” ကစားပွဲ ရဲ့ အဖြေ”
” ကစားပွဲ ရဲ့ အဖြေ”
လက်ဝှေ့ကြိုးဝိုင်းအတွင်း
ယှဉ်ပြိုင်ဆဲ
အချိန်အတွင်းမှာ
လိုက်သူ လိုက်
ပြေးသူ ပြေး
ထိုးသူ ထိုး
ရှောင်သူ ရှောင်
သူ့နည်း သူ့ဘောင်
လွတ်အောင်ရှောင်
ထိအောင်ထိုး တာက
ပြိုင်ပွဲသဘာဝ။
လက်ခုပ်သံ ရရ မရရ
ဘယ်လိုပြေးပြေး မပြေးပြေး
ဘယ်လိုထိထိ မထိထိ
ဘယ်လိုထိုးထိုး မထိုးထိုး
ပရိတ်သတ် ဘယ်လို ကြိုက်ကြိုက် မကြိုက်ကြိုက်
အလဲမထိုးနိုင်သမျှ
ဆုံးဖြတ်ပိုင်ခွင့်ရှိသော
ဒိုင်
အနိုင်ပေးသူသာ
တရားဝင်ဆိုတာ
ဆင်ခြင်မိလိုက်ပါတယ်။
ကိုပေါက်လက်ဆောင်အတွေးစဉ်
6 comments
မြစပဲရိုး
July 13, 2015 at 10:08 pm
အလဲထိုးနိုင်ဖို့ အား တွေ ညီပြီး စုထားဖို့ လိုတယ် ကပေါက်ကြီး ရေ။
ကိုပေါက်(မန္တလေး)
July 13, 2015 at 10:20 pm
ဒီကဗျာလေးက ပက်ကွီယိုနဲ့မေဝဲသာ ပွဲ ကြည့် အပြီး ရေးထားတဲ့ ကဗျာလေးပါ
သူတို့ လက်ဝှေ့ ပွဲ ရဲ့ အဖြေကို မဝေဖန်လိုပေမယ့်
ကျနော်တို့ရဲ့ ပွဲ မှာ အလဲ မထိုးနိုင်ခဲ့ရင် ဆိုတဲ့ အတွေးက
တော့ ရင်လေးစေတာအမှန်ပါဘဲ
ဦးကြောင်ကြီး
July 14, 2015 at 9:57 am
ဂစားပွဲရဲ့အဖြေ
တရားပွဲတဲ့လေ
ကလားဖဲနဲ့မွှေ
ရထားဆွဲခဲ့ဟေ..
ကိုပေါက်(မန္တလေး)
July 14, 2015 at 9:44 pm
ရထား နောက်ကျ
ကုလား ဘောက်ကျ
တရားဖောက်သဗျ
အများကတော့ ကြောက်နေရသလေ
ကြောင်ကြီးရေ
Mike
July 14, 2015 at 10:56 am
.ဒိုင်ကတော့ခုထဲကညစ်ဖို့ကြံနေလေပြီ
ကိုပေါက်(မန္တလေး)
July 14, 2015 at 9:47 pm
ကိုမိုက်ရေ
ပယ်မဲနဲ့အသဲခွဲသွားမှား စိုးရိမ်ပါတယ်