ဝါးပင်ရိပ်မှာ..အိပ်ပါရစေလား..မိစံပယ်…
ဇွဲကပင်တောင်ထိပ်မှာ အမှောင် မတိတ်ခင် အိပ်စက်ပါရစေ…ချစ်သော မိစံပယ်။
ဟိုဆီ အောက်ဘက်က. . .သံလွင်ကွေ ့ကောက်ကို ငုံ့ကြည့်ရင်း တစ်ခါတုန်းဆီရဲ ့. .
သီချင်းလေးတွေ တိုးတိုးညည်းရင်း …..
သဘာဝတရားရဲ့ သွေးဆောင်မှုနောက် . . .အခုပဲ လိုက်ပါ တပ်မက်ခွင့်ပြုပါတော့ကွယ် …။
ဟော…ဟိုမှာ ဒေါနတောင်တန်းကြီး. . . .
မှိုင်းညို့သော ထည်ဝါမှုနဲ့…ကိုယ့်စိတ်နှလုံးထဲထိ …. ခေါ်သံတွေ ရောက်လာပြီး ကြားရစေတယ်.. ။
လာခဲ့ပါ့မယ်… ။
မနက်ဖြန်ယဉ်ကျေးမှု”မျိုးနဲ့… ချဉ်းနှင်းဝင်ရောက်လာတဲ့အခါ…
တောင်ပေါ်မိုးစက်…တစ်ဝက်တပျက်ကပဲ ဖြစ်ဖြစ်…စောင့်ကြိုလင့်ပါ…တောင်တန်းပြာ…
ကိုယ့်ရင်ဟာ..အတိုင်းအဆမဲ့စွာနဲ့. . . မျှော်လင့်ခြင်းတို ့ ပြိုကျပျက်စီး….
ကိုယ့်ကံကြမ္မာကိုတောင် . . .ခိုစီးခွင့်မရတဲ့သူမို့…
ရင်ကွဲနာပျောက်မယ့် ဆေးတစ်ဖုံလည်း..ရှာဖွေဖော်စပ်ခွင့်ပြုပါတော့…..
ဇွဲကပင်ကို ရစ်ပတ် ယှက်နွယ်တတ်ပါတဲ့ . . .ချစ်သော တိမ်ထုဖြုလွှလွှတို့ရေ…
ကြယ်ဖြူသောင်းဖြ…ကြိုဆိုကြတဲ့ မနေ့ကလို ညချမ်းမှာ…
ကိုယ့် ဒဏ်ရာတချို့…သွေးတိတ်ပြီး အေးရိပ်တငြိမ့်ငြိမ့်မှာ နေသာပါရဲ့…စံပယ်…
အရင်တုန်းကလို မဟုတ်တော့ပါဘူးကွယ်…ဆိုတဲ့ စကားကို
ပြုံးစစနဲ့…ဆိုတတ်ခဲ့ပြီပေါ့…ပန်းကလေးရေ။
အဲဒီလို ခံနိုင်ရည်မျိုး မွေးတတ်ဖို့… စိတ် ဒဏ်ရာတွေကို စိတ်နဲ့ပဲ..ပြန်လည် ဆေးကြော…
ဘယ်သဘောနဲ့…ကိုယ့်ကို ရက်စက်သလဲ..လို့… ကံကြမ္မာကို.. . .မမေးရဘူးပေါ့ ။
ရူးတယ်ပဲ…ဆိုဆို….ပေါ့ ပန်းစံပယ်ရယ်. . .
ကိုယ့်အတိတ်ကို တံခါးပိတ်ချလိုက်ဖို့…ကြိုးစားမိတဲ့အဖြစ်နဲ့ . . .
အသုံးအနှုန်းတွေလည်း ပြန့်ကာကျဲကာပေါ့ကွယ်. . .
အခုတော့. . .
အခုတော့. . .
ကိုယ် ….
