အများရွှင်တဲ့ နှစ်ပါးခွင်
ပြီးခဲ့တဲ့ဧပြီလက ဦးကျောက် ရန်ကုန်ကို ခွင့်ပြန်ပါတယ်ဗျာ။ လေဆိပ်ထဲက ထွက်လိုက်တာနဲ့ လူ့ကို ချွေးပြိုက်ပြိုက်ကျ၊ သစ်ပင်ကြီးတွေက မရှိတော့ဘူးဆိုတော့ ပူလိုက်တဲ့ရာသီဥတု၊ အရှင်လတ်လတ် မီးဖိုထဲ ရောက်နေသလိုပါပဲ။ ဒီကြားထဲ လျှပ်စစ်မီးက မမှန်ပြန်၊ အိမ်ကလေအေးပေးစက် အဟောင်းတွေက ပျက်ဆိုတော့ မိခင်ကြီးနဲ့ တူမလေး နှစ်ယောက်လည်း အိမ်ရှေ့ခန်းမှာ ညဘက်ဖျာခင်း၊ ခြင်ထောင် ထောင်ပြီး အိပ်စက်ရပါတယ်။ ပူအိုက်တဲ့ဒဏ်ကို နည်းနည်းမှ မခံစားနိုင်တဲ့ ဦးကျောက်လည်း သူတို့ကြားထဲ ဝင်အိပ်လိုက်မိတာ ညလယ်လောက် ရောက်တော့ ကြယ်တွေလတွေ မြင်သွားပါတယ်။
တူမနှစ်ယောက်က တစ်နေကုန် မျောက်ရှုံးအောင် ဆော့ထားကြတာဆိုတော့ ညရောက်ရင် ခလေးပီပီ အအိပ်ဆိုးဆိုးနဲ့ လှိမ့်ကန်ကြပါလေရော။ မနက်ရောက်တော့ မျက်တွင်းဟောက်ပက်နဲ့ ဦးကျောက်လည်း နှစ်ကောင်သားဝိုင်းဗျင်းထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ဆေးလိမ်းရင်း၊ ဒီပုံစံနဲ့ဆက်သွား လို့ကတော့ ရန်ကုန်က မပြန်ခင် နံကျိုးရင်ကျိုး၊ မကျိုးရင် သင်းတို့ညီအစ်မ ဖနောင့်စာ မတော်ရာကို ကန်မိလို့ အိမ်ထောင်မကျဘဲ အမျိုးကန်းပြီး “ကုန်းကုန်း” ဖြစ်မယ့်ဘေးကို တွေးမြင်လာပါတယ်။
အင်း……. မဖြစ်ချေ။၊ လေအေးပေးစက် အသစ်တော့ ရောက်တုန်းရောက်ခိုက် ဝယ်လဲပေးခဲ့ဦးမှ။
ရေချိုး အဝတ်လဲပြီး ထုံးစံအတိုင်း ဦးကျောက်ရဲ့ ကျောင်းနေဖက် ငယ်သူငယ်ချင်း ငပြားနဲ့ မောင်တင့် ကို လှမ်းအကူအညီတောင်းရတာပေါ့ဗျာ။ သည်နှစ်ကောင်ကလည်း အပြင်ထွက်ဖို့ လမ်းရှာနေတာဆိုတော့ မနှေးအမြန် ရောက်လာကြပါတယ်။ ချီတက်ကြတာတော့ ကျောင်းနေဖက် “မိစံ” ရဲ့ ဆိုင်ကိုပါ။ မိစံကလည်း ဦးကျောက်တို့သုံးယောက်ကိုမြင်တာနဲ့ သူ့ဝသီအတိုင်း ပီယဝါစာ ချစ်ဖွယ်သောစကားနဲ့ နှုတ်ခွန်းဆက်ပါတယ်။
“ဟဲ့…. သေချင်းဆိုးသုံးကောင်၊ ဘယ်အရပ်ကနေ ငါ့ကိုဒုက္ခပေးဖို့လှည့်လာကြတာလဲ”
လေအေးပေးစက် လာဝယ်တဲ့အကြောင်း လိုရင်းကို တိုတိုရှင်းပြောတော့၊ မျက်နှာငွေလဝင်းဝင်းပနဲ့ ပစည်းမှန်၊ ဈေးတန်ရပါမည့်အကြောင်း၊ သူ့ကိုယ်ပိုင်စက်ရုံကဘဲထုတ်သလို ရွှန်းရွှန်းဝေအောင် ပြောတာပေါ့ဗျာ။ ငွေရှင်း၊ တပ်ဆင်ဖို့ကိစ္စစီစဉ်ပြီးတော့၊ ထုံးစံအတိုင်း ငပြား က
