Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ငါးဒုက္ခနဲ့ ငါ့ဒုက္ခ”

“ငါးဒုက္ခနဲ့ ငါ့ဒုက္ခ”

ငါးကလေးရဲ့ ရင်ကိုခွဲ၊

ကလီစာတွေဆွဲထုတ်

ဟောင်းလောင်းဖြစ်သွားတဲ့

ဗိုက်ကလေးထဲကို

အမွှေးနံ့သာ အဆာပလာတွေ

ထိုးသိပ်လို့ထည့်။

ပြီးရင်နှီးကြိုးနဲ့ပြန်တုပ်၊

မလှူပ်နိုင်ဘူးဆိုမှ

ဝါးတံစို့ထိုးလို့  ဖိုပေါ်တင်

မီးအေးအေးနဲ့ ကင်လိုက်တော့

“ငါးဒုက္ခ” လို့အမည်တွင်ပါတယ်။

 

စကတည်းက ဘာမှမရှိတဲ့

ငါ့ဦးနှောက်ထဲကို

အယူဝါဒ အပုတ်အဆွေးတွေ

ထိုးသိပ်ထည့်လိုက်တာများ

ပြည့်နှက်လို့ မကျိုးရုံတမယ်။

 

ပြီးရင် မဆုံးနိုင်သော

ကတိစကားများနဲ့နှောင်တုပ်

မရုန်းနိုင်တော့ပါဘူးဆိုမှ

အသပြာနဲ့တံစို့ထိုး

ကျေးဇူးတရားပေါ်မှာတင်ပြီး

မရူး မချင်းကင်နေတော့

တော်ပါတော့

“ငါ့ဒုက္ခ” လို့သာ အော်လိုက်ချင်ပါတယ်။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ

24-1-2012

 

 

25 comments

  • ကထူးဆန်း

    January 26, 2013 at 10:31 am

    အင်းကပြန်လာပြီး လေးပေါက် အတွေးပွားသွားတယ် ထင်တယ် .. :hee:

  • ခင်ခ

    January 26, 2013 at 11:19 am

    ငါးဒုက္ခ က သေလွန်ပြီးမှ ကင်ခံရပြီး၊
    ငါ့ဒုက္ခ က အရှင်လတ်လတ် ကင်ခံရတာ ပေါ့နော်။

    • ဟုတ်ပါ့ ကိုခရေ သတ္တဝါက အသေသတ်ပြီးမှခံရတာ။.
      ကျနော်တို့လူသားတွေကတော့ မသေခင်ခံရတာကိုးဗျ။
      ဝဋ်လည်တယ်လို့ဆိုမလားဗျာ

    • ခါးပုတ်အချခံရတာလက်ဆော့လို့
      ကျားရှုပ်ရင်တော့ လျော်ဘို့ပြင်
      ဆားထုပ်ပြရင် အချဉ်ကြောက်လု့ိ
      ငါးဒုက္ခကတော့ အကင်ဆိုင်မှာရနေပြီ

  • Mobile

    January 26, 2013 at 3:25 pm

    ကဗျာလေးကို အားပေးသွားပါတယ် ဘကြီးပေါက်ရေ……
    ငါးဒုတ်ခက ငါးမြှားချိတ်မှာ တီကောင် တပ်ပြီး အမျှားခံရသလို
    ငါ့ဒုတ်ခက ငွေအသပြာ နဲ့မျှားခံရ နာမည်ကြီးလိုမှုဖြင့် အမျှားခံရ
    ဒါက ကျုပ်တွေးမိတဲ့ ငါးဒုတ်ခနဲ့ ငါ့ဒုတ်ခပါခင်ဗျ။
    တောင်တွေးမြောက်တွေးတွေး၍
    တောင်ရေးမြောက်ရေး ရေးထားခဲ့ပါကြောင်းးးးးးးးးးးးးးးးးးးး

  • ဗုံဗုံ

    January 26, 2013 at 4:48 pm

    ဖေပေါက် ဒုက္ခတွေ ကြောက်လို့ဆိုပြီး စစ်ကိုင်းချောင်ကိုများ သွားတော့မလို့လားဟင် သူတို့က လာကင်ရင် ပြန်ပြီး ကင်ပစ်လိုက်စမ်းပါ ဖေပေါက်ဂျီးကွ …….. :mrgreen:

  • kai

    January 27, 2013 at 8:10 am

    လူ.. ဒုက္ခဘယ်လောက်ရောက်ရောက်
    အသက်မပျောက်ဖို့ အသက်ဆက်ဖို့
    ဘဝကွန်ကိုယက်ရာမှာ
    အသီးအရွက်သားငါး တန်ဆာ
    အဆာပလာသွတ်
    တချွတ်ချွတ်ချက်ပြုတ်
    အဟုတ်လွေးရမှာပါ

