Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လမ်း၌ယဉ်ကျေးမှု(၁)- Yellow Box

padonmarJanuary 30, 20133min79930

လမ်းဆိုတာ လူတွေ ယာဉ်တွေ သွားလာဖို့ ပြုပြင် ဖန်တီးထားတာပါ။

အိမ်ဆိုရင် တစ်ဦးတစ်ယောက် တစ်မိသားစုပိုင်ဆိုင်မှုဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သလို

လမ်းဆိုတဲ့ စကားလုံးလေး မြင်ရင် ကြားရင် အများဆိုင် ဆိုတဲ့ အဓိပ္ပါယ်ကို တန်းပြီး မြင်ယောင်ကြပါလိမ့်မယ်။

(တစ်ချို့အိမ်တွေမှာ ကိုယ်ပိုင်လမ်း ဆိုတဲ့ အသုံးအနှုန်းလေးရှိပေမယ့် လူတစ်ဦးတစ်ယောက်ထဲပဲ အသုံးပြုတာတော့ မဖြစ်နိုင်ပါဘူး)

အဲဒီ အများဆိုင်ပညတ် ဖြစ်တဲ့ လမ်း ပေါ်မှာ သွားလာကျက်စားကြပြီဆိုရင် အများနဲ့ ဆိုင်ပြီမို့

လူအများကို မထိခိုက် မနစ်နာစေရေး အတွက် လိုက်နာ ဆောင်ရွက်သင့်တဲ့ အချက်တွေ ရှိပါတယ်။

အဲဒါကို ရှေးက ကျောင်းသင်ရိုးညွှန်းတန်းတွေမှာ ပါတဲ့ ပြည်သူ့နီတိထဲက လမ်း၌ယဉ်ကျေးမှု ဆိုတဲ ့ စကားလုံးလေး သုံးပြီး ရေးချင်ပါတယ်။

(သူ့မူရင်းမှာတော့ လမ်း၌ယဉ်ကျေးမှု၊ကျောင်း၌ယဉ်ကျေးမှု စသဖြင့်ပါပါတယ်)

ပထမဆုံး ပြောချင်တာကတော့ Yellow Box လို့ခေါ်တဲ့ အရေးကြီး အဆောက်အဦ တစ်ခုခုရဲ့ အဝင်အထွက် ခြံတံခါးဝတွေမှာ

လမ်းပေါ်ဆွဲထားလေ့ရှိတဲ့ အဝါရောင် လေးဒေါင့်ကွက်ထဲ ကြက်ခြေခတ်ထားတဲ့ အမှတ်အသားလေး ပါ။

(ဆေးရုံတွေ၊သံရုံးတွေ၊ကျောင်းတွေ၊ရုံးတွေ ရှေ့မှာရေးဆွဲထားလေ့ ရှိပါတယ်)

ဒီအမှတ်အသားလေးရှိရင် အဲဒီအမှတ်အသားနေရာမှာ ဘယ်အကြောင်းနဲ့မှ ပိတ်ဆို့ခြင်းမရှိ်ရပါဘူး။

ယာဉ်တွေ ဖြတ်သန်းသွားလို့ရပေမယ့် Yellow Box ရဲ့ အခြားတစ်ဖက်မှာ နေရာလွတ်ပြီဆိုမှ ဒီဖက်ထိပ်ကယာဉ်က ဖြတ်သန်းသွားရပါတယ်။

Yellow Box ရဲ့ တံခါးဝမှာ ရှိတဲ့ ဆေးရုံ၊သံရုံး၊ကျောင်း၊ရုံး ထဲကို အရေးပေါ် ဝင်ချင်ရင် အထဲက အပြင်ကို ထွက်ချင်ရင် ပိတ်ဆို့ နေလို့ မဖြစ်ပါဘူး။

Yellow Box ထဲ ရပ်ထားမိရင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအရ အရေးယူခံရပါမယ်။

ဒီလို တရားဝင် ရေးဆွဲထားတဲ့ Yellow Box တွေကိုတောင်မှ သတိမထားပဲ မီးပွိုင့်တန်းစီရင်း ပိတ်ရပ်နေမိတတ်ကြပါတယ်။

လမ်းပေါ်မှာ အထင်ကရ ရေးဆွဲထားတဲ့ Yellow Box တွေလိုပဲ မရေးဆွဲထားတဲ့ မမြင်ရတဲ့ Imaginary Yellow Box တွေလည်းရှိပါတယ်။

အဲဒါကတော့ လမ်းဆုံလမ်းခွ(လမ်းလေးခွဆုံ၊လမ်းမနှင့် လမ်းသွယ်ဆုံရာ) ၊မီးပွိုင့် ဧရိယာ၊သူတပါးအိမ်ခြံပေါက်ဝ စတာတွေ ဖြစ်ပါတယ်။

ဒီလိုနေရာတွေကိုလည်း ပိတ်မရပ်မိအောင် သတိထားကြဖို့လိုပါတယ်။

အထူးသဖြင့် အခုလို ယာဉ်အသွားအလာတွေ များပြားပြီး ခုံးကျော်တံတားတည်ဆောက်မှုတွေ လုပ်နေရတဲ့ ရန်ကုန်၊မန္တလေး လို မြို့ကြီးတွေမှာ၊

အထူးအထူးသဖြင့်ယာဉ်အသွားအလာများလို့ မီးပွိုင့်စောင့်ချိန်ကြာတတ်တဲ့ လှည်တန်း၊ရွှေဂုံတိုင်၊ဘုရင့်နောင်၊မြောက်ဥက္ကလာ၊တာမွေ၊ပါရမီ၊ရှစ်မိုင် စတဲ့ အချက်အခြာမီးပွိုင့် ဧရိယာတွေမှာ

