုက်ရင် သူ့အသံ မကြားဖူးတဲ့သူတောင် မရှိဘူး။ မြန်မာမကလေးတွေအနေနဲ့ အဲသလို ကမာ္ဘ့အလယ်မှာ ဝင့်ထည်နိုင်ဖို့ဆိုရင် သင့်တင့်လျှောက်ပတ်တဲ့ ပညာအရည်အချင်း၊ အသိအလိမ္မာ နဲ့ ဆင်ခြင်တုံတရား၊ အမျိုးအနွယ်ကို စောင့်ရှောက်ထိန်းသိမ်းလိုတဲ့ ဇာတိမာန်ကလေးတွေ ပြည့်စုံနေဖို့ လိုအပ်မယ် ထင်ပါတယ်။

အသက်အရွယ်ကလေးရလို့ စဉ်းစားဆင်ခြင်နိုင်တဲ့အခါမှာ လူတစ်ယောက်ရဲ့ အရည်အချင်း၊ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ မျိုးရိုးအင်အား၊ ဓနအင်အား၊ ရုပ်ဆင်းရူပကာတွေထက် ဉာဏ်ပညာ၊ အသိအလိမ္မာကသာလျှင် သူ့ရဲ့ကိုယ်ပိုင်ဥစ္စာ၊ မကွဲမကွာလိုက်ပါလာမယ့် ကိုယ်ပိုင် အရည်အချင်းဖြစ်တယ် လို့ နားလည်လာပါတယ်။ ပိုက်ဆံရှိရင် ပညာတတ်တွေ အနားခေါ် ရှိခိုးခိုင်းထားလို့ ရချင်ရမပေါ့။ တစ်ခွန်းဘယ်လောက်ပေးမလဲ။ ဘုရားထူးခိုင်းချင်သေးလား ရတယ်။ ပိုက်ဆံကုန်ရင်တော့ တာ့တာ။ ပုခုံးပေါ်ကအခက်ကြီးတွေ အခွေကြီးတွေ ရှိနေသရွေ့ သွားလေရာ လာလေရာ “ဘဘဗိုလ်ချုပ်ကြီး ကျန်းမာပါစေ။” အော်ပေးမယ့်လူ မရှားပါဘူး။ ခေါင်းဖြူဆေးမဆိုး မာန်စွယ်တွေကျိုးကာမှတော့ အိမ်လာတဲ့ မောင်ရင်လေးတွေကတောင် မခိုးမခန့် ဆက်ဆံကြတာ တွေ့ဖူးဘူးလား။ ဇီးထုပ်တွေထိုင်ထိုင်စားပြီး ခေါင်းခဏခဏလျှော်ပြတဲ့ တစ်နိုင်ငံလုံး သည်းသည်းလှုပ် မင်းသမီးချောလေးဆို အခု ဝ၀ဝတီဖြစ်လာတော့ လက်ဘက်သုပ် ဂျင်းသုပ် စပ်ပြလို့တောင် စိတ်မလည်လာကြတော့ဘူး။ သူများတကာ ချိုးချိုးဖဲ့ဖဲ့ နှိပ်ကွပ်တဲ့သဘော မဟုတ်ပါဘူး။ အဲဒီလူတွေအားလုံးထက်အရင် ဟိုးရှေးရှေးကတည်းက ပညာနဲ့ ရပ်တည်ခဲ့တဲ့ ဘိလပ်ပြန်သန်းရဲ့ နံမယ် ဂုဏ်သတင်းဟာ သူတို့တွေခေတ်ကုန်သွားပြီးတဲ့ နောက်မှာတောင် ငုပ်မသွားဘူး။ သိမ်ငယ်မသွားဘူး လို့ ပြောချင်တာပါ။ မိန်းကလေးရယ်လို့ ဖြစ်လာရင် သူသူကိုယ်ကိုယ် လှချင်ကြတယ်။ ပိုက်ဆံများ ရှိလို့ကတော့လေ။ ကာတီးယားစိန်တိုက်က စိန်တွေ အကုန်ဝယ်ပြီး တစ်ကိုယ်လုံးကို စိန်စီပစ်လိုက်ချင်ကြတယ်။ ကိုယ့်အဖေ ဘာကောင်မှ မဟုတ်တာ သူအသုံးမကျတဲ့ကိစ္စ၊ ကိုယ့်ယောက္ခမ ဘာကောင်မှ မဟုတ်တာ ကိုယ်အသုံးမကျတဲ့ကိစ္စ လို့ မြင်ကြတယ် မဟုတ်လား။ ပညာတတ်ကြီးဖြစ်အောင် ကြိုးစားပြီး ဘယ်သူ့ကိုမှ အားမကိုးပဲ ကိုယ်ပိုင်အရည်အချင်းနဲ့ ရပ်တည်ပလိုက်မယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းကလေးတွေက သည်ကနေ့ခေတ်အခါမှာ အိုင်ဒီယာကွေးတယ် လို့ အထင်ခံရမှာစိုးလို့ ဒီတခါတော့ စာရေးဆရာမကြီး ယင်းမာ ဘာမှ မပြောရသေးခင် ပညာရေးဆိုတာ အမျိုးသမီးများအတွက်လည်း ထပ်တူထပ်မျှ အရေးကြီးလှပါကြောင်း သတိပေးလိုက်ပါရစေ။

