“ ပြန်လည်ပြင်ဆင်နိုင်ခွင့်မရှိသောပန်းချီကားတစ်ချပ် “
“ ပြန်လည်ပြင်ဆင်နိုင်ခွင့်မရှိသောပန်းချီကားတစ်ချပ် “
ကုန်လွန်ခဲ့သောနေ့ရက်များကို
ပြန်လည်ကာစဉ်းစားမိတော့
ခေတ်ဟောင်းရုပ်ရှင်ကား
ပြန်များကြည့် ရသလို
တုန်လိုတုန်
မူန်လိုမူန်
စကားပြောသံခပ်လေးလေး
ဒါပေမယ့်
ခပ်ရေးရေးတော့ မှတ်မိသလိုလို။
ကုန်လွန်ခဲ့သောနေ့ရက်များမှာ
ငိုချင်စရာရှိမယ်
ရီချင်စရာရှိမယ်
ပျော်တာတွေရှိမယ်
ဝမ်းနည်းတာတွေရှိမယ်
ရင်နာစရာတွေရှိမယ်
ကြင်နာစရာတွေရှိမယ်
မုန်းတီးခြင်းများရှိမယ်
ချစ်ခြင်းတရားတွေလဲရှိမယ်
ဥပေက္ခာတွေလဲရှိမယ်
မရူ့ရက်စရာတွေလဲရှိမယ်
တပ်မက်စရာတွေရှိမယ်
မပတ်သက်ချင်တာတွေလဲရှိမယ်
မေ့ထားချင်စရာလဲရှိမယ်
တသသ သတိရနေစရာလဲရှိမယ်
အခြေအနေ
အချိန်အခါ
အဖြစ်အပျက်များစွာ
အကြောင်းတရားများစွာကြောင့်
မရိုင်းချင်လဲရိုင်း
မယဉ်ချင်လဲယဉ်
မဆုံချင်လဲဆုံ
မကြုံချင်လဲကြုံ
မယုံချင်လဲယုံ
မသိချင်လဲသိ
မငြိချင်လဲငြိ
မတွေ့ချင်လဲတွေ့
မရွေ့ချင်လဲရွေ့
မသွားချင်လဲသွား
မထားချင်လဲထား
ကံတရားစီမံရာအတိုင်း
တရွေ့ရွေ့နဲ့သွားခဲ့ကြရ
တကယ်ပြန်သေချာတွေးမိတော့
ကုန်လွန်ခဲ့သောနေရက်များဆိုတာ
ပြန်လည်ပြင်ဆင်ခွင့် မရှိတဲ့
ပန်းချီကားတစ်ချပ်ဆိုတာ
အသေချာပါဘဲ။
ကိုပေါက်လက်ဆောင်အတွေးစဉ်
25-9-2014
12 comments
Myo Thant
September 25, 2014 at 4:14 pm
ပြင်ခွင့်များ ရခဲ့ရင်
၁၈ နှစ်သားလောက် ပြန်ဖြစ်ချင်
အလင်းဆက်
September 25, 2014 at 4:57 pm
ဘဝဆိုတာ..ပန်ချီကားတစ်ချပ်ပဲ…လို့…တွေးမိနေတဲ့အချိန်….
ဒီ ကဗျာလေး ဖတ်ရတာ…အရသာ ရှိလိုက်တာ… ။
———————
—————–
ကိုပေါက်(မန္တလေး)
September 25, 2014 at 5:52 pm
ဒီစာသားလေးကိုခေါင်းစဉ်လုပ်ပြီးရေးမယ်လို့စဉ်းစားထားတာကြာခဲ့ပြီ
ဒီစား သားလေး က 2011 က ရေးတဲ့ နွေးသီး ဝတ္တုရဲ့ နောက်ဆုံးပိတ်စာသား
ဒီစားသားလေးကို ကြိုက်တယ် လို့ ပြောခဲ့ သူက ရွာ သူ ပန်ပန် ချစ် (ခ) ပေးကလန်
အခုရက် သူ့ ကို သတိရ သွားတော့
ဒီကဗျာကို ချရေးဖြစ်တယ်
Mr. MarGa
September 25, 2014 at 7:47 pm
ဪ..
