“ပြေ ကွဲ ဇာတ်လမ်း”   ပုတီးကုံး အစည်းပြေ အစီစီ မွကြဲ တစ်ကွဲစီ။   မှန်တစ်ချပ် ကျကွဲကြေ အစိတ်စိတ် မွကြဲ တစ်ကွဲစီ။   အချုပ်ပြေသော် တစစီကွဲ ဖြစ်မြဲ ဓမ္မတာ။ ထိပ်ခေါင်ချုပ် ပြောင်းကြွကြွေ တစ်စစီ ကွဲ မကွဲ အစည်း ပြေ မပြေ စိတ်ဝင်စားပါသလေ။   ကိုပေါက်လက်ဆောင်အတွေးစဉ် 30-7-2015              


” ကစားပွဲ ရဲ့ အဖြေ” လက်ဝှေ့ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ဆဲ အချိန်အတွင်းမှာ လိုက်သူ လိုက် ပြေးသူ ပြေး ထိုးသူ ထိုး ရှောင်သူ ရှောင် သူ့နည်း သူ့ဘောင် လွတ်အောင်ရှောင် ထိအောင်ထိုး တာက ပြိုင်ပွဲသဘာဝ။ လက်ခုပ်သံ ရရ မရရ ဘယ်လိုပြေးပြေး မပြေးပြေး ဘယ်လိုထိထိ မထိထိ ဘယ်လိုထိုးထိုး မထိုးထိုး ပရိတ်သတ် ဘယ်လို ကြိုက်ကြိုက် မကြိုက်ကြိုက် အလဲမထိုးနိုင်သမျှ ဆုံးဖြတ်ပိုင်ခွင့်ရှိသော ဒိုင် အနိုင်ပေးသူသာ တရားဝင်ဆိုတာ ဆင်ခြင်မိလိုက်ပါတယ်။ ကိုပေါက်လက်ဆောင်အတွေးစဉ်


“နေ့ခင်းကြောင်တောင် ကတဲ့ ထုးိဇာတ်”   ဟိုအရင်က    ထိုးဇာတ်ဆိုတာ မရှိတာကို      အရှိလုပ် ထွင်လုံးတွေကို        ထုတ်ကာဆင် မြင်မိသူတွေက        အဟုတ်မှတ် ကြည့်မိသူ ယုံအောင် ဇာတ်လမ်းဆင် ညစဉ် ညစဉ်ပေါ့။   ခေတ်သစ်     လုပ်ဇာတ်မှာတော့ မြေခွေးတွေက သိုးယောင်ဆောင် ကြောင်လေးတွေက ကျားသစ်ဖြစ် ဝံပုလွေအစစ်ကို ယုန်လို့ထင် ခြင်္သေ့တွေက ပူးလေးဖြစ် ကျားကြီးကတော့ ကြောင်လိုနေ ဆင်ကြီးတွေက ဝက်ယောင်ဆောင် နေ့ခင်းကြောင်တောင် ကတဲ့ ပြဇာတ်လေ။   ကိုပေါက်လက်ဆောင် အတွေးစဉ် 11-3-2015        


“လိမ်တယ် ညာတယ်”   လိမ်တယ် ဆိုတာ အဖြစ်မှန်ကနေ သွေကွဲ သောက်တလွဲဖြစ်အောင် လုပ်ခြင်းပေါ့။ ညာတယ်ဆိုတာ မရှိတာကို အရှိလုပ် မဟုတ်တာကို အဟုတ်ထင် အမြင်တွေသွေလွဲအောင် ဖန်တီးယူတာပေါ့။   လိမ်တယ်ညာတယ် ဆိုသူတွေထဲမှာ အချို့က ပိပိ ရိ ရိ လိမ်မှန်းတောင် သိတောင် မသိလိုက်ရဘူး။ အချို့ကတော့ တစ်ဝက်ဖုံး တစ်ဝက်ဖော် သိပ်မတော်ဘူးလို့ ဆိုနိုင်ပါတယ်။ အချိုကတော့ မရေမရာ လိမ်နေတာ အကုန်ပေါ် သို့သော် အခြေအနေအရ မသိချင်ယောင် ဆောင် ပေး ရ သပေါ့ဗျာ။   ဟိုးရှေးရှေးက တစ်ကမ္ဘာလုံးကို ပက်လက်လှန် ကြွက်ကြွက်ညံအောင် လုပ်ခဲ့သူ နုတ်ခမ်းမွှေးတိုစစနဲ့ ဟစ်တလာဆိုသူ ပြောတဲ့စကား တစ်ကမ္ဘာလုံးဖျားသွားဘူးတယ်။ အဲသဟာ စိန်ရွှေငွေတို့အကြိုက်ပေါ့။ “လိမ်စရာ […]