သတိထားလိုက်နာကြသင့်ပါတယ်။

မီးပွိုင့် ပုံမှန်စောင့်ချိန် စက္ကန့် ၆၀-၉ဝ အပြင် ယာဉ်တန်းရှည်လို့ ၂ ကြိမ် ၃ကြိမ် မီးနီ စောင့်ရတဲ့အခါ တစ်ဖက် ယာဉ်ကြောတွေကိုပေးတဲ့ အချိန် ပါပေါင်းရင် မိနစ် ၂၀-၃ဝ စောင့်ရတတ်ပါတယ်။

အဲဒီအခါ ကိုယ်နဲ့ ဆန့်ကျင်ဖက် ယာဉ်ကြောမှာ ကားရှင်းနေပေမယ့် ကိုယ့်ကားပိတ်ရပ်မိတဲ့ လမ်းသွယ်အဝ၊အိမ်ခြံဝကနေ တစ်ဖက်ကို သွားလိုတဲ့ ကားတွေမှာ အခက်တွေ့ကြရတော့တာပါပဲ။

အဲဒီလို ကိုယ်ပိတ်မိလို့ သွားလိုရာ သွားမရတဲ့ ယာဉ်တွေထဲမှာ

အရေးတကြီး သွားကုရမယ့် ဆရာဝန်၊

ဆေးရုံအချိန်မီပို့မှ အသက်ရှင်မယ့်လူနာ၊

စာမေးပွဲ အချိန်မီဖြေရမယ့် ကျောင်းသား၊

အင်တာဗျူးဖြေရမယ့် အလုပ်လိုချင်သူ၊

အရေးတကြီး အစည်းအဝေးတက်ဆုံးဖြတ်ရမယ့် အရာရှိ

ချစ်သူအဖြေပေးရာ အချိန်မီသွားရမယ့် လူငယ်

မီးသတ်ယာဉ် တွေ ဖြစ်နေရင် ဆုံးရှုံးမှုက အစားထိုးလို့မရနိုင်ပါဘူး။

လူတွေရဲ့ သဘာဝက စောင့်ဆိုင်းနေရတာ ကြာတဲ့အခါ ဒေါသတွေပါလာပါတယ်။

ကိုယ်သာ ဦးအောင် ဒီ အကြပ်အတည်းက လွတ်မြောက်ချင်စိတ်နဲ့ ရှေ့ကို အတင်းတိုး အတင်းဝင် အတင်းဖြတ် ဖြစ်ကြတော့တာပါပဲ။

(တိုးရဲတာကို သတ္တိလို့ တလွဲဆံပင်ကောင်းကြပြန်ရော)

အဲဒီအချိန် ကားတစ်စီးနဲ့ တစ်စီး ခေါင်းချင်းဆိုင်ပြီး ရှေ့တိုးမရ၊နောက်ဆုတ်မရ ဖြစ်သွားတဲ့အခါ