ကိုယ်လေ…
နှလုံးသားမှာ ရတဲ့ ဒဏ်ရာရဲ့ နာကျင်စူးရှမှုကို အရသာတစ်ခုလို ယစ်မူးသော ရူးချစ်မှုတွေ. . .
အခုတော့ စံပယ်ရယ်…
(မရှိ/မသိတော့ပါဘူး. . .ရူးတယ်ပဲ ဆိုချင်ဆို. . .)
လောက ဒဏ်ရာတွေက…ကြယ်တွေကြွေတာကို ပြုံးကြည့်တတ်အောင်တဲ့ ကိုယ့်ကို သင်ကြားပေးခဲ့ပြီ… ။
တစ်နေ့နေ့တော့ ကိုယ်လည်း ကြယ်တစ်ပွင့် ဖြစ်ရဦးမယ် . . .ကြွေရပါဦးမယ် ပန်းစံပယ်။
မြို့ပြင်မှာ ခွက်မရှိပဲ…တောင်းနေတဲ့ . . .ဂျစ်ပစီတွေလိုပါပဲ..
မရနိုင်တာတွေကို ဆုတောင်းမနေတော့ဘူးဆိုမှတော့ . . .ကွယ်. . .
ရတာတွေကိုလည်း.. မကျေမနပ်ဖြစ်မနေတော့ပါဘူး…
အရာရာဟာ…ကိုယ်လုပ်တိုင်းသာ ဖြစ်ကြေးဆိုရင်ပေါ့. . .ဆိုတဲ့ ရိုးစင်းသော ဒဿနကိုပဲ…
ဂါထာလို ရွတ်… ကိုယ့်လျှာနဲ့ကိုယ် အရသာ ရှိတယ်ထင်ပါရဲ့. . .
(တစ်ခါတစ်ခါကျတော့လည်း. . .. သူများအပင်မှာ ပွင့်တဲ့ပန်းကို လှမ်းချိုးယူချင်မိတာပေါ့. . . ။)
လူသားဆိုတော့လည်း…ခက်ပါတယ်..စံပယ်…
ဘယ်လောက် ကြောက်စရာကောင်းတဲ့ အရှုံးနဲ့ ကြုံကြုံ…
မဖြုံပါဘူးဆိုတဲ့ မာန်လေးတော့…တင်းထားမိသေးတာပေါ့…
လူစဉ်မမီတဲ့ ခပ်ညံ့ညံ့လူတွေရဲ့… အလွယ်တကူ ဒူးထောက်ခြင်းကို ကြည့် ကြည့်ပြီး…
ကိုယ့်ကို ကိုယ် ဘယ်စာရင်းထဲ တို့မိထားလဲ…လို့တော့… စဉ်းစားရသေးတာပေါ့… ။
ဟိုတလောက… ဂျစ်ပစီကြီးတစ်ယောက်ရဲ့ အိပ်ရာဘေးမှာ…
ခပ်ရို့ရို့လေးနဲ့ ချို့တဲ့ကြွယ်ဝစွာ ဝင် အိပ်ဖူးတယ်.. ။
အဲဒီမတိုင်ခင်ညက….
ကိုယ့် အိမ်အပြန်လမ်းဟာ.. ကြမ်းမှန်းမသိ ကြမ်းတမ်းတယ်ကွယ်…
နတ်သမီး အိပ်မက်ကို မက်နေတဲ့ ဂျစ်ပစီကြီးကို…အားနာတာနဲ့ပဲ အဲဒီညက…
ကိုယ့်အိမ်အပြန်လမ်းအကြောင်း…ပြောမပြခဲ့ပါဘူး ။
ကိုယ်ကသာ… .
သူပြောပြတဲ့ နတ်သမီးအိပ်မက်ကို… အားကျငေးမော…
ကိုယ့်ဘဝကျောက်ခင်းလမ်းထက်က… ကြမ်းရှမာကျောမှုတွေနဲ့ ယှဉ်ထိုး နှိုုင်းဆမိတာပေါ့ကွာ. . ..