“မိစံ… ဟောသည်က နင့်လင်သုံးယောက် နင့်လက်ရာလေး လွမ်းလွန်းလို့ ထမင်းသုပ်သုံးပွဲ ပုစွန်ခြောက်များများ၊ ကြက်ဥကြော် နှစ်ချပ်စီ အုပ်ခဲ့”
“ကာလနာတွေ….. ကွင်းဆင်းတုံးက ငါ့ကို ညာညာခိုင်းပြီး ကျောင်းပြီးလို့ မိန်းမယူတော့ ရုပ်ဆိုးမတွေကို ယူယူသွားကြတယ်။ အတန်းထဲမှာ အထီး ရာကျော်ရှိတာ ဘယ်သေနာကမှ ငါ့လာ ခလုတ်မတိုက်ကြဘူး”
“မိစံရယ်…… ငါတစ်ယောက်လုံးရှိရက်နဲ့ ဒီစကား မပြောပါနဲ့”
“အောင်မလေးတော်…. နင့်ကို သရဲသဘက်ထက် ကြောက်ပါရဲ့။ ငါ့စာရင်းထဲ နင်မပါ”
“သမီးရေ….တို့ခြောက်မလေးတွေ အေ ကိုက်တယ်ဆိုတာ ဒီ မသာလို အမျိုးယုတ်တွေကြောင့်။ လာကြည့်ထား…. မစားကောင်းတဲ့ အသီးကို”
မိစံလည်း သူ့အခြောက်မ တပည့်လေးကို လှမ်းပြောအပြီး ဦးကျောက်တို့ သုံးယောက်လည်း ရယ်လိုက်ရတာ မျက်ရည်တောင် ထွက်တယ်။
ဟုတ်ပါတယ်ခင်ဗျာ။ မိစံဟာ ဘူမိကျောင်းတော်သားဘဝထဲက “ငါက မွေးကတည်းကခြောက်၊ သွေးထဲကခြောက်လာတဲ့ အခြောက်မဟဲ့” လို့ဆိုလေတဲ့ ပွင့်ပွင့်လင်းလင်း အခြောက်ပါ။ ယောက်ျားလေးများတဲ့ မောင်ကျောက်တို့အတန်းရှေ့ကို တစ်ခြားမေဂျာက “ဂျီပုန်းလေးတွေ” ရစ်သီရစ်သီလာလုပ်ရင် မိစံ အလွန် စိတ်ဆိုးပါတယ်။
“နင်တို့တွေ အားကြီး ကြောင်တောင်နှိုက်ချင်တယ်။ အခြောက်မချင်း နယ်မကျော်နဲ့အေ”
“ဟဲ့….. သမုဒ္ဒရာရေ ဘယ်သူသောက်သောက်၊ နင့်အတန်းက ကောင်တွေက တပ်ရင်း တစ်ရင်းစာလောက်ရှိတာ”
“ကောင်မ စကားကိုဆင်ခြင်ပြော၊ အကုန် ငါ့လင်ချည်းပဲ”
အနှီလို ခြောက်ရှာပေမယ့် “အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်လ” လို့ကင်ပွန်းတပ်ရတဲ့ မလိုက်မနေရ “ကွင်းဆင်းရပြီ” ဆိုရင် မောင်ကျောက်တို့ ဆန်အိတ်ထမ်း၊ ကျောက်ခွဲ၊ ခဲအိတ်ထမ်းရင်၊ သူလဲသူ့တာဝန် ကျေသူပါ။ “ကွင်းဆင်းရတယ်” ဆိုတာ ပြန်ပြောတိုင်း လွမ်းလှပေမယ့် အဲသည့်အချိန်တုန်းက သေချင်အောင် ပင်ပန်းပါတယ်။ ဒုတိယနှစ်မှာ ချောက်နဲ့ပုပ္ပါး ဆင်းရတာဆိုတော့၊ ပူပြင်းတဲ့အညာနွေအောက်မှာ တည်းခိုရာ ချောက် ဂျီတီအိုင် ကနေ ဧရာဝတီမြစ်အထိ၊ ပြီးတော့ “မိုလာ” “ဂွေးချို” ဆိုတဲ့ ရွာတွေအထိ “ငလျင် ပြတ်ရွေ့တွေ” ကို လေ့လာရသလို၊ မြင်းခြံသွားတဲ့ လမ်းပေါ်က ပုပ္ပါး အ.