ယာဉ်ကြောပို ပိတ်ဆို့ပြီး ကြာသင့်တာထက် ပို ကြာကုန်ကြတော့တာပါပဲ။

အမှန်တော့ ကိုယ်ချင်းစာနာစိတ်လေးမွေးပြီး ကိုယ့်အလှည့်ရောက်မှ ကိုယ်သွားမယ်၊

ကိုယ့်အလှည့်မကျမီ သူတပါးရဲ့ သွားလမ်းလာလမ်းကိုလည်း မပိတ်ဆို့စေရဘူးလို့

Imaginary Yellow Box လေးတွေ နေရာတိုင်း ဆင်ခြင်မောင်းနှင်ပေးကြဖို့လိုပါတယ်။

ဘုရင့်နောင် မီးပွိုင့်မှာလမ်းပိတ်ရပ်တဲ့ ကားတွေကြောင့် လမ်းသွယ်က ကားထွက်မရ။
ဘုရင့်နောင် မီးပွိုင့်မှာလမ်းပိတ်ရပ်တဲ့ ကားတွေကြောင့် လမ်းသွယ်က ကားထွက်မရ။
ကျမတို့ကားနဲ့ ညာဖက်ယာဉ်ကြောကကားတွေ Yellow Box လမ်းချန်ထားတာကို အ တယ်ထင်လို့ အတင်းနေရာယူတဲ့ Surf
ကျမတို့ကားနဲ့ ညာဖက်ယာဉ်ကြောကကားတွေ Yellow Box လမ်းချန်ထားတာကို အတယ်ထင်လို့ အတင်းနေရာယူတဲ့ Surf
လမ်းသွယ်ကထွက်လာတဲ့ Taxi အနီသေးသေးလေးခမျာ Surf ရဲ့ နောက်ကနေ လူးလွန့်ပြီးထွက်ရရှာပါတယ်။
လမ်းသွယ်ကထွက်လာတဲ့ Taxi အနီသေးသေးလေးခမျာ Surf ရဲ့ နောက်ကနေ လူးလွန့်ပြီးထွက်ရရှာပါတယ်။
လမ်းမတော်နဲ့ မဟာဗန္ဓုလလမ်းဒေါင့်မှာလည်း မကြာခဏတွေ့ရတတ်တဲ့ တိုးတတ်သူများ(မီးပွိုင့်စိမ်းနေစဉ်)
လမ်းမတော်နဲ့ မဟာဗန္ဓုလလမ်းဒေါင့်မှာလည်း မကြာခဏတွေ့ရတတ်တဲ့ တိုးတတ်သူများ(မီးပွိုင့်စိမ်းနေစဉ်)
မီးပွိုင့်ဝါတော့လည်း ဆက်တိုးမယ်
မီးပွိုင့်ဝါတော့လည်း ဆက်တိုးမယ်
Tour car ကြီးမှာ ရှေ့တိုးမရ၊ (ဒီTour ကားကြီးလမ်းဆုံမကျော်မချင်း ဒီဖက်ထိပ်က မထွက်မိ်လို့ နောက်ကားတွေက တပွမ်ပွမ်ဟွန်းတီးခံခဲ့ရပါတယ်)
Tour car ကြီးမှာ ရှေ့တိုးမရ၊
(ဒီTour ကားကြီးလမ်းဆုံမကျော်မချင်း ဒီဖက်ထိပ်က မထွက်မိ်လို့ နောက်ကားတွေက တပွမ်ပွမ်ဟွန်းတီးခံခဲ့ရပါတယ်)
အင်းစိန်လမ်းနဲ့ ရွာမကျောင်းလမ်းဆုံ မီးပွိုင့် စိမ်းနေစဉ် လက်ယှက်ထိုးနေတဲ့ ကားများ
အင်းစိန်လမ်းနဲ့ ရွာမကျောင်းလမ်းဆုံ မီးပွိုင့် စိမ်းနေစဉ် လက်ယှက်ထိုးနေတဲ့ ကားများ
မီးပွိုင့်နီတော့လည်း အင်းစိန်လမ်းကယာဉ်တွေ သွားမရ
မီးပွိုင့်နီတော့လည်း အင်းစိန်လမ်းကယာဉ်တွေ သွားမရ
မော်တော်ပီကယ် ကယ်မှပဲ အသက်ရှူနိုင်တော့တယ်။(နွားကျောင်းသားနှင်တံကိုင်မှ လမ်းဖြောင့်ဖြောင့်သွားတာ ဘာပါလိမ့်)
မော်တော်ပီကယ် ကယ်မှပဲ အသက်ရှူနိုင်တော့တယ်။(နွားကျောင်းသားနှင်တံကိုင်မှ လမ်းဖြောင့်ဖြောင့်သွားတာ ဘာပါလိမ့်)

ယာဉ်မောင်းသူ လူတိုင်းသာ ကိုယ်ချင်းစာစိတ်နဲ့ အဲဒီ Imaginary Yellow Box လေးတွေကို လိုက်နာပေးကြမယ်ဆိုရင် ခုလို ယာဉ်ကြောကြပ်တောက်ပိတ်ဆို့မှုတွေ အများကြီးသက်သာသွားမှာပါ။

အခုတော့ မော်တော်ပီကယ် မရှိတဲ့အခါ မီးပွိုင့်ကောင်းကောင်း အလုပ်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ကိုယ်ဦးရင်ပြီးရော တိုးနေကြမယ်ဆိုရင်

မော်တော်ပီကယ်လာမှ မသွားသင့်တဲ့သူကလည်း လက်လျှော့ပြီး ရပ်ပေးမယ် ဆိုရင်

မော်တော်ပီကယ်တွေဟာ နွားကျောင်းသားနဲ့ တူပြီး

တိုးတတ်သူကြီးများဟာ နွားတွေ ဖြစ်သွားပါလိမ့်မယ်။

သူများခိုင်းမှ လုပ်ရင် ကျွန်စိတ်ဖြစ်ပြီး

ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် လုပ်သင့်လုပ်ထိုက်တဲ့ လူလူချင်းစာနာမှုရှိတဲ့ အပြုအမူမျိုး ကျင့်သုံးမှ သခင်စိတ်ဖြစ်ပါတယ်။

ကျမတို့ ကနေ့မှစပြီး သခင်စိတ်မွေးရင်း Yellow Box လေးများကို သတိထား ရှောင်ကြဉ်မောင်းနှင်ကြပါစို့။

30 comments

  • kai

    January 30, 2013 at 5:02 am

    အယ်လ်အေလမ်းတွေမှာတော့..လမ်းအထွက်ဝတွေ.. မီးသတ်ဆေးရုံဝတွေမှာ keep clear ဆိုပြီးလမ်းမှာရေးထားတယ်…
    အဲဒါနင်းပြီး..ကားရပ်ထားရင်.. ရဲကတစ်ကက်ပေးတယ်လေ…။
    မတော်.. မီးသတ်ကားထွက်လာလို့.. ကန့်လန့်ကြီးပိတ်မိနေရင်.. ဘယ်ပြေးရမှန်းမသိ…

    • padonmar

      January 30, 2013 at 9:46 pm

      သူကြီး ဓာတ်ပုံနဲ့ အားဖြည့်ပေးထားတာကျေးဇူးပါ။
      ဒီမှာက တစ်ကက်ပေးတဲ့ စနစ်မရှိတော့ စီမံကိန်းကာလသာ မဟုတ်ရင် လာဖမ်းတဲ့ ယာဉ်ထိန်းရဲကို ဩကာသလိုက် ပြီးသွားတာပါပဲ။အဲတော့လည်း ဖောက်ကြအုံးပေါ့ ယာဉ်စည်းကမ်း။

      • pooch

        January 31, 2013 at 2:07 am

        မန်းလေးမှာလဲ ခုနောက်ပိုင်း ဆိုင်ကယ်မစီးရတဲ့ နေရာကို လမ်းမပေါ်ပုံအကြီကြီးဆွဲပြထားတယ် မီးပွိုင့်တွေလည်း တချို့နေရာပြောင်းထားတယ် ဒီမှာလည်း လမ်းတွေကျပ်လာပြီ