သူကပြောတယ်….စံပယ်…
လူ့ဘဝဆိုတာ…
ကိုယ်တိုင် ရေးဆွဲရတဲ့ ပန်းချီကားတစ်ချပ်ပဲ..ဟ ကောင်လေးရ. . . . တဲ့… ။
ကိုယ့် ပန်းချီကားအတွက်…ကိုယ်လိုသမျှ အရောင်တွေ စုံစုံလင်လင် ရဖို့က
ကိုယ့် ရှာဖွေ စူးစမ်းနိုင်စွမ်း….
ကိုယ့် ပန်းချီကားထဲမှာ.. ရေးမယ့်… အကြောင်းအရာတွေ…
( အရောင် / အရိပ်တွေ ) ပြည့်စုံလှပဖို့က…
ကိုယ့်ရဲ့…ရေးခြယ်နိုင်စွမ်း…
အဲဒီစကားကို ကြားတော့မှ… ကိုယ်လည်း..စဉ်းစားမိတယ်..စံပယ်… ။
ကိုယ့်ပန်းချီကားထဲ…မှာ. . .
အရောင် မစုံ . . .အသွေးလည်း..မပြည့်လှသေးပါလား…
အကြောင်းအရာရယ်တောင်မှ မည်မည်ရရ မကြွယ်ဝသေးပါလား…ပေါ့. . .
ဒီလိုနဲ့ပဲ…
ကိုယ့် ပန်းချီကားကို . . . ပြီးပြည့်စုံတဲ့ အလှတရားနဲ့…
တန်ဖိုးတက်လာဖို့..
ကြိုးစား ရေးဆွဲရဦးမှာပါလား..လို့…တွေးမိတာပေါ့..စံပယ်…
ကိုယ်…အမြင့်ကြောက်တယ်… စံပယ်.. ။
အမြင့်ကြောက်တဲ့ အတွက်ပဲ… အမြင့်ကြီးတွေပေါ် . . .မကြာခဏ တက်ခဲ့ပါတယ်… ။
အခု..ကိုယ် အနိမ့်ကိုကြောက်နေတယ်…စံပယ်…
ဒါပေမယ့်…အနိမ့်ကြောက်တဲ့ အတွက်နဲ့တော့…
အနိမ့်ဆီ…တစ်ခေါက် ပြန် မဆင်း လိုတော့ပါဘူး… ။
—————
ဟိုမှာဘက်ကမ်းမှာပေါ့. . .ကြည့်စမ်းပါဦး မိစံပယ်. . .စိမ်းမြတဲ့
တောင်စဉ်တောင်တန်းနဲ့… ယိမ်းနွဲ့နေတဲ့…
ဝါးပင်တွေ ရှိတယ်…
မကြာခင်မှာ…ဝါးပင်ရဲ့… ရနံ့ ဆွတ်ဆွတ်…
တောင်ထွတ်ပေါ်ကို..ပျံ့တက်လာတော့မယ်…ထင်ရဲ့…
အဲဒီ ရနံ့ထဲမယ်. . … မြေပြင်ရဲ့…နွေးထွေးဖော်ရွေမှုနဲ့…ကောင်းကင်ကို အံတုမယ့်…
အလင်္ကာ မနက်ခင်း တချို့ . . ..ခိုတွယ်လွင့်ပျံ ့လာမှာ. . . သေချာတယ် (ထင်ပါရဲ့…. ) ။
ချစ်သော မြေဆီလွှာရေ….
ကိုယ်စိုက်တဲ့ပန်းကို
ကိုယ် ပြန် ခူးမပေးဝံ့သူအတွက်…
ခက်မြဲခဲခက်တဲ့ ပုစ္ဆာတို့ကိုသာ…ပစ်တင်ပေးလှည့်ပါဦး….
လွယ်ရတာ…လွယ်လွန်းလို့…
ခက်ရတာကိုမှ…
ခက်ချင်သေးသူရယ်လို့….