ထ.က မှာတည်းပြီး တောင်မကြီးပေါ်က တာဝါတိုင်ရှိတဲ့ ”မှန်ပြတောင်” အထိတက်၊ “ချိုင်းရွာ”တို့၊ “ငှက်ပျောတော”တို့အထိ ဖြတ်ဆင်းပြီး “မီးတောင်ဖြစ်စဉ်” တွေကို လေ့လာရတာပါ။
လူတိုင်း ပင်ပန်းလှပေမယ့် အလွန်ညည်းတတ်သူက အမြဲပြုံးနေတဲ့ ဇာတ်ရူး “ပေါ်ထူး” ပါ။ “ပြုံး” တယ်ဆိုတာထက် ပါးစပ်ပိတ်မရအောင် “ခေါ” သူမို့ “စိန်ပေါက်တူး” အမည်တွင်ပါတယ်။ သူကလည်း ခေသူမဟုတ်၊ အဲသည့်ခေတ်က “ဆို၊က၊ရေး၊တီး” ပြိုင်ပွဲမှာ အက ဆုရသူပါ။ သည်ကောင့်ကိုတော့ မောင်ကျောက်တို့ အတန်းဖော်များက သောက်မြင်လည်းကပ်၊ ရယ်စရာ သတ္တဝါလို့လည်း သဘောထားပါတယ်။ ဘယ့်နှယ့်ဗျာ..ကွင်းဆင်းတာ ဇာတ်စာရွတ်၊ ပင်ပန်းရင် ဇာတ်ထဲက ငိုချင်းလေးနဲ့၊ ခဲထုပ်ထမ်းပါ ဆိုမှ ဇာတ်ကနေတယ်များ မှတ်သလားမသိ။ ဟန်မူနွဲ့နွဲ့လေးနဲ့ခင်ဗျ။
ထားပါလေ၊ မိစံအကြောင်း ပြန်ဆက်ရရင် သူက မောင်ကျောက်တို့စခန်းမှာတော့ “စတားပါ” ။ သူ့ဝသီအတိုင်း ပျစ်ပျစ်နှစ်နှစ်နဲ့ ပြောတတ်ပေမယ့် ထမင်းစားလို့မကောင်းရင် လက်ဖက်သုပ်ခိုင်း၊ ထမင်းသုပ်ခိုင်း၊ ညောင်းရင် ဇက်ကြောဆွဲခိုင်း လို့ရတယ်ဆိုတော့၊ လူတကာပါးစပ်ဖျားမှာ “မိစံ မှ မိစံ” ပါပဲ။ နောက်ပြီး ဆရာတွေလစ်ပြီဆို မိစံရဲ့ အဆိုအက ဖျော်ဖြေရေးကလည်း ခန်းလုံးပြည့်ပရိသတ်နဲ့ပါ။ ဒါပေမည့် တစ်နေ့သား၊ “စိန်ပေါက်တူး” က သူလဲဖျော်ဖြေပါရစေ ဆိုတော့ မိစံနဲ့ ရန်ဖြစ်မည့်အရေး ကြိုမြင်တာမို့ တစ်ယောက်နဲ့တစ်ယောက် အချက်ပြ ခွင့်ပြုလိုက်ကြတာပေါ့ဗျာ။ အဲသည်မှာ တွံတေးသိန်းတန်သီချင်းကိုအသံပြဲနဲ့ဟစ်တော့၊ စောစောက “ကိုကို ယောက်ျား မဟုတ်ဘူး” ဆိုပြီး “နန့်” ထားတဲ့ မိစံ၊ ဖီးငုပ်တယ်ဆိုပြီး တင်းပါတယ်။
ချွန်တွန်း ငပြား ကြားကဝင်ပြီး၊ နှစ်ပါးသွားလေး တောင်းဆိုတော့၊ ဇာတ်ရူး “စိန်ပေါက်တူး” က ပျော်လှပေမယ့်
“မိစံ” က ငပြားကို မျက်စောင်းတခဲခဲပါ။ ဒါပေမယ့် အများသဘောကို မလွန်ဆန်နိုင်လို့ သဘောတူလိုက်ရပါတယ်။ စထဲကယဉ်သကို