        • Mr. MarGa

          February 4, 2013 at 9:23 pm

          အဲဒီ ပုံဆွဲပြထားတဲ့အပေါ်ကို ဆိုင်ကယ်တွေ တက်မောင်းသွားတာ
          အတော်တော့ ကြည့်ရဆိုးသဗျ
          (စကားမစပ် တစ်ခါတစ်လေ ဦးမာဃတောင် ပါသေးတယ်)

  • MaMa

    January 30, 2013 at 7:41 am

    နားလည်သလို အနီးစပ်ဆုံး ရေးပြရရင်-
    ဦးသန့်ရေးတဲ့ ဗမာသစ်နဲ့ ပညာသစ် စာအုပ်ထဲမှာ…
    ( ဒီမိုကရေစီနိုင်ငံထူထောင်ရတာ အခက်ခဲဆုံးပဲ။
    ဒီမိုကရေစီနိုင်ငံမှာ ပြည်သူပြည်သားတွေဟာ အသိပညာဉာဏ်နဲ့ ပြည့်စုံရမယ်။
    ပြည်သူားတွေအသိဉာဏ်မရှိရင် ပရမ်းပတာဖြစ်လိမ့်မယ်) … လို့ ရေးထားတယ်။
    ဒေါ်စုရဲ့ ဒီစကားထဲမှာလည်း….
    (ပြည်သူပြည်သားတွေဟာ အာဏာရှင် လက်အောက်မှာ ရာစုနှစ်တစ်ဝက်လောက် နေခဲ့ကြရတော့ အခွင့်အရေးတွေမရပဲ တော်သလို လျော်သလို နေခဲ့ကြတယ်။ အခွင့်အရေးတွေမရခဲ့သလို တာဝန်ဝတ္တရားတွေကိုလည်း မသိခဲ့ မလိုက်နာခဲ့ကြဘူး။ လူတစ်ဦးချင်း တစ်ယောက်ချင်းစီ အသိစိတ်ဓာတ်တွေရှိဖို့ လိုနေပြီဆိုတာကို အမှိုက်ကို စည်းကမ်းတကျစွန့်ပစ်ဖို့ဆိုတာက စပြီး ပြောထားတယ်။
    ဒီမိုကရေစီမှာ ကိုယ့်အခွင့်အရေးကို အပြည့်အဝ ရရှိမှာ ဖြစ်သလို သူများအခွင့်အရေးကိုလည်း နှောင့်ယှက်ထိခိုက်လို့ မရဘူးဆိုတာကို ကွဲကွဲပြားပြား သိထားကြရမယ်လို့ ထင်ပါတယ်။
    ပြောရမယ်ဆိုရင် ဒီမိုကရေစီ ရမရတော့ သေသေချာချာ မသိပါဘူး။
    ဆန္ဒထုတ်ဖော်ပွဲတွေမှာ ဆန္ဒထုတ်ဖော်တာနေတာတွေက အမှန်တရား ဟုတ်ရဲ့လား။ အမှန်တရားဆိုတာ သေချာလား စိစစ်ကြဖို့ လိုပါတယ်။

    • padonmar

      January 30, 2013 at 9:51 pm

      အမွှာညီအမ ဖြည့်ပြောပေးသလိုပါပဲ
      ပြည်သူတွေလည်း အခွင့်အရေး တွေ ရချင်ရင်
      ကိုယ်စီ ကိုယ်စီ အသိစိတ်ဓာတ်နဲ့ လိုက်နာရမယ့် တာဝန်တွေလည်း ရှိတယ်
      ဆိုတာ သိကြစေချင်ပါတယ်။
      အစိုးရနဲ့ ဝန်ထမ်းတွေကို ချည်းပဲ လက်ညှိုးထိုးမနေပဲ
      ကိုယ်ကျရာနေရာမှာ ကိုယ့်တာဝန်ကျေကြမယ်ဆိုရင်ဖြင့်
      ရွှေပြည်တော် မျှော်လေတိုင်း မဝေးလောက်ပါဘူး။

  • Mobile

    January 30, 2013 at 9:31 am

    လမ်း လမ်း ပျောက်တဲ့နေ့များအစား
    လမ်း လမ်း ပိတ်တဲ့နေ့ရက်များ ဆိုပြီး ကိုလေးဖြူကို ပြောင်းဆိုခိုင်းရင်ကောင်းမယ်။

  • ရွှေတိုက်စိုး

    January 30, 2013 at 9:47 am

    ဟုတ်ပါတယ် အန်တီပဒုမ္မာရေ..
    ကျွန်တော်တို.တွေအားလုံး စည်းကမ်းနဲ.အတူ ကိုယ်ချင်းစာစိတ်ကလေး ထည့်မွေးရင် အားလုံးအဆင်ပြေသွားမှာပါ……. ဒါပေမယ့်…. မထင်..
    ရှေ.ကကားက စည်းကမ်းဖောက်သွားတာကို စည်းကမ်းဖောက်တဲ့သူအဖြစ် မကြည့်ပဲ… သူရဲကောင်းလို ဝိုင်းကြည့်ကြတော့ စည်းကမ်းဖောက်တာပဲ..လူရာဝင်သလိုဖြစ်သွားတော့တာပေါ့ဗျာ…
    စည်းကမ်းအတိုင်း လိုက်နာပြီး ကားရပ်ထားတာကို အဆဲခံရတာတွေလဲရှိတာပေါ့… အင်းးးးးးးးးး

    မောင်းသူမဲ့ ဘက်စ်ကားတွေကလဲ ရှိသေးတယ်လေ..ကြောက်ရတယ်.. တိုက်ရင်မောင်းတဲ့သူပျောက်ပျောက်သွားလို. မောင်းသူမဲ့ ဘက်စ်ကားဖြစ်နေတာ..ဟဟဟဟ

    အန်တီပြောထားတဲ့ စတစ်ကာလေးတွေ လုပ်နိုင်ရင် ကောင်းမယ်ဗျနော်…. ကျွန်တော်ကတော့ Ready ပါ..