ရှန်ဟိုင်းမှာ နေကြတုန်းက ယောင်္ကျားလေးတွေဟာ မိန်းကလေးတွေထက် အလိုလိုနေရင်းကို ပိုတော်နေပြီးသားဆိုတဲ့ အစွဲဟာ သူများတွေ အားလုံးဆီမှာတင် မကပါဘူး။ ယင်းမာကိုယ်တိုင်တောင်မှ အဲသလိုပဲ ယုံကြည်ထားခဲ့တာ။ သည်တစ်သက်မှာတော့ ကိုကိုကြီး ကိုကိုလတ် ကိုကိုလေးတို့ကို ဘယ်တော့မှ ပညာချင်းယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။ အိမ်မှာ တရုတ်နှစ်ကူးလုပ်တော့ ထမင်းလည်းစားပြီးရော မေမေလေးက မောင်နှမတွေအားလုံးကို ပလုပ်တုပ်ချိုချဉ် တစ်ယောက်တစ်ချောင်း ကျွေးတယ်။ ထုံးစံအတိုင်း ဘယ်သူရှိရမလဲ။ ကိုကိုလတ် အဂ္ဂါရယ်ပေါ့။ သူ့ဥစ္စာကုန်သွားတာနဲ့ ယင်းမာလက်ထဲကမုန့်ကို လာ မျက်စောင်းထိုးရော။ သူလိုက်လုလို့ ထွက်ပြေးတာနဲ့တင် ယင်းမာလည်း မစားလိုက်ရဘူး။ အောက်ပြုတ်ကျသွားလို့ အသံပြဲကြီးနဲ့ အော်ငိုရော။ ဧည့်သည်တွေနဲ့ စကားကောင်းနေတဲ့ ဖေဖေက စိတ်ဆိုးသွားပြီး နှစ်ယောက်လုံးကို ဒဏ်ပေးတယ်။ ကဗျာစာအုပ်တစ်အုပ် ယူလာပြီး ရှေ့ဆုံးစာမျက်နှာက ကဗျာကို ကူးရေးရမယ်။ မှတ်မိအောင် ကျက်ရမယ်။ ပြီးရင် အလွတ်ပြန်ရေးပြရမယ် တဲ့။ မပြီးမချင်း ဘယ်သူမှ မကစားရဘူး။ ဘယ်သူအရင်ရမလဲ ကြည့်ကြသေးတာပေါ့ လို့ဆိုတယ်။