“ချစ်နှမလေး မိစံရေ၊ ဟောသည်က နိုင်ငံကျော် ရွှေတံဆိပ်ရ အစ်ကိုပေါ်နဲ့အတူ သစ္စာမြိုင်ထ နှစ်ပါးသွားလေးနဲ့ ချစ်စခန်း ဖွင့်လိုက်ကြရအောင်လားကွယ်”
“သောက်ခေါ တိုတိုပြော၊ တံတွေးစင်တယ်”
“လာပါဟဲ့၊ နရီ၊စည်းဝါး၊ဇာတ်စကားဆိုတာ မကျော်ကောင်းပါဘူး” ။ ဒီလိုနဲ့ နှစ်ပါးသွားစလို့ သုံးမိနစ်မှ မပြည့်သေး
“တော်ပြီ သောက်ခေါ၊ မကတော့ဘူး။ နင် သိပ်အသားယူလွန်းတယ်”
“ဟ၊ဲ့ ဒါ အနုပညာဟဲ့”
“ဘာ အနုပညာလဲ။ လူကိုလည်း ဟိုကိုင်ဒီကိုင်၊ နင့် သွားခေါကြီးက ငါ့နဖူးနား ဝေ့နေတာ ခေါင်းပေါက်မှာစိုးလို့ ပတ်ရှောင်နေရတယ်။ ပေါက်ခေါ မှန်မှန်ပြော။ နင်ဇာတ်ကရင် နှုတ်ခမ်းနီကို သွားမှာ ဆိုးတာ မဟုတ်လား။ နင် ဆုရတာ ”ဟာနုမာန် ဇာတ်” ပဲဖြစ်မယ်။ သံပုရာသီး ကိုက်ပြီး ဘီလူးဇာတ်သာက၊ နင်အောင်မြင်မှာ သေချာတယ်။ ”
“သယ်….အမိုက်မ သောက်ခြောက်၊ လူကိုများ စော်စော်ကားကား၊ နားပန်နားရင်း နာနာဗျင်းလိုက်ရ”
“သောက်ခေါ…သတိ္တရှိရင် ငါ့အသားထိကြည့်ပါလား။ သွား သုံးဆယ့်နှစ်ချောင်းလုံး တောင်ပြုန်းကို အလည်ထွက်သွားလို့ နင့်အမေ ထမင်းဝါးခွံ့နေရဦးမယ်”
မိစံကလည်း ကက်ကက်လန်၊ စိန်ပေါက်တူးကလဲ ဇာတ်ဟန်လေးနဲ့ ရွယ်သာရွယ် မထိရဲ။ မောင်ကျောက်တို့ကလည်း အုံးအုံးထ ရယ်လိုက်ကြတာ ဆရာတွေရောက်လာပြီး ဆူပူကြိမ်းမောင်း လူစုခွဲမှ ပွဲပြီးပါတယ် ခင်ဗျား။
23 comments
Novy
December 29, 2012 at 9:06 am
ဦးကျောက်..
ပွဲနေရာ လာဦးသွားပါတယ်
မဟာရာဇာ အံစာတုံး
December 29, 2012 at 9:16 am
ဟာ .. ဟာ …
ဦးကျောက်တို့က ချိုင်းရွာ ထိအောင် ရောက်ခဲ့တာပဲ …
“လေးတိုင်စင်ရွာ” ကိုရော …
မဖြတ်ခဲ့ဘူးလားဗျာ …..။
အိုက်ဒီအချိန်က အိုက်ရွာမှာ မောင်အံတစ်ယောက် …
လူ အဖြစ် ရောက်ရှိနေခဲ့ပြီလားတော့ မသိ ……..။
အားပေး ဖတ်ရှုသွားပါတယ် ဦးကျောက် ခင်ဗျာ …။
ဤသို့ ဖတ်ရှုကာ အားပေးသောကြောင့်
ကျွန်ုပ် လေးတိုင်စင် ရွာသား ဦးကျောက် တူမလေးနဲ့ ညားရပါစေသား ..
ဟီဟိ ……
ဦး ကျောက်ခဲ
December 29, 2012 at 10:08 am
ရောက်တာပေါ့ဗျာ
ပုပ္ပလွင် (ပုပ္ပလွန်)တို့ အအ ဘိုးတော်အောင်ကျော်ငွေ ရှိတဲ့ မြောက်ရွာ (မျောက်တော)တို့ အစုံဘဲ
ခင်ဗျားတို့ လေးတိုင်စင်တော့ အမှတ်တရ……..