    • padonmar

      January 30, 2013 at 9:54 pm

      တိုက်တိုက်ရေ
      စည်းကမ်းနဲ့ ကိုယ်ချင်းစာစိတ်ကို ကိုယ်ကပဲ စမွေးပြကြရအောင်.
      စတစ်ကာ ကမ်ပိန်းတွက် ရယ်ဒီဆိုလို့ တော်တော်အားရှိသွားပါတယ်။
      ဒီအလုပ်က Men, Money, Material မှာ Men power အလိုဆုံးပါ။
      တိုက်တိုက်လို ready တွေ စည်းရုံးပေးပါအုံး။

  • Shwe Ei

    January 30, 2013 at 10:26 am

    ရုံးတက်ရုံးဆင်းချိန်တိုင်း ခံစားရတဲ့အကြီးမားဆုံး ဒွတ်ခတွေကို ကွက်ကွက်ကွင်းကွင်း မြင်အောင်တင်ပြထားတဲ့အတွက် ဗရာဘိုပါ အန်တီပဒုမ္မာရေ။ လှည်းတန်းလမ်းမတလျှောက်လဲ
    ဒီတပတ်ရဲမလာတော့ အရင်လိုလမ်းကျပ်ကားကျပ်ဖြစ်နေပြန်ပါဘီ။
    နှင်တံဘဲကြောက်ကျတယ်ထင်ပ :mrgreen:
    ဘတ်စ်ကားတွေကလဲ (အထူးသဖြင့် အဓိပတိ) ဒဲ့ကျောမှာခပ်တည်တည်နေရာတက်ယူပြီး
    နောက်ကားတွေကိုဂရုမစိုက်သလို အထာနဲ့ လမ်းပိတ်ရပ်တတ်ပါသေးတယ်။ အင်းစိန်လမ်းမကိုဦးတည်တဲ့ ဘတ်စ်က ပြည်လမ်းကျောပေါ်တက်ရပ်ပြီး ပွိုင့်စိမ်းတော့ မသိချင်ယောင်ဆောင်နေတာလဲ တွေ့ဖူးပါတယ်။
    နောက်ကားတွေ ဟွန်းတီးတော့မကြားသလိုဘဲခည။ နှင်တံကိုင်တဲ့ဦးလေးတွေကဖြင့် သူတို့နန်းတော်ထဲကနေ အရိပ်အယောင်တောင်ထွက်မပြဘူး။ ထူးဆန်းအံ့ဘွယ်ပါဘဲခညာ။

    • padonmar

      January 30, 2013 at 10:01 pm

      ရွှေအိလေးရေ
      ဘတ်စကား ဒရိုင်ဘာ နဲ့ စပယ်ယာတွေကို ပညာပေးသင်တန်းတွေပေးနေပြီလို့တော့ ကြားမိပါတယ်။
      ဒါပေမယ့် တစ်ချို့လိုင်းတွေမှာ သူတို့ ရဲ့ ဝင်ငွေက တက်စီတွေလိုပဲ အုံနာကြေးပေးပြီး မောင်းလို့ရတာ ယူလို့ကြားမိပါတယ်။
      အဲဒီတော့ သူတို့ လောဘကို ထိန်းချုပ်နိုင်တဲ့ စနစ်ပေါ် မရောက်သမျှ ဒီလို စည်းကမ်းမဲ့တဲ့ ဘတ်စကားတွေ ရှိနေအုံးမှာပါပဲ။
      ရွှေဧည့်သည်ကားတွေက ပါရမီ ၊အဓိပတိ၊ရွှေအင်းဝတွေလောက် မရမ်းကားကြဘူးလို့ စီးဘူးတဲ့ အတွေ့အကြုံတွေအရ အကဲခပ်မိပါတယ်။
      အဲဒီလို ဘာကြောင့်ကွာတယ်ဆိုတာ ဆာဗေးလုပ်ကြည့်ရင် သိကြမှာပါ။
      တကယ်လုပ်ချင် တကယ်ဖြစ်ပါတယ်။
      အခုက တကယ်မလုပ်ချင် တကယ် မပြင်ချင်ကြလို့ပါ။

  • P chogyi

    January 30, 2013 at 11:09 am

    ကျွန်တော်တော့ ကားမောင်းတိုင်း လူပါးဝတဲ့လိုင်းကားတွေကို
    လမ်းဖယ်မပေးပဲ ဇွတ်မောင်းလို့ မဒမ်ချိုကြီးရဲ့ ဗိုက်ကြောအလိမ်ခံရလို
    အမာရွတ်စွဲနေပြီဗျာ

    • padonmar

      January 30, 2013 at 10:03 pm

      ကို ပီချိုကြီးရယ်
      အခုနေတော့ တရားဥပဒေ မစိုးမိုးသေးရင်
      ခန္တီစ -မအဘူးထင်လို့လား ကိုပဲ လက်သုံးပြုရမှာပါပဲ။