ကဗျာလေးက စာကြောင်းရေ လေးကြောင်းပဲ ရှိတာပါ။ ဘာတွေဆိုလိုမှန်းတောင် နားမလည်ဘူး။ မလည်နေပေါ့။ အလွတ်ကျက်လိုက်မယ်လေ။ ကိုကိုလတ်က ယင်းမာထက် လေးနှစ်တောင်ကြီးတာဆိုတော့ တော်နေကြာဆို သူကရသွားတော့မှာ။ ပြီးတော့ သူက ယောကျင်္ားလေးလေ။ ကျက်ရင်းကျက်ရင်း ရှေ့ရောက် နောက်မေ့နဲ့ ယင်းမာလည်း အကြံအိုက်ပြီး မျက်ရည်တွေ ဝိုင်းလာတယ်။ ဖိုးဖိုးက “ယင်းမာ။ အဓိပ္ပါယ်ကို နားလည်အောင် အရင်လုပ်၊ အသံထွက်ကို မှန်အောင်ထွက်၊ မသိရင် အဘိဓါန်စာအုပ်ထဲမှာ ရှာ” လို့ ပြောတယ်။ ခုနှစ်နှစ်သမီးက ကျက်ခဲ့တဲ့ အဲသည်ကဗျာဟာ သည်ကနေ့ထိတိုင်အောင် ယင်းမာ နှလုံးသားထဲမှာ စွဲနေအောင် အလွတ်ရတုန်းပဲ။ အမြဲတစေ အနိုင်ကျင့်ခံနေရတဲ့ ညီငယ်လေးတစ်ယောက်က သူ့အကိုဆီမှာ အသနားခံတဲ့ အကြောင်းပါ။ ခြေလှမ်းခုနှစ်လှမ်းအတွင်း သူ့ခံစားချက်ကို သိသာအောင် မတင်ပြနိုင်ရင် အပြစ်ပေးခံရဦးမှာတဲ့။ သူရေးတဲ့ ကဗျာပုဒ်ကလေးကတော့ “ပဲပြုတ်စေ့ကလေး နူးနပ်သွားဖို့ ပဲစေ့ညှာကလေးက ကြွေပေးရရှာတယ်။ မိုးပြဲဒယ်ထဲက ထမင်းနပ်ဖို့ ဖိုခနောက်တိုင်တွေက အပူခံပေးရတယ်။ တကယ်တော့ တစ်ခိုင်တည်းပွင့်၊ တစ်ညှာတည်းသီးကြတဲ့သူတွေအချင်းချင်း ဘာကြောင့်များ နှိပ်စက်ကလူ အနိုင်ယူချင်ရသလဲ။” တဲ့။

အစပိုင်းမှာ ဘာတွေဆိုလိုချင်မှန်းနားမလည်ပေမယ့် ကျောင်းကဆရာမ သင်ပေးတဲ့နည်းအတိုင်း မသိတဲ့စကားလုံးကို အဘိဓါန်မှာရှာကြည့်၊ ပြန်ချရေး၊ တစ်ခါကနှစ်ခါဆို သိပ်မခက်တော့ပါဘူး။ စာလုံးလေးတွေထဲမှာ အသံကို ကာရံဖမ်းထားတာလေးတွေပါ သဘောပေါက်လာတယ်။ ဝမ်းသာအားရ ဖိုးဖိုးဆီပြေးသွားပြီး တစ်ကြောင်းချင်း ချရေးပစ်လိုက်တယ်။ တအောင့်နေ ဖေဖေအိမ်ပေါ်ထပ်တက်လာတော့ သူတို့သားအဖနှစ်ယောက် ဖတ်ကြည့်ပြီး မဲ့ပြုံးပြုံးတယ်။ သူ့သားက ရှုံးသွားတာကိုး။ မခံချင်ဘူး မဟုတ်လား လို့ ကိုယ့်ဘာသာကိုယ် တွေးမိသား။ အခန်းထဲက ထွက်သွားတဲ့ဖေဖေဟာ မကျေမချမ်းနဲ့ အဂ္ဂါ့ကို တပြီး “အင်း … သည်ကောင်လေးတော့ ပညာတတ်ကြီး ဖြစ်ဦးမယ် မထင်ပါဘူး။” လို့ ရေရွတ်သွားတာ ကြားလိုက်မိတယ်။ ယင်းမာကတော့ အဲသည်အချိန်က စ လို့ ယောကျင်္ားလေး နဲ့ မိန်းကလေးဆိုတာ ပညာသင်ဖို့ ဉာဏ်ရည် အခြေခံချင်း အတူတူပါပဲ။ ကြိုးစားမှုနဲ့ပဲ ကွာသွားမှာ လို့ သဘောပေါက်လိုက်ပါတယ်။

တရုတ်လူမျိုးတွေရဲ့ စိတ်ထဲမှာ ပညာရေးဆိုတာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါတယ် လို့ သဘောပေါက်အောင် ခေါင်းထဲကို ရိုက်သွင်းပေးခဲ့တာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းကပါပဲ။ သမိုင်းဆရာကြီး စီမာချန်ရဲ့ ရှီဂျီရာဇဝင်ကျမ်းထဲမှာပေါ့။ စစ်သူကြီးလျူဘန်ရဲ့ အမြှော်အမြင်ကြီးလှသော အကြံပေးအရာရှိကြီးနှစ်ဆူ ကို ဥပမာပေးပြီး အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းကလေးနဲ့ ပျိုးသွားတယ်။ ပေါသွပ် နဲ့ ချန်းလျန် တဲ့။