တစ်ချက်လောက် သတ်မှတ်ရင်ပေါ့. . .
……………
……………
……………
……………
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မိတ်ဆွေများ လွတ်လပ်ငြိမ်းချမ်းပါစေ…
လေးစားစွာဖြင့်….
အလင်းဆက်(Gazette)
၂၀၁၄ ခုနှစ် ၊ စက်တင်ဘာ ၊ ၂၃ ၊
ည ၁၂ း ၂၈
19 comments
Myo Thant
September 24, 2014 at 2:58 pm
စာပြီးချိန် ည ၁၂ း ၂၈ တဲ့ ၊
အဲ့အချိန်ဆို အိပ်မက်တောင်မက်နေပြီ ၊
ဆက်ရေးပါဦး အလက်ဆင်းရေ
ဖွေးဖွေး နဲ့ မစံပယ် ဘယ်သူ့ရွေးမလဲကွယ် 🙂
alinsett
September 24, 2014 at 3:33 pm
စံပယ်ကတော့…
တစ်ခါတစ်ရံ သတိရမိရုံမှ အပ….
ပြန်လှည့်မဝင်လာတော့သော..
အဝင်မခံတော့သော…
တံတားအောက်က…စီးသွားတဲ့ရေ….
ဖွေးဖွေးကတော့….
ဂလုစ်စ်
ခင် ခ
September 24, 2014 at 2:58 pm
” လူသားဆိုတော့လည်း…ခက်ပါတယ်..စံပယ်…
ဘယ်လောက် ကြောက်စရာကောင်းတဲ့ အရှုံးနဲ့ ကြုံကြုံ…
မဖြုံပါဘူးဆိုတဲ့ မာန်လေးတော့…တင်းထားမိသေးတာပေါ့…”
အဲဒီထဲက မာန် ဆိုတဲ့စကားလုံးလေးကို အစယူပြီးတွေးမိတယ်။
မာန် နဲ့ ဟန် နဲ့ ကိုပေါ့။
မာန် ကိုယ့်ဖို့
ဟန် ကိုယ့်ဖို့
မာန် ဟာ တကယ်ကိုယ့်ဖို့(ကိုယ့်အတွက်) ဖြစ်လား
ဟန် ဟာ တကယ်ကိုယ့်ဖို့ ဖြစ်လား
တစ်ချို့က လောကဓံကြုံတဲ့အခါ ဟန်မပျက် ဟန် ကိုယ့်ဖို့နေကြသလို
တစ်ချို့က လောကဓံကြုံတဲ့အခါ မာန် မချဘဲ အားတင်းလို့ မာန် ကိုယ့်ဖို့ နေကြတယ်။
နှစ်ခုစလုံးရဲ့ တူညီမှု ရသ ကတော့ အနိုင်မခံအရှုံးမပေးချင်တဲ့ စိတ် ပင်ဖြစ်လေမလားလို့…………….။
alinsett
September 24, 2014 at 3:15 pm
လေးခ အတွေးလေး…ဆက်ပေးသွားတာ…
လှတယ်
😆
ဇီဇီ
September 24, 2014 at 3:04 pm
ဝါးပင်ရိပ်မှာ မအိပ်နဲ့။
မျှစ်လာစားတဲ့ တောဝက် ပက် လိမ့်မယ်။
:b:
alinsett
September 24, 2014 at 3:30 pm
တိန် တိန် နှစ်ခါတိန်…
အဲ့လိုကြီးသာဖြစ်ရင်တော့…
ဂဗျာ မဆန်လိုက်ထာ..မမဂျီးရာ…
😆
pooch
September 24, 2014 at 4:19 pm
ဟုတ်တယ် တခါတလေမြွေတွေဘာတွေလည်း အောင်းတယ် :mrgreenn:
alinsett
September 24, 2014 at 4:32 pm
အမငီးးးးး