  • Ma Ei

    January 30, 2013 at 11:10 am

    အမပဒုမ္မာရေ…
    စည်းကမ်းပျက်ယာဉ်မောင်းတွေထဲ လိုင်းကားမောင်းသူတွေထိပ်ဆုံးကပါ….
    မီးပွိင့်ထိပ်ထိ လမ်းပြောင်းပြန်မောင်းပြီးတစ်စီးလောက်လက်ညှိုးထောင်တောင်းဝင်တာမျိုး၊
    မျဉ်းဝါကွက်ချန်လို့နေရာလေးနဲနဲလွတ်တာနဲ့ခေါင်းတိုးဝင်တာမျိုးတွေလုပ်တဲ့ကားမျိုးတွေ
    စီးမိတဲ့အခါ ဂုဏ်ယူဝင့်ကြွားနေတဲ့ မျက်နှာပေးတွေကြားထဲမှာ အနေခက်ရပါတယ်…

    • Ma Ei

      January 30, 2013 at 12:48 pm

      စကားအတင်းစပ်လို့နော်…
      ကားထဲမှာ တရုတ်စကားပန်းလေးတွေတွေ့လို့
      ကျမလဲ သူတို့ကိုချစ်တယ်…

      • padonmar

        January 30, 2013 at 10:13 pm

        မအိရေ
        မမှန်တာကို မရှောင်နိုင်လို့ လုပ်မိပေမယ့် မကောင်းတာ မမှန်တာမှန်း သိရင် တော်ပါသေးတယ်။
        ခုတော့ မမှန်တဲ့သူက စင်ပေါ်ရောက်၊ဘူးတောင်းနစ်လို့ ဇောင်ခြမ်းပေါ်
        ကောသလအိပ်မက် ၁၆ ချက် ပါပဲ။
        ……………..
        တရုပ်စကားပွင့်က ထရိတ်မတ်ပါရှင့်

  • မင်းနန္ဓာ

    January 30, 2013 at 12:17 pm

    ကားကြပ်တာပဲ မြင်ပြီး
    ကိုယ်တိုင်စည်းကမ်းဖောက်နေကြတဲ့
    ကားသမားတွေအတွက် သတိချပ်စရာပေါ့..

    • padonmar

      January 30, 2013 at 10:15 pm

      ရွာစားတို့ နေပူတော်မှာရော ဘယ်လိုနေလဲ သိချင်ပါရဲ့။
      ကိုယ်ကတော့ စည်းကမ်းဖောက်ပြီး ကားတွေကြပ်တယ် သွားမရဘူး ကုန်းအော်နေတဲ့ လူတွေက အများသား။

  • weiwei

    January 30, 2013 at 1:44 pm

    ရန်ကုန်မြို့ရဲ့ အကြီးမားဆုံးဒုက္ခပဲ ..
    အခုဆိုရင် တစ်နေရာရာကို အချိန်ကိုက်သွားလို့မရတော့ဘူး … အမြဲတမ်း တစ်နာရီလောက် ကြိုထွက်နေရတော့ အချိန်ကုန်ပါတယ်။ ကားပေါ်မှာထိုင်စီးနေရလဲ စိတ်ပင်ပန်းနေရတယ်။ အလကားနေရင်း အကုသိုလ်များရတယ်။
    မော်တော်ပီကပ်ဝင်ရှင်းပေးရင် အဆင်ပြေပြေသွားနိုင်တယ်ဆိုကထဲက စည်းကမ်းအတိုင်းလိုက်နာရင် ပြေလည်တယ်ဆိုတဲ့ သဘောပဲပေါ့ ..
    ကားမောင်းသူအားလုံး အသိစိတ်ဓါတ်ကိုယ်စီရှိဖို့ လိုအပ်နေပါပြီ ….

    • padonmar

      January 30, 2013 at 10:23 pm

      ဝေဝေရေ
      အကောင်းဖက်က လှည့်တွေးရရင်တော့ ဝီရိယ ပိုကောင်းလာတာပေါ့။
      ကားပေါ်မှာ ထိုင်စီးနေချိန် စာဖတ်လို့ရလည်းဖတ်၊
      ဖတ်လို့မရတော့လည်း ပရိတ်ပဋ္ဌာန်းရွတ်မေတ္တာပွားပြီးလိုက်နိုင်အောင် ကြိုးစားပါတယ်။
      အဲဒီတော့ အချိန်တွေ အလဟဿ ကုန်တာမဖြစ်တော့ဘူးပေါ့။
      ……..
      အခုတလော မော်တော်ပီကယ်တွေ အများကြီးချထားပြီး လမ်းပိတ်တတ်တဲ့ Imaginary Yellow Box နေရာတွေမှာ စောင့်လွှတ်ပေးနေတော့ ခုံးကျော်ဆောက်နေတဲ့ နေရာတွေတောင် ယာဉ်ကြောပိတ်တဲ့ထိ မဖြစ်တော့ပါဘူး။
      ဒါပေမယ့် မော်တော်ပီကယ်မရှိရင် ဒုံရင်းဆိုတော့ သဂျီးပြောသလို စနစ်ကြောင့်မဟုတ်ဘူး အော်ရမလိုလိုု၊
      ကိုယ်နဲ့ထိုက်တဲ့ အစိုးရ ကိုယ်ရနေတာပါပဲ ရွတ်ရမလိုလို ……….

  • kyeemite

    January 30, 2013 at 1:49 pm

    “ကျမတို့ကားနဲ့ ညာဖက်ယာဉ်ကြောကကားတွေ Yellow Box လမ်းချန်ထားတာကို အတယ်ထင်လို့ အတင်းနေရာယူတဲ့ Surf”

    မှန်ပါတယ်မပဒုမ္မာရေ..
    နိစ္စဓူဝ ကားနဲ့သွားနေကြတဲ့အခါ..အဲဒီအသိလေးနဲ့
    ကိုယ်ကYellow Box လမ်းချန်ပေးပေမဲ့..အဲဒီလိုကျောင်းသားနှင်တံကိုင်မှ
    လိုက်နာကြမဲ့ လူ့ငနွားတွေက ကျော်ရပ်ကြပြန်ပါတယ်…
    အင်မတန်လိုက်နာသင့်တဲ့ ပို့စ်လေးပါဗျို့…

    • padonmar

      January 30, 2013 at 10:27 pm

      ဦးကြီးမိုက်ရေ
      ကျမတို့ ဂဇက်ရွာသူားတွေက စပြီး နှင်တံကိုင်မှ ကြောက်တဲ့ နွားအဖြစ်က ရုန်းထွက်ကြပါစို့လို့.

