“လုလင်နဲ့ကောက်ပို…………….တွေ့ခဲ့တဲ့တောင်သမန်အာရုဏ်တက်”
“လုလင်နဲ့ကောက်ပို…………….တွေ့ခဲ့တဲ့တောင်သမန်အာရုဏ်တက်”
ညနေ7း30မှာ ဖုန်းစကားပြော
ည10း30 ရောက်တော့ ကားပေါ်ရောက်နေပြီတဲ့။.
မနက်5း30မှာ မန်းလေးမြို့အဝင်က တံခွန်တိုင်အဝိုင်းပါတ်မှာနှစ်ယောက်ဆုံ.
အထုပ်အပိုးတွေနဲ့ တောင်သမန်မှာ ကိုတောက်လျောက်သွား။
နှစ်ယောက်ဆုုံတုံး အသားကုန်နှက်ထားတဲ့ပုံလေးတွေပါ.။
3-1-2013မှာ တင်ထားတာ မတက်လို့ ပြန်တင်လိုက်ရပါတယ်။
ကိုပေါက်လမ်းသလားနေသည်
16 comments
ဂန္ဓာရီ ဆြာအုပ်
January 6, 2013 at 10:31 am
ဆြာပေါက်တို့ကတော့ တောင်သမန်ကို မောင်ပိုင်စီးထားတော့တာပဲ
နာလိုဘူး..အနော်လဲရိုက်ချင်လိုက်တာ
တောင်သမန်ဆြာပေါက် လို့တောင်နာမယ်ပြောင်းလိုက်ပါလား 😛
5 တောင်သမန်က ကွန်သမား နဲ့ 10 မူန်ရီဝေဝေ ဦးပိန် ကိုကြိုက်တယ်
မယ်ဇယ်ပင်တွေကို အုတ်ခုံ ခတ်လိုက်ပြီမဟုတ်လား
၉ လပိုင်းလာတုန်းက လုပ်နေတာတွေ့လိုက်ရတယ်
အရင်က အမြစ်ကြီးတွေ အကြီးကြီးနဲ့ သူများရိုက်ထားတဲ့ပုံတွေမှာ တွေ့ဖူးတယ်
Mလုလင်
January 6, 2013 at 2:50 pm
အဲ့ အကွက် ကို မေ့လိုက် ပါတော့ ဗျာ .. အုတ် ခတ်တဲ့အပြင် ဈေးဆိုင်တန်းတွေ အမှိုက်တွေ နဲ့ …. လစ်သွားရှာပြီ တစ်နေရာ …။
ဂန္ဓာရီ ဆြာအုပ်
January 6, 2013 at 4:04 pm
နေပါအုံး ကပေါက်ပြောတော့ ကလုလင် နဲ့ဆို.. ကလုလင်ပုံတွေကရော.. လုပ်ပါဗျ
ကိုပေါက်(မန္တလေး)
January 7, 2013 at 2:20 pm
ဘိုအုပ်ရေ လုင်ပုံက တင်ထားပြီးပြီလေ
လုံမလေးမွန်မွန်
January 6, 2013 at 7:52 pm
လေးပေါက်..
တစ်ခါသား တောင်သမန်ကိုသွားတော့လေ…အင်းကို တစ်ပတ်ကြီးပတ်သွားတာသိလား..ရွာလေးတွေဘက်တောင် ရောက်သေးတယ်..အဲ့ဘက်မှာ မုုခ်ဦးအကြီးကြီးတွေလည်းရှိတယ်..အဲ့ဒါ ဘယ်ဘက်လည်း မသိဝူး..ဖြစ်နိုင်ရင် ဒါ့ပုံလေးကြည့်ချင်လို့…
အရီးခင်လတ်
January 6, 2013 at 9:24 pm
ကပေါက်ကြီး ရေ
တိမ်တွေရော၊ ရေတွေရော၊ သစ်ပင်တွေရော မြင်ရတာ အေးချမ်းလှပါ၏။
အဲဒီထဲတွေက ပုံ နံပါတ် (၈) “အေးချမ်းသော တောင်သမန်က ယာတဲကလေး” မှာ နေချင်စိတ်ပေါ်နေမိတယ်။
ပြီးတော့ တကယ် နေနိုင်မှာလား ဆက်တွေး နေတယ်။
ခပ်မိုက်မိုက် ကောင်မလေး
January 6, 2013 at 10:13 pm
မိုက်လေးကတော့….နံပါတ် (၅) ပုံကိုအရမ်းသဘောကြတယ်။
ကွန်သမား….ပုံကိုပြောတာပါ..