ခင်ဗျား ကြီးတော်ကြီးတွေ ဖြစ်မယ်၊
ပြောင်းရိုးကို အခွံသင်ပြီး သကာချောင်းလိုလိုနဲ့ မြို့ကျောင်းသားတွေ စားကြဆိုပြီး ညာကြွေးတာ
လူစင်စစ်ကနေ နွားတွေကိုဖြစ်လို့……
သည်တော့ “လေးတိုင်စင်” သားဆိုရင် “တူ” တော်ဖို့ ပြန်စဉ်းစားရမယ်
😀
မဟာရာဇာ အံစာတုံး
December 29, 2012 at 5:22 pm
ခညား …
အိုက်ဒလို စဉ်းစားရမယ် .. စဉ်းစားရမယ် .. လုပ်နေလို့ ..
လူပြိုဂျီး ဖြစ်နေဒါ …..။
ခုလည်း စဉ်းစားနေနဲ့ …..
တစ်ခါတည်း သဘောတူပလိုက် … ငွင်းး ငွင်းး
မင်းနန္ဓာ
December 29, 2012 at 9:27 am
ထိုင်ခုံ အမှတ်(၃) ကိုဦးပြီး
နှစ်ပါးခွင်ကို အားပေးသွားပါတယ် ဦးကျောက်
.. မိစံကို အံဇာနဲ့ ပို့ပေးလိုက်စမ်းပါဗျာ
MaMa
December 29, 2012 at 9:43 am
ဇာတ်ဆရာ ဦးကျောက်ရဲ့ အများရွှင်တဲ့ နှစ်ပါးခွင်က မပြံးပဲ ဝါးလုံးကွဲ ရီရတယ်။
ဒါပေမယ့် တူတော်မောင် အသစ်စက်စက် ကောက်ရသွားလို့……
ဇာတ်ဆရာ ဦးကျောက်ခမျာမတော့ မရီနိုင်ပဲ မချိသွားဖြဲ ဖြစ်သွားရပြီထင်တယ်။ :harr:
Mobile
December 29, 2012 at 12:16 pm
ဝင်ရောက်အားပေးသွား ပါတယ်ကိုကျောက်ခဲရေ
မောင်ပေ
December 29, 2012 at 1:35 pm
နှစ်ပါးခွင်
ဖလားတင်
ကုလားကင်
မဖားရင်
အစားနင်
ဗုံဗုံ
December 29, 2012 at 2:48 pm
ဦးကျောက် မိစံလေး အထီးကျန်နေမှာ သနားပါတယ်နော် ဦးကျောက်သနားဘူးလားဟင် :harr:
ခိုင်ဇာ
December 29, 2012 at 2:58 pm
:harr: :harr: :harr:
ဖတ်ပြီး ရယ် နေ ရတာနဲ့ ချက်ချင်း မမန့်နိုင်သေးလို့ ။
ဦး ကျောက်ခဲ
January 2, 2013 at 2:52 pm
နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေခင်ဗျား
နေရာဦးတဲ့ မNovy
နောက်နားလေးတော့ဆုတ်၊ စိန်ပေါက်တူး ချော်လဲလို့ ရောပြီး နဖူးပေါက်နေဦးမယ်……
ကိုခြောက်မျက်နှာ
ငွင်း ငွင်း …… မစဉ်းစားလို့မရဘူးဗျ…..
ကိုမင်းနန္ဓာ
ဟုတ်ပါ့ဗျာ…. သည်လူ ကိုအံဇာ၊ မိစံနဲ့ ပေးစားပစ်လိုက်ရ……
အန်တီမမ
မိစံကို တူလေး ကိုအံဇာနဲ့ စပ်ပေးမလို့
ကိုMobile
ကျေးဇူးပါဗျာ…..
ကိုပေ
နောက်တစ်ကြောင်းဆက်လေဗျာ…..
တူမလေး ဗုံဗုံ
မိစံက ကိုအံဇာ အတွက်ဗျ……
မခိုင်ဇာ
ရယ်စရာတွေ အများကြီးကျန်သေးတယ်ဗျ…..
Mr. MarGa
December 30, 2012 at 10:53 am
ဦးကျောက်ရေ
နောက်ကျ ကွန်းမန့်အတွက် ခွေးလွှတ်ပါ
ဆက်ပြီးတော့လဲ ကျောင်းတော် အတွေ့အကြုံလေးတွေ တင်ပါဦးနော်
ကြည်ဆောင်း
December 31, 2012 at 9:01 am
စာဖတ်လိုက်ရတာနဲ့တောင်မတူဘဲ ငွေရောင်ပိ်တ်ကားပေါ်ကြည့်လိုက်ရသလိုဘဲ ကွင်းကွင်းကွက်ကွက် ထင်းထင်းလက်လက် မြင်လိုက်မိပါရဲ့ ….