  • မောင်ပေ

    January 30, 2013 at 8:06 pm

    မြန်မာနိုင်ငံထဲမှာ ရှိတဲ့ မြို ့ကြီးတွေကနေ စရမယ်ဗျာ
    မြို ့နယ်တိုင်း ရပ်ကွက်တိုင်းမှာ ကားရှိတဲ့ အိမ်တိုင်းက ကားမောင်းသူအားလုံးကို မပျက်မကွက် နှစ်ရက်လောက် ခေါ်ပြီး ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးရမယ်ဗျာ
    ရုပ်သံလိုင်းအားလုံးကနေလဲ မနက် တစ်ကြိမ် ၊ နေ ့တစ်ကြိမ် ၊ ညတစ်ကြိမ် ၊ အိုဗျာ အခန်းဆက် စီးရီးတွဲတွေ ပြနေချိန်မှာတောင် ကြားညှပ်ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းပညာပေးရမယ်
    တစ်နိုင်ငံလုံးပေးပြီးတဲ့ အခါကြရင်တော့
    စည်းကမ်းဖောက်သူမှန်သမျှ အားလုံးကို ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်
    ဥမပါ အခု သမ္မတကြီး က ဦးသိန်းထွန်း ကို အရေးယူသလိုမျိုး

  • padonmar

    January 30, 2013 at 10:33 pm

    မောင်ပေရေ
    ပြည်သူ့ခေတ်ထဲမှာ ဆရာမောင်ဝံသရဲ့ သမီးကရေးထားတယ်။
    စင်္ကာပူမှာ ဥပဒေ စည်းကမ်းတစ်ခု အသစ်ထုတ်မယ်ဆိုရင် တစ်နှစ်လောက် ရေဒီယို တီဗွီတွေက နေ့စဉ်လွှင့်တယ်။
    မရှင်းရင်လည်းဖုန်းဆက်မေးရင် စိတ်ရှည်လက်ရှည်ရှင်းပြရတယ်။
    ရှင်းပြတာ ဆက်ဆံရေး မပြေလည်ရင် တိုင်လို့ရတယ်။
    စတင် အရေးယူြ့ပီဆိုရင်တော့ ပြတ်ပြတ်သားသားပဲ အရေးယူပါတယ်တဲ့။
    ဒို့ဆီမှာတော့ corruption ဆိုတဲ့ ခြစားမှုကြီးက ပြတ်ပြတ်သားသား အရေးယူမှုကို နောက်တန်းပို့ထားပါတယ်။
    စညိးမျဉ်းဥပဒေ တစ်ခု ထုတ်ရင် ဘယ်လို စားရပါ့မလဲပဲ ကြည့်နေကြတာ။
    စည်းဖောက်မယ့်သူတွေကလည်း ဘယ်လို လာဘ်ထိုးပြီး လိုင်းဝင်ရင် ကိုက်မယ်တွက်ပြီးသား။

  • အရီးခင်လတ်

    February 1, 2013 at 8:45 pm

    ကိုယ့်အစ်မကြီး ဆီဝင်ဖို့ နောက်ကျနေလို့ စောဒီးပါရှင်။
    အကြောင်းအရာမပြောခင် ကားထဲ မှာ စကားပန်းလေးတွေ နဲ့ မွှေးနေမှာဘဲ။

    အဲဒီ Yellow Box တို့၊ Keep Clear လို့ ရေးထားတာတွေဟာ ကိုယ်က လမ်းကြားထဲ က ထွက် ဖို့ ကြုံရတဲ့ အခါမှာ အင်မတန် တန်ဖိုးရှိပါတယ်။
    တကယ်က အဲဒီ သင်္ကေတတွေ က တမင် ရပ်ပေးဖို့လဲ မဟုတ်ပါဘူး။
    မီးပွိုင့်လိုပိတ်ပြီး ဆက်သွားမရချိန်မှာမှ အဲဒီပေါ်မှာ မရပ်ဘဲ နေရာချန်ထားခိုင်းထားပါ။
    ဘာမှ အပန်းတကြီး လုပ်နေစရာမလိုပါဘူး။
    ဒါပေမဲ့ အဲဒီထဲ ကထွက်မဲ့ ကား ခမျာကတော့ အင်မတန် ဝမ်းသာစွာ သာဓု ခေါ်မှာပါ။

    ဒီမှာတော့ လမ်းမကြီးကနေသွားနေကြရင်း လမ်းကြားထဲက ကားတွေထွက်ဖို့ စီ နေတာတွေ့ရင် ထွက်နိုင်ဖို့ အရှိန်လျှော့ပြီး မီးရိုက်ပြတယ်။
    လာခဲ့လို့ ခေါ်တာပေါ့။
    အင်မတန်ကူညီတတ်တဲ့မြေ လို့ တင်စားဖူးခဲ့တဲ့ ကျွန်မတို့ တိုင်းပြည်ကတော့ မီးရိုက်ပြီးမောင်းလာတာ ” ဘေးဖယ်နော်၊ ငါလာနေတယ်” ဆိုတဲ့ စိတ်နဲ့။