ပေါသွပ်ဆိုတာက တို့ မြန်မာကာတွန်းထဲက သမိန်ပေါသွပ်လို ထင်သလိုနေ ထင်သလိုပြောလို့ ပေါတောတောနဲ့ရယ်လို့ အများက သတ်မှတ်ထားတဲ့ ဆရာကြီးဦးလူပေါ (Mad Master) ကို ပြောတာပါတဲ့။ နံမယ်ရင်းကတော့ လီရှီဆီ လို့ခေါ်တယ်။ အခု ဟီနန်ပြည်နယ် ခိုင်ဖုန်းမြို့ကလာတယ် ဆိုပဲ။ စာတတ်ပေတတ် ပညာရှိပဲ။ အချိန်ရှိသရွေ့ ရေးကာဖတ်ကာ ကုန်လွန်တယ်။ ဒါပေမယ့် ဘယ်သူကမှ မြှောက်စားလို့ မရဘူး။ ထင်ရာစိုင်းတတ်၊ ဘုဘောက်ကျတတ်၊ ခွကျတတ်လွန်းလို့။ တကယ်တော့ ရူးတာ နဲ့ ထူးတာဆိုတာ ခပ်ပါးပါးကလေးပဲ ကွာတာ မဟုတ်လား။ သူကတော့ ထူးလည်းထူးတယ် ရူးလည်းရူးတယ် တို့ကိုကြီးကျော် လို့ဆိုရမယ်။ မူးမူးရူးရူးနဲ့ ပေါက်ပန်းဈေးတွေ လျှောက်လျှောက်ပြောတာနဲ့တင် ခဏခဏ ကွာတားချခံရပြီး သူ့ခမျာ တံခါးစောင့်ရာထူးက မတက်တော့ဘူး။

စစ်သူကြီးလျူဘန်က သူတို့မြို့တံခါးဝကို ရောက်လာတဲ့အခါ ခြေခင်းလက်ခင်းနဲ့ စစ်ရေးဗျူဟာ အချက်အချာကျကျ တည်နေပုံကို သတိထားမိပြိး မြို့ပြင် မလှမ်းမကမ်းကနေ တပ်စွဲလို့ အကဲခတ်နေသတဲ့။ လျူဘန်တို့တပ်ထဲက အရာရှိတစ်ယောက်ဟာ မြို့ထဲက ဆွေမျိုးသားချင်းများရှိရာ သွားလည်တဲ့အခါ ဆရာပေါသွပ် နဲ့ သိကျွမ်းသွားတော့ ဟိုက “ငါ့တံခါးဝမှာ အရာရှိ၊ မင်းမှုထမ်းပေါင်းများစွာကို မြင်ခဲ့ဖူးပေါင်း မနည်းတော့ဘူး။ လျူဘန့်လောက် ခန့်ခန့်ညားညား ဩဇာထည်ထည်ဝါဝါ မတွေ့ဖူးဘူး။ ငါ့ကို သူနဲ့ မိတ်ဆက်ပေးစမ်းပါ။” လို့ ပူဆာသတဲ့။ “ကောင်းပြီလေ။ ဒါပေမယ့် သူ့ရှေ့ရောက်ရင် ကွန်ဖြူးရှပ်စ် တပည့်လို့တော့ မပြောမိစေနဲ့။ သူက အဲဒီလူတွေ မြင်ရင် ကြည့်မရဘူး။ ခေါင်းပေါ်က ဦးပေါင်းပြားကလေးတောင် ဆွဲဆွဲဖြုတ်တာ မြင်ဖူးတယ်။” လို့ သေသေချာချာ မှာသတဲ့။

သူများသာ မှာလို့ရမယ်။ ပေါသွပ်ကို ဒါမျိုးလာမှာလို့တော့ ရစရာလား။ သေသေချာချာကိုပဲ ကွန်ဖြူးရှပ်စ်ကျောင်းဝတ်စုံကို အပြည့်အစုံ ဝတ်ဆင်ပြီး တဲနန်းမှာ တံခါးသွားခေါက်တာပေါ့။ ဘူလေးလဲ လို့ မေးတဲ့အခါ အပေါက်စောင့်ကလည်း စာသမားပေသမားတစ်ယောက်ပါ လို့ပဲ ပြောရတာပေါ့။ “မအားဘူးလို့ ပြောလိုက်” ဆိုတာ လျူဘန့်အလွန်တော့ မရှိပါဘူး။ သူ့ခမျာ အားမော့ အားမော့ လုပ်မလို့ ထိုင်းမာဆပ်သမကလေးနှစ်ယောက်နဲ့ ခြေထောက်ကလေးကစ လို့ ရေနွေးစိမ်နေတုန်းရှိသေးတာ။ အထဲကလူက မတင်းရသေးခင် အပြင်က ဆရာပေါသွပ်က တင်းသွားပြီး ဓါးရှည်ကိုဆွဲထုတ်တော့မလိုဟန်နဲ့ “အထဲကကောင်ကို ပြောလိုက်စမ်း၊ ငါ စာပေသမား မဟုတ်ဘူး။ အရက်သမားကွ။ သိက္ခာလာမချနဲ့။” လို့ အော်လိုက်ပါတယ်။ လျူဘန်က ခြေထောက်ပြောင်အောင်သုတ်၊ လှံရှည်ကို လက်ထဲမှာကိုင်ထားရင်း “ဝင်ခဲ့” လို့ ပြန်အော်လိုက်တဲ့အခါ ပုဏ္ဏားများလို လက်ကလေးနှစ်ဘက် ပင့်ကာပင့်ကာ နဲ့ ခါးမညွှတ်ပဲ ဝင်လာသူ သုခမိန်ကြီးကို တွေ့ရပါသတဲ့။

“စစ်သူကြီးမင်းဟာ ချင်အင်ပါယာဘက်ကနေ ခုခံတော်လှန်သူတွေကို ချေမှုန်းမလို့လား။ ခုခံတော်လှန်သူတွေဘက်ကနေ ချင်အင်ပါယာကြီးကို ချေမှုန်းမလို့ ကြိုးစားမှာလား။”

“ရူးများရူးနေသလား။ မိုးအောက်မြေပြင်တခွင်လုံး စစ်သူကြီးလျူဘန်ဟာ ချင်အင်ပါယာကို နှိမ်နှင်းဖို့ ပြည်ထောင်နယ်စားအားလုံးကို ဦးဆောင်နေတယ်ဆိုတာ လူတိုင်းသိတယ်။”

“’ဒါဆိုလဲ ဘာဖြစ်လို့ ချင်မူးမတ်တွေ လုပ်လေ့ရှိသလို လူတစ်ယောက်ကို အပြင်ပန်းအမြင်နဲ့ အကဲခတ်နေတာလဲ။ ခင်ဗျားကမှ ကျုပ်ထက်တောင် ပိုရူးသေးတာပေါ့။ ဒီလိုနည်းနဲ့ စစ်မှန်တဲ့ အရည်အချင်းရှိသူတွေကို ရှာလို့ ရရိုးလား။ ဒီကနေ့ ခင်ဗျား ကျုပ်ကို လက်ခံစကားမပြောခဲ့မိရင် အမှားကြီး မှားလိမ့်မယ်နော်။ ရုပ်ကြည့်ရတာ ကိုယ့်ထက် သက်ကြီးဝါကြီးတွေ့လို့မှ အရိုအသေ ပေးတတ်ပုံမပေါ်ဘူး။”

ဒီစကားကို ကြားလိုက်တဲ့အခါ လျူဘန်က ကောင်မလေးနှစ်ယောက်ကို ပြန်ပို့ခိုင်းလိုက်ပြီး ကိုယ်လက်သုတ်သင်လို့ ဆရာကြီးပေါသွပ်ကို ကုန်းရှိ ကုန်းရှိလုပ်ပြီး အကောင်းဆုံးအရက် စားသောက်ဖွယ်ရာတွေနဲ့ ညဉ့်နက်သန်းခေါင်တိုင်အောင် ထွေရာလေးပါး ဆွေးနွေးနာကြားပါတယ်။