“ဖဘ လုပ်သားကောင်း ”   အချိန်နဲ့တပြေးညီ တက်လာသည့် သတင်းဆို အကုန်ဖတ်။ မိတ်ဆွေ အပေါင်းအသင်း အုံလိုက်ကျင်းလိုက် တင်သမျှ စတေးတပ် အကုတ်ဖတ်။ ရှိသမျှ ဆို်ဒ်အကုန်ဝင် တင်သမျှပုံ အကုန်ကြည့် ပြီးသကာလ Like ပေးသင့်တာပေး ကော်မင်းရေးသင့်တာရေး မွေးနေ့မှန်သမျှလဲ ဆုတောင်းပေးရင်း ဒေါင်းလုပ်ဆွဲထားတဲ့ မုန့်တွေပို့ အို…… အလုပ်တွေက များမှများဗျာ။ အဲဒါတွေပြီးတဲ့အခါမတော့ နိုင်ငံအရေး ကိုယ့် အရေး ဝင်ဆွေးနွေးမှ ဖြစ်မယ် မကြောက်တရား ရှေ့တန်းထားလို့ ရဲရဲတောက် ကော်မင်းတွေပေး အမျိုးဘာသာ သာသနာ လာမထိလေနဲ့ မီးပွင့်မယ်မှတ် ပြတ်ပြတ်သားသား ဝေဖန် အသေနှံ လေကန်လို့ အားရပြီဆိုမှ စီဘီ မှာဝင်သမျှ ညီမကြီး ညီမလေး မမကြီး မမလေး အန်တီကြီး […]


“ပန်းတိုင် မရှိ ဘဲခရီးသွားသူများ”   ဘာမသိ ညာမသိ နဲ့ လောကကြီးထဲကို ရောက်လာခဲ့ပြီး သကာလ   ဘဝအစများမှာ ဖိုးဖိုးဖွားဖွား ဖေဖေမေမေ ဦးဦးဒေါ်ဒေါ် ကိုကိုမမ ဆရာဆရာမ လမ်းညွှန်လမ်းပြ ဆိုဆုံးမမူ့အောက်မှာ ပိပိပြားပြား အချိန်တန်စား အချိန်တန်ကျောင်းသွား အချိန်တန်ကစား နဲ့ ပေါ့ပါးစွာ ဖြတ်သန်းရင်း ကြီးပြင်း တပ်မက်ခြင်းတွေ တစတစကြီးထွားရင်း လူ့ဘဝထဲ ချဉ်းနင်းဝင်ရောက်ခဲ့သပေါ့။   နိုင်ငံခြားမှာ ကိုယ့်ထမင်းကိုယ်ရှာ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ် မတ်မတ်ရပ်ရမယ့်အရွယ်မှာ ဟိုဟာဒီဟာ ဟိုနိုင်ငံဒီနိုင်ငံ ဟိုပေတံဒီပေတံ ဟိုစနစ် ဒီစနစ် ဟိုလူဒီလူ ဟိုလိုဒီလို အကြောင်းပြ ဟိုအပြစ်တင်ဒီအပြစ်တင် အလုပ်ကတော့ မလုပ်ရေးချမလုပ် ဟိုစားဒီစား ဟိုခိုဒီနား ဟိုသွားဒီသွား ဟိုစကားဒီစကား ဟိုပြောဒီပြော ဟိုဝေဖန်ဒီဝေဖန် ဟိုလေကန်ဒီလေကန် ဟိုလည်ဒီလည် […]