ပုံတွေအားလုံးပဲကြည့်ရတာအရမ်းအေးချမ်းလှပါတယ်….။
weiwei
January 7, 2013 at 11:52 am
2013 မှာ မန်းလေးကို မဖြစ်ဖြစ်အောင် သွားမယ်လို့ ဆုံးဖြတ်လိုက်ပြီ … ကိုပေါက်ဓါတ်ပုံတွေက သွားချင်စိတ်ပေါက်အောင် လှုံ့ဆော်ပေးတဲ့ တရားခံပဲ … 🙂
လတ်တလောမှာ အချိန်နဲ့ တော်တော်ညှိရခက်နေသေးလို့ …
mamanoyar
January 7, 2013 at 12:07 pm
ပုံလေးတွေအရမ်းလှတာပဲ မျက်စိထဲအေးသွားတယ်
ဦးပိန်တံတားကိုအလည်သွားချင်သေးတယ်
min min
January 7, 2013 at 12:45 pm
ကိုပေါက်ခင်ဗျား…
ကျနော် ကိုပေါက်ခရီးသွားဓါတ်ပုံလေးတွေကို သဘောကျပါသည်။ ကျနော်ကိုယ်တိုင်လည်း မိဘများကို ရွှေမန္တလေးသို့ ဖေဖေါ်ဝါရီလတွင် ဘုရားဖူး လိုက်ပို့ပေးလိုပါတယ်။ မန္တလေးမှ အထင်ကရ ဘုရားဖူး နေရာများကို သိလိုပါသဖြင့် ကျေးဇူးပြုပြီး လမ်းညွန်ပေးပါခင်ဗျား။
နောက်ပြီး မန္တလေးမြို့တွင်း ဘုရားစုံ ဖူးရန် ကားတစီးလည်း ငှါးလိုပါသည်။ ကိုပေါက် အသိမိတ်ဆွေများ ရှိပါက ငှါးရမ်းခ ဈေးနှုန်းကို ကျနော့် မေးလ် mintrue@gmail.com သို့ ပို့ပေးပါရန် အကူအညီ တောင်းခံအပ်ပါသည်။
ကျေးဇူးတင်စွာဖြင့်
ကိုမင်းမင်း
ကိုပေါက်(မန္တလေး)
January 7, 2013 at 2:16 pm
ကိုမင်းမင်းရေ
လာရင်ဖုန်းဆက်လိုက်ပါ ကိုမင်းမေးလ်ထဲကို ကျနော်နဲ့ဆက်သွယ်ရမယ် ဖုန်းနံပါတ်ရယ်
ကျနော်တစ်ခါက တင်ဘူးတဲ့ မန်းလေးကိုအလည်သွားမယ်ပိုစ်လေးကိုလည်း လင့်ပေးလိုက်ပါမယ်
Foreign Resident
January 7, 2013 at 1:50 pm
ဒီတစ်ခါ တိမ်တွေ တော်တော် လှတယ် ။
Mr. MarGa
January 7, 2013 at 1:58 pm
လေးပေါက်
သုံးရာသီ တောင်သမန် ဆိုပြီးတော့ selection လေးတွေ တင်ပေးပါ့လား
နောက်ပြီး
လေးမျိုးစပ် တောင်သမန် ဆိုပြီးတော့
မနက်ခင်းနဲ့ ညနေခင်းပုံလေးတွေ ရောတင်ပေးပါလားလို့
တင်ဖူးတယ် ဆိုရင်တော့ ဦးမာဃ မကြည့်ဖြစ်လို့ထင်တယ် အဟဲ
ဂန္ဓာရီ ဆြာအုပ်
January 7, 2013 at 9:24 pm
ပဉ္စငါးတန် တောင်သမန် ဆိုပြီးတော့ရော
အာရုံခြောက်ပါး တောင်သမန်နား ဆိုပြီးတော့ရော..
ကိုပေါက်(မန္တလေး)
January 7, 2013 at 2:50 pm
တောင်သမန်က အများကြီးရိုက်ထားတာအေ့
သုံးပန်လှတောင်သမန်နာမယ်နဲ့တင်ဘူးတယ်
ကိုပေါက်(မန္တလေး)
January 8, 2013 at 4:26 pm
ပဉ္စငါးတန် တောင်သမန် ဆိုပြီးတော့ရော
အာရုံခြောက်ပါး တောင်သမန်နား ဆိုပြီးတော့ရော..
ဒီပုံကတော့ ဘိုအုပ် လုလင် ရွှေမင်းသား ဘိုသော့ နဲ့ မှော်ဆရာ မန်းလေးမှာဆုံဖြစ်ရင်
ခပ်သွက်သွက်နှက်ပြီးတင်လိုက်ဗျာ