“လောလောဆယ်မှာ ဗိုလ်မင်းတို့တပ်က စစ်သည်တစ်သောင်းတောင် မပြည့်ချင်ဘူးဗျ။ ပြီးတော့ စစ်တပ်ဆိုတဲ့ နံမယ်သာရှိတာ။ စစ်ပညာ စစ်စည်းကမ်း ကျကျနန သင်ထားဖူးတဲ့သူ တစ်ယောက်တောင် မပါဘူး။ ဂျောင်ကုန်းကုန်းကြီး နန်းတော်ကတပ်က လက်နက်အပြည့်အစုံ၊ ကျင့်သားရပြီးသား၊ အတွေ့အကြုံရှိပြီးသား အစကတည်းက စစ်သားအဖြစ် အသက်မွေးနေကြတဲ့သူတွေ။ ရှန်းယန်မြို့တော်ကို ခုချိန် ခင်ဗျားသွားတိုက်လို့ကတော့ ကျားခံတွင်းထဲ လည်စင်းပေးသလို နေလိမ့်မယ်။

အရေးကြီးတာက ခိုင်မာတဲ့ အခြေချ စစ်စခန်းတစ်ခုကနေ လေကျင့်သင်ကြားစရာတွေ အများကြီးရှိသေးတယ်။ ဟောဒီချင်လျူမြို့ကတော့ အသင့်တော်ဆုံး၊ အကွက်အကွင်းလည်း အကျဆုံး။ သွားရေးလာရေးလည်း လွယ်ကူတဲ့ လမ်းဆုံမှာရှိတယ်။ စားရေရိက္ခာလည်း ဖူလုံတယ်။

ကံကောင်းချင်တော့ ချင်လျူမြို့ဝန်နဲ့ ကျုပ်နဲ့ သိတာ မကြာသေးဘူး။ ဗိုလ်မင်းဆီမှာ လက်နက်ချ ခိုလှုံဖို့ တိုက်တွန်းပေးမယ်။ သူက သဘောမတူဘူး ဆိုတော့လည်း ဗိုလ်မင်းက အပြင်ကတိုက်၊ ကျုပ်ကအတွင်းက မြို့တံခါးတွေ ဖွင့်ပေးမယ်။ ကြက်ကလေး ငှက်ကလေး ဖမ်းသလောက်ကို လွယ်မှာ။”

ဆရာပေါသွပ်ဟာ အပြောသမား သက်သက်တော့ မဟုတ်ပါဘူး။ သူ့အကြံဉာဏ် အကူအညီနဲ့ စစ်သူကြီးလျူဘန်ဟာ မြားတစ်စင်းမကုန်၊ စစ်သည်တစ်ယောက် အထိအခိုက်မရှိပဲ ချင်လျူမြို့ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီကစလို့ ဆရာပေါသွပ်ကို စစ်ဗျူဟာ အကြံပေးခန့်လိုက်ပြီး ဆရာပေါသွပ်ညီကလေးကိုလည်း ချင်လျူတပ်မှူးခန့်လိုက်သတဲ့။

စစ်အင်အားတွေ ဖြည့်တင်းလေ့ကျင့်ရင်း လျူဘန်ဟာ အနောက်ဘက်က ဆင်ခြေဖုံး မြို့ကလေးတွေကို တစတစ သိမ်းသွင်းသွားပါတယ်။ ချင်စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရခြင်းမရှိအောင် သတိကြီးစွာထားလို့ ကွေ့ကာရှောင်ကာ ချီလာတဲ့ လျူဘန်တို့တပ်ကြီးဟာ ရှန်းယန်မြို့တော် ရောက်လုလု လမ်းခုလတ်မှာ မိတ်ဟောင်းဆွေဟောင်း စစ်ဗျူဟာကျွမ်းကျင်သူ ဆန်းလျန် နဲ့ ပြန်ဆုံမိပါတယ်။ အဲဒီခေတ်တုန်းက အုပ်ချုပ်သူ ရှင်ဘုရင်တွေမှာ စစ်မက်ရေးရာနဲ့ ပတ်သက်လို့ အကြံပေးဆွေးနွေးစရာ ကျွမ်းကျင်သူ ပညာရှင်တွေ ခန့်ထားလို့ တိုင်ပင်ဆွေးနွေးလေ့ရှိသတဲ့။ သူတို့က ကိုယ်တိုင်တော့ စစ်တိုက်နိုင်တဲ့သူတွေ မဟုတ်ပါဘူး။ ဒါပေမယ့် စာပေကျမ်းဂန် အထောက်အထားတွေကနေ၊ စစ်ပွဲမှတ်တမ်းမှတ်ရာတွေကနေ၊ ပုံပြင်ဒဏ္ဍာရီ သမိုင်းကြောင်းတွေကနေ သင်ကြားမှတ်ယူလို့ အကြံကောင်းဉာဏ်ကောင်းများ ပေးလေ့ရှိသတဲ့။ ဆန်းလျန်ဆိုတာ ဟန်နိုင်ငံက အဲသည်လို စစ်ရေးဗျူဟာအကြံပေးတစ်ယောက်ပါ။