    ခက်တာက ပျက်နေတဲ့ စိတ်ဓာတ် တွေက ထမင်းတနပ်အတွက် ရုန်းရှာနေရလို့ သူများကို မကူညီနိုင်တဲ့ သူတွေမှာသာ မဟုတ်ဘဲ အင်မတန်ချမ်းသာတဲ့ လူတန်းစားတွေမှာပါ ရှိနေတာဘဲ။
    ဒီတော့ ဘယ်သူက ဘယ်သူ့ ကို တွဲခေါ်နိုင်ပါတော့ မလဲ။

    ဒီလို Reminder Post လေးက လူတွေရဲ့ စိတ်ဓာတ်တွေမြင့်မားရေးအတွက် တန်ဖိုးရှိလှပါတယ် အစ်မရေ။

    • padonmar

      February 4, 2013 at 10:25 pm

      မလတ်ရေ
      တကယ်ပဲ လမ်းကြားက ထွက်ခွင့်ရရင် ကိုယ်ဆိုလည်း ဝမ်းသာလို့ လက်ပြပြီး ကျေးဇူးတင်ကြောင်းပြခဲ့ရတယ်။
      ကိုယ့်ကိုလည်း ကျေးဇူးသင်္ကေတပြပြီး ထွက်သွားကြတာမြင်ရရင် ပီတိဖြစ်ရပါတယ်။
      မလတ်တို့ ဆီမှာ မီးရိုက်ပြီး လမ်းပေးတယ်ဆိုတာလေး မှတ်သားရပါတယ်။

  • Foreign Resident

    February 2, 2013 at 7:19 am

    ဒီ အသုံးမကျတဲ့ အစိုးရက ၊

    ဘုန်းကြီးတွေကို ည သန်းကောင်ကြီးမှာ ၊
    ဝင်နှိမ်နင်းဖို့ကျ နောက်မတွန့်ဘူး ။

    လမ်းစည်းကမ်း ဖေါက်တဲ့ ကားတွေကို ၊
    ဒါဏ်ငွေ ရိုက်ဖို့ကျတော့ နှေးတုံ့ နှေးတုံ့ နှင့် မရဲဘူး ။

    ဒီလောက်တောင် ရဲ မရှိဖြစ်နေရင် ၊
    လက်ပန်တောင်းမှာ ဘုန်းကြီးတွေကို ဖြိုခွဲခဲ့တဲ့ ၊
    လက်မရွံ့ လုံထိန်း ရဲတပ်ရင်းတွေကို ၊
    လမ်း စည်းကမ်း သင်တန်းပေးပြီး ၊
    ရန်ကုန်မြို့က လမ်းစည်းကမ်း ဖေါက်တဲ့ ကားတွေကို ၊
    ဒါဏ်ငွေ လိုက်ရိုက်ခိုင်းလိုက်စမ်းပါ ။

    အခုက လမ်းစည်းကမ်း ဖေါက်တဲ့ ကားတွေက ပန်းပန်နေတော့ ၊
    အဘတို့ ၊ မှန်မှန်ကန်ကန် မောင်းချင်တဲ့သူတွေပါ ၊
    ဒေါသထွက် ၊ စိတ်ဓါတ် ကျ ၊ စိတ်ဓါတ် ပျက်ချင်လာပြီ ။

    မြန်မာပြည် ပြန်ရတာ အဲလို စည်းကမ်းမရှိ ရိုင်းစိုင်းတဲ့ အလေ့အထ တွေ ၊
    နေ့တဓူဝ တွေ့နေ မြင်နေ ရ ၊ မနေနိုင်တော့ ( စိတ်ထဲမှာ ) ဆဲဆိုမိနေရလို့ ၊
    တကယ့် တကယ် ၊ အကုသိုလ် များလှတယ် ။

    ဩဇီ ကနေ မြန်မာပြည်ပြန်ရောက်တဲ့ အခါတိုင်း ၊
    မြန်မာပြည်က ရိုင်းစိုင်းတဲ့ အလေ့အထ အတွေး အကြံ တွေ ပါပါသွားလို့ ။
    ဩဇီ ရောက်တိုင်း ယဉ်ကျေးတဲ့ အလေ့အထ တွေ ပြန်ဝင်လာရအောင် ၊
    မနဲ ပြန်ပြန်လုပ်နေရတယ် ။

    ဒါနှင့်များ ၊ မြန်မာပြည် ဟာ ယဉ်ကျေးတဲ့ တိုင်းပြည်တဲ့ ၊
    ဘယ် ကျေးဇူးရှင် ဖွ ခဲ့တာလဲ မသိဘူး ။

    • padonmar

      February 4, 2013 at 10:27 pm

      အဘအဘ
      စိတ်ကို လျှော့ပါအဘရယ်။
      သာမီးလေးတွေ မောင်းတဲ့ကားဆိုရင်တော့ အဘ မဆဲဘူးမလား။

  • Mr. MarGa

    February 4, 2013 at 9:38 pm

    အဲဒီ yellow box ကိုလေ
    သေချာပဲ မကြည့်လို့လားမသိဘူး
    မတွေ့မိဘူး
    imaginary ကတော့
    ရှောင်ပါတယ်ဗျ

  • padonmar

    February 4, 2013 at 10:20 pm

    ဃဃ ရေ
    ဒီတစ်ခါ Yellow Box နေရာမှာ အခွင့် ကြုံရင် ဒါ့ပုံရိုက်ပြီး ထပ်ဖြည့်တင်ပေးပါမယ်။
    Imaginary yellow box ကို ရှောင်ပါတယ် ဆိုလို့ သကြားကို တစ်မှတ်ပေးပါတယ်။

Leave a Reply