    ငါးဒုက္ခနဲ့ ငါ့ဒုက္ခကိုချိပ်ဆက်ရာမှာ
    ဒုက္ခခြင်းတူ ငါးငါ့ခြင်းမတူတဲ့
    ပေးဆပ်ကြပုံခြင်းပေါ့..
    အော်…
    ငါ့ငါ ငါငါး။ ။ :kwi:

    • ကိုုခိုင်ရေ
      ငါးကတော့ အကင်ခံပြီးရင် လူစားဘို့ဖြစ်လာတော့ အသုံးဝင်သေးသဗျာ။
      လူကတော့ အကင်ခံရပါများရင်း သုံးမရတဲ့ အရာလိုဖြစ်သွားပါသဗျို့။

  • ဦးဦးပါလေရာ

    January 27, 2013 at 10:16 am

    ကဗျာလေးက ကောင်းလိုက်တာ ကိုပေါက်ရေ
    ဒါ့ထက်
    အတွေးက ပိုကောင်းသဗျ..။
    လေးငါးခါဖတ်ပြီး
    လေးငါးခါတွေးလို့လဲ မဆုံးနိုင်သေးဘူးပဲ…။

  • ကိုပါရေ
    ကျနော်တို့တွေရဲ့နေ့စဉ် ဖြတ်သန်းမူ့တွေက
    ကဗျာလေးထဲကအတိုင်းကိုဗျ
    ခံရတာတွေလေ

  • MaMa

    January 27, 2013 at 6:18 pm

    ပိုစ့်ရဲ့ ခေါင်းစဉ်ကတင် အတော်စွဲဆောင်မှု ရှိလို့ သဘောကျတယ်။
    :hee:

  • padonmar

    January 27, 2013 at 7:09 pm

    ကိုပေါက်ကြီး
    ငါးဒုက္ခပုံလေးပါတွဲတင်ပေးရင် ပိုစားလို့ကောင်း(မှားလို့)ပိုခံစားလို့ကောင်းမှာ။

  • Shwe Ei

    January 28, 2013 at 2:42 pm

    သများလဲ ရူးချင်နေဘီ :byae:

  • Ma Ei

    January 28, 2013 at 3:02 pm

    ငါး..ကလေး
    ဒုက္ခရောက်နေတာသိ
    စားကောင်းခဲ့ကြပါ၏…
    ငါ..တို့တွေမတော့
    ဒုက္ခမှန်းတောင်မသိ
    ပျော်နေခဲ့ကြပါ၏…

  • Wow

    January 28, 2013 at 4:06 pm

    ငါးကင်တောင်ရဲရဲမစားရဲအောင် လုပ်ကြဗြန်ဘီ….

  • weiwei

    February 10, 2013 at 9:24 pm

    အင်မတန်နှစ်သက်မိသွားသော ကဗျာတစ်ပုဒ်မို့ ရွေးလိုက်ပါတယ်… ပထမဆုံးရွေးမိတဲ့ ကဗျာလဲဖြစ်နိုင်သလို ကွန်ပဲရဇင်ကဗျာ တစ်ပုဒ်လဲဖြစ် ဒုက္ခကို ကဗျာဆန်ဆန်အရောင်ဆိုးထားလို့ အလွန်နှစ်သက်မိသွားကြောင်းပါ…

    ကဗျာလေးက အဓိပါယ်ကောင်းပြီး ကာရန်လဲကောင်းပါတယ်။ အိုင်ဒီယာနဲ့ အရေးအသား ကောင်းလွန်းလို့ အရမ်းကြိုက်မိတယ်။

  • ကျနော်ကလဲ ကဗျာရေးခဲပါတယ်။
    စိတ်ထဲတိုက်ဆိုင်လာမှရေးမိတာများပါတယ်။
    ဖတ်ရူ့အားပေးသူအားလုံးကို ကျေးကျေးပါခင်ဗျာ။

  • အေးဗျာ

    ဒီ နေ့ ငါ့ ဒုက္ခတွေ ကြုံလာ ခဲ့ ရ တော့

    ငါးဒုက္ခကို ပိုပြိ းကိုယ်ချင် း စာ မိ လာ တယ် ဗျို့

  • kyeemite

    June 23, 2014 at 11:42 am

    ဆောရီးပါကိုပေါက်ရေ….ခုမှဖတ်ဖြစ်တော့တယ်
    အရေးရော အတွေးပါနှစ်သက်မိပါတယ်…
    “ပြီးရင် မဆုံးနိုင်သော
    ကတိစကားများနဲ့နှောင်တုပ်
    မရုန်းနိုင်တော့ပါဘူးဆိုမှ
    အသပြာနဲ့တံစို့ထိုး
    ကျေးဇူးတရားပေါ်မှာတင်ပြီး
    မရူး မချင်းကင်နေတော့….ကောင်းလိုက်တဲ့ ရေးချက်…

Leave a Reply