တကယ်တော့ ဆန်းလျန်ဟာ လူသစ်တစ်ယောက်မဟုတ်ပါဘူး။ ပထမမြောက်ဧကရာဇ်ကို ခဲလောင်ချာနဲ့ပစ်ပြီးလုပ်ကြံတာ ရထားချင်းမှားသွားလို့ အရေးမအောင်ပဲ စတေးရှောင်နေရတဲ့ ဟန်လူငယ်ကလေး ဆိုရင် မှတ်မိကြဦးမယ် ထင်ပါရဲ့။ သူတို့မျိုးရိုး ငါးဆက်လောက်ကတည်းက ဟန်ဘုရင်မင်းမြတ်အပါးမှာ ခစားခဲ့ရတဲ့ မူးကြီးမတ်ရာဖြစ်ခဲ့တာ ချင်နိုင်ငံရဲ့လက်အောက်ကို ကျရောက်သွားတဲ့အထိတိုင်အောင် ပါပဲတဲ့။ သူ့ခေါင်းကို ဆုငွေထုတ်ထားလို့ စာအုပ်အသစ်လုပ်ပြီး ချူနိုင်ငံထဲမှာ လှည့်ပတ် တိမ်းရှောင်နေရတဲ့ ဆန်းလျန်ဟာ တနေ့တော့ တံတားကလေးတစ်ခုပေါ်မှာ ငိုင်နေတုန်း စုတ်စုတ်ပြတ်ပြတ် အဖိုးကြီးတစ်ယောက်က စီးလာတဲ့ဖိနပ်ကို တမင်ပစ်ချလိုက်ပြီး “ဟေ့ကောင် ငါ့ဘိနပ် သွားကောက်ပေးစမ်း။” လို့ ခိုင်းသတဲ့။ လူကြီးသားဗီဇက ထောင်းကနဲ ပြန်ပေါ်လာပြီး “ငါ တယ် … ကားနဲ့တိုက်သတ်ပလိုက်ရ။” လို့ တွေးမိပေမယ့် ပိန်ညော်ချိနဲ့နေတဲ့ အဖိုးကြီးကို မြင်တဲ့အခါ သနားသွားပြီး ကိုယ်တိုင် ဆင်းကောက်ပေးလိုက်ပါတယ်။ အဖိုးအိုပိန်ညောင်က ကမ်းပေးတဲ့ဘိနပ်ကို မယူပဲ ခြေထောက်ကလေးဆင်းလို့ “စီးပေးဦးမှပေါ့။” လို့ ဆိုပြန်ပါတယ်။ ကဲ ခုမှတော့ မထူးတော့ပါဘူးလေ။ သည်းခံလက်စနဲ့ ကိုယ်တိုင်ပဲ ဒူးထောက်လို့ ဘိနပ်ကလေး စီးပေးတဲ့အခါ “ဒီသူငယ်တော့ ပညာတတ်ကြီး ဖြစ်ဦးမှာ။” လို့ ပြုုံးပြုံးကြီး ဆိုသတဲ့။ “Ru zi ke jiao.” (This boy is worth educating.) “ဒါမှ သင်ရကျိုးနပ်တဲ့တပည့်” လို့ လည်း အနက်ပြန်လို့ ရပါတယ်။ “နောက်ငါးရက်ကြာရင် ဒီနေရာကို မနက်စောစော ရောက်အောင် လာခဲ့။” လို့ မှာသွားပါတယ်။ ဒါပေမယ့် နောက်ငါးရက်ကြာလို့ တံတားကို ပြန်လာတဲ့အခါ သူ့ထက်အရင်ရောက်နေတဲ့ အဘိုးအိုက နောက်ကျတဲ့အတွက် မြည်တွန်တောက်တီးပြီး နောက်ငါးရက်နေမှ ပြန်လာဖို့ ချိန်းပြန်ပါတယ်။ သည်တခါတော့ မနက်မိုးလင်း ကြက်တွန်သံကြားကတည်းက အပြေးသွားလည်း အမြဲနောက်ကျတဲ့ မျိုးကျော့မြိုင်ကြီးလို ရထားထွက်သွားတာနဲ့ချည့် ကြုံရပြန်တယ်။ နောက်ဆုံး ညကတည်းက မအိပ်ပဲထိုင်စောင့်မယ်ဆိုတော့မှ လက်မတင်ကလေးပဲ ဦးသွားတာတဲ့။ “ပညာတတ်ချင်တဲ့သူဆိုတာ အဲသလိုပဲ ဖြစ်နေရမပေါ့။” လို့ ပြောပြီးမှ စာအုပ်ကလေးတစ်အုပ်ထုတ်ပေးပြီး “ဒီစာအုပ်ကို သေသေချာချာ လေ့လာထားရင် တနေ့မှာ မင်းဆရာ ဖြစ်လာလိမ့်မယ်။ ငါထင်တာ မမှားဘူးဆိုရင်တော့ မကြာခင်ပြောင်းလဲမှုတွေ အကြီးအကျယ်ဖြစ်လာပြီးရင် ဒီစာအုပ်ထဲက ပညာတွေဟာ မင်းအတွက် အဖိုးမဖြတ်နိုင်အောင် အသုံးဝင်လာလိမ့်မယ်။” လို့ပြောသွားပါတယ်။