ဖြစ်နိုင်မယ် ဆိုရင်
အချိန်တွေကို ရပ်ထားလိုက်ချင်ရဲ့
ခင် ခ
September 25, 2014 at 8:52 pm
ယခင်ဆေးစက်ကျပြီးသား ပန်ချီကားကို ပြင်ဆင်ခွင့်မရှိပေမယ့် နောက်လာလတ္တံ ပန်ချီးကားကိုတော့ ကောင်းအောင်ရေးတတ်ကြကုန်ရာ၏
kyeemite
September 26, 2014 at 8:40 am
.ပြန်လည်ပြင်ဆင်ခွင့်မရှိတော့သော မှုံဝါးဝါး ပန်းချီကားကိုပြန်ကြည့်ရင်း လက်ရှိပစ္စက္ခပန်းချီကားကိုလည်းကြိုးစားရေးဆွဲနေကြရပြန်သေးသပေါ့…. :a:
aye.kk
September 26, 2014 at 9:31 am
ပစ္စုန်ပ္ပန် သာ အမှန်တကယ်ပိုင်တာ
အတိတ်အနာဂတ်က ကိုယ်မပိုင်
စွဲညိတဲ့တဏှာတွေ
ကြောင့်သာ စိတ်မှာထင်ကျန်နေတာ
ပယ်သတ်နိုင်တာ ဝိပဿနာ သတိပဌာန်လေးပါး
မြတ်တရားသာ
ကိုပေါက်(မန္တလေး)
September 26, 2014 at 3:25 pm
မာဃ ရေ
အချိန်တွေကို ရပ်ထားလို့ ဘယ်ရမလဲ။
ကိုခရေ
ပြင်ဆင်လို့မရတဲ့ အမှားတွေကိုကြည့်ပြီး
နောက်ရေးမယ့်ပန်းချီကားအတွက် ကောင်းအောင်ကြိုတင်ပြင်ဆင်ရမယ်လေ။
ကိုမိုက်ရေ
မူန်ဝါးဝါးပန်းချီမှာ သတိရစရာတွေအများကြီးနော်
မမအေးရေ
လောက ကို ဓမ္မအမြင်နဲ့ကြည့်ရင်း ကောင်းအောင်ပြင်ဆင်ကြပါစို့
မြစပဲရိုး
September 26, 2014 at 11:17 pm
အဟောင်း မှာ လို တဲ့ ဆေးချက် တွေ ကို အသစ်မှာ ပိုကောင်း အောင် ဆွဲလို့ ရနိုင်ရင်
ပိုပိုပြီး လှ တဲ့ ဗားရှင်းသစ် ပန်းချီကား တွေ ရလာမလားဘဲ ကပေါက်ကြီး။ :))
ကိုပေါက်(မန္တလေး)
September 27, 2014 at 8:44 am
ကဲ တည့်တည့်ဘဲပြောလိုက်ပါတော့မယ်
ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံက အခြေခံဥပဒေက
ပြန်လည်ပြင်ဆင်ခွင့် မရှိတဲ့ ပန်းချီကားလို့ဖြစ်နေတာကို တင်စားပြီး ရေးထားတာပါ
အတွေးလေး
September 29, 2014 at 12:00 pm
ဘဝဆိုတာ ပြင်ဆင်လို့မရတဲ့ပန်းချီကား
တဲ့လား
ကိုပေါက်(မန္တလေး)
September 29, 2014 at 1:47 pm
ကုန်လွန်ပြီးမြောက်ခဲ့သောဘဝ ကတော့ ပြန်လည် ပြင်ဆင်ခွင့်မရှိသော ပန်းချီကား နဲ့ တူပါတယ်
အတွေးလေး ရေ