  “မော ဇာတ်လမ်း ”   မောလိုက်တာနော်……… ဒီဇာတ်မျောကြီးမှာလေ တောကလူ မြို့ရောက် မြိုကလူတောဆင်း အရူးကွက်နင်းနေတာကို လက်ခုပ်တီး။ ဟိုဆရာတော်များရှိခဲ့ရင် ဘယ်လို “ယီး”တိုက်မယ်ဆိုတာ သိချင်မိပါရဲ့။ အချင်းချင်းလဲ ခုတ်လိုခုတ် ဖြုတ်ထုတ်သတ်လို့ အမြစ်ဖြတ်တဲ့အခါဖြတ် အရမ်းကို ဇာတ်တွေရှုုုပ်ကြတာပါ။   တကယ်လုပ်သူ အထဲဝင် အပြင်မှာတော့ ဘူကောင်တွေများ ပေါင်းစားနိုင်သူက ခေတ်မပျက်ဘဲသူဌေးဖြစ် မဲညစ်နေတဲ့ငွေကို ခဝါသည်ငှားပြီး လျှော်သူလျှော် မတော်တရော်လုပ်နေသူ တွေကစင်ပေါ်ရောက်။   ရွှေဝါပြည် က ငထက်ခိုင်မာ ကိုယ်စားလွှတ်သူကိုတော့ ဘေးမောင်းထုတ် ချုပ်တဲ့အခါချုပ် ချော့တဲ့အခါချော့ ပျော့တဲ့အခါပျော့ လျော့တဲ့အခါလျော့ ဟိန်းတဲ့အခါဟိန်း ထိန်းတဲ့အခါထိန်း တကယ့်ကိုငြိမ်းမရတဲ့မီးတွေ။   မခေါ်ဘူးဆိုမှထူးလိုထူး မဝင်ရဘူးဆိုမှလူလုံးပြ ဝါးလုံးခေါင်းထဲလသာ ပုဆိုးခြုံထဲကလက်သီးပြ မမြင်ရတဲ့နေရာက အော်လိုအော် အော်” […]


“အဖြည့်ခံ”   ခင်ဗျားသွားချင်ရာသွားဘို့ အဖော်များလိုရင် ကျနော်ကိုခေါ်ပါ ကျနော်ကအားနေလို့ပါ။ ခင်ဗျားမှာလျှာတွေယား စကားပြောဖော်များမရှိရင် ကျနော့်ကိုခေါ်ပါ ကျနော်ကအားနေလို့ပါ။ ခင်ဗျားမှာတစ်ယောက်ထဲပျင်း ငြင်းစရာလူလိုရင် ကျနော်ကိုခေါ်ပါ ကျနော်ကအားနေလို့ပါ။ ခင်ဗျားမှာအဖော်မရှိ တစ်ယောက်ထဲ အားများအားနေရင် ကျနော့်ကိုခေါ်ပါ ကျနော်အားနေလို့ပါ။ ခင်ဗျားမှာစိတ်တွေများ ကျပ်စရာလူများလိုရင် ကျနော့်ကိုခေါ်ပါ ကျနော်အားနေလို့ပါ။ ခင်ဗျားမှာ …………………………… ……………………………. ကျနော့်ကိုခေါ်ပါ ကျနော်အားနေလို့ပါ။ ကျနော်အားနေလို့ပါ။ ကိုပေါက်လက်ဆောင်အတွေးစဉ် 15-11-2014


“ရှက်……………….”   လက်ကမ်းစဉ်က တိတ်တဆိတ် လမ်းခွဲသွားတော့ လူသိရှင်ကြား ရှက်များရှက်မိပါရဲ့။   ရောက်လာစဉ်က တိတ်တဆိတ် ပြန်ထွက်သွားတော့ လူသိရှင်ကြား ရှက်များရှက်မိပါရဲ့။   ပြန်တောင်းပန်တော့ တိတ်တဆိတ် စော်ကားစဉ်က လူသိရှင်ကြား ရှက်များရှက်မိပါရဲ့။   ပြန်ယူသွားတော့ တိတ်တဆိတ် ပေ းစဉ်တုံးက လူသိရှင်ကြား ရှက်များရှက်မိပါရဲ့။   ငိုရတဲ့အခါ တိတ်တဆိတ် ပျော်စဉ်တုံးက လူသိရှင်ကြား ရှက်များတောင်ရှက်မိပါရဲ့။     ကိုပေါက်လက်ဆောင်အတွေးစဉ် 9-10-2014        