တေတာတေလိုက်ချဉ်တော့တာပါပဲ…
(ဖွေးဖွေးကို ဖက်ပြီး )
kaungngelay
September 24, 2014 at 10:38 pm
ဖွေးဖွေးက စံပယ်ပန်းပန်ပြီး…. မွှေးမွှေးပေးနေတာ ကိုယ့်ကိုပါ အလင်းဆက်…
မောင်ရင် အလာကောင်းပေမယ့် အခါနှောင်းသွားပါပြီ… တောင်ပေါ်သာဆက်တက်ပါ… အသက်အာမခံလုပ်သွားဖို့ မမေ့ပါနဲ့…. တောင်ကြီး ဖဝါးအောက်… လှိုင်းကြီး လှေမှောက်… အသက်ကို ပိုက်ဆံစောင့်… မေးပါများ ပါးစပ်ညောင်း….သွားပါများ ခြေထောက်ပေါက်…. မအိပ်မနေ မျက်စိကြောင်…
သူရိန် မူး၍ဝင်ရစ်သည်
alinsett
September 25, 2014 at 1:52 am
မအိပ်မနေ မျက်စိကြောင်ဆိုတာကတော့
အဟုတ်ဗျို ့။
အခု ည ၁ နာရီ ၄၈ ရှိပြီ။
မနက်ဖြန်မနက် အပြီး ပေးရမယ့် သတင်းတွေ ထိုင် ရေးနေတာ အိပ်ဖို့ မေ့နေတယ်။
😆
ဒါနဲ့ ကသူရိန်ရယ်
ကသူရိန့်ကွန်မန့်တွေ ဘယ်ဟာကြည့်ကြည့် ဘယ်အချိန်ကြည့်ကြည့် မူးပြီးရေးတယ်ဆိုတာပါပဲလား။
မူးးးး မူးးနိုင်လွန်းတယ်ကွယ်။
လျှော့ကွဲ ့လျှော့
သောက်တာတွေ မူးတာတွေလျှော့
ကျုပ်တို့ မူးဖို့ သောက်ဖို့ ကျန်အောင်ပါ။
ဖွေးဖွေးကိုရော
စံပယ်ကိုပါ အပိုင်သိမ်းမယ့်သဘောနဲ့
ဒီမယ် မောင်ရင်
(အသက် ဘယ်လောက်မှန်း မသိ။ ကိုယ့်ဟာကိုယ်တော့ ကြီးလှပြီ ထင်ပြီး (အသက်) ခီညားကို မောင်ရင်လို့ ခေါ်မယ်)
ကျုပ်က အလာနှောင်းပေမယ့်
အခါကောင်းပါဗျ
kaungngelay
September 26, 2014 at 11:37 am
ကိုကြီးဆက်
ဒီအရက်တွေကို ကျွန်တော်ကုန် အောင်သောက်လိုက်တော့ မောင်ရင်တို့မသောက်ရရင်၊ မသောက်ရတော့ရင် ကံငါးပါးထဲက တစ်ပါးလည်း ထိမ်းပြီးဖြစ်မယ်… သူနဲ့ ဆက်ပြီးသွားတဲ့ မကောင်းမူ့တွေလည်း မဖြစ်နိုင်တော့ဘူး.. ဒါကြောင့် တစ်ယောက်ထည်း အနစ်နာခံ ပြီးသောက်ပေးနေတာ… ကျွန်တော် သောက်တာများလို့လားမသိ Grand Royal တော့ စက်ရုံတွေ တိုးဆောက်နေတယ် ကြားတယ်… သောက်တဲ့သူဘယ်လောက်များလဲမသိ အချဉ်ဖောက် တာတောင် မစောင့်နိုင်တော့ဘူး ဓာတုဆေးဝါးတွေသုံးပြီး ဖောက်တယ်ကြားတယ်… အရက်လိုင်စစ်ထပ်မချပေးတော့ဘဲ ထိမ်းချုပ်လိုက်တယ်… ဒါနဲ့အဟောင်းလိုင်စင်တွေ ဈေးတက်သွားတယ်… ပွဲစားတွေကတော့ ရုံးထဲကလူတွေဘဲ… လိုချင် ရောင်းချင်တဲ့သူရှိတယ်ဆိုဘဲ… ဆက်သောက်ရမလား… မသောက်ရဘူးလား… ကိုယ့်ကိုတော့ စီးပွားရေးသမားတွေက ကျေးဇူးရှင်ဆိုပြီး မော်တော်ကားတွေ ဆိုင်ကယ်တွေနဲ့ မြူဆွယ်နေတယ်… အမှန်က ကသူရိန်ကို မလျှော့ခိုင်းနဲ့… စေတနာနဲ့ သောက်ရတာ… တာဝန်မဲ့လူကြီးတွေက လိုင်စစ်အကုန်လုံးသိမ်း… ပေးမလုပ်ဘူးဆို ပြီးတာဘဲ…
ဒါပေမယ့် ပညာမဲ့တွေကတော့ လိုင်စင် (ဝါ) ပါမစ် = လုပ်ပိုင်ခွင့် နဲ့ လူတွေကို ကွန်ထရိုးလုပ်လာတာ ကြာပေါ့… ပညာမှမတတ်တာကိုး… ပညာတတ် လူကြီးတွေက ဒါမျိုးမလုပ်စားဘူး… ဒီမှာ Bill Gate လိုလူမျိုး ထွက်လာဖို့ မတွေ့… အားလုံး မျောက်ဝံတွေကြီးဘဲ…
သူရိန် အကောင်းအတိုင်းရေးသည်
manawphyulay
September 25, 2014 at 10:40 am
မြို့ပေါ်မှာ ခွက်မရှိပဲ တောင်းတာတောင် အတော်ရတာ..
ခွက်များရှိလို့ကတော့ သိတယ်မလား ကုမ္မဏီထောင်မလားပဲ…
alinsett
September 25, 2014 at 12:19 pm
အဟိ
ခွက်မလိုတဲ့ တောင်းသူတွေ ဒဘုံဂျီးးး
အလုပ်ကို ဖြစ်လို့
မြစပဲရိုး
September 25, 2014 at 3:22 pm
ဝါးပင်ရိပ် ကို ကြိုက်တာ ပန်ဒါဝက်ဝံ တွေပေါ့။
ချစ်ချာကြီး တွေပါ။
ပုံထဲ က ပန်ဒါ ကတော့ ပိန်ပိန် လေးပါလား။ :-))
အလင်းဆက်
September 25, 2014 at 4:52 pm
ကျနော်က… ပန်ဒါ မဟုတ်ဘူး ။
.ညောက်
kai
September 26, 2014 at 2:47 pm
ဝါးပင်အောက်ဆိုတဲ့စကားဖတ်ရတော့.. သခင်သန်းထွန်းသတိရတယ်..
သူက..သေတော့လည်း.. ဝါးပင်အောက်မှာပဲတဲ့..။
အလင်းဆက်
September 27, 2014 at 6:25 am
ကျနော်ကတော့
သခင် ဒညင်းဝက်
.တေရင်တော့ ဖွေးဖွေးကို ဖက် တေချင်ဒယ်
ဂလုစ်စ်
အတွေးလေး
September 28, 2014 at 5:13 pm
ကိုအလင်းဆက် ဖွေးဖွေးကိုသစ္စာဖောက်တာလား
မစံပယ်ကဘူတုန်း
ဘယ်သူကအရင်လဲ ပြောပြပြောပြ 😉
အလင်းဆက်
September 28, 2014 at 6:53 pm
တချိန်ကပေါ့ကွာ
စံပယ်တစ်ရွက်က ကိုယ့်အပေါ်မူးလဲချိန်
ကိုယ်က စံပယ်တွေ တဖွေးဖွေးကို
အေးအေးဆေးဆေး ထိုင် ချွေခဲ့တာပေါ့။
အဲ
ကိုယ့်စကားက ဘယ်ရောက်သွားပါလိမ့်