နောက်တနေ့မနက် ကျမှ သေသေချာချာ ကြည့်လိုက်တော့ အဲဒါ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ တိုင်ကောင်း ရဲ့ သေနင်္ဂဗျူဟာ စစ်ပညာကျမ်းကြီး ဖြစ်နေသတဲ့။ ချောက်ထဲကျသွားပြီးရင် သိုင်းကျမ်းကြီးတွေ့လေ့ရှိတဲ့ တရုတ်ဝတ္ထုတွေထဲကလိုပဲ ဆန်းလျန်လည်း အဲသည်စာအုပ်တစ်အုပ်တည်း အမြီးပြန်ခေါင်းပြန် လေ့လာပြီး ဆရာကြီးတစ်ဆူ ဖြစ်လာသတဲ့။ ဘယ်ရှင်ဘုရင်ကို ဆရာလုပ်ရပါ့မလဲ ဆိုတဲ့လူနဲ့ ဘယ်သူ့ကို ဆရာတင်ပြီး ရှင်ဘုရင်လုပ်ရပါ့မလဲဆိုတဲ့လူနှစ်ယောက် တွေ့ကြတဲ့အခါ ဘော်ဒါဘော်ချက်တွေ ဖြစ်သွားပြီးမှ သူ့ဟန်နိုင်ငံ လွတ်မြောက်ရေးအတွက် ဟန်မြို့တော်ကို တက်သိမ်းပါတယ်။ ချက်ချင်းဆိုသလို ချင်တပ်တွေက ပြန်ထိုးစစ်ဆင်လာတဲ့အခါ လျူဘန့်တပ်တွေနဲ့ ပူးပေါင်း လိုက်ပါတယ်။ အဲသည်တိုက်ပွဲမှာ ချင်စစ်သူကြီး ယန်ကျောင်းကိုတောင် လက်လွတ်ထွက်ပြေးအောင် တိုက်ထုတ်လိုက်တဲ့အခါ ချင်ဧကရာဇ်တို့ဘက်က အထူးဆက်သားတမန်လွှတ်ပြီး လိုက်လံကွပ်မျက်စေတဲ့အတွက် ချင်စစ်သူကြီးတွေဘက်မှာ ဘုရင်ကို အကြည်ညိုပျက်လာတာပေါ့။ အဲလို စည်းလုံးမှု ပြိုကွဲလာတာ အခွင့်ကောင်းယူလို့ တစ်မြို့ပြီးတစ်မြို့သိမ်းကာ ဟန်နိုင်ငံကို ဆန်းလျန်လက်ထဲ ပြန်ထည့်ပေးနိုင်လိုက်ပါတယ်။ တစ်အပေါင်းတစ်ထက်သာတဲ့ သူတို့နှစ်ယောက်ပူးပေါင်းမှုဟာ အနောက်ဘက် ရှန်းယန်မြို့ဆီကို ဆက်ချီကြပြန်ပါတယ်။

credit to Dr Soe Min & Dr Yin Mar

5 comments

Leave a Reply