“နေရာ”   လူတစ်ယောက်အတွက် ဘဝမှာ နေရာနေတစ်နေရာရှိဘို့တော့ လိုအပ်မယ်ထင်ပါရဲ ့။   မရှိမဖြစ် အဓိက “သစ်” နေရာမှာဖြစ်ချင်လဲဖြစ်မယ်။   လိုရာမရခင်စပ်ကြား ခဏထားတဲ့ “ပေါင်းကွပ်ဝါး” နေရာမျုးိလဲဖြစ်ချင်ဖြစ်မယ်.။   ပယ်မရဖျက်မရ ခိုင်မာစွာတည်ထားတဲ့ အုတ်ကျောက်လို နေရာမျုးိလဲဖြစ်ချင်ဖြစ်မယ်။   သစ် ဘဲ ဖြစ်ဖြစ် ဝါး  ဘဲ  ဆိုဆို အုတ်ကျောက် နေရာဘဲ ရရ   ကိုယ် ရထားခဲ့တဲ့ နေရာမှာ အားလုံးအတွက်အသုံးဝင် အံဝင်ခွင်ကျဖြစ်ခဲ့ဘို့ဘဲလိုမယ်ထင်ပါတယ်။     ကိုပေါက်လက်ဆောင်အတွေးစဉ် 28-9-2014          


“ ပြန်လည်ပြင်ဆင်နိုင်ခွင့်မရှိသောပန်းချီကားတစ်ချပ် “   ကုန်လွန်ခဲ့သောနေ့ရက်များကို ပြန်လည်ကာစဉ်းစားမိတော့ ခေတ်ဟောင်းရုပ်ရှင်ကား ပြန်များကြည့် ရသလို တုန်လိုတုန် မူန်လိုမူန် စကားပြောသံခပ်လေးလေး ဒါပေမယ့် ခပ်ရေးရေးတော့ မှတ်မိသလိုလို။   ကုန်လွန်ခဲ့သောနေ့ရက်များမှာ ငိုချင်စရာရှိမယ် ရီချင်စရာရှိမယ် ပျော်တာတွေရှိမယ် ဝမ်းနည်းတာတွေရှိမယ် ရင်နာစရာတွေရှိမယ် ကြင်နာစရာတွေရှိမယ် မုန်းတီးခြင်းများရှိမယ် ချစ်ခြင်းတရားတွေလဲရှိမယ် ဥပေက္ခာတွေလဲရှိမယ် မရူ့ရက်စရာတွေလဲရှိမယ် တပ်မက်စရာတွေရှိမယ် မပတ်သက်ချင်တာတွေလဲရှိမယ် မေ့ထားချင်စရာလဲရှိမယ် တသသ သတိရနေစရာလဲရှိမယ် အခြေအနေ အချိန်အခါ အဖြစ်အပျက်များစွာ အကြောင်းတရားများစွာကြောင့် မရိုင်းချင်လဲရိုင်း မယဉ်ချင်လဲယဉ် မဆုံချင်လဲဆုံ မကြုံချင်လဲကြုံ မယုံချင်လဲယုံ မသိချင်လဲသိ မငြိချင်လဲငြိ မတွေ့ချင်လဲတွေ့ မရွေ့ချင်လဲရွေ့ မသွားချင်လဲသွား မထားချင်လဲထား ကံတရားစီမံရာအတိုင်း တရွေ့ရွေ့နဲ့သွားခဲ့ကြရ တကယ်ပြန်သေချာတွေးမိတော့ ကုန်လွန်ခဲ့သောနေရက်များဆိုတာ ပြန်လည်ပြင်ဆင်ခွင့် မရှိတဲ့ ပန်းချီကားတစ်ချပ်ဆိုတာ အသေချာပါဘဲ။ […]


    “ပထဆုံးသောအတွေအကြုံ”   အရပ်ထဲမှာဗိုလ်ကျ ဘယ်သူ့မှ ဂရုမစိုက်တဲ့ လူမိုက် သူ့ထက်မိုက်တဲ့ အခြားအရပ်ကလူမိုက် ဝင်ရိုက်သွားတော့ ခံစားရတာ စပ်ဖျဉ်းဖျဉ်း။   သခင်အားကိုးနဲ့ မဲမဲမြင်သမျှ ခြံအပြင်မထွက်ဘဲဟောင်နေတဲ့ခွေး အဝေးက ဂဲနဲ့ ထုသွားတော့ ခံစားရတာ စပ်ဖျဉ်းဖျဉ်း။   ဘယ်သူမှ ငါ့မထိရဲလို့ ဟန်တစ်ခွဲသားနဲ့ မာန်တက်နေတဲ့သူ ခပ်မှန်မှန်နေတဲ့သူကိုသွားကလိတော့ မအေနှမအစုံ ငါ နဲ့ ကိုင်တုတ်တာခံလိုက်ရတော့ စပ်ဖျဥ်းဖျဉ်း။   ကိုပေါက်လက်ဆောင်အတွေးစဉ် 22-9-2014