Mon Kit
December 31, 2012 at 10:45 am
ဦးကျောက်ခဲက ပျောက်ချက်သားကောင်းနေပီး ပေါ်လာတော့လည်း တစ်ပုဒ်ကို ဆိုသလို..
ဦးကျောက် နှစ်ပါးခွင် အားပါးတရ အားပေးသွားသတော်….. :harr:
Shwe Ei
December 31, 2012 at 2:27 pm
အန်ကယ်ကျောက် သူများ က တာဘဲ မရေးနဲ့။
ကိုယ်တိုင်ဝင်နွှဲတဲ့ အခန်းပါအောင်ရေး။
ကိုပေါက်(မန္တလေး)
December 31, 2012 at 4:06 pm
ကဲ ကိုကျောက်ရေ ရွာက ဆုပေးပွဲမှာ
အဲဒီ နှစ်ပါးခွင်ကို ထည့်ပေးလိုက်ပါလားဗျို
ဦး ကျောက်ခဲ
January 2, 2013 at 3:01 pm
နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေခင်ဗျား
ဦးမာဃရေ
ကျောင်းတော်ကြီးအကြောင်း လာမည်ခင်ဗျ……
မကြည်ဆောင်း
သိပ်မမြှောက်ပါနဲ့ဗျာ…..
တူမ Mon Kit
ပျောက်ဆို နှစ်ကုန်ပိုင်းဆိုတော့ အလုပ်များသဗျ…..
တူမ Shwe Ei
ဦးကျောက် အကြောင်းတွေက နောက်ပိုင်းလာမယ်လေ…..
အကိုပေါက်
အကောင်းသားဗျ၊ ဒါပေမယ့် မိစံကတော့ စိန်ပေါက်တူးနဲ့ က မှာ မဟုတ်ဘူး….
awra-cho
December 31, 2012 at 4:26 pm
ဆက်ရေးပါအုံးဗျာ စောင့်ဖတ်နေပါမယ်
အလင်းဆက်
December 31, 2012 at 11:08 pm
ရယ်နေလို ့..
အခုမှ..မန့်ဖြစ်တာ..
:kwi:
:kwi:
အရီးခင်လတ်
January 1, 2013 at 3:50 am
ကိုကျောက် ရဲ့ လူပျိုကြီးဖြစ်နေရခြင်း အကြောင်းတွေထဲ က တစ်ကြောင်းများလား။
နောက်တာနော်။ 😆
ဒီလောက်စာရေးကောင်းတာ ဘာလို့ “စာရေးဆရာ” မလုပ်တာတုန်း။
kai
January 2, 2013 at 4:30 am
ဦးကျောက်စာကြောထဲမျောသွားတာ.. ဇာတိပြန်ဖမ်းရမယ်..
လေအေးစက်ဝယ်ဖြစ်သွားလားဟင်င်…။
ဝယ်ဖြစ်တဲ့လေအေးစက်ကရော.. အခြောက်ပဲလား..။
ဒါမှမဟုတ်.. ခေါခေါလား.. :kwi:
ဦးကြောင်ကြီး
January 2, 2013 at 10:31 am
နှစ်ပါးခွင်
အသားကင်
ကုလားလင်
စကားပင်
ဖလားထွင်
တပါးမြင်
မယားခင်
ရထားဝင်..။
ဦး ကျောက်ခဲ
January 2, 2013 at 3:09 pm
နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေခင်ဗျား
awra-cho
ရေးပါ့မယ် ခင်ဗျာ…..
အလင်းဆက်
ရယ်မောခြင်းသည် အသက်ရှည်၏တဲ့…..
အရီးလတ်
မောင်ကျောက် လူပြိုကြီးဖြစ်တာ မိစံနဲ့ လုံးဝ လုံးဝ မပက်သက်ကြောင်းပါ…..
သူကြီး
လေအေးပေးစက်က အခြောက်ခင်ဗျ၊ ဖွင့်လိုက်တော့ ခေါခေါ လို့ အသံထွက်တယ်…..
ကိုကြောင်ကြီး
ကျေးဇူးပါ ခင်ဗျား…..